Monday, February 3, 2014

စစ်အာဏာရှင် စနစ်ကိုကာကွယ်ပေးနေတဲ့ နောက်ဆုံးခံတပ် ကို ၀ိုင်းဝန်းဖြိုဖျက်ရအောင်




Golden Triangle

၂၀၀၈ ခြေဥ ဆိုတာ စစ်အာဏာရှင် စနစ်ကိုကာကွယ်ပေးနေတဲ့
 နောက်ဆုံးခံတပ် အဲဒီခံတပ်ကို ၀ိုင်းဝန်းဖြိုဖျက်ရအောင်
ဝိုင်းဝန်းအင်အားဖြည့်ကြပါစို့

နိုင်ငံတော်လုံခြုံရေး ပုဒ်မဖြင့် အရေးယူခြင်းကို ဦးညဏ်ဝင်းမေးခွန်းထုတ်




သတင်းထောက်များကို နိုင်ငံတော်လုံခြုံရေး ချိုးဖောက်မှု
ပုဒ်မဖြင့် အရေးယူဖမ်းဆီးခြင်း၊ ဥပဒေအညီ အရေးယူခြင်း
ဖြစ်သည်ဆိုသည့် ပြောဆို ချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း
နိင်ငံတော် လျှို့ဝှက်မှု ပုဒ်မနဲ့ အရေးယူတဲ့ စီရင်ထုံး ကလည်း တော်တော်လေးရှားတယ်
လက်ရှိအစိုးရ ဥပဒေအညီ အရေးယူသည့် ကိစ္စတချို့သည် တစုံတစ်ဦး ကျေနပ်အောင် အရေးယူကိုင်တွယ်ပုံစံနေတယ်။
သတင်းစာများသည် ဥပဒေအကြံပေးများ ခန့်ထားကာ ဥပဒေအထောက်အပံရရန် ပြင်ဆင်သင့်သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များကို
ဥပဒေများ ပြုနိင်ရန် မေးခွန်းများမေးသင့်တာပေါ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညဏ်ဝင်း

ယူနတီဂျာနယ် အယ်ဒီတာချူပ်ကိုအရပ်ဝတ်၃ဦးကညာခေါ်သွားခြင်းဖြစ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်NDFဒေါ်ခင်ဝိုင်းကြည်ပြောစကားရုပ်သံ

မန်းမြို့တော် ပေါက်စီ ဗုဒ္ဓ တက္ကသိုလ်

ဒီနေ့ကာတွန်း

ဗိုလ်ချုပ်အုန်းမြင့်ရဲ့ TRI JADE မှာ ကျောက်စိမ်းဘယက်တကုံးကို သိန်း၅၀၀ က အနည်းဆုံး



မန်းလေးမြို့ ဗိုလ်ချုပ်ရွာ . . ၆၈ လမ်း. . အုန်းမြင့်ရဲ့ အိမ်မှာTRI JADE ဆိုတဲ့နာမည်နဲ့ ကျောက်စိမ်းအရောင်းဆိုင်အသစ် ဖွင့်ပွဲ အကြီးအကျယ် ကျင်းပနေတယ်။
 ခု . . . အုန်းမြင့်ကိုယ်တိုင် အဲဒီဆိုင်ဖွင့်ပွဲမှာ ကိုယ့်ဆိုင်ကိုယ် ကိုယ်တိုင်တက်ရောက် နေတယ်။ကျောက်စိမ်းဘယက်တကုံးကို သိန်း၅၀၀ က အနည်းဆုံးဆိုပဲဗျ။
သမတတောင် ရာထူးစွန့်တဲ့အချိန် မုန့်ဟင်းငါးဆိုင်လောက်ပဲ ပါးစပ်က ပြောရဲတာ . . . အုန်းမြင့်ကတော့ လက်တွေ့ ကျောက်စိမ်းအရောင်းဆိုင် ပိုင်နေပါပြီ။
သမတကြီး လက်တွေ့မဆောင်ရွက်သေးတဲ့ အစိုးရအဖွဲ့ဝန်ကြီးများ ပိုငိဆိုင်မှုတင်ပြရမယ် ကိစ္စ ခုပဲ စပါတော။့

Naythit NT

သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တိုင်းရင်းသားမီဒီယာများ အမေးအဖြေ




ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တိုင်းရင်းသားမီဒီယာများ ဇန်နဝါရီ ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်၌တွေ့ဆုံ၍ မေးမြန်းချက်များမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မေး။ အစိုးရငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲဖို့ကြိုးစား နေတယ်။ အဲဒီစာချုပ်မူကြမ်းရေး ဆွဲဖို့လဲ လိုင်ဇာမှာဆွေးနွေးခဲ့တယ်။ နောက်ဆုံး KNU နယ်မြေ လေးဝါး အထိဆက်ဆွေးနွေးကြတယ်။ မနေ့ က ချင်းမိုင်မှာ အစိုးရနဲ့ NCCT ခေါင်းဆောင်တွေနဲ့ပေါ့။ အဓိက ပြဿနာက အစိုးရဘက်က အပစ် အခတ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေး ချင်တယ်။ တိုင်းရင်းသားတွေက လေးဝါးမှာတော့ နိုင်ငံရေးဆွေးနွေး ဖို့အာမခံချက်တွေပါမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး မယ်ဆိုပြီး စာထဲမှာ ထည့်ရေးထား တာတွေ့ရတယ်ခင်ဗျာ။ အဲဒီအပေါ် မှာ အန်တီရော၊ ဥက္ကဋ္ဌကြီးရောရဲ့ သဘောထားလေးသိပါရစေခင်ဗျာ။ နောက်တစ်ခါ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး သဘောထား မှတ်ချက်ပေးစေချင်ပါတယ်။

သူရဦးရွှေမန်း
=========
ဖြေ။ ငြိမ်းချမ်းရေးက အလို အပ်ဆုံးအရာလို့ မြန်မာနိုင်ငံနဲ့ပတ် သက်ပြီး လောလောဆယ်ပြောရ မယ်။ မိမိတို့လွှတ်တော်ထဲမှာလဲ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီး ဆောင်ရွက်နေတာတွေရှိတယ်။ ခုနကမေးတဲ့မေးခွန်းမှာက အပစ် အခတ်ရပ်စဲရေးပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။ အစိုးရကပြော တယ်။ တိုင်းရင်းသားအဖွဲ့အစည်း တွေက ငြိမ်းချမ်းရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့အတွက် အယူအဆချင်းက ပြောင်းပြန်ဖြစ် နေတယ်လို့ ပြောလို့ရတယ်။ သမိုင်းကြောင်းလဲပြန်ကြည့်ရမယ်။ လက်ရှိအခြေအနေလဲပြန်ကြည့် ရမယ်။ မြန်မာနိုင်ငံမှာကျင့်သုံး နေတဲ့ဥပဒေလဲကြည့်ရမယ်။ တခြား နိုင်ငံတွေမှာ ပြည်တွင်းစစ်ချုပ်ငြိမ်း အောင် ဘယ်လိုလုပ်နေသလဲဆို တာလဲ ပြန်ကြည့်ရမယ်။ ဒီအပေါ် မူတည်ပြီးမှ အဖြေမှန်တစ်ခုရမယ် ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
=============
ဖြေ။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဆက်တော့ ဆက်နေတာ၊ဒါကိုခွဲပြီး စဉ်းစားလို့ မရဘူးထင်တယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာ ခဏလေးနဲ့ပြိုကွဲ သွားနိုင်တယ်။ တကယ်စဉ်းစားရင် အပစ်အခတ်ရပ်စဲရေးက ကျည် တစ်တောင့်ထွက်သွားတာနဲ့ ပြိုကွဲ သွားနိုင်တယ်။ အပစ်အခတ်ရပ်စဲ ရေးကို သဘောတူညီချက်တွေနဲ့ ခိုင်ခံ့အောင်လုပ်ဖို့ လိုတာပေါ့။ အပစ်အခတ်ရပ်စဲရေးမရှိရင်လဲ ငြိမ်း ချမ်းရေးရဖို့မဖြစ်နိုင်ဘူး။ ဒီနှစ်ခု ကတော့ နှစ်ခုစလုံးရှိရမှာပဲ။ စနိုင်တဲ့ ဟာနဲ့စပြီး ဖြစ်နိုင်သမျှဖြစ်အောင် လုပ်တာကတော့ အကောင်းဆုံး ပဲလို့ထင်တယ်လေ။ အခုအချိန်မှာ ဆက်ကြိုးစားနေကြတော့ မပါတဲ့ လူတွေကပြောတယ်ဆိုတဲ့စွပ်စွဲ ချက်တွေဖြစ်လာမှာလဲ စိုးပါတယ်။
သူရဦးရွှေမန်း
ဖြေ။ အဲဒီတော့ အပစ်အခတ် မရပ်စဲဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တာဖြစ်နိုင် မဖြစ်နိုင် ပြန်စဉ်းစားဖို့ လိုတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက် လို့ မိမိတို့ကငြိမ်းချမ်းရေးဖော်ဆောင် ရေးဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်တယ်။
ဗဟိုကော်မတီက မူဝါဒတွေ ပေးတယ်။ လုပ်ငန်းကော်မတီက လုပ်ငန်းဖော်ဆောင်တယ်။လုပ်ငန်း ကော်မတီရဲ့ဥက္ကဋ္ဌကဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယ ဥက္ကဋ္ဌသုံးယောက်ကဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ သူတို့က လုပ်ငန်းကိုလက်တွေ့အကောင် အထည်ဖော်မယ့်အဖွဲ့။ စဉ်းစား ကြည့်ပါ။ အပစ်အခတ်မရပ်စဲဘဲနဲ့ ငြိမ်းချမ်းရေးလုပ်လို့ ရနိုင်မလား၊ ပြီးတဲ့အခါ ငြိမ်းချမ်းရေးလုပ်နေ ရင်းနဲ့ အပစ်အခတ်ရပ်စဲမလား စဉ်းစားကြည့်ရင်ရနိုင်ပါတယ်။

မေး။ တိုင်းရင်းသားတွေနဲ့ငြိမ်း ချမ်းရေးကိုအောင်မြင်အောင်လုပ် နေသလို လွှတ်တော်ထဲမှာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ လက်ရှိအခြေခံ ဥပဒေအခန်း(၇)မှာပါတဲ့ တပ် မတော်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကို သွားတဲ့အခါ၊ ဖက်ဒရယ်တပ်မတော်ကိုသွားတဲ့ အခါ ကိုက်ညီမှုရှိပါ့မလား။ ဘယ် လိုအချက်တွေပါဝင်သင့်ပါသလဲ။

သူရဦးရွှေမန်း
========
ဖြေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တပ်မတော်က ပါဝင်နေတယ်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အစဉ် တစိုက်ပါဝင်တယ်ဆိုတဲ့သဘောနဲ့ ဆက်စပ်ပါတယ်။ ဒါနဲ့ ဖက်ဒရယ် တပ်မတော်နဲ့မပတ်သက်ပါဘူး။ ဖက်ဒရယ်တပ်မတော်ဆိုတာ ဖက် ဒရယ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဖွဲ့စည်း ထားတဲ့တပ်မတော်ကိုပဲ ဆိုလိုပါ တယ်။ တချို့သောတိုင်းရင်းသား တွေက ဘယ်တော့များမြန်မာမှာ United State of Myanmar ဖြစ် မလဲလို့မေးတယ်။
ဘာလို့မေးလဲဆို တော့ United State of Myanmar လို့ရေးမှ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံလို့ယူဆလို့ပါလို့ ဖြေတယ်။ အဲဒီလိုဆိုရင်တော့ မဟုတ်ဘူး။ အမေရိကန်က United State of America ၊ မြန်မာနိုင်ငံက Union. Union နဲ့ United State ကို ဗိုလ်ချုပ်အောင်ဆန်းဖြေထားတာ ရှိတယ်။ စာနဲ့အရ၊ စကားနဲ့အရသုံး တာပါ။ အဓိပ္ပာယ်ကအတူတူပါပဲ။ Union of Myanmar နဲ့ United State of Myanmar ကစကားအရ မတူပေမယ့် အဓိပ္ပာယ်က အတူ တူပဲဖြစ်ပါတယ်။ အမေရိကားမှာပဲ သူတို့ဆီမှာရှိတဲ့ ဘူတာရုံကြီး Union လို့ခေါ်တယ်။ သူတို့နိုင်ငံရဲ့ တပ်မတော်ကို Union Army လို့ သုံးတယ်။

ဒေါ်အောင်ဆန်းစုကြည်
==============
ဖြေ။ အဲဒီမေးခွန်းရဲ့အဖြေက တော့ ဥက္ကဋ္ဌကြီးပြောတဲ့အဓိပ္ပာယ် နဲ့တူပါတယ်။ အသုံးအနှုန်းပါပဲ။ အသုံးအနှုန်းနဲ့ပတ်သက်လို့ အခု ကတည်းက စိတ်ဝမ်းမကွဲစေချင် ဘူး။ခုနတုန်းကပြောသလို Union လား၊ United လား၊ အန်တီအနေနဲ့ Union ဆိုတဲ့စကားလုံးကို သိပ် သဘောကျတယ်။ Union ဆိုတာ အင်မတန်လှတယ်။ အင်္ဂလိပ်ဘာ သာစကားမှာ Union of Soul လို့ ပြောလေ့ရှိတယ်။ စိတ်ချင်း၊ သဘောချင်း၊ ဝိညာဉ်ချင်းပေါင်း စပ်ထားတာ။ Union ကို United ထက် ပိုပြီးကြိုက်တယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ပြည်သူအများ က ဆုံးဖြတ်ရမှာပဲ။ ကိုယ့်နိုင်ငံကို ဘယ်လိုနာမည်နဲ့ခေါ်ဆိုချင်လဲဆို တာပါ။

The Union Daily

**နေမျိုးဝေ၏ သရုပ်မှန်အားဖော်ထုတ် ဖွင့်ချခြင်း**





အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်ကို သတိထားမိပါတယ်။နေမျိုးဝေက ကုရ်အန်ကျမ်းစာကို လွတ်တော်တင်မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်း တစ်ပုဒ်ကြောင့် နေမျိုးဝေဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုး လဲဆိုပြီး အများကအာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့တဲ့အတွက် သူ့အကြောင်း သိအောင် ဒီစာကိုရေးသား လိုက်ရခြင်းဖြစ်ပါတယ်။

နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ်ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင်အောင်လို့ပြောပြပါရစေ
ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာ ကျနော်တို့ကျောင်းသားတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်းအထင်ကြီးလေးစားခဲ့သူတစ်ဦးပါ။

ကျနော်သိရသလောက် နေမျိုးဝေရဲ့ဇာတိမြို့ဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့ပတ်လမ်း(၄)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အမည်မှာဦးလှမြင့် ဖြစ်ပါတယ်။သူရဲ့အဖေကိုအဘိဓာန် လှမြင့်လို့ ခေါ်သူတွေ လဲရှိကြပါတယ်။

ကျနော် YIT ပထမနှစ်တက်ရောက်နေစဉ်တုန်းက နေမျိုးဝေဟာ လေကြောင်း ပညာအဓိက ဘာသာရပ် မှာတက်ရောက်နေသူဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အင်းစိန်စော်ဘွားကြီးကုန်း မှာကျောင်းသားနဲ့စည်ပင်ရဲအရာရှိတို့ကြား ပြသနာဖြစ်ရာ မှအစပြု၍ ၁၉၉၆အာဏာ ရှင်ဆန့် ကျင်ရေး ကျောင်းသား လှုပ်ရှားမှုမှာခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုစိုးထွန်း၊ကိုမျိုးရန်နောင်သိန်း၊ ကိုသွင်လင်းအောင်(ခ)ပက်စီ အပါအ၀င် ကျောင်းသားခေါင်းဆောင် များနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပွဲညပိုင်း တရားဟောရာမှာလဲပါ ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကျောင်းသားလှုပ်ရှားမှု ကိုစစ်အစိုးရမှနှိပ်ကွပ်ချေမှုန်းခဲ့တဲ့အချိန်မှာ နေမျိုးဝေဟာ အတူလက်တွဲ ခဲ့တဲ့ရဲဘော် သူငယ်ချင်းတွေ နဲ့ဖမ်းဆီး ထိန်းသိမ်းခံ ရပြီးနောက်ပိုင်း ထောက်လှမ်းရေး စစ်ကြောရေး စခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့စည်းရုံးသိမ်းသွင်းခြင်းခံရသူဖြစ် သွားခဲ့ပြီး ၉၆ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်၍ မိမိနှင့်အတူလက်တွဲ ပါဝင်ခဲ့သော ရဲဘော်သူငယ် ချင်းများဖြစ်သည့် စိုးထွန်း ။ သွင်လင်းအောင်။မျိုးရန်နောင်သိန်း။ အပါအ၀င်၉၆ကျောင်းသား လှုပ်ရှားမှုမှာ မိမိကိုယ်တိုင်ပါဝင်ပါလျှက်အခြားသူများအပေါ် အပြစ်များပုံချခြင်း မမှန်မကန်ထွက်ဆိုဝန်ခံခြင်း မိမိစစ်ကြောရေးဒဏ်သက်သာစေရန် မျက်နှာလိုမျက်နှာရ ဇာတ်လမ်းများထွင်၍၀န်ခံခြင်း များပြုလုပ်ခဲ့ရာမှ ၎င်းတစ်ဦးတည်းသာ ထောက်လှမ်းရေး၏ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့တဲ့ကျောင်းသား သစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။

နေမျိုးဝေဟာ ၎င်းနဲ့လက်တွဲခဲ့တဲကျောင်းသားများအကျဉ်းထောင် များအတွင်းစစ်ကြောရေးစခန်း များအတွင်းညဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ထိုစစ်ကြောရေးစခန်းမှ တစ်ကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းခဲ့ပြီး နောက်ပိုင်းထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမျိုးသားထောက်လှမ်းရေးအမှတ်(၁၂) ၀န်းထဲကိုအ၀င်အထွက်ရှိလာခဲ့ ပြီးကျောင်းသား လှုပ်ရှားမှုမှာ ဖမ်းဆီးခံရခြင်း မရှိသေးတဲ့ကျောင်းသားခေါင်းဆောင်ပိုင်းများကို စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ သတင်းပေးတစ်ဦးအဖြစ် ထောက်လှမ်းရေးများအားကူညီခြင်း အာဏာပိုင်များနှင့် အဆင်ပြေအောင်နေထိုင်ခြင်း များပြုလုပ်၍မိမိ၏ဘ၀ရပ်တည်ရေးနှင့် ကိုယ်ကျိုးအတ္တ သာ ကြည့်တော့သည့်ကျောင်းသား သစ္စာဖောက် တစ်ဦး ဖြစ်ခဲ့ပါတယ်။

၁၉၉၆ခုနှစ်နောက်ပိုင်းမှစ၍ အာဏာပိုင်များမှ ချီးမြင့်သောငွေကြေးနှင့် အခွင့်အရေးများ ရယူကာ နိုင်ငံရေးလောကမှခပ်ကင်းကင်းနေထိုင်လာပြီးနောက်ပိုင်း မိမိတတ်ကြွမ်းသည့်လေကြောင်းပညာ အင်ဂျင်နီယာတစ်ဦးအဖြစ် မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ဆောင်နေခဲ့ရင်း ၂၀၀၆ခုနှစ်သို့ရောက်သောအခါ အတူလက်တွဲလုပ်ဆောင် ခဲ့သည့် ၉၆ကျောင်းသားများအပါအ၀င် ၁၉၈၈ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ၈၈မျိုးဆက်အဖြစ်ပြန်လည်စုစည်း မိသောအခါ ထိုအဖွဲ့အနီးသို့ချည်းကပ်ရန် ကြိုးစားခဲ့ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉၆။၁၉၉၈။ နိုဗယ်ကျောင်းသားလှုပ်ရှားမှုအပါအ၀င် ၂၀၀၇မျိုးဆက် အထိ ကျောင်းသားမျိုးဆက်များ ပါဝင်တာကြောင့် နေမျိုးဝေ၏ထောက်လှမ်းရေးနှင့် ပေါင်း၍သတင်းပေး လုပ်ခဲ့မှု အတူလက်တွဲ့သည့် ရဲဘော် သူငယ်ချင်းများ အပေါ်သစ္စာဖောက်ခဲ့မှု များကိုသိရှိသည့် ၉၆ကျောင်းသားများသည် နေမျိုးဝေ၏၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနီးသို့ ချည်းကပ်လာမှု အပေါ်ကန့်ကွက်သတိပေးမှုကြောင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အတွင်းသို့ ချည်းကပ်ရာ မအောင်မြင်ခဲ့ပေ။

ထိုနောက်ပိုင်းတွင်နေမျိုးဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်တွင်ကျင်းပပြုလုပ်သော နိုင်ငံရေးအခမ်းအနားပွဲများ သို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များတက်ရောက် လာမည်ကိုသိရှိသောနေမျိုးဝေဟာ NLD ရုံးအနီးတွင်သွားရောက် စောင့်ဆိုင်း၍ ကိုမင်းကိုနိုင်အပါအ၀င်၈၈ခေါင်းဆောင်များ အားမိမိကိုယ်ပိုင်ကားဖြင့် လိုက်ပို့ ပေးမည်ဖြစ်ကြောင်း ၀င်ရောက်ရောနှော၍ စကားရောဖောရောပြုလုပ်ခဲ့သော်လည်း၎င်း၏ လုပ်ရပ်များကို သိရှိနေသောကြောင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှလက်မခံခဲ့ပါဘူး။

ထိုသို့နည်းဖြင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ အနီးချည်းကပ်ရာမရသဖြင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် HRDP မှဦးမြင့်အေး ဦးအောင်ဇော်ဦး ဦးမောင်မောင်လေး တို့အနီးသို့ထပ်မံချည်းကပ်၍ မိမိသည်ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ အာဏာရှိစဉ် ကာလကအဆင်ပြေဖူးခဲ့သူတစ်ဦးဖြစ်ကြောင်း ထို့ကြောင့် အရေးကြီး သည့်လျှို့ဝှက်စာရွက် စာတမ်းများ မိမိထံတွင်ရှိနေကြောင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့မှအကြီးအကဲများ ထောင်ထဲမရောက်ခင်က မိမိအားအပ်နှံသွားပါကြောင်း ထိုသူများနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပေးမည်ဖြစ်ကြောင်း ပြောဆို၍ချည်းကပ် ခဲ့သော်လည်း HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်မှ တာဝန်ရှိသူများသည်၎င်း၏ နောက်ခံ အားကြားသိထားပြီး ဖြစ်သောကြောင့် လက်မခံခဲ့ပေ။

ထိုသို့  ၈၈ မျိုးဆက် HRDP နှင့်အဆင်မပြေသောကြောင့် NLD ပါတီအားမြို့ နယ်အဆင့်မှစ၍ ချဉ်းကပ်ပြန်ရာနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် စမ်းချောင်းမြို့နယ် NLD လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များအား မိမိအားအထင်ကြီးလေးစား လာစေရန် နိုင်ငံရေးစကားများပြောခြင်း စာရွက်စာတမ်းများရိုက်နှိပ်ပေးခြင်း ဖြန့်ဝေရန်စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများနှင့် NLD ပါတီအားထပ်မံချဉ်းကပ်ပြန်လေသည်။

သို့သော်၎င်း ၏သတင်းပေးလုပ်ခဲ့ဖူးခြင်း ကျောင်းသား သစ္စာဖောက်ဖြစ်ခဲ့ဖူးခြင်းများ စသည့်အကြောင်းများကို NLD ပါတီဝင်လူငယ်များမှ သိရှိသွားသောအခါ နေမျိုးဝေနှင့် အဆက်အဆံမပြုလုပ်ကြတော့ပေ။ ၂၀၀၇တွင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့်အတူ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ သော်လည်း နေမျိုးဝေသည် မည်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းမရှိခဲ့ပေ။ အန္တရယ်ရှိသည့် နိုင်ငံရေးစွန့်စားမှု တစ်ရပ်သာဖြစ်ကြောင်း ထောင်ကျခံနိုင်ငံရေးဖြစ်သည့်အတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတစ်ယောက်လဲမဟုတ်ခဲ့ပေ။
ထို၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၏ နိုင်ငံရေးတွန်းအားဖြင့် ပေါ်ပေါက်လာခဲ့သော ၂၀၁၀ရွေးကောက်ပွဲ အခင်းအကျင်းတွင်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အမည်ဖြင့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်၍ မိမိ၏နိုင်ငံရေးပုံရိပ်ကို မိမိဘာသာပုံဖော် လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပြီးထိုစဉ်အချိန်က NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ မ၀င်ခြင်းမှတ်ပုံမတင်ခြင်းအပေါ် ပြင်းထန်စွာဝေဖန် ပုတ်ခတ်ရှုံချခဲ့သူတစ်ဦးဖြစ်သည်။
၂၀၁၀ရွေးကောက်ပွဲအား နေမျိုးဝေ၏ P&D ပါတီခေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိခဲ့သဖြင့် တစ်နေရာမှအနိုင်ရခဲ့ခြင်းလဲမရှိပေ။ နေမျိုးဝေ၏ အမဖြစ်သူမစန္ဒာဝင်း မှာလဲ ဘိုကလေးမြို့တွင် အကိုဖြစ်သူနှင် အဆင်ပြေရင်းနှီးသော ထောက်လှမ်းရေးများ အာဏာပိုင်များနှင့် နားလည်မှုရယူ၍ နှစ်လုံးထီ ချဲဒိုင်အဖြစ် ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြိး ငွေကျပ်သိန်းပေါင်း ၄၀၀/၅၀၀ ခန့်အထိ နှစ်လုံးထီ လုပ်ငန်းတွင် အလျော်မပေးနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ရေး အရှုပ်တော် ပုံများလူမှုရေးဖောက်ပြန်မှုများ ရှိခဲ့ဖူးသူဖြစ်သော်လည်း အကိုဖြစ်သူ၏တိုက်တွန်းမှုဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

နေမျိုးဝေသည် ၂၀၁၂ခုနှစ် အတွင်း ၎င်းပါတီရုံးစိုက်ရာ မင်္ဂလာဒုံမြို့နယ် အနီးတွင် ဇေကမ္ဘာဦးခင်ရွှေမှ စက်မှုဇုန်စီမံကိန်း မြေနေရာအတွက် လယ်ယာမြေများသိမ်းယူရာမှ လယ်သမားအရေးအား ပါတီ၏ ပထမဦးဆုံး နိုင်ငံရေးတိုက်ပွဲအဖြစ် လယ်သမားများဖက်မှ ၀င်ရောက် ရပ်တည်ပေးခဲ့ရာမှ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ထိပ်တိုက် အခြေအနေထိ ရောက်ခဲ့ ဖူးသူ ဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွေ၏တရားစွဲဆိုမှုကိုရင်ဆိုင်ကာ ဂျာနယ်အင်တာဗျူးများလုပ်၍ အများပြည်သူစိတ်ဝင်စားခံရမှု ရရှိရန်လုပ်ဆောင် ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ဇေကမ္ဘာဦးခင်ရွှေနှင့် အမှုဖြစ်ရာမှတရားရုံးတွင်တရားရင်ဆိုင်ရင်း ဇေကမ္ဘာ ဦးခင်ရွှေ နှင့် တစ်စတစ်စရင်းနှီးလာရာ ဇေကမ္ဘာ ဦးခင်ရွှေ၏နေအိမ်သို့ပင် ၀င်ထွက်သွား လာရာ မှအစပြု၍ ငွေကြေး မက်လုံးများဖြင့် ဆွဲဆောင်သိမ်းသွင်းခံ ခဲ့ရသူဖြစ်ခဲ့လေသည်။ စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ လက်ဝေခံ ဘာသာရေးအခြေခံသည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောဗုဒ္ဒဘာသာသာသနာ့ နုဂ္ဂဟအသင်း၏ ၉၆၉လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်နေမျိုးဝေအား ဦးခင်ရွှေ မှစည်းရုံး နိုင် ခဲ့လေသည်။

ထို့နောက်မူဆလင်ဆန့်ကျင်ရေးလူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် ဖန်တီးခြင်းများ ကိုပင်လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် နေမျိုးဝေသည်
၁။ နိုင်ငံရေးလောကတွင်ထင်ပေါ်ကျော်ကြားလိုသူ။
၂။ အများပြည်သူမှ၎င်း၏အမည်ကို စိတ်ဝင်စားစေရန် လုပ်ဆောင်နေသူ။
၃။ မိမိထင်ပေါ်ကျော်ကြားမှုရှိရန် အများအာရုံစိုက်စေရန် နိုင်ငံရေးလှည့်ကွက်များ ထွင်တတ်သူ။
၎။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ စည်းရုံး သိမ်းသွင်းခြင်းခံရပြီး သတင်းပေးအဖြစ် ရပ်တည်ခဲ့သည့်ကျောင်းသားသစ္စာဖောက်ဖြစ်သူ။
၅။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်NlD ပါတီအားဝေဖန်ရှုံချ၍ P&D ပါတီ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (မ.င.ပ) အားထူထောင်ခဲ့သူ။
၆။ မိမိအကျိုးကိုသာကြည့်၍ ၁၉၉၆ကျောင်သားလှုပ်ရှားမှုတွင် အတူလက်တွဲခဲ့သောရဲဘော် သူငယ်ချင်းများအကြောင်းကို ဖွင့်ချဖော်ထုတ်၍ ထောက်လှမ်းရေးသတင်းပေးအဖြစ် သစ္စာဖောက် ခဲ့သူဖြစ်ပေသည်။

၁၉၉၆ ကျောင်းသားရဲဘော်တစ်ဦ:

ဒေါ်အောင်ဆန်းစုကြည် ဘာတွေ များအနစ်နာခံခဲ့ သလဲ


စာေ၇းဆ၇ာညီမင်းညို

Credit : Min Min


မြန်မာနိုင်ငံအလယ်ပိုင်း၊ ကျေးရွာတစ်ရွာမှာ ၀န်ကြီးတစ်ဦး သေဆုံး



ရှင်သူနှင့်သေသူများ
--------------
ရေးသားသူ- ရဲမိုး
7Day News Journal

နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိပါသည်။ တစ်မျိုးကတော့ သမိုင်း၏ဆယ်စုနှစ်၊ ရာစုနှစ်များစွာကို ဖြတ်သန်းပြီး ဘယ်တော့မှမသေဆုံးသူ Immortal များဖြစ်ပြီး နောက်တစ်မျိုးကတော့ မရဏကိုမလွန်ဆန်နိုင်သည့် လူသားများအဖြစ် သေခြင်းတရား၏ ခေါ်ဆောင်ရာကို လိုက်ပါသွားကြသူများဖြစ်သည်။

ဘယ်တော့မှမသေဆုံးသည့် ထာဝရရှင်သန်မှု (Immortality)ကို ရရှိသွားသူများကတော့ သူတို့၏သတ္တိ၊ ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် သဘောထားကြီးမှုကို ရင်းနှီးပြီး သမိုင်း၏ရှင်သန်မှုကို ပိုင်ဆိုင်သွားခဲ့ကြသည်။

မရဏကိုမလွန်ဆန်နိုင်သူများကတော့ အချိန်တန်သည့်အခါ သင်္ခါရတရားအရ လူ့လောကကိုနှုတ်ဆက်စွန့်ခွာသွားကြသည်။ တဖြည်းဖြည်းနှင့် သမိုင်းစာမျက်နှာများအကြားမှာ သူတို့နာမည်များ မှေးမှိန်ပျောက်ကွယ်သွားကြရသည်။ ပြောရလျှင်တော့ ကမ္ဘာ့သမိုင်း၏ နိုင်ငံရေးသမားအများစုက ဒီအစုမှာ ပါပါလိမ့်မည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ နယ်လ်ဆင်မန်ဒဲလား မသေဆုံးခဲ့ပါ။

“သတ္တိရှိတဲ့လူဟာ ငြိမ်းချမ်းရေးရဖို့အတွက် ခွင့်လွှတ်ပေးရမှာကို ဘယ်တော့မှမကြောက်ဘူး”ဟုဆိုသည့် နယ်လ်ဆင်မန်ဒဲလားက မသေဆေး(Immortality)ကို ရရှိသွားခဲ့သူဖြစ်သည်။ သူ၏ယဉ်ကျေးသည့်ဘာသာစကား၊ သဘောထားကြီးသည့် စိတ်ဓာတ်နှင့် ပြည်သူအများအတွက် အနစ်နာခံမှုက လူသားရာဇ၀င်၏ ကျောက်သားမှာ ထွင်းထုခံထားရပြီဖြစ်သည်။ ၂၇ နှစ်တိတိ အကျဉ်းထောင်ထဲမှာနေခဲ့ရသူ၏ ယဉ်ကျေးဖော်ရွေသည့်အပြုံးက ကမ္ဘာမြေသားကို ထုတ်ချင်းပေါက်သွားစေခဲ့သည်။ မန်ဒဲလား မသေဆုံးပါ။ သူ့အသက် (၉၈)နှစ်ရှိပါပြီ။

၁၈၀၉ ခုနှစ်၊ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ အေဘရာဟင်လင်ကွန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် သူ မသေဆုံးခဲ့ပါ။ သူ အခုထိ အသက်ရှင်ရပ်တည်နေဆဲ။ အမေရိကန်ပြည်ထောင်စုမှာ သူရှိနေဆဲပါ။

“ကျွန်တော် ရန်သူတွေကို ချေမှုန်းတဲ့နည်းလမ်းကတော့ သူတို့ကိုမိတ်ဆွေပြုလိုက်တာပါပဲ”ဟု သူဆိုခဲ့သည်။ လင်ကွန်း၏ စိတ်ရှည်မှု၊ သည်းခံမှုနှင့် သဘောထားကြီးမှုက သူ၏ခေတ်ပြိုင်နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များကို တုန်လှုပ်စေခဲ့သည်။ လင်ကွန်းမသေပါ။ သူ့အသက် (၂၁၅)နှစ်ရှိပါပြီ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့အတွင်းဝန်ရုံးမှာ ဦးအောင်ဆန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် ဦးအောင်ဆန်း မသေဆုံးခဲ့ပါ။ ကျွန်တော်တို့နှင့်အတူ ဦးအောင်ဆန်း ရှိနေပါသည်။ နေ့တိုင်း ကျွန်တော်တို့ကို သူလမ်းပြနေသည်။ ကျွန်တော်တို့ သူနှင့် နေ့တိုင်းစကားပြောနေရသည်။

“တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုကြည့်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဟု ပြောခဲ့သည့် ဦးအောင်ဆန်းက သူ၏အနစ်နာခံမှု၊ ငွေကြေးစီးပွားမတပ်မက်မှု၊ တစ်ဘ၀လုံးကို ပြည်သူ့အကျိုးအတွက် မြှုပ်နှံထားမှုနှင့် အာရှတိုက်၏ ထင်ရှားသောခေါင်းဆောင်တစ်ယောက်အဖြစ် (Immortality)ကို ရရှိသွားခဲ့သည်။ သူ့အသက် (၉၉)နှစ်ရှိပါပြီ။

မန်ဒဲလား၊ လင်ကွန်းနှင့် ဦးအောင်ဆန်းတို့လိုမဟုတ်သူ နိုင်ငံရေးသမားများကတော့ လူ့သက်တမ်းကုန်ဆုံးသည့်အခါ မရဏတရားနောက်ကို လိုက်ပါသွားကြသူ အများစုကြီးဖြစ်ပါသည်။ သူတို့ကိုတော့ သက်တမ်းကုန်ဆုံးလျှင် သေဆုံးသွားကြသူများ Mortals ဟု ခေါ်ရမည်။

သေဆုံးသူ Mortals များအကြားမှာ ထူးခြားသည့် နောက်အစုအဖွဲ့တစ်ခုရှိသည်။ သူတို့ကတော့ လူ့သက်တမ်းမကုန်ဆုံးမီမှာပင် နာမည်သေဆုံးသွားကြရသူများဖြစ်သည်။ ပြည်သူအများစုက သူတို့၏အမည်များကို သမိုင်းစာမျက်နှာများပေါ်မှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းခံလိုက်ရသူများဖြစ်သည်။ “ကြိုတင်သေဆုံးသွားကြသူများ”ဟု ခေါ်ကြရမည်လား။

အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများခင်ဗျာ - ထာဝရရှင်သန်မှု Immortality ကို ၀ယ်ယူ၍ရပါသည်။ သင်တို့၏ပြည်သူလူထုအပေါ် ယဉ်ကျေးမှု၊ အနစ်နာခံမှုနှင့် သဘောထားကြီးမှုများဖြင့် ၀ယ်ယူနိုင်ပါသည်။ City Mart ကို မသွားပါနှင့်၊ သူတို့ရောင်းချနိုင်သည့် ကုန်ပစ္စည်းမဟုတ်ပါ။ ပြည်သူလူထုဆီကသာ ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ အချိန်မီမ၀ယ်ယူလျှင်တော့ “ကြိုတင်သေဆုံးသူများ” စာရင်းတွင် ပါသွားနိုင်ကြောင်း သတိပေးချင်ပါသည်။

ပြီးခဲ့သည့်ရက်များအတွင်းကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ ကျေးရွာတစ်ရွာမှာ ၀န်ကြီးတစ်ဦး သေဆုံးခဲ့ပါသည်။ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းပါသည်။ ကောင်းရာသုဂတိလားပါစေ။ ငြိမ်းချမ်းစွာအိပ်စက်ပါတော့။ ။

ပုဒ်မ-၅၉ ( စ ) နဲ. အမျိုးဘာသာ စောင့်ရှောက်ရေး




February 3, 2014 at 3:30am
By Zay Yar Kyaw

ကျွန်တော်တို. ဖြတ်သန်းခဲ့ကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်…..စစ်အာဏာရှင်အစိုးရဟာ ဒေါ်အောင်းဆန်းစုကြည် နိုင်ငံခေါင်းဆောင်ဖြစ်မှာ…ဒေါ်အောင်ဆန်းစုကြည် ရဲ.နောက်မှာ ပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ်ရပ်နေမှာ ကို အမြဲတန်း ပူပန်ပြီး အဲဒီလို မဖြစ်အောင် အမျိုးမျိုး အဖုံဖုံ တားဆီးခဲ့တယ်…

ဒီနေရာ မှာ သမိုင်းနောက်ကြောင်း နဲနဲ ပြန်လှန်ပါရစေ…

ပထမဆုံး ၁၉၈၈ ခုနှစ်..ရွှေတိဂုံ အလယ်ပစ္စယံမှာ ဒေါ်အောင်ဆန်းစုကြည် က လူထု ကို စကားပြောမယ်လို. ကြေငြာလိုက်တဲ့ အချိန်…လူထု ရဲ. စိတ်ဝင်စားမှု အာရုံ ဒေါ်အောင်ဆန်းစုကြည် ဆီ ကို မရောက်အောင် လမ်းလွှဲဖို. အဲဒီ အချိန်က အာဏာရှင် ဦးနေ၀င်းဟာ သူကို ဝေဖန်ဆန်.ကျင်လို. သူကိုယ်တိုင် အင်းစိန်ထောင်ထဲ ထည့်ထားတဲ့ သူရဲ.တပည့်ဟောင်း ဦးအောင်ကြီး နဲ. ညှိနှိုင်း ပြီး ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံမှာ လူထု ကို စကားပြောမယ့်ရက်မတိုင်မှီ တစ်ရက်အလိုမှာ ဦးအောင်ကြီးကို အင်းစိန်ထောင်က လွှတ်ပေးခဲ့ပါတယ်…ဦးအောင်ကြီးက လဲ ထောင်ကလွတ်လွတ်ချင်း မြေနီကုန်းပဒုမ္မာ ကွင်းမှာ လူထုကို စကားပြောခဲ့ပါတယ်..

ဒါဟာ ဦးနေ၀င်းရဲ. ရွှေ.ကွက်ပါ….

လူထု က ဒေါ်အောင်းဆန်းစုကြည် ရဲ.နောက်ကို လိုက်သွားတာထက်စာရင် ဦးအောင်ကြီးနောက်ကို လိုက်သွားတာဟာ  ( ဦးအောင်ကြီးဟာ သူ.ရဲ.တပည့်ဖြစ်နေလေတော့ )

 သူ.အတွက် ပိုပြီး ခံသာမှာ မဟုတ်လား……အဲဒီ အချိန်တုန်းက ဦးအောင်ကြီး ကလဲ ဦးနေ၀င်း သို.ပေးစာ များ နဲ. နာမည်ကြီးနေတဲ့ အချိန်ဆိုတော့ ဦးနေ၀င်း ရဲ. တွက်ကိန်းက လဲ မဆိုးဘူးလို. ပြောလို.ရပါတယ်……

ဒါပေမယ့် ဦးနေ၀င်း ကံဆိုး သွားတာက ဦးအောင်ကြီး ရဲ. စကားပြောအမှားပါပဲ…. အစပိုင်းမှာ လူထုက ဦးအောင်ကြီး ကို တခဲနက်ထောက်ခံနေပေမယ့် ဦးအောင်ကြီးက “ တပ်မတော် ကို စိတ်နဲ.တောင် မပြစ်မှား နဲ.” …..လို. လဲ ပြောလိုက်ရော လူထု က ဦးအောင်ကြီးအပေါ် စိတ်ကွက်သွားပါတော့တယ်….စစ်တပ်ရဲ.ပစ်ခတ်မှုကြောင့် ကျောင်းသားတွေ သွေးမြေကျထားရတာ ပူပူနွေးနွေးပဲရှိသေးတော့..ဦးအောင်ကြီး စကားကို နာကြတာပေါ့… ကျောင်းသားထုက အဆိုးဆုံးပါပဲ…..နောက်ပိုင်း မှာ ဦးအောင်ကြီးက အဲဒီစကားရဲ.နောက်ဆက်အနေနဲ. “တပ်မတော်ကလဲ ပြည်သူလူထု ကို စိတ်နဲ.တောင်မပြစ်မှားနဲ.”… လို. ပြောဖို. ကျန်သွားလို.ပါ ဆိုပြီး ဖြေရှင်းခဲ့ပေမယ့် လူထုက သိပ်ပြီး မကျေလည်ခဲ့ပါဘူး……

အဲဒီနောက် ၁၉၈၈- စက်တင်ဘာ၊ တပ်က အာဏာသိမ်းယူအပြီး ပါတီစုံစနစ်နဲ. သွားမယ်ဆိုပြီး ပါတီတွေ ထောင်ခွင့်ပြုလိုက်တော့  ဦးအောင်ကြီး၊ဦးတင်ဦး နဲ. ဒေါ်အောင်ဆန်းစုကြည် တို. သုံးဦး မဟာမိတ်ဖွဲ. ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ( NLD ) ကို ဖွဲ.စည်းတည်ထောင်လိုက်ပါတယ်..

ဦးအောင်ကြီးက ဥက္ကဌ ၊ ဦးတင်ဦးက ဒု-ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး တာဝန်ယူကြပြီး ဦးအောင်ကြီးအဆိုပြု တဲ. လူ ( ၁၃ )ယောက်၊ ဦးတင်ဦး ရဲ. တပ်မှူးဟောင်းများအဖွဲ.က ( ၁၃ ) ယောက် ၊ ဒေါ်အောင်ဆန်းစုကြည် အဆိုပြု တဲ့ အဖွဲ.က ( ၁၃ )ယောက်..စုစုပေါင်းဗဟိုကော်မတီဝင် ( ၃၉ ) ယောက် နဲ. စတင်ဖွဲ.စည်းခဲ့တာဖြစ်ပါတယ်….

အဲဒီတုန်းက NLD ကို အောင်စုတင် အဖွဲ.လို. ခေါ်ခဲ့ကြပါတယ်….ဦးအောင်ကြီး ခေါ်လာတဲ့ ( ၁၃ )ယောက်ထဲ မှာ ဦးကြည်မောင် တို. ဦးဘိုးလှိုင်တို. ပါလာပါတယ်..။ဒေါ်အောင်ဆန်းစုကြည် ခေါ်လာတဲ့ အဖွဲ. မှာတော့ ဦးခင်မောင်ဆွေ၊ဒေါ်မြင့်မြင့်ခင်၊ဦးကိုယု ၊ဦးဝင်းတင် တို.ပါလာပါတယ်..။

အဲဒီလို အောင်၊စု၊တင် စုစည်းပြီး သိပ်မကြာခင်မှာပဲ…ဦးနေ၀င်း ရဲ. နောက်ထပ်ရွှေ.ကွက်တစ်ခု ထပ်ပေါ်လာပါတယ်…ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ကို သူ.လူတွေ နဲ. ခွဲထုတ်တဲ့ အကြံပါ…..ဦးအောင်ကြီးက ပါတီဗဟိုကော်မတီထဲ မှာ ကွန်မြူနစ်တွေ စိမ့်ဝင်နေတယ် ဆိုပြီး စွပ်စွဲချက်ထုတ်ပါတယ်…. ဒါဟာ အပိုင်ကြံတဲ့ အကွက်ပါ… သူ စွပ်စွဲတဲ့ လူတွေ အားလုံးဟာ…ဒေါ်အောင်ဆန်းစုကြည်က ဗဟိုကော်မတီထဲ ကို ထည့်ထားတဲ့ လူ ( ၁၃ )ယောက်စလုံးပါပဲ….ဦးအောင်ကြီးက ဘယ်လိုတောင်းဆိုခဲ့သလဲ ဆိုရင်…ဒေါ်အောင်ဆန်းစုကြည် ကဗဟိုကော်မတီထဲ ထည့်ထားတဲ့ လူတွေ ဟာ ကွန်မြူနစ်တွေ ဖြစ်တဲ့ အတွက် လက်တွဲ ပြီးဆက်အလုပ်လုပ်နိုင်ဘူး..ဒါကြောင့်ပါတီက ထုတ်ပယ်ပေးရမယ်လို. တောင်းဆိုပါတယ်…လိပ်ခဲတည်းလည်းဖြစ်ပြီးတဲ့နောက်မှာ ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး မဲခွဲဖို.လုပ်ပါတယ်….အဲဒီလို မဲမခွဲခင် မှာ ဦးအောင်ကြီး တောင်းဆိုတာက မဲခွဲ ခဲ့လို. သူ.ဖက်က ထောက်ခံ တဲ့သူများရင် သူ ကွန်မြူနစ်လို စွပ်စွဲထားတဲ့သူတွေ အကုန်ပါတီက ထွက်ပေး….ဒေါ်အောင်ဆန်းစုကြည် ဖက်ကို ထောက်ခံတဲ့သူများရင် သူကိုယ်တိုင်ပါတီက ထွက်ပေးမယ်..ဆိုတာပါပဲ….ဦးအောင်ကြီး ရဲ.တွက်ကိန်းကတော့ ဒီကိစ္စမှာ ကြားညပ်နေတဲ့ ဦးတင်ဦး အဖွဲ.ကလူတွေဟာ တပ်မှူးဟောင်းတွေ ဖြစ်တဲ့ အတွက် ဗကပ နဲ. တိုက်ခဲ့ဖူးတဲ့သူတွေ..ဒီတော့ အဲဒီလူတွေဟာ ကွန်မြူနစ်တွေ ကို ဘယ်နည်းနဲ.မှ ထောက်ခံမှာမဟုတ်ဘူး ဆိုတဲ့ တွက်ကိန်းပါပဲ….

တိုတိုပြောရရင် တကယ်မဲခွဲတဲ့ အခါမှာ ဦးအောင်ကြီးရဲ. တွက်ကိန်းမှားသွားပြီး ဦးတင်ဦး တို.တစ်ဖွဲ.လုံးက ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံခဲ့ကြတဲ့အပြင် ဦးအောင်ကြီးအဖွဲ.ထဲက ဦးကြည်မောင် ပါ ဒေါ်အောင်ဆန်းစုကြည် ဖက်ကို ထောက်ခံခဲ့ပါတယ်….အဲဒီနောက် ဦးအောင်ကြီး ဟာ ပါသီအသစ်တစ်ခုထောင်ပြီး (၁၉၉၀ ) ရွေးကောက်ပွဲ ၀င်ခဲ့ပေမယ့် မရှူမလှ ရှုံးပြီး နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်ကွယ်သွားရပါတော့တယ်… ဒါတွေဟာ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ကို လူထုနဲ. ကင်းကွာစေဖို. ဦးအောင်ကြီး ကို အပေးအယူလုပ်ပြီး နောက်ကွယ်က အကွက်ရွှေ.ခဲ့တဲ့ ဦးနေ၀င်းရဲ. လုပ်ရပ်တွေပါပဲ…….

အဲဒီ ကိစ္စမအောင်မြင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင်အောင် လုပ်ခဲ့ပြန်ပါတယ်…….. ဒါဟာလဲ ဒေါ်အောင်ဆန်းစုကြည် မပါရင် NLD ကထင်သလောက်မဲမရ…ကျန်ပါတီတွေ နဲ. မဲကွဲ…. ကြားထဲက တ.စ.ည နိုင်..ဒါမှမဟုတ် ညွန်.ပေါင်းဖြစ်….လို. တွက်ထားခဲ့ပုံပါပဲ…. ဒါကြောင့်လဲ..ဦးစောမောင် က ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ အစိုးရ ကို အာဏာလွှဲ လို. စစ်တန်းလျား ပြန်မယ် ၊ ကိုယ့်ဖာသာ အခြေခံဥပဒေ ဆွဲကြလို. ပြောခဲ့တာပေါ့……ဒါပေမယ့် တကယ်ရွေးကောက်ပွဲ လုပ်တော့ ထင်သလို မဖြစ်ပဲ NLD က သပိတ်ဝင်အိပ်ဝင်လဲ နိုင်လိုက်ရော ဘာလုပ်လို.ဘာကိုင်ရမှန်းမသိ….အာဏာလွှဲ ပြီး စစ်တန်းလျား ပြန်မယ် ပြောခဲ့တဲ့ ဦးစောမောင်ကြီး ကို ဖိအားတွေပေးပြီး အနားယူခိုင်း …ဦးသန်းရွှေကြီးတက်လာ….ဦးစောမောင်ကြီး ပြောခဲ့တာ ငါတို. နဲ.မဆိုင်ဘူး ဆိုတဲ့ အပေါက်နဲ. မျက်နှာပြောင်တိုက်ပြီး အာဏာမလွှဲပဲနေ… ပြီးတော့မှ  ( ၁၉၉၀ ) ရွေးကောက်ပွဲ ဟာ အမျိုးသား ညီလာခံ အတွက် လုပ်တာလို. ဗြောင်လိမ်…. (  ရွေးကောက်ပွဲမလုပ်ခင်ကတော့ အမျိုးသားညီလာခံ ဆိုတာ တစ်ခွန်းမှမဟခဲ့ )…အဲဒီ အမျိုးသား ညီလာခံ ကြီးကို ( ၁၄ )နှစ်တိတိကြာအောင်ကျင်းပ ပြီး အခု ၂၀၀၈-အခြေခံဥပဒေ ဆိုတာကြီး ကိုရေးဆွဲ…ဆိုတာတွေ လုပ်ခဲ့ကြတာပေါ့….အဲဒီ ၂၀၀၈-အခြေခံဥပဒေ မှာလဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေဖို. ၅၉ ( စ ) ဆိုတဲ့ ပုဒ်မ ကို အသေအချာ ရေးဆွဲခဲ့တာပါ….ဒါကိုလဲ ၂၀၀၈-အခြေခံဥပဒေ ထွက်လာကတည်းက အားလုံးက သဘောပေါက်ပြီးသားပါ…..

အခုလဲပဲ….စစ်အာဏာရှင်အစိုးရကနေ အသွင်ပြောင်းဆက်ခံထားတဲ့ ကြံ.ခိုင်ရေးပါတီက လူတချို.ဟာ

ပုဒ်မ-၅၉ ( စ ) ကိုပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာကိုမလိုလားပါဘူး…ဒါထက်ပိုပြီးပြောရရင်..၂၀၁၅-ရွေးကောက်ပွဲမှာ NLD အနိုင်ရသွားမှာ ကို မလိုလားပါဘူး…ဒါကြောင့် အမျိုးဘာသာစောင့်ရှောက်ရေး ဆိုတဲ့ အကွက်ကိုရွှေ.ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ. လူထု ကို သပ်လျှိုဖို. ကြိုးစား နေတာပါ…

အခု..အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးဆိုပြီး ၅၉ ( စ ) မပြင်ဖို. ပြောနေသူတွေဟာ ဘယ်သူတွေလဲ ဆိုတာဆန်းစစ်ကြည့်လိုက်ပါ….. ဘာသာရေးအဓိကရုန်းတွေ မဖြစ်ခင်ကတည်းက NLD ကို အစဉ်တစိုက် ဆန်.ကျင်ဝေဖန်တိုက်ခိုက် ခဲ့ကြတဲ့ အင်အားစုတွေပါပဲ…

အဲဒီအင်အားစုတွေဟာ……အခုတော့ အမျိုးဘာသာစောင့်ရှောက်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတူရပ်နေကြတယ်……

အဲဒီတော့….သူတို.တွေ ရဲ. တကယ့်ရည်ရွယ်ချက်အစစ်အမှန်က အမျိုးဘာသာစောင့်ရှောက်ရေး ဟုတ်ရဲ.လားဆိုတာ သံသယ၀င်စရာမကောင်းဘူးလား….


NDF ပါတီရှိသေးရဲ့လား


ဒေါ်ခင်ဝိုင်းကြည်ဟာ NDF ပါတီက ရွေးချယ်ခံ လွှတ်တော်အမတ် တစ်ယောက် ဖြစ်တယ်။ ပါတီ တစ်ခုက အမတ်တစ်ယောက်က အခြားပါတီက လူတစ်ယောက်ကို သမ္မတရွေးဖို့ လူပုံလယ် ဖွင့်ပြော တယ်ဆိုတာ ပါတီရော အမတ်ပါ အတော် ဖျင်းတာပဲ။

၁) ပါတီ မူဝါဒညံ့တာ ဖြစ်နိုင်တယ်။ ဒါမျိုးက ပါတီက အရေးယူနိုင်တဲ့ ကိစ္စမျိုးပဲ။ ဒါမှ မဟုတ် ပါတီ မူဝါဒ ကိုက အခြားပါတီက သမ္မတလောင်းကို ထောက်ခံရမယ်ဆိုတဲ့ မူရှိတာလား။ ဒါမှမဟုတ် ဘာမူမှ မရှိဘူးလား။ ပါတီရော ရှိသေးရဲ့လား။

၂) လူညံ့တာ ဖြစ်နိုင်တယ်။ အမတ်တစ်ယောက်က ဒီစကားမျိုး မပြောသင့်ဘူုးဆိုတာ သူ မသိဘူး။ မြန်မာပြည် အစိုးရ ဖွဲ့စည်းပုံအရ သမ္မတရွေးတာဟာ အနိုင်ရပါတီက ဦးဆောင်ရွေးတာပဲ။ ပါတီတစ်ခုက အမတ်က အခြားပါတီကို ထောက်ခံတယ်ဆိုတာ နောက်ရွေးကောက်ပွဲမှာ ကိုယ့်ပါတီ အရှုံးတွက်ထားပြီးသား ဖြစ်လို့ ဖြစ်မယ်။

(( Thein Myint Win ))


" ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်တည်းပဲ သမ္မတ ရွေးမယ်ဆိုရင် ဦးရွှေမန်း ကိုပဲ မဲပေးမယ်၊ ဘာကြောင့်လည်းဆိုရင် တပ်မတော်ဆိုတာ အစတည်းကိုက တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေးထားခဲ့ပြီးသားဖြစ်လို့ပါ။ "
ဒေါ်ခင်ဝိုင်းကြည်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NDF)

၅၉/စ မပြင်တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်



ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အစီရင်ခံစာပါ လူ တစ်သိန်းကျော်က မပြင်ဆင်ရေးလက်မှတ်ထိုးထားတာနှင့် ပတ်သက်၍ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားမေးမြန်းရာ

အဲ့တာက ဘာမှအားပြိုင်မှု မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါလူတိုင်းသိတာဘဲဟာ အန်တီ့လူတွေက ဆန္ဒထုတ်ဖေါ်ပြောတယ်ဆိုတာ လူမြင်ကွင်းမှာ ရှင်းရှင်းလင်းလင်း လုပ်တာ ဘယ်သူမှ ဘာမှ မေးစရာမလိုဘူး ဟို တစ်သိန်းကျော်ကလည်း အန်တီတို့လည်း ဒီလက်မှတ်တွေမသိသေးဘုး အန်တီနားလည်သလောက်ကတော့ တစ်ယောက်ချင်း အသေးစိတ်ဘာမှလည်း မပါဘူးပေါ့နော်
ဘယ်သူဘယ်သူဆိုတာ လက်မှတ်တွေဘဲဆိုတော့ ဒါ အန်တီအနေနဲ့ သိပ်ပြီးတော့ အလေးထားစရာ မဟုတ်ဘူးလို့ထင်တယ် ဒါအန်တီ့ရဲ့အမြင်ပေါ့ ၊ လက်ရှိဇယား မှာကြည့်လို့ရှိရင်လည်း ပြင်တဲ့ဘက်ကများတယ်နော် အဖွဲ့အစည်းတွေ အဖွဲ့အစည်းဘာတွေက ဒီတစ်သိန်းကထားလိုက် ရေရေရာရာမဟုတ်တဲ့ဟာ မဟုတ်ဘူး ပြင်ချင်တဲ့ဘက်များတယ်တိုတာ သိပ်ရှင်းတာဘဲ အဲ့တော့ပြည်သူလူထုရဲ့ဆန္ဒအတိုင်းလုပ်မှာလား၊ လွှတ်တော်က မလုပ်ဘူးလားဆိုတာ ကို ကြည့်ရမှာပေါ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ကိုမဲပေးခဲ့တဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ လုပ်သလား မလုပ်သလားဆိုတာ တစ်ယောက်ခြင်း သတ္တိရှိရှိ ရင်ဆိုင်ပြီးတော့ဖေါ်ထုတ်ရဲရမယ်။
အဲ့တာသားတို့မီဒီယာတွေရဲ့တာဝန်ဘဲ ဘာဖြစ်လို့မပြောနိုင်ရမှာလည်း ဒါဘာမှ ဖုန်းစရာ ဖိစရာ မဟုတ်ဘူး အန်တီတို့ အဖွဲ့ဝင်တွေ အားလုံးပြောရဲတယ်။

ဘယ်ဘက်ရပ်တည်လည်းဆိုတာ အားလုံးလည်းထုတ်ပြန်ပြီးပြီ လွှတ်တော်ထဲမှာ ပြင်ဖို့တစ်ခုထဲ အားလို့ရပါ့မလားမေးမြန်းရာ

အန်တီကတော့လွှတ်တော်ထဲမှာ ပြင်တာကိုကြိုက်တယ် လွှတ်တော်ထဲမှာပြင်တဲ့နည်းတစ်ခုထဲ ရှိတယ် လို့တော့ မပြောလိုဘူး သို့သော်ညားလည်း အေးအေးဆေးဆေးနဲ့ ပြည်သူလူထု ဘာမှ ရုန်းယင်းဆန်ခတ်မအဖြစ်ရအောင် တရားဥပဒေစိုးမိုးရေးဘက်ကလည်းရှင်သန်အောင် နောက်ပြီးတော့ အစကထဲက ဒီမိုကရေစီလမ်းလျေက်တယ်ဆိုထဲက မှန်ကန်တဲ့လမ်းကိုလျေက်နိုင်အောင်လို့ လွှတ်တော်တွင်းကလည်းပြင်မယ် လွှတ်တော်တွင်းကပြင်လို့ ရအောင်လို့လည်းကြိုးစားမှာဘဲ အန်တီ သမ္မတဖြစ်လာရင် တိုင်းတပါးသားတွေလွမ်းမိုးလာမယ်ဆိုပြီးတော့ ၅၉/စ လိုကိုမပြင်တာလို့ပြောတဲ့အပေါ်မှာ အန်တီရဲ့ ဖြေကြားချက်က အဲ့တာကတော့ NLD နိုင်မှာကြောက်လို့ပြောတာလို့ဘဲထင်တယ် အဲ့လိုထင်တာဘဲလေ ဒါအန်တီ အမြင်ပြောတာ

ဦးရွှေမန်းမှ အန်တီ သမ္မတဖြစ်ရင် ကြိုဆိုပါတယ်လို့ပြောတာနဲ့ပတ်သက်ပြိး အမေကတော့ ကြိုဆိုပါတယ် ပြုပြင်ပြောင်းလဲရေးဘက်နေ ပြောတာနောက်ပြီးတော့ ပါတီအချင်းချင်းပေါ့နော် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အန်တီတို့ အစထဲက ဒီဟာပြောပြီးသားပါ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ ဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်နိုင်ရမယ် ပြိုင်ဘက်မိုလို့ ရန်မဖြစ်ရဘူးဆိုတာအစထဲက အန်တီပြောနေတာပါ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး မပြင်ချင်ဘူးဆိုတဲ့လူတွေ သတ္တိရှိရှိပြောပါ ဘာဖြစ်လို့မပြင်ခြင်တာလည်း ဘယ်ဟာတွေကို မပြင်ခြင်တာလည်း အဲ့တာက ကာယကံရှင်တွေက ပြောရမှာ မီဒီယာမှာလည်းတာဝန်ရှိတယ် မပြောဘူးဆိုရင် မပြောရဲပါဘူးဆိုနာကိုထုတ်ဖေါ်လိုက် ဒီလူတွေဒီလူတွေကတော့ ပြောတာကိုမဖြေပါဘူးဆိုတာကိုထုတ်ဖေါ်လိုက် ဘာလို့မဖြေနိုင်ရမှာလည်း ကိုယ့်ယုံကြည်ချက်အရ ကိုယ်မှန်တယ်ထင်ရင် တိုင်းပြည်အတွက်မှန်တယ်ထင်လို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောရဲရမယ် စသည်ဖြင့်ဖြေကြားခဲ့သည်။

National League for Democracy

မြို့တော်ခန်းမရှေ့မှာပါးရိုက်ခံဖို့စောင့်နေတယ်..


Coko Dmoe

ပါးရိုက်မယ်ပြောခဲ့တယ်ဆိုတဲ့ ဝန် ကြီးဦးအုန်းမြင့်ကို ဒီမိုကရေစီအင်အားစု က လူ၂၅ ယောက်ဝန်းကျင်က မြို့တော်ခန်းမရှေ့မှာဆန္ဒထုတ်ဖော်နေကြပါတယ်