Thursday, February 6, 2014

ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ



မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ
 News Eleven
February 6, 2014
နေထွန်းနိုင်

 မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စီးနင်းခဲ့သည့်ကားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး မှန်ကွဲခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

“မနေ့က မလေးရှားစံတော်ချိန် ၁၁ နာရီ ၂ဝမှာ ဖြစ်တယ်။ သူတို့က ညစာစားပြီးတော့ ကုန်တိုက်က ဈေးဝယ်ပြီး ကားနဲ့ အထွက်မှာ နောက်ကလိုက်ပြီးတော့ ရှေ့က ကားတစ်စီးက ပိတ်တယ်။ နောက်က ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ပစ်တယ်။ ကံကောင်းချင်တော့ ကားက BMW သံထူတော့၊ အထဲကို မပေါက်ဘဲနဲ့ ကားဘော်ဒီပဲ ငါးချက် ပေါက်သွားတယ်။ရှေ့ကားက ဒေါက်တာအေးမောင်ကို ထပ်ပစ်တာ။ မှန်ကွဲတယ်။ ၉ မမ ကျည်ဆံ ငါးတောင့်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။

ပစ်ခတ်ခဲ့သူများသည် ဗမာစကားပြောတတ်သူများဖြစ်ကြပြီး ပစ်ခတ်သူများက’ပစ် ပစ်’ ၊ ‘ပြေး ပြေး’ ဟု အော်ဟစ်ကြောင်း ဦးဇော်အေးမောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောစကားကို အခြေခံပြီးဆိုသည်။

    မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့  ဖော်ထုတ်နေတယ် . . .

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သံရုံးသို့ လာရောက်သတင်းပေးပို့ချက်အရ ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သိရှိရကြောင်း ပြောကြားသည်။

“ဒီနေ့ကွာလာလမ်ပူမှာ မလေးရှားစံတော်ချိန် မွန်းတည့် ၁ နာရီခွဲမှာ ဒေါက်တာအေးမောင်တို့၊ ဦးအေးသာအောင်တို့အဖွဲ့က သံရုံးကိုဆက်သွယ်ပြီးတော့မှ သတင်းပို့ပါတယ်။ သူတို့ရဲ့သတင်းပို့ချက်အရ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှား စံတော်ချိန် ည ၁၂ နာရီလောက်မှာ သူတို့ မြို့ထဲကနေပြီးတော့ ဟိုတယ်ကို ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီး လိုက်လာပြီးတော့မှ သေနတ်နဲ့ပစ်ခတ်တယ်လို့ သတင်းပို့ပါတယ်။ သူတို့ သတင်းပို့ချက်အရတော့ ပစ်ခတ်မှုကြောင့် ကားကိုပဲ မှန်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒီတော့ မွန်းတည့် ၁ နာရီခွဲမှာ ကျွန်တော်တို့ အဲဒီသတင်းပေးချက်ကို ရရချင်းပဲ မလေးရှားနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပါတယ်။ ဆက်သွယ်ပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်”ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့်လည်း  သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

“မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့ ဖော်ထုတ်နေတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဖဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်၊  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ တို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ရခိုင်လူမှုရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (RSSR) ၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ ရက်က စတင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း  “မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ရခိုင်ပြည်နယ်နိုင်ငံရေး”ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူများအား The Daily Eleven က သီးခြားဆက်သွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း ဦးဇော်အေးမောင်ကမူ ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆိုပါသည်။

“ဒေါက်တာအေးမောင်ကတော့ ကံကောင်းလို့ဆိုပြီး ပြောတယ်။ သူ့ကိုပစ်မှတ်ထားပြီး ပစ်တာပေါ့။ သူ့ဘက်က ထားပြီးတော့ ပစ်တာ”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဝန်းကျင်၌ ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်များကိုလည်း မလေးရှားရဲက ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

“သူတို့ရဲ့ ရဲတပ်ဖွဲ့လုပ်ငန်းဆိုတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်ဘူးပေါ့။ သေချာတာတစ်ခုကတော့ သူတို့ အလေးထားပြီး ကိုင်တွယ်တယ်လို့တော့ ကျွန်တော်တို့ နားလည်ထားတယ်။ အရင်နှစ်တွေကအမှုတွေ ဖြစ်တဲ့နေရာကလည်း နဂိုက ရာဇ၀တ်ဂိုဏ်းတွေ ပေါများတဲ့နေရာမှာဖြစ်တော့ ဖော်ထုတ်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာလုပ်ငန်းရှင်တစ်ဦး ယာဉ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။

ဆရာတော်ဦးသောမနှင့် ရွှေည၀ါဆရာတော်နှစ်ဦးအားတရားပွဲကျင်းပခဲ့သည်ရှိသော်တရားစွဲမည်


၉ ရပ်ကွက် မြေတိုင်း(၂) ပန်းခြံ(၇) မြစံပယ်လမ်း ရွှေပြည်သာမြို့(ရန်ကုန်တိုင်းဒေသကြီး)တွင် ဂရုဏာမြင့်မိုရ် ပရဟိတလူငယ်များမှ ဦးဆောင်ပြီး(၁၇/၁၈/၁၉//၂၁.၂.၂၀၁၄) နေ့ရက်များအတွင်း ဓမ္မပူဇာ တရားပွဲကျင်းပရန်ဆရာတော် (၅)ပါးအား လျှောက်ထားပြီးဖြစ်ပါသည်။
တရားပွဲကျင်းပရန်အတွက် သက်ဆိုင်ရာ မြို့နယ်သံဃနာယကဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှုးများထံသို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ရဲစခန်းထံသို့လည်း ကြိုတင်လျှောက်ထားပြီးဖြစ်ပါသည်။

သို့သော်ငြားလည်း တရားပွဲနီးကပ်လာသောအချိန်မှ ဆရာတော်ဦးသောမနှင့် ရွှေည၀ါဆရာတော်နှစ်ဦးအား ခွင့်ပြုချက်မပေးပဲ ကျန်ဆရာတော်များဖြစ်သော ဘဒ္ဒ န္တတေသရ၊ ဦးဥတ္တမသာရ၊ ဦးဝီစာရတို့ (၃)ဦးကိုသာ ခွင့်ပြုချက်ပေးပါသည်။

ဆရာတော် ဦးသောမနှင့် ရွှေည၀ါဆရာတော်တို့အား ၄င်းတို့ခွင့်ပြုချက်မရပဲ တရားပွဲကျင်းပခဲ့သည်ရှိသော် ဦးဆောင်သူ လူငယ်များကို တရားစွဲမည်ဟုလည်းသိရပါသည်။

ဂရုဏာမြင့်မိုရ် ပရဟိတလူငယ်များမှလည်း တရားစွဲခဲ့သည်ရှိသော် အဖမ်းခံပြီး ၄င်းတို့အဖွဲ့၏ တရားပွဲဖြစ်မြောက်ရေးကို ဆက်လက်ဆောင်ရွတ်မည်ဟုသိရပါသည်။

ဤသတင်းကို ဖော်ပြရခြင်းမှာ အထက်ဖော်ပြပါ လိပ်စာသည် ကျွန်တော်မိဘများနေသော နေအိမ်အနီးတွင်ဖြစ်ပြီး ဆရာတော်ဦးသောမသည်လည်း ကျွန်တော်ကုန်းနေသတ္တ၀ါတို့၏ အသားကို ရာသက်ပန်လှူဒါန်းရခြင်းဖြစ်အောင် သံဝေဂတရား ပေးသနားတော်မူသော အထူးကျေးဇူးတင်ထိုက်သော ဆရာတော်ဖြစ်ပါသော်ကြောင့် ကျွန်တော့်၏ ရပ်ကွက်အတွင်း မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဆရာတော်၏ တရားများကို နာယူစေချင်းအလို့ငှာ ကျွန်တော်၏ Face bookပေါ်ရှိ ဓမ္မမိတ်ဆွေများအား ဤသတင်းကို Share ခြင်းဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခွင့်ပြုချက်ကို ရရှိနိုင်စေရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

ဓမ္မပူဇာဦးဆောင်သောလူငယ်များ
၁။ ကိုဇော်မြင့်
၂။ ကိုသက်နိုင်
၃။ ကိုချစ်နိုင်ဦး
၎။ကိုကျော်သူရ၀င်း
၅။ ကိုညီညီထက်

မှတ်ချက်။ ။ တရားပွဲဖြစ်မြောက်ရန် ရပ်ကွက်အိမ်အနည်းငယ်တွင် တစ်နေ့လျှင်(၁၀၀ိ/-)ဖြင့်အလှူခံ၍ တစ်နှစ်ပြည့်အောင် စုဆောင်းပြီးမှ ဤတရားပွဲဖြစ်မြောက်အောင် ဆောင်ရွတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

လေးစားစွာဖြင့်
ဇော်မျိုးဝင်း(စက်မှုစွမ်းအား)
Zaw Myo Win-mechanicial Power

မီဒီယာကို စိန်မခေါ်ဟု ဦးအုန်းမြင့်ပြော



The Voice Weekly


မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း ပြောကြားချက်များမှာ သတင်းမီဒီယာများကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်ပြောကြားခြင်း မဟုတ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာတွင် ကျေးရွာ လူထုနှင့် တွေ့ဆုံရန် ထပ်မံသွားရောက်သည့် ခရီးစဉ်တွင် မီဒီယာများကို ပြောကြားသည်။

ဦးအုန်းမြင့်၏ မကွေးတိုင်းဒေသကြီးသို့ သွားရောက်သော ခရီးစဉ်အတွင်း “ဘယ်ကောင်မှလည်း စောက်ဂရုမစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင် တာလည်းရေး။ ကျွန်တော်လည်း ပုဆိုးလှန်ပြလိုက်တယ်” ဟူသော ပထမအကြိမ် သွားရောက်စဉ်က ပြောကြားချက်များနှင့် ပတ်သက်၍ သစ်ရာကောက် ကျေးရွာသို့ ဝန်ကြီး ဦးအုန်းမြင့် ထပ်မံလာရောက်ချိန်တွင် မီဒီယာများက မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“ဘယ်မီဒီယာကိုမှလည်း မရည်ရွယ်သလို ဘယ်သူ့ကိုမှလည်း မစော်ကားဘူး” ဟု ဦးအုန်းမြင့်က ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဝန်ကြီး ဦးအုန်းမြင့်က အဆိုပါ ကျေးရွာသို့ သွားရောက်၍ ကျေးရွာ လူထုနှင့် တွေ့ဆုံကာ သောက်သုံးရေနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့ရန် ပြောဆိုခဲ့ကြောင်း၊ သောက်သုံးရေ ရှားပါးနေမှုကို ဌာနတွင်းမှ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းနေ့၌ပင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၏ ပြီးခဲ့သည့်လအတွင်း သစ်ရာကောက် ကျေးရွာတွင် ဒေသခံ ပြည်သူများကို ပြောကြားခဲ့သော စကားများနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့က အမြန်ဆုံး ဖြေရှင်းပေးရန် လောင်းလုံးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီး အဆိုတစ်ရပ် တင်သွင်း အတည်ပြုခဲ့သည်။

ဦးအုန်းမြင့်၏ ပြောစကားများမှာ လွှတ်တော်၊ အစိုးရအဖွဲ့နှင့် နိုင်ငံရေး ပါတီများ အပါအဝင် ပြည်သူကို စော်ကား ရာ ရောက်သဖြင့် ပြန်လည် ဖြေရှင်းရန် အရေးကြီး အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ရှင်းပြသည်။

ယင်းသို့ ဦးအုန်းမြင့်၏ ပြောစကားများနှင့် ပတ်သက်၍ လွှတ်တော်၌ အရေးကြီးအဆို တင်သောနေ့၌ပင် ဝန်ကြီး ဦးအုန်းမြင့်က သစ်ရာကောက်သို့ သွားရောက်၍ တောင်းပန်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ် တောင်းပန်ခြင်း မရှိကြောင်း ကျေးရွာ ဒေသခံတစ်ဦးက The Voice သို့ ပြောကြားသည်။
“တောင်းပန်တဲ့စကား တစ်ခွန်းမှ မပြောခဲ့ဘူး” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

ဦးအုန်းမြင့်သည် သစ်ရာကောက်တွင် ‘ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ဗိုလ်ချုပ် အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ။ ဘယ်နိုင်ငံရေး ပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့၊ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှမတိုးတက်ဘူးပြော။ သောက်ရူးတွေ ပြောနေတာ၊ မယုံနဲ့’ စသည်ဖြင့် ပြည်သူလူထုကို စော်ကားသည့် စကားများ ပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြောကြားသည်။

ဦးအုန်းမြင့်၏ အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ ပြည်တွင်း မီဒီယာများနှင့် အွန်လိုင်း စာမျက်နှာများတွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီး ဝန်ကြီး၏ ပြောဆိုချက်များအတွက် သင်ခန်းစာ ရမိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က သွားရောက်သည့် သစ်ရာကောက် ခရီးစဉ်တွင် ကျေးရွာ အထက်တန်းကျောင်းအတွက် ကျောင်းသုံးပစ္စည်းများ၊ အုတ်ရေလှောင်ကန်နှင့် ဆိုလာမီးတစ်စုံ၊ ကျေးရွာ သောက်သုံးရေအတွက် စက်ရေတွင်းနှင့် လျှပ်စစ်မီး၊ ကျေးရွာချင်းဆက် လမ်းတံတားများ ပြုပြင်ရေးတို့ကို ထောက်ပံ့ခဲ့ပြီး သစ်ရာကောက်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွက် ဘုရားဆင်းတုတော်များနှင့် လျှပ်စစ် ခေါက်ခုတင် လှူဒါန်းခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

တောင်းပန်မရတော့သည့်နောက်

၅၉(စ)လက်မခံနိုင်ကြောင်းကိုဂျင်မီဆို


First Weekly

နိုင်ငံသားအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ထားသည့် ဥပဒေပုဒ်မများကိုဖျက်သိမ်းပေးရန် ၈၈ မျိုးဆက်များ တောင်းဆိုခဲ့ပြီးဖြစ်၊ ၅၉(စ)သည် နိုင်ငံ သား အခွင့်အရေးကိုချိုးဖောက်ထားသည့်အတွက် လက်မခံနိုင်ကြောင်းကိုဂျင်မီဆို

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် အဟန့်အထားဖြစ်နေသည့် ပုဒ်မ ၅၉ (စ) အပေါ်မကြာမီရက် ပိုင်းအတွင်းက ကွန်ရက်တစ်ခုက အခမ်းအနားတစ်ခု ပြုလုပ်ပြီး ၏၎င်းပုဒ်မအား မပြင်ဆင် သင့်ကြောင်း၊ နိုင်ငံတော်သမ်္မတသည် သာမန် ပြည်သူတစ်ဦးမဟုတ်သည့်အ တွက် ၎င်းပုဒ်မအား မပြင်ဆင်သင့် ကြောင်းပြောကြားသွားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ လူထုဆက်ဆံ ရေးဌာန အတွင်းရေးမှူး ကိုဂျင်မီ ၏ သဘော ထားကို ဆက်သွယ် မေးမြန်းကြည့်ရာတွင် ၎င်းက ၅၉ (စ)နဲ့ပတ်သက်လို့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ တရားဝင်ခွင့်ပြု မိန့်တောင်းပြီး ရန်ကုန်မြို့ ဗန်္ဓုလ ပန်းခြံဘေးမှာ ထောင်ကထွက်လာ ပြီး ပထမဆုံးအကြိမ် လမ်းပေါ် ဆန်္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ဆန္ဒပြပွဲဟာ နိုင်ငံသားအခွင့်အရေး တွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေ ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီဆန္ဒပြပွဲဟာ အရပ်ဘက်အ ဖွဲ့အစည်း ၅၉ ဖွဲ့စု ပေါင်းပြီးပြုလုပ်ခဲ့တဲ့အတွက် ဂျာ နယ်တွေနဲ့ နေ့စဉ်ထုတ် သတင်းစာ တွေမှာလည်းပါခဲ့ပြီးပါပြီ။ ၅၉ (စ) ဆိုတဲ့ပုဒ်မဟာ နိုင်ငံသား အခွင့်အ ရေးကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ ပုဒ်မ ဖြစ်တဲ့အတွက် ကျွန်တော် တို့အဖွဲ့ရဲ့ မူအရ လုံးဝလက်မခံနိုင်ဘူးဆိုတာ တစ်တိုင်းပြည်လုံးသိအောင် ဆန်္ဒ ထုတ်ဖော်ပြီးခဲ့သလို လွှတ်တော်နဲ့ အစိုးရအဖွဲ့ကိုလည်း တရားဝင်စာ ပို့ခဲ့ ပြီးပါပြီ။ နိုင်ငံတော်သမ်္မတက လည်း နိုင်ငံသားတိုင်း သမ်္မတဖြစ် ခွင့်ရှိတယ် ဆိုတာကိုပြောခဲ့ပြီးပါပြီ။

လူတစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး ရေးဆွဲတယ်တဲ့ ဖွဲ့စည်းပုံမျိုးဟာ ဖြစ် သင့်တဲ့ ဖွဲ့စည်းပုံမဟုတ်ပါ ဘူးဟု ပြောကြားသွားခဲ့သည်။ အဆိုပါကိစ်္စနှင့် ပတ်သက်၍လွှတ် တော်တွင် ၅၉ (စ) မပြင်ဆင်ရေး အတွက် လက်မှတ် ထိုးခဲ့သူဦးရေ တစ်သိန်းကျော်ရှိကြောင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က မီဒီယာများအားလက် မှတ်ပေါင်း တစ်သိန်းကျော်ရှိတယ် လို့ပြော တယ်။ ကိုယ်ရေးအချက်အ လက်တွေလည်းမတွေ့ရဘူး။

အန်တီတို့ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက်လူထုအတွင်းပွင့်ပွင့်လင်းလင်း ပြု လုပ်တဲ့ပွဲတွေကိုကြည့်ရင် သိနိုင်တဲ့အတွက် အလေးထားစရာ မလိုကြောင်း၊ လာမည့်ရွေးကောက် ပွဲတွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရ မှာကြောက်နေသည့်အ တွက်ဖြစ် ကြောင်း မီဒီယာများအား ဖြေကြား သွားခဲ့သည်ကိုသိရှိရသည်။


မန္တလေးမှာခြေဥပြင်ရန်ဆန္ဒပြပွဲကြေငြာချက်

ကျနော်ဆဲတာ တစ်လုံးမှ မပါဘူး

ဦးကျော်ဆန်းက ရှမ်းတိုင်းရင်းသားတွေကိုဂျင်းထည့်



ကျော်ဆန်းဂျပုကတော့ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းမှာ....ရှမ်းတိုင်းရင်းသားတွေကို...

တရုတ် ချေးငွေသန်း၇၀၀ ထဲက....လောလောဆယ် ပထမအရစ်...သန်း၁၀၀ စရပြီးဖြစ်လို့....ပြည်သူတွေကို

စတင်ချေးနေပြီလို့....ပြောသွားပါတယ်...။

ငွေကျပ်သိန်းပေါင်း တစ်သောင်းငါးထောင် ....သမ၀ါယမ အသင်းသားတွေ အတွက်...ငွေသားသက်သက် ချေးပေးပြီး...။

ကျပ် သိန်းပေါင်း ၂သောင်းကိုတော့ လယ်ယာစက်ပစ္စည်းတွေကို အရစ်ကျ ရောင်းချပေးခဲ့....။

လူမှုစီပွားဖွံ့ဖြိုးစေဘို့ ဆိုပဲ...။

အဝေရာကွင်းမှာ...တရုတ်ချစ်တီးအတွက်...ပုဆိန်ရိုးဂျပုကျော်ဆန်းက ရှမ်းတိုင်းရင်းသားတွေကို.....ဂျင်းထည့်လိုက်တာပါ....။

လယ်ယာသုံးစက်ပစ္စည်းတွေဆိုတာကလည်း....တစ်ရက်စုတ်မယ့် တရုတ်စက်တွေ ဖြစ်မှာ သေချာပါတယ်....။

ဒီလိုတရုတ်အားကိုး ပုဆိန်ရိုးကျော်ဆန်းက ဘယ်ဝန်ကြီးဌာနရောက်ရောက်....လုပ်ကွက်တွေ ဖန်တီးပြီး...ကိုယ်ကျိုးရှာနေအုံးမှာ သေချာပါတယ်...။

စက်ပစ္စည်းတွေ ပေါ်မှာ ဘယ်လောက် တင်ရိုက်လိုက်မလည်း ဆိုတာ...မြင်နေပါတယ်...။

တရုတ်ဆီက ဒီလောက်အတိုးကြီးကြီးနဲ့ ယူပြီး...တရုတ်စက်တွေကို...ဂျင်းထည့် လိုက်တာမှန်း...သိသာပါတယ်...။

တောင်ကြီး အဝေရာကွင်းဟာ....ပြည်သူတွေ စစ်ကျွန် ဘ၀ က လွတ်အောင်လုပ်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်သာ သုံးခွင့် မရှိပေမဲ့....

ပြည်သူကို တရုတ်နဲ့ပေါင်း အကြွေးနွံနစ်စေမယ့် ...တရုတ်စက်နဲ့ တရုတ် ချေးငွေ အတိုးကို...ဂျင်းထည့်ဘို့ကျတော့ ...သုံးခွင့်ရှိတဲ့....တပ်ပိုင်မြေဖြစ်နေပါတယ်...။

လူမှုစီးပွားတွေပဲ ဖွံ့ဖြိုးလာမလား....လက်ထည်းက တရုတ်စက်တွေ ခဏနဲ့ ပျက်သွားလို့....အတိုးမပေးနိုင်ရင်....လယ်သိမ်း ယာသိမ်းဇာတ်လမ်းတွေ

ကြားလာရမလား....စောင့်ကြည့်ဘို့တောင်....အားမရှိပါဘူးဗျာ...။
__________________
Scuba Som
6-2-2014

ဒီနေ့ကာတွန်း

ရွှေလင်ပန်းချောင်းဘေးရှိကျူးကျော်ရှင်းလင်းခံရသူများအနက် လူဦးရေ ၃၀၀ ခန့်လမ်းဘေးတွင် နေရဆဲ

r ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်အများစုတွင် ကျန်းမာရေးချို့ယွင်းမှုကြုံနေရ

ဖွဲ့စည်းပုံပြင်ဆင်ရန်နှင့် ပုဒ်မ(၅၉)ပြင်ဆင်ရန် ရန်ကုန်တွင် (၃)ကြိမ်မြောက် ဆန္ဒဖော်ထုတ်

စွန့်လွှတ်တာတောင် မြေဧက ၁၅၀၀၀၀ဆိုတော့ကျန်တာဘယ်လောက်ထင်လဲ



 Eleven Media Group
သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား

သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည်စွန့်လွှတ်ရန်အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော အစီရင်ခံစာ အပိုင်း(၁) (၂) (၃)ပါ ကိစ္စနှင့် ပတ်သက်၍ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ တပ်မတော်အနေနဲ့ အားလုံးပြန်လည်စွန့်လွှတ်သည့် မြေဧက ၁၀၀၄၁ ဒသမ ၈၉၊ တစ်စိတ်တစ်ဒေသ ပြန်လည်စွန့်လွှတ် မြေဧက ၂၆၅၁၂ဒသမ ၂၉ ရှိခဲ့ပြီး ယခုလည်း စိစစ်ပြီးမြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ အား ပြန်လည်စွန့်လွှတ်ပေးရန်အတွက် တပ်မတော်အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ပါတယ်။ ယခင်စွန့်လွှတ်ခဲ့ပြီးသော မြေဧက ၅၄၂၅၅ ဒသမ ၀၀၃ ဧကနှင့်ပေါင်းပါက တပ်မတော်မှ စွန့်လွှတ်မည့် မြေစုစုပေါင်းမှာ ၂၀၈၃၇၁ ဒသမ ၅ ဧကခန့် ရှိသွားမယ်ဖြစ်ပါတယ်။ ယခုထပ်မံစွန့်လွှတ်မယ့် မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအတွက်လည်း တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဆွေးနွေးခဲ့သည့် မြေကိစ္စများကြောင့် တပ်မတော်အား ပြည်သူများ ချစ်ကြည်လေးစားမှု ကျဆင်းလာခြင်းသည် အလွန်နှမြောစရာကောင်းကြောင်း ဆွေးနွေးချက်နှင့် ပတ်သက်၍ ကာကွယ်ရေး ဒုတိယ၀န်ကြီးက တပ်မတော်အနေနှင့် မြေယာနှင့်ပတ်သက်၍ ပြည်သူလူထုအား အခမဲ့စေခိုင်းမှု မရှိသလို အခကြေးငွေ အပြည့်အ၀မပေးဘဲ ခိုင်းစေမှုလည်း မရှိကြောင်း၊ ဥပဒေအရလည်း ခွင့်ပြုမထားကြောင်း၊ မြေကိစ္စကို တပ်မတော်အနေနဲ့ လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းနေသည့်အတွက် တစ်စုံတစ်ခုသော အချိန်အတိုင်းအတာ ရောက်ပါက ပြေလည်သွားမည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်က ရွာလုံးကျွတ် ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ မိသားစုတစ်စုကို တွေ့ရစဉ်

၂၀၀၈ ခြေဥ ပြင်ဖို့လိုသလား တရားတော်ကြီး




ဆရာတော်တွေတရားဟောတာရဲရင့်ငယ်တသက်ဒီလိုတခါမှမနာဖူးပါ။
ဘုရားဟောမှာလည်းဒါမျိုးရှိမယ်မထင်....

လင်ရှာလင်ရွေး တရားတော်

ခရိုနီတရားတော်




ပြည်ခိုင်ဖြိုး ဂဝံလမ်း

The Voice Weekly

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ မြို့သစ် ၁၀ လမ်းကို လမ်းခင်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က လမ်းဖွင့်ပွဲ လုပ်ရာတွင် ပြည်ခိုင်ဖြိုး ဂဝံလမ်းဟု အမည်တပ်ကာ လမ်းဖွင့်ခဲ့သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ခွဲနှင့် ဒိုက်ဦးမြို့နယ် ရှိ နိုင်ငံရေးပါတီများသို့ ကန့်ကွက်စာများ ပေးပို့သွားမည် ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး က ပြောကြားသည်။

“နာမည်ကတော့ တစ်နိုင်ငံလုံးမှာ ကြံ့ခိုင်ရေးလမ်း၊ ကြံ့ခိုင်ရေးရွာ၊ ကြံ့ခိုင်ရေး တံတားဆိုပြီးတော့ ယခင် အသင်းတုန်း ကတည်းက နာမည်တွေ ပေးထားကြတာ။ အခုလည်း မုခ်ဦးဆိုင်းဘုတ်မှာ စာသား အထားအသို မှားသွားတာပါ။ ဒီငွေက လွှတ်တော်ခွင့်ပြုငွေ ပြည်သူ့ ဘဏ္ဍာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီရဲ့ငွေမဟုတ်ပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသောငွေဖြင့် လမ်းခင်းခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်သည့် လမ်းဖွင့်ပွဲတွင် ယင်းသို့ အမည်တပ်လိုက်ခြင်းမှာ ပါတီငွေဖြင့် လုပ်သည့် သဘော သက်ရောက်သည့်အပြင် အခြားပါတီများထက် အခွင့်အရေး ပိုယူသည့်သဘော ဖြစ်နေ သည့်အတွက် ထိုသို့ကန့်ကွက်စာ ပို့ခြင်း ဖြစ်ကြောင်း (NLD) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်က ဆိုသည်။