Saturday, February 8, 2014

မစားရတဲ့အမဲ သဲ နဲ့ ပက်ကြ ပြီ




ဖီလော်ဆိုဖာမောင်မြ
၎.၂.၂၀၁၄

မိုးထဲရေထဲဒုက္ခပင်လယ်ဝေချိန်မှာ NLD ကို သစ္စာဖေါက်သွားတဲ့ နိုင်ငံရေးသစ္စာဖေါက်တွေမို့ လက်မခံဘူးဆိုတာတိတိကျကျသိလိုက်ရပြီးတဲ့နောက်ပိုင်း ၂၀၁၅ - အထွေထွေရွေးကောက် ပွဲ မှာလဲ NLD ကို ကျော် မရနိုင်မှန်း သေချာသိတဲ့အတွက် မစားရတဲ့အမဲ ကို သဲ နဲ့ ပက်တာ ပဲ လို့ ကျနော်တော့ ဒီလိုပဲ နားလည်မိပါတယ်၊


ဒေါ်စု အကျဉ်းခံဘ၀က လွတ်မြောက်လာတဲ့အချိန်မှာ NDF ခေါင်းဆောင်တွေ ကိုယ်တိုင်က ဒေါ်စု ဟာ ကျနော်တို့ခေါင်းဆောင်ပဲ လို့ ထုတ်ဖေါ်ပြောကြား လာခြင်းနဲ့အတူ ဒေါ်စုသာ သူတို့ ကိုလက်တွဲခေါ်ပါက လက်ရှိ NDF ပါတီကို ဖျက်သိမ်းပေးမယ်လို့ တရားဝင် ပြောကြားခဲ့ပြီးနောက် ဒေါ်စု နဲ့ NDF ခေါင်းဆောင်တွေ အလွတ်သဘော ပုဂ္ဂိုလ်ရေးအရ တွေ့ ခဲ့ကြပါသေးတယ်။

စစ်အာဏာရှင်ဟာ အရေခွံလဲပြီး အရပ်သားအ၀တ်နဲ့ စစ်အာဏာရှင်ပုံစံ ကိုပဲ ပြတ်ပြတ်သားသားကိုယ်ရောင်ပြလာ ဟာ ဒီမိုကရေစီအုပ်စုအတွက် မဆန်းပေမဲ့ ဒီမိုကရက်တစ်အုပ်စုပါလို့ လူထုကြားမှာထင်နေခဲ့တဲ့ ဒီမိုကရေစီ ပါတီ ဟာ စစ်အာဏာရှင် ဗိုလ်သန်းရွှေ မွေးနေ့ ( ၂ ) ရက်နေ့မှာ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်စုနဲ့ စစ်တပ်ကလာတဲ့ ဗိုလ်သန်းရွှေ ကို ရွေးပါ ဆိုရင် ဗိုလ်သန်းရွှေ ကို ရွေးမယ် ၊မဲပေးမယ်လို့ ပြောင်ပြောင်တင်း တင်း ထုတ်ဖေါ်ပြောကြားလိုက်တဲ့ NDF အမတ်ကြီးဒေါ်ခင်ဝိုင်းကြည်ကို ကျနော်တော့တကဲ့ ကို ကျေးဇူးတင်မိတယ်၊


ကျနော်တို့ အမြင်ေ၀၀ါးစရာမလိုတော့ပဲ စစ်တပ်ကိုထောက်ခံတဲ့ ကြံ့ဖွတ်ပါတီ ရဲ့ ဖွတ်ဘော " မ " သွားကြပြီဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရလို့ပါပဲ။
အတိုင်အဖေါက်တွေကလဲ ညီလှပါပေတယ်၊
ကိုယ့်မွေးရပ်မြေကိုသွားပြီး အရွေးခံတာတောင် မဲမရခဲ့တဲ့ မတူကွဲပြားပါတီဥက္ကဌ က ပုဒ်မ မပြင်လိုကြောင်းဟောပြော၊ NLD က ခြံခုန်ခဲ့တဲ့ ပါတီအမတ်ကြီးက တော့ ပုဂ္ဂိုလ်တဦးချင်း နံမည်တပ်ပြီး ဒေါ်စု ကို မကြိုက်ကြောင်းဟောပြော၊ နောက်တခါ ဖွတ်ပါတီက လမ်းတခြမ်းခင်း အောင်သိန်းလင်းက ကြွရောက်ချီးမြင့်ပေးကြ နဲ့ . ဖွတ်ပါတီရဲ့ မဟာမိတ်ကြီးတွေအဖြစ်နဲ့ ကြော်ငြာလိုက်ပါပြီ ၊

သေချာနေတာတခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ NLD က သပိတ်မှောက်လိုက်တဲ့အတွက် ပြည်သူတွေဟာ စစ်တပ်မဟုတ်ရင်ပြီးရော ဆိုပြီး NDF ပါတီကို NLD.ကထွက်တဲ့လူတွေဆို တဲ့အသိနဲ့ မဲ ပေးခဲ့ကြတာပါ၊
တချို့ နယ်တွေမှာဆိုရင် ဒေါ်စု ပါတီ ပါလို့ ခမောက်တံဆိပ်ကို အစွဲပြုလို့ သူတို့ကိုယ်တိုင်လိမ် ညာ ပြီး မဲဆွယ်ခဲ့ပါသေးတယ်၊ ဘာပဲပြောပြော NLD အလွမ်းပြေပေါ့နော်။
ခုတော့ ဒီမိုကရေစီ ပါတီ လို့သာပြောတယ်၊ ကိုယ့်ဒီမိုကရေစီအုပ်စုအချင်းချင်း ပြန်တက်နင်း လို့ စစ်တပ်နဲ့ ပေါင်းစားကုန်ပါပြီ။ ** ဒေါ်ခင်ဝိုင်းကြည် တို့အနေနဲ့လဲ တွေးမိပါလိမ့်မယ်၊


မိုးထဲရေထဲဒုက္ခပင်လယ်ဝေချိန်မှာ NLD ကို သစ္စာဖေါက်သွားတဲ့ နိုင်ငံရေးသစ္စာဖေါက်တွေမို့ လက်မခံဘူးဆိုတာတိတိကျကျသိလိုက်ရပြီးတဲ့နောက်ပိုင်း ၂၀၁၅ - အထွေထွေရွေးကောက် ပွဲ မှာလဲ NLD ကို ကျော် မရနိုင်မှန်း သေချာသိတဲ့အတွက် မစားရတဲ့အမဲ ကို သဲ နဲ့ ပက်တာ ပဲ လို့ ကျနော်တော့ ဒီလိုပဲ နားလည်မိပါတယ်၊
တကယ်တော့ လူထုကိုယ်စားပြု ၊ ဒီမိုကရေစီ ကို ကိုယ်စားပြုသင်္ကေတ ဖြစ်တဲ့ဒေါ်စုကို တိုက်ခိုက်လိုက်တာဟာ ဒီမိုကရေစီတိုင်းပြည်မဖြစ် စေချင်တဲ့ စေတနာဆိုး သက်သက်ကလွဲပြီးတခြားဘာအကြောင်းမှ မမြင်ပါဘူး။

မထောက်မညှာပြောရရင် ဒေါ်စုကလွဲပြီး ဘယ်ပါတီက ပဲတက်တက် လက်ရှိစစ်အစိုးထက် မပိုပါဘူး၊
ဒါကို လူထုက ကောင်းကောင်းသိတဲ့အတွက် ၅၉ ( စ ) ကို အရေးတကြီး ပြင်ချင် နေကြတာပါ။ တနေ့တခြားဆင်းရဲမွဲတေနေတဲ့ပြည်သူလူထုအားလုံးရဲ့မျက်နှာ၊တိုင်းပြည်ရဲ့ မျက်နှာကိုမကြည့် တော့ပဲ ၊ သူတို့ရည်မှန်းချက်ဟာ လဲဒီမိုကရေစီတိုင်းပြည် ထူထောင်ရေးမဟုတ်တော့ပဲ ဒေါ်စု သမ္မတ မဖြစ်ရေး သာလျှင် သူတို့အတွက် အဓိကရည်မှန်းချက် ဖြစ်လာတာပါပဲ။

ဒေါ်စုသမ္မတဖြစ်ရင်ပြည်သူလူထုအတွက်လုပ်ပိုင်ခွင့်အာဏာရခဲ့ရင်ပြည်သူလူထု အားလုံးဟာ အရာရာ အဆင့်အတန်းမြင့်တက်လို့ အသိပညာအတတ်ပညာနဲ့ ပြည့်စုံတဲ့ဘ၀အညွန့် အခက်တွေ ဝေဆာလာမှာ အသေအချာပါ၊
ဒါကိုကောင်းကောင်းသိတဲ့ နိုင်ငံရေးသစ္စာဖေါက်တွေဟာမနာလို မရှုစိမ့်နိုင်ဖြစ်ရတဲ့အတွက် အခုလို ကြံ့ဖွတ်ပါတီနဲ့ပေါင်းပြီး စာမျက်နှာသစ် ဖွင့်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလိမ်ကကျစ်နဲ့ ကောက်ကျစ်တဲ့နေရာမှ ဆရာတဆူဖြစ်တဲ့ ကြံ့ဖွတ်ခေါင်းဆောင်တွေကလဲ ဘုရားမပြီးသေးခင် ငြမ်း ဆင်တဲ့ သဘောမို့ ဘုရားပြီးရင်တော့ ငြမ်းဖျက်မှာ အသေအချာပါ။
ကျနော် ၂၀၁၂ ခုနှစ် အတွင်းက ပိုစ့်တခု တင်ခဲ့ပါသေးတယ်၊ အဲဒီပိုစ့်မှာ ကျနော်ရေးထားတာ က ဒေါ်စု သတိထားရမှာက စစ်တပ်မဟုတ်ဘူး၊
ဒီမိုကရေစီပါတီတွေဆိုတဲ့ ဒီမိုကရက်တစ် ဆိုသူ နိုင်ငံရေးသမားများပါပဲလို့ ကျနော် predicted လုပ်ထားခဲ့ပါသေးတယ်၊

မြန်မာ့နိုင်ငံရေးကို သေချာလေ့လာရင်တွေးလို့ရပါတယ်၊
ဘယ်သူတွေဟာ ဖျက်မြင်း ဖြစ်လာ မယ်ဆိုတာ အတိတ်..ပစ္စုပ္ပာန်..အနာဂတ် တွေမှာ ဘယ်လိုဆက်စပ် နေတယ်ဆိုတာ တွေ့ရ မှာ ဖြစ်ပါတယ်၊

လာမဲ့ ၂၀၁၅ = အတွက်အရေးကြီးဆုံးကလက်ရှိ ၂၀၁၄ နှစ်ကာလပါ၊
ကြံ့ဖွတ်ပါတီရဲ့ နိုင်ငံ ရေးအခင်းအကျင်းမှာ တက်လာမဲ့ ဖျက်မြင်းများကတော့ ဘာသာရေး၊ လူမျိုးရေး၊အခင်းအ ကျင်းများ၊ ကြံ့ဖွတ်ပါတီကို ကျောထောက် နောက်ခံပြုပြီး ဒီမိုကရေစီ သစ္စာဖေါက်တွေကို ပဲ ပွဲ ထုတ်လာမှာသေချာပါတယ်၊


သာယာဝတီ စမ်းစမ်းနွဲ့ ၊ နွားမင်းဆွေ၊ နေမျိုးဝေ+ခင်ဝိုင်း ကြည် + ၀ီရသူ = ၀ သုံးလုံး ဂိုဏ်းသားများ ထကြွလာပါလိမ့်မယ်၊
အကြံကုန်ရင်တော့ ဂဠုန် ဆားချက်ဆိုသလို ဘာသာရေးနဲ့လူမျိုးရေး မှိုင်းသွင်းပြီး မီးတင်ရှို့ လာပါမယ်၊
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဘင်္ဂလီကို တဖက်လှည့်နဲ့ မှတ်ပုံတင်နဲ့ မျှားပြီး ပြည်သူချစ် တဲ့ ပါတီကို မူစလင်အားလုံးနဲ့ ရန်တိုက်ပေးပါ့မယ်၊
နောက်ဆုံးတော့ဘယ်လိုမှ မရတော့အဆုံးမှာ မစားရတဲ့အမဲ သဲ နဲ့ပက်နိုင်ဖို့အတွက် တိုင်း ပြည်ရဲ့ဖျက်မြင်းများ ပစ်မှတ်ကတော့ ကမ္ဘာကချစ် မြန်မာချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ ဆိုတာ မြေကြီးလက်ရိုက်မလွဲ မှန်နေပါလမ့်မယ်...

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း NLD ရေးဆွဲမည်



RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် တမျိုးသားလုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းတစ်ခု ပြဌာန်းနိုင်အောင် ကြိုးပမ်းနေကြောင်း ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ည ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေထွဋ်တင် အားကစားကွင်းမှာကျင်းပတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကွန်ရက် ရန်ပုံငွေပွဲမှာ ပြောခဲ့တာပါ။ ဒီနေ့ ရန်ပုံငွေဂီတပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်စကားပြောကြားခဲ့ပါတယ်။

NLD ကျန်းမာရေးကွန်ရက်ဟာ မြို့နယ်အတော်များများမှာ နယ်လှည့်ကျန်းမာရေးလုပ်ငန်းစဉ်အဖြစ် ကျန်းမာရေးစစ်ဆေးပေးတာ၊ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို ရန်ကုန်မြို့အထိခေါ်ယူပြီး ခွဲစိတ်ကုသပေးနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးကွန်ရက်ကနေ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးနေရာမှာ အထွေထွေရောဂါ ကုသရေးအပြင် မျက်စိ နား နှာခါင်း ရောဂါတွေကိုလည်း ကုသပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီဂီတ ဖျော်ဖြေပွဲမှာ Rဇာနည်၊ လင်းလင်း၊ ဟန်ထွန်း၊ ဂျီလတ်၊ သအို၊ ထွန်းအိန္ဒြာဗိုလ်၊ ဆုန်သင်းပါရ်၊ ချစ်သုဝေ တို့အပါအဝင် ဂေါ်ဇီလာနဲ့ သီးလေးသီး အဖွဲ့ကလည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)က စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ထားတဲ့ လူငယ်ဖံွ့ဖြိုးရေးဂေဟာနဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်းမိသားစု တည်ထောင်ထားတဲ့ အောင်ဖောင်ဒေးရှင်းတို့ရဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂီတပညာရှင်တွေတင်သာမကပဲ လူငယ်ဖံွ့ဖြိုးရေး ပရဟိတဂေဟာက ကလေးတွေကိုယ်တိုင် ကပြဖျော်ဖြေတဲ့ပွဲလည်းဖြစ်တယ်လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဦးမောင်အေးပြန်ထောင်လာပြန်

မလေးရှားတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှု နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မည်




The Voice Weekly

မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သေနတ်ပစ်ခတ် လုပ်ကြံခဲ့သူများကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖော်ထုတ်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို မလေးရှား ရဲတပ်ဖွဲ့က တောင်းဆိုလျှင် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံရောက် ရခိုင်လူထုနှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ အဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့လယ်ရှိ Low Yat ပလာဇာတွင် ညနေစာစားပြီး အပြန်တွင် လုပ်ကြံခံရခြင်း ဖြစ်ကြောင်း၊ ၎င်းးတို့ စီးလာသည့် မော်တော်ယာဉ်နှင့် ဘေးချင်းယှဉ်၍ လိုက်လာသည့် ဆိုင်ကယ်ပေါ်မှ သေနတ်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသည်။

အဆိုပါ လုပ်ကြံမှုသည် စနစ်တကျ စီစဉ်ထားသည့် လုပ်ကြံမှုဖြစ်ပြီး ဒေါက်တာ အေးမောင်ကို အဓိက ပစ်မှတ်ထားသည်ဟု ယူဆရကြောင်း၊ အဆိုပါ သေနတ်သမား စီးလာသည့် ဆိုင်ကယ်သည် ဒေါက်တာအေးမောင် ထိုင်နေသည့် မော်တော်ယာဉ် နောက်ခန်းနေရာကို ချိန်၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(RNDP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှမြင့်က ပြောကြားသည်။

“မှန်ကိုပဲ ပစ်တာ။ ဒါပေမဲ့ ကျည်ဆန်က မှန်ဘောင် အောက်နားကို ထိတယ်။ ကျည်ဆန် ဖောက်ထွက်ခဲ့ရင် ဒေါက်တာအေးမောင် ဦးခေါင်းပိုင်းကို ထိမယ်။ မှန်ကို ထိခဲ့ရင် ကားထဲက တစ်ယောက်ယောက်တော့ ထိမယ်” ဟု ၎င်းကဆိုသည်။

ဆိုင်ကယ်ပေါ်တွင် လူနှစ်ဦး စီးလာခြင်းဖြစ်ရာ ဆိုင်ကယ်၏ နောက်တွင် လိုက်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဆိုင်ကယ် ဦးထုတ်ဆောင်ထားကြကာ ဗမာစကား ပြောဆိုကြကြောင်း၊ ဒေါက်တာ အေးမောင်တို့ စီးလာသည့် မော်တော်ယာဉ်ကို သေနတ်သုံးချက် ပစ်ခတ်လုပ်ကြံခဲ့ပြီး နောက်ဆုံး ပစ်ခတ်ခဲ့သည့် (၉ မမ) အမျိုးအစား ကျည်ဆန်ကို ကားနောက်ခန်း ဂေါက်အိတ်ထဲတွင် တွေ့ရှိကြောင်း ကာယကံရှင်များထံမှ သိရှိရသည်။

“ဆိုင်ကယ် မောင်းတဲ့သူက ဆံပင် ရှည်တယ်။ မုတ်ဆိတ်မွေးနဲ့ ဗမာစကားပြောတယ်။ ဗမာစကားလည်း မပီဘူး။ ဒုတိယအကြိမ် ပစ်တဲ့အခါ ‘ပစ်ပစ်၊ ထပ်ပစ်’ ဆိုပြီး အော်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပါတီ ခေါင်းဆောင်များအဖွဲ့ မလေးရှားနိုင်ငံသို့ မသွားရောက်မီကပင် အီးမေးလ်၊ တယ်လီဖုန်းတို့မှ သတိပေး ခြိမ်းခြောက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အဆိုပါအဖွဲ့ မလေးရှားနိုင်ငံ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံက ဘာသာခြား အဖွဲ့အစည်းလေးခုက မလေးရှားတွင် အစည်းအဝေးများ ပြုလုပ်ခဲ့သည့် သတင်းရရှိထားကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါ လုပ်ကြံမှုကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ကာလဖြစ်သဖြင့် သေနတ်ပစ်ခတ် လုပ်ကြံခဲ့သူများ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပါတီ ခေါင်းဆောင်အဖွဲ့ စီးလာသည့် ယာဉ်ကို ပလာဇာနှင့် ၁၅ မိနစ်ခန့် မောင်းနှင်ရသည့် အကွာအဝေးရှိ အဓိက လမ်းမကြီး တစ်ခုအနီး လမ်းအကွေ့တွင် သေနတ်သမားက မှောင်ရိပ် ခိုကာ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ဘယ်နေရာမှာ ဘယ်သူစီးတယ် ဆိုတာကို အတိအကျ သိထားပုံရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ရခိုင်ပါတီ ခေါင်းဆောင်များကို မလေးရှားနိုင်ငံ ခရီးစဉ်တွင် မလေးရှား အစိုးရက လုံခြုံရေး အပြည့်အဝ ပေးခဲ့ပြီး ရခိုင်လူငယ်များကလည်း လုံခြုံရေး ပေးခဲ့ကြောင်း၊ လုပ်ကြံမှု ဖြစ်ပွားသည့်နေ့တွင် လုံခြုံရေး ခေါ်ယူခဲ့ခြင်း မရှိသည့်အပြင် ဒေါက်တာအေးမောင်တို့နှင့် ပုံမှန် လိုက်နေကျ ဖြစ်သည့် လန်ခရူဆာ မော်တော်ယာဉ်မှာလည်း လုပ်ကြံမှု ဖြစ်ပွားစဉ် အရှေ့သို့ ရောက်နေခဲ့ကြောင်း အဆိုပါ ခေါင်းဆောင်များက ပြောဆိုကြသည်။
“အကြမ်းဖက်ပြီး ပြဿနာတွေ ဖြေရှင်းရင် မပြေလည်နိုင်ဘူး။ လုံခြုံရေးအတွက် ပြောရခက်ပါတယ်။ ကိုယ်တိုင် လုံခြုံရေးကိုတောင် မပြောတတ်တော့ သူများတွေကို ဘယ်လို ပြောရမှန်းတောင် မသိဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လုပ်ကြံခံမှု ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီး မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့စခန်းတွင်လည်း အမှုဖွင့်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ရခိုင် လူမှုအဖွဲ့အစည်း၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံရောက် ရခိုင်လူထုကို လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊ ရခိုင်ပြည်နယ် အခြေအနေများကို ရှင်းပြရန် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် ယင်းခရီးစဉ်တွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ကွန်ရက်မှ စုစုပေါင်း ခြောက်ဦး သွားရောက်ခဲ့ခြင်း ဖြစ်သည်။


ကျန်းမာေ၇းကွန်ယက် ၇ံပုံငွေပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေပွဲသို
့ကိုအောင်မင်းထွန်းနှင့်ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ထွန်းအိန္ဒြာဗိုလ် သားအောင်ဗိုလ်ကောင်းသန့် မိသားစုမှ ကျပ်(၈သိန်း) နှင့် အဆိုတော်Rဇာနည်နှင့်ဝမ်း သားလေးဖစ်ဖစ်တုံ မိသားစုမှ (၁၈)သိန်းလှူဒါန်း သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေပွဲသို့ ညနေ(၉)နာရီအချိန်အထိလှူဒါန်းငွေ စုစုပေါင်း ကျပ်(၇၉၆သိန်း ၇သောင်း)လက်ခံရရှိ.........။

NLD ကျမ္မာရေးကွန်ယက်



အလှူငွေသိန်းတ၇ာစီလှူဒါန်းကြသော အလှူရှင်များ


ထွန်းအိန္ဒြာဗိုလ်က ဘီလူးခေါင်းစောင်းတဲ့မင်းသား" သီချင်းဆို

ဒီနေ့ကာတွန်း

စာမေးပွဲပြီးချိန်အထိ လက်ရှိခိုလှုံနေသည့် ဘုန်းကြီးကျောင်းများတွင် နေခွင့်ရရန် ဆန္ဒရှိ

ငါတို့အိမ်ဘယ်မှာလဲ


ရေးသားသူ- ၀င်းဇော်လတ်
7Day

--------------------
ညနေခင်း ကျောင်းဆင်းချိန်။ စာသင်ခန်းထဲမှ လွတ်လပ်ပေါ့ပါးစွာ ပြေးထွက်လာသော ကလေးငယ်တစ်ဦး။ လွယ်အိတ်ကို ခပ်တိုတိုထုံးချည်လိုက်သည်။ အင်္ကျီလက်ကို ပင့်တင်သည်။ ပြီးတော့ အိမ်ဆီသို့ခြေလှမ်းသွက်သွက်ဖြင့် ပြန်သွားနေသည်။ သူ့စိတ်ထဲမှာ အိမ်ကပြင်ပေါ် ကျောင်းလွယ်အိတ်ကို ပစ်တင်မည်။ ဒီလိုဆိုလျှင် အမေကတော့ သူ့ထုံးစံအတိုင်း “ဟဲ့ ကပြက်ကချော်ကောင်လေး ဘယ်သွားဦးမှာလဲ”ဟု အော်ဦးမှာသေချာသည်။

ဒါပေမဲ့ အမေ့ကိုတော့ သူပိုင်သည် “ဒီနားလေးတင်ပါ အမေရ”ဆိုပြီး လစ်ထွက်လျှင်ရသည်။ အရပ်ထဲက အခြားသူငယ်ချင်းတွေနှင့် ကစားမည်။ ဘုန်းကြီးကျောင်းရှေ့ မြေကွက်လပ်မှာ ညနေတိုင်း သူနှင့်ရွယ်တူကလေးတွေစုပြီး ဘောလုံးကန်နေကျ။ ပြီးတော့ ရေကိုတ၀ကြီးချိုးမည်။ အမေချက်ထားမည့် ထမင်းဟင်းကို ဗိုက်ဆာဆာနှင့်စားမည်။ ထို့နောက်မှ ကျောင်းကပေးလိုက်သည့် အိမ်စာလုပ်မည် စသည့်စိတ်ကူးတစ်ထွေးကြီးနှင့် သူ့ခြေလှမ်းတွေ သွက်လက်လွန်းလှသည်။

သို့သော် အိမ်ပြန်ရောက်သည့်အခါ သူ့စိတ်ကူးကမ္ဘာပြိုပျက်သွားသည်။ နေ့စဉ် သူပြန်လာနေကျ ကျေးလက်လမ်းကလေး၏ ဘေးဘီဝဲယာမှ ရှုခင်းသည် ခါတိုင်းနေ့တွေကနှင့်မတူ။ ရွာပတ်ဝန်းကျင်သည် သွေ့ခြောက်နေသည်။ အပျက်အစီးပုံတွေကြားထဲမှာ သူနေ့စဉ်မြင်နေကျ လူကြီးတွေကလည်း မျက်နှာမကောင်းကြ။ တချို့ကတော့ ပိုင်ဆိုင်သမျှကို အ၀တ်ဟောင်းတစ်ခုနှင့် စုရုံးထုပ်ပိုးပြီး ဦးတည်ရာမဲ့ခြေလှမ်းများဖြင့် သွားနေကြသည်။ မိန်းမကြီးအချို့ကတော့ ငိုလျက်ရှိသည်။

ရွာထဲမှာလည်း သူတစ်ခါမှာမမြင်ဖူးသည့်လူတွေကို တွေ့ရသည်။ သူတို့က ဓာတ်ပုံတွေရိုက်သည်။ အချို့က ဗီဒီယိုကင်မရာကြီးတွေနှင့်။ ရုတ်တရက် ရွာထဲမှာ ရုပ်ရှင်များလာရိုက်ကြသလားဟုပင် ထင်မိသေးသည်။ ဒါပေမဲ့ ဟုတ်ပုံမရ။ မင်းသား၊ မင်းသမီးဆိုလျှင် ရွာထဲမှာ မိန်းမပျိုတွေ၊ အဒေါ်ကြီးတွေက ဒီအတိုင်းနေမှာမဟုတ်။ သူတို့ရွာ မင်းသမီး၊ မင်းသားလာတယ်ဆိုပြီးတော့ သိပ်ပျော်နေကြမှာ။

တစ်နေရာမှာတော့ ရဲသားကြီးတွေကို တွေ့ရသည်။ သူတို့လက်ထဲမှာလည်း တုတ်ကြီးတွေနှင့်။ သူတို့မျက်နှာတွေ ခပ်တင်းတင်း။ လူတိုင်းကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်နေသည်။ ရွာထဲကလူတွေကို အော်ဟစ်ပြီး အမိန့်တွေပေးနေသည်။ သူတို့၏မျက်လုံးတွေကလည်း ဘယ်သူ့ကိုမှမသင်္ကာသည့် မျက်လုံးမျိုး။ သူက မတ်တတ်ရပ်ပြီး ကလေးပီပီ စပ်စုသည်။ ထိုအခိုက် သူ့ကိုလှမ်းကြည့်နေသည့် ရဲသားတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသည်။ သူချက်ချင်း မျက်နှာအောက်ငုံ့လိုက်သည်။ ကြက်သီးတွေပင်ထလာသည်။ အိမ်ပဲ တန်းတန်းမတ်မတ် ပြန်တာကောင်းသည်ဟု သူတွေးသည်။

လမ်းလျှောက်လာရင်း တွေ့နေရသည့် မြင်ကွင်းများကြောင့် သူစိုးရိမ်လာသည်။ ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကလေးတစ်ဦးအနေနှင့် ဒီ့ထက်လည်း ပိုမတွေးတတ်။ သူ့အိမ်ရှိရာသို့ ပြန်လာသည်။ ခက်သည်။ သူ့အိမ်နေရာကိုလည်း သူမမှတ်မိတော့။ အားလုံးက အပျက်အစီးပုံကြီးတွေ၊ အိမ်တစ်လုံးဖြိုဖျက်ပြီးနောက် တိုင်လုံးကြီးတွေက လေထဲမှာ မိုးတိုးမတ်တတ်။ ငါ့အိမ်ဟာ ဘယ်မှာပါလိမ့်။ မနက်က ငါကျောင်းမသွားခင်ကလေးတင် ရှိနေခဲ့သေးသည့် ငါ့အိမ်။ ငါတို့အိမ်၊ ငါ့ကစားဖော်
သူငယ်ချင်းများရဲ့ အိမ်တွေဘယ်မှာလဲ။

ခဏနေတော့ အဖေ့ကိုတွေ့သည်။ အမေ့ကိုတွေ့သည်။ အဖေက အံကြိတ်ရလွန်းသဖြင့် မေးရိုးကြီးပင်တင်းမာနေသည်။ အေပၚအက်ႌမပါ။ ရင်ဆို့ဆီမှ ချွေးကလေးတွေသီးနေတာ အထင်းသားမြင်ရသည်။ အမေကတော့ တစ်နေ့လုံးငိုထားပုံပါပဲ။ မျက်ခွံတွေမို့မောက်လျက်ရှိသည်။ အဖေ့ပုဆိုးဟောင်းတစ်ထည်ကို ခေါင်းမှာပတ်စည်းထားသည်။ သို့သော် ကပိုကရို။ အမေ့ဆံပင်တွေက ထုံးချည်ထားခြင်းမရှိသဖြင့် ဖရိုဖရဲဖြစ်နေသည်။

ခြောက်သွေ့နေသည့် အမေ့နှုတ်ခမ်းက အနည်းငယ်မျှ လှုပ်သွားသည်။ “သား”ဟု ခေါ်လိုက်သည်ဟု ထင်သည်။ သို့သော် အမေ့အသံထွက်မလာ။ နှုတ်ခမ်းလှုပ်ရုံမျှသာ။ သူအခုထိ ကျောင်းလွယ်အိတ်ကိုလွယ်ထားတုန်း။ အမေဘာဖြစ်နေသလဲ။ အမေဘာဖြစ်နေသလဲ။ ငါတို့အိမ်ဘယ်ရောက်သွားသလဲ စသည့်မေးခွန်းတွေက လည်ချောင်းဝမှာ။ အမေ့ကို မေးချင်သည်။ အဖေ့ကို မေးချင်သည်။ ဘာဖြစ်နေကြတာလဲဗျာ။ မေးချင်သည်။ ဒါပေမဲ့ အခြေအနေတွေကို သူနားမလည်သေးပါ။

နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ သူတို့သားအမိသားအဖသုံးဦးစလုံး အပျက်အစီးပုံကြီးနားမှာ တွေဝေပြီးရပ်နေမိကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရုံကလွဲပြီး စကားသံထွက်မလာ။ ခဏနေတော့မှ အဖေက မတ်တတ်ရပ်နေရာမှ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ အိမ်ခေါင်မိုးမှ ၀ါးလုံးတစ်လုံးပေါ်သို့ ဒူးထောက်မိသဖြင့် အဖေ့ကိုယ်လုံးကြီး အနည်းငယ်ယိုင်တိုင်တိုင်ဖြစ်သွားသည်။ သို့သော်လည်း အဖေက မြေကြီးပေါ်လက်ထောက်ထားလိုက်သဖြင့် ကိစ္စမရှိ။ အဖေလက်ဝါးမှာတော့ ဖုန်တွေကပ်ပါလာသည်။

အဖေက သူ့ကိုသိုင်းဖက်လိုက်သည်။ ရုတ်တရက်ရုန်းမည်ဟု စဉ်းစားလိုက်သေးသည်။ ဟုတ်တယ်လေ။ အဖေ့လက်ဖ၀ါးမှာ ဖုန်တွေမဟုတ်လား။ သူ့အင်္ကျီဖြူကလေးညစ်ထေးမှာကို စိုးမိသည်။ မနက်ကျလျှင်လည်း ဒီအင်္ကျီဖြူကိုပဲ ပြန်ဝတ်ရမည်။ အမေက ကျောင်းစိမ်းဘောင်းဘီနှင့် အင်္ကျီဖြူကို နှစ်ရက်တစ်ထည်ပဲဝတ်ရမည်၊ ထို့ကြောင့် မညစ်ပတ်စေနှင့်ဟု ပြောထားသည်။ သို့သော်လည်း အဖေက သူ့ကို အခုလိုကြင်ကြင်နာနာဖက်ခဲသည်မို့ မငြင်းချင်။ ထို့ကြောင့် အဖေ့ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်နေလိုက်သည်။ ဖုန်တွေ၊ သဲတွေ၊ ချွေးတွေ ပေချင်လည်းပေပါစေတော့။

ထိုအခိုက် အမေ့ဆီမှ “ဟင့်”ဆိုသည့် ရှိုက်သံထွက်လာသည်။ သေချာသည်။ အမေငိုနေပြီ။ “ဟင့်”ဆိုသည့် အသံက ဆင့်ကာဆင့်ကာ ကြားရသည်။ အမေငိုသည့်အခါတိုင်း သူ့ရင်ထဲမှာလည်း အလိုလိုဝမ်းနည်းတတ်သည်။ ထို့ကြောင့် အမေစိတ်ဆင်းရဲမည့်အလုပ်ဆိုလျှင် သူအမြဲတမ်းရှောင်ခဲ့သည်။ ယခု အမေငိုနေပြန်ပြီ။ မငိုပါနဲ့အမေရယ်ဟု သူချော့ချင်သည်။ ခက်တာက အမေဘာကြောင့် ငိုနေသည်ကို သူမသိ။ အမေငိုနေသည်ကိုသာ သူမသိသည်မဟုတ်။ သူတို့အိမ်ကလေး ဘယ်ရောက်သွားသလဲဆိုတာကိုလည်း အခုထိမသိရသေး။ ချွေးတွေသီးခဲနေသည့်အပြင် တင်းမာနေသည့် အဖေ့မျက်နှာကိုကြည့်ပြီး ဘာတွေဖြစ်နေတာလဲဆိုသည်ကိုလည်း သူ့အနေဖြင့် မမေးရဲ။ သိပ်ခွကျတာပဲ။

အဖေက သူ့ကျောကလေးကို ခပ်ဖွဖွပုတ်နေသည်။ အရင်နေ့တွေတုန်းကသာ အခုလို အဖေက တယုတယဖြင့် ပွတ်သပ်ပေးနေလျှင် သူသိပ်ပြီးပျော်မိမှာ။ အခုတော့ ဇဝေဇ၀ါ ဖြစ်နေသည်။ သူတို့ အိမ်ဘယ်မှာလဲ။ မနက်က သူ့ဘောလုံးကလေးကို အိမ်ရှေ့ကပြင်ထောင့်က သောက်ရေအိုးစင်ပေါ်မှာ တင်ထားခဲ့သည်။ ဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ ဘောလုံးကန်နေစဉ် အဲဒီဘောလုံးကလေးကို သူခဏငှားလာခဲ့တာဖြစ်သည်။ ယခုညနေ ပြန်ပေးမည်ဟုလည်း ကတိထားခဲ့သည်။ ခက်ပြီ။ အခုဘောလုံးလည်း ပျောက်နေသည်။ အင်းလေ။ အိမ်ပါ ပျောက်နေမှတော့ ဘောလုံးတစ်လုံး ပျောက်သွားတာကလည်း ဘာမှမဆန်း။ ဒါပေမဲ့ သူ့တို့ ကလေးတစ်သိုက်ကြားမှာ ကတိမတည်သူလို့တော့ အထင်သေးမခံချင်ပါ။ သို့ဖြစ်ရာ ဘောလုံးကိုလည်းရှာရမည်။ အိမ်ဘယ်ရောက်သွားတာလဲဆိုတာကိုလည်း စုံစမ်းရမည်။

တင်းတင်းကျပ်ကျပ်ဖက်ထားသော အဖေ့လက်မောင်းကြီးတွေကြားထဲမှာ သူရုန်းလိုက်သည်။ အဖေကလည်း သူ့လက်ကို အသာလေးဖြေလျှော့ပေးပါသည်။ အမေကတော့ ငိုကောင်းနေဆဲ။ အမေ့မျက်နှာကို သူမော့ကြည့်လိုက်သည်။ အမေ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေအိုင်ထွန်းနေသည်ဟု သူထင်လာသည် မျက်လုံးကြီးကလည်း နီရဲနေသည်။

“ကလေးရှေ့မှာ သိပ်လည်းငိုမနေပါနဲ့တော့ကွာ”အဖေ့ဆီမှ အသံထွက်လာသည်။ အမေက “အေးပါတော်”ဟု တိုးတိမ်စွာပြန်ဖြေသည်။ ထို့နောက် ခေါင်းပေါင်းထားသည့် အဖေ့ရေလဲပုဆိုးကလေးဖြင့် မျက်ရည်စများကို ပွတ်လိုက်သည်။ မျက်ရည်တွေခြောက်သွားသော်လည်း မို့နေသည့် မျက်ခွံ၊ ရဲနေသည့် မျက်လုံးများကတော့ ကျန်သေးသည်။ ဒါပေမဲ့ အမေငိုမနေဘူးဆိုလျှင် သူပျော်ပါသည်။

“သားတို့အိမ် ဘယ်ရောက်သွားတာလဲ အဖေ”နောက်ဆုံးမှာတော့ ရင်ထဲမှာ အုံကျင်းဖွဲ့နေသည့် မေးခွန်းပေါင်းများစွာအနက်မှ အသိချင်ဆုံးမေးခွန်းတစ်ခုကို သူမေးလိုက်နိုင်သည်။ အဖေက ချက်ချင်းမဖြေပါ။ စဉ်းစားနေပုံရသည်။ သူ့သား မူလတန်းကျောင်းသားတစ်ဦး အကောင်းဆုံးနားလည်နိုင်မည့်အဖြေကိုပေးရန် စကားလုံးရွေးချယ်ရတာ အတော်တော့ ခက်ခဲသည်။ ဟုတ်သည်။ “အိုးမဲ့အိမ်မဲ့”ဆိုသည့်စကားလုံးကို အစားထိုး၍ပြောဆိုရင် တောသူတောင်သားဖြစ်သည့် အဖေ့မှာလည်း အခြားဝေါဟာရသစ်မရှိပါ။ အိမ်ခြေမဲ့သွားသူတစ်ယောက်၏ခံစားချက်ကို စကားလုံးများဖြင့် ထုတ်ဖော်ပြောဖို့အတွက်မူ အဆရာထောင်ချီ၍ ခက်ခဲလိမ့်မည်။

အဖေက သူ့သား၏မျက်နှာကို တွေပြီးကြည့်နေသည်။ ပြောရန်စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့လျက်ရှိသည်။ ဒီရွာမှာ သူတို့နေထိုင်ခဲ့သည်။ နိမ့်ပါးလှသည့် ၀င်ငွေကလေးကို ခြစ်ခြုတ်စုပြီးနောက် မြေကလေးတစ်ကွက် ၀ယ်နိုင်ခဲ့သည်။ ထို့နောက် သင့်တော်သပ်ရပ်သည့် အိမ်ကလေးဆောက်သည်။ ဒီရွာမှာ အခြေကျနေတာပင် သူ့သားကလေးတစ်သက်။ ယခု သူ့သားကလေးပင် ရွာကစာသင်ကျောင်းမှာ စာသင်နေပြီ။

သို့သော် ရွာကလေးသည် တပ်ပိုင်မြေဆိုပြီး သူတို့ကို အာဏာပိုင်တွေက ရွှေ့ခိုင်းသည်။ မဖယ်ဘူး၊ မရွှေ့ပေးဘူးဆိုလျှင် ပစ္စည်းတွေကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်သည်။ သူတို့လည်း ကြောက်ကြသည်။ ခက်သည်မှာ သူတို့ရွာမှာမနေရလျှင် ဘယ်အရပ်ဒေသကို ရွှေ့ပြီးနေရမည်လဲ မသိရခြင်းဖြစ်သည်။ သို့ဖြင့် သူတို့ မရွှေ့မိကြ။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ တပ်ပိုင်မြေဟုဆိုသော သူတို့ရွာကလေးသို့ သက်ဆိုင်ရာက အင်အားသုံး၍ လာရောက်ဖယ်ရှားကြသည်။ အိမ်ခြေအဆောက်အအုံများကိုလည်း
မြေထိုးစက်ကြီးတွေနှင့်ဖျက်သည်။ သူတို့အိမ်ထောင်ပရိဘောဂအတော်များများလည်း ပျက်စီးကုန်ပြီ။ တချို့ကတော့ ရှိစုမဲ့စုကလေး ကောက်သင်းကောက်ပြီး ခြေဦးတည့်ရာထွက်သွားကြပြီ။

ဒီစကားတွေကို အဖေက သူ့သားအား ပြောပြချင်သည်။ သူတို့မှာ အိမ်မရှိတော့ပြီဖြစ်ကြောင်း။ ဘယ်မှာသွားနေရမည်ကိုလည်း မသိကြောင်း သားဖြစ်သူကို ရင်ဖွင့်လိုသည်။ သားကလေးကတော့ သူ့အဖေကို ကြည့်နေဆဲ။ အဖေကလည်း သားမျက်နှာကို စူးစိုက်ကြည့်နေသည်။ အစောပိုင်းက မျက်ရည်တွေခြောက်ပြီဟုထင်ရသည့် အမေ့မှာလည်း သားနှင့်ခင်ပွန်းသည်တို့ကိုကြည့်ပြီး မျက်ရည်တွေ နောက်တစ်ခေါက်သွန်စီးလာပြန်သည်။

အပြင်မှာ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်းထူထပ်လာပြီ။ အဝေးမှာ ကြယ်ကလေးတစ်ပွင့်ကိုပင် လှမ်းမြင်နေရသည်။ သားကလေးကတော့ ကျောင်းလွယ်အိတ်ကို လွယ်ထားသည်။ အဖြူ၊ အစိမ်းကျောင်းဝတ်စုံကိုလည်း အခုထိ မချွတ်ရသေး။ စိတ်ထဲမှာတော့ သူ့အိမ်ဘယ်ရောက်သွားသလဲဆိုသည့်အဖြေကို ရှာဖွေနေသည်။ ပုစ္ဆာတိုင်းမှာ အဖြေရှိသည်ဟု ဆရာမကတော့ ပြောဖူးသည်။ ဒါပေမဲ့ သူမယုံချင်တော့ပါ။ စာသင်ခန်းပြင်ပမှာ သူနားမလည်နိုင်သည့်၊ မရေရာသည့် လောကကြီးတစ်ခုရှိနေသေးကြောင်း ဒီညနေမှာ သူခံစားမိလာသည်။

ဟုတ်သည်။ မနက်ကပင် တည်ရှိနေသေးသည့် သူ့ကျောင်းလွယ်အိတ်ချိတ်ရမည့် အိမ်နံရံကလေး ဘယ်ရောက်သွားလဲ သူမသိတော့ပါ။ သူ့သူငယ်ချင်းတွေနှင့် ကစားရမည့် ဘောလုံးကလေးလည်း မရှိတော့။ သူတို့အိမ်ဘယ်ရောက်သွားပြီလဲ။ သူတို့ရွာမှာ ဘာတွေဖြစ်ကုန်တာလဲ။ သူ့မေးခွန်းကို အဖေမဖြေချင်လည်းနေပါစေ။ ဒါပေမဲ့ လောလောဆယ် အရေးတကြီး သိချင်နေမိသည့် နောက်ထပ်မေးခွန်းတစ်ခုတော့ အရဲစွန့်၍မေးမိလိုက်သည်။

“သားတို့ ဒီည ဘယ်မှာအိပ်ရမှာလဲ အဖေ”

(မှတ်ချက် - ဖေဖော်ဝါရီ ၄ ရက်က တပ်ပိုင်မြေဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အင်အားသုံးဖယ်ရှားခြင်းခံခဲ့ရသော ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာမှ နားခိုစရာအိမ်ခြေမဲ့သွားသော ကလေးငယ်များသို့ ဤဆောင်းပါးကို ရည်ညွှန်းပါသည်)


မင်းကွန်းဘက်သို့အသွား ညောင်တုန်းချောင်ရှေ့ ဇ၇ပ်ဖြူအနီး တောင်ပေါ်မတက်နိုင်ပဲလှိမ့်ကျလာတဲ့ကား

ရန်ကုန်က နာမည်ကြီးကျောင်းက ကျောင်းသားအချို့ မူးယစ်ဆေးဝါးပြဿနာများ ရင်ဆိုင်နေရ



Messenger News Journal

ရန်ကုန်မြို့ ပေါ်ရှိ စည်း ကမ်း ကောင်း ကြောင်း၊ စာ အသင်ပြ ကောင်း ကြောင်း၊ နာမည် ကြီး သော ကျောင်း များမှ ကျောင်းသား အချို့ မူးယစ် ဆေးဝါး ပြဿနာ နှင့် ရင်ဆိုင် နေရ ကြောင်း ဖေဖော် ၀ါရီလ (၆) ရက် နေ့က လှိုင်သာယာ (အ.ထ.က) (၄) တွင် ပြုလုပ် သော မူးယစ် ဆေးဝါး အသိ ပညာ ပေး ဟော ပြောပွဲ တွင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့ မှ ဒုတိယ ရဲမှူး မျိုးကြည် က ပြော သည်။

ဘာသာစုံ၊ ငါးဘာသာ၊ လေးဘာသာ ဂုဏ်ထူး တွေ အများကြီး ထွက်တဲ့ ကျောင်း က ကလေးတွေက ကျွန်တော်တို့ဆီကို ခဏခဏ ရောက်ပါတယ်””ဟု ၎င်း က ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ လူ (၁၇) ဦး၊ သေနတ် (၁၇) လက် ဖြင့် ဦးစီး လုပ်ကိုင် နေသော ဘိန်း ချက်စခန်းတွင် ဘိန်းချက်ပေးနေရသော လုပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး ရာ တွင်လည်း ရန်ကုန်မြို့ ရှိ နာမည်ကြီးစာသင် ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်နေကြောင်း ဒုတိယရဲမှူးမျိုးကြည် က ပြောသည်။ မူးယစ် ဆေး ပြဿနာ ရင်ဆိုင်နေရ သော ကျောင်းသား လူငယ်များအား စစ် ဆေး ပါက တစ်ရာ ရာခိုင် နှုန်းမှာ အပေါင်း အ သင်း ဆွယ်သောကြောင့် မူးယစ် ပြဿနာ ရင်ဆိုင် ရခြင်းဖြစ် သည်ဟု ဖြေဆိုကြ ကြောင်း ၎င်း က ဆက်ပြော သည်။ လောကမှာ မတတ်ကောင်းတဲ့ ပညာ မရှိပါဘူး။ ဒါပေမဲ့ မလုပ်ကောင်းတဲ့ အရာတွေ တော့ရှိပါတယ်။ မူး ယစ် ဆေး မသုံးသင့်ဘူး ဆိုတာကို ဖတ်ရှုလေ့လာထားရမယ်။ ဒါမှ အပေါင်းအသင်းက ကိုယ့်ကိုစမ်းသုံးခိုင်းရင် မကောင်းမှန်း သိပြီးရှောင်ရှားနိုင်မယ်””ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင် ရေး အသင်း (မရမ်းကုန်း) ဥက္ကဋ္ဌ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

ယခုခေတ်တွင် အစားအစာ၊ ဆေးဝါး၊ ရေအစရှိသည့် စားသောက်ကုန်များနှင့် မူးယစ်ဆေးကို ပေါင်းစပ် ကာ ရာဇ၀တ်မှုကျူး လွန်မှုများရှိနေ၍ လုံခြုံမှု နည်းပါးလာကြောင်း ဒုတိယ ရဲမှူး မျိုးကြည် က ပြောသည်။ ထို့ ကြောင့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ဆရာဝန်ပေးသော ဆေးပြားများမှ လွဲ၍ အချင်း ချင်းပေးသော ဆေးများမသုံးစွဲ ဘဲ ရှောင်ကြဉ် ဖို့ လိုကြောင်း ၎င်း က သတိပေး သည်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ စစ်တမ်း များ အရ အလွှာအသီးသီးရှိ မူးယစ်ဆေးဝါး သုံးစွဲနေ သူများစာရင်းတွင် ကျောင်းသား လူငယ်များ က (၄ ဒသမ ၀၃) ရာခိုင်နှုန်းရှိနေကြောင်း ဇန်န၀ါရီလ (၂၉) ရက်ထုတ် The Messenger သတင်းစာတွင် ဖော်ပြ ခဲ့ဖူးသည်။

ကိုသာကောင်းနဲ့ မယ်လိုဒီတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ



ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၉ နာရီက ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်းမင်္ဂလာပွဲတွင် ပန်းကြဲအဖြစ်
ရတနာပုံ ၊ မင်္ဂလာဗန်းကိုင်အဖြစ် စံသာရတနာ ၊ မင်္ဂလာ လက်စွပ်ဗန်းကိုင်အဖြစ် အွန်ဆိုင်း နှင့် သတို့သားအရံအဖြစ် မောင်သိတ်ကောင်း ၊ မောင်အောင်မင်းခန့်၊
မောင်ထွန်းကိုကို၊ မောင်ထက်အောင်၊ မောင်နေ၀င်း၊ မောင်ချမ်းမြေ့ညီညီ၊ သတို့သမီးအရံများအဖြစ် ခင်လပြည့်ဇော်၊ စိုးပြည့်သဇင်၊ အေးမြတ်သူ ၊ နန်းခင်ဇေယျာ ၊
ယုသန္တာတင် ၊ ဂုဏ်ရည်အေးကျော်တို့က ဆောင်ရွက်ခဲ့ကြပါတယ်။

ဖုန်းနံပါတ် အစိမ်းဆို သတိထား



ဘကြီးအောင်

ဖေဖော်ဝါရီ ၆ ရက် ည ၈း ၄၅
================
မန္တလေးမြို့မဟာအောင်မြေမြို့နယ်စက်ြင်္ာနွစဉ်ရပ် ၃၆×၃၇ လမ်း ၇၅
အလယ်ပလီဝင်း အဘ(ဦးမြင့်ထူး)အမိမသူဇာခင် ၏သမီးဖြစ်သူအ
သက်၁၄နှစ်အ-လ-က(၈)ဘ-ကကျောင်းမှ ၇ တန်းကျောင်းသူလေး
မသန္တာဖြိုး သည်ည ၈း၄၅ ခန့်တီဗွီကြည့်နေစဉ် ဖုန်းမည်လာသဖြင့်
02-200 ဖုန်းနံပါတ်စိမ်းဖြစ်သဖြင့်ဟဲလိုပြောလိုက်ရာမှ ကြောက်လန့်
စရာအသံအကျယ်ကြီးကြားရပြီးဖုန်းနားထောင်ရာဘယ်ဖက်နားမှစ
ပြီးတကိုယ်လုံးလျှပ်စစ်စီးသလိုဖြစ်ကာသတိလစ်ခဲ့ရတဲ့အဆင့်ထိဖြစ်
ပွားခဲ့သည်ချက်ချင်းနီးစပ်ရာအာရောဂျံဆေးခန်းပြပြီးဆေးကုသမှုခံ
ယူနေသည်။သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖုန်းနှင့်ပါတ်သက်သည့်
စိတ်ဝင်စားစရာအချက်အလက်များအားမေးမြန်းစုစည်းနေကြသည်
ရပ်ကွက်တွင်းနေထိုင်သူများမှလည်းမကြာသေးခင် ၃- ၄ရက်
လောက်မှအင်တာနက်စာမျက်နှာမှာဖုန်းနံပါတ်တချို့ကိုဂရုစိုက်ဖို့
အန္တရယ်ရှိကြောင်းရေးထားတာတွေ့ထားတယ်ဒါကြောင့်အခုလို
ဖြစ်ပြီးတဲ့နောက်မှာကလေးငယ်တွေအားလုံးအတွက်စိုးရိမ်နေမိ
ကြောင်းပြောပြသည်။ဖြစ်စဉ်နှင့်ပါတ်သက်ပြီးထူးခြား
ချက်မှာ ကလေးငယ်ကိုင်သောHUAWEI လက်ကိုင်ဖုန်းအတွင်း
အပြင်မှဝင်လာသော 02-200 ကိုပြန်ရှာရာလုံးဝမရှိတော့ကြောင်း
တွေ့ရသည်။မိဘများအားလုံးကလေးငယ်များဖုန်းပေးထားလျှင်
မဖြစ်ခင်ကကြိုတင်ကာကွယ်ဂရုစိုက်ကြပါခင်ဗျား...။
မုံရွာ- မတ္တရာမှာလည်းဖြစ်စဉ်တူတွေရှိနေပါတယ်။

အားလုံးကျေးဇူးပါ