Sunday, February 9, 2014

ဘယ်အမျိုးသားဝတ်စုံ ဝတ်မှာလဲ

မုံရွာမူးယစ်တပ်ဖွဲ့ဝင်များ T - Power ကေတီဗွီနှင့် အနှိပ်ခန်းတွင် ပြသနာရှာ


Monywa Times
ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းရှိ ဗိုလ်ကြီးဟောင်း တစ်ဦးပိုင်ဆိုင်သည့် တီပါဝါ အနှိပ်ခန်းနှင့်ကေတီဗွီဆိုင်ကြီးတွင် ယခုလ ၈ ရက်နေ့ည ၁၁ နာရီကျော်အချိန်ခန့်က မုံရွာ အထူးမူးယစ်တပ်ဖွဲ့ဝင်များသည် မလျော်သြဇာသုံး၍ အတင်းအကြပ် ဆိုင်ဖွင့်ခိုင်းကာ ပြသနာရှာခဲ့ကြောင်း သိရသည်။
ထိုသူတို့သည် တပ်ဖွဲ့ပိုင် အပြာရောင် ဟိုင်းလတ်အမျိုးအစား ယာဉ်အမှတ် ထ/ ၇၂၅၅ မော်တော်ယာဉ်ဖြင့် အုပ်စုအဖွဲ့လိုက်ရောက်ရှိကာ ဆိုင်ပိတ်ချိန်တွင် ဆိုင်ဖွင့်ပေးရန် အတင်းအကြပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ထိုဆိုင်ရှိဝန်ထမ်းတစ်ဦးက ဆိုသည်။
ဆိုင်းအတွင်း ယင်းကဲသို့ပြနာဖြစ်နေချိန်တွင် မုံရွာနယ်မြေရဲစခန်းရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း ရဲသတင်းရပ်ကွက်မှ သိရသည်။
မုံရွာမြို့ပေါ်ရှိ ကေတီဗွီနှင့် အနှိပ်ခန်းကြီးများတွင် ဌာနဆိုင်ရာ လူကြီးများ မကြာခဏ လာရောက်အပန်းဖြေ အနားယူလေ့ရှိပြီး ထိုသူမျာား၏ မလျော်သြဇာများကြောင့် အချိန်ပိုဆိုင်ဖွင့်ပေးထားရသည်ဟု သိရသည်။
ထိုနေ့ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ 81 ဆိုင်တွင်လည်း ပြသနာတက်ခဲ့သေးကြောင်း သိရသည်။
ယခုကာလသည် တရားဥပဒေစိုမိုးရန် ပြည်သူအား၏ တာဝန်တစ်ရပ်ဖြစ်နေချိန်တွင် ဌာနဆိုင်ရာမျာားက မလျော်သြဇာသုံး၍ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တချို့ကို ကိုယ်တိုင်ကိုယ်ကျ ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း အင်အားကြီး ပါတီတစ်ခု၏ လွတ်တော်အမတ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ကြောင်း သိရှိရသည်။

၅၉ (စ) ထောက်ခံဖို့တက်ကြွတဲ့မန်းလေးက တရုတ်တိုင်းရင်းသား

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး
၅၉ (စ) ထောက်ခံဖို့ လက်ကမ်းစာစောင်များ တက်ကြွစွာ လိုက်လံဝေငှပေးနေတဲ့ မန်းလေးက တရုတ်တိုင်းရင်းသား


နေပူဒါဏ်မခံနိုင်သူတွေလဲပါ။

အိမ်တစ်အိမ် အသိုက်အမြုံတစ်ခု ငါးမိနစ်



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

မတ်တပ်ရပ်ကြည့်နေတဲ့ အိမ်ပိုင်ရှင်ရဲ့ ရင်ထဲမှာ ဘယ်လိုနေမလဲ ။ သူ ဒီတိုက်ကို ဆောက်တုန်းက ဒါတပ်ပိုင်မြေ ဆိုတာလည်း သိချင်မှ သိမှာပါ ။ တဆင့် တဆင့် ၀ယ်ခဲ့တာလဲ ဖြစ်မယ် ။ တပ်ပိုင်မြေဆိုရင် အဲသည်အိမ်တွေ အုတ်မြစ်ချနေတုန်းက ဘာလို့ မတားသလဲ ။ တပ်မသိတဲ့ မြေဖို့လို့ပေါက် ။

တပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်တယ်ဆိုတာ အတော်ကို ရိုင်းစိုင်းတဲ့ လုပ်ရပ်ပဲ ။ ဘယ်သူ့အားကိုးနဲ့များ ရမ်းချင်တိုင်း ရမ်းနေပါလိမ့် ။

တပ်က ပြန်သိမ်းတယ်သာ ဆိုတယ် ၊ တပ်ဝတ်စုံနဲ့ တစ်ယောက်မှ မတွေ့ရဘူး ။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား အရန်အင်အားစာရင်းသို့ ထည့်သွင်း



Aung Thu Ra
စစ်ထောက်ချုပ်နှင့် MEC ဥက္ကဌ တာဝန်ယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်အစား အလယ် ပိုင်းတိုင်း တိုင်းမူး ဗိုလ်ချုပ်ညိုစောနှင့်ပြောင်းလဲခန့် အပ်လိုက်ပါပြီ...
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား တပ်မတော်အတွင်းဌါနလက်ကိုင်မရှိသည့်အရန်အင်အားစာရင်းသို့ ထည့်သွင်းလိုက်သည်...

ဒေါ်အောင်ဆန်းစုကြည် သည်လင်းလင်း နှင့် ချစ်သုဝေ တို့၏ မင်္ဂလာဦးဆွမ်းကျွေးသို့ တက်ရောက်ချီးမြှင့်



NLD Chairperson

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မှော်ဘီမြို့နယ် ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ကျောင်းတိုက်တွင်ကျင်းပသော မောင်ထွေးလင်းကို (ခ) လင်းလင်း နှင့် ဒေါက်တာ ချစ်သုဝေ တို့၏ မင်္ဂလာဦးဆွမ်းကျွေးသို့ တက်ရောက်ချီးမြှင့်သည်...

ရပ်ကွက် လေးခုကိုဖယ်ရှားပေးဖို့အကြောင်းကြားစာပို့



ဒဂုံမြို့သစ်၊ဆိပ်ကမ်းမြို့နယ် အတွင်း တိုးချဲ့ရပ်ကွက်အဖြစ် နေထိုင်နေတဲ့ ရပ်ကွက် လေးခုကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုး ရုံးကဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ၇ ရက်နေ့က အကြောင်းကြားစာပို့ထားတယ်လို့ သိရတယ်။

"သူတို့ပေးတဲ့ရက်က အရမ်းနည်းတယ် အဲ့ဒီ့အတွက်ကျွန်တော်တို့ မဖယ်ပေးနိုင်ဘူး ။ အင်အား သုံးဖြိုခွင်းလာရင် ၈ ရက်နေ့ညထဲက အမျိုးသမီးထု အမျိုးသားထု တွေနဲ့ ထိုင်ကင်းလှည့်ကင်းတွေ လုပ်ပြီး လုံခြုံရေးယူထားတယ်" လို့ ၉၃ တိုးချဲ့ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသိန်အောင် က ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Author ကိုရွှေဇင်
Kumudra


မနက်ဖြန် (၁၀.၂.၂၀၁၂ ရက်) တနင်္လာနေ့ နံနက်ထွက်ရှိလာပါမည်။

သမ္မတရုံးညွန် ကိုမှုးဇော်က Right Time ဂျာနယ်မျက်နှာဖုံးကို ဒါစာနယ်ဇင်း လွတ်လပ်ခွင့်လားလို့ မေး

ပြီးတော့မေးထားတာပြန်ဖျက်လိုက်သည်။

မန္တလေး ခြေ/ဥပြင်ဆင်ရေးဆန္ဒဖော်ထုတ်...တာဝန်နဲ့လာတဲ့သူလဲပါ

....
ချမ်းအေးလူငယ်များပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်
၈၆လမ်း၊ ၁၇×၁၈လမ်းကြား။

Nainglin aung

ယနေ့မန်းလေး၈၆ လမ်းတွင်တွင်ပြုလုပ်သော ခြေဥ ပြင်ဆင်ရေး ပွဲတွင် အင်အား ၃၀၀ တင်ပြထားပြီး တာလီခြစ်၍ ၃၀၀ ပြည့်သော် နောက်ထပ်ပြည်သူများထပ်ရောက်လာကျသော်လည်း စီစဉ်သူများမှ တောင်းပန်ခဲ့ပါသည်။
ဖြစ်စဉ်အစအဆုံးကိုသိသော်လည်း ပုံပါစခန်းမှူးမှ အင်အား ၂၅၀ စာတက်ရောက်ကြောင်း သတင်းပို့ချင်ပါသည်ဟူပြောရာမှ လက်မခံခဲ့ပေ။
စခန်းမှူးရယ် ဘာလို့ ထောက်ခံတဲ့လူဦးရေကို လျော့ချင်နေရတာလဲ ဗျ။

Thiri Khay Mar

တာဝန်နဲ့လာတဲ့သူလဲပါ...

သမီးကလေးကျေးရွာကို သွားရောက်သတင်းယူသည့် သတင်းထောက်များ တားဆီးခံရ



သမီးကလေးရွာ သတင်းစာ ရှင်းလင်းပွဲ သွားသည့် မီဒီယာများအား နယ်မြေခံ စစ်တပ်က တားဆီး၍ ကင်မရာနှင့် ဖုန်းများ လုယူစစ်ဆေး

February 9, 2014 at 8:58am

သမီးကလေးရွာ သတင်းစာ ရှင်းလင်းပွဲ သွားသည့် မီဒီယာများအား နယ်မြေခံ စစ်တပ်က တားဆီး၍ ကင်မရာနှင့် ဖုန်းများ လုယူစစ်ဆေး
ရန်ကုန်၊ ဖေဖော်ဝါရီ-၈
ဖေဖော်ဝါရီ ၄ ရက်မှစ၍ ရွာလုံးကျွတ်ဖျက်ဆီး ခံခဲ့ရသည့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ရွာသူ၊ ရွာသားများက ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်း၌သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်း ပွဲသို့ သွားရောက်သည့် ရန်ကုန်အခြေစိုက် သတင်းမီဒီယာများမှ သတင်းထောက်များအား သမီးကလေးရွာ မရောက်မီ ရကသလမ်းဆုံ၌ ရကသ (၂) တပ်မှ အရာရှိနှင့် တာဝန်ကျစစ်သား ၁၀ ဦးခန့်က ရင့်သီးစွာပြောဆို တားဆီးကာ ကင်မရာနှင့်လက်ကိုင်ဖုန်းများကို လုယူ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
သမီးကလေးကျေးရွာသို့ သွားရောက်ရာကြီးလေးကြီး လမ်းမကြီးသည် ရွာဖျက်နေစဉ်ကာလ အတွင်း ယာယီပိတ်ထားခဲ့သည်ဟုသိရပြီး နောက် ပိုင်းတွင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးပြီးမှ ဖြတ်သန်းသွားလာ ခွင့်ပြုနေ သော်လည်း မီဒီယာသမားများ လိုက်ပါလာသော ကားနှစ်စီးကိုသာ တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
' ဒါဟာ မီဒီယာသမားတွေမှန်းသိလို့ ရည်ရွယ်ချက်ရှိရှိနဲ့တားတာ။ အဖြစ်မှန်ကို မသိစေချင်လို့ သတင်းအမှောင်ချတယ်လို့ ယူဆလို့ရတယ်။ တာဝန်အရတားတယ်ဆိုတောင်မှ ပွင့်ပွင့်လင်းလင်းရှင်းပြပြီး တားလို့ရတာ ကိုရင့်ရင့်သီးသီးပြောဆိုခြိမ်းခြောက်ပြီး နောက်ပြန်လှည့်ခိုင်းတာကအာဏာ ကိုတလွဲအသုံးပြုတာပဲ ' ဟု သတင်းယူရန်လိုက်ပါလာသည့် နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောသည်။
စစ်တပ်က ယင်းသို့ တားဆီးရာတွင် တားဆီးရသည့်အကြောင်းအရင်းအား သိလို၍ မီဒီယာသမားများက မေးမြန်းရာ ' ဒီနေရာက သွားလို့မရဘူး။ ဘယ်သူမသွားခိုင်းလည်း ဆိုတာလည်း ပြောစရာအကြောင်းမရှိဘူး။ မင်းတို့က မီဒီယာကဆိုတိုင်း ငါက ထိုင်ကန်တော့ရမှာလား။ ကားကို တပ်ထဲမောင်း၊ ဒီကောင်တွေ အကုန်လုံးကို ဆွဲချ၊ ဓာတ်ပုံရိုက်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေအကုန်ယူ၊ ပုံတွေအကုန်ဖျက် ' ဟု အရာရှိဟု ယူဆရသူက ရင့်သီးစွာပြောဆို၍ အမိန့်ပေးသည်။
ထို့နောက် လုံခြုံရေးစစ်သားများက ကားပေါ်လိုက်ပါလာသော မီဒီယာ သမားများနှင့် အလှူရှင်တချို့၏ ကင်မရာနှင့် လက်ကိုင်ဖုန်းများကိုလုယူကာ ၎င်းတို့ရင့်သီးစွာ ပြောဆိုထားသည့် ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို ဖျက်ဆီးကြသည်။
'ကျွန်မတို့က အဖျက်ခံလိုက်ရတဲ့ ရွာတွေကို ရိက္ခာသွားပို့တာ။ လူလူချင်း ဆက်ဆံတာက နိုင်ထက်စီးနင်းဆန်လွန်းတယ်။ ကျွန်မတို့ကို တိရစ္ဆာန်တွေလို ဆက်ဆံတာ လုံးဝလက်မခံနိုင်ဘူး ' ဟု ကားပေါ်တွင် မီဒီယာသမားများနှင့်အတူ လိုက်ပါလာသော အမျိုးသမီးဆရာဝန်တစ်ဦးက ၎င်း၏ ခံစားချက်ကို ပြောပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် မီဒီယာဂရု(ပ်)မှ သတင်းထောက် တစ်ဦးက ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းထံ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံရာ အလုပ်များနေကြောင်းနှင့် ယခု ဖုန်းဖြင့်ဆက်သွယ်သူမှာ မီဒီယာသမားဟု အတည်ပြု၍ မရနိုင်သောကြောင့် ဖြေရှင်းပေးရန် ငြင်းဆန်ပြီး ဖုန်းချသွားခဲ့သည်။
တပ်ပိုင်မြေအပေါ် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်မှ စ၍ ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ ရွာသူရွာသားများသည် လက်ရှိတွင် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရပြီး ယင်းသို့ ဒုက္ခသည်များကို လက်ခံပေးထားသော ဘုန်းတော်ကြီးကျောင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံခြင်းမပြုရန် ဖိအားပေးထားကြောင်း သိရသည်။
လတ်တလောတွင် သမီးကလေးကျေးရွာ အရှေ့စုနှင့် အနောက်စုမှ အိမ်ခြေ ၄၀၀အပါအ၀င် အုတ်ဖို၊ အင်းပတီး၊ ဒေါ်ကာလီနှင့် အနီးဝန်းကျင်ရွာ တချို့မှ အိမ်ခြေ ၁၅၀ ခန့်ကိုလည်း တပ်ပိုင်မြေအပေါ် ကျူးကျော် ဆောက်လုပ်ထား သည်ဟုဆိုကာ တာဝန်ရှိသူများက ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

အောင်မြင်ရဲဇော်
စံတော်ချိန် နေ့စဉ်သတင်းစာ



သိင်္ဂီထွန်း
 mizzima
*****************************
ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာကို သွားရောက် သတင်းယူသည့် သတင်းသမားများကို လှည်းကူး-ပဲခူးလမ်းဆုံအနီးရှိ ရ.က.သ၂ တပ်၏ လုံခြုံရေးယူထားသော စစ်သားများက တားဆီးပြီး သတင်းသမားများတွင် ပါလာသည့် ကင်မရာများကို လုကာ ဓာတ်ပုံများ ဖျက်ပစ်ခဲ့သည်ဟု သမီးကလေးကျေးရွာကို သွားရောက် သတင်းယူသည့် ဓာတ်ပုံသတင်းထောက် ကိုအောင်မြင်ရဲဇော်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကားတွေက နောက်မှာ လူကလည်းများတယ်ဗျာ။ ကင်မရာတွေလည်းပါတော့ တားတယ်။ အဲဒါနဲ့ ဘယ်သွားမလဲ မေးတော့ ကျွန်တော်တို့က ဒုက္ခသည်တွေနေတဲ့ ဘုန်းကြီးကျောင်းကို သွားမလို့လို့ ပြောတယ်။ အဲဒီ့လမ်းက ခါတိုင်းသာမာန် သွားလို့ရတယ်ဗျာ။ အဲဒါနဲ့ ဘယ်သူတားတာလဲမေးတော့ မင်းတို့ကို ဘယ်သူတားလဲ ပြောရမှာလား။ မင်းတို့က ဘာကောင်မို့လို့လဲနဲ့မေးတယ်။ အဲချိန်မှာ အထဲက ကင်မရာသမားတွေက ဓာတ်ပုံလှမ်းရိုက်ကြတယ်။ လှမ်းရိုက်တော့ လက်ထဲက ကင်မရာတွေကို လုပြီး ကတ်တွေဘာတွေဖျက်တယ်။ ပုံတွေဖျက်တယ်"ဟု သူက ရှင်းပြသည်။

ထိုအပြင် ရ.က.သ ၂ တပ်က လုံခြုံရေးတပ်က သတင်းသမားများ စီးနင်းလိုက်ပါလာသည့် ကားများကို စစ်တပ်တွင်းသို့ မောင်းရန် ပြောသဖြင့် ကားပေါ်တွင် ပါလာသော ဆရာဝန်များက ကြားဝင်ဖြေရှင်းသဖြင့် ဆက်လက် ရန်ရှာခြင်း မပြုလုပ်တော့သော်လည်း ကားများကို သမီးကလေးရွာသို့ သွားရောက်ခွင့်မပြုဘဲ လှည့်ပြန်ခဲ့ရသည်ဟု ပြောသည်။

လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးရွာကို စစ်တပ်က ဘိုဒူဇာများ ထိုးကာ ရွာဖျက်ခံရသဖြင့် ကျေးရွာအနီး ကြီးလေးကြီးလမ်း မိုင်တိုင် အမှတ် ၃၀/၂ရှိ အောင်သိဒ္ဓိကျောင်းတိုက်တွင် ယာယီဒုက္ခသည်စခန်းဖွင့်ထားသည်ကို သတင်းသွားရောက်ယူရန်နှင့် ဒုက္ခသည်များကို ဆေးဝါးများပေးရန် ဆရာဝန်အချို့နှင့် သတင်းသမားများက သွားရောက်ခြင်းကို ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု တားဆီးခံခဲ့ရသည့် သတင်းထောက်များက ပြောသည်။

ထိုသို့ အခက်အခဲများကြောင့် ရန်ကုန်တိုင်းသတင်းစာ၏ သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့သော်လည်း သတင်းထောက်များ အမှန်တကယ် ဟုတ်မဟုတ် မယုံကြည်သဖြင့် မကူညီနိုင်ကြောင်းသာ ပြောခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ကို စစ်တပ်က ရန်ရှာခံရတော့ ကျွန်တော်တို့က နယ်လုံဝန်ကြီးဆီ ဖုန်းဆက်ပြီး အကူအညီ လှမ်းတောင်းတာ။ အဲဒါ နယ်လုံဝန်ကြီးက သူ့ဆီကို မီဒီယာကနေ လှမ်းဆက်တယ်ဆိုတာကို အတည်မပြုနိုင်ဘူးပေါ့ဗျာ။ လမ်းဘေးက လူတစ်ယောက်ကလည်း သူ့ဆီကို ဆက်လို့ရတယ်ပေါ့ဗျာ။ အဲလိုပြောတာဗျ"ဟု နာမည်ကြီး နေ့စဉ်သတင်းစာ တစ်စောင်၏ ဓာတ်ပုံသတင်းထောက်က မဇ္ဈိမကိုပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ အတည်ပြုရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဝင်တင်းကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

သတင်းယူရန် သွားရောက်သည့်အထဲတွင် Sky Net၊ MNTV၊ 7 Day၊ Eleven Media Group၊ စံတော်ချိန်၊ ရန်ကုန်တိုင်း၊ သမဂ္ဂ၊ မြန်မာပို့စ်အပါအဝင် မီဒီယာ ၁၀ခုကျော် ပါဝင်ပြီး ရှေ့ဆုံးကသွားပြီး လူအနည်းငယ်သာ ပါသည့် Eleven Media Group ၏ ကားတစ်စီးသာ ဒုက္ခသည်များရှိရာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ရသည်။