Saturday, February 1, 2014

ဒီနေ့ကာတွန်း

ခင်ဝင့်ဝါ Miss Grand Slam 2013 ရဲ့ Top (5) စာရင်းဝင်

မြန်မာနိုင်ငံရှိ လေကြာင်းလိုင်းများမှ လေယာဉ်များ ရိုးရာအတိုင်း နတ်ပြနေရ ဟု ဆို



ပြည်သူ့အာဏာ

ရန်ကုန်၊ ဇန်န၀ါရီ ၃၁
 မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လုံခြုံစိတ်ချရမှုမရှိခြင်း၊ မတော်တဆ ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် လေယာဉ် နတ်ပြရသည့် ထုံးစံတစ်ရပ် ပေါ်ပေါက်လာကြောင်း သိရသည်။ မကြာသေးခင်ကပင် အဲယားပုဂံလေယာဉ်များ မီးလောင်ခြင်း၊ အဲယားပုဂံလေယာဉ်များ မတော်တဆဖြစ်ခြင်း စသည်တို့အရ အဲယားပုဂံလေကြောင်းလိုင်းသည် ကမ္ဘာ့အန္တရာယ်အများဆုံး၊ စိတ်မချရဆုံး လေကြောင်းလိုင်းများစာရင်းတွင် ထိပ်ပိုင်းမှ ပါဝင်လာခဲ့သည်။ လေကြောင်းလိုင်းအသစ်များ အပြိုင်အဆိုင် ဖွင့်လှစ်လျက်ရှိသော်လည်း ခရီးသည်များ လုံခြုံစိတ်ချရမှုအတွက် မြေပြင်လေကြောင်းစစ်ဆေးရေး ပညာရှင်များ တိုးမြှင့်ငှားရမ်း အသုံးပြုလာခဲ့ကြသလို တစ်ဘက်တွင်လည်း ရိုးရား အစဉ်အလာ၊ ယုံကြည်မှုတို့အရ လေယာသ်နတ်ပြခြင်းများလည်း ပြုလုပ်လာခဲ့သည်။ အေရှားဝင်းလေကြောင်းလိုင်းသို့ အသစ်ရောက်ရှိလာခဲ့သော ATR 72-500 XY-AJQ လေယာဉ်အသစ် ရန်ကုန်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာပြီးနောက် လေယာဉ်အား နတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ "မော်တော်ကားတွေ အသစ် ၀ယ်စီးရင် နတ်ပြရတာတို့ ညောင်ပင်ဦးတိုက်ရတာတို့ ကြားဖူးတယ် မဟုတ်လား။ ဒီလိုပါပဲ လေယာဉ်တစ်စီး အသစ်ရောက်လာရင် ဘေးကင်းလုံခြုံဖို့၊ မတော်တဆ ဆိုတာမျိုးတွေ မဖြစ်စေဖို့ အုန်းပွဲ ငှက်ပျောပွဲနဲ့ နတ်ပြတာ နတ်တင်တာပေါ့ဗျာ။ ထုံးစံသဘောမျိုး ဖြစ်နေပါပြီ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံကြည်မှုပေါ့ဗျာ" ဟု အေရှားဝင်းလေကြောင်းလိုင်းမှ မြေပြင်လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။ လေယာဉ်များ သက်တမ်းကြာမြင့်နေခြင်းကြောင့် စက်ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ လျှင် ခရီးသည်များအတွက် မတွေးဝံ့စရာ ဖြစ်သလို လေကြောင်းလိုင်းနာမည် ပျက် သိက္ခာကျစေမည် ဖြစ်၍ ဘေးကင်းလုံခြုံရေးသည် အထူးပင် အရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့မှလည်း လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာရန် လိုအပ်ကြောင်း သိရှိရသည်။


မန်းရတနာပုံ လေယာဉ်သစ် ATR 72-600 ရန်ကုန်လေဆိပ်ရောက်ရှိ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သော မန်းရတနာပုံ လေကြောင်းလိုင်းသစ်၌ စတင်ပြေးဆွဲမည့် ပထမဆုံးလေယာဉ်သစ်မှာ ဇန်န၀ါရီလ ၃၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

မန်းရတနာပုံလေကြောင်းလိုင်းသစ်အနေဖြင့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် ရန်ကုန်၊မန္တလေး၊ညောင်ဦး၊ ဟဲဟိုး၊ကျိုင်းတုံ၊ တာချီလိတ်နှင့်မြစ်ကြီးနားမြို့များသို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်၍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံသန်းပြေးဆွဲမည်ဖြစ်သလို နောက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလေကြောင်းလိုင်းမှာ ပြင်သစ်နိုင်ငံ Avions de Transport Regional ကုမ္ပဏီထုတ် ခရီးသည် ၇၀ ဦးဆံ့ ATR 72-600 လေယာဉ်နှစ်စီးဝယ်ယူထားကြောင်း သိရပြီး ယခုရောက်ရှိလာသည်မှာ ပထမလေယာဉ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၈ သန်းတန် MSN 1127(XY-AJO) ဟု သိရသည်။
“မန္တလေးမြို့ဆိုတာက ပို့ဆောင်ရေးဆုံချက်လို ဖြစ်နေတဲ့အပြင် မန္တလေးမြို့ကိုဖွံ့ဖြိုးအောင် လုပ်နေကြတဲ့အချိန်မှာ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်ချင်လို့ပါ။ လက်ရှိအချိန်ကတော့ ရန်ကုန်ကနေ စဆွဲမှာပါ”ဟု မန်းရတနာ လေကြောင်းလိုင်းမှ CEO ဦးကျော်မျိုးက ပြောသည်။

မန်းရတနာလေကြောင်းလိုင်းအနေဖြင့် လက်ရှိအချိန်မှာ စတင်ပြင်ဆင်နေချိန်ဖြစ်ပြီး မြေနေရာ ငှားရမ်းမှုလုပ်ငန်းများ၊ လိုအပ်သည့် အဆောက်အဦးဆောက်လုပ်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စင်းလုံးငှား လေယာဉ်ပြေးဆွဲနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ဝယ်ယူထားသည့် ဒုတိယမြောက်လေယာဉ်မှာ မတ်လတတိယအပတ်အတွင်းရောက်ရှိမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစပြီး တတိယနှစ်အတွင်း Air A 320 လေယာဉ်ဖြင့် ပြည်တွင်းပြည်ပခရီးစဉ်များ ပြေးဆွဲသွားမည်ဟုလည်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။

မြန်မာခရိုနီကယ်

“ဖွဲ့စည်းပုံ လေ့လာရေး အစီရင်ခံစာပါ မှတ်ချက် အခြေအမြစ်မရှိသည့် ဖန်တီးမှုဟု အမတ်များ ဝေဖန်”



    Mizzima - News in Burmese

    ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ၎င်း၏သုံးသပ်ချက် အစီရင်ခံစာ ကို ပြည်ထောင်စု လွှတ်တော်သို့ အချိန်မှီတင်သွင်းခဲ့အပြီး သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်သည့် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၃၁. ၁. ၂ဝ၁၄) တွင် လွှတ်တော်သို့ ဖတ်ကြားခဲ့သည်။

    အဆိုပါအစီရင်ခံစာ၌ ထူးခြားစွာ ပါရှိသော ပုဒ်မ ၅၉(စ)၊ ၄၃၆၊ ၃၃၇၊ ၃၃၈၊ ၆(စ)၊ ၄၄၅ စသည့် အရေးကြီးပုဒ်မများအား မပြင်ဘဲ ထားရန် လူ ၁ဝ၆၁ဝ၂ ဦးတို့က စုစည်းလက်မှတ်ရေးထိုး အကြံပြုထားသည်ဟူသည့် မှတ်ချက်အား အခြေအမြစ်မရှိသည့် ဖန်တီးချက်သာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။

    “ဒီမှတ်ချက်တွေဟာ သွေးရိုးသားရိုးမဟုတ်တဲ့ ဖန်တီးထားချက်တစ်ခုလို့ပဲ ကျွန်တော်မြင်ပါတယ်။ ဒါကလည်း ရည်ရွယ်ချက်ရှိရှိနဲ့
    ဆောင်ရွက်ထားတာပဲ။ ပြင်ဆင်ချင်တာကိုဖြစ်စေ၊ မပြင်ချင်တာကိုဖြစ်စေ အရေအတွက် များများရအောင် လုပ်ယူထားတဲ့နည်းပါပဲ။ တစ်ကယ်ဆိုရင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းဝင်တွေက ဘာကိုပြင်ဆင်မယ်။ မပြင်ချင်ဘူး စသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ ဖေါ်ပြသင့် ပါတယ်” ဟု အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ထို့အပြင် အဆိုပါအစီရင်ခံစာ မှတ်ချက်ကို ကြည့်ပြီး ဆုံးဖြတ်ကြမှာလား ဟူသော မဇ္ဈိမ၏ အမေးကို ၎င်းက “လွှတ်တော်သက်တမ်း က နောက်နှစ်နှစ်ပဲကျန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်မှာ ပထမဆုံးကိုယ်စားလှယ်တွေ ဖြစ်နေတဲ့ ကျွန်တော်တို့ဟာ ဒီလိုလုပ်ကြံ ဖန်တီးမှုတွေကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒီအတွက် အကောင်ဆုံးဖြစ်အောင် ကြိုပြီးစဉ်းစားထားကြပါတယ်” ဟုလည်း ဖြေကြားခဲ့သည်။

    အဆိုပါ လူ ၁ဝ၆၁ဝ၂ ဦးက အရေးကြီး ပုဒ်မများတိုင်းကို ယခုအတိုင်းဆက်ထားရှိစေရန် လက်မှတ်ထိုးအကြံပြု ထားပါသည်ဆိုသော မှတ်ချက်ဖြစ်ပေါ်လာရသည့် အကြောင်းနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဝင် သူရဦးအောင်ကိုက ထိုသို့ရှင်းပြ သည်။

    “ပုဒ်မ ၅၉(စ)၊ ပုဒ် ၄၃၆ အရေးကြီးတဲ့ ပုဒ်မတွေပေါ့လေ။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး လူတစ်သိန်းကျော်က မပြင်ပါ နဲ့၊ မထိပါနဲ့လို့ အကြံပြုထားပါတယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ CEC အဖွဲ့ဝင် တစ်ဦးက ပူးပေါင်းကော်မတီကို တင်ပြလာပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ထဲက လူတွေလို့သာသိရပြီး ဘယ်ပါတီဝင်တွေလည်းဆိုတာ ဖေါ်ပြမထားပါဘူး၊ ဒါဟာခိုင်မာမှုမရှိဘူး။ မသေချာဘူးလို့ပဲ ပြောပါရစေ” ဟု ၎င်းကပြောကြားခြင်း ဖြစ်သည်။

    အဆိုပါ မခိုင်မာသော၊ မသေချာသော၊ ဖန်တီးထားသည်ဟု ပြောကြသောမှတ်ချက်ကို အစီရင်ခံစာပြုစုသည့် နောက်ဆုံးအချိန်မှ ကပ်၍ ပူးပေါင်းကော်မတီသို့ တင်ခဲ့စဉ်က ကျားဖြူပါတီကလည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါက်တာစိုးရင်(ကမာရွတ်)က လည်းကောင်း၊ အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ရခိုင်ပါတီခေါင်းဆောင်တစ်ဦးက ဝင်ရောက်ဖြန်ဖြေကာ ၎င်းပူးပေါင်းကော်မတီအဖွဲ့ဝင်များ၏ ဆန္ဒဖြင့် အစီရင်ခံစာအောက်တွင် မှတ်ချက်အဖြစ် ဖေါ်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုမှတ်ချက်အား စုစည်းတင်ပြလာသူမှာ တောင်ဥက္ကလာပ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တို့ထံမှ သိရသည်။

    “ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်လိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့အကျိုးစီပွား ကာကွယ်လိုသူတွေရဲ့ အားပြိုင်မှုတစ်ခုပါ။ ပုဒ်မ ၅၉(စ)တို့ ၊ ၄၃၆ တို့ကို ဒီအတိုင်းပဲ ထားချင်သူတွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေ လွှတ်တော်ထဲမှာ ရှိနေတယ်။ ဒီလိုအရေးကြီးပုဒ်မတွေကို မပြင်ဖို့၊ ဖြစ်နိုင်ရင် ပြင်မယ်ဆိုတဲ့သူတွေကို လိုက်ကန့်ကွက်ဖို့ စည်းရုံးနေတယ်လို့ ပြန်ကြားရတယ်” ဟု သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။

    လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးသည်နှင့် တာဝန်ပြီးဆုံးခဲ့ကြောင်း၊ ထိုအစီရင်ခံစာပါ လုပ်ငန်းတာဝန်တို့ကို အကောင်အထည်ဖေါ်နိုင်ရန် ပြည်ထောင်စုလွှတ်တော် က ဆက်လက်ဆောင်ရွက်သွားမည်
    ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပထမဦးစွာ ကော်မတီတစ်ရပ် ထပ်မံ ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ပြောကြားခဲ့သည်။

    အဆိုပါ လူတစ်သိန်းခြောက်ထောင်ကျော်တို့က မပြင်ရန် အကြံပြုသည်ဟူသော ပုဒ်မ ၄၃၆ အောက်တွင် အကျုံးဝင်လျက်ရှိသည့် ပုဒ်မများအတွက် မပြင်ရန်၊ ပြင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ အနှစ်ချုပ်ဇယားကို ပူးပေါင်းကော်မတီ အစီရင်ခံစာအရ ထိုသို့သိရသည်။

    အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)နှင့် အခန်း ၁၂ ပုဒ်မ ၄၃၆တို့ကို မပြင်ဆင်ဘဲ ထားရှိရန် အကြံပြုသူပေါင်း ၁ဝ၆၁ဝ၂ဦးရှိကြောင်း၊ ပုဒ်မ ၅၉(စ)အား မူလပြဌာန်းချက်ကို ပယ်ဖျက်၍ ပြင်ဆင်ရန် ၅၉၂ဦးက အကြံပြုထားကြောင်းနှင့် ပုဒ်မ ၄၃၅၊ ၄၃၆အား ပြင်ဆင်ပေးရန် အကြံပြုသူ ၅၃၄ ဦးတို့ရှိကြောင်း ကော်မတီ၏ မှတ်ချက်တွင် ပါရှိသည်။ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် အကြံပြုသူကမူ ၅၆၂ဝ ဦးရှိကြောင်းလည်း အစီရင်ခံစာ၏ ဇယားတွင် ဖေါ်ပြထားသည်။

ပေါက် မြို့  က ဒုံးလက်နက် တွေ ၊ ဓာတုလက်နက် တွေ ထုတ် တဲ့ စက်ရုံ




FNG

ကိုယ်ပိုင် အမှတ် ၄+++++ ဗိုလ်ကြီး +++++++ သည် ပဲခူးတိုင်း တွင် ၁၉၇၅ ခုနှစ်
ဉ်မွေးဖွားခဲ့ပြီး ၁၉၉၃ ခုနှစ် တွင် ဆယ်တန်း စာမေးပွဲ အား က အဆင့် ဖြင့် အောင်မြင်ပြီး
နောက် စစ်တက္ကသိုလ် သို့ တက်ရောက်ပြီး ခဲ့ပြီး အပတ် စဉ် ၅+သင်တန်းဆင်းတစ်
ယောက် ဖြစ်သည်။

မေမြို့ စစ်တက္ကသိုလ် မှ ဘွဲ့ ရရှိပြီးနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ
ခြေလျှင် တပ်ရင်း တစ်ခု တွင် လအတန်ကြာ သင်တန်း တစ်ခု တက်ရောက် ရပြီး ၁၉၉၉
ခုနှစ် တွင် တနင်္သာရီ တိုင်း သရက် ချောင်း တွင် တာဝန် ကျကာ ၂၀၀၂ ခုနှစ် တွင် ဗိုလ်
ကြီး ရာထူး ဖြင့် ရှမ်းပြည်နယ် တွင် တာဝန် ကျသည်။၂၀၀၆ ခုနှစ် တွင် နေပြည်တော် ကာ
ကွယ်ရေး ၀န်ကြီး ဌာန မှ ဆင့်ခေါ်မှု တွင် မကွေးတိုင်း မြိုင် မြို့ နယ် မှ ထပ် မံ သွားရ
သည့် ပေါက်မြို့ ၏ မြောက်ဘက် မိုင် ၃၀ ခန့် အကွာ ရှိ တပ်ရင်း တစ်ခု တွင် တာဝန်
ထမ်းဆောင်ရန် အတွက် စစ်သုံး မော်တော် ယာဉ်ဖြင့် လိုက်လံ ပို့ ဆောင်ပေးသည်။
စစ်ဆင်ရေး အဖွဲ့ များ ၏ လက်အောက် ခံ မဟုတ် သည့် ထိုတပ်ရင်း တွင် ဗိုလ်မှုးကြီး
အဆင့် ရှိ တပ်ရင်းမှုး တစ်ယောက် အုပ်ချုပ်ပြီး ရောက်ခါ စ တွင် နှစ်ရက် ခန့် သီးသန့် 
ထားရှိ ကာ ထို သို့ စောင့်နေစဉ် အတောအတွင်း ဗိုလ်ကြီး မြင့် နိုင် ဆိုသူက နေပြည်တော်
သို့ သတင်း ပို့ ထားပြီး ဖြစ်သော် လည်း တပ်ရင်းမှုး ခရီးထွက် နေ သဖြင့်
နောက်ထပ် နှစ်ရက် ခန့် စောင့်ဆိုင်းရန် လာရောက် ပြောဆို သွားသည်။ နှစ်ရက် ခန့် 
အကြာတွင် လေအေးပေးစက် တပ် ဆင် ထား သည့် နှစ်ထပ် တိုက် ရုံးခန်း တစ်ခု
သို့ မသွား ခင် တွင် တစ်ကိုယ်လုံး အား အသေအချာ ရှာဖွေပြီး နောက် ပါလာသော
ပစ္စည်း များ ကို လည်း ရှာဖွေ ပါသည်။ လျှပ် စစ်မုတ်ဆိတ် ရိတ်စက် ကို တပ်ကြပ်ကြီး
နှစ် ဦး နှင့် အဖွဲ့ က ရှာဖွေ ပုံစံ ဖြင့် သိမ်း သွားပြီး ထို သို့ သိမ်းသွားရာတွင် ထို
တပ်ကြပ်ကြီး က”ဒီကို လာစဉ် အထက် က သယ်ဆောင် မသွားရန် ပစ္စည်းများ ကို
မပြောလိုက်ဘူး လားမေးရာ သတိ မထား မိဘဲ ပါလာသည် “ ဟု ပြန်လည် ဖြေရှင်း
ခဲ့သည်။၎င်း က ဆက်လက်၍ အခြား လျှပ် စစ် ပစ္စည်း ဘာပါရှိ သေးလဲ ဟု မေးရာ
ဘာမှ မပါရှိ တော့ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

တပ်ရင်းမှုးမှာ ထိုဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရသူသာဖြစ်ပြီး ဒု-ဗိုလ်ချုပ်ကြီး
ခင်မောင်သန်း ၏ တပည့်ရင်း ဖြစ်သူ ဗိုလ်မှုးကြီး ကျော်ရွှေ ဖြစ်သည်။ ၎င်းသည် ထိုဒေသ
၏ ထူးခြားဖြစ်စဉ် ကို ကာကွယ်ရေး ၀န်ကြီးဌာန သို့ မိနစ် ၆၀ တိုင်းတွင် တစ်ကြိမ် အစီရင်
ခံစာတင်ရပြီး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ဆီ ကို နေ့ စဉ် တိုက်ရိုက် အစီရင် ခံစာရေး တင်ရ
သည်။

ဗိုလ်မှုးကြီး ကျော်ရွှေ ၏ ရုံးခန်း တွင် CCTV လှို့ ဝှက် ကင်မရာများ ၊ Fax စသည့် ဆက်သွယ်
ရေး ပစ္စည်းများ ရှိပြီး ထိုဒေသတွင် သုံးနှစ်တာဝန် ထမ်းဆောင် စဉ် အတွင်း အဆိုပါရုံးခန်း သို့ 
သုံးကြိမ်သာ ရောက်ရှိ ခဲဖူးသည်။ ထို ရုံးခန်း ရှိ ရာ အဆောက်အဦမှာ ဆယ်မိနစ် ခန့် လမ်း
လျှောက် လိုက်လျှင် ရဟတ်ယာဉ် လေးစီးခန့် ရပ် နိုင်သည့် နေရာတွင် စစ်သုံး ရဟတ်ယာဉ်
တစ်စီးမှာ အချိန် ပြည့်ရပ်ထားပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရှောင် တစ်ခင်လာရောက် စစ်ဆေး
လျှင် ရဟတ်ယာဉ် ငါးစီးခန့် ရှိသည်။

ဗိုလ်ချုပ်မှုးကြီး သည် မိုးရာသီ မှ လွဲ၍ တစ်နှစ်လျှင် လေးကြိမ် ခန့်  ကျောချောင်း စစ်လက်နက်
ပစ္စည်း ထုတ်လုပ် တပ်ဆင်ရေး စက်ရုံ သို့ လာသည်။

အထက် ပါသတင်း ပေးပို့ မှု မှာ မြန်မာ့ တပ်မတော်မှ လက်ရှိ တာဝန် ထမ်းဆောင်နေ
ဆဲ ဗိုလ်ကြီး အဆင့်ရှိ သူ တစ်ယောက်ဖြစ်ပြီး ၎င်း ၏ လုံခြုံရေး အရ အမည် ၊ တာဝန်ထမ်း
ဆောင် ခဲ့သည့် နေရာများ နှင့် မွေးဖွားရာ တို့ ကို ပေါက် မြို့ တွင် တာဝန် မထမ်းဆောင်
ခင် အထိ အကုန် လွှဲပြောင်းထားပါသည်။

ကျန်ရှိ နေ သည် များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။

နောက် တွင် မြန်မာဝီကီလိခ် ဉ် ယခု အကြောင်း အရာ ကို ၁ . ၁ . ၁ ဟူသော ဂဏန်း
ရိုက်၍ ရှာပါ ။

မူရင်း မြန်မာ ၀ီကီလိခ်

(၈)ထပ်တိုက်ဆောက်လုပ်ရာပိုင်ရိုက်ချိန်ငလျင်လှုပ်သကဲ့သို့ အိမ်ကြီးမှာ တုန်ခါလာ



 (၅) ထပ်သာဆောက်လုပ် ခွင့်ပြုထားသော်လည်း တရားဝင်ဆိုင်းဘုတ်
ကြီးများထောင်ကာ ငွေပေးပြီး (၈)ထပ်ဆောက်လုပ်နေ


By Swe Oo

မြို့နယ်စည်ပင်(တ/ဥ)၊ ကန်ထရိုက် ဧဒင်နှင်းဆီ company မှ chairman ကုလား
 ဇေမင်းဦး နှင့် ခေတ်ပျက်သူဌေး ဦးမောင်မောင်ကြွယ်တို့မှ ကျွန်တော်တို့
နေအိမ် တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက် ဗြဟ္မစိုရ်လမ်း အိမ်အမှတ် ၉၀၈/က
ဘေး အိမ်အမှတ် ၉၀၈/ခ နှင့် ၉၁၁/က မြေပေါ်တွင် (၈)ထပ်တိုက်ဆောက်လုပ်
ဖို့ ပုံပါ ပိုင်ရိုက်စက်ကြီးများဖြင့် ပိုင်ရိုက်သွင်းရာ ကျွန်တော်တို့၏ နေအိမ်သည်
ပုံပါအတိုင်း RC တိုင်များပါကွဲအက်ပြီး ဆက်လက်နေထိုင်ရန်အတွက် ဘေးအန္တ
၇ယ်ရှိလာသဖြင့် လာရောက်ဖြေရှင်ဖို့ပြောသော်လည်း ကန်ထရိုက်မှလာရောက်
ဖြေရှင်းခြင်းမပြုပဲ ပိုင်ရိုက်ခြင်းဆက်လက်ဆောင်ရွက်နေသဖြင့် မြို့နယ်စည်ပင်ကို သွား
ရောက်တိုင်တန်းသော်လည်း စည်ပင်မှ EO ဦးသန်းဝင်း နှင့် အဆောက်အအုံ
တာဝန်ခံ ဒေါ်ဝင့်သူလင်းတို့သည် နစ်နာသူမိမိတို့အားဖြေရှင်းပေးခြင်းမရှိပဲ “ မိမိ
တို့မသိ...အထက်မှခွင့်ပြုခြင်းအား မိမိတို့အနေဖြင့်ဝင်ရောက်စွက်ဖက်လို့မရ” ဟုဆို
ကာ တာဝန်မဲ့စကားများပြောဆိုပြီး ပိုင်တူးခြင်းအား မသိချင်ယောင်ဆောင်ကာ
ဆက်လက်ခွင့်ပြုထားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးအား သွားရောက်တိုင်းတန်း
သော်အခါမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးမှ ညှိနှိုင်းဆောင်ရွက်ပေးပါ
မည်ဆိုပြီး ၄င်းတို့ ကန်ထရိုက်ကုလားမှာ ပြေလည်စွာ ညှိနှိုင်းခြင်းမပြူပဲ လွန်စွာ
ရိုင်းပြသဖြင့် မိမိအနေဖြင့်ဆက်လက်မညှိနှိုင်းတော့ပါ...နောက်တနေ့ နံနက်တွင်
လည်း ကန်ထရိုက်မှ “ ဘယ်သူမှဂရုမစိုက်ဘူး ” သူ၏တပည့်များအား ပိုင်ဆက်
ရိုက်ခိုင်းနေသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ သွားရောက်
ပြီးတိုင်တန်းရာ အရှေ့ပိုင်းခရိုင် တာဝန်ခံ လက်ထောက်ဌာနမှူး ဦးမျိုးဆွေ မှ ဖြေရှင်း
ပေးပါမည်ပြောပြီး မြို့နယ်စည်ပင်တာဝန်ခံအား စေလွတ်သော်လည်း အချိန်မီမသွား
သည့်အတွက်.... ငလျင်လှုပ်သကဲ့သို့ အိမ်ကြီးမှာ တုန်ခါလာသဖြင့် အိမ်မှာကျန်ခဲ့
သော နှလုံးရောဂါသည်မိခင်ကြီးမှ ထိန့်လန့်တုန်လှုပ်သဖြင့် အိမ်အပြင်သို့ ထွက်ကာ
အရပ်အား ဒုက္ခေ၇ာက်နေကြောင်းအော်ဟစ် အကူအညီတောင်းမှသာ ပိုင်ရိုက်နေ
သော အလုပ်သမားများနှင့် ကန်ထရိုက်ကုလားမှာ ထွက်ပြေးသွားပြီး ဆက်မရိုက်
တော့ခြင်းဖြစ်ပါသည်...................................................................
၁။ အချက်အဖြင့် ၄င်းကန်ထရိုက်ဆောက်လုပ်မှုသည် (၅) ထပ်သာဆောက်လုပ် ခွင့်
ပြုထားသော်လည်း တရာဝင်ဆိုင်းဘုတ်ကြီးများထောင်ကာ ငွေပေးပြီး (၈)ထပ်
ဆောက်လုပ်နေခြင်း၊
၂။ အိမ်အဟောင်းအား ဖြိုချခွင့်သာကျသေးပြီး ပိုင်ရိုက်ခွင့် ဆောက်လုပ်ခွင့်မကျ
သေးသော်လည်း စည်ပင်မှ မသိချင်ယောင်ဆောင်ကာ ဆောက်လုပ်နေခြင်း။
၃။ အိမ်ကြီး ငလျင်လှုပ်သကဲ့သို့ ဖြစ်နေသောကြောင့် သွားပြောသော်လည်း
ဥပဒေမရှိ မင်းမဲ့ တိုင်းပြည်ကဲ့သို့ ကန်ထရိုက်ကုလားမှာ ဘယ်ကောင်မှ ဂရု
မစိုက်ဟုဆိုကာ ဆက်လုပ်နေခြင်း။
၎။ ကန်ထရိုက်များမှာ တိုင်ပြည်၏ ဥပဒေကို မလေးစားမထီမဲ့မြင်ပြုနေခြင်း။
၅။ ယခုကဲ့သို ဒုက္ခေ၇ာက်နေခြင်းအား မည်သူကို တိုင်းတန်းရမှန်းမသိ အကုန်
လုံးခေါင်းရှောင်နေခြင်း။
၆။ စည်ပင်ဝန်ထမ်းများမှလည်း ပတ်ဝန်းကျင်နစ်နာသူမိသားစု၏ အသက်အန္တ၇ယ်
ထိခိုက်လာနိုင်သော်လည်း တာမြစ်ခြင်းမရှိပဲ မသိချင်ယောင်ဆောင်နေခြင်း။
စသည်တို့ကြောင့် သူငယ်ချင်းမိတ်ဆွေများအနေဖြင့် ကူညီခြင်းဖြင့် share ပေးကြ
ပါရန်မေတ္တာရပ်ခံအပ်ပါသည်။

တစ်လ ကျပ်တစ်သိန်းနှစ်သောင်းအထက် ဝင်ငွေရှိ ဝန်ထမ်းများကို ဝင်ငွေခွန် ကောက်မည်



The Voice Weekly
ရန်ကုန်၊ ဇန်နဝါရီ ၃၁

တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။
“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။

လူလွတ်တွေကတော့ ၂၀ ရာခိုင်နှုန်းပဲ သက်သာခွင့် ရှိတာပေါ့” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနီးပါး ရရှိသူ မည်သူမဆို အခွန်ပေးဆောင်ရမည် ဖြစ်ပြီး လအလိုက် ပြန်လည် တွက်ချက်မည် ဆိုပါက တစ်လကျပ် ၁၂၀၀၀၀ ရရှိသူများ အားလုံး အခွန်ပေးဆောင်ရမည် ဖြစ်သည်။
“လူတိုင်း အကုန်ပေးဆောင်ရမှာပါ။ နှုန်းနည်းတာနဲ့ များတာပဲ ကွာမှာပါ။ မဆောင်သေးတဲ့ လူတွေလည်း ပေးဆောင်ရမှာပါ။ အဲလို ပေးဆောင်ဖို့အတွက် အရင်က ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပေမယ့် အခုတော့ အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နဲ့ ပေါင်းပြီး လုပ်ဆောင်နေပါတယ်” ဟု ယင်းဌာန အကြီးတန်း အရာရှိက ပြောဆိုသည်။

အဆိုပါ ဥပဒေကို တပ်မတော်အစိုးရ လက်ထက်အတွင်းက အမိန့်ကြေညာစာတစ်ရပ် ထုတ်ပြန်၍ ရုပ်သိမ်းထား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

နယ်လှည့် ပါးရိုက် ၀န်ကြီး ဂုဏ်ပြုတေး




ဝန်ကြီးဦးအုန်းမြင့်၏သတင်းအားဖော်ပြခဲ့သော Unity Weekly News ဂျာနယ်မှ

အယ်ဒီတာချုပ်အား သတင်းတပ်ဖွဲ့မှလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းရရှိ

ယခုအထိအဆက်အသွယ်မရသေးကြောင်း ဂျာနယ်မှ အကြီးတန်းသတင်းထောက်

မဝင်းသက်မော်မှ ဖုန်းဖြင့် အတည်ပြုပြောကြား

-Thorn Nay Soe


"ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုပုံတွေဟာ အရင် အာဏာရှင် အစိုးရ လက်ထက်က ပြောဆိုပုံမျိုးတွေ အတိုင်း ဖြစ်နေပြီးတော့ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေကိုပါ ရိုင်းပြစွာ ပြောဆိုမှုကိုတော့ လက်သင့်မခံနိုင်ဘူး""

"ပြည်ထောင်စု ဝန်ကြီးလုပ်ပြီးတော့ လူပုံအလည်မှာ တက်ပြီးတော့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေ တိုင်းပြည်အကျိုးကိုဆောင်ရွက်နေတဲ့လူတွေ အနစ်နာခံတဲ့လူတွေ ပြည်သူလူထုတွေ အားလုံးကို ဆဲပြလိုက်တာပဲဗျ။ နောက်တစ်ခါ အစိုးရ ကိုယ်တိုင်ကလည်း သမ္မတ ဦးသိန်းစိန်တို့ ဘာတို့အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေ မှန်သမျှပြန်လွှတ်ပေးပြီးတော့ အကုန်လုံးကို တစ်ယောက်မှ မကျန်အောင် လွှတ်မယ် ဆိုပြီးတော့ ကြုံးဝါးနေတဲ့အချိန်မှာ ဒီလိုစကားမျိုးပြောတယ် ဆိုတာကတော့ ဒါအတော်ကို တော်တော်ကို ရိုင်းစိုင်းတယ် သို့မဟုတ်လည်း ကြမ်းတမ်းတယ်လို့ ပြောရမယ်လို့ ကျနော်ပြောချင်ပါတယ်"

ဦးဝင်းတင်(ဗွီအိုအေ မြန်မာပိုင်းမေးမြန်းချက်)

ဘယ်သူတွေ ဘာပြောပြော ဒကါမကြီးကို ယုံကြည်နေမှာ



Min Myo

ဘယ်သူတွေ ဘာပြောပြော ဒကါမကြီးကို ယုံကြည်နေမှာပါ။
ဘာကြောင့်လဲဆိုတော့ ဟိုတရားမဟောရ ဒီတရားမဟောရ
ဟိုမှာမဟောရ ဒီမှာမဟောရ ပိတ်ပင်နေသူတွေထက်တော့သာမှာပဲ
ဘာသာရေးနဲ့ပတ်သက်ရင် ဆရာတော်ကြီးတွေလောက် မသိပါဘူးလို့ပြောခဲ့လို့ပါပဲ။

ကာချုပ်ရဲ့ လျှို့ဝှက် စီမံကိန်း


Kamayut Media - BREAKING NEWS: (2/1/2014)


မကွေးတိုင်း ပေါက်မြို့ရှိ မြန်မာ စစ်တပ်ပိုင် လျှိုဝှက်ဓာတုလက်နက်စက်ရုံ အကြောင်း သတင်း ဆောင်းပါးရေးသားခဲ့သည့် Unity ဂျာနယ်၏ သတင်းထောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားသည့်ဥပဒေဖြင့် အကျဉ်းချ ဖမ်းဆီးလိုက်ပြီးနောက် ဂျာနယ်ပိုင်ရှင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရန်ကုန်မြို့၌ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဦးတင့်ဆန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး ၃နာရီခန့်အကြာ ဂျာနယ်တိုက်ရှိ နောက်ထပ် သတင်းသမား ၃ဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်။

Zin Thaw Naing

ရုပ်ပျက် ဆင်းပျက်တွေတော့ ဖြစ်ကုန်ပြီ ဂျာနယ်တွေ လိုက်သိမ်းတဲ့ သူတွေကသိမ်း ဂျာနယ်လစ်တွေ လိုက်ဖမ်းတဲ့ သူတွေကဖမ်း စစ်ကြောရေးစခန်း ပို့တဲ့သူပို့နဲ့ တော်တော်လေး ပွဲဆူနေကြပါလား ... ရေးတာမမှန်ဘူး ဆိုရင် လူသိရှင်ကြား ဖွင့်ချလေ ခိုးကြောင်ခိုးဝှက် လုပ်ပြီး ဖော်ထုတ်တဲ့ လူတွေကို လိုက်ဖမ်းတယ် ဆိုမှတော့ မဟုတ်တာ လုပ်ထားတယ် ဆိုတာ သေချာနေပြီပေါ့။


Ashin Issariya

Unity ဂျာနယ်သတင်းထောက်ကိုလူမော်နိုင်ကိုနိုင်ငံတော်လျှို့ဝက်ချက်ပေါက်မှုဥပဒေ
နဲ့ပခုက္ကူထောင်ကိုပို့လိုက်ပြီဆိုတော့ရုရှားပုံပြင်လေးတစ်ပုဒ်ကိုအပြေးသတိရမိတယ်။

ဆိုဗီယက်ပါလီမန်ရဲ့ရှေ့မှာအရက်သမားတစ်ယောက်ကမူးပြီးဆိုဗီယက်သမ္မတ
ကိုအော်ဟစ်နေပါတယ်။

" ခရူးယှက်စောက်ရူး "
" ခရူးယှက်စောက်ရူး "

ခဏအကြာမှာဆိုဗီယက်ရဲတွေရောက်လာပြီးဖမ်းသွားပါတယ်။အားလုံးကလည်းသာ
မာန်မူးယစ်ရမ်းကားမှုနဲ့ဖမ်းတာဘဲဆိုပြီးသတိမထားမိပါဘူး။နောက်နေ့ပရာဗယာသ
တင်းစာမှာအဆိုပါလူငယ်အားတစ်သက်တစ်ကျွန်းချလိုက်တယ်ဆိုတဲ့သတင်းပါလာ
မှအားလုံးအံ့အားသင့်သွားကြရတော့တယ်။

အများထင်ထားသလိုမူးယစ်ရမ်းကားမှုမဟုတ်ဘဲခုလိုဘဲနိုင်ငံတော်လျှို့ဝှက်ချက်
ပေါက်ကြားစေမှုနဲ့ချလိုက်တာပါ။ —


ဘွဲ့နှင်းသဘင်အဆောက်အဦးအား သင်တန်းဆင်းပွဲအတွက်အသုံးပြုမှုကိုရှုံ့ချကန့်ကွက်



ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အဦးအား ပုဂ္ဂလိကကျောင်း
တစ်ခုဖြစ်သော CSIS - MDRI မှသင်တန်းဆင်းပွဲအတွက်အသုံးပြုမှုကို
တက္ကသိုလ်ကကျောင်းသားသမဂ္ဂများ (တ.က.သ) များမှ ပြင်းထန်စွာရှုံ့ချကန့်ကွက်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)
ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ကကျောင်းသားသမဂ္ဂ (တ.က.သ)
ရန်ကုန်စိးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)
မြန်မာနိုင်ငံရေကျောင်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)

Kyaw Swar Myint

ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများ



အခုတလော ဟော့ဖြစ်နေသည့် ပြည်ထောင်စု ဝန်ကြီးတဦးမှ
ရိုင်းစိုင်းကြမ်းတမ်းသော နှုတ်ထွက်စကားများကို ၎င်းအား
ရွေးချယ်မဲပေးထားကုန်သော လူထုပရိသတ်ရှေ့မှောက်တွင်
ဒေါမာန်ပါပါ ကြိမ်းမောင်းပုံကို အရှင်လတ်လတ် တွေ့မြင်ရပြီး
သကာလ အတွေးတခုကို မျှဝေချင်မိသည်။ ဤနေရာ၌
အံ့ဩစရာတစ်ခုကလည်း ပုံစံဝင်၍ အကြောက်တရား
လွှမ်းမိုးလျှက် ရှိနေကြသေးသော ကျေးလက်နေ ရွာသား
တစ်ချို့ဖြစ်သည်။ တစ်ဖက်မှ မိမိတို့ကို ဆူပူကြိမ်းမောင်းနေ
လျှက်ကပင် "ဟုတ်ကဲ့ပါ အဘ ၊ ကျေးဇူးတင်ပါတယ် အဘ"
ဟူ၍ တစ်ဘတည်း ဘနေကြဆဲပင်။ နေမျိုးဇင် လို ပုဂ္ဂိုလ်မျိုး
များစွာလိုအပ်လျှက် ရှိနေသေးသည်။ ထိုနေရာ၌ နေမျိုးဇင် သာ
ရှိနေခဲ့ပါက ချက်ချင်း တုံ့ပြန် ပြောဆိုမိမည် ဟု အတွေးဝင်မိသည်။
၎င်းကဲ့သို့သော ဝန်ကြီး အတော်များများပင် ပြည်သူလူထုကြီးက
မိမိတို့ကို ရွေးချယ်(မဲခိုး) ထားသည်ကို မေ့လျော့သွားကြကာ
လူထုကို အထင်အမြင်သေးစွာဖြင့် အကြိမ်ကြိမ် စော်ကား
လူပါးဝလျှက် မင်းဘဏ်ဏာကို ကိုယ့်ဥစ္စာ မှတ်ယူလျှက်
စည်းစိမ်နှင့်အာဏာ ယစ်မူးလျှက် ရှိကြလေကုံသတည်း။

ဥပမာ.........

- နွားနို့သိန်းစိန်
- အပြောရွှေမန်း
- အလစ်သုတ်ခင်အောင်မြင့် (ဗိုလ်ချုပ်လက်ရေးမူ)
- ဒီပဲယင်းအောင်သောင်း
- မိကျောင်းမျက်ရည်ကျော်ဆန်း
- လမ်းတခြမ်းခင်းအောင်သိန်းလင်း
- လျှပ်စစ်ပိုလျှံဇော်မင်း
- ဖယောင်းတိုင်ကိုကိုလှိုင်
- တရုတ်ကြောက်အောင်မင်း
- အာလူးစိုးသိန်း
- ပြီတီတီခင်ရီ
- တနပ်စားမြင့်လှိုင်
- ဘူးလက်လှဆွေ
- ဆန်ရှင်သိန်းဌေး
- အရှုံးခံမြင့်ဆွေ
- မြေမပိုင်ဝင်းမြင့်
- နယ်လှည့်ပါးရိုက်အုန်းမြင့်

၎င်းတို့သည်ကား ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများ
ဖြစ်မှန်းမသိ ဖြစ်လာကြလေပြီ။ ပထမဦးစွာ ၎င်းတို့၏ အမည်
သေဆုံးသွားကြလေပြီ။ ပြီးနောက် အာဏာ သေဆုံးပေလိမ့်မည်။
ဥပမာ ဥပမေယ များစွာ ရှိခဲ့ဘူးပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်များ
က နာမည်ကျော် ထင်ပေါ်ခဲ့သော အတွင်းရေးမှူး (၁) ဆိုပါကလည်း
နာမည်သေဆုံးသွားပြီးနောက် စာနယ်ဇင်း သမားတစ်ချို့က
လောကဇာတ်ခုံပေါ်သို့ မည်သို့ပြန်လည် ဆွဲတင်စေကာမူ လူထု၏
ယုံကြည်ကိုးစားမှုနှင့် ထောက်ခံအားပေးမှု မရရှိနိုင်တော့ပါ။
၎င်းသည်ကား ရှင်လျှက်နှင့် သေဆုံးနေသော လူသေတစ်ဦးပင်
ဖြစ်တော့သည်။ သံဝေဂရဖွယ် ဆင်ခြင်ဖွယ်ရာများပါတကား။
အထက်ပါစာရင်းဝင် ဝန်ကြီး ဝန်လေး တို့သည်လည်း နောက်တစ်ခါ
ရွေးကောက်ပွဲတွင် အနိုင်ရအုံးမည်ဆိုပါက
(ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများကို မဲပေးသော လူထုမှာကား)
အတော်နုံချာသော ၊အမှတ်မရှိသော၊ မေ့ပျောက်လွယ်သော၊
ညံ့ဖျင်းသော လူထုအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်လိမ့်မည် ဟူ၍သာ
ဆိုချင်ပါတော့သည်။

(စာဆိုတဦး)