Thursday, January 30, 2014

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ သတင်းမီဒီယာများအား ဖိတ်ကြားခြင်း



▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
လူထုဆက်ဆံရေးဋ္ဌာနမှ ထုတ်ဝေမည့် “ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး
(သို့မဟုတ်)အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲရေး
ဆိုင်ရာအစီရင်ခံစာ(၂၀၁၃-၂၀၁၄) ” နှင့်ပတ်သက်၍ သတင်း
ထုတ်ပြန်ရာတွင် သတင်းမီဒီယာများအနေဖြင့် တက်ရောက်
သတင်းယူနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၃၁-၁-၂၀၁၄ (သောကြာနေ့)။
အချိန် - နေ့လယ် (၂း၀၀) နာရီ။
နေရာ - ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး။
အမှတ်(၁၀၃၉/၁၀၄၀)၊ သုမင်္ဂလာလမ်း၊၁၆/၁ ရပ်ကွက်၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

- လူထုဆက်ဆံရေးဋ္ဌာန -
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)


</span>

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို



The Voice Weekly

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

“ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့် မရှိဘူး၊ ဂျပန်နိုင်ငံမှာ ကိုရီးယားကနေ ရောက်နေတဲ့ သုံးဆက်မြောက် မျိုးဆက်တောင် ဖြစ်နေတဲ့ ကိုရီးယားတွေ အမြဲနေထိုင်ခွင့် ပေးထားပေမယ့် မဲပေးခွင့် မရဘူး။ မြန်မာနိုင်ငံမှာက White Card ကိုင်တဲ့ လူတွေကို မဲပေးပိုင်ခွင့် ရှိနေတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ White Card တွေကို မဲပေးခွင့် ပြုမယ်ဆိုရင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ကန့်ကွက်မယ်။ ဘယ်လို ကန့်ကွက်မယ်ဆိုတာတော့ ထုတ်မပြောဘူး။ အချိန်ကာလနဲ့ လိုက်လျော ညီထွေ လုပ်ဆောင် သွားမှာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေအရ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးခွင့်ရအောင် လုပ်ကိုင် ဆောင်ရွက်ရတာပါ၊ White Card တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖို့ ရှိနေပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင် သတ်မှတ်ရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြုဌာန၊ သင်တန်းရေးရာ ဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာဌာန တို့ဖြင့် ရဟန်း၊ သီလရှင် ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေး အတုမရှိ ကျောင်းတော်ကြီးပေါ်တွင် ဖွဲ့စည်းခဲ့သည်။

“ဆရာတော်ဝီရသူရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က တစ်ထပ်တည်း ကျပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ် အခြာအာဏာသည် နိုင်ငံသားထံမှ ဆင်းသက်သည်လို့ ရှိပါတယ်။ မဲပေးတယ်ဆိုတာ အချုပ်အခြာ အာဏာကိစ္စပဲ။ နိုင်ငံသားတွေသာ အချုပ်အခြာ အာဏာပိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် White Card ကိစ္စကို လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး ပါတီဝင်တွေ နိုင်ငံသား မဟုတ်ဘဲ ပါတီတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလည်း ရှေ့အပတ်လောက် လွှတ်တော်မှာ တင်ပြဖို့ ရှိနေပါတယ်” ဟု ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသား မဟုတ်သူများကို ယာယီနိုင်ငံ သားကတ်များ ထုတ်ပေးပြီး တပ်မတော် အစိုးရက မဲပေးခွင့် ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

‌ဒေါ်စုကြောင့်‌ရခိုင်‌မှာအဓိကရုံး‌တွေဖြစ်‌၊ဥပ‌ဒေရဲ့အထက်‌မှာရှိ့‌နေတယ်‌လို့ဦးဝီရသူပြော



Thu Ya

‌ဒေါ်စုရဲ့စကားတစ်‌ခွန်း‌ကြောင့်‌ရခိုင်‌မှာအဓိကရုံး‌တွေအကြီးအကျယ်‌ဖြစ်‌တယ်‌ဆိုဘဲ၊‌ဒေါ်စုဟာဥပ‌ဒေရဲ့အထက်‌မှာရှိ့‌နေတယ်‌ဆိုဘဲ

နေမျိုးဝေဟာ လျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်


Aung Zin Latt

ပြောရရင် နေမျိုးဝေဟာ လျှောက်ခဲ့တဲ့ လမ်းတစ်လျှောက် ထင်ထင်ရှားရှာ ပြတ်ပြတ်သား လျှောက်ခဲ့တဲ့သူပါ။

၂၀၀၈ ခြေဥကို ၂၀၀၈ ကတည်းက တက်တက်ကြွကြွထောက်ခံခဲ့တဲ့သူ၊

ယက်တောအမှုမှာ ဒေါ်စုကို အင်မတန်အောက်တန်းကျတဲ့ လမ်းဘေးစကားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သူ၊

စစ်အစိုးရကို ဆန့်ကျင်အန်တုနေသူတွေကို ဒေါ်လာစားတွေ အမှိုက်တွေ တဇောက်ကန်းတွေလို့ တရစက်တိုက်ခိုက်ခဲ့တဲ့သူ၊

၂၀၁၀ မှာ ပါတီထောင်ပြီး စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အိမ်ဖြည့်ပေးတဲ့သူ၊ ဒီအတွက် စစ်အစိုးရက သူ့ကို အမတ်တနေရာပေးမယ်လို့ မျှော်လင့်တကြီး ထားခဲ့သူ၊

ဦးအောင်သိန်းလင်း တို့လို ကြံ့ဖွံ့ခေါင်းဆောင်တွေနဲ့ အလွန်ကောင်းတဲ့ အဆက်အဆံရှိတာကြောင့် ကြံ့ဖွံ့က သူ့ပါတီအတွက် တနေရာ ချန်ကိုချန်ပေးထားမယ်၊ လွှတ်တော်ကြီးကြည့်ကောင်းအောင် အရောင်စုံအောင် သူတို့ကို လွှတ်တော်ထဲ သွင်းကိုသွင်းမယ်လို့ အပိုင်တွက်ထားခဲ့တဲ့သူ။

တကယ်တန်း ကြံ့ဖွံ့က ခြေတနေစာတောင် ချန်မထားတော့ ကိုအေးလွင်တို့လိုပဲ အကြီးအကျယ်ပေါက်ကွဲ ခဲ့တဲ့သူ။

ဒီနောက်မှာ ကြံ့ဖွံ့ထဲ အခန့်သားနေရာဝင်နေတဲ့ ခရိုနီကြီးတွေကို ဦးတည်ပြီး ပေါက်ကွဲတိုက်ခိုက်တဲ့သူ။

( ဒီနေရာမှာလည်း အဘ အဘနဲ့ ဦးအောင်သိန်းလင်းနဲ့ သူ့ဆက်ဆံရေးကိုကြည့်ပြီး၊ သူလယ်သမားအရေးလုပ်ခဲ့တာ တင်ကြိုနေရာယူထားတာမျိုးလား၊ သူနဲ့ ကြံ့ဖွံ့ထိက်သီးတွေကြား ဘယ်လိုဆက်ဆံရေးရှိသလဲ၊ ဦးခင်ရွှေနဲ့ အသေအချာငြိသားနဲ့ ဦးဝင်းချိုတို့လို ကိုထင်ကျော်တို့လို မဟုတ် အဖမ်းအဆီးမခံရ ပါးပါးနပ်နပ် နေနိုင်တာ ဘာကြောင့်လဲ ဆိုတာက စဉ်းစားစရာ)။

တောင်ကုတ်ပြဿနာဟာ နေမျိုးဝေအတွက် ရွှေတောင် ငွေတောင်ကြီးပါပဲ။

မူလ လယ်သမားအရေး အသံတိတ်သွားပြီး ဟစ်တလာစတိုင်ကို ပေါ်တင်ယူလာတဲ့သူ။

ဒီတော့ နေမျိုးဝေ လမ်းကြောင်းက ရှင်းပါတယ်၊ ဟိုးအရင်ကတည်းက ရှင်းရှင်းလင်းလင်းပဲ စစ်အာဏာရှင်ကြီးတွေ လက်ကိုင်တုတ် သုံးချင်ရာသုံး။


မြန်မာ့ပိုင်နက်ကို အိန္ဒိယကျူးကျော်ဟု နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့




The Voice Weekly

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က လူနေအိမ်၊ အားကစားကွင်းနှင့် ကားလမ်းများ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထားသောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးဖယ်ရှားနေ ရကြောင်း နိုင်ငံတော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။

ကျူးကျော် ဆောက်လုပ်ထားသည် များမှာ နှစ်နိုင်ငံကြား နယ်နိမိတ်မှတ်တိုင် စိုက်ထူခြင်း မပြုရသေးသော နယ်ခြားမှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူပြီးသော BP ၇၇ ကြားရှိ အိန္ဒိယနိုင်ငံ ဟောင်လင်းဖိုင်ရွာမှ နေအိမ်၊ ကစားကွင်းနှင့် ကားလမ်းတို့ ဖြစ်ကြောင်း၊ ယင်းအပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေအိမ်နှင့် ခြံဝင်းအချို့ အပါအဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖယ်ရှားရေးကို ဆက်လက် လုပ်ဆောင်နေရကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် နှစ်နိုင်ငံကြားတိုင်းတာ သတ်မှတ်ပြီးဖြစ်သော နယ်နိမိတ်အတွင်းမှ ၁၀ မီတာဇုန်အတွင်း (မြန်မာ ပိုင်နက်အတွင်း) အိန္ဒိယဘက်မှ ကျူးကျော်ထားသည်ကို တွေ့ရှိရပြီး နယ်စပ်ကြား အငြင်းပွားနေရသည့် နယ်မြေဒေသများကို နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်လုပ်ငန်း အဖွဲ့အစည်းများက ဖြေရှင်းနေရကြောင်း ဆက်လက် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

မြန်မာ-အိန္ဒိယနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်မှ တရုတ်နယ်စပ်အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ်မှတ်တိုင် စိုက်ထူရာတွင် နှစ်နိုင်ငံ နယ်စပ်ကြား အချင်းများမှုများ ဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ထားသည့် ကိစ္စကြောင့် မြန်မာဘက်မှ ကန့်ကွက်စာ ၁၁ ကြိမ် ပေးပို့ထားကြောင်း တမူးခရိုင်မှ နယ်စပ်သတ်မှတ်ရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောကြားသည်။

အောက်က ကုလားက ၀င် ၊ အထက်က တရုပ်က သိမ်း



*****ပြည်သူအသံ******

တရုပ်ကလည်း ကျွန်တော်တို့ မန်လေး တံတားဦး ကျောက်ဆည်း မြစ်သား ကူမဲ ဘက်မှာ မြေတွေ ရ သလောက် အကုန် မတန် တဆ ပေးပြီး ၀ယ်နေတယ်
ရရင်ပြီးရော ဆိုတဲ့ သဘောပေါ့
ပွဲစားတွေ ကတော့ ပြောတယ် မြေ၀ယ်တာ မဟုတ်ဘူး ပြည်ကိုဝယ်နေတာ
မြန်မာ ပြည်ကို ၀ယ်နေတာ တဲံ
မတ္တရာ ဘက်က ဧက 1500 လည်း တရုတ်က ၀ယ်သွားပြီ
ရွှေကူ ဘက်မှာလည်း ဧက 3000 တရုတ်က ၀ယ်ထားတယ်
တံတားဦးမှာ ဧက ၁၀၀၀ ကျော် တရုပ်တွေ ၀ယ်ထားတယ် လို့ ပြောတယ် မြေပွဲ စားတွေ က
အောက်က ကုလားက ၀င် ၊ အထက်က တရုပ်က သိမ်း နဲ့ မြန်မာပြည်တော့ ဘယ်လို များဖြစ်မလဲ မသိဘူးဗျာ
ကျန်တာတွေ လည်း ရှိဦးမှာ ကိုယ်တွေ့ကတော့ အဲဒါတွေ ပဲလေ

Htoo Ein Linn

လင်းလင်းနှင့် ချစ်သုဝေတို့၏ မင်္ဂလာညစာစားပွဲ



Eleven Myanmar
 Published on Jan 30, 2014

ဇန်န၀ါရီ ၃၀ ညနေပိုင်းတွင် စိန့်မေရီဘုရားကျောင်း၌ လင်းလင်းနှင့် ချစ်သုဝေတို့၏ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့
မင်္ဂလာအစီအစဉ်မှတ်တမ်းများကို မီးအိမ်ကဗျာဗီစီဒီတွင် မေတ္တာလက်ဆောင်ထည့်ပေးမည်

ဒီနေ့ကာတွန်း

FACEBOOK ပေါ်မှာ ရင်ဖွင့် ခံစား မိလို့ အရေးယူအပြစ်ပေးခံလိုက်ရတဲ့ လ၀က ၀န်ထမ်း ( ၁ )ဦး



ဟာဂျူလီ ကသာ
 ****************
 ၂၀၁၃ခုနှစ်...နိုဝင်ဘာလအတွင်းက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒု.လ၀ကမှူးလုပ်သက် (၁၂)နှစ်ရှိသည် ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်သက်ဟန် အား ဌာနအတွင်း အပြောင်းအေ၇ွှ့ ကိစ္စများ....၇ာထူးတိုးမြှင့်သည့်ကိစ္စများ....ဂွင်ဖန်တီးသည့် ကိစ္စရပ်များ....လက်ဝါးကြီးအုပ်ကိုင်ပီး ချုပ်ကိုင်သည့် ကိစ္စရပ်များ....လူကိုခင်လျှင် မူကိုပြင်သည်...လူကိုမုန်းလျှင် မူကိုသုံးသည်..ဆိုသည့် ကိစ္စရပ်များ....အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ရပ်များ....မျက်နှာကြီးရာဟင်းဖတ်ပါသည့်ကိစ္စရပ်များ....မူမရှိပဲလူနှင့်ကျင့် သုံးသည့်ကစ္စိရပ်များ ထို့အပြင် ၀န်ကြီးနှင့်အတူပြောင်းရွှေ့လိုက်ပါလာသည့် ရဲတပ်ဖွဲ့မှ လ၀က အသွင်ပြောင်း အရာရှိကြီးများ ၏ဗိုလ်ကျ အနိုင်ကျင့်မှုများအား သည်းမခံနိုင်တော့သည့် အတွက် facebook ပေါ်တွင် CARE TAKER အမည်ဖြင့် ခံစားချက်များပေါက်ကွဲပီးရေးသား တင်ပြထားခြင်း အပေါ် ဦးစီးဌာနမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငနှ်းကူညီဆောင်ရွက်မှုဖြင့် ၄င်း သုံးစွဲနေသည့် IP Address အားစုံစမ်းဖော် ထုတ်ခဲ့ပီး ယင်းဝန်ထမ်းအား နေပြည်တော်သို့ခေါ်ယူပီး ဦးစီးဌာန(ရုံးချုပ်)တွင် စုံခုံဖွဲ့ စစ်ဆေးမေးမြန်းခဲ့ပါသည်.....ထိုသို့စစ်ဆေးမေးမြန်း ခဲ့ရာတွင် ၄င်းဝန်ထမ်းတစ်ဦးတည်းသာ စုံခုံဖွဲ့ စစ်ဆေးမေးမြန်းခဲ့ခြင်းမဟုတ်ပဲ ၄င်း facebook wall ပေါ်တွင် Friend အဖြင့် လက်ခံထား ရှိသည့် အနယ်နယ်အရပ်ရပ်မှ ၀န်ထမ်းများနှင့် like လုပ်ထားမိသည့်ဝန်ထမ်းများအားလည်းနေပြည်တော်သို့ ခေါ်ယူစစ်ဆေးမေမြန်းခဲ့ကြပီး .....ထိုသို့ ခေါ်ယူစစ်ဆေးမေးမြန်းခံရသည့်အထဲတွင် ဒု.ညွှန်မှူးအဆင့်ရှိသည့် အရာရှိကြီးများလည်း ပါဝင်ခဲ့ကြပါသည်....ထိုနောက်၎င်း ၀န်ထမ်းအား ရာထူးတိုးမြှင့် ခြင်းကို ( ၂ )နှစ်ရပ်ဆိုင်းခဲ့သည့် အပြစ်ဒဏ်နှင့်အတူ စစ်ကိုင်းတိုင်း..ဖောင်းပြင် မြို့နယ်ရုံးသို့ပြောင်းရွှေ့အမိန့် စာအားထုတ်ပြန်ခဲ့ပါသည်....၄င်းစုံခုံဖွဲ့ စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ၀န်ကြီး၏တပည့်ရင်းတစ်ဦးဖြစ်သု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လ၀က သို့ ဒု.ညွှန်မှူး၇ာထူးဖြင့်ပြောင်းရွှေ့လိုက်ပါလာခဲ့သည့် ဦးယဉ်ထွေးမှ နောင်တွင် မည်သည့် ၀န်ထမ်းမဆို အင်တာနက်မှ သော်လည်းကောင်း... သတင်းဝက်ဆိုဒ်ဌာနများမှသော်လည်းကောင်း....ဂျာနယ်များတွင်သော်လည်းကောင်း လ၀က ၀န်ကြီးဌာနအကြောင်းများအား ရေးသားဖော် ပြ သတင်းပေးပို့သွားပါက မိမိ တို့မှ မ၇၇အောင် စုံစမ်းဖော်ထုတ်ပီး ၀န်ထမ်းများနှင့် သတင်းဖော်ပြပေးသည့် အင်တာနက်ဝက်ဆိုဒ်ဂျာနယ် များအား တရားစွဲဆိုဆောင်၇ွက်သွားမည်ဖြစ်ကြောင်ြးုခိမ်းခြောက်ပြောဆိုခဲ့ပါသည်....၁၉-၈-၂၀၁၃ ရက်နေ့ထုတ်7 Daily new သတင်း စာတွင်ပါရှိသည့် အယ်ဒိတာထံပေးစာတွင်ပါရှိသည့် နေမျိုးကျော်စွာ ရေးသားသည့် လ၀က ၀န်ကြီးဌာန၏ မုမမှန်သည့်ကြိုးနီစနစ်များ... ဆိုသည့် ပေးစာ....အင်တာနက် ၀က်ဆိုဒ် သတင်းဌာနများတွင်ဖော်ပြခဲ့သည့် လ၀က ၀န်ကြီး လွှတ်တော်တွင် အရှက်တော်ကွဲခဲ့သည့် အတွက် ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများအား အရေးယူခဲ့မှု သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်..ထိုကဲ့သို့ဝန်ထမ်းများမှအင်တာနက်မှ နေပီးသတင်းများတင်နေခဲ့ခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ရန်အတွက်..နေပြည်တော်ဝန်ကြီးဌာနတွင် လွှင့်တင်ထားသည့် ၀ိုင်ဖိုင်များအား ၀န်ထမ်းငယ်များအားလုံးဝသုံးစွဲစေခြင်းမရှိပဲ အင်တာနက် သုံးစွဲမှူအား ထိန်းသိန်းထားရှိခဲ့ပါသည်....ပြည်သူ့လွှတ်တော်မှစုံစမ်းရေးကော်မရှင် ဖွဲ့စုံစမ်းခဲ့သည့် ဒေါက်တာဆိတ်ဖွား ကိစ္စမှာ ပေါ်ပေါက်ခြင်းမရှိခဲ့ပဲ နောက်ဆုံးတွင် အဖျားရှူးသွားခဲ့ရသော်လည်း လ၀ကဦးစီးဌာနမှစုံစမ်း ဖော်ထုတ်ခဲ့သည့် CARE TAKER ကိစ္စမှာ စုံစမ်းပေါ်ပေါက်ခဲ့ပီး ကာယကံရှင် ၀န်ထမ်းမှာ အရေးယူအပြစ်ပေးခြင်းခံလိုက်ရပြီးဖြစ်ပါသည်... ထိုဖြစ်စဉ်ပေါ် လ၀က ၀န်ထမ်းများမှ ဒေါက်တာ ဆိတ်ဖွား မှာ အကောင်ကြီးမားလွန်းသည့်အတွက် ပေါ်ပေါက်ခြင်းမရှိသော်လည်း CARE TAKER မှာ အကောင်ငယ်သည့်အတွက် ပေါ်သွားခြင်းဖြစ်နိုင်ကြောင်းခန့်မှန်းပြောဆိုနေကြပါသည်....ထိုကိစ္စနှင့်ပက်သက်ပီး ဦးစီးဌာန မှ အမျိုးသမီးတစ်ဦးမှ ရင်ဖွင့်ခဲ့ရာ..." ၄င်းရေးသားထားခဲ့သည့် အကြောင်းအရာများအားလုံးမှာ အမှန်များသာလျှင်ဖြစ်ကြောင်း...၄င်းအား စုံခုံဖွဲ့စစ်ဆေးနေစဉ်တွင်လည်း သူ့အားသွားရောက်အားပေးခဲ့ကြကြောင်း....အောက်ခြေ၀န်ထမ်းအများစုမှ သူအားဝိုင်းဝန်းထောက်ခံအားပေး ခဲ့ကြကြောင်း....၄င်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အပေါ် ညွှန်မှူးအတော်များများနှင့် အောက်ခြေ၀န်ထမ်းများမှ ၀န်ကြီးအပေါ်အမြင်မကြည်ကြ ကြောင်း...ယခု အင်တာနက်ခေတ်ကြီးတွင် facebook သုံးစွဲမှုမှာ ယဉ်ကျေးမှုတစ်ရပ်လိုဖြစ်နေကြောင်း...ထိုကဲ့သို့ facebook သုံးစွဲနေကြ သည့် လူတိုင်း လူတိုင်းသည် မိမိတို့ ၀မ်းသာ/၀မ်းနည်းခံစားချက်များအားမိမိ ဝေါပေါါ်တွင်အသီးသီး ရင်ဖွင့်ဖော်ထုတ် ရေးသားလာခဲ့သည်မှာ ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေကြောင်း....ထိုထက်ပိုဆိုးသည်မှာ သူငယ်ချင်းအဖြစ်လက်ခံထားသူများ....like လုပ်ထားမိသည့်ဝန်ထမ်း များကိုပါ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်မှာ မဖြစ်သင့်တော့ကြောင်း....ယခုလို ဒီမိုကရေစီ ခေတ်ကြီးသို့ ချီတက်နေကြသည့်အချိန်တွင်ထိုဖြစ် စဉ်သည် ၀န်ထမ်းများအား ခြိမ်းခြောက်သည့် အဆင့်သို့ရောက်ရှိသွားခြင်းဖြစ်ကြောင်း.....ထိုကြောင့် fb သုံးစွဲနေသည့် ၀န်ထမ်းများသည် လ၀က ၀န်ကြိးဌာနနှင့်ပက်သက်သည့် သတင်းကောင်းကောင်း...သတင်းဆိုးဆိုး...တို့ကို share ဖို့မပြောနှင့် like ပင်မလုပ်ရဲတော့ ကြောင်း....နိုင်ငံတော် အစိုးရမှ ဦးဆောင်ပီး ဒီမိုကရေစီ စနစ်ကြီးသို့ ဦးတည်သွားနေချိန်တွင် ကျွန်မ တို့ ၀န်င်္ကြးမှ ဦးဆောင်ပီးတော့ နောက်သို့ ဆုတ်ရန် ကြိုးစားနေကြကြောင်း....ဌာနအတွင်း ဒီမိုကရေစီ မပြောနှင့်...လွပ်လပ်စွာပြောဆိုခွင့်မရှိကြောင်း....၀န်ထမ်းများအားလည်းအကြောက် တရားဖြင့်သာ အုပ်ချုပ်ထားကြောင်း....ထိုကဲ့သို့သာ ဆက်လက်သွားနေမည်ဆိုပါက တစ်ချိန်ချိန်တွင်အတွင်းစည်းပေါက်သွားပီး အင်တာနက် ၀က်ဆိုဒ်သတင်းဌာနများမှ ဌာန အတွင်းရေးများထွက်ရှိလာနိုင်ကြောင်း .....ထိုဖြစ်စဉ် ဖြစ်ရပ်သည် မကောင်းသည့်ရှေ့ဆက် အလားလာဖြစ်ကြောင်း" ပြောဆိုရင်ဖွင့်သွားခဲ့ပါသည်.....

{ထိုဖြစ်စဉ်အား မီဒီယာလောက သားများ အားလုံးသိရှိအောင် ရှယ်ပေးခြင်းဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ ´}ု
A.Z.L

ရှေ့နေဦးအေးပိုင် ဗိုလ်စိန်မှန်ပွဲမှာပါဝင်ဟောပြောမယ်လို့ အွန်လိုင်းမှာ နာမည်ထွက်ပေါ် (သူ့ရဲ့ ဖြေကြားချက်)


၂.၂.၂၀၁၄ နေ့ကျင်းပမယ့် ဗိုလ်စိန်မှန်ပွဲကိစ္စမှာ ဦးအေးပိုင် ပါဝင်ဟောပြောမယ်လို့ အွန်လိုင်းမှာ နာမည်ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်မိတ်ဆွေ ကိုသိင်္ခ က ရှေ့နေဦးအေးပိုင် ဆီကို ၂၉.၁.၁၄ နေ့ညပိုင်းက ဖုန်းနဲ့ဆက်သွယ်ပြီးမေးမြန်းရာမှာ သူ့ရဲ့ ဖြေကြားချက်ကို ဖော်ပြပေးလိုက်ပါတယ်။ "ကျွန်တော်သတင်းတော့ ကြားတယ် ၊ ဘာမှ မပြောရသေးဘူး။ ကျွန်တော့ကိုဖိတ်ထားတယ်။ ကျွန်တော်ဘာမှ ပြန်မပြောရသေးဘူး။ ဘယ်အချိန်တောင်မသိသေးဘူး။ ၂ ရက်နေ့ ဗိုလ်စိန်မှန်ကွင်းမှာတဲ့။ ကျွန်တော့်ကို ဟောပြောပေးပါဦးတဲ့။ဘာကိုပြောရမှာလဲဆိုတော့ ….ဖွဲ့စည်းပုံအခြေခံကိစ္စ ဟောပြောဖို့ရှိတယ်တဲ့။ ကျွန်တော်ကတော့ ဒီလိုနိုင်ငံရေးလမ်းကြောင်းတွေ ကို ငါသိပ်မပြောချင်ဘူးကွာ။လို့ ပြောထားတယ်။" အွန်လိုင်းမှ ခင်ဗျားနာမည်ပါနေတယ်... "ဒါကို ကျွန်တော်မသိသေးဘူးဗျ။အင်တာနက်မှာ ပါနေတာ ကျွန်တော်မသိသေးဘူးဗျ။ သူတို့က ဘာအကြောင်းကို ပြောမှာလဲ။ " ၅၉ စကို မပြင်သင့်တာကိုဟောပြောမှာ..... "ဒါကို ကျွန်တော်မသိဘူး။ " "ကျွန်တော်က ၂ ရက်နေ့ကို ဓနုဖြူကိုသွားရမှာ ဖိတ်ခေါ်ထားတဲ့အတွက်။ မနက် ၇ နာရီထဲကသွားရမှာ ။မောင်သွေးချွန်တို့နဲ့သွားမှာ။ " " သူတို့ဖိတ်ခေါ်တာက ၂ရက်နေ့မှာ အဲ့ဒီကွင်းထဲမှာ ဟောပြောပွဲရှိတယ်လို့ပြောတယ်။ ဆရာ ဥပဒေရေးရာနဲ့ပတ်သက်ပြီးဟောပြောပေးပါလို့ ကျွန်တော့ကို ပြောတယ်။ကျွန်တော်က အဲ့နေ့ မောင်သွေးချွန်တို့နဲ့ ဓနုဖြူသွားရမှာ ။ ငါလာဖို့မသေချာဘူးလို့ပြောလိုက်တယ်။ ဘာဟောပြောပွဲလဲလို့မေးတော့ဖွဲ့စည်းပုံဥပဒေ ကို ဥပဒေရှုထောင့်ကနေ ဆရာ ဟောပြောပေးပါလို့ပြောတယ်။ ဒါက နိုင်ငံရေးမို့လို့ငါမဆွေးနွေးချင်ဘူး လို့ပြန်ပြောလိုက်တယ်။ " " နေမျိုးဝေကတော့ လွန်ခဲ့ တဲ့ ၆ လလောက်က ကျွန်တော်နဲ့ဆွေးနွေးဖူးတယ် ၂ ကြိမ် ၃ ကြိမ် လောက်ဆွေးနွေးဖူးတယ်။ အဓိကတော့ နိုင်ငံရေးမဟုတ်ဘူး။ အစ္စလာမ်ကိုရမ်ကျမ်းကို တရားစွဲဖို့ကိစ္စ။ အဲ့ဒါပဲ ဆွေးနွေးဖူးတယ်။ ခုပြောတဲ့ ၅၉ စကို ပြင်ဆင်ရေးမပြင်ဆင်ရေးကိစ္စ ဆွေးနွေးရမယ်ဆိုရင် ငါကတော့ပြင်ဆင်ရေးဘက်ကဆွေးနွေးရမယ်။ တိုင်းပြည်အတွက် လိုအပ်ရင် လိုအပ်သလို ပြင်ဆင်ရမယ်။ အဲ့လို ကျွန်တော်က အကြမ်းဖျင်းပြောထားတယ်။" "ကျွန်တော်ကတော့ ရှင်းရှင်းပြောရရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ပြင်ဆင်ဖို့ ကျွန်တော်ကတော့ ထိပ်ဆုံးကပါဗျာ။ ပြင်ရမယ်။ ပြင်ကို ပြင်ရမယ်။ ဘယ်ဟာပြင်မယ်ဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်မှာပေါ့ဗျာ။ပြင်ဆင်ရေး ပြောဖို့ကတော့ ကျွန်တော်ကထိပ်ဆုံးကပဲ။ " " ကျွန်တော်ပြင်စေချင်တဲ့ တစ်ချက်ပြောမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိစ္စပြင်ကိုပြင်ရမယ့်ကိစ္စ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှင်းရှင်းပြောရရင် အစိုးရက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အောက်ကို ရောက်နေတယ်ဗျာ။အဲ့ဒါကို တောင်းဆိုသံ မကြားရဘူး။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီးအောက်မှာဘဲ ရှိရမယ်။ဒါတွေက ပြင်ကိုပြင်ရမယ့်ကိစ္စတွေ ။ ဒါတွေ တောင်းဆိုသံမကြားရဘူးဗျာ။ ဒါတွေတောင်းဆိုရမယ်။ " ၂ရက်နေ့လုပ်မယ့်ပွဲက ၅၉ စ ကို မပြင်ဆင်ရေးလို့ ခေါင်းစဉ်ဖြစ်နေတယ် အကိုသဘောကဘယ်လိုရှိလဲ ။ "အဲ့ ဒါကျွန်တော်မသိဘူး။၅၉ စလုံး ပြင်ပါ မပြင်ပါ မပြောဘူး။ ပြင်ရေးမပြင်ရေးကို ကျွန်တော်ပြောမှာမဟုတ်ဘူး။ တစ်ခုရှိတာက ကျွန်တော်အဆင့်ကသေးသေးလေးပါ။ ကျွန်တော်ပြောလဲ ဘာမှ မဖြစ်ပါဘူး။ မပြောလဲ ဘာမှ မဖြစ်ပါဘူး။"
========================================
ကဲ ...ဖတ်ကြည့်ပြီးတော့ အခုသူတို့လုပ်မယ့်ပွဲဟာ သူတို့အချင်းချင်းတောင် ဘာမှန်းသေချာမသိဘဲ မလိမ့်တပတ် ဖိတ်ခေါ်နေရတဲ့ လုပ်ပွဲ ဖြစ်နေတာ မိမိဘာသာ သုံးသပ်ကြည့်ပါ။ ( ဒီပြောကြားချက် အသံဖိုင် သက်သေရှိပါကြောင်း )

Lin Thurein

ထောင်ထဲပို့မယ်ဆိုတဲ့ဝန်ကြီး



 Zaw Naung Linn
နယ်တကာလှည့်ပြီး သတင်းယူရဲတယ်ကွ ဆိုပြီး အင်တာဗျူးတွေ ချိတ်လာတာ၊ ရှင်းတယ်နော် ကျွန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီ မှလည်း မကြောက်ဘူး။ ကျွန်တော် အခုမှ ဒီ စကား စပြော တာပဲ။ စာနယ်ဇင်းသမားဆိုတာ ကိုယ်အမြင်မကြည်တဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့ မရရင် ဂျာနယ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်း ဂျာနယ်ထဲမှာသေ။ ငါတို့ ဂျာနယ်ထွက်ရင် မင်းသေပြီမှတ်၊ ဒါပဲ ... ... ရေးခွင့်ရှိတဲ့အတွက် ကျွန်တော်ရေးတယ် ။ကျွန်တော်တို့ ဂျာနယ်က ခက်ခက်ခဲခဲ နဲ့ အောင်မြင်ပြီး နေရာရလာတာ။ ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ၊ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှကောင်းတာရေးမပေးဘူး။ တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။
ဘာ နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဇော်နောင်လင်း၊ ဇော်နောင်လင်း ဆိုပြီး နယ်တကာလှည့်ပြီး သတင်းယူရဲတယ်ကွဆိုပြီး အင်တာဗျူးတွေချိတ်လာတာ၊ ရှင်းတယ်နော် ကျွန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခု
မှ ဒီစကား စပြောတာပဲ။ စာနယ်ဇင်းသမားဆိုတာ ကိုယ်အမြင်မကြည်တဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် ဂျာနယ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းဂျာနယ်ထဲမှာသေ။ ငါတို့ဂျာနယ်ထွက်ရင် မင်းသေပြီမှတ်၊ ဒါပဲ ... ... ရေးခွင့်ရှိတဲ့အတွက် ကျွန်တော်ရေးတယ် ။ကျွန်တော်တို့ဂျာနယ်က ခက်ခက်ခဲခဲနဲ့ အောင်မြင်ပြီး နေရာရလာတာ။ ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ၊ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှကောင်းတာရေးမပေးဘူး။ တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော်ရေးတာမဟုတ်လို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော် ...။

[Unity Weekly News ဂျာနယ်ပါ မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်၏ မိန့်ခွန်းကို ကိုးကားပါသည်။]



(( Moe Zay Nyein ))

ပြည်သူက ရွေးကောက်တင်မြောက်တာမဟုတ်လို့ ပြည်သူကို မလေးစားတာ ကတော့ ပြောစရာ မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က လက်သင့်ရာ စားတော်ခေါ်လို့ ၀န်ကြီးဖြစ် လာတဲ့ သူတွေလေ။ ကိုယ်ပိုင်အရည်အချင်းရှိတာမှ မဟုတ်တာဗျာ။ ဒါပေသိ အဲဒလို ကိုယ်ပလတ်ကျွတ်၊ ခဲလွတ်နေတာကို လူသိအောင် ချချပြနေတာကတော့ ရှက်စရာကောင်းတယ်ဗျ။ ၂၉ က ပုဂ္ဂိုလ် က ခွေးစကားပြောတယ်။ ၃၃ က အမတ်က ကိုယ့်ကိုကိုယ်ဘ၀င်မြင့်တယ်။ ခု ၁၇ က လူက လူမိုက် စကားပြောတယ်။ ရှက်တတ်ရင်တော့ ရှက်စရာကြီးပါဗျာ။ ရှက်ကြပါ။

မွေးရေ၀န်ကြီး အုန်းမြင့်၏ အကောင့်
www.facebook.com/jastin.minn


ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မကွေးတိုင်းတွင် ပြောကြားခဲ့သော မှတ်သားဖွယ် စကားမှ ကောက်နှုတ်ချက်များ ....

" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ် အုန်းမြင့်။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တစ်ခါ (နယ်တကာ) လှည့်ပြီး ပါးရိုက်ရဲ တယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ၊ ရှင်းတယ်နော်။"

"တက်နေတဲ့ အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ တည့်မှာဘဲ"

"ကျွန်တော်တို့ ခါးခြားမှာ (ခါးကြားမှာ) သေနတ်ထိုးပြီးတော့ ပုခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေ ပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေပြောတာ မယုံနဲ့။"

"အဲဒီလွှတ်တော်ကြီး ဘယ်သူ ဆောက်ခဲ့သလဲမေး စစ်တပ်က ဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူ တည်ထောင်ခဲ့လဲ စစ်တပ်က တည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖေါက်ခဲ့သလဲ စစ်တပ်က ဖေါက်ခဲ့တာ၊"

"ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ"

"ခင်ဗျားတို့ ဘုဂလန့် မပြောနဲ့၊ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ လုပ်မပေးဘူး တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်။ ခင်ဗျားတို့ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ။ ရှင်းတယ်နော်။"

"တန်းစီလှည့်တာလည်း မပြောဘူး၊ ကြိုက်သလောက်လှည့် မကျေနပ်ရင် လဲသေ၊ ကိုယ်လုပ်စရာရှိတာတော့ လုပ်ပေးတယ်"

Credit to Chann Nyein Htun

Hawdeka Khalaylay

ဦးသန်းရွှေက အုန်းမြင့်ကို အသုံးချပြီး အာရုံလွှဲလိုက်တာပါ ၊ ယူနတီဂျာနယ် က သတင်းတစ်ခုကို ရေဆုံးရေဖျားမလိုက်ပဲ သတင်းတွေကို မှေးမှိန်အောင် အာရုံလွှဲသွားအောင်လုပ်တတ်ပါတယ် ၊ ဦးသန်းရွှေ ဘယ်ပြ ညာရိုက်ပါတော့မယ် သတိထားကြပါ ၊ (နေပြည်တော် အထူးသတင်း) ဦးသန်းရွှေက ဘယ်ပြညာရိုက် အရမ်းတော်ပါတယ် ၊ ဦးသန်းရွှေရဲ့ အကွက်တွေကို စေ့အောင်ကြည့်နိုင်တာ ကျနော်တို့ အဘ ဦးခင်ညွန့်ပဲရှိပါတယ် ၊ ဒါကြောင့် ကျနော်တို့အုပ်စုတွေကို ပြန်မလွှတ်ရဲသေးတာပါ ဟု ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးကပြောကြားသည် ၊ အခုလည်း အုန်းမြင့်ကို အသုံးချပြီး အာရုံလွှဲလိုက်တာပါ ၊ သွေးတိုးစမ်းတာရောလည်း ပါပါတယ် ၊ ဦးသန်းရွှေက အလုပ်တစ်ခုကို အနည်းဆုံး အဓိပ္ပါယ် နှစ်ခုထွက်အောင် လုပ်တတ်ပါတယ် ၊ သူတို့ နဲ့ ပတ်သတ်တဲ့ ဂျာနယ်တွေကိုလည်း ဂရုတစိုက် သတိထားဖတ်စေလိုပါတယ် ၊ သတင်းတွေကို ပုံဖျက်ပစ်တာ မှေးမှိန်အောင်လုပ်ပစ်တာ ၊ လူတွေရဲ့ ဒေါ်သအရှိန်ကို ဆဲဆိုခိုင်းနှိုင်းတာတွေသုံးပြီး လျှော့ပစ်တတ်တာတွေ အကုန် ဦးသန်းရွှေတိုက်ရိုက်ခိုင်းနေတာပါပဲ ၊ ယူနတီဂျာနယ်ကို နမူနာကြည့်ပါ ၊ ဦးသန်းရွှေ ရဲ့ နျူကလီးယား အစီအစဉ် ဓါတုလက်နက်အစီအစဉ်တွေကို ခရေစေ့တွင်းကျ လိုက်လံဖော်ထုတ်တာမရှိပါဘူး ၊ ဟိုလိုလို ဒီလိုလိုနဲ့ စက်ရုံ အဟောင်းတွေရိုက်ပြပြီး သတင်းတွေကို ဝေဝါးအောင်လုပ်ပစ်တာပဲ များပါတယ် ၊ ဒါတွေက တည်ကြက်တွေပါ ၊ မျက်လှည့်သဘောပြောရင် ဘယ်ပြညာရိုက်ပေါ့ ၊ ယူနတီဂျာနယ်ကို ပြန်ဖတ်ကြည့်ရင်တွေ့နိုင်ပါတယ် ၊ ယူနတီလိုတခြားဂျာနယ်တွေလည်း ရှိပါသေးတယ် ၊ ကဲ အခု ယူနတီဂျာနယ်က အုန်းမြင့်အကြောင်းပါလာတယ်ဆိုတော့ ဒါကို ဘယ်ပြတာလို့မှတ်ယူရင် ညာရိုက်က ဘာဖြစ်နိုင်မလဲ ၊ သေချာလောက်တာက နေပြည်တော် တစ်နေရာရာမှာ မြောက်ကိုးရီးယားတွေ ဝင်ထွက်သွားလာနေပါပြီ ၊ အဲဒီညာရိုက်ဟာ ဘာဖြစ်နိုင်သလဲဆိုတာ သေသေချာချာ စောင့်ကြည့်သင့်ပါတယ် ၊ အုန်းမြင့်တစ်ယောက်လည်း သနားစရာပါပဲ ၊ စာရွက်ထဲပါတာတွေကို ဖတ်ပြရတဲ့ အဆင့်ပါပဲ ၊ လက်ပံတောင်းတောင်မှာလည်း လယ်တီဆရာတော်ကြီးရဲ့ သိမ်နေရာကို အတုလို့ ပြောထားတာရှိနေပါတယ် ၊ ဦးသန်းရွှေက အုန်းမြင့်ကို ထုတ်ကစားပြီး ပွဲဆူအောင်လုပ်လိုက်တာဟာ အားလုံးရဲ့ အာရုံကို အုန်းမြင့်ဆီရောက်သွားအောင်လုပ်လိုက်တာဟာ ဘာကို ဖုံးကွယ်ချင်လို့လဲ ဆိုတဲ့ အတွေးနဲ့ ကြည့်ရပါမယ် ၊ ကျနော်တိုအ အဘက အားလုံးကို မှာထားပြီးသားပါ ၊ ၂၀၁၅ မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီချုပ်ပါတီ အနိုင်ရအောင် နည်းမျိုးစုံနဲ့ ဝိုင်းကူညီရမှာပါ ၊ လက်ရှိအချိန်မှာ ကျနော်တို့ ဘဝတွေက ကျီးလန့်စားစား နေနေရတုန်းပါပဲ ၊ တကယ်ဒီမိုကရေစီရမှသာကျနော်တို့လည်း လွတ်လပ်မှာပါ ၊ ကျနော်တို့လိုပါပဲ ၊ စစ်တပ်က အငြိမ်းစားယူထားတဲ့ အရာရှိတော်တော်များများလည်း အမှန်ကို သိနေကြပါပြီ ၊ မြန်မာပြည်ကို ဦးသန်းရွှေ လက်ခုပ်ထဲက လွတ်စေချင်နေကြပါပြီ ၊ ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးမှ ရင်ဖွင့်ပြောကြားသွားခြင်းဖြစ်သည် ၊ နေပြည်တော်သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည် ၊