Wednesday, February 5, 2014

ယူနတီဂျာနယ်တိုက်ရဲ့ တာဝန်ရှိသူတဦးကို ရဲက ထပ်ခေါ်သွား



DVB TV - 05.02.2014 -
ယူနတီဂျာနယ်တိုက် အုပ်ချူပ်ရေးမှူးကို စစ်ဆေးမေးမြန်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်မှာ ပုဇွန်တောင် ရဲစခန်းက ထပ်မံ ခေါ်ဆောင်သွားပါတယ်။

ဒီလောက်ကြောက်ရသလား မောင်နေမျိုးဝေ (ဦးဝင်းချို )


U Win Cho



Nay Wai ရဲ့ကွန်မန့်
ဝင်းချို အရူးရယ် NLD ထဲက ကုလားတွေထုတ်ဖို့ ကြံဖွတ်ကုလားအမတ် ရွှေမောင်ကိုဝိုင်းထုတ်ဖို့
 ခင်ဗျား မိထွေးကို ပြောကြည့်ပါလား စစ်တပ်အုပ်စိုးမှုကို အလန့်လွန်ပြီး ဗိုလ်ချုပ်သမီးရဲ့ ထဘီ တစ်ထည်နဲ့ ကာဖို့လုပ်မနေကြစမ်းပါနဲ့
======================================
U Win Choရဲ့ကွန်မန့်
Nay Wai ကျုပ် မ၇ူးဘူး ဆိုတာ ခင်ဗျား သိပါတယ်။ သမ္မတ ဖြစ်ပြီးမှ သမ္မတ အလုပ်မလုပ်ခဲ့ရင်လည်း
ဘယ်သူ့ကိုမှ မျက်နှာ မထောက်တတ်ဘူး ဆိုတာလည်း ခင်ဗျား သိပါတယ်။
ဒီ လို အသက်(၇၀)နားကပ်နေတဲ့ အမျိုးသမီးကြီး သမ္မတ ဖြစ်သွားမှာကို ဒီလောက်ကြောက်ရသလား မောင်နေမျိုးဝေ။
*************************************************************************************

Ko Kyi Win
ကဲ.............“အမျိုးသားရေးဝါဒီများ”

ဘယ်သူ့ကို အပြစ်တင်မလဲ??????????????????။

တကယ်တာဝန်ရှိသူကို အပြစ်မတင်ရဲဘဲနဲ့

မဆိုင်တဲ့သူတွေကို ပြဿနာရှာနေတာ

“အမျိုးသားရေးဝါဒီများ”ဖြစ်တယ်လို့

ပြည်သူတွေသတ်မှတ်ကုန်ကြအုံးမယ်။

အစိုးရလုပ်ပုံကတော့ တော်တော်ဟုတ်တယ်..။ မနေ့ညနေက ဘင်္ဂလီကုလားရွှေမောင်ကို စစ်ဆေးစရာရှိတယ်ဆိုပြီး ကြံ့ခိုင်ရေးရုံးချုပ်ကိုခေါ်၊
 ပြီးတော့ အေးအေးဆေးဆေး စကားပြော လက်ဘက်ရည်တိုက်ပြီး ပြန်လွတ်လိုက်ပြီ...။


U Win Cho

“ဒေါ်အောင်ဆန်းစုကြည် က “သမ္မတ” ဖြစ်ပြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေကို ခန့်မယ်။ “ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်”တွေကို ခန့်မယ်။
နှစ်ပေါင်း(၂၀)ကျော် အရိပ်ထိုးထားတဲ့ “စစ်အစိုးရ ” အကြောက်တရားကနေ ပြည်သူတွေ လွတ်ကင်းသွားနိုင်လောက်တဲ့ “အုပ်ချုပ်ရေး အာဏာပိုင်” အပြောင်းအလဲ တွေကို သူ(သူမ) လုပ်ပိုင်ခွင့် ရှိသွားမယ်။

အဲဒီ အကြောင်းဟာ..... ကျနော့် အနေနဲ့ .ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်စေချင်တဲ့ အကြောင်းအရာပါဘဲ။”
==================================================

နိုင်ငံတစ်ခုမှာ အာဏာ(၃)ရပ်ရှိတယ်။ကျနော်တို့နိုင်ငံ မှာလည်း အာဏာသုံးရပ်ရှိတယ်။အဲဒီထဲက ဥပဒေပြုရေးအာဏာပိုင်တွေဆိုတာ လက်ရှိလွှတ်တော်ထဲက
ပြည်သူ့ကိုယ်စားလှယ်တွေ။စစ်သား၂၅ရာခိုင်နှုန်းပါတယ်။ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေဆိုတာကလည်း တပ်မတော်သြဇာခံ ဆိုတော့...........။

ဥပဒေပြုရေး မှာ စစ်တပ် အင်အား များတယ် လို့ပြောလို့ရတယ်။ ဒါပေမဲ့
ဒီမိုကရေစီလိုလားသူ တစ်ယောက်မှ မရှိဘူးလို့ ပြောလို့ မရဘူး။
တိုင်းရင်းသား ကိုယ်စားလှယ်တွေကလည်း သူတို့ လူမျိုးစု အတွက်
ပြောရဲ ဆိုရဲဖြစ်နေပြီ။ ဆိုလိုတာက ဥပဒေပြုရေးမှာ အတိုက်အခံ ရှိတယ်။

တရားစီရင်ရေးအာဏာ အပိုင်းမှာ တရားသူကြီးတွေ မတရားဘူး လို့
အော်ဟစ်နေတဲ့သူတွေ ရှိပေမဲ့ တည့်မတ်ပေးချင်တဲ့ တရားသူကြီးတွေ
ရှေ့နေ တွေ ရှိနေသေးတယ်။ ဆိုလိုတာက တရားစီရင်ရေးအပိုင်းမှာလည်း
နည်းတယ် ဆိုရင်တောင်မှ အတိုက်အခံ ထိုက်သင့်သလောက်ရှိပါတယ်။

အရေးအကြီးဆုံး အာဏာ က “အုပ်ချုပ်ရေးအာဏာ” ။ အမြင့်ဆုံး အာဏာပိုင်က “သမ္မတ” ။သူခန့်ထားပိုင်ခွင့်ရှိတဲ့သူတွေက“အစိုးရ အဖွဲ့ဝင် ၀န်ကြီး”တွေနဲ့ “ပြည်နယ်/တိုင်း ဒေသကြီး ၀န်ကြီးချုပ်”တွေ ။

အဲဒီ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေက ၀န်ကြီးဌာန တစ်ခုလုံးကို အမိန့်ပေးတယ်(ဥပဒေ နဲ့ အညီ အုပ်ချုပ်တာမဟုတ်ဘူး) ။ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ် တွေက ခရိုင်ဦးစီးမှူး။၊မြို့နယ်ဦးစီးမှူးတွေကို အုပ်ချုပ်တယ် ။အရေးယူ ၊အပြစ်ပေးခွင့်ရှိတယ်။

ကျနော်တို့နိုင်ငံမှာ မြို့နယ်ပေါင်း(၃၃၀) ရှိတယ်။ ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အတွက် အတိုင်း၊) နောက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အရည်အတွက်အတိုင်းဆိုရင် (၂၆၈) ခရိုင် ရှိမယ်။ အဲဒီ မြို့နယ်ပေါင်း(၃၃၀) ရဲ့ မြို့နယ် ထွေအုပ် ဦးစီးမှူးတွေထဲမှာ ””ဥပဒေ ကိုလေးစားမယ်။ မတရားတဲ့ အမိန့် ကို မနာခံဘူး။ ပြည်သူဘက်ကဘဲ ရပ်တည်မယ် ””ဆိုတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ပါမလဲ။

ဒါဆိုရင် ကျနော်ပြောချင်တာ သိလောက်ပြီ။ အနှစ်ချုပ်ပြောရမယ်ဆိုရင်

(က) ဥပဒေပြုရေး အာဏာ ကို ဆောင်ရွက်နေသူတွေထဲမှာ
(နည်းရင်နည်းမယ်။ အရည်အချင်း မပြည့်ဝသေးတာ ဖြစ်ရင်လည်း ဖြစ်မယ်။ဒါပေမဲ့)
အတိုက်အခံ ရှိတယ်။

(ခ) တရားစီရင်ရေး အာဏာကို ကိုင်စွဲအသုံးပြုနေတဲ့သူတွေထဲမှာ လည်း ပြည်သူဘက်က ရပ်တည်ချင်တဲ့ သူတွေရှိနိုင်သလို ရှေ့နေတွေထဲမှာ (အတိုက်အခံ) ရှိကိုရှိတယ်။

(ဂ)အုပ်ချုပ်ရေးအာဏာပိုင်တွေထဲမှာ” အထက်အမိန့် ကို နာခံဘို့ထက် ဥပဒေ ကိုလေးစားလိုက်နာမယ်။အမှန်တရားဘက်က ရပ်တည်မယ် ။ အလုပ်ပြုတ်သွားစမ်းပါစေ ” ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိသလဲ။
ဆိုလိုတာက (အတိုက်အခံ) ရှိလို့လား ၊ဝေဘန်ခွင့်မပေးဘဲ တိုးတက်မယ် လို့ထင်နေလား။ အချုပ်အခြာ အာဏာ (၃)ရပ်ထဲမှာ အတိုက်အခံ မရှိတာ “အုပ်ချုပ်ရေးအာဏာ”ပါဘဲ။

ဘာကြောင့်လဲ ဆိုတော့ .............................။

ရှင်းပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင် ထဲမှာ အမြင့်ဆုံး ဖြစ်တဲ့ “သမ္မတ” ကိုယ်တိုင်က သူ အုပ်ချုပ်တဲ့ လက်အောက် ၀န်ထမ်း တွေကို “ဥပဒေနဲ့ မညီရင် ငါ့ ကိုလည်း အရေးယူနိုင်တယ်” လို့ မပြောခဲ့လို့ပါဘဲ။

ဒေါ်အောင်ဆန်းစုကြည် က “သမ္မတ” ဖြစ်ပြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေကို ခန့်မယ်။ “ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်”တွေကို ခန့်မယ်။
နှစ်ပေါင်း(၂၀)ကျော် အရိပ်ထိုးထားတဲ့ “စစ်အစိုးရ ” အကြောက်တရားကနေ ပြည်သူတွေ လွတ်ကင်းသွားနိုင်လောက်တဲ့ “အုပ်ချုပ်ရေး အာဏာပိုင်” အပြောင်းအလဲ တွေကို သူ(သူမ) လုပ်ပိုင်ခွင့် ရှိသွားမယ်။

အဲဒီ အကြောင်းဟာ..... ကျနော့် အနေနဲ့ .ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်စေချင်တဲ့ အကြောင်းအရာပါဘဲ။

အိမ်လည်းပျက်၊ ဘ၀လည်းပျက်၊ မင်္ဂလာပွဲလည်းပျက်




လှည်းကူးမြို့နယ် အပိုင် ဖောင်ကြီးမှ ညောင်အင်း-ပဲခူး သွားလမ်းပေါ်ရှိ သမီးကလေး ကျေးရွာကို စစ်သင်တန်းကျောင်း ပိုင်မြေဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး စီးနင်း၍ အိမ်ခြေ ၄၀၀ ကို ဖျက်ဆီးဖယ်ရှားခဲ့ရာ ၎င်းင်းနေ့ မနက် ၁၀ နာရီတွင် မင်္ဂ လာဆောင်ရန် စီစဉ်ထားသည့် ကို---နှင့် မ---- တို့၏ မင်္ဂလာပွဲ ပါ ပျက်ခဲ့ရကြောင်း သိရသည်။

၎င်းတို့စုံတွဲမှာ အသက် ၃၅ နှစ်ကျော်မှ ဖူးစာဆုံရသူများဖြစ် ပြီး ယခုလို မင်္ဂလာဆောင်တွင် ကျွေးမွေးဧည့်ခံရန်ဝက်နှစ်ကောင် ၀ယ်ထားခြင်းနှင့်အလှဆင်ပစ်္စည်း များ အလကားဖြစ်သွားရသလို အိမ်ခြေရှိတော့သည့် ၎င်းတို့ဘ၀ မှာ ပေါင်းဆုံရန် မဖြစ်နိုင်တော့ ကြောင်း ဖျက်ဆီးခံရသည့် သွပ်မိုး ပျဉ်ထောင်အိမ်ပိုင်ရှင် သတိုးသား လောင်း ကို---- က ဆိုသည်။

““ကျွန်တော်တို့ ဒီမှာနေလာ တာ ဆယ်နှစ်ကျော်ပြီ။ တော်ထဲ တိုးနေရတဲ့ဘ၀က ရပ်နဲ့ရွာနဲ့ ကျောင်းနဲ့လမ်းနဲ့ဖြစ်အောင် ရွာ သားတွေ ချွေးနဲ့သွေးနဲ့ ရင်းခဲ့ရ တာပါ။ ကျွန်တော်တို့ နိုင်ငံသား အစစ်တွေက ကိုယ့်နိုင်ငံထဲမှာနေ ပြီး ကျူးကျော်သူတွေလို့ အခေါ် ခံရတာကတော့ မိုက်ရိုင်းလွန်း တယ်။ ပိုပြီးဆိုးတာက ကျွန်တော့် ဘ၀ပါပဲ။ချစ်သူကိုမင်္ဂလာဆောင် ပြီး ယူနိုင်ဖို့ တောတိုးမျှစ်ချိုး အလုပ်အမျိုးမျိုးနဲ့ ပိုက်ဆံစုခဲ့ရ တာပါ။ မနေ့က မနက်ပိုင်းအထိ မဏ္ဍပ်ဆောက်ရင်း သူငယ်ချင်း တွေကလည်း ၀ိုင်းစလို့ကျွန်တော် အရမ်းပျော်နေခဲ့တာ။ နေ့လယ် ပိုင်းရောက်တော့ ညသန်းခေါင် ကျော်ရင် စစ်တပ်ကလာပြီး ဘူဒို ဇာနဲ့ ထိုးမယ်ဆိုတာ အတိအကျ လည်းသိရရော စဉ်းစားကြည့်ပါ တော့ဗျာ””ဟု မျက်ရည်းများသိမ်း ရင်း ၎င်းကပြောသည်။

အဆိုပါ သမီးကလေးကျေး ရွာမျာ တိုက်ခံအိမ်များလည်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကိုလည်း စနစ် တကျရွေးချယ်တင်မြှောက်ထား သော်လည်း အသိအမှတ်အပြု မခံရဘဲ ဖျက်ဆီးဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ငါးရက်သားကလေး ငယ်လေးနှင့် မီးနေသည် အမျိုး သမီးတစ်ဦးလည်း အိမ်ခြေမရှိ တော့သဖြင့် တောတိုးနေရတော့ မည်ဖြစ်ကြောင်း သိရသည်။

Hot News Journal

မျိုးစောင့်ဥပဒေတင်ပေးမယ်

UNITY သတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ဖမ်းဆီးထား


RFA
မကွေးတိုင်း ပေါက်မြို့ နယ်ထဲက စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံတစ်ရုံအကြောင်း ရေးသားဖေါ်ပြလိုက်တဲ့ UNITY JOURNAL ရဲ့ ဒေသခံသတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ပို့ထားသလို ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇနီးသည် မလွင်လွင်မြင့်ကိုတော့ မနေ့က အင်္ဂါနေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဒါ့အပြင် မလွင်လွင်မြင့်ရဲ့အကို မကွေးမြို့မှာနေထိုင်တဲ့ ကိုအောင်ကျော်ကျော်ကိုလဲ ပခုက္ကူခရိုင်ကိုမသွားဖို့  အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ သိရပါတယ်။

မလွင်လွင်မြင့်နဲ့ ကိုအောင်ကျော်ကျော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် ဆရာတော်အရှင် ဂမ္ဘီရရဲ့အကိုနဲ့  အမ ဖြစ်ပါတယ်။



အဖြစ်ဆိုးနဲ့ရင်ဆိုင်လိုက်ရတဲ့သမီးလေး

နိုင်ငံရေးဆိုတာဆယ်မျိုး ရှိကြောင်းနေတိုးပြော



Phota Yoke

နိုင်ငံရေးဆိုတာ ထွေထွေထူးထူး သိပ်ပြောစရာ မရှိပါဘူး။

တကယ်တော့ နိုင်ငံရေးဆိုတာ နှစ်မျိုးဘဲ ရှိပါတယ်။

အခု တမျိုး
တော်ကြာ တမျိုး

နှစ်မျိုးမကသေးပါဘူး။ လေးမျိုး ရှိပါတယ်။ လက်ခုပ်တွေ ဇွတ်မတီးပါနဲ့။

မလို တမျိုး
လို တမျိုး

လေးမျိုးမကဘူး။ ဇွတ်မတင်းနဲ့ဦး။ ခြောက်မျိုးတောင် ရှိတယ်။ မှတ်ထားမှတ်ထား

ရှေ့တွင် တမျိုး
နောက်တွင် တမျိုး

ဟာ... ခြောက်မျိုးမက ပါဘူး။ ရှစ်မျိုး ရှိပါတယ်။

ပြောတော့ တမျိုး
လုပ်တော့ တမျိုး

ဟာ... ရှစ်မျိုးမကပါဘူး။ ဆယ်မျိုး ရှိပါတယ်။

သူ့ဘက် အမျိုး
ကိုယ့်ဘက် အမျိုး

မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိ





Freedom News Group(Burma)

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် အကျင့်ပျက် လာဘ်စား မှု ကို တိုက်ဖျက်
မည် ၊ အစိုးရ ဌာန များ ၏ လာဘ်ငွေ တောင်း ခံ မှု များ ကို တိုင်ကြား နိုင်သည် ဟု
လူသိနတ်ကြား ပြော ဆို ခဲ့သည်။

ထိုသို့  ပြော ဆို ပြီး မကြာမှီ မှာ ပင် စာတိုက်၊ ကြေးနန်း နှင့် ဆက်သွယ်ရေး ၀န်ကြီး
ဌာန ၀န်ကြီး ဦးသိန်းထွန်း နှင့် ဌာန မှ အရာ ရှိ တစ်ချို့  ကို ရာထူး မှ ဖယ်ရှား ပြီး ခေါ်
ယူစစ်ဆေးမှု များ ပြု ကာ ပြစ်ဒဏ်ပေး အရေး ယူမှု များ ပြု လုပ် ခဲ့သည်။ ဆက်သွယ်
ရေး ၀န်ကြီး ဌာန ၏ အကျင့် ပျက် ချ စား မှု အရှုပ် တော် ပုံ တွင် နိုင်ငံ ခြား မိုဘိုင်းဖုန်း
ကုမ္မဏီ များ နှင့် ဆက်သွယ်ရေး ကုမ္ပဏီ များ ပင် ပါဝင် ခဲ့သည်။

မြန်မာ ပြည်သူ လူထု က ဦးသိန်းစိန် ၏ အကျင့်ပျက် ချစား မှု တိုက် ဖျက်ရေး မဟာ
ဗျုဟာ ကို ချီးကျုးကြသည်။ ထို့  နောက် တွင် တော့ အရာရှိ ငယ် ၊ မထင်မရှား ညွှန်မှုး
ရာထူး လောက် အဆင့် ကို သာ လာဘ်သပ်ပကာ ယူမှု ဖြင့် အရေး ယူမှု များ သာ ရံဖန်
ရံခါ ရှိ ခဲ့ ပြီး အကောင်ကြီး အမြီး ရှည် များ ကို အကျင့် ပျက် ချ စား မှု ဖြင့် အရေးယူ အပြစ်
ပေး သည် ဆိုသည် ကို လုံးဝ မကြား ရတော့ ချေ။

ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်း ကို ရာထူး မှ ဖယ်ရှား ပြီး သည့် နောက် တွင် ဦးသိန်း
စိန် အစိုးရ အဖွဲ့  ဉ် အက်ရာ ထင် သွား ခဲ့သည် ဟု အချို့  က သုံးသပ် ကြသည်။ လာဘ်မစား
သူ မရှိ သည့် ဦးသိန်းစိန် အစိုးရ အဖွဲ့  တွင် ဦးသိန်းထွန်း ကို ဖယ်ရှား လိုက် ခြင်း က ဦးသိန်း
စိန် အတွက် နောက် ကျော မလုံစာရာ ဖြစ် နေသလို ၊ အခြား ၀န်ကြီး များ ၊ အရာရှိ ကြီးများ
၏ အရှုပ်တော် ပုံ မှတ်တမ်း သည် လည်း ဆက်သွယ်ရေး ၀န်ကြီးဌာ န လက် ထဲ တွင် ရှိနေ
ပြီး ပြန်လည် ဖွင့် ချ မည် ဟု ခြိမ်းခြောက် မှု များ ထွက် ပေါ် လာ ခဲ့သည်။

ထို့  နောက် တွင် တော့ ဦးသိန်းထွန်း ကို အေးအေးလူလူ အနားပေး ၊ အရာ ရှိ ကြီး အချို့  ကို
တစ်လ ခန့် ခေါ်စစ် ၊ အရာရှိ ငယ် အချို့  ထောင်ချ (နောက်တော့ လွှတ်ပေး) ပြီး ဖုံးဖုံးဖိဖိ ဖြင့်
အကျင့် ပျက် ချစာ မှု တိုက်ဖျက် မှု အရေးတော် ပုံ ဇာတ်ထုတ် တော် ကြီး ဟန်မပျက် ကန့် လန့် 
ကာ ချ နိုင်ခဲ့သည်။

ဦးသိန်းထွန်း နောက် တွင် တော့ မည်သည့် အကောင်ကြီးများ ၏ အမြီး ကို မျှ ဦးသိန်းစိန် က တက်
နင်းချင်း မရှိ တော့ ချေ ။

ဤ သည် မှာ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ဘယ်တော့ မှ က ပြ အသုံးတော် ခံ မှာ
မဟုတ် တော့ သည့် အကျင့်ပျက် ချစား မှု တိုက်ဖျက် ရေး ပြဇာတ် ကြီး အတွက် အစမ်းလေ့
ကျင့် ခြင်း ဟု ရန်ကုန် ရောက် အနောက် တိုင်း သံတမန် တို့  က သုံးသပ် ကြသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် တွင် နိုင်ငံ ခြား အကူအညီ များ ပို ရရှိ လာ ခဲ့ သည်။ နိုင်ငံ ရေး
အကျဉ်းသား များ ကို လွှတ် ပြီး ပြု ပြင် ပြောင်းလဲ မှု များ ဆောင်ရွက် ခြင်း ကြောင့် ဒီမိုကရေစီ
ဖော် ဆောင် မှု ပိုမို လွယ်ကူရေး အတွက် ထောက်ပံ့ ခြင်း ဟု မြန်မာ အစိုးရ ကို ငွေကြေး အကူ
အညီပေး သည့် နိုင်ငံ တို့  က ဆို ကြသည်။

ဂျပန် နိုင်ငံ က မြန်မာ နိုင်ငံ သို့  ယခင် က ချေးထား သည့် ကြွေးမြီ ၃.၇၂ ဘီလျံ ကို လျှော်ပစ်ခဲ့
ပြီး ဆယ်စုနှစ် တစ်ခု ကျော်ကြာ ရပ် နားထား သည့် မြန်မာ နိုင်ငံ သို့  ပင်လယ်ရပ်ခြား ဖွံ့ဖြိုး
တိုးတက်ရေး အထောက်အပံ့ ချေးငွေ (ODA) များ ကို ပြန်လည် ပေး အပ် ခဲ့သည်။ ODA
အစီအစဉ် ၏ အထူးကူညီ မှု ဖြင့် မြန်မာ အစိုးရသည် ဂျပန် ထံ မှ နှစ် ရှည် အတိုးမဲ့ ချေး ငွေ
နှစ် ဘီလျှံ ကျော် ကို ရရှိ ခဲ့သည်။

ဦးသိန်းစိန် သမ္မတ တာဝန်ထမ်းဆောင် ပြီး တစ်နှစ် အတွင်း နှင့် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်တို့  လို ထင်ရှား သူများ လွှတ်ပေး အပြီး သုံး လ အကြာ တွင်
ဗွေဆော် ဦး နိုင်ငံ ခြား အကူအညီ ငွေ ရခြင်း ဖြစ်သည်။

ထို့  နောက် ဥရောပ သမဂ္ဂ (EU) နှင့် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့  (IMF) တို့  ၏ ကူညီငွေ
ချေးငွေ များ ရရှိခဲ့သည်။ IMF က မြန်မာ အစိုးရ ကို ကူညီ ထောက်ပံ့ မှု နှင့် ချေးငွေ အပါ အ၀င်
ခြောက် ဘီလျှံ ကျော် ပေး အပ် ခဲ့ ပြီး ၊ ကမ္ဘာ့ ဘဏ် က သုံးဘီလျှံ ကျော် ကူညီ ခဲ့သည်။

ဥရောပ သမဂ္ဂ အဖွဲ့  ၀င် နိုင်ငံ များ မှ မြန်မာ နိုင်ငံ အတွက် စုစု ပေါင်း ၉ ဘီလျှံ ကျော် ခန့် ကူ
ညီ ခဲ့ ကြ ပြီး နော်ဝေး တစ်နိုင်ငံ တည်း က ပင်လျှင် ဒေါ်လာ သန်း ၅၀ ကျော် ကူညီ ခဲ့သည်။

အမေရိကန် အစိုးရ က လည်း မြန်မာ အစိုးရ အပြောင်းအလဲ များ စတင် ချိန် မှာ ဒေါ်လာ သန်း
ချီ ကူညီ ခဲ့ ပြီး ရေနံ ထုတ်လုပ် ရောင်းချ သည့် နိုင်ငံ များ အဖွဲ့  (OPED) က လည်း ၁၂.၃ သန်း
ချေးငွေ ရရှိခဲ့သည်။

အာရှ ဖွံ့  ဖြိုးရေး ဘဏ် ADB မှ ယခင် မြန်မာ အစိုးရ တင်ရှိ သည့် အကြွေး တစ်ဘီလျှံ ကျော် ကို
၂၀၁၂ ခုနှစ် ဇွန် လတွင် လျှော် ပစ် ခဲ့ ပြီး အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော် ကို လျှပ်စစ် ကဏ္ဍ ၊
ပညာရေး ကဏ္ဍ နှင့် ကျန်းမာရေး ကဏ္ဍ များ အတွက် ထပ်မံ ချေးငှားခဲ့သည်။

ဒီမိုကရေစီရေး နှင့် ပြု ပြင် ပြောင်းလဲ မှု များ အရှိန် အဟုန် မြင့် ဖော် ဆောင် နိုင်ရေး ဆိုသည့် ခေါင်း
စဉ် ဖြင့် ဦးသိန်းစိန် သည် ချေးငွေ ကူညီ ထောက်ပံ့ ငွေ များ သုံးနှစ် အတွင်း အမေရိကန် ဒေါ်လာ
၂၃ ဘီလျှံ ကျော် ရရှိခဲ့သည်။

ထောက်ပံ့ငွေ ၊ ချေးငွေ များ ရရှိ ပြီး နောက် ဦးသိန်းစိန် က လည်း လာဘ်စား မှု တိုက် ဖျက် မည် ၊
အကျင့် ပျက် မှု များ ချေမှုန်း မည် ဟု ရဲရဲကြီး ကြွေးကျော် ခဲ့သည်။ ဆက်သွယ်ရေး ၀န်ကြီးဌာန
အတွင်း လာဘ်ငွေကြေး ယူမူ ကို ချေးမှုန်း သလို အခြား ၀န်ကြီးဌာန များ မှ လာဘ်ပေး လာဘ်ယူ
မှုများ ကို လည်း ချေမှုန်း ခဲ့သည်။ သို့  သော် .. ၀န်ကြီး … ဒုဝန်ကြီး အဆင့် များ မပါ တော့ ချေ ။
ဌာနမှုး၊ ညွှန်ကြားရေး မှုး အဆင့် လောက် ကို သာ စံပြ ပြစ်ဒဏ် ပေး အရေး ယူ ခဲ့ ပြီး ညွှန်ကြား
ရေးမှုး ချုပ် ရာထူး အဆင့် ရှိသူများ မှာ မည်သည့် ချစား မှု ကို ကျုးလွန်ထား ပစေ ပိုနေမြဲ ကျား
နေမြဲ ဖြင့် အေးအေး လူလူ ရှိနေ ခဲ့သည်။

ဤ သည် ကား ဗိုလ်ချုပ် ကြီး ဟောင်း ဦးသိန်းစိန် ၏ လာဘ်စားမှု တိုက်ဖျက် ရေး လုပ်ငန်းစဉ် ပင်
ဖြစ်သည်။

ဂျာမဏီ နိုင်ငံ တွင် အခြေစိုက်သည့် Transparency International ၏ အကျင့် ပျက်ချစား
မှု စစ်တမ်း ကောက်ယူ ခြင်း ညွှန်းတမ်း တွင် နိုင်ငံ ပေါင်း ၁၇၇ နိုင်ငံ ဉ် မြန်မာ က ၁၅၇ နိုင်ငံ
မြောက် အဖြစ် အဆိုးရွားဆုံး အကျင့် ပျက် ချစားမှု နိုင်ငံ များ တွင် ပါဝင်ခဲ့သည်။

မြန်မာ အစိုးရ ၀န်ကြီးဌာန များ ၏ လာဘ်ပေး လာဘ်ယူ အကျင့် ပျက် ချစား မှု များ

သာသနာရေး ၀န်ကြီးဌာန

သာသနာရေး ၀န်ကြီး ဌာန သည် မြန်မာ အစိုးရ ၏ ၀န်ကြီးဌာန များ အနက် မှ လာဘ်စား မှု အနည်း
ဆုံး ၀န်ကြီးဌာ န ဖြစ်သည် ဟု Myanmar Corruptions Report တွင် ဖော်ပြထား သည်။ မြန်မာ
ပြည်သူ လူထု အနေဖြင့် လည်း ထိုဝန်ကြီးဌာန ဖြင့် များများစားစား ဆက်သွယ် ဆောင် ရွက် စရာ
မရှိ သော ကြောင့် မည်သည် လာဘ် ငွေ တောင်းခံ မှု ကို မျှ ကြုံ့  တွေ့ ရ ခြင်း မရှိ ခဲ့ ။ သို့  သော်
လည်း ပြည်ပ ဘုရားဖူး ပို့ ဆောင်ရေး ၀န်ဆောင်မှု ဧဂျင်စီ တစ်ခု မှ အကြီးတန်း ၀န်ထမ်း တစ်ဦး
က ” တိတ်တိတ် လေး နဲ့  ကြိတ်ဝါး နေသော ဌာန “ ဟု ဆိုသည်။

သာသနာရေး ၀န်ကြီးဌာန ၏ ၂၀၁၃ ခုနှစ် အတွင်း လာဘ်စားငွေ ပဏာမ (ခန့် မှန်းချက်)

မြန်မာ ကျပ် ငွေ သိန်းကိုး ထောင် ကျော် (အမေရိကန် ဒေါ်လာ ကိုး သိန်းခန့်  ရှိ )

သာသနာ ရေး ၀န်ကြီး ဌာန သည် မြန်မာ အစိုးရ ၀န်ကြီး ဌာန များ တွင် လာဘ်စား
မှု အနည်းဆုံး ဖြစ်သည်။ ၂၀၁၃ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ရှစ်သိန်း မြန်မာ ကျပ်
ငွေ သိန်း ရှစ်ထောင် ခန့် သာ လာဘ်စား မှု ရှိသည် ဟု Myanmar Corruption Report
မှ ခန့် မှန်းထား သည်။ သာသနာရေး ၀န်ကြီးဌာန နှင့် နီးစပ် သူ အချို့  က မူ ထို့  ထက် ပို
မည် ဟု FNG ကို ပြောသည်။

သာသနာ ရေး ၀န်ကြီး ဌာန တွင် လာဘ်စား မှု အဖြစ် ပေါ် ဆုံး နေရာ များ မှာ လူအများ
အပြား လာရောက် သည့် ဘုရား ၊ ပုထိုးစေတီ များ တွင် ဖြစ်သည်။

ရန်ကုန် မြို့  ရွှေတိဂုံ စေတီတော် တွင် ရှိသည့် ကန် ထရိုက် လုပ်ငန်းများ ရရှိ ရန် အတွက်
ဘုရား ဂေါ ပက ၊ သာသာနာရေး ဦးစီးဌာန မှ အရာ ရှိ များ ကို ရင်းနှီးမှု ရရှိ ရန် ပြု လုပ် ခြင်း
၊လာဘ် ထိုးခြင်း တို့  ကို ပြု လုပ် ရသည်။

ရွှေတိဂုံ စေတီတော် ရှိ ဖယောင်း ကန်ထရိုက် လုပ်ငန်း သည် တစ်နှစ် လျှင် သိန်းထောင်
ချီ အမြတ် အစွန်း ထွက် သည့် လုပ် ငန်း ဖြစ်သည်။ ထို လုပ် ငန်း ကို ရရှိ ရန် အတွက် ဘုရား
ဂေါ ပက အဖွဲ့  မှ တာဝန် ရှိ သူ ၊ သာသနာ ရေး ၀န်ကြီးဌာ မှ အခွင့် အာဏာ ရှိ သူ များ ကို
အနည်း ဆုံး သိန်း ၁၀၀ ကျပ် ထက် မနည်း နှစ် စဉ် လာဘ်သပ်ပကာ ပေး မှ ထို လုပ်ငန်း ကို
ရရှိသည်။

ဆူးလေစေတီ တော် ရှိ ဖယောင်း ကန် ထရိုက် လုပ် ငန်းအတွက် မူ ဆူးလေစေတီတော် ဂေါပက
နှင့် သာသနာရေး ၀န်ကြီး ဌာ န ရန်ကုန် တိုင်း မှ စီမံဌာန ရေးရာ အကြီး တန်း အရာ ရှိ တစ်ဦး
အား သိန်း ၂၀ ခန့်  တန် ဖိုး ရှိ ငွေ သား နှင့် လက်ဆောင် ပစ္စည်းများ ၀ယ်ပေး ခဲ့ ရသည် ဟု
ဆူးလေ စေတီတော် ဖယောင်း ကန်ထရိုက် လုပ် ငန်း လုပ်ကိုင် သူ နှင့် ရင်းနှီးသူ တစ်ဦး က
MCR သို့  ပြောသည်။

ဖယောင်း ကန် ထရိုက် လုပ် ငန်း လို ပင်လျှင် ရင် ပြင်တော် အသေးစား ပြု ပြင် ခြင်း ၊ တင်ဒါ
ခေါ် ယူ ခြင်း လုပ် ငန်း များ တွင် လည်း အကျင့် ပျက် ချစား မှု များ ရှိသည်။

မန္တလေး မဟာ မြတ် မုနိ ဘုရား ကြီး ပြင်ဆင် ခြင်း အတွက် ဗိုလ်မှုးချုပ် ဟောင်း တစ်ဦး ၏ မိသား
စုမှ ကန် ထရိုက် ရ ယူ လုပ် ကိုင် ရာ တွင် ကုန်ကျ ငွေ များ ကို ကာလ ပေါက် ဈေး ထက် ပိုမို တင်
ပြထား သော် လည်း မန္တလေး တိုင်း သာသနာ ရေး ၀န်ကြီး ဌာန မှ ခွင့် ပြု ခဲ့သည်။

အိမ်နီး ချင်း နိုင်ငံ များ သို့  ခရီးသည် ပို့  ဆောင်ရေး လုပ် ငန်းများ တွင် ဘုရားဖူး ပို့  ဆောင်
ရေး များ မှာ ပို၍ တွက် ခြေကိုက် စီးပွား ဖြစ်သည်။ နိုင်ငံ ရပ် ခြား ဘုရားဖူး ခရီးသည် ပို့ 
ဆောင်ရေး ကုမ္ပဏီ များ သည် အခြား ဌာန များ ၏ ခွင့် ပြု မှု ရရှိ ရန် လိုအပ်သလို ၊ သာသ
နာ ရေး ၀န်ကြီးဌာ ၏ အတည် ပြု မှု ကို ရရှိ ရန် လည်း လို အပ်သည်။

နိုင်ငံ ခြား ဘုရား ဖူး ပို့  ဆောင် ရေး လုပ်ငန်းများ သည် သာသနာ ရေး ၀န်ကြီးဌာန
၏ ခွင့် ပြု မှု ကို ရရှိ ရန် ငွေကြေး လာဘ်သပ် ပကာ ပေး ကမ်း ရသည် ။ နေ ပြည်
တော် ရှိ သာသနာ ရေး ၀န်ကြီးဌာ တာဝန် ရှိသူ များ ကို တိုက်ရိုက်ပေး ကမ်း
ရသည်။ လုပ်ငန်း အရွယ် အစား ပေါ် မူတည် ပြီး သိန်း ၅၀ မှ သိန်း ၃၀၀ ထိ ဈေးပေါက်
သည်။ ခရီးသွား ဦးရေ ပိုမို များ ပြား သည့် ကုမ္ပဏီ များ မှာ ပိုမို လာဘ်ပေး ရသည်။

ပြည်တွင်း ဘုရား ဖူး ခရီးသည် ပို့  ဆောင် ရေး ကုမ္ပဏီ များ က မူ သက်ဆိုင်ရာ ဘုရား
ဂေါ ပ က လောက် နှင့် သာ ပြီး သည်။ ကျိုက်ထီးရိုး စေတီ သို့  ခရီးသည် ပို့  ဆောင် ပေး
သည့် ၀န်ဆောင် မှု ကုမ္ပဏီ မှ တာဝန်ရှိ သူ တစ်ဦး က ကျိုက် ထီး ရိုး စေတီ သို့  ခရီးသည်
ပို့  ဆောင် မှု အတွက် ဘုရား ဂေါပ က ထံ နှစ်စဉ် စာ အိတ် ဖြင့် ကျပ် ငွေ သိန်း ၂၀ ခန့် 
အလှု ငွေ ပြု ရသည် ဟု ပြောသည်။

” သူတို့  က ပြော တာ ဘုရား အတွက် လှုပါ အုံး လေ လို့  နှစ်တိုင်း ခရီးသည် ကျပ် တဲ့
ဒီဇင် ဘာလ လောက် ရောက်ရင် ပြော တာ ပဲ ။ ကျွန်တော် က လည်း ချက် လက်မှတ်
ကို စာ အိတ် ထဲ ထည့် ပြီး လှုတာ ပဲ ။ ဒီနှစ် တော့ နဲနဲ ပိုလှု တယ် ” လို့  MCR အဖွဲ့  ၀င်
တစ်ဦး ကို ပြော ပါတယ်။

ကျိုက်ထီးရိုးစေတီ တော် ကင်မွန်းစခန်း ရှိ စားသောက် ဆိုင် တစ်ခု ကို FNG မှ ဆက်သွယ်
မေး မြန်း ရာ တွင် တရားဝင် ဆိုင်ခန်း ခ တွေ ပေး ရတယ်။ လူ ကြီး နဲ့  အဖွဲ့  လာမှာ မို့  ရှယ်
ပြင်ထား တာ တွေ လည်း လုပ်ပေး ရတယ်။ ကျွန်တော့် ဘေး က ဆိုင်က တော့ ဆိုင်း ကြီး
နှစ် ဆိုင် တွဲ ရေမြောင်ကြီး မှာ လည်း တစ်ဆိုင် ရှိ သေးတာ မို့  ဂေါ ပ က ကို တစ်နှစ် ၂၅ သိန်း
ဂါရတယ် လို့  FNG ကို ပြောသည်။

သာသနာ ရေး ၀န်ကြီး ဌာန သည် မော် တော် ကားပါမစ် များ ကိုင် ထား သည့် ၀န်ကြီး ဌာန
တစ်ခု လည်း ဖြစ်သည် နံပါတ် ပြား ” သာ ” ဟု ရေးထား သည့် မော်တော် ကားများ ကို ဘွဲ့ 
တံဆိပ် တော် ရ ဆရာ တော် ကြီးများ ၊ ထေကြီး ၀ါကြီး များ အတွက် စီစဉ် ပေး ထား သည်။
တစ်ခါ တစ်ရံ တွင် ထို သာ နံ ပါတ် ပြား မော်တော် ကား များ ကို နံ ပါတ်ပြား ကို ညကလပ်
များ တွင် လည်း တွေ့ ရသည်။

FNG က ညကလပ် ပိုင်ရှင် တစ်ဦး အားထို မော်တော် ကား ကို စီး ပြီး ဘုန်းတော်ကြီး ညကလပ်
သို့  ကြွမြန်းလာ သည် လား ဟု မေး ရာ ကလပ် ပိုင် ရှင် က ” မဟုတ် ဘူး သာသနာ ရေး က အဖိုး
ကြီး သား လေ သူ ရော ၊ သူ့  မိတ် ဆွေ လုပ် ငန်း ရှင် ရော သာ တံဆိပ် ကား နဲ့  ဗျာ ဟု FNG ကို
ပြောသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်း တွင် သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး အဖြစ် ဦးဆန်းဆင့် တာဝန်ယူသည်။
ဦးဆန်းဆင့် လက် ထက် တွင် သာသနာ ရေး နှင့် ပတ်သက် သည့် မော်တော်ကား ပါမစ် လုပ်ငန်း
တစ်ခောတ် ဆန်းလာသည်။ သာသနာပြု လုပ်ငန်းများ အဆင်ပြေစေ ဖို့  အတွက် မော်တော်ယာဉ်
တင်သွင်းရန် တောင်းဆို လာ ပါ က ၀န်ကြီး ကိုယ်တိုင် သော် လည်း ၎င်း အခြား တာဝန် ပေးထား
သည့် အလုပ် အဖွဲ့  မှ သော် လည်းကောင်း စီစစ် ပေး သွားမည် ဟု ဆိုသည်။

သို့  သော် ရန်ကုန် အခြေစိုက် နယ် မြို့  ရှိ ဘုရား ပုထိုး စေတီ တော် များဆီးမီး ပူဇော် ရေး အဖွဲ့ 
က သူတို့  တောင်းခံ ထား သည် မှ မရ ၊ လမ်းထိပ် ရှိ တရုတ် ဘုံကျောင်း မှ ကားသုံးစီး ရသွား
သည် ဟု MCR ကို ပြောသည်။

သာသနာ ရေး ၀န်ကြီး ဌာန သည် ယူနက် စကို ၊ ကမ္ဘာ့ ဘဏ် နှင့် နိုင်ငံ ခြား အဖွဲ့  အစည်း အချို့  နှင့်
အလှု ရှင် တစ် ချို့  မှ တိုက် ရိုက် သို့  မဟုတ် အစိုးရ တစ်ဆင့် ခံ ဖြင့် လှုဒါန်း ထောက်ပံ့ ငွေများကို
ရရှိသည့် အဖွဲံ့  အစည်း လည်း ဖြစ်သည်။

ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ ၊ ယဉ်ကျေးမှု အစီအစဉ် က နှစ် စဉ် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်
များ ထိမ်းသိမ်း ရန် အတွက် ငွေကြေး ထောက်ပံ့သည်။ ပုဂံ မြို့  ဟောင်း ရှိ ဘုရား ပု ထိုးများ အတွက်
လည်း သာသနာ ရေး ၀န်ကြီးဌာန က ယဉ်ကျေးမှု ဌာန နှင့် တွဲ ဖက် ပြီး ပြပြင် ထိမ်းသိမ်း မှု လုပ်ငန်း
အတွက် နှစ်စဉ် ဒေါ်လာ သိန်း နှင့် ချီ ရရှိ သည်။

သာသနာ ရေး ၀န်ကြီး ဌာန နှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန ကို ထို ငွေ ကို ခွဲ ယူ သည် ။ သာသနာ ရေး
က ဘုရား များ ကို ထုံး သုတ် ပြီး ယဉ် ကျေးမှု ၀န်ကြီး ဌာန က စေတီ အနီးရှိ မြက် နှင့် ခြုံပင် များကို
ရှင်း ပေးသည်။ ပို ငွေ ကို တော့ အိတ် ထဲ ထည့် လိုက်ကြသည်။

ယူနက်စကို မှ မြန်မာ နိုင်ငံ သို့  ထောက်ပံ့ ငွေ (၂၀၁၃) ခုနှစ် အတွက်

Myanmar Corruption Report ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ နှင့် FNG ၏ လွတ်
လပ်သော သီးခြား စုံစမ်း မှု များ ကို ပူးပေါင်း ၍ ဤ စုံစမ်း ထောက် လှမ်း သတင်း ဆောင်း
ပါး ကို ဖော် ပြပါသည်။

ပြုစု ဖော် ပြ မှု နှင့် တည်း ဖြတ် မှု ကို ဂျပန် နိုင်ငံ ၊ အမေရိကန် နိုင်ငံ ၊ ထိုင်း နိုင်ငံ
တို့  တွင် ပြု လုပ်သည်။

၉၅ မျက် နှာ အစီရင်ခံစာ အပိုင်း ၂ တွင် (နက်ဖြန်) တွင် အားကစား ၀န်ကြီးဌာန
နှင့် သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာ ကြွယ်ဝ လာမှု (စောင့်မျှော် ဖတ်ရှု ပါ)

(၂၀၁၃ ခုနှစ် ဧပြီ လ မှ ဒီဇင်ဘာ လ ထိ မြန်မာ နိုင်ငံ မြို့  အသီးသီး ရှိ အစိုးရ ဌာန
များ ၊ ၀န်ထမ်း များ ၊ အဖွဲ့  အစည်းများ ၊ စီးပွားရေး လုပ်ငန်း များ နှင့် ဆိုင်ရာ
နယ် ပယ် မှ လူပုဂ္ဂိုလ် အချို့  ကို စုံစမ်း မေးမြန်းထား ခြင်းဖြစ်သည်)

ဤ ဆောင်း ပါး နှင့် ပတ်သက် ပြီး သင့် တွင် ပြောလို သည် များ ရှိ ပါက info@freedomnewsgroup.com

ဦးအုန်းမြင့်ကသမ္မတကြီးစကားနားမထောင်



ဦးအုန်းမြင့်ကိစ္စက ပြောမယ်ဆိုရင် ဦးအုန်းမြင့်ရယ် အဲဒီရွာသားတွေရယ် နဲ့ပဲဆိုင်ပါတယ် ဘေးကလူတွေ နဲ့ လုံးဝမဆိုင်ပါဘူး ၊ အနေသာကြီးပါ ၊ အခုသမ္မတကြီးက ဖြေရှင်းရေးနည်းလမ်းတွေကို ဦးအုန်းမြင့်ကို သင်ပြပေးလိုက်ပါပြီ ၊ အဲဒီရွာကိုသွားပြီး အလုပ်သဘောတောင်းပန်လိုက်ရင်ပြီးသွားမှာပါ ၊ ဘေးကလူတွေက အိုးကမပူ စလောင်းကပူ ဝိုင်းမလုပ်ကြဖို့ပဲလိုပါတယ် ၊ ဒါကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်လည်း ရှင်းပြပြီးပါပြီ ၊ အားလုံးသဘောက်ပေါက်သင့်ပြီလို့ ပြောချင်ပါတယ် ၊

(ဦးရဲထွဋ်)

ဦးအုန်းမြင့်ရဲ့ ဆဲဆို-ကြိမ်းမောင်း ညစ်ညမ်းကြမ်းတမ်းစွာပြောဆိုမှုတွေဟာ အမျိုးသမီးတွေရှေ.မှာပါ



ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၄၄၄)

ကျွန်မတခု ပြောချင်တယ်။

ဝန်ကြီးဦးအုန်းမြင့်နဲ့ ပတ်သက်လို့ပါ။

မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသား အချို့နှင့်ဝန်ကြီးဦးအုန်းမြင့်တွေ့ဆုံရာမှာ ပေါက်လွတ်ပဲစားဆန်ဆန်ဆဲဆိုကြိမ်းမောင်းပြောကြားချက်များနဲ့ ပတ်သက်ပြီး NLD ပါတီမှ လွတ်တော်အမတ် ဦးအောင်စိုးက လက်ရှိအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဘို့ တောင်းဆိုတဲ့အဆိုတင်သွင်းတာကို တွေ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဦးအုန်းမြင့် အနေနဲ့ စေတနာနဲ့ ဆွေမျိုးသားချင်းတွေလို သဘောထားပြီး ရင်းရင်းနှိးနီးပြေဆိုတာ ဖြစ်တယ်လို့ ချေပပြောဆိုတယ်လို့ သိရပါတယ်။

ကျွန်မတို့အားလုံး ဦးအုန်းမြင့်နဲ့ ရွာသူရွာသားတွေ တွေ့ဆုံတဲ့ ဗီဒိယိုကို ကြည့်လိုက်ရပါတယ်။

ကျွန်မ အထူးသတိထားမိတာက ဦးအုန်းမြင့်နဲ့ တွေ့ဆုံတဲ့သူတွေထဲမှာ အထက်တန်းကျောင်းအုပ်ဆရာမကြီးလို့ ထင်တယ်။ အထက်တန်းကျောင်းရှိတယ်။ ကျောင်းအုပ်ဆရာမကြီးလားမေးပြီး နှုတ်ဆက်ပါတယ်။

ဆရာမကြီးရဲ.နောက်မှာ သူနာပြုဆရာမတယောက်ကိုလဲ မြင်နေရပါတယ်။

ပြောချင်တာက ၀န်ကြီးဦးအုန်းမြင့်ရဲ့ ဆဲဆို-ကြိမ်းမောင်း ညစ်ညမ်းကြမ်းတမ်းစွာပြောဆိုမှုတွေဟာ အမျိုးသမီးတွေရှေ.မှာပါ။

အဲဒီအမျိုးသမီးကြီးတွေဟာ ရပ်ရွာမှာ ခေါင်းဆောင်လဲဖြစ်။ အများပြည်သူအကျိုးပြု လုပ်ငန်းတွေလုပ်နေတဲ့ ပညာရေး-ကျန်းမာရေးဦးဆောင်ဝန်ထမ်းများဖြစ်ကြပါတယ်။

ဝန်ကြီးတယောက်အနေနဲ့ မဟုတ်သေးပါဘူး။ သာမာန်အားဖြင့် အမျိုးသားတယောက်အနေနဲ့တောင်မှ အမျိုးသမီးတွေရှေ.မှာ ဒီလို ရုန်ရင်းကြမ်းတမ်းတဲ့ နှုတ်ထွက်စကားတွေ မပြောသင့်ဘူးလို့ဘဲ မြင်မိတယ်။

ဒါကလဲ လူယဉ်ကျေးတယောက်ဆိုရင်တော့ ပြောလေ့ပြောထမရှိဘူးလို့ဘဲ နားလည်တယ်။

ဂုဏ်သရေရှိအမျိုးသမီးတွေရှေ.မှာ ---ညစ်ညမ်းတဲ့ စကားသုံးအနှန်းတွေ၊ ဆဲဆိုကြိမ်းမောင်းမှပြုလုပ်ရင် တရာဥပဒေအရတော့ အာမခံမရနိုင်တဲ့ ရာဇ၀တ်မှုမြောက်ပါတယ်။

ပါးရိုက်မယ်ဟု ကြိမ်းမောင်းမှု။ အမျိုးသမီးများကို ပုဆိုးလှန်ပြမယ်ဆိုတာမျိုးဟာ ရာဇ၀တ်မှု မြောက်နေတယ်။ ဒါကို ဦးအောင်ကြည် ကာကွယ်ပြောဆိုနေတာက အဓိပ္ပာယ်မဲ့နေပါတယ်။

သေချာပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ရဲ.မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ပြောဆိုခဲ့တဲ့ နှုတ်ထွက်စကားများဟာ ရာဇ၀တ်မှုမြောက်တယ်ဆိုတာ သေချာပါတယ်။

ဒီစကားများအတွက် ၀န်ကြီးဥိးအုန်းမြင့်ဟာ တောင်းပန်တာ၊ နှုတ်ထွက်တာနဲမလုံလောက်ပါဘူး။

အမျိုးသမိးများကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု ၊ ခြိမ်းခြောက်ပြောဆိုမှုနဲ့ ထောင်တွင်း အကျဉ်းစံ သင့်ပြီဆိုတာ သေချာပါတယ်။ ဒီအမှုမျိုးက အာမခံပေးလို့ မရတဲ့ အမှုမျိုးဖြစ်ပါတယ်။

ကဲ ----၀န်ချီး---မြန်းပေတော့။ ထောင်နန်း။

( ၄-၂-၁၄)

ဦးအုန်းမြင့်က..သစ်ရာကောက်ကိုထပ်လာပြီးမတောင်းပန်နိုင်ကြောင်းပြောကြားသည်။

ဦးအုန်းမြင့် ပိုင်တဲ့ TRI JADE ဆိုတဲ့ ကျောက်စိမ်းအရောင်းဆိုင်။


ခွန် ဒီးယမ်

မန်းလေး . . ဗိုလ်ချုပ်ရွာ . . ၆၈ လမ်းပေါ်မှာရှိတယ်။
သူပိုင်တဲ့ အိမ်မှာ ဖွင့်ထားတာ။


ဗိုလ်ချုပ်အုန်းမြင့်ရဲ့ TRI JADE မှာ ကျောက်စိမ်းဘယက်တကုံးကို သိန်း၅၀၀ က အနည်းဆုံး



မန်းလေးမြို့ ဗိုလ်ချုပ်ရွာ . . ၆၈ လမ်း. . အုန်းမြင့်ရဲ့ အိမ်မှာTRI JADE ဆိုတဲ့နာမည်နဲ့ ကျောက်စိမ်းအရောင်းဆိုင်အသစ် ဖွင့်ပွဲ အကြီးအကျယ် ကျင်းပနေတယ်။
 ခု . . . အုန်းမြင့်ကိုယ်တိုင် အဲဒီဆိုင်ဖွင့်ပွဲမှာ ကိုယ့်ဆိုင်ကိုယ် ကိုယ်တိုင်တက်ရောက် နေတယ်။ကျောက်စိမ်းဘယက်တကုံးကို သိန်း၅၀၀ က အနည်းဆုံးဆိုပဲဗျ။
သမတတောင် ရာထူးစွန့်တဲ့အချိန် မုန့်ဟင်းငါးဆိုင်လောက်ပဲ ပါးစပ်က ပြောရဲတာ . . . အုန်းမြင့်ကတော့ လက်တွေ့ ကျောက်စိမ်းအရောင်းဆိုင် ပိုင်နေပါပြီ။
သမတကြီး လက်တွေ့မဆောင်ရွက်သေးတဲ့ အစိုးရအဖွဲ့ဝန်ကြီးများ ပိုငိဆိုင်မှုတင်ပြရမယ် ကိစ္စ ခုပဲ စပါတော။့

Naythit NT

ကျားကြောက်လို့ရှင်ကြီးကိုး..ဦးသိန်းစိန်နဲ့တိုး

၅၉(စ၊ဃ)ဖျက်သိမ်းဖို့ဒီနေ့အောက်ကြည့်မြင်တိုင်လမ်းမှစဆန္ဒထုတ်ဖေါ်မည်။

ဝက်မှေးရွာသူ မဖြူဖြူဝင်း အား သက်ဆိုင် ရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရုပ်သံ



ThanLarWaddy Times

လက်ပန်းတောင်းတောင်ဒေသခံ ၀က်မှေးရွာသူ မဖြူဖြူဝင်း အား သက်ဆိုင် ရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရုပ်သံ။

တရုတ်မြေထိုးစက်ရှေ့ ဝင်ရောက် တားဆီးခဲ့တဲ့ လက်ပံတောင်း လယ်သမားတစ်ဦး

အင်းစိန်ဂျီတီအိုင်ကိုယ်ပိုင်အထက်တန်းဘ၀သို့ပြောင်းရရှာပြန်ပြီ

Aung Maung Maung
Myanmar AGTI Society

ဒါငါတို့ကျောင်းရယ်လို့ လက်ညှိး ရဲရဲ ထိုးပြီး မပြောရဲ အောင်ပါပဲဗျာ၊တခုခုတော့ လုပ်ဘို့လိုနေပြီ

နိုင်ငံရေးအရအားကောင်းဖို့လိုအပ်လျက်ရှိ



Yan Myo Thein

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်(ပွင့်လင်းနှင့်ငြိမ်းချမ်းရေး)အဖွဲ့၏ ခေါင်းဆောင်များအကြား နေပြည်တော်တွေ့ဆုံဆွေးနွေးမှုသည် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းကို အတန်အသင့်လှုပ်နှိုးခဲ့သည်ဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များအကြား ယခုတွေ့ဆုံဆွေးနွေးမှုသည် ယခင်တွေ့ဆုံမှုများထက် နိုင်ငံရေးအရ အနှစ်သာရမြင့်မားနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ လေ့လာသူအချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ် နှင့် ၈၈ မျိုးဆက်များအကြား နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မည့် အဆင့်တစ်ခုကို တက်လှမ်းလာနိုင်ဖွယ်ရှိသည်ဟု ကောက်ချက်ပြုကြသည်။ ယခုတွေ့ဆုံမှုနှင့်ပတ်သက်သော နှစ်ဘက်သဘောထားထုတ်ပြန်ချက်ကို အမြန်ဆုံးထုတ်ပြန်သင့်သည်ဟု ထင်မြင်မိသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို အကြောင်းပြုလျက်၊ စနစ်ကျသော၊ ဗျူဟာမြောက်သော၊ ရေရှည်အမြင်ရှိသော နိုင်ငံရေးစီမံချက်၊ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်တစ်ရပ်ကို ရေးဆွဲချမှတ်သဘောတူနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် တစ်ဖက်တွင်လည်း မျှော်လင့်ချက်များကို မြင့်မြင့်မားမားထားရှိရန် တွန့်ဆုတ်နေမှုများ ရှိကောင်းရှိနေနိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ဆွေးနွေးမည့်အကြောင်းအရာများထဲတွင် အဓိကတစ်ခုဖြစ်လိမ့်မည်ထင်သည်။ အထူးသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည် ပြောလက်စရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုပူးပေါင်းပါဝင်နိုင်မည့် အခင်းအကျင်းများကို စဉ်းစားမှုနှင့်လည်း ဆက်စပ်နေနိုင်သည်။ ပြည်သူလူထုအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒသဘောထားကောက်ယူသည့် လက်မှတ်ထိုးလှုပ်ရှားမှုများကို ဒီချုပ်နှင့်၈၈ တို့ပူးပေါင်းဖော်ဆောင်ကောင်း ဖော်ဆောင်လာနိုင်သည်။ ပုဒ်မ (၄၃၆) လို ပုဒ်မမျိုးကို ပြင်ဆင်နိုင်ရန် ဆော်သြလာနိုင်ခြေရှိနေသည်။ အဆိုပါလှုပ်ရှားမှုသည် စနစ်ကျ၊ ထိရောက်ပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနီးပါး အခင်းအကျင်းကြီးတစ်ခုကို ဖော်ဆောင်နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်သည်။ တွေ့ဆုံမှုအလွန်၊ ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်မှုအလွန်ကာလတွင် နိုင်ငံရေးအရ ပိုမိုအားကောင်းသော၊ နားလည်မှုရှိသော၊ ပူးပေါင်းဆောင်ရွက်မည့်အသွင်ဆောင်သော အနေအထားတွင် ဒီချုပ်နှင့်၈၈ တို့အနေဖြင့် ရပ်တည်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက ပြည်သူလူထုအတွက် ခဲလေသမျှသဲရေကျရဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ တွေ့ဆုံပွဲတွင် ကိုမင်းဇေယျ၊ ကိုဋ္ဌေးကြွယ်တို့ မတက်ရောက်ခဲ့ခြင်းသည်လည်းကောင်း၊ တွေ့ဆုံပွဲကို စည်ပင်လွှတ်တော်ကိုယ်စားလှယ်များအဆောင်တွင်ပြုလုပ်ခဲ့ခြင်းသည်လည်းကောင်း ထူးခြားမှုဖြစ်သည်ဟု မှတ်ချက်ပြုနိုင်သည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

ရန်ကုန်မှာ ၃၈ ရာခိုင်နှုန်းက ဘင်္ဂါလီ ဖြစ်နေပြီလို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ပြော



မေး- လက်ရှိရခိုင်မှာ ဘင်္ဂါလီအလုံးစုံလွှမ်း မိုးထားပြီဖြစ်တဲ့ မြို့နယ်တွေရှိရင် သိချင်ပါ တယ်။

 ဖြေ- ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်ပတ်ဝန်းကျင်နဲ့ နောက် စစ်တွေမြို့ တွေမှာ လွှမ်းမိုးထားလိုက်ပြီ။ အဲဒီလေးမြို့ နယ်မှာ စစ်တွေမြို့မှာ ထိန်းလို့ရတဲ့အဆင့်ရှိ တယ်။ ရသေ့တောင်လည်း ထိန်းလို့ရနေသေး တယ်။ မောင်တောနဲ့ ဘူးသီးတောင်က ထိန်းလို့မရတော့ဘူးဖြစ်နေ တယ်။ မောင်တောမှာ ရွှေ့ပြောင်းဘင်္ဂါလီရာခိုင်နှုန်းက ၉၈ ရာခိုင်နှုန်း အထိလွှမ်းမိုးထားပြီး ရခိုင်လူမျိုးက နှစ်ရာခိုင်နှုန်းပဲရှိတော့တယ်။ ဒီအခြေအနေ ကို အစိုးရက အကာအကွယ်ပေးဖို့လိုမယ်။ မဟုတ်လို့ အာဆီယံမှာ မျက်နှာပန်းလှအောင် လုပ်ရင် နောက် ၁၀နှစ်လောက် အတွင်းမှာ အနောက်တံခါးက ကျိုးသွားနိုင်တယ်။ ဒါကို မထိန်းသိမ်းဘူးဆိုရင် သူတို့ရဲ့လူဦးရေပေါက် ပွားနှုန်းက များတဲ့အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် လည်း မုတ်ဆိတ်နဲ့ဖြစ်လာမယ်။ ဒီမိုကရေစီစနစ်အရ လူများသူက မဲနိုင်ရင် တက်တာကိုး။ နောက်အဲဒီကတစ်ဆင့် အ နောက်တံခါးကျိုးတဲ့အတွက် မကြာမီရန်ကုန် ကျသွားမယ်။ အခုစာရင်းတွေပြုစုနေတယ်။ ကျွန်တော်ကြား တာကိုပြောရရင် ကရင်ပြည် နယ်မှာ ရာခိုင်နှုန်း ၄၀ က ဘင်္ဂါလီဖြစ်နေ ပြီ။ နောက်ရန်ကုန်မှာ ၃၈ ရာခိုင်နှုန်းက ဘင်္ဂါလီ ဖြစ်နေပြီ။ အဲဒီလို အခြေ အနေမှာ အင်တာ နေရှင်နယ်ဖိအားကို ကြောက်လို့ သူတို့ကို ကြီးစိုးခွင့်ပေး လိုက်ရင် မြန်မာနိုင်ငံကလည်း နောက်လာမယ့် အနှစ် ၂ဝခန့်လောက်ဆိုရင် ဒုတိယမလေးရှားဖြစ်သွားမယ်။ အင်ဒို နီးရှားနိုင်ငံလို ဖြစ်သွားမယ်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်

ကျမကအသက်ကြီးတော့အရင်ဖြစ်သင့်တာပေါ့

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ သလို၊ သူရဦးရွှေမန်းကလည်း အမျှတဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဂတိပေးပြောဆိုသွားပါတယ်။

တော်တော်ဆိုမှ တကယ့်တော်တော့ကိုတော်တာ...

US Senior advisor for Burma အား လက်ခံတွေ့ဆုံ...



 *****************************************
 ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၁ နာရီက ပြည်သူ့လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် I-12 တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား Judith Caflain (US Senior advisor for Burma) မှ လာရောက်တွေ့ဆုံရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။
NLD Chairperson