Tuesday, February 11, 2014

သမီးလေးရဲ့ပညာရေးစနစ်ကိုမြှင့်တင်နေပုံ

ဒီနေ့ကာတွန်း

သန်လျင်ရှိ ကွမ်းခြံကုန်း ကျေးရွာကို နှစ်ပတ်အတွင်း ဖျက်သိမ်းရန် အမိန့်ထုတ်



The Voice Weekly

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်း ကျေးရွာတစ်ရွာလုံး ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ အချို့က ဆိုသည်။

အဆိုပါ ကျေးရွာတွင် ၁၉၉၄ ခုနှစ်က ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟု ဆိုကာ မြေကွက်များ အစားထိုး ပြန်ပေးကာ ယင်းကျေးရွာကို ဖယ်ရှားခဲ့ပြီး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ကျေးရွာတွင် လူဦးရေ လေးထောင်နီးပါး နေထိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီရွာမှာ နေလာတာ ၁၉၆၄ ခုနှစ်ကတည်းကပဲ။ အခုထိတော့ ဘယ်သူမှ မဖျက်ကြဘူး။ တခြား သွားနေစရာလည်း ဘယ်မှ မရှိဘူး။ နေအိမ်တွေကို ဖျက်ဖို့ သူတို့ လူအင်အား စုနေတယ်လို့တော့ ကြားတယ်” ဟု ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ ဒေါ်သန်းစိန်က ပြောကြားသည်။

နေအိမ်များ ဖျက်သိမ်းပေးရန် အကြောင်းကြားစာတွင် အဆိုပါ ကျေးရွာ မြေများသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနပိုင် မြေဖြစ်ကြောင်း ဖော်ပြထားပြီး မဖယ်ရှားပါက တည်ဆဲ တာတမံ အက်ဥပဒေ ပုဒ်မ ၉ နှင့် ၉ (က) များဖြင့် အရေးယူမည်ဟု ကြေညာထားကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ် မေးမြန်းရာ အုပ်ချုပ်ရေးမှူးမှာ အစည်းအဝေး တက်ရောက်နေကြောင်း၊ ၎င်းတို့အနေနှင့် ယင်းကိစ္စကို မသိရှိရကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဖြေကြားမည့်သူ မရှိပေ။

၁၉၉၄ ခုနှစ် တပ်မတော်အစိုးရ လက်ထက်က အဆိုပါ ကျေးရွာ မြေနေရာတွင် ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟုဆိုကာ ယင်းကျေးရွာကို ဖယ်ရှားခိုင်းခဲ့ပြီး တစ်အိမ်ထောင်လျှင် ပေ ၄၀၊ ပေ ၆၀ မြေကွက်များ ပြန်လည် အစားချပေးခဲ့သော်လည်း မြေကွက် အစားထိုး ပြန်လည် မရရှိခဲ့သည့် မိသားစု ၄၀ ဝန်းကျင်မှာ အဆိုပါ မြေနေရာများတွင် ဆက်လက် နေထိုင်ခဲ့ကြကြောင်း၊ ဆည်စီမံကိန်းမှာလည်း မအောင်မြင် ဖြစ်ခဲ့သဖြင့် နေအိမ်များ ပြန်လည် တိုးပွားလာခဲ့ရာမှ ယခု လက်ရှိ ၁၄၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ကျနော်တို့နေတာ လူ့ပြည်ဆိုတာ ဟုတ်ရဲ့လား





------------------------------------------- [သွန်းနေစိုး]

မေမေကတော့ ပြောတာပဲ
ကျနော့်ကို လူအဖြစ်မွေးဖွားလိုက်တာတဲ့။

လူဆိုတာက ဦးဏှောက်ရှိတယ်
ခံစားတတ်တယ် မေမေ။
ဒါကြောင့်မို့လဲ
ဦးဏှောက်ရှိတဲ့ ခံစားတတ်တဲ့
သူတွေကြားမှာသာ မွေ့လျော်ချင်ခဲ့။

သား အခု လူလားမြောက်လာပြီလား
အခု လူပါးဝခဲ့ပြီလား
ဒါပေမဲ့ သားကျင်လည်နေရတာက
ကိုယ့်ဖို့ပဲ ကြည့်တဲ့သူတွေ
မခံစားတတ်သူတွေ
မှိုင်းတိုက်ရင် ယုံလွယ်လွန်းတဲ့
ဦးဏှောက်မဲ့သူတွေ ...။
ဒါ လူ့ဘုံဆိုတာ ဟုတ်ပါရဲ့လား မေမေ။

သားကို မညာပါနဲ့
နေ့စဉ် သားမှာခံစားနေရတဲ့စိတ်ဒုက္ခတွေ
ရက်စက်ယုတ်မာခြင်းဟာ
တိမ်တိုက်တစ်ခုလို ခေါင်းပေါ်အုံ့ဆိုင်းပေါ့

တရားကို နတ်စောင့်ပါသတဲ့
အဲဒီနတ်သေသွားတာကြာပြီထင်ပါရဲ့မေမေ။
စာထဲမှာသင်ရတာက
နေရောင်ခြည်ဟာ ရောဂါပိုးတွေကို သေစေတယ်
ဒါပေမဲ့ အဲဒီအဆိုမှားတယ်
နေဘယ်လောက်ပူပူ သူတို့မသေကြဘူးမေမေ

ဘီလူးစီးနေတဲ့အရပ်မှာ ကျနော်နေတယ်
အစွယ်ပေါက်နေတဲ့ ဘီလူးတွေနဲ့
ဘီလူးကို မော်ဖူးနေတဲ့ အရူးတွေလေ

ဘီလူးက သားတို့မြေကို ရောင်းစားတယ်
ဘီလူးက သားတို့သွေးကို ဖောက်ထုတ်တယ်
ဘီလူးက သားတို့အနာဂတ်ကို မောင်ပိုင်စီးတယ်
ဘီလူးက သားတို့နောက်ကျောဓားနဲ့ထိုးတယ်
ဒါပေမဲ့ အရူးတွေက ဘီလူးမှဘီလူး
ဘီလူးကိုပဲ ယုံသတဲ့ ...။

ကျေးဇူးပြုပြီး နောက်ဘ၀ဆိုတာ ရှိရင်
ကျနော် လူမဖြစ်ပါရစေတော့နဲ့
မေမေ့ကိုတော့ အားနာပါရဲ့
ဒါပေမဲ့
ဒါ လူ့ဘ၀ဆိုတာ ကျနော်မယုံတော့ဘူးမေမေ။

သွန်းနေ စိုး Thorn Nay Soe
[သမီးကလေးရွာအကြောင်းအသေးစိတ်သိရပြီးနောက် ရေးသည်။]

သမီးကလေးကျေးရွာ တကယ်ရှိခဲ့ပါသည်



စတုတ္တမဏ္ဍိုင်ဆိုသော မီဒီယာက ဖော်ထုတ်လိုက်ပါပြီ
-------------------------------------------------------------
သမီးကလေးကျေးရွာ တကယ်ရှိခဲ့ပါသည်
=====================
အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်တကယ်တည်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေးကျေးရွာအနီးတွင်တည်ရှိသော လဂွမ်းပြင်ရေလှောင်တမံစီမံကိန်း၏ ကျောက်စာကမ္ပည်းမော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို သိရှိခဲ့ရသည်။
ယင်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီလက်ထက်၂ဝဝဝ ပြည့်နှစ်က တည်ဆောက် ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးတွင် တည်ရှိနေကြောင်း၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ၂၈ရက်နေ့စွဲဖြင့် အတည့်အလင်း ရေးထိုးဖော်ပြထားသည်။
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ဝန်းကျင်ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
အမှန်တကယ် ၁ဝ စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာတည်ရှိခဲ့သော ရွာတစ်ရွာအား ယင်းကဲ့သို့ အင်အားသုံးဖယ်ရှားမှုပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာဖြစ်နေခဲ့ပြီး တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့်တပ်မတော်ကြားတွင် အထင်အမြင်လွဲမှားမှုများလည်း ဖြစ်လာစေနိုင်ပါသည်။
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေဖြင့်လည်း သမီးကလေးကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီးစနစ်တကျစုံစမ်းစစ်ဆေးဖြေရှင်းမှုများ ပြုလုပ်သင့်ကြောင်း ပြည်သူများအကြား တောင်းဆိုမှုများ ရှိနေသည်။
EMG.


ရခိုင်ခေါင်းဆောင်များအားလုပ်ကြံသည့်အပေါ်ပြင်းထန်စွာရှုတ်ချခြင်း




ရခိုင်ခေါင်းဆောင်များအားလုပ်ကြံသည့်အပေါ်ပြင်းထန်စွာရှုတ်ချခြင်း

07- 02- 2014
ရခိုင်အမျိုးသားပါတီခေါင်းဆောင်များဖြစ်ကြသော RNDP ဥက္ကဌဒေါက်တာအေးမောင် နှင့် ALD ဥက္ကဌ ဦးအေးသာအောင်တို့ဦးဆောင်သောရခိုင်ခေါင်းဆောင် တချို့မလေးရှားသို့သွားရောက်စဉ် ဖေဖေါ်ဝါရီ လ (၅) ရက်နေ့တွင်ထိုခေါင်းဆောင်များအား အကြမ်းဖက်သေနတ်သမားတချို့မှ ပစ်ခတ်သတ်ဖြတ်ရန် ကြံစည်ခဲ့ ကြောင်းကြားသိရသည့်အတွက် မိမိတို့ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာစိတ်မ ကောင်း ဖြစ်ရ သည့် အပြင် ယခုကဲ့သို့အကြံပက် စက်သောလုပ်ရပ်အ ပေါ်ပြင်းထန်စွာရှုတ်ချ လိုက် သည်။

မိမိတို့ရခိုင်ခေါင်းဆောင်များသည် အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတတ်တို့အတွက် ဇောင်းပေးးလုပ်ဆောင်နေကြသောပုဂ္ဂိုလ်များဖြစ်ကြောင်း မိမိတို့မှ အခိုင် အမာယုံကြည်သည်။

မလေရှာရောက် အစွမ်းရောက် အကြမ်းဖက်သမားများသည် ရခိုင်ခေါင်းဆောင်များကိုလုပ်ကြံသကဲ့သို့ လွန်ခဲ့သော ဇန်န၀ါရီ လ(၁၃)ရက်နေ့တွင်လည်း မောင်တောနယ်၌ လုံခြုံရေး တာဝန်ထမ်းဆောင် နေ ခဲ့သော ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းကိုလည်း မောင်တောဒေသရှိ အကြမ်းဖက် သမားတစ် စုမှလုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ၂၀၁၂-ခုနှစ်နှင့်၂၀၁၃ု-နှစ်များတွင်လည်း ရခိုင်အမျိုးသမီး များသတ် ဖြတ်ခံခဲ့ကြရသည်။

ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ကြရသည်။ရခိုင်ဒေသအတွင်းထိုကဲ့သို့နည်းမျိုးစုံအကြမ်းဖက်လုပ်ကြံမှုများဖြစ်ပေါ်နေခြင်းများမှာရခိုင်ပြည်သူများအတွက်ကြီးမားသောခြိမ်းခြောက်မှု အန္တရာယ်တခုဖြစ်နေသည်။

ရခိုင်ပါတီခေါင်းဆောင်များမလေးရှားတွင် ပစ်ခတ်လုပ်ကြံခံရမှုဖြစ်စဉ်သည်လည်း ရခိုင်ပြည် ပဋိပ က္ခများနှင့်ဆက်နွယ်မှုရှိနိုင်ကြောင်းနှင့် ပြည်တွင်းပြည်ပအစွန်းရောက်အကြမ်းဖက်သမားများ နှင့် ချိတ် ဆက်ကြံစည်မှုရှိနိုင်ကြောင်းသုံးသပ်သည်။

ရခိုင်များအပေါ်ဤကဲ့သို့ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေခြင်းသည်ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကိုခြိမ်းခြောက်နေသည်သာမက မြန်မာနိုင်ငံရေးကိုလည်းဆက်လက်ခြိမ်းခြောက်နေသည် ဟုမိမိတို့ မှသုံးသပ်သည်။

ရခိုင်ခေါင်းဆောင်များအပေါ်ယခုကဲ့သို့ လုပ်ကြံရန်လက်ရဲဇက်ရဲကြိုးပမ်းလာမှုကိုရခိုင်ပါတီများ၊ လူမှု အဖွဲ့အစည်းများနှင့် ပြည်သူတရပ်လုံးမှ အထူးသတိမူ၍ မိမိတို့ပြည်သူတရပ်လုံး၏ အသက် အိုးအိမ်ကို စနစ်တကျကာကွယ်စောင့်ရှောက်နိုင်ရေးကို တက်ညီလက်ညီလုပ်ဆောင်ရန် လိုအပ်နေသည်။

လက်ရှိအခြေအနေတွင်ရခိုင်များအားပစ်မှတ်ထားတိုက်ခိုက်နေ သော်လည်းနိုင်ငံတကာ၏အမြင်မှာ ပြောင်းပြန်ဖြစ်နေမှုအပေါ်တွင်လည်းနိုင်ငံတကာအသိုင်းအ၀ိုင်းမှမှန်မှန်ကန်ကန်သိမြင်လာနိုင်စေရေး နှင့်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုနိုင်သည့်လုပ်ဆောင်မှုများစနစ်တကျလုပ်ဆောင်ရန်လိုအပ်နေပေသည်။ ထို့ အတူ အကြမ်းဖက်လုပ်ရပ်များအမြန်ဆုံးချုပ် ငြိမ်းရေးအတွက် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ကြပါရန်လိုအပ်နေကြောင်းထုတ်ပြန်အပ်ပေသည်။

ဆက်သွယ်ရန် -
၀၉ ၂၅ ၄၀ ၆၆ ၉၃၆
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်။

ပူးတွဲအာမခံချက်၊ ရွှေမူဝါဒ နှင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး



တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဖေဖေဝါရီ ၁၁ ရက်)

“ရွှေနှင့်ထုထားသည့်မူဝါဒ” ကိုတော့ဖြင့် ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့က နှစ်သက်လိုလားကြမှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ ထိုမူဝါဒသည် သူတို့အတွက် အတိုင်းမသိရွှေမိုးငွေမိုးရွာသွန်းဖြိုးစေမည့် တုန့်ပြန်မှုပင် မဟုတ်ပါလား။ ဗိုလ် သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အတွက် ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီဆိုလျှင် ပြည်သူများအတွက် သွေးနဲ့မျက်ရည်ပင်လယ်ဝေ စေတော့မည်သာဖြစ်ပါသည်။


အများမျှော်လင့်စိတ်ဝင်စားနေခဲ့ကြသည့် ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်းပွင့်များ၏ “ ပူးတွဲသဘောထားကြေညာချက်” ထွက်လာခဲ့ပြီ။


“ပူးတွဲသဘောထားကြေညာချက်”ကို ဖတ်ကြည့်တော့ ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်းပွင့်တွေက “လမ်းမပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေ မလုပ်ပါဘူး၊ လမ်းပေါ်ဆန္ဒပြပွဲ မပေါ်ပေါက်အောင်လည်း အတူတကွထိန်းသိမ်းသွားကြမည်ဆိုတဲ့ ပူးတွဲအာမခံချက်ကို သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရထံ အခိုင်အမာ အာမခံကြောင်း တစ်ဖက်သတ် သတင်းစကား ပါးတဲ့သဘောဖြစ်တယ်” လို့ သဘောပေါက်နား လည်မိပါသည်။ “ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ကြောင်း”  ကြိုတင်ပြီး (နိုင်ငံရေးပါတီနှင့် CSO) ပူးတွဲ အာမဘန္တေခံနေခြင်းဟု လည်းမြင် ပါသည်။


ဤသို့ တစ်ဖက်သတ်လိုက်လျော ပျော့ပျောင်းပြလိုက်လျှင် “၂၀၀၈အခြေခံဥပဒေ”ကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပြင်ဆင်နိုင်မည့် အလားအလာသည် နေလိုလလို ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ယူဆထားပုံပေါ်ပါသည်။ သို့ပါ၍ ဤမျှအစွမ်းကုန် လိုက်လျော ပျော့ပျောင်းပြနေခြင်းဖြစ်မည်ဟု ယူဆပါသည်။


အရှိကိုအရှိတိုင်းမြင်တယ်ဆိုပြီး “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီ ဝင်ရောက်သွားခြင်း သည် (နဝတ-နအဖ) စစ်အုပ်စုအတွက် ကြီးမားသည့်ရလဒ်ကြီးတစ်ခုပင်ဖြစ်ပါသည်။ “ကျမ်းကျိန်ရေး” နှင့်ပတ်သက်ပြီး ကြံ့ဖွံ့ပါတီနှင့် စစ်တပ်ထဲတွင် စိုးရိမ်မှုဒီဂရီခဏတာမျှမြှင့်တက်ခဲ့သော်လည်း နောက်ပိုင်း “လက်ပံတောင်းအရေးအခင်း” တွင် ထင်ထားသည်ထက် ပိုမို အမြတ်ထွက်ခဲ့သဖြင့်တွက်ချေကိုက်ပါသည်။ အသုံးချခံမည့်သူနှင့်အသုံးချချင်သူတို့ အချိတ်အဆက်မိနေပါသည်။


 ဆုံးရှုံးခြင်းကိုရင်ဝယ်ပိုက်ရသူများမှာ လက်ပံတောင်းဒေသခံပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိခဲ့ကြသည့် သူတို့၏ယုံကြည်လေးစားအားကိုးမှုပင်ဖြစ်သည်။ အကျိုးအမြတ်တနင့်တပိုးကို ပူးတွဲရရှိသွားကြသူများမှာ ကြံ့ဖွံ့အစိုးရ၊ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ပင်ဖြစ်ပါသည်။


  ယခုလည်း ပုဒ်မ ၅၉(စ) ကို ချွင်းချက်ပြု၍  ပြင်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ သို့မဟုတ် ဒုတိယသမ္မတ နေရာ ပေးလိုက်လျှင် ရရှိလာနိုင်မည့် အကျိုးနှင့်အမြတ်ကို ကြံ့ဖွံ့ပါတီနှင့် စစ်တပ်က စနစ်တကျတွက်ချက်ပြီး ဖြစ်ပါလိမ့်မည်။ အစားထိုးမည့် စာသားပင်အသင့်ရှိနေပုံပေါ်ပါသည်။၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးကလည်း ယခုအချိန်ထိ ဗိုလ်ရွှေမန်းဆင်ထားသည့်အကွက်တိုင်း ရွေ့နေသဖြင့် စိတ်ပူစရာသိပ်မရှိလှ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည်မှာ ကြံဖွံ့ပါတီ၏ လက်ခုပ်ထဲကရေဖြစ်သည်။


 “၁၀၉ ဦးပူးပေါင်းကော်မတီ” သည် ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသည့် ပုဒ်မ ၇ ခုကို ဖော်ပြ၍ ပွဲဦးထွက်အောင်ပွဲကို ပီ ပြင်ပိုင်နိုင်စွာကပြအသုံးတော်ခံခဲ့ပြီ။ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ “၃၁ဦး ကော်မတီ” သို့ တာဝန်လွှဲပြောင်းပေးခဲ့ပြီ။ “၃၁ ဦးကော်မတီ” ဆိုသည်မှာလည်း “၁၀၉ ဦးပူးပေါင်းကော်မတီ”ကဲ့သို့ပင် ဦးနန္ဒကျော်စွာ၊ ဦးမြညိမ်း၊ ဦးအေးမောက်တို့သာ စိတ်ကြိုက်ချယ်လှယ်ကြမည်ဖြစ်ပြီး၊ ဗိုလ်ရွှေမန်း တစ်လက်ကိုင်ကော်မတီသာဖြစ်သည်။


“၂၀၀၈ အခြေခံဥပဒေ”ကို လွှတ်တော်တွင်းနည်းတစ်ခုတည်းဖြင့်သာ ပြင်ဆင်မည်ဆိုလျှင်ကြံ့ဖွံ့ပါတီ၊ကြံ့ဖွံ့အစိုးရ၊ လွှတ်တော် နှင့်စစ်တပ်တို့ အလိုကျအဖြေသာ ထွက်မြဲထွက်နေမည်။ သို့တည်းမဟုတ် ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့က ခွင့်ပြုသ လောက်သာပြင်ဆင်နိုင်ပါလိမ့်မည်။


 “ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသည့် ပုဒ်မ ၇ ခု” အား ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်သို့ တင်သွင်းခဲ့သည့် “၁၀၉ဦးကော်မတီ” အစီရင်ခံစာ၌ ဖော်ပြခဲ့ခြင်း၊  ပုဒ်မ  ၅၉ (စ) မပြင်သင့်ဘူးဟု (တစည) ပါတီက အတိအလင်းထုတ်ပြောခြင်း၊  ဒေါ်ခင်ဝိုင်းကြည်နှင့်နေမျိုးဝေတို့၏ ပုဒ်မ ၅၉(စ) ထောက်ခံဟောပြောပွဲ၊  ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကြံ့ဖွံ့ပါတီထဲတွင် သူနှင့်ဥက္ကဋ္ဌ ကြီး ဗိုလ်ရွှေမန်း နှစ်ဦးသာရှိသည်ဟူသည့် သူရဦးအောင်ကို၏ နှပ်ကြောင်းပေးနေမှု စသည့်ဖြစ်ရပ်များသည်  အကြောင်းမဲ့မဟုတ်ချေ။


လွှတ်တော်တွင်း အဆုံးအဖြတ်မှန်သမျှတွင် မဲအများဆုံးရသူက အနိုင်ရစတမ်းမဟုတ်ပါလား။ ဗိုလ်ရွှေမန်းသည် လွှတ်တော် နာယကကြီးဖြစ်သဖြင့် မဲပေးစရာမလိုချေ။ လွှတ်တော်တွင်းဖွဲ့သမျှ ကော်မတီတိုင်းတွင် အများစုမှာ ကြံ့ဖွံ့ပါတီနှင့် ကာချုပ်၏ စစ်သား အမတ်များက အများစုဖြစ်မြဲဖြစ်သည်။ သို့အတွက် ဘာမျှမှုစရာမရှိချေ။ လွှတ်တော်တွင်း အဆုံးအဖြတ်မှန်သမျှသည် ကြံ့ဖွံ့ပါတီ၏ လက်ခုပ်ထဲ၌သာရှိသည်။


နောက်ဆုံးဖွဲ့ထားသည့် “၃၁ ဦးကော်မတီ” ၌ပင် ကြံ့ဖွံ့ပါတီကအများစုဖြစ်ကာ အဖွဲ့ဝင်ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေး ထမြောက်ပြီး၊ တက်ရောက်သည့်ကော်မတီဝင်များ၏ များရာဆန္ဒမဲဖြင့်ဆုံးဖြတ်ရမည်ဟု ဗိုလ်ရွှေမန်းလက်မှတ်ဖြင့် ဖေဖေါ် ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် လွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၁၄ ) ဖေါ်ပြထားသည်။


ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ ပူပင်စိုးရိမ်နေသည်မှာ လွှတ်တော်ပြင်ပ “ပြည်သူ့အင်အား” ဖြင့်ဆောင်ရွက် လာမည့်နည်းပင်ဖြစ်သည်။ “ကျွန်မတို့ လက်နက်အင်အားမသုံးဘူး၊ အကြမ်းဖက်မှုမသုံးဘူး၊ ပြည်ပအင်အားမသုံးဘူး၊ ကျွန်မပြည်သူ့ အင်အားပဲသုံးမယ်လို့ ကျွန်မရှင်းရှင်းလင်းလင်းပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောနေသည်မဟုတ်ပါလား။ ဘယ်လို အခြေ အနေနဲ့ ရင်ဆိုင်လာရတဲ့ ဘယ်လိုအချိန်ခါမျိုးမှာ “ပြည်သူ့အင်အား”ကို သုံးမယ်လို့တော့ဖြင့် တိတိကျကျထုတ်မပြောဖူးသေးပါ။


ဒေါ်အောင်ဆန်းစုကြည်ပြောနေသည့် ကိုယ့်ကို မကောင်းလုပ်သော်လည်း အကောင်းနှင့်သာတုန့်ပြန်မည့် တရားရှိသည့် လူ ကောင်းများ၏ “ရွှေနှင့်ထုထားသည့်မူဝါဒ” ကိုတော့ဖြင့် ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့က နှစ်သက်လိုလားကြမှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ ထိုမူဝါဒသည် သူတို့အတွက် အတိုင်းမသိရွှေမိုးငွေမိုးရွာသွန်းဖြိုးစေမည့် တုန့်ပြန်မှုပင် မဟုတ်ပါလား။


 ဗိုလ် သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အတွက် ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီဆိုလျှင် ပြည်သူများအတွက် သွေးနဲ့မျက်ရည်ပင်လယ်ဝေ စေတော့မည်သာဖြစ်ပါသည်။

NLD ၏ မြို့နယ်၊ ခရိုင်များတွင် အလုပ်အမှုဆောင် တာဝန်များ ယူထားပြီး အလုပ် မလုပ်သူများကို ကွင်းဆင်း စစ်ဆေးတော့မည်



- ဟု NLD ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ပြောရေးဆိုခွင့်ရှိ သူ ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

ပါတီတွင်း နေရာယူထားကာ တာဝန်ကျေပွန်စွာ မထမ်းဆောင်သူများကို ကွင်းဆင်း စစ်ဆေးခြင်း ပြုလုပ်ရန် ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သည့် ဗဟို အလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ယင်းကို ဖေဖော်ဝါရီနှင့် မတ်လနှစ်လအတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။

“တိုင်းနဲ့ ပြည်နယ်တွေကနေ တိုင်စာတွေ လာတာရှိတယ်။ ဒီတိုင်ကြားတာတွေ ဟုတ်၊ မဟုတ်ကို ဗဟို အလုပ်မှုဆောင်ကော်မတီဝင်တွေက ကိုယ်တာဝန်ယူထားတဲ့ နယ်တွေကို ဆင်းပြီး စစ်ဆေးမှာ။ ဟုတ်တယ်၊ မှန်တယ်ဆိုရင်လည်း ဖြုတ်တာတို့ ဘာတို့ လုပ်မှာမဟုတ်ပါဘူး။ လုပ်နိုင်မယ့် သူကို တာဝန်ပေးတာတို့ လုပ်သွားမှာပါ”ဟု ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

(( Mizzima Burmese ))

အဲဒီတော့ ကျုပ်က ဝီရသူကို ပြောတယ် … (ရွှေညဝါ ဆရာတော်)



Hawdeka Khalaylay

ရွှေညဝါ ဆရာတော်ဘုရားကြီး ဟောကြားထားသော ဆုံးမစကားများမှ
ကောက်နှုတ်ချက်အချို့ ...
----------------------------------------------------------------------

ဘုန်းကြီးတွေက ဘုန်းကြီးအလုပ်မလုပ်ပဲနဲ့ ဘယ်ပါတီမဲမထည့်နဲ့ ဘယ်ပါတီ မဲထည့်တွေလျောက်ပြော …
ပြည်သူ့ဆွမ်းစားပြီး မိုးပြော ချိုးပြော လျောက်ပြောလို့…

အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးဟာ မတည့်တဲ့သူကို တည့်အောင် …
ဟိုအရင်တုန်းက မကောင်းခဲ့တဲ့သူကို ကောင်းအောင် ဘယ်လိုဆုံးမမလဲ …

------------------------------

တိုင်းပြည်ရဲ့ ဘုံအကျိုးစီးပွားစနစ်ကို ပုံဖော်တဲ့အခါမှာ ရဟန်း သံဃာတွေက ရထားတဲ့ သြဇာကို
ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် ကျုပ်တို့တိုင်းပြည်ကြီးဟာ အမျိုးသား ပြန်လည်သင့်မြတ်လာမယ် …
တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုရှိလာမယ်...
အဲဒီကျမှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်လာမှုတွေ ကောင်းလာမယ် …
ငြိမ်းချမ်းရေးအကောင်အထည်ဖော်လာမှုတွေ ကောင်းလာတာနဲ့အမျှ တိုင်းပြည်ဟာ တစ်ဖြည်းဖြည်း
ဖွံ့ဖြိုးတိုးတက်လာမယ် …
အဲဒီအခါကျမှ ဒီမိုကရေစီလေ့ကျင်းရေးကွင်းမှာ ကောင်းကောင်း လေ့ကျင့်ပေးရမယ် …
Training ပေးရမယ် …
ဒီလိုမျိုး ရည်ရွယ်ချက်ကောင်းတဲ့ တိုင်းပြည်အကျိုးပြု တရားပွဲတွေလုပ်ရင် ဘယ်လောက်ကောင်းမလဲ …

--------------------------------

ကိုသက်ကြီးတို့ တိုက်ကြီးဆို မြနန်းတို့ လာဟောသွားတယ် … လေးနာရီလောက်ကြာတယ် …
ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းတွေရော … NLD မကောင်းကြောင်းတွေရော …
ဦးသိန်းစိန် မဲထည့်ဖို့တွေရော … NLD မဲမထည့်ဖို့တွေရော … ဟို လူမျိုးရေးမုန်းတီးမှုတွေကို
ဘုန်းကြီးပါးစပ်နဲ့မတန်တဲ့ ပါးစပ်က ဆဲတာတွေပါ ပါတယ် …
ဒီတော့ သံဃာတွေက အခုက သပ်လျှို နိုင်ငံရေးထဲကို ဝင်သွားပြီ …
ဝင်သွားတာ့ သပ်လျှို နိုင်ငံရေးဆိုတာကို သံဃာတွေ နားမလည်ဘူး …
ခေတ်အဆက်ဆက်မှာ ဘုန်းကြီးတွေကို တိုက်ပေးတယ် … ဘုန်းကြီးတွေကို ပါတီမှာ သားကောင်အဖြစ်
တိုက်ကြက်မွေးတယ် …အခုက အဲဒီလိုတွေဖြစ်နေတယ် …

------------------------------------

ကိုယ့်နိုင်ငံက ဗုဒ္ဒဘာသာတိုင်းပြည် …
အကြင်နာတရားနဲ့ မေတ္တတရားနဲ့ကိုင်တွယ်ရမှာ … တိရစ္ဆာန်တွေမှ မဟုတ်တာ…

ဒကာကြီး နွားတောင်ခြံနဲ့နေရတယ် … ဝက်တောင်ခြံနဲ့နေရတယ် …ကြက်တောင် ခြံနဲ့နေရတယ် …
ဝက်တောင် ခြံနဲ့နေရတယ် … ဘဲတောင် ခြံနဲ့နေရတယ် …တိရစ္ဆာန်တောင်မှ လုံလုံခြုံခြုံခြံနဲဝန်းနဲ့ နေရတယ် …
လူတွေပဲ … ဒီလူတွေကို လူသားလိုအမြင်နဲ့ဆက်ဆံရင် ဘယ်သူကပဲဖြစ်ဖြစ် လူသားလိုအမြင်နဲ့ဆက်ဆံရင်
အဲကတည်းက ဒီနိုင်ငံသားတွေရဲ့ Favourite ဖြစ်မှာပဲ …
ဒီနိုင်ငံသားတွေရဲ့ အားပေးမှုကို ရမှာပဲ …

ဒီတော့ ဟိုအခုလိုမျိုး ပြုမူတာတွေဟာ
လူသားမဆန်တဲ့ အပြုအမူ …ဟိုမင်းမဲ့စရိုက်ဆန်တဲ့ တစ်ဖက်သတ် ပြည်သူဘက်က ဒီလူတွေက
မင်းမဲ့စရိုက်ဆန်တဲ့ ပုံစံမျိုးနဲ့ ဝင်ရောက်နေပြီ ဆိုစေဦးတော့ …
သဘောထားကြီးပေးရမှာ အစိုးရတာဝန် …သဘောထားကြီးပြီးတော့ နားလည်မှုပေးရမှာ
အစိုးရတာဝန် …တော်လှန်နေတာလဲ မဟုတ်ဘူး …အချိန်တန် ကိုယ့်ဘာကိုယ်သွားမှာပါ …

-------------------------------------

လူ့စရိုက်ဆိုး အမြင်ဆိုးတွေဟာ အခုထက်ထိ ပြန်အသက်သွင်းနေတယ် … မပျောက်တဲ့အပြင်
ပြန်အသက်သွင်းနေတယ် …

အဲတော့ ကျုပ်တို့က ဒီ ၂၀၁၅ ကို တရားတဲ့ မျှတတဲ့ တကယ်မှန်ကန်တဲ့ေ၇ွးကောက်ပွဲကြီး ဖြစ်လာလိမ့်မယ်ဆိုတာ
ဘာကို ကြည့်ယုံရမှာလဲ …
အခုဘုန်းကြီးတွေတုန်းကလဲ သပ်လျှိုပြီး ခွဲလိုက်တယ် …သူတို့ဘက်ကရပ်တည်ပေးတဲ့ ကိုယ်တော်တွေကျတော့
လွတ်လပ်စွာ … နောက်ကနေပြီးတော့ စပွန်ဆာတွေ ထုတ်ပေးတယ် …ပံ့ပိုးပေးတယ် …
ကျုပ်တို့က ပြည်သူလူထုကို မျက်စိနားတွေ မအအောင် ဟောတဲ့ဘုန်းကြီးတွေကျတော့
လိုက်ပိတ်တယ် … ဒီလိုမျိုးတွေ …

သူတို့ဘက်က ၇ပ်တည်တဲ့ကိုယ်တော်တွေကျတော့ ပါတီနိုင်ငံရေးကို ဗြောင်ကြီးတွေ
ပလ္လင်ပေါ်ကနေ ဟောတယ် … အဲဒါကျတော့ လွှတ်ပေးတယ် … ဘာမှမပြောဘူး …
ကျုပ်တို့ကျတော့ ပါတီနိုင်ငံရေးမလုပ် ဥပဒေလဲ မဖောက်ဖျက်ပဲနဲ့ ဓမ္မလမ်းကြောင်းကနေပြီးတော့
လူတွေရဲ့ အသိဥာဏ်ကို တံခါးဖွင့်ပေးတဲ့အလုပ်ကိုလုပ်ပြီးတော့ အဲဒီဟောပြောမှုတွေပဲ ကျုပ်တို့ဟောတယ် …

---------------------------------------

ညီညွတ်ရေးဆိုတာ ဘယ်လောက်ထိကောင်းတယ်ဆိုတာ
ဒါတွေကို ပိုပြီးတော့ ဒီကရင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း … ကျုပ်တို့ရဲ့ မျိုးနွယ်စုကြီးကို
ပြည်ထောင်စုလို့ ခေါ်တယ် …အဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ လူတွေလုပ်တဲ့ ပြဿနာကို
လူတွေကပဲ ပြန်ပြီးတော့အဖြေရှာ အကောင်းဆုံးကိုညှိနှိုင်းရမယ် …
အဲဒီ နားလည်မှုတွေ ရမှာသာလျှင် ငြိမ်းချမ်းရေး ဖြစ်လာမယ် … ငြိမ်းချမ်းရေးဖြစ်မှသာလျှင်
ဒီမိုကေ၇စီ သဘောအရ ငြိမ်းချမ်းရေးဖြစ်မှကို နိင်ငံတကာကလဲ အသိအမှတ်ပြုမယ် …
တရားဥပဒေစိုးမိုးမှုဆိုတာလဲ ငြိမ်းချမ်းမှုအပေါ်မှာ မူတည်တယ် …
တစ်မျိုးသားလုံးပါဝင်တဲ့ စည်းကမ်းသေဝပ်လိုက်နာမှုအတွက် နားလည်မှုနဲ့လိုက်နာတဲ့ ကျေနပ်မှုနဲ့လိုက်နာတဲ့
နိုင်ငံသားတွေ ဖြစ်ရမယ် …
အောင့်သက်သက်နဲ့လိုက်နာတဲ့ ဥပဒေဆိုရင် ဒါ မလုံခြုံဘူး …

--------------------------------------------

ပေါ်လစီတွေရဲ့ အားနည်းချက်ကို တစ်ချို့ သတ်ပုံမှားနေတဲ့ နိုင်ငံရေးစနစ်တွေ
ကျုပ်တို့က သတ်ပုံမှန်အောင် ပြန်ပြီးတော့ ရေးပြရမယ် …
ဒါကတော့ ကျုပ်တို့ဟောရမယ် … မပြောလို့မရဘူး … မဟောလို့ မရဘူး …
ကျုပ်တို့တိုင်းပြည်က သတ်ပုံမှားလာတာ ရာစုနှစ်ထက်ဝက်ကျော် …နိုင်ငံရေးသတ်ပုံတွေဟာ အမှားကြီးကို
ကျုပ်တို့က သူတို့က အကြောက်တရားနဲ့ အီ ကို ကျွဲလုပ်ခိုင်းတာ …
ကျုပ်တို့က အက္ခရာ အီ ကြီးကို မြင်ပါရက်နဲ့ ဟို အီလို့ မပြောရဲတဲ့ ဘဝ …သူတို့က ကျွဲအော်ခိုင်းထားတော့
ပြည်သူပြည်သားတွေ့ ကျွဲချည်းအမြဲအော်နေရတယ် …

-------------------------------------------

ကြံ့ခိုင်ရေးရော … NLD ရောအားလုံးဟာ ပါတီလွန်ဆွဲမှုတွေနဲ့အတူ အမုန်းတရားတွေဘက်ကို
မသွားကြတော့တာ အကောင်းဆုံးပဲ …
တိုင်းပြည်ရဲ့ ဘုံအကျိုးစီးပွားကိုေ၇ှးရှုပြီးတော့ ကျုပ်တို့တကယ်တမ်း ပေါင်းစည်းညီညွတ်မှု သဘောတရားကို
ဆောင်ရွက်ရမယ် …ဖြစ်နိုင်ရင် အရာအားလုံး နိုင်ငံသားတို့ရဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို
လိုလားစွာနဲ့ကောင်းမွန်သော မွန်မြတ်သော စေတနာစိတ်ဓါတ်အမှန်တွေနဲ့ လက်တွဲကြမယ်ဆိုရင်
နောက်ဆုံး ၂၀၁၅ မှာ ညွန့်ပေါင်းဖြစ်ရင်တောင် ကျုပ်တို့က သာဓုခေါ်ရမှာ …
လက်တွဲဆောင်ရွက်ပါ … မကောင်းတဲ့ ဥာဉ်တွေ … မတူတာတွေ အကုန်ထားခဲ့ …ကောင်းတဲ့ ဥာဉ်တွေ တူတာတွေကို စုပေါင်းပြီးတော့ တွန်းကြမယ် …
ဒီလိုမျိုး သွားရင်လဲ ကျုပ်တို့လက်ခံတယ် …

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ အဲဒီသဘောထားပဲ …
သူ လုပ်မှ ကောင်းမယ်လို့ သူဘယ်တော့မှ မပြောဘူး …
ဘာလို့လဲဆိုတော့ သူ့အဖေကလဲ အပြောနဲ့အလုပ် ညီအောင် လုပ်ခဲ့တယ် ...

---------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ အဲဒီသဘောထားပဲ …
သူ လုပ်မှ ကောင်းမယ်လို့ သူဘယ်တော့မှ မပြောဘူး …
ဘာလို့လဲဆိုတော့ သူ့အဖေကလဲ အပြောနဲ့အလုပ် ညီအောင် လုပ်ခဲ့တယ် …
သူ့အဖေရဲ့ သမီးကလဲ အပြောနဲ့အလုပ်ညီအောင် ပြောရမယ် … လုပ်ရမယ် …
အဲဒီလိုမျိုး ပြောပြီးမလုပ်နိင်တဲ့ တာဝန်ယူမှုကင်းသော ခေါင်းဆောင်ဆိုတာလဲ မကောင်းဘူး …
အခုက ဘာမှ မလုပ်ရသေးပဲနဲ့ လုပ်ပြခွင့်လဲ မရသေးပဲနဲ့ ဘာမှကို လုပ်မပြရသေးပဲနဲ့
ကုလားနိုင်ငံဖြစ်တော့မယ် …ကုလားတိုင်းပြည်ဖြစ်တော့မယ် … သူ့အနားမှာ ကုလားတွေဝိုင်းနေတယ် …

အဲဒီတော့ ကျုပ်က ဝီရသူကို ပြောတယ် …
ဟုတ်ပြီ… မင်းနိုင်ငံရေးကို မင်း ၁ နဲ့ ၂ နဲ့ပေါင်း ၃ ဆိုတဲ့ သင်္ချာ နည်းနဲ့ ပုံသေယူတာတော့
ညံ့လွန်းတယ်ကွာ လို့ …နိုင်ငံရေးမှာ အတက်အကျရှိတယ် …
အနိမ့်အမြင့်ရှိတယ် …. နိုင်ငံရေးမှာ အလျော့အတင်းရှိတယ် …

--------------------------------------------------

တို့ရွေးထားတာ အေ၇ွ့တစ်ခုကို ရောက်ဖို့အတွက် ဘဝတွေနဲ့ … အသက်တွေနဲ့ … အချိန်တွေနဲ့ …
ထောင်ကိုနန်းတော်လုပ်ပြီးတော့မှ ဒီအခြေအနေတွေကို ရောက်လာတယ် …
တိရစ္ဆာန်ကို ကျွေးတဲ့အစာလောက်တောင် မကောင်းတဲ့ အာဟာရကို နတ်သုဒ္ဒါလို သဘောထားပြီး
ခံယူချက်ကို ဆုပ်ကိုင်ပြီး တို့တတွေ အားလုံးတွန်းလှန်ခဲ့တာ …
အဲဒီတော့ အခုတကယ်ကို နတ်သုဒ္ဒါအစစ်ကို စားရတော့မယ် … အနံ့လေးသင်းသင်းနဲ့ ရနေပြီဆိုတဲ့
အချိန်ကျမှ ထကွဲကုန်ရင် ဘယ်ကောင်းတော့မလဲ …
ဘုန်းကြီးတွေက ဘုန်းကြီးအလုပ်ပဲ လုပ်တာအကောင်းဆုံးပဲ …

----------------------------------------------

ကုလားတွေ အကုန်သတ်ပစ်လို့ မရဘူး … သူလဲ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရဖြစ်လာတာ …
အကုန်သတ်ရင် ကျုပ်တို့တိုင်းပြည်ကြီးက နိုင်ငံတကာမျက်နှာစာမှာ အစုတ်ပြတ်ဆုံး အမိုက်ရိုင်းဆုံး
လူဆိုး လူမိုက် ဟိုဟို ဘုန်းကြီးတို့ ဆိုမာလီယာထက်ဆိုးသွားမယ်… ကျုပ်တို့တိုင်းပြည်ကြီးဟာ …
အကျင့်ပျက်ခြစားတဲ့ နေရာမှာလဲပဲ ကျုပ်တို့တိုင်းပြည်ဟာ ဆိုမာလီယာနဲ့ အာဖဂန်နဲ့ နှစ်ခုအထက်မှာပဲရှိတယ် …
ကျုပ်တို့ထက်ဆိုးတာ အဲဒီနိုင်ငံတွေပဲ ရှိတော့တယ် … ကိုင်းကြည့်ဦး …
အဲဒီတော့ ဒါတွေကို အမျိုးသား ယဉ်ကျေးမှု စ၇ိုက်လက္ခဏာကောင်းတွေ ပြန်လည်တိုးတက်ပြီးတော့
တည့်မတ်ထူထောင်လာအောင် ကျုပ်တို့က ဟောပေးရမယ် …
လူတွေ သီလမလုံခြုံတော့တာ … လူတွေ ကိုယ်ကျင့်တရားတွေ ပျက်ဆီးလာတာ …
ဒါတွေ အကုန်လုံးဟာ ပြောရရင်တော့ ဆင်းရဲမွဲတေမှု ပြဿနာ အခြေခံခဲ့တယ် …

----------------------------------------------------

ရွှေညဝါ ဆရာတော်ဘုရားကြီးကို
တပည့်တော် ရိုသေစွာ ဦးတင်ပါတယ်ဘုရား .

အမေစုမျက်နှာ မွှေးညှင်းချွေးပေါက်လေးတွေအထိ မြင်ရတဲ့ပုံ



ခွန် ဒီးယမ်

ဆိုဒ်ကြီးရယူရန် http://s25.postimg.org/4blh8mtal/image.jpg102MB



ပုံဆိုဒ်ကြီး ရယူရန်>> http://s25.postimg.org/4cvf21v4f/c7d8cb73_d324_3084_91c0_f65e7354bc05.jpg


ဆိုဒ်ကြီးပုံ ရယူရန်>>> http://s25.postimg.org/xhtkrpl1r/7465523944_e659788c28_o.jpg


ဓာတ်ပုံ ဆိုဒ်ကြီး ရယူရန် >>> http://s25.postimg.org/7r904g15b/12189729464_c422edd9b2_o.jpg

ဘာသာမဲ့နေတဲ့နေမျိုးဝေကိုပြလိုက်ကြပါ။



ကော့သောင်းမြို့တွင် ဆွမ်းခံကြွ ရဟန်းတစ်ပါး နှင့်အတူ နံနက်တိုင်း ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်
============================================================================
ကော့သောင်းမြို့တွင် နံနက်တိုင်း ရဟန်း တပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသား တစ်ဦး လိုက်ပါ၍ ကြေးစဉ်ထုကာ ရှေ့ မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ ၁၀ ရက် ၊ နံနက်ပိုင်းက တွေ့မြင်ရသည်။

စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ နဂါးရုံကျောင်းတိုက်မှ ဖြစ်ပြီး နိုင်ငံခြားသားမှာ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာအား ကိုးကွယ်သက်ဝင် ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်သို့ နေ့စဉ် ဝေယျာဝစ္စ ကိစ္စများ လာရောက်ဆောင်ရွက်ပေးလေ့ရှိကြောင်း၊ နေ့စဉ် တရား ဘာဝနာများ ပွားများအားထုတ်လေ့ရှိကြောင်း ၊ ဆရာတော်မှ နံနက်တိုင်း ဆွမ်းခံကြွချိန်တွင် ဆရာတော် ရှေ့မှကြေးစည်ထုကာ မြို့အနှံ့ ဖိနပ်စီးထားခြင်းမရှိပဲ အတူတကွ နေ့တဓူဝ လိုက်ပါ ကူညီဆောင်ရွက်ပေး လေ့ရှိရာ တွေ့မြင်သူ မြို့နေ့ ပြည်သူများမှ ကြည်နူးဖွယ် ထိုမြင်ကွင်းကို ဓါတ်ပုံများ လိုက်လံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များသို့ တင်ကာ အမျိုးဘာသာ သာသနာ အတွက် ချီးကျူးထောမနာပြုကြခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Myawady News

မတ်လမှာ ပြုလုပ်မဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရင် အသုံးပြုမဲ့ နမူနာပုံစံ

ဒီသမီးကလေး ကျေးရွာကဘာဖြစ်လို့လဲ



Ma Nandar

စာသင်ကျောင်းအဆင့်အထိတောင် ရှိနေပြီဖြစ်တဲ့ လူအများ အခြေချ စုဝေးနေထိုင်ရာ နေရာကြီးတခုဟာ
အရင်က ကျေးရွာမဟုတ်လည်း အခု ကျေးရွာလိုက်ပေါ့။
အရင်က တရားမဝင်လည်း အခု တရားဝင်လိုက်ပေါ့။
အရင်က တပ်ပိုင်ဆိုလည်း အခု ပြည်သူပိုင်လိုက်ပေါ့။
ငါတို့ တိုင်းပြည်မှာ မြေ အဲ့သည့်လောက်မရှားပါဘူး။

အစိုးရနဲ့ သတိုးမြဖြစ်နေကြတဲ့ အနောက်ဖက်က ဘာသာမတူ၊ လူမျိုးမတူတာတွေကျတော့ မှတ်ပုံတင်ပေးပြီး နိုင်ငံသားအတင်းလုပ်ပြီး
ငါတို့မြေပေါ်မှာ ပြည်သူက သဘောမတူပါဘဲနဲ့ မျက်နှာပြောင်တိုက်ပြီး ထားထားတယ်။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက မှတ်ပုံတင်ကဒ်ကို ပိုက်ဆံပေးမဝယ်ကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေး ကျေးရွာက ရွာသူရွာသားတွေက မျိုးစောင့်ဥပဒေကို လက်မှတ်မထိုးလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေကို နေ့စဉ်နေ့တိုင်း တအိမ်ထောင် ဆန်တပြည်ပေးနေရလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေး ကျေးရွာက ရွာသားတွေက လျပ်စစ်မီး နေ့ရောညပါ မချွေမတာ သုံးစွဲနေကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက ဖုန်းတလုံးကို ၁၅၀၀နဲ့မရရင် ဆန္ဒပြမယ် ခြိမ်းခြောက်နေကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက တပ်ထောင်တာဗိုလ်ထုနဲ့ လူစုပြီး ဒေါ်စုကို ထောက်ခံနေကြလို့လား။

ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ....
တပ်ပိုင်တယ်ဆိုတာ တခုတည်းနဲ့ပဲ ဘဝများစွာ၊ အနာဂတ်များစွာကို ဒီလောက်လွယ်လွယ်လေး ဖျက်စီးဖြစ်လိုက်တာ အစိုးရလား။

အိမ်တစ်အိမ်မှာတောင် လူတယောက်(သို့) လူတစုကို ၁၀နှစ်လောက် ခေါ်ထားရင်တောင် အဲ့သည့်လူတွေ အိမ်မှာမနေစေချင်တော့ရင်
ဥပဒေအရ ဘာမှပေးစရာ မလိုပေမယ့် လူသားချင်းစာနာထောက်ထားမှုအရတော့ ထိုက်သင့်သလောက်ပေးကြရတာပဲ။
ဒါဟာ မြန်မာတွေရဲ့ လူစိတ်ရှိမှုပဲလေ။

ဒါနဲ့များ မနက်ဖြန်မှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေဘာတွေ လုပ်ကြဦးမယ်။ လုပ်မနေပါနဲ့ အပိုတွေ။

ပြည်ထောင်တခုလုံးကို စုစည်းပြီး အေးချမ်းသာယာအောင် ထားနိုင်ဖို့ မပြောနဲ့ ကျေးရွာလေးတခုကိုတောင် လုံခြုံမှုမပေးနိုင်တဲ့ အစိုးရ။

နောင်နှစ်တွေများမှာ ပြည်ထောင်စုနေ့နီးတိုင်း ရင်နင့်စွာ မျက်ရည်ဝဲကြရမယ့် သမီးကလေးကျေးရွာသားတို့အား ကိုယ်ချင်းစာစွာဖြင့်

နန္ဒာ



စတုတ္တမဏ္ဍိုင်ဆိုသော မီဒီယာက ဖော်ထုတ်လိုက်ပါပြီ
-------------------------------------------------------------
သမီးကလေးကျေးရွာ တကယ်ရှိခဲ့ပါသည်
=====================
အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်တကယ်တည်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေးကျေးရွာအနီးတွင်တည်ရှိသော လဂွမ်းပြင်ရေလှောင်တမံစီမံကိန်း၏ ကျောက်စာကမ္ပည်းမော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို သိရှိခဲ့ရသည်။
ယင်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီလက်ထက်၂ဝဝဝ ပြည့်နှစ်က တည်ဆောက် ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးတွင် တည်ရှိနေကြောင်း၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ၂၈ရက်နေ့စွဲဖြင့် အတည့်အလင်း ရေးထိုးဖော်ပြထားသည်။
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ဝန်းကျင်ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
အမှန်တကယ် ၁ဝ စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာတည်ရှိခဲ့သော ရွာတစ်ရွာအား ယင်းကဲ့သို့ အင်အားသုံးဖယ်ရှားမှုပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာဖြစ်နေခဲ့ပြီး တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့်တပ်မတော်ကြားတွင် အထင်အမြင်လွဲမှားမှုများလည်း ဖြစ်လာစေနိုင်ပါသည်။
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေဖြင့်လည်း သမီးကလေးကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီးစနစ်တကျစုံစမ်းစစ်ဆေးဖြေရှင်းမှုများ ပြုလုပ်သင့်ကြောင်း ပြည်သူများအကြား တောင်းဆိုမှုများ ရှိနေသည်။
EMG.


ယူနတီဂျာနယ်ပါ လက်နက်စက်ရုံကိစ္စ ပွင့်လင်းမြင်သာမှု မလိုသည့်အတွက်




ခိုင်အောင်ကျော်  ( နယူးယောက် )


မြန်မာနိုင်ငံမှ ယူနတီဂျာနယ်က သတင်းထောက်များကို ဖမ်းဆီးထားသည် ။ အကြောင်းမှာ နိုင်ငံတော်၏ လှို့ ဝှက်ချက်များကို ပေါက်ကြားစေသောကြောင့် တရားစွဲဆိုဖမ်းဆီးထားခြင်းဖြစ်သည်ဟု ယေဘူယျနားလည်သည်  ။ သို့ သော် ယူနတီဂျာနယ်ပါ လက်နက်စက်ရုံကိစ္စ ပွင့်လင်းမြင်သာမှု  ရှိဖို့ လိုသလား ဆိုသော မှူးးဇေါ်၏ ဆောင်းပါးကို ဖတ်ရှုရသည် ။ သူ၏ဆောင်းပါးတွင် ခုလိုဖေါ်ပြထားသည် ။


(  ယူနတီ ဂျာနယ်ကိစ္စတွင် အချက်အလက်မခိုင်မာ၊ တိကျသောအထောက်အထားမရှိ၊ စက်ရုံပြင်ပဓါတ်ပုံများရိုက်ယူပြီး ဒေသခံရွာသူရွာသားများ ပြောစကားကို ခိုင်မာသော အရင်းအမြစ်သဖွယ် အသုံးပြု၍ ဓါတုလက်နက်စက်ရုံဟု ဖော်ပြခဲ့ခြင်းမှာ ယင်းဂျာနယ်၏ အရည်အသွေးသာ ဖြစ်ပါသည်။ အဆိုပါကိစ္စကို မှားယွင်းကြောင်း အထင်အရှား ပြနိုင်စိမ့်သောငှာ စက်ရုံဆိုင်ရာအချက်အလက်များကို ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဖွင့်ချပြသရန်လည်း အကြောင်းမရှိပါ။ ယနေ့ခေတ်တွင် ၁ စင်တီမီတာ Resolution ဖော်နိုင်သော ထောက်လှမ်းရေုးဂြိုလ်တုများ ထွက်ပေါ်နေပြီ ဖြစ်သည်နှင့်အညီ ဓါတုလက်နက် စီမံကိန်း ရှိလျှင် မှတ်တမ်းဆိုးများ ရှိခဲ့သော နိုင်ငံအနေဖြင့် ဖုံးဖိထား၍ မရပါ။ )


ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုရေးသားထားသောကြောင့် ယူနတီဂျာနယ်က သတင်းထောက်များကို ပြန်လည်လွှတ်ပေးရန်သာ ရှိတော့သည် ။ သတင်းထောက်များတွင် တိကျသောအထောက်အထားမရှိ-ဒေသခံရွာသားများ ပြောစကားကို ရေးသားထား၍ ယခုဖမ်းဆီးထားခြင်းမှာ လုံးဝအဓိပ္ပါယ် မရှိဖြစ်နေသည် ။ ဓါတုစက်ရုံကိစ္စကို မှားယွင်းစွာ ဖေါ်ပြသည်ဟု သတ်မှတ်ထားလျှင် အစိုးရသည် မည်သို့ မျှ ၄င်းကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးရန် အကြောင်းတစ်စုံတစ်ရာ မရှိချေ ။


သတင်းထောက်တို့ က ဖေါ်ပြခဲ့ သည်မှာ ယုတ္တိအတန်ဆုံး အကြောင်းအရာသည် စက်ရုံရှိနေခြင်းကို ပြဆိုခြင်းပင်ဖြစ်သည် ။ ၄င်းစက်ရုံသည် မည်သည့်စက်ရုံဖြစ်ကြောင်းကို ခိုင်မာသော သတင်းအတည်ပြုချက် မယူဘဲ ရေးသားသောကြောင့် မီဒီယာကျင့်စဉ် သဘောတရားနှင့် မကိုက်ညီမှု တစ်ခု ရှိနေသည် ။ မြန်မာနိုင်ငံ၏ မီဒီယာစည်းကမ်းနည်းလမ်းတစ်ခုမှာ ၄င်းပြသနာဖြစ်သည် ။ အကယ်၍ သတင်းအတည်ပြုချက် မယူဘဲ ရေးသားဖေါ်ပြလျှင် ဥပဒေအကြောင်းအရ တရားစွဲအရေးယူခံရနိုင်သည် ဆိုသော ဥပဒေပြဋ္ဌန်းချက်ကို အစိုးရမှ ထုတ်ပြန်ပေးရမည့် ကာလဖြစ်နေပြီ ။

ယခုမူ မီဒီယာသမားများကို ဥပဒေပုဒ်မ္မ မရှိဘဲ ဖမ်းဆီးထားခြင်းမှာ အစိုးရက လိုရာဆွဲ ကောက်ချက်ချကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး  တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ထားခြင်းဖြစ်သည် ။  နိုင်ငံတော်၏ လှို့ ဝှက်ချက်များကို ဖေါ်ထုတ်ကာ မည်သူမျှ မပြုလုပ်ရဆိုသော ဥပဒေများမှာ နိုင်ငံတိုင်းတွင် ရှိသည် ။  အမေရိကနိုင်ငံက ဂြိုလ်တုများကို ကမ္ဘာတစ်ဝှမ်းပါတ်၍ တင်ထားသည် ။  ထို့ ကြောင့် မည်သည့်နိုင်ငံ မည်သည့် နေရာ က မည်သူတို့  သွားလာနေထိုင်ကြသည်ကို မြင်တွေ့ ရသည် ။ အကယ်၍ နေပြည်တော်က လွှတ်တော်ခမ်းမထဲတွင် အသေးဆုံးကမ်မရာတစ်ခုကို ထားခဲ့ လျှင်ပင်  ကျွန်တော်သည် နယူးယောက်မြို့ ရှိ နေအိမ်မှ အလုံးစြုံမင်တွေ့ နိုင်သည် ။ စပိုင်ကမ်မရာများသည် ကျွန်တော်တို့ ဆီမှာ လိုသလောက် ၀ယ်ယူခွင့်ရှိသည် ။

အမေရိကမှ လက်နက်ထုတ်လုပ်သော သူများသည် ရုပ်မြင်သံကြားမှာ ထာဝစဉ်ပြနေသည် ။ သူတို့ က သေနတ်များကို ပစ္စတိုကအစ မောင်းပြန်သေနတ်အထိ ထုပ်လုပ်ရောင်းချသူများဖြစ်သည် ။ ကြိုက်လျှင် ၀ယ်၍ ရသည် ။ သို့ သော်  ညူကလီးယားစက်ရုံ-နာဆာအာကသ စခမ်း-အခြားနိုင်ငံတော်နှင့် ပတ်သက်သော မည်သည့်လုပ်ငန်းဋ္ဌါနများကို ပြင်ပလူမ၀င်ရချေ ။ ကျွန်တော်တို့ ရပ်ကွက်တွင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ရှိသည် ။ ၄င်းရုံးကို ဂိုဒေါင်သဘွယ်ပြုလုပ်ထားပြီး မည်သူကမျှ စစ်ဖက်ဆိုင်ရာ အဆောက်အဦဟု မသိရှိကြ ။ လှို့ ဝှက်ဋ္ဌါနဖြစ်နေ၍ လူတိုင်းသိရှိကြသည်မဟုတ်ချေ ။


မည်သို့ ပင်ဆိုစေ အစိုးရ၏ လှို့ ဝှက်အကြောင်းအရာများကို ရေးသားခြင်းသည်  သတင်းအမှန်ဖြင့် အတည်ပြုချက်ယူ၍ ရေးသားခြင်း မရှိခြင်းကြောင့် ဖမ်းဆီးလျှင် အမေရိကပြည်ထောင်စုမှ စာရေးဆရာများ-ရုပ်ရှင်သရုပ်ဆောင်များ-ထုတ်လုပ်သူများကို ဖမ်းဆီးထောင်ချရတော့မည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော်  ရုပ်ရှင်ကားပေါင်းများစွာတို့ သည် ဇါတ်လမ်းသဘွယ် ရိုက်ကူးထားရာ ၄င်းရုပ်ရှင်ဇတ်ကားများကို ကြည့်ရူသူတို့ က အမှန်ဟု မယူဆကြ ။


မြန်မာနိုင်ငံ အစိုးရ၏ အရေးကြီးသော ဋ္ဌါန-စက်ရုံများကို မီဒီယာများ၌-ရုပ်ရှင်ရိုက်ကူးခြင်းဖြစ်စေ ၄င်းတို့ သည် စိတ်ကူးယဉ် ဖြစ်ကြောင်း ရှင်းပြထားခွင့်ရှိသည် ။ သို့ သော် နိုင်ငံတော်၏ လှို့ ဝှက်ဋ္ဌါနများကို သတင်းပေါက်ကြားအောင် ထောက်လှမ်းရေးသားခြင်းသည် သူလျှိုသဘွယ် ဖြစ်သွားတတ်သည် ။ ၄င်းကဲ့ သို့ ရေးသားခြင်းမှာ အခြားနိုင်ငံများသို့  သူလျှိုအစီရင်ခံစာများသာ ရေးသောနည်းလမ်းဖြစ်သည် ။ အမေရိကမှဖြစ်စေ-ဆိုဗီယက်ရုရှားကဖြစ်စေ သူလျှိုဟု စွပ်စွဲပြောဆိုနေကြသော သူတို့ မှာ ဤသို့ ရေးသားထုတ်ဝေ အစီရင်ခံကြသူများသာဖြစ်သည် ။  သူတို့ ၏ နိုင်ငံတော်လျှို့ ဝှက်များ အမှန်တကယ် ပေါက်ကြားသွားမည်ကို စိုးရိမ်ထိပ်လန့် ပြီး ချက်ချင်း အရေးယူတုန့် ပြန်ကြတတ်ကြသည် ။


ယူနီတီဂျာနယ်မှ သတင်းထောက်များမှာ ၄င်းကဲ့ သို့  နိုင်ငံတော်၏ လျှို့ ဝှက်ချက်ကို ပြင်ပနိုင်ငံသို့  ပေါက်ကြားအောင် ရေးသားအစီရင်ခံခြင်း မဟုတ် ။ သူလျှိုအဖြစ် အစီရင်ခံစာရေးသား ပေးပို့ သည်ဆိုလျှင် တိတ်တိတ်သာ ပေးပို့ ကြမည်ဖြစ်သည် ။  သို့ ဖြစ်၍ သူတို့ မှာ သူလျှိုအဖြစ် သတ်မှတ်နိုင်သောသူများ မဟုတ်ချေ ။  နောက်တစ်ချက်မှာ ဤစက်ရုံကိစ္စအကြောင်းကို ရေးသားရာ၌ ဒေသခံရွာသူရွာသားများ၏ စကားကို အခြေခံ၍ ရေးသားချက်သာဖြစ်သည်ဟု ထုတ်ပြန်နေရာ မြန်မာအစိုးရအဖို့  ဤကိစ္စသည် အပမ်းမကြီးကြောင်း ထုတ်ပြနေခြင်းလည်း ဖြစ်သည် ။  အထူးသဖြင့်  လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် မောင်တောမြို့ နယ် ဒုချရားတန်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သူတို့ လူမျိုးများက သတ်ဖြတ်မှု-အလောင်းဖျောက်ပြီး လက်နက်လုယူမှုအား- ဖျောက်ဖျက်စေကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့  သတင်းအမှားထုတ်ပြန်ပြီး သူလျှိုသဘွယ် သတင်းပေးအစီရင်ခံသည် ။ သူ၏ ယုတ်မာကောက်ကျစ်သော အစီရင်ခံမှုကြောင့် ကုလသမ္မဂပင် ဘင်္ဂလီမူဆလင် လူပေါင်း-၄၈-ဦးသေဆုံးခြင်းဖြစ်ရသည်ဟု ၀မ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ ရသည် ။ မီဒီယာ၏ မှားယွင်းစွာ ထုတ်ပြန်ခြင်းခံရခြင်းကြောင့် မြန်မာအစိုးရသည် ခုချိန်ထိ ဖြေရှင်း၍ မရသေးဖြစ်နေသည် ။


မြန်မာအစိုးရအဖို့  ဤစက်ရုံသည် ဓါတုစက်ရုံ ဟုတ်ခြင်း-မဟုတ်ခြင်းကို အတိအလင်း ဖြေရှင်းပြောဆိုလိုက်ရုံမျှနှင့် ပြီးမြောက်သွားသည့် ကိစ္စဖြစ်သည်  ။ သတင်းထောက်များအား ဖမ်းဆီးပြီး လိုရာဆွဲပြော-တောင်ပြောမြောက်ပြော ပြောနေရုံမျှနှင့် အကျိုးရှိမည် မထင် ။ စက်ရုံကို မည်သူ့ ကိုမဆို လိုက်လံပြသပြီး  ပြစရာလည်း မလိုအပ်ချေ ။  နိုင်ငံတော်၏ လှို့ ဝှက်ချက်များကို မည်သူကမျှ မိမိတို့ နိုင်ငံ၏ လျှို့ ဝှက်ချက်ကို ထုတ်ဖေါ်ပြသသူများ မရှိ ။ ၄င်းစက်ရုံ၏ ပတ်ဝန်းကျင်တစ်နေရာက လပ်တော့တစ်လုံးဖြင့်  ထိုင်ကြည့်နေလျှင် အမြင့်ပေတစ်သောင်းက ရုပ်မြင်သံကြားရိုက်နေသော- ( Drone ) - လေယဉ်ငယ်ကလေးကို လွှင့်တင်ထားပါက ကျွန်တော်တို့ သည် ၄င်းစက်ရုံ၏ မည်သည့်လှုပ်ရှားမှုကို မဆို သိရှိနိုင်သော ခေတ်ဖြစ်သည် ။ အရပ်သား ဒေသခံများကိုပင် သတင်းမေးယူရန် မလို ။


သို့ သော် ၄င်းကဲ့ သို့  စက်ရုံ၏ သွားလာလှုပ်ရှားမှုကို သတင်းအဖြစ်  ရေးသားနေလို့  လွပ်လွပ်စွာ ရေးသားခွင့်အား အမှန်တကယ် မီဒီယာသမားများက ရရှိလေပြီလားဆိုသည်ကို သတိထားသင့်သည် ။  သတင်းသမားတစ်ယောက်က  မိမိပြည်သူအတွက် အသက်ကိုစွန့် ၍ ရေးသားနေမှုကို မြန်မာနိုင်ငံ၌ ဂုဏ်ပြုနေပြီဟု ကျွန်တော်မထင် ။  တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအစိုးရကလည်း နိုင်ငံတော်၏ လျှို့ ဝှက်ချက်များကို  မရေးသား မထုတ်ပြန်ရခြင်းအား မီဒီယာများအား ပညာပေးသင်တန်းပို့ ချပေးရန် လိုအပ်သည် ။ အခြားတစ်ဖက်မှာ  မီဒီယာများက သတင်းအတည်ပြုချက် မရှိဘဲ ရေးသားဖေါ်ပြချက်များကို အစိုးရက သိရှိသော်လည်း ဥပဒေတစ်ရပ်အဖြစ် တားမြစ်ပိတ်ပင် ထုတ်ပြန်ထားခြင်း မရှိသေး ။  အစိုးရက အတိအကျ ဖေါ်ပြထားသော လူမျိုးစာရင်းများကို မီဒီယာများ၌ ဖေါ်ပြနေကြရာ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန၀န်ကြီးရုံးကို အတည်ပြုချက် ယူရန်လိုသည် ။ ၄င်းကဲ့  သို့  သတင်းအတည်ပြုချက် မယူဘဲ ရေးသားနေခြင်းကြောင့် လာမည့်-၂၀၁၄-ခုနှစ် သန်ကောင်စာရင်း ကောက်ခံခြင်းအပေါ် များစွာ ဂယက်ရိုက်ခပ်နေသည်ကို မြင်တွေ့ နေရသည် ။


ယူနိတီဂျာနယ်က သတင်းထောက်များ၏ ဓါတုစက်ရုံသတင်းရေးသားခြင်းသည် သာမန်ဒေသခံများ၏ ပြောစကားကို အခြေခံကာ ရေးသားခြင်းဟု ဆိုခြင်းကြောင့် အစိုးရအဖို့  မည်သို့ မျှ  ထိခိုက်နစ်နာစေမှု မရှိ ။  ထို့ ကြောင့်ချက်ချင်း လွှတ်ပေးသင့်သည် ။ သန်ကောင်စာရင်းကောက်ခံရေး၌  ငြိမ်းချမ်းစွာ ကောက်ယူနိုင်ရေးအတွက် လူမျိုးစာရင်းကို နာမည်အမျိုးမျိုး ပြောင်းကာ ရေးသားနေသော မီဒီယာများကိုသာ ဥပဒေထုတ်ပြန်ပြီး တင်းတင်းကြပ်ကြပ် အမိန့် ထုတ်ပြန်ရန်သာ လိုအပ်ပါကြောင်း  ။။။။။။။။။။