Monday, February 10, 2014

ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာမြင့်ကြူ တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေး ဗီဒီယို


 ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ရန်ကုန်၊ ကန်ဖျားကျောင်းတိုက်



နေမျိုးဝေကမီဒီယာတွေကိုမောင်းထုတ်



ပြင်ချင်တာကပြင်လို့ရကြောင်းသူနဲ့လဲမဆိုင်ကြောင်း၅၉ထောက်ခံတဲ့ပွဲမှာရဲမင်းဦးကပြော

ဒုဝန်ကြီး ဦးရဲထွဋ်မှာဝန်ကြီး ဦးအုန်းမြင့်အား ကိုင်တွယ်ရခက်နေ



 King Logger
ဒုဝန်ကြီး ဦးရဲထွဋ်မှာ တပ်မတော်တွင် ဗိုလ်မှုးအဆင့်မျှလောက်သာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီစဉ်အရ အရပ်ဝတ်လဲလာခဲ့ကြပြီး လက်ရှိ ၄င်းတို့၏ အတွင်းစီး အတိုင်း ၀န်ကြီး ဦးအုန်းမြင့်အား ဗိုလ်ချုပ်ဟုပင် ဆက်လက်ခေါ်ဆိုနေ ရသောကြောင့် ကိုင်တွယ်ဖြေရှင်း ရခက်နေပေသည်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး ကွဲလွဲနေဆဲ



ဘီဘီစီ (မြန်မာပိုင်း)

အခုနှစ် အတွင်း မြန်မာ နိုင်ငံ ရဲ့ အနိမ့်ဆုံးလုပ်ခ လစာ ပြဋ္ဌဌာန်းနိုင်ဖို့ အလုပ် သမား ကိုယ်စား လှယ် တွေ နဲ့ အစိုးရကြား သဘောထား ကွဲ လွဲ နေပါတယ် ။

အစိုး ရ နဲ့ ပညာ ရှင် တွေ တွက်ချက်အရ မြန်မာ နိုင်ငံ က အနိမ့် ဆုံး အလုပ် သမား လစာ ဟာ ခုနစ်သောင်း ကျပ် ဝန်း ကျင် ဖြစ်လာ ပါလိမ့် မယ် ။

တလ ၇ သောင်း ဆိုတာ နေ့စဉ် ပျမ်းမျှ ကျပ် ၂ ထောင် ကျော်ပဲ ရတယ်။

အလုပ် သမား တွေ ဘက် က လိုချင်တဲ့နှုန်း က တရက်ကို ကျပ် ၅ဝဝဝ နဲ့ ၇ဝဝဝ လိုချင် တယ်လို့ ပြော ထားပါတယ်။

အခု သတ် မှတ် ချက် ဟာ လက် တွေ့ မကျ သ လို အစိုးရ နဲ့ ဆွေးနွေး မှု တွေက ခရီး မရောက် ဘူးလို့ အနိမ့်ဆုံး လုပ်ခ လစာ အမျိုးသား အဆင့် အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောပါတယ်။

မနှစ် ဇွန် လက အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြဋ္ဌဌာန်း ခဲ့ပြီး နည်းဥပဒေ တွေကို ဇူလိုင်လက ထုတ်ပြန်ခဲ့ပါတယ် ။

ဒါ ပေ မဲ့ အနိမ့် ဆုံးလုပ် ခ လစာ ကိစ္စ ဆက်ဆွေးနွေး နေဆဲ ဖြစ်ပြီး ဒီနှစ်အတွင်း အနည်းဆုံးလုပ်ခ နှုန်းထား သတ်မှတ်ချက် ထုတ်ပြန် သွားမယ်လို့အလုပ်သမား ဝန်ကြီး က ပြောပါတယ်။

လျှပ်စစ်မီ တာ ခနဲ့ သယ်ယူ ပို့ဆောင်ရေး ကုန် ကျစရိတ် အခွန်အခ တွေကြောင့် တိုး ပေး ဖို့ အခက် ခဲ ရှိတယ် လို့ အလုပ် ရှင်တွေ ဘက် က ပြော ပါတယ် ။

အနိမ့်ဆုံး လုပ်ခ လစာ မပြဋ္ဌဌာန်း နိုင်မီမှာဘဲ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ် သမား ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။ npkt


မန်းလေးမှာစန်းဝေဟွာလို့ ခေါ်တဲ့ တရုတ်ဆီက ဖော့စ်ပရပ်ဂရိန်း အမိုနီယမ်နိုက်ထရိတ် အိတ်တွေ တန်ထောင်နဲ့ချီဖမ်းမိ




“မန္တလေးတစ်မြို့လုံးကို မီးလောင်တိုက် သွင်းကြတော့မည်လော…?”
=====================================

ခွန် ဒီးယမ်

မန္တလေးခရိုင် တရားရုံးတော်မှာ ဦးအောင်နိုင်ဦးနှင့် သူ့မိန်းမတို့ ကြားမှာ ဖြစ်ခဲ့တဲ့ အမွေမှုမှာ ဦးအောင်နိုင်ဦးက နိုင်သွားပါတယ်။ တရားနိုင်သွားတဲ့ ဦးအောင်နိုင်ဦးက သူ့မိန်းမဆီက တဆင့် မြေဝယ်ထားတဲ့ စန်းဝေဟွာလို့ ခေါ်တဲ့ တရုတ်ကို သူ ပိုင်ဆိုင်ခွင့်ရတဲ့ အိမ်နဲ့မြေပေါ်ကနေ မြေအပ်ဝရမ်းနှင့် ခရိုင်တရားရုံးတော်က နှင်ထုတ်တော့ အောက်မှာဓာတ်ပုံနှင့်တကွ ဖော်ပြထားတဲ့ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေ တန်ထောင်နဲ့ချီအောင် ပေါ်လာခဲ့တယ်။
တရားရှုံး စန်းဝေဟွာရဲ့ ကိုယ်စားလှယ်ကတော့ တန်(၂ဝဝ)ပဲ ရှိတယ်လို့ ပြောပေမယ့် မျက်မြင်မှာတော့ အလျား အနံ ပေ ၁ဝဝ×၂ဝဝ အမြင့် ပေ ၂ဝ ခေါင်မိုးထိတဲ့အထိ အဲဒီအိတ်တွေ အပြည့်ပါ။

အလွန်အန္တရယ်ကြီးတဲ့ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေကို ပြည်သူတွေရဲ့ လက်ဝယ်မှာ ထားရှိခွင့် မရှိပါဘူး။ ရေနှင့်ထိလျှင် မီးလောင်ပေါက်ကွဲစေတတ်တယ်လို့ သိရပါတယ်။ ဒဂုံဆိပ်ကမ်း မီးလောင်စဉ်က ပေါက်ကွဲမှုအား ကြီးကြီးမားမား ဖြစ်လာတယ်ဆိုတာကလည်း ဒီလိုဒြပ်ပေါင်းတွေကြောင့် ဖြစ်မှာပါ။ ဒီလိုပစ္စည်းမျိုး ဒီလောက်များများ ဘယ်လိုလုပ်ပြီး ဒီတရုတ်လက်ထဲရောက်နေမှန်း စဉ်းစားလို့ကို မရတော့ပါဘူးဗျာ။

မြေအပ်ဝရမ်းလုပ်တုန်းက လိုက်သွားတဲ့ ပြည်ကြီးတံခွန်ရဲစခန်းက စခန်းမှူးတွေ ရဲအရာရှိတွေကလည်း ဒီအိတ်တွေကို မြင်ရပါလျှက်နဲ့ အရေးယူမှု လုံးဝ မရှိပါ။ အခုအခါမှာ ဒီအိတ်တွေကို သယ်ပြီး ဘယ်နေရာကို ပြောင်းသိမ်းတယ်ဆိုတာကိုတော့ မသိရပါဘူး။ အပျောက်ဖျောက်နေပါတယ်။ မ.ရ.က ၊ ခ.ယ.က ၊ ယ.ရ.ကနှင့် နယ်မြေခံ ရဲတွေကလည်း ဒီကိစ္စကို ဖုံးဖိပြီး၊ သတ်သေခံပစ္စည်းတွေ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေကို ပြောင်းရွှေ့ပြီး၊ အပျောက်ဖျောက်နေတာကို မသိချင်ယောင် ဆောင်နေပါတယ်။ ဝန်ကြီးချုပ်ကြီး သိပါစေ…..။ ဓာတ်ပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။

(တာဝန်သိ ပြည်သူတစ်ဦး ရေးပို့သည်။)

ဒဂုံဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်



The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၃) ရပ်ကွက်ရှိ လယ်မြေများပေါ်တွင် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူ ၁၅၀ ခန့်က ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခြံစည်းရိုး လာရောက်ခတ်ရာမှ လယ်ပိုင်ရှင် မိသားစုနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများထံမှ စုံစမ်းသိရှိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီမှ ဝန်ထမ်း ၁၀၀ ခန့်သည် ကွင်းအမှတ် ၄၄၂ (တာပသွန်ကွင်း) ကို ခြံစည်းရိုးတိုင်များ လာရောက် ခတ်နေစဉ် လယ်ပိုင်ရှင် ဦးချစ်လှိုင်က လာရောက် ဟန့်တားခဲ့ရာ အရပ်ဝတ် ဝန်ထမ်းများက ကိုယ်ထိလက်ရောက် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပိုင်ရှင်၏ မိသားစုနှင့် လယ်နီးချင်းများ ထပ်မံလာရောက် ဟန့်တားရာ နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကြောင်း တောင်သူများက ပြောကြားသည်။

“ကားခြောက်စီးနဲ့ ရောက်လာပြီး ခြံတိုင်တွေ စိုက်ဖို့လုပ်တာ။ မင်းတို့နားကို ဘယ်သူမှ မကပ်စေနဲ့၊ ကပ်လာရင် ရိုက်လို့ သုံးပွင့်နဲ့ ရဲမှူးက ရဲတပ်သားတွေကို အမိန့်ပေးတယ်။ သွားတားတဲ့ လယ်ပိုင်ရှင်ကို လည်ပင်းညှစ်တယ်။ ဒါကို သမီးဖြစ်သူက မြင်တော့ မခံနိုင်လို့ သွားဆွဲတယ်။ သူ့ကိုလည်း အုတ်ခဲနဲ့ ခေါင်းကို ရိုက်လိုက်တယ်” ဟု မျက်မြင် တစ်ဦးဖြစ်သူ ဦးတိုက်စံက ပြောကြားသည်။

ယင်းနောက် အနီးအနားလယ်များမှ လယ်သမား ၄၀ ခန့် ထပ်မံရောက်ရှိ လာခြင်းကြောင့် ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက် မပြုလုပ်တော့ဘဲ နံနက် ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်နှင့် ကုမ္ပဏီ ဝန်ထမ်းများ ပြန်သွားခဲ့ကြောင်း၊ ပဋိပက္ခကြောင့် လယ်သမားငါးဦး ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မအေးအေးခိုင်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသ ခံနေရကြောင်း ၎င်းက ပြောကြားသည်။

ယခုအခင်းဖြစ်သည့် လယ်မြေ အပါအဝင် လယ်မြေ ၅၂ ဧကကို ကောင်းမြန်မာအောင် ကုမ္ပဏီသို့ အစိုးရ ဝန်ကြီးတစ်ဦးက နှစ် ၆၀ အငှားချထားပေးခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၂၀၁၃ ခုနှစ် မေလအတွင်းက လာရောက် ပြောကြားခဲ့ပြီး လယ်သမားများကို လယ်မြေအတွင်းမှ ဖယ်ရှား ခိုင်းခဲ့သော်လည်း ဖယ်ရှားပေးခြင်း မရှိသဖြင့် လယ်ပိုင်ရှင် ဦးချစ်လှိုင် အပါအဝင် လယ်သမား ၁၅ ဦးကို တရားစွဲဆိုထားပြီး အမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း လယ်သမားများက ပြောဆိုသည်။
“ပြီးခဲ့တဲ့ တစ်လလောက်ကလည်း ပထမအကြိမ် ခြံလာခတ်သေးတယ်၊ ကျွန်မတို့က အမှုဆုံးဖြတ် ချက်ချပြီးမှ သူတို့လုပ်ငန်းတွေ ဆက်လုပ်ဖို့ ပြောတော့ အသာတကြည်ပဲ ပြန်သွားတယ်။ မနက်ဖြန်မှာလည်း ရုံးချိန်းရှိတယ်” ဟု လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မဇာနည်မော်က ပြောကြားသည်။

အဆိုပါ လယ်မြေများမှာ ဘိုးဘွားများ လက်ထက်ကတည်းက အဆင့်ဆင့် လွှဲပြောင်း လုပ်ကိုင်ခဲ့သည့် လယ်မြေများ ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိမ်းယူခဲ့သော်လည်း ၂ နှစ်ခန့် အကြာတွင် မူရင်း လယ်သမားများထံသို့ ပြန်လည် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သဖြင့် လယ်လုပ်ကိုင်ခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်ကြောင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထားများ ရှိကြောင်း တောင်သူတစ်ဦးက ထပ်မံရှင်းလင်း ပြောဆိုသည်။

နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် မေးမြန်းမှသာ ပြန်လည် ဖြေဆိုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က
The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ရိုက်နှက်ခံရမှု ဖြစ်စဉ်အတွက် အမှုဖွင့် တိုင်ကြားသွားမည်ဟု လယ်သမားများက ပြောဆိုသော်လည်း အခင်းဖြစ်ပွားသည့်နေ့ ညနေ ၅ နာရီအထိ လာရောက် တိုင်ကြားခြင်း မရှိသေးကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းထံမှ သိရသည်။

ရခိုင် ပြည် ငြိမ်းချမ်း ရေး ခြိမ်းခြောက်ခံ နေရပြီလို့ ရခိုင်အ မျိုးသမီး ခေါင်းဆောင် သတိပေး



Kamayut Media
ရခိုင်ပြည် နယ်က ပဋိပက္ခတွေ၊ ရခိုင် ခေါင်းဆောင် နှစ်ဦးကို မလေး ရှားမှာ သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစား မှုတွေဟာ ရခိုင် ပြည်နယ် ငြိမ်းချမ်း ရေးကို ခြိမ်းခြောက် နေတာ ဖြစ်တယ်လို့ ရခိုင်အ မျိုးသမီးများ အစည်း အရုံးက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောဆို လိုက်ပါ တယ်။

၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေမှာ အမျိုး သမီးတွေ အများ အပြား သတ်ဖြတ်ခံ ခဲ့ရတာဟာ အနာဂတ် နိုင်ငံရေးကို ခြိမ်းခြောက်မှု ဖြစ်ပြီး နောက်ထပ် ပဋိပက္ခတွေ မဖြစ်ကြဖို့ ဒေါ်စောမြ ရာဇာလင်းက ကမာရွတ်မီ ဒီယာကို သီးသန့်ပြော ဆိုခဲ့ပါ တယ်။

ထိုင်း အခြေစိုက် မြန်မာ အမျိုးသမီး များအ ဖွဲ့ချုပ် WLB မှာပါ ၀င်တဲ့ ဒေါ်စောမြ ရာဇာလင်းက ရခိုင်ပြည် နယ် ငြိမ်းချမ်း ရေးကို ဝိုင်းဝန်း လုပ်ဆောင် ကြဖို့ တိုက်တွန်း လိုက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှ တဖို့နဲ့ ရခိုင် ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အတွက် အစိုးရက လုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါ တယ်။

ရခိုင် ပြည်နယ်မှာ မတူကွဲ ပြားတဲ့ လူ့အဖွဲ့အ စည်းနှစ်ခု အကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ အကြမ်း ဖက်မှုတွေ နှစ်ကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း
နိုင်ငံ ရေးကို လူမျိုးရေး ဘာသာ ရေးနဲ့ ရောထွေး ပြီး ဝါဒဖြန့် ချီမှုတွေ အရှိန်မြင့် တက်လာ နေချိန် ရခိုင်အ မျိုးသမီး ခေါင်းဆောင် တစ်ယောက်က သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။



တက္ကသိုလ်ဆရာ/ဆရာမများအသင်းသဘောထား ကြေညာ ချက်ထုတ်ပြန်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
++++++++++++++++++++++
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ(မဟာအောင်မြေမြို့နယ်)၊ ရတနာပုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်
======================================
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား
မယူမနေရ ပင်စင်ပေးခဲ့ခြင်းအပေါ် သဘောထား ကြေညာ ချက်ထုတ်ပြန်ခြင်း

၁၃၇၅ ခုနှစ်၊တပို့တွဲလဆန်း(၁၀) ရက်နေ့ (တနင်္ဂနွေနေ့)၊ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့

၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ဒေါက်တာဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး)မှ လက်မှတ်ရေးထိုးခဲ့သော အမိန့်ကြော်ငြာစာ (၁ ပညာ ၂(ဃ) ၂၀၁၃ (၄၁၈၀)၊ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၉) ရက်) ဖြင့် မယူမနေရပင်စင် ပေခြင်းခံခဲ့ရကြောင်းကို ကာယကံရှင် ဒေါက်တာဒေါ်ကျင်ဌေးမှ သက်သေခံ အထောက်အထားများနှင့်တကွ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများသို့ တင်ပြ ခဲ့ပါသည်။

၂။ အထက်ပါကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အစည်းအဝေးတစ်ရပ်ကျင်းပပြီး ဒေါက်တာဒေါ်ကျင်ဌေး၏ တင်ပြချက်အပေါ် ဆွေးနွေး သုံးသပ်ခဲ့ရာတွင် ဒေါက်တာဒေါ်ကျင်ဌေးသည် နည်းပြဘဝ မှ ပါမောက္ခ/ဌာနမှူး ဘဝအထိ နိုင်ငံတာဝန်များကို ထမ်းဆောင်ရာ ကာလတစ်လျောက်လုံးတွင် မည်သည့် အကြောင်းပြချက်နှင့်မျှ ဌာနဆိုင်ရာ စစ်ဆေးခံခဲ့ရခြင်း မရှိကြောင်း သုံးသပ်တွေ့ရှိ ခဲ့ရပါသည်။

၃။ ၂၀၁၃ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မှ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး) အား ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရအငြိမ်းစား ပေးခံခဲ့ရခြင်းနှင့် ပတ်သက်၍ ကြယ်ပွင့်မပြ မေးခွန်းအဖြစ် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်တွင် ဌာနဆိုင်ရာစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း ပေါ်လွင်လျက်ရှိ နေသည်ကို တွေ့ရှိရပါသည်။

၎။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး)၏
ပြန်လည်ဖြေကြားချက်များသည် ခိုင်မာသည့် သက်သေ အထောက်အထားများ အပေါ်တွင် အခြေခံခဲ့ခြင်းမရှိဘဲ လူတစ်ဦး၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများအပေါ်တွင် အခြေခံခဲ့ပြီး၊ သမ္မတဦးသိန်းစိန်၏ “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လိုက်ပါပြောင်းလဲနိုင်ခြင်း မရှိသူများကို လက်တွဲဖြုတ်ခဲ့ရန်” ဟူသော ညွှန်ကြားချက်ကို ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များသည် အခွင့်အရေးယူ ခုတုံးလုပ်ကာ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ဝန်ထမ်းတစ်ဦးအား ဥပဒေအရ ဖြေရှင်းခွင့် အခွင့်အရေး မပေးဘဲ မူဟောင်း၊ စနစ်ဟောင်းများကို ဖက်တွယ်လျှက် သက်ဦးဆံပိုင်စနစ်ဆန်ဆန် ဆောင်ရွက်ခဲ့ကြောင်း တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ သုံးသပ်တွေ့ရှိရပါသည်။

၅။ ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရ ပင်စင်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ (၃၇၅)အရ ပြစ်မှုကျုးလွန် ကြောင်း စွပ်စွဲခံရသူ တစ်ဦးဦးသည် ဥပဒေနှင့်အညီ ချေပခွင့် ရှိစေရမည်ဟူသော ပြဌာန်းချက်ကို ကျော်လွန် ဆန့်ကျင်လျက် ရှိနေသည် ကိုသုံးသပ်တွေ့ရှိရသည်အတွက် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အထက်ဖေါ်ပြပါ ပညာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်။

၆။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းမှ “အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် အခြေခံဥပဒေကို မကျော်လွန်ဖို့ ဝန်ကြီးဌာနတွေမှာ တိုက်ရိုက်တာဝန်ရှိကြောင်း နှင့် မိခင်အခြေခံဥပဒေကိုကျော်လွန်လို့မရကြောင်း” အတိအလင်း ဖြေကြားသွားခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေလျက်ရှိသည့် အထက်ဖေါ်ပြပါ အမိန့်ကြော်ငြာစာအား တာဝန်ယူ ဖြေရှင်းချက်ပေးရန် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အလေးအနက်တောင်းဆိုလိုက်သည်။

၇။ ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေး မှ အထက်ဖေါ်ပြပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ၂၀၁၃ ခုနှစ်၊ တရားမ အထွေထွေ လျှောက်ထားမှုအမှတ် - ၂၉၀/၂၀၁၃ ဖြင့် အာဏာပေး စာချွန်တော် အမိန့်ထုတ်ဆင့် ပေးပါရန် လျှောက်ထားခြင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ လက်ခံခဲ့ကြောင်း သတင်းမီဒီယာများမှ တဆင့် ကြားသိခဲ့ရသည့်အတွက် တက္ကသိုလ် ဆရာ/ဆရာမအသင်းများမှ တရားရေးဏ္ဍိုင်၏ ရပ်တည်မှုကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ ထို့ပြင် နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ မှတ်ကျောက်အဖြစ် စွက်ဖက်မှုကင်းသော လွတ်လပ်မျှတသည့် စီရင်ချက် ချမှတ်နိုင်ရေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိမ့်မည်ဟုယုံကြည်မျှော်လင့်ပါသည်။

၈။ သို့ဖြစ်ပါ၍ ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး၏ ဖြစ်စဉ်သည် ကာယကံရှင်တစ်ဦးတည်း၏ အရေးကိစ္စ သက်သက်မဟုတ်ဘဲ နိုင်ငံဝန်ထမ်း ထုတစ်ရပ်လုံး၏ ဘဝလုံခြုံရေးကို ဥပဒေမဲ့ခြိမ်းခြောက်လာသည့် ကိစ္စတစ်ရပ်အနေဖြင့် သုံးသပ်ရပါသောကြောင့် ပညာရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် အပါအဝင် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးမှ အထက်ဖေါ်ပြပါ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအား ပယ်ဖျက်ပေးရန် (သို့မဟုတ်) မှန်ကန်မျှတသည့် ကုစားမှုပေးအပ်ရန် ဤသဘောထားကြေညာချက်ဖြင့် တက္ကသိုလ်ဆရာ/ ဆရာမအသင်းများမှ တစ်ညီတစ်ညွတ်တည်း တောင်းဆို ထုတ်ပြန် လိုက်ပါသည်။

University Teachers Association - Dagon University

NLD ကျန်းမာရေးကွန်ရက် ရန်ပုံငွေဂီတပွဲ ကျပ်သိန်းရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိ



The Voice Weekly
အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှု အကောင်အထည်ဖော်ရန် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသော အမျိုးသား ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ကျပ်သိန်း ရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိခဲ့ကြောင်း အဆိုပါကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။

အရေးပေါ် လူနာတင်ကားအတွက် Ever Green Auto Group ကလှူဒါန်းခဲ့ပြီး ငွေကျပ် သိန်းရှစ်ရာကို တက်ရောက်လာသူများက လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသားကျန်းမာရေး ကွန်ရက်သို့ ဒေါ်လာတစ်သောင်း ငါးထောင်တန် TOYOTA HI-ACE အရေးပေါ် အသက်ကယ် သူနာတင်ယာဉ် တစ်စီးကို ဂျပန်နိုင်ငံမှ မစ္စတာ OKAZAKI က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။
“တစ်စီးကို ခွဲစိတ်ခန်း အသေးစားလုပ်မယ်။ နောက်တစ်စီးကို အသက်ကယ် သူနာတင်ယာဉ် လုပ်မယ်။ ရန်ပုံငွေက ခွဲခန်းလုပ်မယ့် ကားအတွက် ပစ္စည်းဝယ်နိုင်မယ်။ အသက်ကယ် သူနာတင်ယာဉ် အတွက်တော့ ပစ္စည်းတွေက အရမ်းဈေးကြီးတာကြောင့် အချိန်တော့ ကြာဦးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် အမျိုးသား ကျန်းမာရေးကွန်ရက် အဖွဲ့ဝင် ဆရာဝန်များကို အရေးပေါ် အသက်ကယ်ယာဉ် အသုံးပြု နည်းသင်တန်းများ ပေးအပ်ထားပြီး ဖြစ်ကြောင်း ယင်းကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။

အမျိုးသား ကျန်းမာရေး ကွန်ရက်သည် နယ်လှည့် ဆေးကုသမှု လုပ်ငန်းများကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် အရေးပေါ် အသက်ကယ် ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာရေပိုင်နက်မှာ မီးလောင်လှေက နိုင်ငံခြားသားတွေကို ကယ်ဆယ်





BBC
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် က ထွက်ခွာလာတဲ့ KS ဘလူးစတားကုမ္ပဏီပိုင် စက်တပ် ရွက်လှေတစီး မြန်မာ ရေပိုင်နက်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို မပေါက်ကွဲခင်အချိန်ပိုင်းလေးမှာ မြန်မာ ကင်းမွန် မီးထွန်းလှေက နိုင်ငံခြားသားတွေ အပါအ၀င် လူ(၃၃)ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

အဲဒီလူတွေ မနေ့ နေ့လယ်ပိုင်း တနာရီမှာ ကော့သောင်းမြို့ မြိုမတံတားကိုရောက်လာပြီး သူတို့ကို အာဏာပိုင်တွေက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံခြားသားတွေကို သယ်ဆောင်လာတဲ့ အပျော်စီး နှစ်ထပ်ရွက်လှေ ပုံစံ သင်္ဘောဟာ မြန်မာ ရေပိုင်နက် ဘုတ်ပြင်းမြို့နယ် ကျွန်းမဲကျွန်းအနီး လတ္တီတွဒ် ၁၁.၉နဲ့ လောင်ဂျီတွဒ် ၉၃.၃၉ မှာ ဝါယာလျှော့ဖြစ်ပြီး လှေတစီးလုံး မီးလောင် နစ်မြုပ် သွားတာ ဖြစ်ပါတယ်။

အနီးနားမှာရှိနေတဲ့ ရွှေညီအကို ကုမ္ပဏီပိုင် အဏ္ဏဝါ အမှတ်(၁) ကင်းမွန်မီးထွန်းလှေက ကယ်ဆယ်လိုက်တဲ့ အကြောင်း မြန်မာပဲ့နင်းက ပြောပါတယ်။

မီးလောင်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် အနားကပ်လို့မရဘဲ ရေထဲကနေ မြင်ရတဲ့လူတွေကို လှေငယ်လေးနဲ့ လိုက်လံ ဆယ်ယူခဲ့တာလို့ သူက ဆိုပါတယ်။

ဆယ်ယူနိုင်ခဲ့တဲ့သူတွေကတော့ ဖင်လန်နိုင်ငံသား(၁၈)ဦး ၊ ဂျာမနီ(၃)ဦး ၊ ဆွစ်ဇာလန် လူမျိုး(၃)ဦး ၊ သြစတြေးလျ(၁)ဦး ၊ အင်္ဂလန်(၁)ဦး နဲ့ ထိုင်း(၆)ဦး အပြင် မြန်မာဘာသာပြန်တဦးတို့ ဖြစ်ပါတယ်။

ကော့သောင်း မြို့မတံတားကို နေ့လယ်ပိုင်းမှာရောက်လာပြီး မြန်မာ လ၀ကအရာရှိနဲ့ ရဲမှူးအပါအ၀င် တာဝန်ရှိသူတွေက ပြတ်ရှ ဒဏ်ရာရရှိသူတဦးကို ဆေးကုသပေးကာ အစားအသောက်တွေလဲ ကျွေးမွေးခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သင်္ဘောကုမ္ပဏီ ရှိရာ ဖူးခတ် မြို့ကို ပြန်လည် ထွက်သွားခဲ့ကြောင်း သိရပါတယ်။

NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် မြောက်ဦးတွင် ဆန္ဒပြ


The Voice Weekly
ဘင်္ဂါလီ များကိုသာ တစ်ဖက်သတ် အကူအညီများ ပေးနေသည်ဟုဆိုကာ NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေသခံ ၁၀၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။

ဆန္ဒပြပွဲတွင် ဒေသခံ မဟုတ်သည့် NGO၊ INGOများ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန်၊ အထူးသဖြင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ခုနစ်ရက်အတွင်း ထွက်ခွာရန်၊ White Card ကိုင် ဆောင်သူများကို ရွေးကောက်ပိုင်ခွင့်နှင့် မဲပေးခွင့် မပြုရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစားထိုး တပ်ဆင်ပေးရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို တာဝန်ယူပေးရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

ဆန္ဒပြပွဲကို မြောက်ဦးမြို့ ရှစ်သောင်း ဘုရားရှေ့မှ စတင်ကာ သုံးနာရီခန့်ကြာ စီတန်းလှည့်လည် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး အဆိုပါ ရှစ်သောင်း ဘုရားရှေ့တွင် အဆုံးသတ်ခဲ့ကြောင်း ဦးထွန်းထွန်းက ဆိုသည်။
“ရခိုင်တွေကို ခွဲခြားဆက်ဆံတယ်။ ဘင်္ဂါလီတွေဆိုရင် အများကြီး အကူအညီပေးတယ်” ဟု ဆန္ဒပြရသည့် အကြောင်းရင်းကို ၎င်းကပြောဆိုသည်။

NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာ မသွားပါက ဆန္ဒပြမှုထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရသည်။

ယခုဆန္ဒပြပွဲ မတိုင်မီ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးရန်၊ INGO များသွားရောက်မည့် ကျေးရွာများသို့ ကော်မတီမှ အနည်းဆုံး လူငါးဦး လိုက်ခွင့်ပေးရန်၊ သုံးဆောင်မည့် ပစ္စည်းများနှင့် သိုလှောင်ထားသည့် ပစ္စည်းများကို အချိန်မရွေး စစ်ဆေးခွင့်ပြုရန်၊ မြို့နယ် ကျော်လွန် သွားရောက် ကူညီမှုများကို လုံးဝခွင့်မပြု အပါအဝင် အချက်ကိုးချက်ကို လိုက်နာရန်၊ မလိုက်နာပါက ဟိုတယ်တွင် ရုံးခန်းဖွင့်ခွင့် မပေးရန် မြို့ခံများက INGO များရုံးစိုက်သည့် ဟိုတယ်များကို သတိပေးခဲ့သည်။

ယင်းတောင်းဆိုချက်များကို NGO၊ INGO လိုက်နာခြင်း မရှိသဖြင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦး ဖြစ်သူ ဦးကျော်ဝင်းတင်က ပြောကြားသည်။

လူသားချင်း စာနာသည့် အဖွဲ့အစည်းများ အနေနှင့် ဘက်မလိုက်မှု၊ မျက်နှာသာ မပေးမှု၊ လွတ်လပ်မှု၊ လူသားချင်း စာမှုတို့ကို အခြေခံကာ လူသားချင်း စာနာသည့် လုပ်ငန်းများကို လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောဆိုသော်လည်း NGO၊ INGO များကို ထွက်ခွာသွားရန် ဆန္ဒပြ တောင်းဆိုမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်းကား မရှိခဲ့ပေ။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ တို့တွင်လည်း မြောက်ဦးကဲ့သို့ အလားတူ ဆန္ဒပြမှုများ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ပြီး အခြားမြို့နယ် အချို့တွင်လည်း ပြုလုပ်ရန် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယင်းဆန္ဒပြပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ မလေးရှားနိုင်ငံတွင် တိုက်ခိုက်ခံရမှုကို ရှုတ်ချခဲ့ပြီး မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် သတင်းမှား ထုတ်ပြန်ခဲ့သည်ဟုဆိုကာ INGO များ၊ နိုင်ငံခြား သတင်းဌာနများကို ကန့်ကွက် ခဲ့ကြကြောင်း မြို့ခံများထံမှ သိရှိရသည်။

ဘာရည်ရွယ်ချက်နဲ့ လုပ်လဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားပြီ



၅၉ ( စ ) ထောက်ခံဖို့ လက်ကမ်းစာစောင် ဝေကြတယ်၊ ဝေတာကို မကန့်ကွက်ပေမဲ့
ဝေတဲ့သူရဲ့ နောက်ကြောင်းကို တစ်ချက်သုံးသပ်ကြည့်ရအောင်---

နာမည်က ချစ်ကို၊ နေတာကတော့ မန္တလေး ကျောက်ဆစ်တန်းရပ်၊ မန်းကျီးရိပ် ထမင်းဆိုင်

အဘခေတ်တုန်းက ထောက်လှမ်းရေးတွေကို အင်ဖော်မာ လုပ်ပေးရင်း အရိုးအရင်းကိုက်ခဲ့တဲ့သူ၊ သူကြောင့် အပြစ်မရှိပဲ ထောင်ကျသွားတဲ့ သူတွေ ဒုနဲ့ဒေး၊ ခိုးကူးသီချင်းခွေတွေဖမ်းတဲ့အချိန်မှာတောင် သူ့ဆိုင်မှာ ခိုးကူးခွေပေါ်တင်ရောင်းပြီး ထောက်လှမ်းရေးအင်ဖော်မာဆိုပြီး လုပ်စားခဲ့တဲ့သူ၊

ထောက်လှမ်းရေး ခေတ်မကောင်းတော့တဲ့အချိန်ရောက်တော့ ဗီဒိယိုဖြန့်ချီရေးလုပ်ငန်းလုပ်ပြီး အထက်ကလူကြီးတွေနဲ့ပေါင်းကာ ခွေအဌားဆိုင်လေးတွေကို ကြိုခွေလိုက်ဖမ်းပြီး ဂုတ်သွေးစုပ် ခဲ့တဲ့သူ၊ အရင်က တိုင်းဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းနဲ့ဆိုရင် ပနာသင့်လုပ်စားဖော် လုပ်စားဖက်တွေပါ၊

မြို့သစ်ထဲက ခွေဌားဆိုင်အချို့ဆို ဒီတစ်ခါလာဖမ်းရင် ထောင်ထဲဝင်ရရင်ဝင်ရပါစေ၊ ရိုက်မယ်ဆိုတဲ့ဆိုင်တွေကို အများကြီး၊
အဲ့လောက်ကို လူချစ်လူခင်များခဲ့တာ၊

ဆိုလိုချင်တာက အခုခြေဥထောက်ခံဖို့ လိုက်ဝေတယ်၊ အများသိ အဘသိအောင် လုပ်ပြတယ်ဆိုကတည်းက ပင်ကိုယ်ခံယူချက်ထက် နေရာလေးရလိုရငြား ဖားချင်တဲ့စိတ်နဲ့ လုပ်နေတယ်ဆိုတာ သူနဲ့ ပတ်သတ်သူတိုင်း သိကြတယ်၊

သဘောတော့ပေါက်လိုက်ပါပြီ
အမျိုးသားရေးကြွေးကြော်ပြီး ဟောပြောထောက်ခံကြတဲ့သူတွေရော၊ လော်ဘီလုပ်ပေးကြတဲ့ သူတွေအားလုံးဟာ ဘာအတွက် ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားပြီ ဖြစ်ပါကြောင်း

ဒိုင်း ခင်ခင်


Mandalay Loud Speaker သိပ့်ဟုတ် ယခင်၄၁လမ်း ရွှေမန်းကျောင်းဆောင် မျက်နှစ်ဆိုင် အိမ်မှာနေတုန်းက ထောက်လှမ်းရေး အင်ဖော်မာ

Soe Myint Win သိပ် ဟုတ်တာ ပေါ့  ဒီ ကောင့် ကြောင့် ဖမ်း ခံ ထိ ခဲ့  တဲ့  ကျောင်း သား တွေ အများ ကြီး ပါ ကျ နော့်  မှာ သက် သေ တွေ အများ ကြီး ရှိ တယ် ဒီ လို ကောင် မျိုး က တော့  စား ပေါက် ချောင် အောင် အောက် တန်း ကျ တဲ့  စိတ် ဓါတ် နဲ့  ဒီ လို ပဲ လုပ် စား နေ မှာ ပဲ

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေး အလွဲသုံးစားမှု


People power

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင်
ငွေကြေး အလွဲသုံးစားမှု ပါတီသို့ တိုင်ကြားစာရောက်ရှိ

ဆက်သွယ်ရေးဝန်ကြီးဟောင်း ကြံ့ခိုင်ရေးပါတီအမတ်
 ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေးအလွဲသုံးစားမှု ပြုလုပ်
 ခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင် စုကြံ့ခိုင်ရေးပါတီ
ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားစာအချို့ရောက်ရှိခဲ့ကြောင်း
ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

ဦးသိန်းဇော်သည် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်
ထမ်းဆောင်ချိန်က နိုင်ငံတကာမှ ဖုန်းခေါ်ဆိုမှုများကို ပြည်ပ
ကုမ္ပဏီအချို့နှင့် ပူးပေါင်း ၍ ငွေကြေးအလွဲသုံးစားမှုများ
ပြုလုပ်ခဲ့ကြောင်း နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးမျှ အစိုးရ
ဘဏ္ဍာငွေထဲသို့ ရောက်ရှိခဲ့ခြင်းမရှိကြောင်း တိုင် ကြားစာတွင်
ပါရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့ရာတွင် လတ်တလောအနေဖြင့် ပါတီက အရေးယူ
ဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် မရှိသေးကြောင်း
၎င်းကပင် ဆက်လက်ပြောကြား သည်။

“အခုက တစ်နွယ်ငင် တစ်စင်ပါပုံစံမျိုးဖြစ်နေတယ်။ တည်ငြိမ်တဲ့
အစိုးရတက်လာရင်တော့ ဒီကိစ္စတွေက ရှင်းသွားမှာပါ”ဟု ၎င်းက
ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း
“အဓိကတော့ မလေးရှားမှာပါ၊ မြန်မာပြည်ကိုခေါ်တဲ့ ဖုန်းကတ်
တွေက တရားဝင်လိုင်း နဲ့ ခေါ်ရင် ဈေးကြီးလို့ မှောင်ခိုင်ကတ်
တွေနဲ့ အများစုက ခေါ်ကြတယ်၊ အဲဒါတွေက သူတို့ပေါင်းပြီး
လုပ်တာ”ဟု ပြောကြားသည်။

ဦးသိန်းဇော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖျြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ကာ မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှ
ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကာ
 အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်
ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်



7day Daily

ထားဝယ်မြို့မှ လယ်သိမ်းဆည်းခံ တောင်သူလယ်သမားငါးဆယ်ခန့်က ၎င်းတို့ လယ်ယာမြေများအပေါ်တွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အာဏာပိုင်များကို ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိန်စာတိုက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေသော လယ်သမား ဦးကြူလွင်၏ လယ်ကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းခံ လယ်ယာမြေများအတွက် နစ်နာကြေးများနှင့် စီမံကိန်းဆောင်ရွက်ခြင်းမရှိသေးသော လယ်ယာများကို လယ်ယာမြေလုပ်ကိုင်ခွင့် ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုသည့်အပြင် ကန်ထရိုက်ကုမ္ပဏီများက ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

အဆိုပါ လယ်မြေများကို ထားဝယ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွက် ၁၉၉၀ပြည့်နှစ်တွင် သိမ်းဆည်းသည်ဟု သိရ ပြီး သိမ်းဆည်းခံတောင်သူများအား လယ်သုံးဧကတွင် ပေ ၆၀x ၄၀ မြေကွက်တစ်ကွက်သာ ပြန်လည်ပေးအပ်သဖြင့် မကျေနပ်ကြကြောင်း လယ်သမားများပြောသည်။

အဆိုပါ ပြန်လည်နေရာချထားမည့် နေရာသည် ချောင်ကျခြင်း၊ ရေ၀ပ်နေရာဖြစ်ခြင်း၊ လယ်တစ်ဧကတွင် အဆိုပါမြေကွက် ရှစ်ကွက် ရနိုင်ခြင်းတို့ကြောင့် လယ်သမားများက ပိုမိုအဆင်ပြေသောနေရာတွင် ပေ ၆၀ x ၈၀ မြေကွက်များ ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သတင်းရရှိသည်။

လယ်သမား ၆၀ ကျော်နှင့် တာဝန်ရှိသူတို့ မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် ပြန်လည်ပေးအပ်မည့် မြေကွက်များကို လက်ခံသူ ခြောက်ဦးရှိခဲ့ပြီး လက်မခံသူများကို တရားရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ပြောကြားကြောင်း သတင်းရရှိသည်။

““အဓိကကတော့ သိမ်းဆည်းခံလယ်သမားတွေကို ကူညီမယ့်သူမရှိတော့ဘူး။ ဒါကြောင့် နေမင်းနဲ့ လမင်းကို အကူအညီတောင်းခံရတဲ့သဘောပေါ့။ ကျွန်မတို့ကို အပြင်မှာ ဖိနှိပ်လို့ရပေမယ့် ကျွန်မတို့ လယ်သမားတွေရဲ့ စိတ်ခံစားမှုကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် ခံစားချက်တွေကို ဖွင့်ချတာပေါ့။ တကယ်လည်း ခံစားရလို့ပါ”” ဟု လယ်မြေများ သိမ်းဆည်းခံထားရသော ဒေါ်ရွှေစင်ယုက ပြောကြားသည်။

အဆိုပါလယ်သမားများက သိမ်းဆည်းခံလယ်မြေများအတွက် ဖျက်ဆီးသော အာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများသည် သံသရာအဆက်ဆက်၊ ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဘေးဒုက္ခအမျိုးမျိုး၊ စိတ်သောကအမျိုးမျိုးရပါစေဟု ကျိန်စာတိုက်ပြီး သေရာမပါသော မြေများ သိမ်းယူခြင်းကြောင့် တမလွန်ဘ၀တွင် မြေစောင့်သရဲများ ဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘ၀အဆက်တိုင်း ခရိုနီ၊ အာဏာပိုင်များ နိုင်ထက်ပြုခြင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းခဲ့သည်။

လက်ရှိတွင် ဆန္ဒပြကန့်ကွက်နေသော လယ်မြေများ၌ ပြည့်စုံမင်းဟိန်း၊ တင်အောင်၊ Super Local ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပေ ၆၀၊ ပေ ၄၀ လမ်းများ ဖောက်လုပ်နေသည်။

သိမ်းဆည်းခံ တောင်သူလယ်သမား ၁၀၀ စီ ပါဝင်သော ဆန္ဒပြမှုများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ အတွင်း ပြုလုပ်ခဲ့သည်။ ယင်းကျိန်စာတိုက်ပွဲသည် ထားဝယ်ဒေသရှိ သိမ်းဆည်းခံတောင်သူလယ်သမားများအနေဖြင့် ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီလာရောက်ခြံစည်းရိုးခတ်

Thein Aung Myint
၂၀၁၄-ဖေဖဝါရီ၉-ရက်မနက်က မန္တလေး လေယာဉ်ကွင်းဘေးကပ်လျှက် မနော်ဟယ်ရီလမ်းအနောက်လမ်းဆုံးရှိ ကွင်းအမှတ်(၄၁၁) အုန်းအင်းကွင်းရှိ ဒေသခံလယ်သမားများလယ်ကွင်းတွင် တရုပ်ကုမ္ပဏီအောင်မြင်သူမှ မိမိတို့ပိုင်ဟု သံကွန်ကရစ်တိုင်များဖြင့် လာရောက်ခြံစည်းရိုးခတ်၍ လယ်သမားများနှင့်ပြဿနာဖြစ်ပွား . တရုပ်ပိုင်အတွက် လာရောက်ခြံစည်းရိုးခက်သူများမှာ တရုပ်ကုမ္ပဏီတွင်အလုပ်လုပ်နေကြသော မြန်မာများဖြစ်နေ

ဗုံး ၂ လုံးလောက်ကြဲပေးပါ

ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော် ကို ၀င်ရောက်ဖျက်ဆီး


7day Daily

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော်
ကို ကျူးများဟုဆိုကာ မြို့နယ်စည်ပင်သာယာက ဖေဖော်ဝါရီ ၈ ရက် နံနက်က ၀င်ရောက်ဖျက်ဆီးခဲ့သည်။

အဆိုပါရပ်ကွက်အတွင်းရှိ မြေကွက်များကို ပွဲစားများထံမှတစ်ဆင့် ၀ယ်ယူကာ
နေထိုင်မှုများရှိနေကြောင်း အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငှားရမ်းနေထိုင်
လာရင်း ယခုကဲ့သို့ အဖျက်ခံလိုက်ရသည်ဟုဆိုကြသည်။

ငှားရမ်းနေထိုင်ကြရာတွင် မြေနေရာများကို သုံးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲအထိ ပေးဆောင်၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း ယခုတစ်ပတ်
အတွင်း ပြောင်းရွှေ့ရမည့်သူများအတွင်း ပါဝင်သည့် ဦးအုန်းရွှေက ပြောသည်။

ဖေဖော်ဝါရီ ၈ ရက်က အဆိုပါရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များဖျက်ဆီးရာတွင်
လူနေထိုင်မှုရှိသော အချို့အိမ်များ တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန် ညွှန်ကြား
သွားခဲ့ကြောင်း သိရသည်။

““ကျူးကျော်အိမ်တွေဆိုပြီး လာဖျက်တယ်။ လူရှိတဲ့အိမ်တွေဆိုမဖျက်ဘူး။
တချို့လည်း လူရှိတာတောင်ဖျက်သွားတာပါ။ ပါးစပ်နဲ့ လိုက်ပြောထားတာတော့
ရှိပါတယ်။ နို့တစ်စာကပ်ပြီး ဘယ်ရက်အတွင်း ပြောင်းရမယ်လို့ဆိုတာမျိုးလည်း မလုပ်ဘူးဗျ။ အိမ်ဆောက်ဖို့ ပစ္စည်းတွေတောင် ၀ယ်လာတာ ပြန်ရောက်တော့ အိမ်တွေကို လာဖျက်နေကြပြီ””ဟု ၂ နှစ်ကျော်ကြာ ငှားရမ်းနေထိုင်သူတစ်ဦး
ဖြစ်သော ဦးမင်းကျော်သူကပြောသည်။

ယင်းသို့ ကျူးကျော်အိမ်များ လာရောက်ဖျက်ဆီးရခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး
၏ တောင်းဆိုချက်အရဖြစ်ပြီး ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ များပြား
လာခြင်းကြောင့် လာရောက်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျူးကျော်အိမ်များ ဖျက်ဆီးမှုကို ၁၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ခံခွဲရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ““ဒီကိစ္စကို ကျွန်တော်တို့ မပြောနိုင်ပါဘူး။ အုပ်ချုပ်ရေးမှူး
ကပဲ ပြောနိုင်မှာပါ””ဟုသာ ရုံးတွင်ရှိနေသူတစ်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။


ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ အိမ် ၃၀၀ ကျူးဟု သတ်မှတ်ဖျက်ဆီး
===================================

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော်ကို ကျူးများဟုဆိုကာ မြို့နယ်စည်ပင်သာယာက ဖေဖော်ဝါရီ ၈ ရက် နံနက်က ၀င်ရောက်ဖျက်ဆီးခဲ့သည်။ အဆိုပါရပ်ကွက်အတွင်းရှိ မြေကွက်များကို ပွဲစားများထံမှတစ်ဆင့် ၀ယ်ယူကာ နေထိုင်မှုများရှိနေကြောင်း အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငှားရမ်းနေထိုင်လာရင်း ယခုကဲ့သို့ အဖျက်ခံလိုက်ရသည်ဟုဆိုကြသည်။ ငှားရမ်းနေထိုင်ကြရာတွင် မြေနေရာများကို သုံးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲအထိ ပေးဆောင်၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ရမည့်သူများအတွင်း ပါဝင်သည့် ဦးအုန်းရွှေက ပြောသည်။ ဖေဖော်ဝါရီ ၈ ရက်က အဆိုပါရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များ ဖျက်ဆီးရာတွင် လူနေထိုင်မှုရှိသော အချို့အိမ်များ တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန် ညွှန်ကြားသွားခဲ့ကြောင်း သိရသည်။ ““ကျူးကျော်အိမ်တွေဆိုပြီး လာဖျက်တယ်။ လူရှိတဲ့အိမ်တွေဆို မဖျက်ဘူး။ တချို့လည်း လူရှိတာတောင်ဖျက်သွားတာပါ။ ပါးစပ်နဲ့ လိုက်ပြောထားတာတော့ရှိပါတယ်။ နို့တစ်စာကပ်ပြီး ဘယ်ရက်အတွင်း ပြောင်းရမယ်လို့ဆိုတာမျိုးလည်း မလုပ်ဘူးဗျ။ အိမ်ဆောက်ဖို့ ပစ္စည်းတွေတောင် ၀ယ်လာတာ ပြန်ရောက်တော့ အိမ်တွေကို လာဖျက်နေကြပြီ””ဟု ၂ နှစ်ကျော်ကြာ ငှားရမ်းနေထိုင်သူတစ်ဦးဖြစ်သော ဦးမင်းကျော်သူကပြောသည်။ ယင်းသို့ ကျူးကျော်အိမ်များ လာရောက်ဖျက်ဆီးရခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရဖြစ်ပြီး ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ များပြားလာခြင်းကြောင့် လာရောက်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါကျူးကျော်အိမ်များ ဖျက်ဆီးမှုကို ၁၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ခံခွဲရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ““ဒီကိစ္စကို ကျွန်တော်တို့ မပြောနိုင်ပါဘူး။ အုပ်ချုပ်ရေးမှူးကပဲ ပြောနိုင်မှာပါ””ဟုသာ ရုံးတွင်ရှိနေသူတစ်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။ npkt

Author: သူရကျော်
7day Daily


ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ လူနေအိမ်များကို စည်ပင်က ဖျက်ဆီးနေစဉ်
ဓာတ်ပုံ - စန်းထွေး

ကိုကိုးကျွန်းတွင် တရုတ် လေယာဉ်ကွင်း တည်ဆောက်



အိန္ဒိယနိုင်ငံပိုင် အန်ဒမန်ကျွန်းနှင့်နီးကပ်သည့် မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်တွင် တရုတ်နိုင်ငံက လေယာဉ်ပြေးလမ်း တခုနှင့် အခြား အဆောက်အအုံများ တည်ဆောက်လျက်ရှိကြောင်း စနေ နေ့ထုတ် The Time of India သတင်း တရပ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံက အရပ်ဘက်သုံး လေယာဉ်ကွင်းတကွင်း တည်ဆောက်နေခြင်း ဖြစ်၍ စစ်ရေးခြိမ်းခြောက်မှု အဖြစ် မသတ်မှတ်ကြောင်း၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် ဆက်ဆံသွားမည် ဖြစ်ကြောင်း အန်ဒမန်နှင့် နီကိုဘား ကျွန်းစု ရေတပ်ဌာနချုပ်မှူးက မီလန် ၂၀၁၄ နိုင်ငံ တကာ ပူးတွဲ ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားကြောင်း သိရသည်။ ကိုကိုးကျွန်းကို မြန်မာ နိုင်ငံက တရုတ်နိုင်ငံသို့ ငှားရမ်းထားသည်ဟု လွန်ခဲ့သည့် နှစ်များစွာကပင် သတင်းများ ထွက်ပေါ်ခဲ့သည်။

The Irrawaddy (Burmese Version)

လင်းလင်း+ချစ်သုဝေ တို့၏ မင်္ဂလာဆွမ်းကျွေး မှတ်တမ်းပုံရိပ်များ



(၉၊၂၊၂၀၁၄)
SUNNY

NLD နဲ့ ၈၈ ( ငြိမ်းပွင့် ) ပူးတွဲထုတ်ပြန်ချက်