Sunday, February 2, 2014

ဒီနေ့ကာတွန်း

ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ



Eleven Media Group

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူအချို့မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (ဘီဒီပြေး) အဖြစ် သတ်မှတ်ခံရသူများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ RSO သင်တန်းအဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ယင်းအတွက် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ သွားရောက်ခိုလှုံနိုင်ဖွယ်ရှိနေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အား အကူအညီတောင်းခံထားကြောင်း ရဲမှူးချုပ် တင်ကိုကိုက သုံးသပ်ပြောကြားသည်။

“အခုအခင်းဖြစ်တဲ့ရွာက အရင်ကတည်းက တော်တော်ဆိုးတာ။ ၂၀၀၈ ခုနှစ်က ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း အရိုက်ခံရတယ်။ အခုထိလည်း တော်တော်ဆိုးနေတဲ့အတွက် ကျွန်တော် ရဲတပ်ရင်းနဲ့အတူ ဒီရွာရဲ့အနီးမှာ လာစောင့်နေရတာပါ” ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများသာ အများစုနေထိုင်သော ဒူချီရားတန်းအလယ်ရွာအတွင်း ကျန်ရစ်ခဲ့သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၎င်း၏လက်နက်တို့ကို လက်ရှိအချိန်ထိ မရှာဖွေနိုင်သေးသော်လည်း သွေးစွန်းနေသော ၎င်း၏အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ယူနီဖောင်းအပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ်တန်ဆာ အပိုင်းအပြတ်များ လည်တိုတောစီးဖိနပ်တစ်ရန် အခင်းဖြစ်ရွာအတွင်းနှင့် ယင်းရွာရှိ ဗလီအနောက်ဘက်တွင် တွေ့ရှိထားသည့်အပြင် ကျည်အိမ်အလွတ်တစ်ခုကိုမှု တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက ရဲတပ်ကြပ်ကြီးက သေဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဗလီအစောင့်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရဲတပ်ကြပ်ကြီးကို တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ သွေးတွေလည်း ထွက်နေပါတယ်တဲ့။ ကျွန်တော်တို့ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုအဖြစ် မြင်ပါတယ်။ အဖြစ်မှန်ပေါ်ပေါက်အောင် အချိန်အမြန်ဆုံးနဲ့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

(ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်)

ဒေါ်စုက "မပြီးခင် မြန်မာ မသိစေနဲ့" မူကို နှလုံးမူ

ရခိုင်မှာတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

၂ ဖေဖေါ်ဝါရီလ ၂၀၁၄။
 Rakhine News Group

မောင်တော၊ ကြိမ်ချောင်း ကားလမ်းတွင် ကုလားများ ကားဖြင့် တိုက်သတ်၍ လုံထိန်းရဲ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားသည်။

သေဆုံးသူမှာ သံတွဲဇာတိ ရခိုင်ဖြစ်ပြီး ဇနီးဖြစ်သူမှာ မောင်တော ခြံချောင်းရွာမှဖြစ်သည်။

ဒဏ်ရာရသူကို ယနေ့ စစ်တွေဆေးရုံသို့ယူဆောင်လာကြောင်းသိရသည်။

လုံထိန်းရဲနှစ်ဦးသည် ကားလာသဖြင့် လမ်းဘေးသို့ချရပ်ထားစဉ် ကား လမ်းဘေးသို့ဆင်းပြီးတိုက်သွားကြောင်းသိရသည်။

ယဉ်မောင်းကုလားမှာ ဘင်္ဂလာဒေရှ့်သို့ ထွက်ပြေးသွားပြီဖြစ်သည်။

၅၉ထောက်ခံပွဲသာသနာ့အလံများပါဦးအောင်သိန်းလင်းအသုံးပြု




ယနေ့ 7day news သတင်းစာပါ (၈၈) မျိုးဆက်အဖွဲ့ ရုံးအဖွဲ့မှုး ကိုဇော်မင်းဆိုသူရဲ့မှတ်ချက်စကားသံပါ။
ယနေ့ပြုလုပ်မဲ့ ၅၉(စ)ဆွေးနွေးပွဲကို မအောင်မြင်တဲ့အမျိုးသားရေးအလံထောင်တာပဲလို့ဆိုပါတယ်။



ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှု မပြုမီ


EMG
ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက်အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကို ခေါ်ယူစစ်ဆေးနေ အပတ်စဉ်ထုတ် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက်ကို အစိုးရလျှို့ဝှက်ချက်များဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ဇန်န၀ါရီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟုဆိုသော ခေါင်းစဉ်ဖြင့် သတင်းစတင်ဖော်ပြခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ်အတွဲ ၃၊ အမှတ် ၅ တွင် က.ပ.စ(၂၄) ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံငြင်းဆို သတင်းကို ဆက်လက်ဖော်ပြခဲ့သည်။ ပထမသတင်းဖော်ပြအပြီး တစ်ပတ်အကြာ၌ ထွက်ရှိလာသော ဂျာနယ်၌ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် တာဝန်ရှိသူများအား စုံစမ်းနေကြောင်း မျက်နှာဖုံးသတင်းခေါင်းစဉ်နှင့်အတူ စက်ရုံတာဝန်ခံ၏ ငြင်းဆိုမှုသတင်းကို ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတင်းနှစ်ပုဒ်ဖော်ပြအပြီး ဇန်န၀ါရီ ၃၁ ရက် ည ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်(ကလောင် အမည်လူမော်)အား သက်ဆိုင်ရာမှ မေးမြန်းရန်အတွက် လာရောက်ခေါ်ယူခဲ့ကာ ထိုညမှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့၏ နေအိမ်များသို့လည်း သက်ဆိုင်ရာမှ လာရောက်မေးမြန်းမှုများရှိခဲ့ကြောင်း သိရသည်။ ထို့အတူ ယူနတီဂျာနယ် ထုတ်ဝေသူဖြစ်သော ဒေါ်လတ်လတ်၏ နေအိမ်သို့လည်း “သန်းခေါင်စာရင်း ကောက်ယူသည့် ပုံသဏ္ဌာန်”ဖြင့် လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်း သိရသည်။ “မနေ့ညက ၁၁ နာရီ ၁၀ မိနစ်လောက်က ခေါ်သွားတာ။ သူတို့ပြောတာက ဒါ လာဖမ်းတာမဟုတ်ပါဘူးပေါ့လေ။ မြို့နယ်မှူးက စကားနည်းနည်း ပြောစရာရှိလို့၊ မေးစရာရှိလို့ပါ ဆိုပြီးတော့ သူတို့ပြောတယ်။ ရဲရှစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ကိုးယောက်ပေါ့။ ရောက်သွားတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမဲ့ သူတို့က ကိုလူမော်နိုင်ကို ဖမ်းချုပ်လိုက်ပြီ ဆိုပြီးတော့ သူတို့က ပြောတယ်”ဟု ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့်က ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။ “မနေ့ညကတော့ ကျွန်တော်တို့ ပေါက်က သတင်းထောက်ဖြစ်တဲ့ ကိုလူမော်နိုင်ကို သူတို့သက်ဆိုင်ရာက လာပြီးဖမ်းတယ်။ မြို့နယ်ရဲမှူးကြီးသန်းအေးဆိုတဲ့၊ သူ့ရဲ့ခိုင်းစေချက်အရ လာဖမ်းတယ်။ အဲဒီအချိန်က ကိုလူမော်နိုင်နဲ့ ဖုန်းအဆက်အသွယ်အရ သူက ကျွန်တော့်ကိုတော့ လာဖမ်းပြီ၊ လိုက်သွားရမလား မေးတယ်။ ကျွန်တော်ကလိုက်သွားပါ။ ပြဿနာမရှိဘူး။ ဖြေရှင်းလိုက်ပါလို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကိုညက စစ်ကြောရေးလုပ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိတ်ကျေနပ်မှုမရှိသေးတဲ့ သဘောအနေနဲ့ အခုနေပြည်တော်ကနေ ဒီနေ့လာစစ်မယ်လို့ ပြောတယ်ပေါ့”ဟု ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းက ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ အချိန် The Daily Eleven နှင့် သီးခြားတွေ့ဆုံချိန်၌ ပြောကြားသည်။ ဦးတင်ဆန်းသည်The Daily Eleven နှင့် တွေ့ဆုံအပြီး မိနစ်ပိုင်းအကြာ ၁၁ နာရီ ၃၉ မိနစ်အချိန်၌ ဒုရဲအုပ်တစ်ဦးခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်အချို့က ဦးတင်ဆန်းအား ၎င်းတို့အရာရှိနှင့် တွေ့ဆုံရန် ယူနတီဂျာနယ်တိုက်သို့ လာရောက်ခေါ်ဆောင်သွားသည်။ ယင်းသို့ ခေါ်ဆောင်သွားပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းအချိန်အထိ ဦးတင်ဆန်းနှင့် အဆက်အသွယ် မရရှိခဲ့ပေ။ ထိုအချိန်မှာပင် ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် ပေါက်မြို့နယ်ရဲစခန်းမှ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း မလွင်လွင်မြင့်၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။ ကိုတင်ဆန်းအား စစ်ဆေးမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးချိန် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းမှာပင် ယူနတီသတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ အား သက်ဆိုင်ရာက ယူနတီဂျာနယ်တိုက်သို့ လာရောက်ပြီး စစ်ဆေးမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း ယူနတီဂျာနယ်တိုက်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။ ကနဦး ဖမ်းဆီးခံခဲ့ရသည့် ကိုလူမော်နိုင်၊ စစ်ဆေးမေးမြန်းရန်အတွက် ထပ်မံခေါ်ဆောင်ခံရသော ဦးတင်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့သည် ပေါက်မြို့နယ် လျှို့ဝှက်စက်ရုံသတင်းနှင့် ပတ်သက်၍ သွားရောက်ရေးသားခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။ ယူနတီဂျာနယ်က ဖော်ပြခဲ့သော လျို့ဝှက်လက်နက်စက်ရုံသတင်းတွင် ၎င်းတို့ကိုယ်တိုင်တွေ့ရှိမှုများဟု ဆိုသော အချက်အလက်များနှင့်အတူ ဒေသခံများ၏ ပြောကြားချက်များ၊ ၂၀၀၉ ခုနှစ်ကပင် စတင်တည်ဆောက်နေသည်ဟု ဆိုသော စက်ရုံအတွက် လယ်မြေ ၃၃၃၈၇ဧက သိမ်းယူထားမှုများ၊ ကျေးရွာများ ဖယ်ရှားခံရမှုများနှင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေ မရရှိမှုများကို ရေးသားခဲ့သည်။ ထပ်မံဖော်ပြခဲ့သော စက်ရုံတာဝန်ခံဟုဆိုသော တပ်ကြပ်ကြီးတစ်ဦး၏ ငြင်းဆိုပြောကြားချက်များကိုလည်း ဖော်ပြခဲ့သည့်အပြင် စက်ရုံသတင်းနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများက ယူနတီဂျာနယ်မှ သတင်းထောက်များ၊ သတင်းဓာတ်ပုံနှင့် သတင်းအချက်အလက်များ မည်သည့်နည်းဖြင့် ရယူသွားသည်ကို ဒေသခံရွာသားများထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေပြီး စက်ရုံသတင်းပါပြီး ငါးရက်အကြာတွင် ဂျာနယ်တိုက်ထုတ်ဝေသူအမည်နှင့် အမှုဆောင်အရာရှိချုပ်တို့ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာကြောင်း ရေးသားခဲ့သည်။ ယူနတီဂျာနယ်သည် ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော် ပုဂ္ဂလိက ပိုင်ဆိုင်သည့်ဂျာနယ်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေသူ၏ အမည်မှာ ဦးစိုင်းလှကျော်၏ ချွေးမ ဒေါ်လတ်လတ်ဖြစ်ကြောင်း သိရသည်။ ယူနတီဂျာနယ်၏ လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး The Daily Eleven က ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ဦးစိုင်းလှကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်က အသေးစိတ် သိပ်မသိဘူးဗျ။ ဟိုဘက်က ဆုံးဖြတ်ချက် ဘာမှမသိသေးဘူး ဆိုတော့လည်း ကျွန်တော်က ဘာမှလည်း မစဉ်းစားရသေးဘူးလေ။ ဟိုဘက်က ဆုံးဖြတ်ချက်တစ်ခုခုပေးရင်တော့ ကျွန်တော်တို့က ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရမှာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် ဂျာနယ်၏ ဖော်ပြချက်များသည် အယ်ဒီတာအဖွဲ့၏ လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “ဒီသတင်းဖော်ပြဖို့အတွက် လှမ်းတိုင်ပင်တာမျိုး မရှိပါဘူးဗျ။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်သတ်မှတ်ထားတာကိုး။ ကျွန်တော်တောင်မှ ဂျာနယ်ထွက်လာမှပဲ ဖတ်ရတာပါ။ ဒါမှမဟုတ်ပါဘူး။ စလုပ်ကတည်းက ဒီလိုပါပဲ။ အယ်ဒီတာအဖွဲ့ကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာပါပဲ။ ကျွန်တော်တို့ ပါဝင်ဆုံးဖြတ်တာ မရှိပါဘူး။ သူတို့သင့်လျော်တယ်။ သူတို့မှန်ကန်တယ်။ သူတို့အထောက်အထားခိုင်လုံတယ်ဆိုရင် သူတို့ဖော်ပြတာကို ကျွန်တော်တို့ဘာမှ ပြောခွင့်မရှိဘူးလေ”ဟု ဦးစိုင်းလှကျော်က ဆက်လက်ပြောကြားသည်။ ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ၁၉၈၈-၈၉ နှစ် အချိန်များက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ထောင်နှစ်ကြိမ် ကျခံထားဖူးသူ ဖြစ်သည်။ ယူနတီဂျာနယ်အား အရေးယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံသို့ အီးမေးလ်ပို့ မေးမြန်းထားသော်လည်း ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကိုလူမော်နိုင်အား အရေးယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁ (က)/၉တွင် ၃/၁(က)သည် မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း ပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးအနားတွင် ရှိနေလျှင်သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင် . . . အစရှိသော ဖွင့်ဆိုချက်ဖြစ်ကြောင်း သိရသည်။

 (ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှု မပြုမီ မိနစ်ပိုင်းအလိုတွင် ၎င်း၏ ရုံးခန်း၌ တွေ့ဆုံနေစဉ်)
>

နေမျိုးဝေကရဲရင့်ငယ်ကိုသေခန်းဖြတ်သွားသည်



အမျိုးဘာသာ၊သာသနာ၊၉၆၉အမည်ယူထားတဲ့အဖွဲ့တွေဟာ
အရင်ကမျိုးစောင့်ဥပဒေကိုလွှတ်တော်မှာအတည်ပြုဖို့
လှုပ်ရှားတဲ့အဖွဲ့တွေလို့ပဲသိခဲ့တာ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NDF)ဒေါ်ခင်ဝိုင်းကြည်
ကတင်မယ်ဆိုတော့..အော်..လွှတ်တော်ကိုယ်စားလှယ်တင်မှ
လွှတ်တော်ထဲရောက်မှာလေဆိုပြီးနားလည်ခဲ့သေးတယ်။

ဦးတည်ချက်တခုထဲပဲယူဆထားပေမယ့်ယူဆချက်အနောက်မှာ
မသဲမကွဲအရိပ်မဲတွေတွေ့ခဲ့ရတယ်။

(NDF)ဥက္ကဌကိုယ်တိုင်ဒီလှုပ်ရှားမှုမှာပါဝင်လာတယ်။
အခုဒီအဖွဲ့ကိုဦးအောင်သိန်းလင်းဦးဆောင်လာပြီ၊
အရိပ်မဲတခုကိုယ်ထင်ပြတယ်ပေါ့။

ဥူးဝီရသူကအမေစုကိုစတိုက်ပြီးပေါ်တင်စစ်မျက်နှာပြောင်းလိုက်တယ်။
ကိုနေမျိုးဝေပါပြောရဲဆိုခွင့်လုပ်လာပြီ၊
နောက်ဘယ်ရထားတွေ၊ပွန်းတွေ၊မြင်းတွေထပ်ထွက်လာအုံးမလဲ။

(NDF)နဲ့ကြံ့ခိုင်ရေးတဖက်တည်းဖြစ်သွားပြီ၊
သေချာတာကဒီအဖွဲ့ထဲမှာသံဃာတွေပါနေတော့အန်နယ်လ်ဒီက
ပြန်လည်ရင်ဆိုင်မှာမဟုတ်ဖူး၊
ကန်တော့ပန်းစစ်ဆင်ရေးပဲသုံးမှာ.....။

မျိုးစောင့်ဥပဒေ ဒေါ်စုကိုပဲထောက်ခံခိုင်းနေ....
ဦးသိန်းစိန်နဲ့ဦးရွှေမန်းပါးစပ်ကရောထောက်ခံ
ပါတယ်လို့တရားဝင်ပြောပြီးပြီလား...

သူတို့ကတကယ်တော့အသုံးချခံရသူတွေအဆင့်ပဲရှိတယ်။
ဥပမာတခုပြောရရင်ကိုအေးလွင်ကိုကြည့်ပါ။
၂၀၀၈နဲ့၂၀၁၀ကြားမှာအသုံးချခံရတယ်။နောက်တော့လဲ
အထဲတောင်ရောက်သွားသေးတာပါပဲ၊

နောက်နှစ်သေသွားရင်တော့အခုလုပ်ချင်တာလုပ်ပေါ့။
မသေရင်တော့ရှင်ရက်နဲ့တဘ၀လုံးသေပြီသာမှတ်ပေတော့။


မနက်ဖြန်ထွက်မယ့် မြန်မာပို့စ်ဂျာနယ် မျက်နှာဖုံး

နေမျိုးဝေကတော့၃၀၀၀လောက်လာတယ်လို့ဆိုပါတယ်။

အရေးတကြီး ကူးယူတင်ပြလိုက်မိသည့်အတွက် ဦးပဉ္စင်းမှာ တာဝန်ရှိ




“ဦးဝီရသူ၏ တောင်းပန်လွှာ”
^^^^^^^^^^^^^^^^
၉၆၉ အထည်သတင်းကို ဦးပဉ္စင်းကစသိပါတယ်။ လိုင်းမမိသည့်မြို့နယ်ရောက်နေ၍ ဓာတ်ပုံ မရခဲ့ပါ။ ကျောင်းကိုပဲ ပို့ခိုင်းလိုက်ပါတယ်။
သတင်းခိုင်မာသည်ထက် ခိုင်မာအောင် မြစ်ကြီးနားသို့ ဖုန်းအဆက်အသွယ်လုပ်ခဲ့ပါတယ်။ စက်ပိတ်၊ ဧရိယာအပြင် လိုင်းမမိ၊ စသည့်အခက်အခဲများကြောင့် အချိန်မီ သတင်းမရေးနိုင်ခဲ့ပါ။
အွန်လိုင်းမှာ ပျံ့နေမှ ကူးယူတင်ခိုင်းလိုက်ရပါသည်။
တင်ခိုင်းပြီးမှ ဖုန်းအဆက်အသွယ်ရရှိခဲ့ပါသည်။ တာဝန်ရှိ ဝန်ထမ်းတွေ၊ ၉၆၉ အဖွဲ့ဝင်တွေ၊ မ.ဘ.သ အဖွဲ့ဝင်တွေ အားလုံးကို ဆက်သွယ်စုံစမ်းကြည့်ပါသည်။
မည်သည့် ပါတီ လက်ချက်မျှ မဟုတ်ကြောင်း-အတိအကျ ပြောကြပါသည်။ ကွင်းဆက်များ လိုက်နေပါသည်။
မြစ်ကြီးနား မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဦးသီလာစာရကလည်း မည်သည့်ပါတီမှ မဟုတ်ကြောင်း အတိအလင်း ပြောလာပါသည်။
ပေးပို့သော သတင်းအပေါ် အရေးတကြီး ကူးယူတင်ပြလိုက်မိသည့်အတွက် ဦးပဉ္စင်းမှာ တာဝန်ရှိပါသည်။
ထင်ယောင် ထင်မှား အဖြစ်ခံရသော ပါတီကြီးနှစ်ခုလုံး နစ်နာခဲ့ရသည့်အတွက် ဦးပဉ္စင်းက ပြန်လည် တောင်းပန်အပ်ပါသည်။
ဘာသာရေး စော်ကားမှုသာဖြစ်ပြီး၊ နိုင်ငံရေး လုပ်ကြံမှု လုံးဝမပါဝင်ကြောင်း တွေ့ရသောကြောင့် တာဝန်ခံ ဖြေရှင်းရခြင်းဖြစ်ပါသည်။
အပြုသဘောဖြင့် ဝင် “မန့်” သူများရော
အပျက်သဘောဖြင့် ဝင် “မန့်” သူများပါ
ချစ်သူချဉ်သူ အားလုံးကို ကျေးဇူးတင်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
1.2.2014 PM 10:50

ဒီနေ့ဗိုလ်စိန်မှန်ပွဲ


=======================
BY ... အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး
=======================


 ဘတ်စ်ကား ၆စီးနဲ့ ခေါ်လာတာတောင် ၂စီးပေါ်က လူတွေ ဆင်းတောင်မဆင်းဘူး
၈၈ ဒေါင်းပျက် အေးလွင်လည်း ပါသဗျ
သူ့အဘ အတင်းထိုးခိုင်းလို့ လက်မှတ်တစ်သိန်းကျော် အင်ထုထားတာ အဟုတ်မှတ်ပြီး ထဖြဲတော့ ဟက်တက်ကြီးကို ကွဲရော။ အဲ့ဒါကြီး ယုံတဲ့သူ ရှိသေးသကိုး။
အနည်းဆုံး လူတစ်ထောင်လောက် လာမယ်လို့ မှန်းပေးမိတယ် ကိုယ်တိုင် ကိုယ့်ပါး ကိုယ်ချ တယ်ကွာ ..... ဖျန်း ဖျန်း


" ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်တည်းပဲ သမ္မတ ရွေးမယ်ဆိုရင် ဦးရွှေမန်း ကိုပဲ မဲပေးမယ်၊ ဘာကြောင့်လည်းဆိုရင် တပ်မတော်ဆိုတာ အစတည်းကိုက တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေးထားခဲ့ပြီးသားဖြစ်လို့ပါ။ "
ဒေါ်ခင်ဝိုင်းကြည်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NDF)


ဒေါ်စုဆိုတာ လူတစ်စုရဲ့ ခေါင်းဆောင်သာ ဖြစ်တယ် ။ ဒါကြောင့် လူထုခေါင်းဆောင် ဆိုတဲ့
အသုံးအနှုန်း ဖယ်ရှားသင့်နေပြီ ။
နေမျိုးဝေ
ဗိုလ်စိန်မှန်ကွင်း
၂.၂.၂၀၁၄


လူထုခေါင်းဆောင်သည် လူတစ်စုကိုသာ ကိုယ်စားပြုကြောင်း နေမျိုးဝေက လူတစ်စုအား ရှင်းပြနေစဉ်
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး


နေပူတာကို ကြောက်လို့ မဟုတ်ပါဘူး ။ နိုင်ငံအတွက် ကျည်ဆံတွေ အခုအထိ ကိုယ်ထဲမှာ ရှိနေတဲ့ဟာကို ။
 အဲ ..... အသားမည်းသွားမှာတော့ စိုးတယ် ၊ အခုခေတ်က ကုလားမုန်းတဲ့ ခေတ်ကိုးးးဗျ
ဓါတ်ပုံ - Eih Thu



Angle တဲ့ ၊ ရှုထောင့်ပေါ့ ၊
ကျနော်ကတော့ နို့သီးခေါင်းပဲ မြင်တယ်
တော်သေးတာပေါ့ ရှုထောင့်ကို Corner လို့ မရေးလို့ .....


ဒါမျိုးကမှ တကယ့် ပရိသတ်အစစ် .....
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး


၅၉ မပြင်ဆင်ရေးနှင့် NDF ....
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး


နာမည်ခံထားတဲ့ ပွဲတွေထဲမှာတော့ ဒီပွဲ လူအစည်ဆုံးပဲ ၊ မာန်တက်နေပုံ
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး


ဗိုလ်စိန်မှန်ကွင်း မနီးမဝေးတွင် ရပ်တန့်ထားသည့် အသုဘပို့ ဟီးနိုးများ
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး



ဖွတ် အောင်သိန်းလင်းမှ ဗိုလ်စိန်မှန်ကွင်း သို့ တက်ရောက် ချီးမြှင့်
ဓါတ်ပုံ - ကိုအောင်လေး


 နိုင်ငံရေး လုပ်ကွက် လာရှာ
ဗိုလ်စိန်မှန်ကွင်း
ဓါတ်ပုံ - ကိုအောင်လေး


DVB TV - 02.02.2014
- ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ၅၉(စ)လုံးကို မပြင်ရေး ထောက်ခံဟောပြောပွဲတခုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာ ဖေဖေါ်ဝါရီလ (၂)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဦးထွန်းကျော် သတင်းပေးပို့ထားပါတယ်။




Braking News ::

ဦးနေမျိုးဝေ ၏ ဟောပြောပွဲသွားရာ လမ်းတလျှောက် ကြိုဆိုသူများ ကြိတ်ကြိတ်တိုးနေရာ

မော်တော်ယာဉ်များ အချိန်အတော်ကြာအောင် လမ်းပိတ်ဆို့မှုများ ဖြစ်သွားရသည် ။

ထို့ပြင် ဟောပြောပွဲကျင်းပရာ ကွင်းအတွင်း သိန်းနှင့်ချီသော လူအုပ်ကြီးမှလည်း ဦးနေမျိုးဝေ ၏ ပြောကြားချက်များကို လာရောက်နားထောင်ကြသည် ။

ထိုဟောပြောပွဲ အစီအစဉ်အား sky net ၊ mrtv 4 တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးရာ တနိုင်ငံလုံးမှ ပြည်သူများက ကြည့်ရှုအားပေးကြသည် ။

ထိုဟောပြောပွဲ ရုပ်သံကို english စာတန်းထိုး၍ you tube ပေါ်သို့ တင်လိုက်ရာ တစ်နာရီ အတွင်း ကြည့်ရှုသူ တစ်သန်း ကျော်သွားသဖြင့် မကြာမီအချိန်အတွင်း ဂင်းနစ် စံချိန် တင်နိုင်ကြောင်း သိရှိရသည် ။

ထိုပွဲ ဖြစ်မြောက်အောင် အဓိက စပွန်စာ ပေးခဲ့သော Grand Royal အနေဖြင့်လည်း ဂုဏ်ယူ ၀မ်းမြောက်ကြောင်းကို ၎င်းတို့၏ ကိုယ်ပိုင် website တွင်တင်ထားကြောင်း သိရှိရသည် ။

-- မိုးစည် သတင်းဌာန