Tuesday, January 28, 2014

ဦးသန်းရွှေမွေးနေ့မှာပုဒ်မ(၅၉)အစဉ်တည်မြဲစေကြောင်းဆုတောင်းပွဲ


တစညပါတီပါဆုတောင်းမည်
============
မြောင်းထဲကနေဂျောက်ထဲကျမယ့်မဆလအကြွင်းအကျန်တွေ..၈၈၈၈ရဲ့ရိုက်ချက်တွေကိုအခုထိခံစာနေကြရဆဲတစညပါတီပါ....

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မည်ဆိုပါက တစညပါတီအနေဖြင့် ကန့်ကွက်သွား မည်ဟု မန္တလေးတိုင်းဒေသကြီး တစညပါတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေဆိုသည်မှာ ပြီးပြည့်စုံသည်မရှိကြောင်းနှင့် အခြေအနေ အချိန်ခါအရ ပြင်သင့်သည့် အချိန် ရောက်မှသာလျှင် ပြင်ဆင်သင့်ပြီး လက်ရှိအခြေအနေတွင် လုံးဝမပြင်သင့်ကြောင်းနှင့် ပြင်ဆင်ပေးလိုက် လျှင်လည်း နိုင်ငံတကာတွင် ရိုသေလေးစားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမည်မဟုတ်ဟု ၎င်းက ဆိုသည်။

တစညပါတီက ၂၀၁၃ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပါတီငွေရတုအခမ်းအနား တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကန့်ကွက်သည်ဟု တရားဝင်ကြေညာထားကြောင်း သိရသည်။

(Mizzima)

အကြမ်းဖက်ဝါဒီဟု စွပ်စွဲမှုများ တိကျခိုင်လုံသော အထောက်အထား ပြနိုင်ပါကဦးဝီရသူ သာသနာဘောင်ကို စွန့်လွှတ်မည်





^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ပြည်တွင်းပြည်ပ မီဒီယာများနှင့် အဖွဲ့အစည်းအချို့မှ ဆရာတော် ဦးဝီရသူအား လူသတ်သမား အကြမ်းဖက်ဝါဒီ ဟု စွပ်စွဲရေးသားပြောဆိုနေမှုများနှင့် ပတ်သက်၍ တိကျခိုင်လုံသော အထောက်အထားများ ပြသနိုင်ပါက ရင်ဆိုင်ရန် အဆင်သင့်ရှိကြောင်းနှင့် သာသနာ့ဘောင်ကိုပါ စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန်(ထားဝယ်) ကျောင်းတိုက်တွင် ဇန်နဝါရီ(၂၃)ရက်က ပြုလုပ်ခဲ့ သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ၌ ဆရာတော် ဦးဝီရသူက ယင်းကဲ့သို့ မိန့်ကြား ခဲ့ခြင်းဖြစ်သည်။
“Facebook မှာလည်း ဦးဇင်းနဲ့ သမ္မတကြီးဦးသိန်းစိန်ပုံကို ချိတ်ဆွဲပြီး လူသတ်သမား အကြမ်းဖက်ဝါဒီဆိုပြီး စွပ်စွဲနေတာတွေ့ရတယ်။ ပြည်တွင်း ပြည်ပမှာလည်း အဖွဲ့အစည်းအချို့နဲ့ မီဒီယာအချို့က အကြမ်းဖက်ဝါဒီဆို ပြီး ရေးသားနေကြတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး တိကျခိုင်လုံတဲ့ အထောက်အထားတွေ ပြနိုင်ဖို့တော့ လိုတာပေါ့။ အဲဒီလို ပြနိုင်မယ်ဆိုရင် သူများတွေ ပြောစရာတောင်မလိုဘူး။ ဦးဇင်းကိုယ်တိုင် သင်္ကန်းချွတ်ပြီး လူဝတ်လဲမယ်” ဟု ဆရာတော်မှ မိန့်ကြားသည်။
အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွားရန် ကြံစည်နေသော ပြည်သိမ်းစီမံကိန်းလုပ်ဆောင်နေမှုများ ရပ်တန့်သွားလျှင် မိမိအနေဖြင့် အစ္စလာမ်ဘာသာဝင်တို့နှင့်အတူ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်နိုင်ရေး လမ်းကြောင်း အသစ်များရှာဖွေတင်ပြသွားမည်ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာတော်ဦးဝီရသူ(မစိုးရိမ်)နှင့် ဆရာတော် သံဃာတော်များ၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ရက်မှ အစ္စလာမ်ဘာသာကိုယ်စားပြု ဒိုင်းမွန်းဦးရွှေကြည်၊ အစ္စလာမ်ဘာသာဝင် အချို့နှင့် စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါ သည်။

နဒီ။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မင်္ဂလာဆွမ်းကျွေးပုံရိပ်များ

ဒီနေ့ လှည်းတန်း မှာဖြစ်ခဲ့တဲ့ ပြဿနာရုပ်သံ


ကောင်းထက်

၂၈ရက် ၈ နာရီ ၃၇ မိနစ် အချိန်တွင် လှည်းတန်းလမ်းမ တာလီရွှေဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့
သတင်း အမှန်ပါ။
ကြည့်မြင်တိုင်ကလာတဲ့ကုလား taxi သမားက ရှေ့ကလမ်းဖြတ်သွားတဲ့ လင်မယား၂ယောက်ကို
ဟွန်းတီးပြီး ဆဲဆိုပြီးတော့ ဘယ်လိုသွားတာလဲပြောပါတယ်... (ဗမာ)ယောကျားဖြစ်သူက
ဟေ့ကောင် မင်းမိုက်ရိုင်းလိုက်တာ ဘာစကားပြောတာလဲ လူလိုပြောလို့ ပြောရာကနေ
ကုလားက ကားမှာ အသင့်ပါလာတဲ့ သံတုတ်ဖြင့် ဗမာကို ထွက်ရိုက်ပါတယ်
ယောက်ျားဖြစ်သူ ခေါင်းကွဲတော့ အမျိုးသမီးက အော်မှ......
ရဲရောက်လာပြီးမှ ရိုက်ထားတဲ့ video ဖိုင်လေးကြည့်ကြပါအုံး။
BoBo Ko

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြ၀ါဒမူဝါဒလမ်းစဉ်အောက်က မလွတ်သေးသော ရန်ကုန်ဆေးရုံကြီး


Iris Zayar oo

ရန်ကုန်ဆေးရုံကြီးက ထွန်းတောက် ဆေးဆိုင်မှာ ဆေးသွားဝယ်တော့ ဆေးဆိုင်နားမှာ တွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်ပါ။ ဖတ်ကြည့်လိုက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူဝါဒလမ်းညွှန်ချက်များဆိုပြီး ခေါင်းစဉ်နဲ့ ရေးထားတာပါ။ ဦးသန်းရွှေ အငြိမ်းစား ယူသွားတာတောင် သူ့ရဲ့ မူဝါဒတွေကို ဆိုင်းဘုတ်တင်ပြီး ဆက်လက်ကျင့်သုံးနေတုန်းပဲလား။

ရန်ကုန်ဆေးရုံကြီး ဘုန်းကြီးလမ်းဘက်က ၀င်ပေါက်နားမှာပါ။ ကျွန်တော်လည်း ကမန်းကတန်း ရိုက်လိုက်တာ.. (ဆေးရုံဝင်းထဲမှာ ဓာတ်ပုံရိုက်လို့ရမှန်း မရမှန်းမသိတာကြောင့်) ပုံက ၀ါးသွားတယ်။ သေချာသိချင်ရင်တော့ ဘုန်းကြီးလမ်းဘက်က ၀င်ဝင်းချင်း အပေါက်မှာ အဲဒီဆိုင်းဘုတ် ရှိနေပါတယ်။

အန်နယ်လ်ဒီကျန်းမာရေးကွန်ရက် ရံပုံငွေတေးဂီတ ဖျော်ဖြေပွဲ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရံပုံငွေတေးဂီတ ဖျော်ဖြေပွဲ
==========================================
ကျင်းပမည့်နေရာ -----ရွှေထွဋ်တင်ကွင်း
ကျင်းပမည့်နေ့ ------၈.၂.၂၀၁၄(စနေနေ့)
စတင်မည့်အချိန် ------ညနေ ၆ နာရီခွဲ
အဆိုတော်များ ------- Rဇာနည်၊ လင်းလင်း၊ ဟန်ထွန်း၊ ဂျီလတ်၊ သအို၊
ထွန်းအိန္ဒြာဗိုလ်၊ ဆုန်သင်းပါရ်၊ ချစ်သုဝေ


သြစီမှာလုပ်မယ့်ပွဲပါ....

မန္တလေးမြို့တော်စည်ပင် မျက်နှာဖြူရာ ဟင်းဖတ်များ ပါနေလေရော့သလား



(ဟာဂျူလီ-ကသာ)
 *************
 တစ်ရက်က မန္တလေးမြို့ ၁၂လမ်းမှာရှိတဲ့ မရောက်တာ နှစ်နဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ upper mandalay ဂျာနယ်တိုက်ကို ရောက်ဖြစ်ပါတယ်၊ဂျာနယ်တိုက်က ရွှေတစ်ချောင်းမြောင်း အရှေ့ဘက်မှာ ရှိနေတာဖြစ်ပြီး ရွှေတစ်ချောင်းမြောင်းကိုဖြတ်ခင်းထားတဲ့ ကျိုးတို့ ကျဲတဲ သစ်သားတံတားအိုကတော့ ခနော်နီ ခနော်နှဲ့..။ဒီတံတားရဲ့ ရာဇ၀င်ကို လွန်ခဲ့တဲ့(၄)နှစ်လောက်ကတည်းက ကျွန်တော် သိမှီခဲ့သည်၊မြို့တော်ဝန်ဦးဖုန်းဖော်ဟန် ရွှေတစ်ချောင်းမြောင်းကို ဖြတ်ခင်းသည့် (ကိုယ့်ငွေနဲ့ကိုယ်)တံတားများကို အခိုင်အမာ ခင်းဆောက်ခွင့် မပေး၊အိမ်ရှင်များ ယာယီတံတားဆောက်နေစဉ်မှာပင် စည်ပင်ဝန်ထမ်းများကို ထိုင်ကြည့်ခိုင်းပြီး အမျိုးမျိုးသော စည်းကမ်းချက်များထုတ်၍ စိတ်ပျက်အောင် လုပ်ခိုင်းခဲ့လေသည်၊ ကိုရွှေစည်ပင်များကလည်း ကိုယ့်လူကြီး၏ လူထုအပေါ် တင်းကြပ်သည့် ဥပဒေများကို အားပါးတရ ပို၍ ပို၍ တင်းကြပ်ပြလေသည်၊ " ခင်ဗျားတံတားက ရွှေတချောင်းမြောင်းဘောင်ကို ထိနေပြီ၊အခုဖယ်ပေး၊ ဖျက်ပေး" " ဟာ..ခင်ဗျားတို့ကိုခင်းဖို့ ခွင့်ပြုထားတဲ့ တံတားအကျယ်က (၄)ပေ၊ ခင်ဗျားတို့ ခင်းနေတာ (၄)ပေမှာ (6)လက်မကျော်နေပြီး၊ အခုပြန်ဖြတ်၊" ဆိုတာမျိုးတွေပေါ့၊ နောက်ဆုံးတော့ upper mandalay ဂျာနယ်တိုက်ပိုင်ရှင်လည်း စိတ်ညစ်ပြီး တံတားကို ဆက်မခင်းတော့ဘဲ ရပ်ထားလိုက်ပါတော့တယ်၊ အဲဒီလို ရွှေတစ်ချောင်းမြောင်းဖြတ် တံတားခင်းတာကို စည်ပင်က ရစ်လိုက်ပုံများကတော့ ဘုန်းတော်ကြီးကျောင်းတွေ တောင် ချမ်းသာမပေး..၊မြို့မ တေးဂီတခြံတောင် ရွှေတစ်ချောင်းမြောင်းဘက်က ၀င်နိုင် ထွက်နိုင်အောင် ခြံတံခါး လုပ်ထားပေမယ့် အခုထိတံတားအခိုင်အမာ ဆောက်ခွင့်မရလို့ ရွှေတချောင်းမြောင်းဘက်က ခြံတံခါးက ပိတ်မြ ပိတ်လျှက်ပိတ်ဆဲ..၊ အခုတော့ ပုံ(၁)နဲ့ ပုံ(၂) မှာ ပြထားသလို ကွန်ကရစ်တံတားကြီးတွေပင် တံတားထိုး တည်ဆောက်ခွင့်ပြုနေပြီထင့်..၊ဒါတင်မက စည်ပင်က လုပ်ထားသော ရွှေတချောင်းမြောင်းဘောင်ကို ထိရုံမက ရွှေတစ်ချောင်းမြောင်းထဲမှာပင် ကွန်ကရစ်တိုင်က စိုက်ထား လိုက်ပါသေးသည်၊ဒီတစ်ခါတော့ ကိုရွှေစည်ပင်များ ထိုကွန်ကရစ်တံတားဆောက်နေစဉ်က ထိုင်ကြည့်ခဲ့ပုံမရ၊ ထိုဖြစ်စဉ်တွေ မြင်နေရတော့ upper mandalay ဂျာနယ်တိုက်ပိုင်ရှင်ကို ခင်ဗျားတို့ တံတား မခင်းသေးဘူးလားဆိုတော့ အခုထိ ခင်းခွင့် မရသေးဘူးဟု ဆိုလာပါသည်၊ ကျွန်တော်က သူတို့ ဂျာနယ်တိုက်နှင့် တစ်လမ်းကျော်က ကွန်ကရစ်တံတားကြီးအကြောင်း ပြောပြတော့ "" ဆရာဂျူကလည်း၊ သူတို့က မျက်နှာ အဖြူရောင်နဲ့ လူတွေလေဗျာ၊ ဖြူတာတောင် ငယ်မွေးခြံပေါက် ဖြူတဲ့သူတွေ မဟုတ်ဘူး၊ မနေ့တနေ့ကမှ ဖြူလာတဲ့သူတွေ၊ကျွန်တော်တို့ ကတော့ မျက်နှာအညိုရောင်မာင်းမောင်းရှိသော မြန်မာစစ်စစ်တွေဆိုတော့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဗျ..၊" လို့ ဆိုလာပါသည်၊ ထို့စကားအပေါ် ကျွန်တော်၏ မှတ်ချက်ကာ.း..." ဒါကြောင့် ခင်ဗျားတို့ မန္တလေးသားတွေက မျက်နှာ အဖြူရောင် ဆေးသုတ်ထားကြတာကိုးဗျ၊ တစ်မြို့လုံးကို ဖြူလို့ ဖွေး လို့..။

(ဟာဂျူလီ-ကသာ)

Mdcfခေါင်းဆောင်ကိုထင်ကျော်ကခရိုနီဦးအိုက်လင်းကိုတရားစွဲ



Coko Dmoe
မြန်မာနိုင်ငံတရားစီရင်ရေးကိုmdcfခေါင်းဆောင်ကိုထင်ကျော်မေးခွန်းမေးလိုက်ပြီ
အရှေ့ပိုင်းခရိုင်တရားရုံးလွဲမှားမှုကိုအရှေ့ပိုင်းခရိုင်တရားရုံးမှာဆန္ဒပြပြီး
တရားရုံးသို့ဦးတိုက်လျှောက်ပြီးတရားစွဲဆို
********************************************
ခရိုနီဦးအိုက်လင်းကMdcfခေါင်းဆောင်ကိုထင်ကျော်နှင့်မရန်း
ကုန်းပြည်သူ၃ဦးကိုပုဒ်မ၅၀၀ဖြင့်ရှေ့နေ၁၈ဦးကိုငှားရမ်းပြီးတ
ရားစွဲခဲ့သော်လည်း၊အမှုနိုင်ရန်မတရားသက်သေများကရုံးတော်
ကိုလိမ်လည်ထွက်ဆိုသောကြောင့်မြောက်ဥက္ကလာပမြိုနယ်
တရားသူကြီးဦးခင်မောင်စီကိုယ်တိုင်တရားလိုပြုလုပ်ပြီးပုဒ်မ
(193)ဖြင့်တရားစွဲဆိုပြီးကိုယ်ထင်ကျော်ကနိုင်ငံတော်တရား
လိုသက်သေအဖြစ်ဆောင်ရွက်ခဲ့သောအမှုကိုခရိုနီအပေါင်း
ပါနှင့်ရှေ့နေများကအရှေ့ပိုင်းခရိုင်တရားရုံးကိုအယူခံလျောက်
ပြီးအချိန်ဆွဲကာMDCFခေါင်းဆောင်ကိုထင်ကျော်ပုဒ်၅၀၅(ခ)ဖြင့်
အမှုဆင်ကာ၅လနှင့်၅ရက်ချုပ်နှောင်ပြီးအမှုရင်ဆိုင်နေချိန်တွင်
ခရိုနီအပေါင်းပါများကနိုင်ငံတော်ကစွဲဆိုသောမတရားသက်သေ
လိမ်လည်ထွက်ဆိုသောအမှုပုဒ်မ၁၉၃ကိုဖျောက်ဖျက် ရန်ကြိုး
စားခဲ့သော်လည်းသမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ထောင်မှလွတ်မြောက်
လာပြီးမြောက်ဥက္ကလာပတရားရုံးမီးလောင်သောအခါမှမြို့နယ်
တရားသူကြီးကတွေ့ရှိပြီးထောင်အပြင်ဘက်ရောက်နေသော
ကိုထင်ကျော်ထံတရားမဝင်အကြောင်းကြားခဲ့သောကြောင့်
အရှေ့ပိုင်းခရိုင်တရားရုံးကိုသွာရောက်စုံစမ်းတဲ့အခါရုံးချိန်းရက်များ
မှာဒီဇင်ဘာလ(၃၀)နှင့်ဇန်နဝါရီလ(၁၇)နေ့ရုံးချိန်းရက်များကျော်
လွန်ပြီးမှသိရှိခဲ့ရသည်။
ဒီလိုဖြစ်အောင်နောက်ကွယ်ခရိုနီဦးအိုက်လင်းအပေါင်းပါတစုက
ဖန်တီးနေသည်ဟုထင်မြင်ယူဆသောကြောင့်ဦးတိုက်တရားစွဲ
ဆိုလိုက်ခြင်းဖြစ်သည်အမှုမှန်ဖေါ်ထုတ်အရေးယူပေးရန်ဦးတိုက်
လျောက်ပြီးတရားစွဲဆိုခြင်းဖြစ်သည်။
တရားရုံးကဦးတိုက်လျောက်သောအမှုကိုလက်ခံသော်လည်းမည်
သည့်ပုဒ်မ--တရားခံ--မည်သူကိုတရားစွဲဆိုထားသည်ကိုမသိရှိပေ။
မြန်မာနိုင်ငံတရားစီရင်ရေးတွင်တခါမှမပေါ်ပေါက်ဘူးသောဖြစ်စဉ်
တခုဖြစ်ပြီးမြန်မာ့တရားစီရင်ရေးကိုmdcfခေါင်းဆောင်ကိုထင်ကျော်က
မေးခွန်းမေးလိုက်ခြင်းဖြစ်သည်။

ကျော်လွင်

မြန်မာပြည်ကိုအခြေခံထားတဲ့ NinjaThe Shadow Of A Tear အစအဆုံးကြည့်ရန်




တိုက်ရိုက်ကြည့်ရန်လင့်

https://usersfiles.com/ohxp3on4f5s6




Credit to aungzaylatt.net

ရှမ်းကိုချစ်ရင် " ၀ " ကိုမေ့လိုက်ပါ......


အချင်းချင်းတွေမို့

By Ven Ravika

UWSA နဲ့ RCSS တို့ပြဿနာဟာ UNFC ကို ထိခိုက်စေလျက် ရှိပါတယ်။ UWSA က ဝ ပြည်နယ်ကို ထူထောင်ဖို့ အာမခံချက် ရချင်နေတယ်။ RCSS က ရှမ်းပြည်နယ်ကို ဒီအတိုင်း ထိန်းထားချင်တယ်။

မိမိစိုးရိမ်တာက UWSA အနေနဲ့ အစိုးရဆီမှာ ပြည်နယ်တောင်းတာက ပိုလွယ်သလား၊ ရှမ်းတို့ဆီမှာ ပြည်နယ်တောင်းတာက ပိုလွယ်သလား ဒါက စဉ်းစားရမဲ့အချက်ပါ။ အစိုးရကလည်း ရှမ်းတို့ကို ဆန့်ကျင်ပြီး ဝ တို့ကို ပြည်နယ်ပေးပါ့မလား ထည့်တွက်ရမဲ့အချက်ပါ။

RCSS အနေနဲ့ အစိုးရနဲ့ ပေါင်းပြီး ဝ၊ ပလောင်၊ ပအိုဝ်း၊ လာဟူးများကို ပြည်နယ်မပေးဘဲ Greater Shan State မှာပဲ ထားချင်တယ်ဆိုရင် ရေရှည်သွားလို့ ရမရ ထည့်စဉ်းစားရမယ်။ အစိုးရက Greater Shan State ကို ထူထောင်ခွင့်ပေးလိုက်ပါပြီ၊ ဒါပေမဲ့ ရှမ်းပြည်ကို ရှမ်းတို့ အမှန်တကယ်ပဲ အုပ်ချုပ်ခွင့်ရပါ့မလားဆိုတာ ထည့်တွက်ရဦးမယ်။

မိမိတို့အနေနဲ့ ညီနောင်တိုင်းရင်းသားအားလုံးကို ချစ်ခင်လေးစားရင်းစွဲ ရှိပါတယ်။ မိမိတို့အချင်းချင်း ညှိုနှိုင်းဆွေးနွေးခြင်းနဲ့သာ စစ်မှန်တဲ့အဖြေကို ရနိုင်ပါ့မယ်။ ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်အစိုးရနဲ့တောင် အတူထိုင်ပြီး စကားပြောနိုင်ကြသေးတာပဲ။ အချင်းချင်းကျတော့ ဘာကြောင့် မပြောနိုင်ရမှာလဲ။

အလယ်တန်း မြန်မာ့သမိုင်းစာအုပ်ထဲက စာသား

ခွန် ဒီးယမ်

တရုတ်ကမြန်မာအပေါ်အပေါ့သွား၍မီးတင်ရှို့မှုဖြစ်ပွား



လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ
(နိရဉ္စရာ- ၂၈ ဇန်န၀ါရီ ၂၀၁၃) / မောင်အေး

လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။ ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။ ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။ တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။ ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ဟဲဟိုး Air KBZ လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးရဲ့ ကိုယ်တွေ့ ပြောပြချက်



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

.... လေယာဉ်က လေထဲရောက်မှ ဘီးပေါက်နေတာကို သိတဲ့အတွက် ပြန်လည် ဆင်းသက် ခဲ့ပါတယ် ၊ ဒါပေမယ့် အပေါ်ထိန်းချုပ်တာဝါက လူတွေက လေယာဉ်ကို အရှိန်သေ ရာမှာ ရပ်မနေခိုင်းပဲ လေယာဉ်ကွင်းနဲ့ နီးရာကို မောင်းလာစေပါတယ် ၊ အဲသည်မှာတင် ပွတ်တိုက် မှုကြောင့် မီးလောင်ခဲ့တာပါ ။

.... မီးခိုးနံများကြောင့် ခရီးသည်များက ကြောက်လံနေပေမယ့် လေယာဉ်မယ်များက အရေးပေါ် တံခါးကို ဖွင့်မပေးပါဘူး ။

.... မီးသတ်ကားကလဲ ဒရိုင်ဘာ မရှိပါဘူး ။ အဲဒါကြောင့် လေယာဉ်ပေါ်ပါ အသေးစား မီးငြိမ်း ကရိယာများနဲ့ ငြိမ်းသတ်ခဲ့ရပါတယ် ။

.... Air KBZ ရဲ့ တာဝန်ခံဆိုသူမှာလည်း On-site မရှိပါ ။

.... လေယာဉ်ပေါ်မှာ ပြည်တွင်း ခရီးသည်က ၁၀ ယောက် မပြည့်ပါဘူး ။ ကျန် ၁၀၀ ကျော်ဟာ နိုင်ငံခြားသားများသာ ဖြစ်ပါတယ် ။

.... ကြောက်လန့်သွားတဲ့ ခရီးသည်များကို ရှင်းပြခြင်း ၊ မူးမော်သွားသည့် ခရီးသည်များကို အခြေခံ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ မရှိကြောင်း သတင်းများ ရရှိပါသည် ။

မြန်မာနိုင်ငံရဲ့ အဓိက လုပ်ငန်းဖြစ်လာမည့် ခရီးသွားလုပ်ငန်းကိုတော့ အနည်းငယ် ဂရုစိုက်စေချင်ပါတယ် ။ ငွေရပြီးရော ဆိုတာမျိုးလုပ်ရင် နိုင်ငံ နာမည်မရပဲ နာမည်ပျက်ပါလိမ့်မယ် ။