Tuesday, February 4, 2014

ထိုနံပါတ်အားတွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးကြပါ



Shrithu Aung
၆၂လမ်း ၂၄လမ်းနဲ့၂၅လမ်းကြား မှာ ၆င/၅၈၁၁ RAV4 ကားအဖြူရောင်(မြောက်မှမောင်းနှင်လာသော)တစ်စီးက(တောင်မှမောင်းနှင်လာသော) ဆိုင်ကယ်တစ်စီးအားတိုက်ပြေးသွားသဖြင့် ဆိုင်ကယ်မှာမီးလောင်ပျက်စီးသွားကာ လူမှာ ထိခိုက်ဒါဏ်ရာကြီးစွာရှိသွားပါသည်။သို့ဖြစ်ပါ၍ ထိုနံပါတ်အားတွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးကြပါရန် အသိပေးအပ်ပါသည်။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား


RFA
 ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာဟာ နိုင်ငံအတွက်အရေးကြီးလို့ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ်နဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်တို့က NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောလိုက်တာပါ။ “ကျမတို့ရဲ့မူအရပေါ့နော် တခြားပါတီတွေကို တိုက်ခိုက်တာတို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာကို ဘယ်တော့မှမလုပ်ဘူး၊ နိုင်ငံရေးအလုပ်လုပ်တယ်ဆိုတာ မူအရလုပ်ရတာ ပုဂ္ဂိုလ်ရေးတွေ၊ ပါတီစွဲတွေ အဲဒါမျိုးတွေ ဆွဲထည့်လို့ရှိရင် အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်သွားမယ်၊ အဲဒါမျိုးကိုတော့ မလုပ်ကြဖို့၊ ကိုယ့်အချင်းချင်းကတော့ ညီညီညွှတ်ညွှတ်ဖြစ်ရမယ်၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ ကျမတို့ပါတီအတွက် မဟုတ်ဘူး၊ နိုင်ငံအတွက် အရေးကြီးလို့ ဒါပြုပြင်ပြောင်းလဲတာ” လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ အရေးကြီးတဲ့ပုဒ်မတွေ မပြင်ဖို့ လူပေါင်း တစ်သိန်း ခြောက်ထောင်ကျော်က လက်မှတ်ရေးထိုး တင်ပြထားကြောင်း ပါရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ သဘောထားအတိုင်း ရပ်တည်ပြဖို့ လိုအပ်ကြောင်းကိုလည်း သတင်းထောက်တွေက ဒီနေ့ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။

နောက်တစ်ယောက်လာပြန်ပြီ ဦးအုန်းမြင့်လက်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ရုံးဆောက်လုပ်ခြင်းနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်



၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံတိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန် မြို့
ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်

သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရုံးခန်း ဖွင့်လှစ်ထားသော အမှတ်(၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်းအဆောက်အဦးမှာ ဟောင်းနွမ်းနေပြီဖြစ်၍ ပြန်လည်တည်ဆောက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်စွဲပါ စာအမှတ် ၁၅၇(စည်း)/၁၂/၂၀၁၃ဖြင့် ဆောက်လုပ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက် လျှက်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံသားများအတွက် တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီဖြစ်သောကြောင့် အဖွဲ့ချုပ်ရုံးတည်ဆောက်ရေးတွင် အလွှာပေါင်းစုံရှိနိုင်ငံသားများမှ လှူဒါန်းငွေများ ထည့်ဝင်နိုင်ရန်အတွက် အောက်ပါနည်းလမ်းများဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။

(၁) မြန်မာနိုင်ငံသားများအနေဖြင့် ဆောက်လုပ်ရေးငွေစာရင်းအမှတ် AGD - 3241220005283 ဘဏ်စာရင်းသို့ အလှူငွေ ထည့်ဝင်နိုင်ပါသည်။ အလှူငွေထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် ဖုန်းနံပါတ်များကို ဖော်ပြပေးရန် ဖြစ်ပါသည်။

(၂) ငွေသား (သို့မဟုတ်) ချက်လက်မှတ်ဖြင့်ထည့်ဝင်သော အလှူငွေကို ဆောက်လုပ်ရေး ကော်မတီဥက္ကဌ ဦးတင်ဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးစောလှိုင်(၀၉၅၁၀၂၀၅၅)၊ ဦးအောင်ထိုက် (၀၉၄၃၁၀၇၄၆၀) နှင့် ဒေါ်အေးအေးမာ (၀၉၇၃၁၂၁၉၄၆) တို့က လက်ခံဆောင်ရွက်မည် ဖြစ်ပါသည်။

(၃) အမည်မဖော်လိုသူအဖြစ် အလှူငွေထည့်ဝင်ခြင်းကို ဥပဒေအရ လက်ခံနိုင်မည်မဟုတ်ပါ။ ဥပဒေနှင့် ညီညွတ်စေရန် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီနေ့ကာတွန်း

ဆေးကျောင်းသူ သေဆုံးမှု၈၈မျိုးဆက်ကူညီမည်

ကန်တော့ခံပစ္စည်း သံသရာလည်



 အောင်နေမျိုး
=======

မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီးကတော့ နာမည်ကြီး သတင်းကြီးနေပါသည်။ ကောင်းသတင်းတော့ မဟုတ်ပေ။ မကောင်းသတင်းဖြစ်နေသည်။ ဂျူတီဇယား ဆွဲတာက အစ ကန်တော့မှ ပိုက်ဆံပေးမှ ဂျူတီပြောင်းပေး ရွှေ့ပေးလုပ်သည်။ အပြင်လူနာများနှင့်ဆို ပိုတောင် ဆိုးသေးသတဲ့။ ကိုယ်ဆရာဝန်အချင်းချင်းတောင် ဇာတ်တူသား စားနေသတဲ့လေ။ ကြည့်လည်း လုပ်ကြပါဦး။ မုံရွာပြည်သူ့ဆေးရုံကြီးမှာလည်း သူက သက်တမ်းရှည် ဘိုးဘိုးကြီး ဘာကြောင့်ဖြစ်နေရာသတုန်း။ ဒါလည်း စဉ်းစားစရာပဲ။ ကန်တော့ခံရသမျှ ပစ္စည်းများ သူက ကယ်ရီများ လုပ်ပေးနေလို့လား။ သူကိုလာကန်တော့အောင် လုပ်။ သူလာကန်တော့သမျှပစ္စည်းများကို သူကလည်း မပြောင်းမရွှေ့ရအောင် ပြန်ကန်တော့။ ဒါနဲ့ ကန်တော့ ပစ္စည်း သံသရာလည်နေတာ။

နေပြည်တော်မှာ ကိုယ့်တွေကြုံရတာလေး ရှိပါတယ်။ သူငယ်ချင်းတစ်ယောက်က ခေါ်လို့ အဖော်လိုက်ပေးသွားရတာ။ နေရာပြောင်းဖို့ ၀န်ကြီးကို သွားကန်တော့တာ။ အရက်ကောင်းစားကြီးနဲ့ ခြင်းတစ်ခြင်းပေါ့။ ဒါကို ၀န်ကြီး ပီအေ က ပစ္စည်းကို နေပြည်တော်ကျမှ ဘယ်ဆိုင်က ၀ယ်လို့ ဖုန်းနဲ့ ဆက်မှာတယ်။ အဲဒီဆိုင်မှာပဲ ကန်တော့ဖို့ ပစ္စည်း သွားဝယ်ရတယ်။ နောက်မှ သိရတာက အဲဒီပစ္စည်းတွေကို ပိုက်ဆံနဲ့ ပြန်လဲကြတာလေ။

မုံရွာမှာလည်း အဲလို့ ဆိုင်မျိုးရှိပါတယ်။ ဆိုင်နာမည်တော့ မပြောတော့ပါဘူး။ ကန်တော့ခံပစ္စည်း သံသရာလည်နေပုံလေးပါ။ သဘောကတော့ လာဒ်မစားဘူးပေါ့။ ပိုက်ဆံငွေကြေး လက်မခံဘူးပေါ့။ နိုင်ငံတာဝန် ထမ်းဆောင်ရင်း သိက္ခာသမာဓိရှိရှိနဲ့ ဂါဝရတရား ကန်တော့ခံတာပေါ့။ အများအမြင်ကို ဒါမျိုး ထင်စေချင်တာ။ နောက်မှ အဲဒီပစ္စည်းကို ဆိုင်ကို ငွေသားနဲ့ ပြန်လဲကြတာလေ။

အခုလည်း မုံရွာမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ ကန်တော့ခံပစ္စည်းများ ဘယ်လို့ပုံ ဘယ်လို့ သံသရာလည်နေတယ်ဆိုတာကိုတော့ အများသူတကာသိစေအောင် နိုင်ငံတော်တည်ဆောက်ရေးမှာ (၄)နေရာမြှောက်ကနေ တာဝန်ယူထားပါတယ်ဆိုတဲ့ မုံရွာမီဒီယာသမားများ ဖော်ထုတ်ချပြသင့်ပါတယ်။

ခက်တာက မုံရွာမီဒီယာဆိုတာကလည်း လက်တစ်ဆုပ်စာလောက်လေးပဲ ရှိတာကို။ ရှိတဲ့ လက်တစ်ဆုပ်စာလောက်လေးမှ တစ်ယောက်က စစစ(စသုံးလုံးနဲ့ ရည်းစားဖြစ်နေလို့) တစ်ယောက်က ဌာနဆိုင်ရာတွေနဲ့ ပက်သက်ဆက်ရှက်မို့ မျက်နှာပူရလို့၊ တစ်ယောက်က ခွထိုင်ထားရတာမို့၊ တစ်ယောက်က ထမင်းအိုးလေး ငဲ့နေရလို့နဲ့ ဆိုတော့........... ..........................................................................

သမ္မတ ဦးသိန်းစိန်လျှို့ဝှက်ညွှန်ကြားချက်များ ထုတ်ပြန်



Kamayut Media
အရေးကြီးသော အချိန်ရောက်နေ၍ ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနှင့် ၈၈ သဘောတူကြ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသောအချိန်ကို ရောက်နေသောကြောင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ ဖေဖော်ဝါရီ ၄ရက်နေ့ ညနေတွင် မိနစ် ၄ဝကြာ တွေ့ဆုံခဲ့ကြောင်း ၈၈မျိုးဆက်က ထုတ်ပြန်လိုက်သည်။ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်များကို လာမည့် သီတင်းပတ်များအတွင်း ပူးတွဲထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြထားပြီး တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနှင့် ဦးပြုံးချိုတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ဆန့်ကျင်ဘက် အင်အားစုများက လူစုလူဝေးများပြုလုပ်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ပြုလုပ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုရှိရန် လျှို့ဝှက်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ဆိုသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တို့၏ တွေ့ဆုံမှုသည် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဆိုင်ရာကို အဓိကဆွေးနွေးကြမည်ဟု ယူဆနိုင်ပြီး ဥပဒေဘောင်အတွင်း လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ပိတ်ဆို့ ဟန့်တားမှုများရှိပါက၊ အခြားသော နည်းလမ်းများရှိသည်ဟု လူထုခေါင်းဆောင်က တရားဝင် ပြောဆိုထားသည်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်က ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ကြား တင်းမာမှုများ စတင်ပေါ်ပေါက်ခဲ့သလို သမ္မတဦးသိန်းစိန်ကို လိုလားသော အင်အားစုများက ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူမျိုးရေး ဘာသာရေး ခေါင်းစဉ်များဖြင့် စတင်လှုပ်ရှားလာနေကြသည်။

ယူနတီသတင်းထောက် မိသားစုဝင်အချို့ ခရီးမထွက်ရန် တားဆီးခံရ


 DVB

 နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်နဲ့ အမျိုးတော်စပ်သူ မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်နေသူ ဦးအောင်ကျော်ကျော်ကို ခရီးမထွက်ဖို့ အာဏာပိုင်တွေက တားဆီးထားပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ ပေါက်မြို့နယ် သတင်းထောက်ကို မြို့နယ်တရားရုံးက နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ပခုက္ကူထောင်မှာ အမှုဖွင့်စစ်ဆေးနေပြီ ရပ်နီးရပ်ဝေးမှာရှိတဲ့ အမျိုးတော်စပ်သူတွေကိုလည်း ခရီးမသွားကြဖို့ အာဏာပိုင်တွေ တားဆီးလိုက်တာ ဖြစ်ပါတယ်။ ခရီးမသွားဖို့ တားမြစ်ထားပေမယ့် အကူအညီလိုအပ်ရင် သွားပေးရမှာပဲလို့ မကွေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်က အခုလို ပြောပါတယ်။ “ကျနော့်ကို မကွေးတိုင်း အက်စ်ဘီရုံးက လာပြီးတော့ ပခုက္ကူထောင်ကို လိုက်မသွားဖို့၊ ပေါက်မြို့နယ်ကို မသွားဖို့ လာတားတယ်။ ကျနော်ကတော့ ဒီလို ပြောလိုက်တယ်။ ကျနော်ဟာ အစ်ကိုအကြီးဆုံး ဖြစ်တဲ့အတွက် မိသားစုထဲမှာ တာဝန်ရှိတယ်။ လိုအပ်ရင် ကျနော် သွားရလိမ့်မယ်။ အခုကိစ္စနဲ့ ပတ်သက်လို့ သူတို့ အကူအညီတောင်းရင် ကျနော် သွားကို သွားရမယ်။ အဲလိုသွားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင်လည်း ဖမ်းနိုင်တယ်လို့ ကျနော်ပြောလိုက်တယ်။” ရန်ကုန်အခြေစိုက် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၃ ဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ဆေးမေးမြန်ဖို့ ခေါ်သွားတာ ၄ ရက်နေ့မြောက်မှ တွေ့ခွင့်ရတယ်လို့ ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းရဲ့ တူဖြစ်သူ ရုံးတာဝန်ခံ ဦးအောင်ဝင်းထွန်းက အခုလိုပြောပါတယ်။ “ ည ၉ နာရီ ၁၀ နာရီလောက်က မိဘအိမ်တွေကို သတင်းကြားတယ်။ ဒီနေ့ တွေ့လို့ရပြီ။ ရှေ့နေငှားပြီး အမှုရင်ဆိုင်ဖို့ အဲ ၂ ချက်တော့ ပြောသွားပါတယ်။ ပုဒ်မ သေသေချာချာ အတိအကျတော့ မပြောသွားဘူး။ လက်ရှိ သူတို့အတွက် လိုအပ်တဲ့ ရှေ့နေတို့ဘာတို့ကို ကျနော် စုံစမ်းပေးထားပါတယ်။ ” ယူနတီသတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး နယ်ကိုယ်စားလှယ်ယူ ရောင်းတဲ့ဆိုင်တွေကို လိုက်လံ ရှာဖွေသိမ်းဆည်းပြီး လက်မှတ်ရေးထိုးခိုင်းမှုတွေ ရှိနေတဲ့အတွက် အချို့မြိုနယ်တွေမှာ ကြောက်လန့်မှုတွေ ရှိတယ်လို့ ကြို့ပင်ကောက် ကိုယ်စားလှယ် ဦးတွတ်က အခုလို ပြောပါတယ်။ “ရဲစခန်းက လာပြီးတော့ သိမ်းတယ်။ သိမ်းတဲ့အချိန် ကျနော့်ဆီမှာ လက်ကျန် ၂ စောင် တွေ့သွားတယ်။ အကုန်လုံးရှာပြီးတော့ ကျနော့်ဆီက ၅ စောင် သိမ်းဆည်းရမိတယ်။ ရှာဖွေပုံစံနဲ့ သိမ်းတာခင်ဗျ။ ကျနော့်ရဲ့ ကိုယ်ရေးရာဇ၀င် မေးတယ်။ ကျနော်ပို့ထားတဲ့ ဆိုင်တဆိုင်ဆိုရင် ရဲက ကိုယ်တိုင်မလာဘဲနဲ့ အရပ်ဘက်လူကြီးကို လွှတ်လိုက်တယ်။ အရပ်ဘက်လူကြီးက ဆိုင်က ကူရောင်းတဲ့ ကလေးမလေးကို ခေါ်သွားတယ်၊ အဲကလေးမလေးက ငိုတယ်။” ပေါက်မြို့နယ် ဓာတုစက်ရုံ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး နယ်ခံသတင်းထောက်ကို ပခုက္ကူထောင်မှာ ချုပ်နှောင်စစ်ဆေးနေပြီး ရန်ကုန်ရှိ အမှုဆောင်အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အင်းစိန်ထောင်မှာ ချုပ်နှောင် ထားပါတယ်။ မနေ့က ဦးလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ ထောင်ဝင်စာသွားတွေ့နေစဉ် နေအိမ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး ထောင်ဝင်စာ တွေ့ဖို့သွားတဲ့ ဒေါ်လွင်လွင်မြင့်၊ ကျောင်းဆရာ ဦးဝင်းမင်းအောင်နဲ့ ၂ နှစ်သား ကလေးတယောက်တို့ ဒီနေ့အထိ အိမ်ပြန်မရောက်သေးဘူးလို့ ဒေါ်လွင်လွင်မြင့်ရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့်ကိုမင်းကိုနိုင်တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်



The 88 Generation Peace and Open Society

==============================
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄း၀၀ နာရီအချိန်က နေပြည်တော်ရှိ အမှတ်(၂) စည်ပင်ဧည့်ဂေဟာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အဆောင်၊ အမှတ် ၂၇/၂ ပုဗ္ဗာသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဧည့်ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ ဂျင်မီ နှင့် မြအေးတို့သည် မိနစ် လေးဆယ်ကြာ တွေ့ဆုံခဲ့ကြသည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် "ယခုအချိန်သည် အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသည့် အချိန်အခါကို ရောက်ရှိနေသဖြင့် ၂ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်ကြရန်" အဓိကထား ဆွေးနွေးခဲ့ကြသည်။

ယနေ့ဆွေးနွေးပွဲ၏ ရလဒ်များကို ရှေ့လာမည့်ရက်သတ္တပတ်အတွင်း နှစ်ဖက် ပူးတွဲထုတ်ပြန်သွားမည် ဖြစ်သည်။

ယနေ့ညနေ တွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွေ့ဆုံခဲ့ကြခြင်း၏ နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်သည်။

ပုဒ်မ၅၉ ဆိုတာကို မပြင်ဖို့ နေမျိုးဇင် ဆိုတဲ့ အကောင် က ပြောသွားတယ်လို့



Nay Myo Zin
ယနေ့ ကျနော့် မိတ်ဆွေ တဦးက အိမ်ကို လာပြောသည်။ သူ့ ၀မ်းနည်း စိတ်ပူသည့် အကြောင်း ကို ကြားသိရသော ကျနော်ပင် စိတ်မကောင်း။ မိတ်ဆွေသည် မနေ့က တက္ကစီ တစီးကို ငှားစီးကာ မြို့ထဲသို့ သွားရင်း ထို တက္ကစီဒရိုင်ဘာနှင့် ဟိုအကြောင်း သည်အကြောင်း ပြောမိရင်းက ကျနော့် နာမည် အကြောင်း စကားစပ်မိသွားခဲ့ကြသည်။ ကားဆရာက ကျနော့်ကို အလွန်မုန်းတီး ဒေါသထွက်နေကြောင်း ပြောသည့်အတွက် ဘာကြောင့်များ နေမျိုးဇင်ကို မုန်းတီးနာကျည်းနေရပါသလဲ စပ်စုလိုက်သောအခါ တနေ့တုန်းက ဗိုလ်စိန်မှန် ကွင်းမှာ နေမျိုးဇင် ဆိုတဲ့ အကောင်က ဒေါ်စုကို စိန်ခေါ်သွားပြီး ဒေါ်စုကို သမ္မတဖြစ်ခွင့် မရအောင် ကာကွယ်ထားတဲ့ ပုဒ်မ၅၉ ဆိုတာကို မပြင်ဖို့ နေမျိုးဇင် ဆိုတဲ့ အကောင် က ပြောသွားတယ်လို့ သူတို့ ဒရိုင်ဘာ အချင်းချင်း ကားစုရပ်ဆွေးနွေးပွဲမှာ ကြားခဲ့ရလို့ နေမျိုးဇင်ကို သတ်ချင်လောက်အောင် မုန်းတီးနေကြောင်း ပြောသော အခါ ကျနော့် မိတ်ဆွေ က စိုးထိတ်ပူပင်စွာနဲ့ ဖြစ်ရပ်မှန်ကို ရှင်းပြပေးခဲ့ရပါကြောင်း .................. ယနေ့ အိမ်သို့ လာပြောရှာပါသည်။ ဘုရား ...... ဘုရား နံမည်လေး ဆင်တူဖြစ်နေရတဲ့ အမေပေးသော နံမည်ကို ဘယ်လိုမှလည်း ပြန်မပြင်တော့နိုင် ......... သို့ နှင့်ပဲ ထို မိတ်ဆွေက ဥပမာလေးများ နှင့် ကားဆရာကို ရှင်းပြခဲ့ရပါကြောင်း အတိုချုံးပြိး ကျနော့်ကို ပြန်ပြောပြသည်။ သူပြောသော ဥပမာကိုပဲ အနှစ်ချုံ့ပြီး ကျနော်က ပြန်တင်ပြလိုက်ပါသည်။ နေမျိုးဇင် နှင့် နံမည် နောက်ဆုံး အလုံး တခုသာ ကွဲလွဲသော လူသည် ...... ဝေလည်း မမွှေး၊ ကြွေလည်း မမွှေးမည့် မလွန်ဆန်ရဲသူများ အသင်း ( မလွန် ဆန်လှူအသင်း မဟုတ်ပါ) က ဖြစ်ပါကြောင်း။ နေမျိုးဇင် ၏ ရပ်တည်ချက် လုပ်ဆောင်ချက်၊ ရည်မှန်းချက်နှင့် ပြည်သူအပေါ် ထားရှိသည့် စေတနာတို့သည် သံလိုက်တုံး၏ ဟိုဘက်ထိပ်နှင့် ဒီဘက်ထိပ် ဖြစ်ပါကြောင်း ရှင်းပြခဲ့သည်ဟု ဆိုပါသည်။ ကျနော့် ရင်ဝ မှ ထိတ်ကနဲဖြစ်သွားရသော ပြည်သူ့ အမုန်းတရားကို ကြောက်လန့်သည့် စိတ်လိပ်ပြာခုန်နှုန်းသည် ထိုမှ ပင် ပြန်လည် ငြိမ်သက်ပြီး အပြုံးရိပ် ပြန်ဆင်နိုင်ပါတော့သည်။ ဒါကြောင့် သရက်ပင် ဘယ်လောက်ချိုချို ဂွေးတောက် ပင် မြစ် အနားမှာ လာပေါက်လျှင် သရက်သီးလည်း ခါးလာတတ်သည်ဟု ဆိုကြသည်ဖြစ်ပေမည်။ ယခုကား နံမည်လေး အနည်းငယ် ဆင်ယုံရှိသေး ကျနော့်အား သတ်ချင်သည်အထိ မုန်းတီးသည့် ပြည်သူတို့ ပေါ်လာခဲ့သည်။ ထို ကားဆရာလို သတင်း ဇာစ်မြစ် အတိအကျမသိပဲ ကျနော် နေမျိုးဇင် ကိုသာလျှင် သတ်ချင်နေသည့် လူထု ဘယ်လောက်ပင် ပေါများ နေမည်မသိ။ သွားလေရာတွင် စာဆွဲသွားရတော့မည် ထင်ပါသည်။ ဇ ကွဲ သည် ၀လုံး နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည် မတူကွဲပြားခြားနားပါသည် ဆိုသည့် အကြောင်း .....................

 နေမျိုးဇင် ( ဇကွဲ နှင့် ဇင် ပါသည်။)

စု...တုလို့..ဂျပု..ခုန်..ဖင်ကားရုံသာ..ရှိလိမ့်......



Okkar Min

ကျေးဇူးပါကိုနေမျိုးဝေ။

တကယ့်ကိုလှိုက်လှိုက်လှဲလှဲတင်ပါတယ်။
ပိုပြီးကျေးဇူးတင်ရှိတာကတော့ခင်ဗျားရဲ့ပွဲကိုဦးအောင်သိန်းလင်းတက်ရောက်ခဲ့လို့ပါ့ပဲ...
ဒီနေ့ဗိုလ်စိန်မှန်ကွင်းမှာ၅၉(စ)ထောက်ခံပွဲကိုဘာမှပြောစရာမရှိပါဘူး။
ဒီမိုကရေစီမှာလွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတာပဲ။
ခင်ဗျားထောက်ခံသလိုကျနော်လဲကန့်ကွက်တာပဲ။As U Like
ဒါနဲ့ခင်ဗျားရဲ့ထောက်ခံပွဲမှာရေးထားတဲ့ဆောင်ပုဒ်လေးကိုကြိုက်တယ်ဗျာ။...ဘာတဲ့
နိုင်ငံရဲ့အနောက်တံခါးကြီးပွင့်နေတာကိုထိန်းချုပ်နေတဲ့အချိန်မှာခေါင်မိုးတော့ထပ်အပွင့်မခံနိုင်ဘူးဆိုလား...ဘာလား...သိပ်လှတဲ့စကားလုံးလေးပဲ။
ဟုတ်ပါတယ်။လက်ရှိကျနော်တို့နိုင်ငံရဲ့အနောက်တံခါးကြီးပွင့်နေပါတယ်။
ဘယ်သူအုပ်ချုပ်ခဲ့တဲ့လက်ထက်မှာပွင့်ခဲ့တာလဲ..ဘယ်သူတွေကအဲ့ကောင်တွေကိုWhite Card
ထုတ်ပေးခဲ့တာလဲ။....ကြာခဲ့ပြီ..အနောက်တံခါးပွင့်ခဲ့တာ...
ခင်ဗျားမချစ်တဲ့ဘင်္ဂလီတွေကလက်ရှိပြည်ထောင်စုအဆင့်လွှတ်တော်မှာဝင်ထိုင်နေပြီလေ။
ခင်ဗျားဘာလုပ်ခဲ့လဲ။ဘာပြောခဲ့လဲ။
ခင်ဗျားမကြိုက်တဲ့ဘင်္ဂလီမူစလင်တွေကိုမဲပေးခွင့်၊အမတ်ဖြစ်ခွင့်ကိုပြုလုပ်ပေးခဲ့တဲ့ပါတီကိုရောခင်ျေားရှုတ်ချပွဲလုပ်ခဲ့ပါသလား။
ကျနော်မြင်တာကတော့ခင်ဗျားကသူတို့ပါတီကနေသမ္မတဖြစ်လာသူနဲ့တော်ပရောပရီ။
ထားပါတော့.........။
ဟုတ်ပါတယ်။နိုင်ငံရဲ့အိမ်ခေါင်မိုးပွင့်လာမှာမဟုတ်ဘူး။
ခေါင်မိုးတောင်မရှိတော့လို့အိမ်ထဲဝင်ပြီးပါးတက်ရိုက်တဲ့ကောင်ကရှိနှင့်နေပြီ။
အကြံတစ်ခုတော့ပေးပါရစေ။
ခင်ဗျားအနေနဲ့ဘာသာတရားကိုတကယ်ချစ်တယ်ဆိုရင်မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာတစ်ခုထဲပဲကိုးကွယ်ရမယ်လို့သမ္မတကြီးကိုအကြံပြုပေးပါလား။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလဲနိုင်ငံရေးပါတီထဲကိုဗုဒ္ဓဘာသာမှလွဲ၍အခြားဘာသာဝင်များမ၀င်ပါစေနဲ့လို့အကြံပြုပေးပါလား။
တကယ်လုပ်ရဲတယ်ဆိုရင်လုပ်ကြည့်ပေါ့ဗျာ။ကျနော်ကတော့အကြံပေးကြည့်တာ။
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်အရကျနော်ကတော့ခင်ဗျားနဲ့အမြင်မတူပါဘူး။
ကွဲလွဲပါတယ်။ဒါကျနော့Rightပဲလေကိုနေမျိုးဝေ။
ကျနော်နဲ့အမြင်မတူလို့Blockတတ်တဲ့အထဲမှာကျနော်မပါဘူး။ဒါကြောင့်ခင်ဗျားကကျနော့ရဲ့friend Listထဲမှာသက်ဆိုးရှည်နေတာပေါ့။
ခုဒီစာကိုရေးလို့Blockမယ်ဆိုလဲas U Likeပါကိုနေမျိုးဝေ။
အဲလိုပြောလို့ကျနော့ကိုကုလားထင်ရင်လဲဝက်သားအဆီတုံးကြီးသာယူခဲ့ပါတော့။
စာကိုပြန်ချုပ်ရမယ်ဆိုရင်တော့ခင်ဗျားကိုတကယ်ကျေးဇူးတင်ပါတယ်။
ခင်ဗျားရဲ့ဒီနေ့ပွဲကြောင့်လူတစ်သိန်းကျော်ကိစ္စလဲရှင်းသွားတာပေါ့။
ခင်ဗျားလဲဂွမ်းသွားတာပေါ့။
ဒါကြောင့်ကျေးဇူးတင်တယ်။
နောက်ဆုံးအနေနဲ့ခင်ဗျားကိုပြောချင်တာကတော့..ခင်ဗျားဟာအောက်ခြေတော်တော်လွတ်တဲ့လူစားပဲဗျ။မတူရင်မတုနဲ့ဆိုတဲ့စကားကိုမေ့နေပြီထင်တယ်။မပိုင်ပဲနဲ့ခြင်ရိုက်ရင်လက်နာတယ်ဗျ။
ခုတော့ဗျာ....ဟိုစကားပုံထဲကလိုဖြစ်နေပြီ။..ဘာတဲ့

"စု...တုလို့..ဂျပု..ခုန်..ဖင်ကားရုံသာ..ရှိလိမ့်မပေါ့"
"ဂျပုလေး..ခုံလို့ဖုန်မထပါဘူး".....ကိုနေမျိုးဝေ...

Okkar Min

စာပေနှင့်သတင်းမီဒီယာ အဖွဲ့ ၄ ဖွဲ့၏ ထုတ်ပြန်ချက်



၁။ ယူနတီဂျာနယ်မှ သတင်းထောက် ၄ ဦးနှင့် အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို ဇန်န၀ါရီ ၃၁ ရက်နှင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိရာတွင် တရားစွဲဆိုမှု လုပ်ထုံးလုပ်နည်းမှာ မလျော်ကန်သဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်။

၂။ ယူနတီ သတင်းဂျာနယ်မှ သတင်းဖေါ်ပြမှုအပေါ် ဥပဒေဖြင့် အရေးယူမည် ဆိုလျှင်ပင် လုပ်ဆောင်နည်းအမှန်မှာ သတင်းဂျာနယ်၏ အယ်ဒီတာချုပ်အား ရှေးဦးစွာ အကြောင်းကြားပြီးမှ ဖြေရှင်းသင့်ပြီး အယ်ဒီတာချုပ်က မဖြေရှင်းနိုင်သည့် အခြေအနေမျိုးတွင်မှ ရေးသားသူ သတင်းထောက်များကို သက်ဆိုင်ရာ တရားရုံး၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြောင်းကြားစာ ပေးပို့ကာ အရေးယူသင့်သည်ဟု ယူဆသည်။

 ၃။ ယခုကဲ့သို့ နယ်သတင်းထောက်ကို မည်သည့်ဥပဒေပုဒ်မမျှ မတပ်သေးခင် ရှေးဦးစွာဖမ်းဆီးပြီးမှ အမှုပုဒ်မ တပ်ဆင်ခြင်း၊ အမှုဆောင်အရာရှိ ချုပ်ကိုလည်း မည်သည့်ပုဒ်မမျှ မတပ်ဆင်ဘဲ ခေါ်ယူကာ ၂၄ နာရီထက် ကျော်လွန်ချုပ် နှောင်ထားခြင်းတို့သည် ယခင် စစ်အစိုးရလက်ထက်က လုပ်ကိုင်သည့် နည်းနာအတိုင်း ဥပဒေကြောင်းအရ မပြုမူဘဲ လုပ်ဆောင်သည်ဟု နားလည်ပါသည်။

၎။ ထို့ပြင် ယခုကဲ့သို့ အရေးယူမဆောင်ရွက်မီ နိုင်ငံတော်မှ အသိအမှတ်ပြု ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ကို အသိပေးပြီးမှ ကောင်စီ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ကာ ကောင်စီ၏ လုပ်ပိုင်ခွင့် ကျော်လွန်သည့်အခါမှသာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သင့်သည်ဟု မိမိတို့အနေဖြင့် မှတ်ယူသည်။

 ၅။ ယခုအရေးယူမှုကြောင့် သတင်းမီဒီယာနယ်ပယ်မှ သတင်းသမားများ အနေဖြင့် ခြိမ်းခြောက်ခံနေရသည်ဟု ဆိုနိုင်နေပြီး အများပြည်သူ သိရှိလိုသည့် သတင်းအချက်အလက်များ ရယူတင်ပြမှုကို ထိခိုက်စေနိုင်မည်ဖြစ်သည်။ ထိုသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနနှင့် အစိုးရအဖွဲ့ထံသို့ ဆက်သွယ်ဆောင်ရွက် ပေးပါရန် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို လိုလားကာ အများပြည်သူ၏ သတင်းသိပိုင်ခွင့်ကို ကာကွယ်လိုသော သတင်းမီဒီယာအဖွဲ့အစည်း ၄ ဖွဲ့က တိုက်တွန်းအပ်ပါသည်။

၆။ သတင်းမီဒီယာများအနေဖြင့်လည်း သတင်းရယူဖေါ်ပြရာတွင် အချက် အလက် တိကျခိုင်လုံစေရေးနှင့် ကျင့်ဝတ်နှင့်အညီ တင်ပြရေသားရေးတို့အတွက် အစွမ်းကုန်ကြိုးစားရန် တိုက်တွန်းအကြံပြုပါသည်။ သတင်းမီဒီယာ ကျင့်ဝတ် စည်းမျဉ်းများကိုလည်း သိရှိပြီး ကျင့်သုံးလိုက်နာကြရန် တိုက်တွန်းပါသည်။

 မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ မြန်မာဂျာနယ်လစ်ကွန်ရက်

သမီးလေးကိုအကြမ်းဖက်


Coko Dmoe

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာအုပ်စု "သမီးကလေး" ကျေးရွာကို လုံထိန်းအင်အား ၊စွမ်းအားရှင်များနှင့်
မီးသက်တပ်ဖွဲ့များအင်အားသုံး၍ ၄.၂.၂၀၁၄ နံနက် ၇ နာရီခန့်တွင် ၎င်းကျေးရွာအားအကြမ်းဖက်ဝင်ရောက်ဖျက်ဆီးနေလျှက်ရှိ၊တပ်မြေတွင်ကျုးကျော်သည်ဟုဆိုကာဝင်ရောက် သိမ်းယူ

Yamoun Nar
သမီးလေးရွာကို ကားအစီးတရာကျော် စည်ပင်လုံထိန်းအင်အားတထောင်ကျော်ဖြင့် ဖျက်ဆီးနေ 4 Feb 2014 | ကျော်လွင် | လှည်ကူးမြို့နယ်စာဗူးတောင်း ကျေးရွာအုပ်စုမှ သမီးလေးကျေးရွာကို ရန်ကုန်တိုင်ဒေသကြီးအစိုးရက အကြမ်းဖက်၊ ဖျက်ဆီးနေသည်။ နံနက် ၄:၃၀ ခန့် အချိန်တွင် လုံထိမ်းရဲကား ၇ စီးဖြင့် စတင်ဝင်ရောက်ပြီး ရွာဦးကျောင်း အောင်ဓမ္မဘုန်းကြီးကျောင်းသို့ ရဲအရာရှိများ ဝင်ရောက်နေချိန်တွင် တပ်စည်ပင်များထပ်မံရောက်ရှိပြီး အင်အားမရေတွက် အောင်များပြားသဖြင့် မရေတွက်နိုင်ဘဲ ရှိခဲ့သည်။ ဘယ်အချိန်ပြီးမလဲမသိနိုင်ဘဲ ရွာသူ/ရွာသများ အလွန်ကြောက်ရွံ့နေကြကြောင်းသတင်း ပေးပို့နေပါသည်။ ရွာကိုဝိုင်းထာပြီး ရွားသားများက အိမ်တွင်မနေရဲသောကြောင့် ကွင်ပြင်တွင်အိပ်စက်နေရသည်။ ကျောင်းသားများ ကျောင်းမတတ်နိုင်ခဲ့သည်မှာ ၅ ရက်ကြာခဲ့ပြီဟု ရွာသားများက ပြောကြားခဲ့သည် ပစ္စည်းများကို မြေပြင်တွင်ချထားပြီး လူများက ပုန်းအိပ်ခဲ့ရသည်မှာ အသက် ၅ ရက်သားကလေးငယ်တဦးနှင့် မိခင် မီးနေသည်ပါ အတိဒုက္ခရောက်နေပါသည်။ ဒါကြောင့် ဒီမနက်မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြမှာ ဖြစ်ပါသည် MDCF အဖွဲမှ ဦးစီးခေါင်းဆောင်ပြီး ပြုလုပ်မှာ ဖြစ်ပါသည်။ တရွာလုံးကို ဖျက်ဆီးနေကြောင်း သတင်းပေးပို့သော အဖွဲ့မှပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်အားကိုမင်းကိုနိုင် အဖွဲ့လာရောက်တွေ့ဆုံ




National League for Democracy

ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဂျင်မီ ကိုမြအေး ကိုပြူံးချို
တို့လာရောက်တွေ့ဆုံခဲ့ကြသည်။

ဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း



National League for Democracy

ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်-
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။
ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။