Wednesday, February 12, 2014

ခင်ရီ ပလောင်းပလဲ....ပလောင်းပလဲခင်ရီ



Myint Shwe
ကိုယ့်ရည်ရွယ်ချက်အောင်မြင်ဘို့ ဆိုရင် စေတန်မာရ်နတ်
တောင်သမ္မာကျမ်းကိုကိုးကားလိမ့်မယ်ဆိုတဲ့စကားရှိတယ်

ဦးခင်ရီက သန်းခေါင်စာရင်းကောက်ရင် ဘာသာ လူမျိုးခေါင်းစဉ်မခွဲတော့ဘူးတဲ့
နိုင်ငံတကာစံ - လူ့ အခွင့်အရေးစံတွေကိုကိုးကားသွားတယ်
အမေရိကန်ကိုကိုးကားသွားတယ်
နားထောင်လို့ တော့ အကောင်းသား
ဘုမသိဘမသိသံယောင်လိုက်မဲ့ မီဒီယာတချို့ ကိုလဲမြင်ယောင်သေးတော့

အမေရိကန်နဲ့ ဗမာပြည်တူနေပီလား
အမေရိကားမှာတောင် Patriotic Act ရှိတယ်။
Department of Homeland Security ရှိတယ်
အမေရိကန်မှာလူတိုင်းလက်နက်ကိုင်ဆောင်ခွင့်ရှိတယ်
သမတကိုပြည်သူကတိုက်ရိုက်အမှန်အကန်ရွေးချယ်ခွင့်ရှိတယ်
- - - - - ရှိတယ်။
- - - - - - ရှိတယ်။
- - - - - - ရှိတယ်။

အမေရိကန်မှာ ပါးရိုက်ပစ်မယ်တကဲကဲလုပ်နေတဲ့စစ်ဗိုလ်လူတန်းစားမရှိဘူး
ဦးပိုင်မရှိဘူး - ဘင်္ဂလီခေါ်တောမရှိဘူး - ဘာမှသုံးစားမရ - ရာထူးရူးနိုဘဲလ်ဆုရှင်မရှိဘူး
ရွာသားဘုရားကို သူကြီးကောင်းမှုလုပ်နေတဲ့ shitty-shits တွေမရှိဘူး -
မချိမဆန့် ပျက်စီးနေတဲ့ဝန်ထမ်းယန္တယားမရှိဘူး
- - - - မရှိဘူး
- - - - မရှိဘူး
- - - - မရှိဘူး

စကားတွေပြောချင်လို့ သာဆက်ပြောနေကြတာ -
တကယ်က ပြောစရာစကားက ကုန်နေပီ

ခွေးမြီးကောက်တွေကိုကျည်တောက်လိုက်စွပ်ပေးတဲ့အလုပ်နဲ့ 
အတော်အချိန်ကုန်နေပီ။

ကိုယ့်အသက်ကိုယ်ပြန်အားနာနေလို့ လူမိုက်စကားမပြော
ဘဲနေကြည့်တာ ခဏ ခဏ သတိလက်လွတ်ဖြစ်ချင်နေတယ် ....

ဆြာကြီးရဲ့ အလင်းတိုင် တန်ခိုးနဲ့ စာမေးပွဲ အောင်ကို အောင်စေရမည်



Zaw Myo Hlaing


မပူနဲ့

ဘာမှကို မပူနဲ့

တက္ကသိုလ် ၀င်တန်း ဖြေမယ့် ကျောင်းသားတွေ မပူနဲ့

စာလည်း ကျက်မနေနဲ့ ....

ဆြာကြီးရဲ့ အလင်းတိုင် တန်ခိုးနဲ့ စာမေးပွဲ အောင်ကို အောင်စေရမည်......

ပြည်ထောင်စုနေ့ ညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်



ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပ သော ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် ဧည့်ခံပွဲ နှင့် ညစာစားပွဲသို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်

သမ္မတနားက လူတွေကဘာအကွက်မှ မရွှေ့ပါဘူး လို့ပြော



"၀န်ကြီးများ မလိမ္မာလျှင် မည်သူ့တာဝန်" ဆောင်းပါးမှ
ရေးသားသူ- အေးသူစံ ၊
7Day News Journal ။

ဦးအောင်သိန်းလင်း တင်သွင်း လာသော ပုဒ်မ ၅၉(စ) ကို လူ တစ်သိန်းကျော်က လက်မှတ် ထိုးပြီး မပြင်လိုကြောင်း အစီရင်ခံစာကြီး ထွက်ပေါ်လာသည်။

ဦးအောင်သိန်းလင်းကိုတုံ့ ပြန်ရန် နိုင်ငံရေးအင်အားစုတို့ လှုပ်ရှားချိန်တွင် မလေးရှားတွင် ရခိုင်ပါတီခေါင်းဆောင်အချို့ သေနတ်ပစ်ခတ်လုပ်ကြံခံရသည်။ မလေးရှားရောက် မြန်မာ အရေးဆောင်ရွက်နေသည့် ကိုအောင်ကြီး (၈၈ မျိုးဆက်) အသတ်ခံ လိုက်ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးလှည့်ကွက်များစွာကို အစိုးရက အသုံးချလာမည်ကို စိုးရိမ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာ ကပြောသည်။

“ကျွန်တော်တို့ကို အာရုံထွေပြားအောင်များ လုပ်နေသလားလို့ တွေးမိပါတယ်။ ဒီရက်ပိုင်းဖြစ်ရပ်တွေက စိပ်လွန်းလို့ ဘယ်နောက်ကို လိုက်ပြီး ဘာကို အရင် ကိုင်တွယ် ရမလဲ ဆိုတာ မသိဘူးဖြစ်နေတယ်။ ဒီလို အကွက်တွေရွှေ့နေတယ် လို့ပြောမိလို့ သမ္မတနားက လူတွေက ကျွန်တော့်ကိုကြုံရင်ကြုံသလို ကျွန်တော်တို့ ဘာအကွက်မှ မရွှေ့ပါဘူး လို့တောင် တွေ့တိုင်းပြောလာကြတယ်”ဟု ၎င်းကပြောသည်။


"၀န်ကြီးများ မလိမ္မာလျှင် မည်သူ့တာဝန်"

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့် မလိုက်ဖက်သော စကားလုံး အသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရ သစ်တက်ပြီးမကြာမီ သူ့ထက်ငါ အလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိ သလဲမေးခွန်းက နယ်လှည့်ပါးရိုက်ရဲသည်ဟု စိန်ခေါ်ပြောကြားခဲ့သော ၀န်ကြီးဦးအုန်းမြင့်၏ ပြောစကားများ ထွက်ပေါ်လာချိန်တွင် ပြည်သူများ အသိချင်ဆုံး မေးခွန်းဖြစ်လာပါသည်။

မေးခွန်း၏အဖြေကို ၀န်ကြီးများရွေးချယ်ခန့်အပ်ထားသည့် သမ္မတဦးသိန်းစိန်လည်းမဖြေသေး။ ကာယကံရှင်ဝန်ကြီးများကိုယ်တိုင်လည်း လူသိရှင်ကြားမဖြေရှင်းသေးပေ။ ပို၍ဆိုးရွားသည်မှာ ၀န်ကြီးတစ်ဦး၏ နှုတ်ဖြင့်ရမ်းကားမှုကို အခြားဝန်ကြီးများကပါ ၀ိုင်းဝန်းဖုံးဖိကာကွယ်နေခြင်းဖြစ်သည်။ ယင်းလုပ်ရပ်က လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအပေါ် သံသယပွားလာစေကြောင်း နိုင်ငံရေးသမားများနှင့် လွှတ်တော်အသိုင်းအ၀ိုင်းအပြင် အရပ်သားအချို့ကပါ ဝေဖန်လာကြသည်။

သမ္မတက ခေါ်ယူသတိပေးရုံသာပြုလုပ်ခဲ့ပြီး ချက်ချင်းအရေးမယူခြင်း၏ နောက်ဆက်တွဲရလဒ်က ယင်းဝန်ကြီးများကို မည်သူတွေကျောထောက်နောက်ခံပြုနေသလဲဆိုသည့် သံသယကိုပိုမိုကြီးထွားလာစေသည်။

ပြည်သူကို ထမင်းတစ်နပ်သာလျှော့စားခိုင်းသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်ဆိုလျှင် ယခင် စစ်အစိုးရအကြီးအကဲဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏လူရင်းဖြစ်ပြီး ယခုနယ်လှည့်ပါးရိုက်မည်ဆိုသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၀န်ကြီး၊ယခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူရင်းဖြစ်ပြီး စစ်ခေါင်းဆောင်အဖြစ်မှ ဆင်းသက်လာသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်က အရေးယူရန်နှောင့်နှေးနေကြောင်း ဝေဖန်မှုများရှိလာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း၊ မဖြေကြားလိုကြောင်း ၎င်း၏အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

စိတ်နောက်ကိုယ်ပါပြောဆိုခြင်းအတွက် ကာယကံရှင်ဝန်ကြီးများတွင် နံပါတ်တစ်တာဝန်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ခ)အရ ပြည်ထောင်စုဝန်ကြီးများကို သမ္မတက ခန့်အပ်ခြင်းဖြစ်၍ သမ္မတတွင်တာဝန်ရှိကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အပြင် ယခုနှုတ်ကြမ်းသည့် ၀န်ကြီးများသည် စစ်သားလူထွက်ဖြစ်၍ ပါးစပ်ဝသီပါနေခြင်းဟု အစိုးရအဖွဲ့က ခုခံပြောကြားနေခြင်းက ရေရှည်တွင် အရပ်ဘက်နှင့် စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်ကြောင်း ၎င်းကထောက်ပြသည်။

“စစ်သားလူထွက်တွေမို့ အကျင့်ပါနေလို့ ဒီလိုပြောတာပါလို့ အစိုးရဘက်က ခုခံပြောကြားတာဟာ အခြေအမြစ်မရှိပါဘူး။ စစ်တပ်အပါအ၀င် အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူ၊ဆိုးတဲ့သူတွေ ဒွန်တွဲရှိနေတာပါ။ အဲဒီလို ခုခံတာဟာ အရပ်ဘက်နဲ့ စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

“ကိုယ့်စကားကိုယ်တာဝန်မယူတဲ့သူတွေကို အယုံအကြည်မရှိပါဘူး။ သူတို့ ပြုပြင်ပြောင်းလဲတယ်ဆိုတာ ပါးစပ်ဖျားမှာပဲရှိတာကို ကျွန်တော်တို့ ဦးအုန်းမြင့်အကြောင်း စာစောင်တွေမှာဖတ်ပြီးကတည်းက ပိုသိလာပါတယ်။ ကျွန်တော်တို့ နေ့တိုင်းရှာဖွေစားသောက်နေရတာ အခုထိ မော်တော်ပီကယ်ကို ကြောက်နေရတုန်းပါ။ အခု ကျွန်တော်တို့ ဘယ်သူ့ကိုထောက်ခံရမလဲ၊ အားပေးရမလဲ သဲကွဲသွားတာပေါ့”ဟု အသက်(၃၁)နှစ်အရွယ် တက္ကစီယာဉ်မောင်း ကိုတေဇကျော်ကပြောသည်။

မြန်မာပြည်သို့ ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသွားသည့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း မြန်မာအစိုးရအဖွဲ့အတွင်း ဒီမိုကရေစီလိုလားသူနှင့် မလိုလားသူတို့ နှစ်ခြမ်းကွဲနေကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့တွင်း သူလူကိုယ့်လူ ဂိုဏ်းကွဲနေခြင်းကြောင့် ၀န်ကြီးတစ်ဦး၏ ပြောမှားဆိုမှားဖြစ်ပါက ကိုယ့်လူပဲ့ထွက်မသွားစေရန် အစွမ်းကုန်ဖုံးဖိအားပေးနေသည်ဟု တထစ်ချပြောဖို့တော့ခက်ကြောင်း၊ သို့သော် လက်ရှိအစိုးရတာဝန်ရှိသူအများစုမှာ ခေတ်ဆိုးကြီးထဲတွင် ကျင်လည်ခဲ့ကြပြီး ခေါင်းဆောင်ဟောင်းများ၏ သြဇာအနည်းနှင့် အများ တစ်နည်းနည်းသက်ရောက်နေမှာ သေချာကြောင်း ယခင်စစ်အစိုးရခေါင်းဆောင်အချို့နှင့် ထဲထဲဝင်ဝင်ရင်းနှီးကျွမ်းဝင်ခဲ့သူ သက်ခိုင်အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည့် စာရေးဆရာမင်းဒင်က ပြောကြားသည်။

“တချို့တာဝန်ရှိသူတွေဟာ စကားလုံးရွေးချယ်မှုမှားယွင်းတာ၊ ခံစားမှုကို ပုံဖော်ချက်မှားယွင်းတာ၊ မီဒီယာရဲ့ထိရောက်မှုကို သတိမပြုမိတာတွေကြောင့် ပွဲဆူတာတွေလည်း တွေ့ရပါတယ်။ စေတနာမှန်မမှန်၊ သွေးရိုးသားရိုးဟုတ်မဟုတ် သေချာဆန်းစစ်ဖို့လိုပါမယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြည်သူတွေကို အလိုလိုက်မိလို့တိုင်း ပြည်ဆင်းရဲတာဆိုတာမျိုး၊ ၀န်ကြီးဦးအုန်းမြင့်ရဲ့ပါးရိုက်နားရိုက်ရဲတယ်ဆိုတဲ့ အပြောမျိုးကတော့ ဧရာမအလွဲအမှားကြီးတွေပါပဲ”ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မကြာမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို ၂၀၁၄ တစ်နှစ်လုံးတွင် မြန်မာ့နိုင်ငံရေးသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာကို အာရုံစိုက်၍မဆုံးမီ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်း တင်သွင်းလာသော ပုဒ်မ ၅၉(စ)ကို လူတစ်သိန်းကျော်က လက်မှတ်ထိုးပြီး မပြင်လိုကြောင်း အစီရင်ခံစာကြီး ထွက်ပေါ်လာသည်။

ဦးအောင်သိန်းလင်းကိုတုံ့ပြန်ရန် နိုင်ငံရေးအင်အားစုတို့ လှုပ်ရှားချိန်တွင် မလေးရှားတွင် ရခိုင်ပါတီခေါင်းဆောင်အချို့ သေနတ်ပစ်ခတ်လုပ်ကြံခံရသည်။ မလေးရှားရောက် မြန်မာအရေးဆောင်ရွက်နေသည့် ကိုအောင်ကြီး(၈၈ မျိုးဆက်)အသတ်ခံလိုက်ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးလှည့်ကွက်များစွာကို အစိုးရကအသုံးချလာမည်ကိုစိုးရိမ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာကပြောသည်။

“ကျွန်တော်တို့ကို အာရုံထွေပြားအောင်များလုပ်နေသလားလို့ တွေးမိပါတယ်။ ဒီရက်ပိုင်းဖြစ်ရပ်တွေက စိပ်လွန်းလို့ ဘယ်နောက်ကိုလိုက်ပြီး ဘာကိုအရင်ကိုင်တွယ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဒီလိုအကွက်တွေရွှေ့နေတယ်လို့ပြောမိလို့ သမ္မတနားကလူတွေက ကျွန်တော့်ကိုကြုံရင်ကြုံသလို ကျွန်တော်တို့ ဘာအကွက်မှမရွှေ့ပါဘူးလို့တောင် တွေ့တိုင်းပြောလာကြတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း သမ္မတဦးသိန်းစိန်မှစ၍ ၀န်ကြီးအတော်များများမှာ ယခင်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးနှင့် ကင်းရှင်းသူမရှိခြင်းကြောင့်
အစိုးရဟောင်း၏ သြဇာလွှမ်းမိုးမှုရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မဆင်မခြင်ပြောဆိုသည့် ၀န်ကြီးအားလုံးကို သမ္မတက အရေးမယူဟုဆိုသော်လည်း မြစ်ဆုံကိစ္စတွင် မပြောသင့်သည့်စကားများပြောခဲ့သည့်အတွက် လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီးဦးဇော်မင်းကို အရေးယူဖူးသည့်သာဓကကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

နိုင်ငံတကာတွင် မကြာသေးမီက အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းထဲတွင် ဥရောပသမဂ္ဂကို Fuck The EU ဟု သုံးနှုန်းပြောဆိုသည့်သတင်းကို ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

Fuck ဆိုတာ သူတို့ယဉ်ကျေးမှုအရ ဆဲတယ်လို့တောင် သုံးလို့မရပါဘူး။ ဒီကနေ့ နိုင်ငံခြားဟစ်ဟော့ပ်သီချင်းတိုင်း အဲဒီစကားလုံးမပါတာတောင် မရှိသလောက်ပါပဲ။ ပြီးတော့ နှိုင်းယှဉ်ပြောရရင် အမေရိကန်က သူ့ပြည်သူကို Fuck လို့ သုံးနှုန်းတာမဟုတ်ပါဘူး။ EU ကိုသာ သုံးနှုန်းတာ။ ဦးအုန်းမြင့်ကတော့ ကိုယ့်မြန်မာပြည်သူတွေ၊ သူ့ကိုရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူတွေကို ပါးရိုက်မယ်လို့ပြောသွားတာပါ”ဟု ဇာဂနာကပြောကြားသည်။

ကုလသမဂ္ဂညီလာခံကျင်းပစဉ်တစ်ကြိမ်တွင် ရုရှားမှခေါင်းဆောင်က သူ၏ဖိနပ်ကိုချွတ်၍ အစည်းအဝေးခုံကိုခေါက်ခဲ့ပြီး မကျေနပ်မှုကို ဖော်ပြခဲ့ခြင်းလောက်သာ
အရိုင်းဆုံးဥပမာအဖြစ် ကြုံတွေ့ခဲ့ရပြီး မြန်မာပြည်မှဝန်ကြီးများလို ပြည်သူကို လက်အောက်ငယ်သားအခိုင်းအစေသဖွယ် သဘောထားပြီး ကြိမ်းမောင်းပြောဆိုမှုမျိုး မကြားဖူးခဲ့ကြောင်း ၎င်းကဆိုသည်။

စကားပြောမှားလျှင် ဒုက္ခရောက်တတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဂေါ်ဒွန်ဘရောင်း၏ဖြစ်စဉ်က နမူနာကောင်းတစ်ခုဖြစ်သည်။ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ဂေါ်ဒွန်ဘရောင်းတစ်ယောက် ၂၀၁၀ ဧပြီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုတွင် မဲဆန္ဒရှင်တစ်ဦးဖြစ်သော အသက်(၆၆)နှစ်အရွယ် မစ္စဂီလီယန်ဒက်ဖီနှင့်တွေ့ဆုံကာ ၎င်းပြောသောစကားများ၊ အကြံပြုချက်များကို မီဒီယာများရှေ့တွင် တလေးတစားနားထောင်သည်။ ဖက်လှဲတကင်းနှုတ်ဆက်၍ ခင်ဗျားက အလွန်တော်တဲ့အမျိုးသမီးပါဟု ချီးကျူးသည်။

တွေ့ဆုံမှုအပြီး ကားပေါ်အရောက်တွင်တော့ ၎င်းနှင့်တွေ့ဆုံရန်စီစဉ်သူကို အပြစ်တင်ပြီး “ဒီအမျိုးသမီးကြီးက တစ်ယူသန်မကြီး”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။ကံဆိုးချင်တော့ ၀န်ကြီးချုပ်ရင်ဘတ်တွင် မိုက်ကရိုဖုန်းမချွတ်ရသေး၍ မီဒီယာအပါအ၀င် အားလုံးသိသွားတော့သည်။ စကားမှားယွင်းမှုကို ဂေါ်ဒွန်ဘရောင်းတစ်ယောက် နာရီပိုင်းအတွင်း ပြန်တောင်းပန်သော်လည်း အချိန်မမီတော့ပါ။

ဝန်ကြီးချုပ်၏အဇ္ဈတ္တကို ထိုဖြစ်စဉ်က လှစ်ဟပြလိုက်ပြီး မီဒီယာများတွင် အကြီးအကျယ်ဝေဖန်ခံလိုက်ရသလို ပြည်သူများ၏ ထောက်ခံမှုလျော့ကျကာ ထိုရွေးကောက်ပွဲတွင် ဂေါ်ဒွန်ဘရောင်း ရှုံးခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်ပြီးတရားမျှတခဲ့ပါက ဦးအုန်းမြင့်အပါအ၀င် ပြည်သူကိုကြိမ်းမောင်းသူ ၀န်ကြီးအချို့ ဒလိမ့်ခေါက်ကွေးကျဆုံးသွားကြမည်သာဖြစ်ကြောင်း စာရေးဆရာမင်းဒင်ကဆိုသည်။

“သွေးရိုးသားရိုးရွေးကောက်ပွဲဆိုရင် ဘယ်ပြည်သူက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိအောင် ဒီဝန်ကြီးမျိုးတွေကို မဲပေးပါ့မတုံးဗျာ။ ဒီလိုဝန်ကြီးတွေရဲ့ အသိဉာဏ်အဆင့်မျိုးနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ဘယ်လိုဆွဲတင်နိုင်မှာတုံး။ ရှင်းပါတယ်”ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်က ကျန်ရှိသည့်အစိုးရသက်တမ်းတွင် ပြည်သူ့လိုအင်နှင့်အသံကို နားထောင်ပြီး ဆက်လက်လုပ်ကိုင်မည်ဟု ကတိပေးပြောကြားသည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသည့် ကျွန်တော်တို့အစိုးရဟု သမ္မတက မကြာခဏသုံးနှုန်းပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄)တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင်တည်သည်ဟု ပြဋ္ဌာန်းထားသည်။

အပြောနှင့်အလုပ် တစ်ထပ်တည်းကျစေရန် သမ္မတအနီးမှလူများ ဖြောင့်မတ်မှန်ကန်ဖို့ လိုအပ်ပါသည်။ ၎င်းတို့တွင် အချိန်များစွာမကျန်တော့ပါ။ ရွေးကောက်ပွဲမတိုင်မီ ၂ နှစ်အတွင်း ပြည်သူ့နှစ်လိုမှုကိုပြန်ရရန် ပြည်ပြတ်သားသား အရေးယူရမည်ဖြစ်ပါသည်။

သို့မှသာ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယ၀င်နေမှုများ ဖယ်ရှားနိုင်မည်ဖြစ်သည်။



ဓာတ်ပုံ- မိုးကျော်

ဒီနေ့ကာတွန်း

ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းများနှင့် ကားမှတ်တိုင်များတွင် အိမ်ခြေမဲ့များ အိပ်စက်မှုပိုများလာ



EMG
ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းများနှင့် ကားမှတ်တိုင်များတွင် ညဘက်၌ အိမ်ခြေမဲ့များ အိပ်စက်မှု များပြားလာနေကြောင်း တွေ့ရသည်။

ယင်းသို့ အိပ်စက်နေရခြင်းမှာ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်း ကြီးမားခြင်းနှင့် ယခင်နေထိုင်ခဲ့သော အိမ်နေရာသည် ကျူးကျော်ဖျက်သိမ်းရေး စီမံကိန်းများတွင် ပါဝင်ခဲ့ခြင်းကြောင့် နေစရာအိမ် မရှိသဖြင့် မြို့နယ်အနှံ့ လျှောက်သွားကာ ရောက်သည့်မြို့နယ်တွင် ညဘက်အိပ်စက်ခြင်းများဖြင့် နေထိုင်နေရကြောင်း အိပ်စက်သူများထံမှ သိရသည်။ ထိုသို့ အိပ်စက်သူများတွင် မွေးကင်းစ ကလေးငယ်များမှ အသက် ၇၀ ကျော် အဘိုးအဘွား အရွယ်များအထိ ပါဝင်သည်ကို တွေ့ရသည်။

“အခုလို မြို့လယ်ကောင်မှာ အိပ်စက်ရတယ်ဆိုတာက နေစရာအိမ်မရှိလို့ပါ။ အရင်ကတော့ မြို့စွန်နေရာတွေမှာ နေအိမ်ရှိသေးတယ်။ အဲဒီနေရာတွေက ကျူးကျော်ဖျက်တဲ့ထဲမှာ ပါသွားလို့ မရှိတော့ဘူး။ အိမ်ပြန်ငှားပြီး နေထိုင်ဖို့ကလည်း အမျိုးသားက ကျပန်းလုပ်တာဆိုတော့ စုဆောင်းမိထားတဲ့ပိုက်ဆံက မရှိဘူး။ အဲဒီတော့ မြို့လယ်ကလမ်းတွေမှာ ညဘက်ခဏအိပ်စက်ပြီး မနက်ကျတော့ ဒီလိုပဲ မြို့ထဲမှာရှိတဲ့ တခြားနေရာတွေမှာ သွားနေပါတယ်” ဟု ဆူးလေကားမှတ်တိုင်တွင် အိပ်စက်နေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းသို့ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က “ဒီလိုလမ်းမပေါ်မှာ နေထိုင်အိပ်စက်ကြတဲ့သူတွေက ဖျက်သိမ်းခံရတဲ့သူတွေ ဖြစ်ချင်လည်းဖြစ်မယ်။ ဒီလိုနေထိုင်တဲ့သူတွေကို အရေးယူမှုပဲ ဖြစ်ဖြစ်၊ နေမှုထိုင်မှုပဲ ဖြစ်ဖြစ် ဆောင်ရွက်ပေးဖို့ ပြုလုပ်ရမှာက သက်ဆိုင်ရာဒေသခံ အာဏာပိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဆရာတို့အနေနဲ့က တခြားအရေးပေါ် ကိစ္စတွေကိုသာ ဆောင်ရွက်ပေးရတယ်။ သက်ဆိုင်ရာ ဒေသခံအာဏာပိုင် အစိုးရအနေနဲ့ အကူအညီ တောင်းခံမှသာ Central Government အနေနဲ့ ဆောင်ရွက်ပေးရတာပါ” ဟု ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီက The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း ကျူးကျော်နေထိုင်သူများနှင့် နှစ်ပေါင်းများစွာ အခြေချနေထိုင်သည့် ကျေးရွာများကို တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခိုင်းမှုများရှိပြီး ယင်းသို့ဖယ်ရှားခံရမှုကြောင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်သူများကိုပင် နေထိုင်ခြင်းမပြုရန် တားဆီးဖယ်ရှားမှုများ ပြုလုပ်နေကြောင်း ဖယ်ရှားခံရသူများထံမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ဒုတိယပတ်နှင့် တတိယပတ်အတွင်း လှိုင်သာယာ ရွှေလင်ပန်းချောင်းနံဘေးနှင့် တွံတေးမြို့နယ်ရှိ ကျူးကျော်အိမ်ထောင်စုပေါင်း ၃၂၀၀ ကျော်ကို သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားခဲ့ပြီး အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက်ရှိ မီးရထားပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၂၀ ကျော်ကို ဖေဖော်ဝါရီ ၇ ရက်တွင် သက်ဆိုင်ရာက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ အုပ်စုတွင် အိမ်ခြေ ၃၀၀ ရှိ သမီးကလေးကျေးရွာကို တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ဖေဖော်ဝါရီ ၄ ရက်၌ အင်အားသုံး၍ ရွာလုံးကျွတ်ဖယ်ရှားခဲ့သည်။

ယင်းသို့ သက်ဆိုင်ရာက မြို့နယ်အသီးသီးတွင် ဖယ်ရှားဖျက်သိမ်းမှုများကြောင့် လူဦးရေ ၄၀၀၀ ကျော်မှာ လက်ရှိတွင် နေရေးထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲ များစွာဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်မြို့လယ်တစ်နေရာ၏ လမ်းဘေးပလက်ဖောင်းပေါ်တွင် မိသားစုတစ်စု ညဘက်အိပ်စက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ၈၈ (ငြိမ်းပွင့်)မှပေးပို့သော သဝဏ်လွှာ




(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှပေးပို့သော သဝဏ်လွှာ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်

ဤနေ့ ဤရက်သည်ကား နိုင်ငံတကာမိသားစုအလယ်တွင် “ပြည်ထောင်စု
မြန်မာနိုင်ငံ” ဟူ၍ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ကြွေးကြော်နိုင်ရန်
အထင်ကရ အရေးပါသော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် (၆၇)နှစ်
မြောက်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ပြည်ထောင်များကို စုစည်းပူးပေါင်း၍ “ပြည်ထောင်စုမြန်မာနိုင်ငံ” အဖြစ်
ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆွေးနွေးမှု
ရလဒ်လည်းဖြစ်သည်။

သို့သော် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု အားနည်းပျက်ပြယ်
လာပြီး အင်အားသုံး ဖြေရှင်းမှုများကြောင့် ပြည်ထောင်စု၏ အနှစ်သာရ
များနှင့် ကင်းဝေးလာခဲ့ကြရခြင်း ဖြစ်သည်ဟု ယုံကြည်သည်။

ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်းသား တန်းတူ
ညီမျှရေးသည် အလေးအနက်ထား ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ ဒီမိုကရက်တစ်
ဖယ်ဒရယ် ပြည်ထောင်စုပေါ် ပေါက် လာမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

ထို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခ
ံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ဒီမိုကရေစီရေးအခြေခံမူများနှင့်အတူ
တိုင်းရင်းသားတန်းတူညီမျှရေး အခြေခံမူများကိုပါ ထည့်သွင်းပြင်ဆင်နိုင်ရန်
တိုင်းရင်းသားအင်အားစုအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးနှင့်အတူ
နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်း
လိုက်ရပေသည်။

- လူထုဆက်ဆံရေးဋ္ဌာန
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

ဦးရွှေမောင် လိမ်သမျှ ဗူးပေါ်သလို ပေါ်ပြီ




ပြည်သူ့အာဏာ

ဒူချီးရားတန်းကျေးရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက ဖြတ်ညှပ်ကပ်လုပ်၍ လွှင့်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ရှင်းလင်းချက်မှာ လိမ်ညာထွက်ဆိုပြောကြားခြင်း ဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

ဒူချီးရားတန်းကျေးရွာကို မီးရှို့သူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်တိုင် လုပ်ဆောင်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်း ပြုလုပ်ခဲ့သည် ဟု ဒီဗွီဘီ သတင်းဌာနကို ပြောကြားခဲ့သည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား သမ္မတဦးသိန်းစိန်က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒီဗွီဘီသတင်းဌာနက ပြောသမျှ အကုန်မထည့်ဘဲ လိုအပ်သည့်အပိုင်းများကိုသာ ဖြတ်ညှပ်ကပ်လုပ်၍ လိုရာဆွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ဦးရွှေမောင်၏ ရှင်းလင်းချက်ကို တစ်ပါတီတည်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ဘူးလက်လှဆွေ)ကလည်း ထောက်ခံပြောကြားခဲ့ပြီး ဒီဗွီဘီ သတင်းဌာနကို အပြစ်ဖို့ခဲ့ကြသည်။

ယခုအခါ ဒီဗွီဘီသတင်းဌာနသည် ဦးရွှေမောင်နှင့် တွေ့ဆုံမေးမြန်းခန်း အပြည့် အစုံကို ထုတ်လွှင့်ခဲ့ရာ ဦးရွှေမောင်၏ ပြောကြားချက်ကို သတင်းဌာနက ဖြတ်ညှပ်ကပ် လုပ်ခြင်း မဟုတ်ဘဲ မိမိပြောကြားခဲ့သည်များကို မပြောပါဟု ပြောင်ပြောင်တင်းတင်း လိမ်လည်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဦးရွှေမောင်၏ ပြောကြားချက်အပြည့်အစုံကို မဖြတ်မတောက်ဘဲ ပြန်လည် ထုတ်လွှင့်ခဲ့သည့် ဒီဗွီဘီသတင်းဌာန၏ ယူကျုတွင် လွှင့်တင်ထားမှုကို http://www.youtube.com/watch?v=6xtJCKIZlHo&feature=youtu.be တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ယင်းဗီဒီယိုတွင် ဦးရွှေမောင်သည် ရိုက်ကူးထားသည်များ မည်သည့်နေ့တွင် ထုတ်လွှင့်မည်ကိုပါ ပြန်လည်မေးမြန်းခဲ့သည့် သက်သေများ တွေ့ရှိရသည်။

ဒီဗွီဘီသတင်းဌာန၏ ဗီဒီယိုဖိုင် အပြည့်အစုံတွင် ပါရှိသော ဖော်ပြချက်များအရ စစ်ဆေးခံပြီးနောက် ဦးရွှေမောင်၏ ပြောကြားချက်များမှာ လိမ်လည်ပြောကြားခြင်းများ ဖြစ်နေကြောင်း တွေ့ရှိရသည်။ အကယ်၍သာ ဦးရွှေမောင်သည် ယင်းတုံ့ပြန်ချက်များကို ရဲတပ်ဖွဲ့ထံ ထွက်ချက်ပြုရာ၌ ထွက်ဆိုခဲ့ပါက လိမ်လည်ထွက်ဆိုမှု တစ်မှုထပ်တိုးနိုင်ကြောင်း သိရှိရသည်။

"ဦးရွှေမောင်ကသာ လိမ်လည်ထွက်ဆိုရိုးမှန်ရင် မူလ ပြစ်မှုထက် နောက် တစ်မှု ထပ်တိုးသွားမှာ သေချာပါတယ်။ ဒီဗွီဘီက အထောက်အထားက ဗီဒီယို မှတ်တမ်းအပြင် ရိုက်ကူးသူ၊ မေးမြန်းသူတွေကိုပါ သက်သေအဖြစ် ဆင့်ခေါ်စစ်မေးနိုင်မှာပါ။ ဒီသက်သေတွေ ခိုင်ခိုင်လုံလုံ ရှိနေပြီ ဆိုရင်တော့ ဦးရွှေမောင် လိမ်လည်ထွက်ဆိုတာ ထင်ရှားလာမှာပါ။ လွှတ်တော်အမတ် တစ်ဦး ဖြစ်တဲ့အတွက် လိမ်လည်ထွက်ဆိုမှုဟာ အရမ်းကို သိက္ခာကျဆင်းစေ ပါတယ်။ ဒါဟာ လွှတ်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်စေရာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အစိုးရဘက်က စွဲချက်တွေ ထပ်တိုးလာနိုင်တဲ့အပြင် လွှတ်တော်ဘက်ကလည်း တစ်ခုခု အရေးယူရတော့မယ်၊ အကယ်၍ လွှတ်တော်က မသိကျိုးကျွံ ဆက်ပြီး လုပ်နေဦးမယ် ဆိုရင်တော့ လွှတ်တော်ရဲ့ ရပ်တည်ချက်အပေါ် ပြည်သူတွေက ပြန်ပြီး ထောက်ပြ ဝေဖန်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဘက်က ပြောကြားချက်တွေ သိရှိရသလောက် ဆိုရင် ဒီဗွီဘီနဲ့တင်မကဘူး၊ ဗွီအိုအေနဲ့ပါ ပြောဆိုထားတာတွေ ရှိသေးတယ် လို့ သိရပါတယ်။ ဒါဆိုရင်တော့ ဦးရွှေမောင်ဟာ ငြင်းပယ် ရှောင်ထွက်လို့ မရတော့ပါဘူး။ ဆက်ပြီး လိမ်နေဦးမယ် ဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့ အစိုးရဘက်က လည်း ဆက်ပြီး ထောက်ထားနေတော့မှာ မဟုတ်ဘူး ထင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ဦးရွှေမောင်အား စစ်မေးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပြည်သူများ အကြားတွင် ဦးရွှေမောင် စစ်မေးမှုအား စိတ်ဝင်တစား စောင့်ကြေည့်နေကြကြောင်း သိရသည်။



အမျိုးသားဝတ်စုံဖြင့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ တက်ရောက် လာသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အချို့ကို တွေ့ရှိရစဉ်

ဓါတ်ပုံ - ဦးရွှေမောင်

ဘာသာမဲ့ တိထ္ထိ တစ်ယောက် ဟော ပြော တာ ဘုန်းကြီး တွေ နားထောင်


Melvin Moe

"နိုင်ငံရေး သမားတွေ ထောင်ကျ၊ အနှိပ်စက်ခံ နေရတုန်းက အဲ့ နေမျိုးဝေ ဘာလုပ်နေသလဲဗျ" တဲ့။

ဟုတ်ကဲ့၊ ထောက်လှမ်းရေး သတင်းပေး လုပ် နေ ခဲ့ ပါတယ်။

"လယ်သမား တွေ အ ရေး အတွက် တက်တက်ကြွကြွလုပ်ခဲ့ တာ မြင်ဖူးသလိုဘဲ" တဲ့။

ဟုတ်ကဲ့၊ ဇေကမ္ဘာ ကိုခင်ရွှေ (နန္ဒာလှိုင် ရဲ့ ယောက္ခမ) ဆီက၊ ငွေကြေးပံ့ပိုး ကူညီမှု မရခင် ကာလ တုန်းကပါ။ အခု တော့ အရက်ဖိုး အဆင် ပြေ သွား လို့၊ ဇေကမ္ဘာ က သိမ်း ထားတဲ့ လယ် မြေ တွေ ကို လှည့် တောင် မကြည့် တော့ပါဘူးဗျာ။

"အမျိုးဘာသာ သာသနာ ကို တော့ မြတ်နိုးပုံ ရပါတယ်"တဲ့။

ဘာသာတရား မှန်သမျှ ကို မယုံကြည်တဲ့ သူ တစ် ယောက်၊ ဘာသာမဲ့ တစ်ယောက် ဆိုတာ သူကိုယ်တိုင်၊ ထုတ်ဖော် ပြောကြားထားတဲ့ သူတစ်ဦး ဖြစ်တဲ့ အတွက်၊ ကျွန်တော် ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓသာသနာ ကို မြတ်နိုး တဲ့ သူ၊ ကာကွယ် စောင့်ရှောက် မယ့်သူ တော့၊ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင် ပါဘူး ဗျာ။

"ဒါဆို ဗုဒ္ဓဘာသာ ဘုန်းကြီး တွေ က၊ ဘာသာမဲ့ တစ်ယောက်၊တိထ္ထိ တစ်ယောက် ဟော ပြော နေ တာ ကို၊ ဘယ်လို အကြောင်းပြချက် နဲ့ နေပူကျဲတဲ အောက်မှာ သွားနားထောင် နေ တာလဲဗျ" တဲ့။

ဒီကိစ္စ တော့ အဲ့ ဘုန်းကြီး တွေ ကို သွားမေးဗျာ။ ကျုပ်ကို ဆန္ဒန်ဆင်မင်း ပုံပြင် ပြော မယ့်သူ တွေ ပေါ် လာ အုံးမယ် လို့ ပြောလွှတ်လိုက်ရတယ်။.......... ကြောက်လွန်းလို့..........

တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေကြမ်း အတည်ပြု



The Voice Weekly

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သုံးစွဲရာ လိုက်နာမည့် အချက်များ ထည့်သွင်း ရေးဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက် ခဲ့သော်လည်း အဆိုးပါ ဥပဒေကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်မှ ပြင်ဆင် အတည်ပြုထားသော ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၉၇မဲ၊ ကန့်ကွက်မဲ ၆၁ မဲနှင့် ကြားနေမဲ တစ်မဲသာ ရှိသောကြောင့် ယင်းဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ရှင်းပြသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့လာသော အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သောကြောင့် အမျိုးသား လွှတ်တော်တွင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောကြားသည်။

နိုင်ငံသားများ အကျိုးစီးပွား တိုးတက်စေသော ရည်ရွယ်ချက်များဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်းကို ထောက်ခံသော်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအတွက် ဥပဒေတစ်ခု ပြဋ္ဌာန်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“ဥပဒေတစ်ရပ်အဖြစ် အတည်မပြုဘဲနဲ့လည်း လက်ရှိ အခြေအနေမှာ သုံးစွဲ ဆောင်ရွက်ခွင့် ရနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မကိုက်ညီပါဘူး” ဟု ၎င်းကဆိုသည်။

အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၅၄ အရ အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးမှသာလျှင် ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
“ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကို ရောက်တဲ့အခါမှာ လက်ခံဆွေးနွေးရန်သင့် မသင့်ဆိုတာ မပါတော့ပါဘူး။ ဒီအချိန်မှာ ကန့်ကွက်လို့ မရပါဘူး။ ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်ကို သဘောတူမတူဘဲ ဆုံးဖြတ်ရပါမယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်သို့ တင်သွင်းလာသော ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်လျှင် ဥပဒေကြမ်း စတင်တင်သွင်းသည့် အချိန်တွင်သာ ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“လုပ်ထုံးလုပ်နည်းအရ ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီးလာတဲ့ ဥပဒေကြမ်းကို ကန့်ကွက်လို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို ဇန်နဝါရီလ ပထမပတ်အတွင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရာတွင် နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေသော်လည်း အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဇန်နဝါရီလအတွင်း အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့လာခြင်း ဖြစ်သည်။

ယင်းဥပဒေကို ထပ်မံပြဋ္ဌာန်းပါက လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်ရန်ရေး ဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေရှိပြီး ဖြစ်သည့်အတွက် လွှတ်တော် ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်မည့် ဥပဒေနှစ်ရပ် ရှိလာမည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံဖြိုးရေး အသုံးစရိတ်ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက် ၁၁ ချက်လုံး ပြင်ဆင်ခြင်း မပြုဘဲ နိုင်ငံတော် သမ္မတရုံးသို့ ပြန်လည် ပေးပို့ခဲ့သည်။

အလားတူ နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေလေးခုနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည် ဖြစ်နေသော ဥပဒေလေးခုသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဆုံးအဖြတ်ကို ခံယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ပါတီများ ဘာသာရေးဖြင့် မဲဆွယ်ပါက အရေးယူမည်



အောင်သူရ
 မြန်မာတိုင်း(မ်)

မဲရရှိရေး အတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်ပါက ပါတီဖျက်သိမ်း သည်အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများက ၎င်းတို့ပါတီအနိုင်ရရေးအတွက် မဲဆွယ်ခြင်းများပြုလုပ်သည့်အခါ ဘာသာ ရေးနှင့် ပတ်သက်ပြီး မဲဆွယ်ခြင်းမပြုလုပ်ရဟု ပါတီစတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် ပါရှိပြီး ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

"ဘာသာရေးနဲ့ မဲဆွယ်တယ်ဆိုတာတော့ ကျွန်တော်လက်မခံပါဘူး။ နိုင်ငံရေးက နိုင်ငံရေးသက် သက်ပဲ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး"ဟု ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းညွန့်လွင်က မြန်မာပို့စ်ဂျာနယ်ကို ပြောခဲ့သည်။

ထိုသို့ပြုလုပ်ပါက မြန်မာနိုင်ငံ အနောက် မြောက်ဘက်တွင် လူမျိုးရေး ပြဿနာ ပိုမိုကြီးထွား လာနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစား ကွင်းတွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ထောက်ခံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများသည် လူမျိုးရေးမုန်းတီးမှုများကို အများဆုံး ဟောပြောခဲ့ကြသည့်အတွက် ပြည်သူများအကြားတွင် ဝေဖန်သံများ ထွက်ပေါ် လာခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ်က ဆိုသည်။


သမီးကလေးရွာမှ ကျောင်းသားမရှိသော မိသားစုများ တစ်ပတ်အတွင်း ဖယ်ပေးရန် ဒုတိယအကြိမ် အကြောင်းကြား




The Voice Weekly

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီး အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီနေထိုင်သော သမီးကလေးကျေးရွာ နေထိုင်သူ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသားကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားကြောင်း အောင်သိဒ္ဓိ ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သော လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနေသည့် အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ ဖယ်ရှားခံရသောနေ့မှ စတင်ကာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ ခိုလှုံ နေကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာက ခိုလှုံနေထိုင်သူများကို ပဲခူးတိုင်းဒေသကြီးတွင်းမှ ထွက်ခွာပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျောင်းလာပြီး ယာယီစခန်းမှာ နေသူတွေရဲ့ အိမ်ထောင်စု စာရင်းကောက်သွားတယ်။ သွားစရာ နေစရာမရှိလို့ ကျောင်းမှာလာပြီး ခိုကပ်နေတဲ့ တကယ်ဒုက္ခရောက်တဲ့ သူတွေမို့ နေစရာမရှိခင် သူတို့တွေကို မောင်းထုတ်မခံရအောင် မြို့နယ်အုပ်ချုပ်ရေးရုံးကို အသနားခံစာတင်ဖို့ ဒီရက်ပိုင်းတွင်း စီစဉ်နေတယ်” ဟု ၎င်းကမိန့်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၈) ပုဒ်မ ၃၅၅ တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နေအိမ်များ ဖျက်သိမ်းခံရမှုကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံ နေထိုင်သူများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ သက်ဆိုင်ရာ အာဏာပိုင် များက မောင်းထုတ်နေခြင်းမှာ နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်များ ဆုံးရှုံးနေသည်ဟု ယူဆကြောင်း သမီးကလေး ကျေးရွာနေသူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

“သမီးကလေး ကျေးရွာဆိုတာ နဂိုက မရှိခဲ့ဘူး။ ၂၀၁၃ ခုနှစ်မှ တပ်မြေမှာ လာရောက် ကျူးကျော်ပြီး ရွာတည်ထားလို့ ဖျက်သိမ်းတာလို့ မီဒီယာတွေကို ပြောနေတဲ့ သက်ဆိုင်ရာလူကြီးတွေရဲ့ စကားက လုံးဝမှားယွင်းပါတယ်။ မြို့နယ်ရုံးမှာက မြေပုံစာရင်းထဲမှာ သမီးကလေးကျေးရွာ အမည်ရှိ သစ်တောမြေပုံ၊ ခ.ရ.က မြေပုံနဲ့ ၂၀၀၀ ပြည့်နှစ်က လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်းရဲ့ ဆည်မြောင်း ကျောက်တိုင်မှာ မော်ကွန်းကမ္ပည်း ရေးထိုးထားတဲ့ စာမှာပါ သမီးကလေး ကျေးရွာဆိုတာ ရှိပြီးသား” ဟု သမီးကလေး ကျေးရွာမှ ဦးတင်မျိုးမြင့်က ပြောကြားသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သော အဆိုပါ သမီးကလေးကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် သမီးကလေး ကျေးရွာသူ ကျေးရွာသားများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရပြီး ခိုကိုးရာမဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများနှင့်အတူ ဒုက္ခသည် ဘဝရောက်နေရကြောင်း ဖယ်ရှားခံရသူများက တညီတညွတ်တည်း ပြောဆိုသည်။

နိုင်ငံတော် အကြီးအကဲများ အနေနှင့် သမီးကလေးကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ စနစ်တကျ စုံစမ်းစစ်ဆေးကာ ဖြေရှင်းပေးရန် လိုအပ်ပြီး အမှန်တကယ် နစ်နာဆုံးရှုံးခဲ့သော ပြည်သူများကို နေရာ အစားထိုး ပြန်ပေးစေလိုကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများက တညီတညွတ်တည်း တောင်းဆိုသည်။

ကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီတည်းခိုနေသော အမှန်တကယ် ဒုက္ခရောက်နေသူ အိမ်ထောင်စု ၁၃၀ ကျော်၊ လူဦးရေ ငါးရာကျော်ကို နေစရာမြေကွက်များ ပြန်လည်ရရှိရန် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ တင်ပြတောင်းဆိုရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ပြောကြားသည်။
“သမီးကလေးကျေးရွာ နေရာဟောင်းမှာ ပြန်ရချင်မှရမှာ ဖြစ်ပေမယ့် လတ်တလော နေစရာမရှိ ဖြစ်နေတဲ့ ဒုက္ခသည် မိသားစုတွေအတွက် မြေနေရာ ပြန်ရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ



ဧရာဝတီ

စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း (သရုပ်ဖော်ပုံ – စိုင်းစိုးကြည် / ဧရာဝတီ)

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားသည်နှင့် ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူများတွင် ခရိုနီများနှင့်အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများလည်း ပါဝင်သည်။

ပြည်သူများ၏ လက်ထဲမှ ခိုးယူခံရသည့် မြန်မာပြည်၏ သဘာဝ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။

စစ်အစိုးရလက်ထက် ဝန်ကြီးများအနက် အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် မိသားစုဝင်များလည်း ပါဝင်သည်။

ဦးအောင်သောင်း၏ ဇနီးမှာအထက်တန်းပြ ဆရာမ အငြိမ်းစား ဒေါ်ခင်ခင်ရီဖြစ်ပြီး သားသမီးများမှာ ဗိုလ်မှူးကြီး မိုးအောင်၊ စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်၊ ဒုဗိုလ်မှူးကြီး ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်သည်။ ဦးအောင်သောင်းရော စီးပွားရေး လုပ်ငန်းရှင် သူ့သားများပါ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခြင်း ခံထားရသည်။

ဦးအောင်သောင်း တန်ခိုးထွားစဉ်ကဆိုလျှင် ပရောဂျက်တခု ရရှိရေးအတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေးအရာရှိ နှစ်ဦးကိုပါ ပေးရသည်ဟု ကိုယ်တိုင်ကြုံရသည့် စီးပွားရေးသမားများက ပြောကြသည်။ ကြီးမားသော စက်ရုံကြီးတခု ခွင့်ပြုမိန့်ရရှိရေးအတွက် ဦးအောင်သောင်း၏ ကိုယ်ရေးအရာရှိနှစ်ဦးကို သိန်း ၄ ထောင် လာဘ်ထိုးခဲ့ရသည်ဟု စီးပွားရေးသမား တဦးကဆိုသည်။ လာဘ်ပေးလာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ်အတိုင်း စီးပွားရေး အခွင့်အလမ်း တောင်းခံသူများကိုမူ အတွေ့မခံခဲ့ချေ။

အစိုးရ ပရောဂျက်တခုစီ လုပ်ခွင့်ရရေးအတွက် ဦးအောင်သောင်း၏ သားများက ကော်မရှင်ခ ၇ ရာ ခိုင်နှုန်းအထိ တောင်းဆိုလေ့ရှိသည်ဟု သိရသည်။ နိုင်ငံတော် အကျိုးအမြတ်များကို ကြားမှဖြတ်ခုတ်ယူသည့် သဘောဖြစ်သည်။ နိုင်ငံခြား ကုမ္ပဏီများရော၊ ပြည်တွင်း ကုမ္ပဏီများပါ ဦးအောင်သောင်း၏ စက်မှု(၁) ဝန်ကြီးဌာန နှင့် အလုပ်လုပ်လျှင် ကြုံရမည့် ကိစ္စဖြစ်သည်။ စင်ကာပူတွင် ငွေပေးငွေယူများ ပြုလုပ်လေ့ရှိပြီး

ဦးအောင်သောင်း၏ သားတဦးမှာ စင်ကာပူတွင် ဒေါ်လာ သန်းချီတန်သည့် ပိုင်ဆိုင်မှုများ အများအပြား ရှိနေ သည်။ ယင်းပိုင်ဆိုင်မှုများမှာ မြန်မာပြည်သူ ပြည်သားများ ရသင့်သည့် ငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။ စက်မှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြည်ပသို့ လေ့လာရေး၊ ပညာတော်သင် သွားရေးအတွက် ဦးအောင်သောင်း ကတော်ကို လက်ဆောင်ကြီးကြီးများ ကန်တော့ရလေ့ရှိသည်။ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ၏ တရားဝင်အာဏာ သက်တမ်းကုန်သည့် ၂၀၁၀ ပြည့်နှစ် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအဝင် စစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော စီးပွားရေးသမား တစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘဝ ဆိုက်ရောက်ခဲ့ရသည်။

ဘီလျံနာသူဌေးကြီး ဦးတေဇကဲ့သို့ စီးပွားမဖြစ်သော်လည်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင်နှင့် ဦးနေအောင်တို့သည် ဦးသန်းရွှေ စစ်အစိုးရတွင် ပါဝင်သော ဖခင်၏ အရှိန်အဝါကိုအသုံးချ၍ သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြသည်။ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ နှစ်ဦးပိုင်သော စီးပွားရေး လုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။

ထိုညီအစ်ကိုနှစ်ဦးပိုင် စီးပွားရေး အင်ပါယာကြီးသည် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီး တခုဖြစ်သည်။ အဓိကအားဖြင့် IGE ကုမ္ပဏီသည် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ အုပ်စုနှင့် ၏ အောက် တွင်ရှိသည်။ ကုမ္ပဏီ လက်ကမ်းစာစောင်အရ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတွင်း IGE Pte Ltd လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်သည်။) သည် IGE ကုမ္ပဏီ အုပ်စုအောက်တွင်ရှိပြီး ကျွန်းသစ်စီးပွားရေးလုပ်သော MRT Co Ltd သည် လည်း IGE အောက်တွင်ရှိသည်။

၂၀ဝ၈ ခုနှစ် သံတမန် ကြေးနန်းတခုတွင် United International ကျွန်းသစ် ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်က အမေရိကန် သံတမန်တဦးအား “IGE သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယအကြီးဆုံး ကုမ္ပဏီတခုဖြစ်ပြီး ၂၀ဝ၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ဝင်ငွေ ရှိသည်” ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ဦးအောင်သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာဘဏ်ကိုလည်း ပိုင်ဆိုင်သည်။

နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်အဖြစ် ထုတ် ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင် ယခင်က အစိုးရပိုင် အဆင့်မြင့် ဟိုတယ် ၃ ခုဖြစ်သော စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ်နှင့် သမ္မတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူရရှိခဲ့သည်။ အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်း မိသားစုပိုင်ပင်ဖြစ်သည်။

၂၀ဝ၈ ခုနှစ်အတွင်း ပြင်ပသို့ ပေါက်ကြားခဲ့ သော အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင်ပြီး ၂၀ဝ၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။ UNOG အား မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံ နှစ်နိုင်ငံစလုံးတွင် မှတ်ပုံတင်ထားပြီး ၂၀ဝ၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

အပြင်သို့ ပေါက်ကြားလာသည့် အမေရိကန် သံတမန် လျှို့ဝှက်ကြေးနန်းများတွင် ဦးအောင်သောင်း၏ သားနှစ်ဦးစလုံးကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် အလွန်နီးစပ်သူများဟု ဖော်ပြထားပြီး ဦးသန်းရွှေကလည်း ၄င်းတို့ကို မိသားစုသဖွယ် သဘောထားသည်ဟု ဖော်ပြထားသည်။ ထိုညီအစ်ကို နှစ်ဦးသည် “မိသားစု အဆက်အသွယ်၊ စစ်အစိုးရ နှင့် အနေနီးစပ်ခြင်း တို့ကိုအသုံးချပြီး အလွန်ချမ်း သာသွားကြသည်” ဟုလည်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦး၏ ပြောစကားကို ကိုးကားပြီး ကြေးနန်းတွင် ရေးသားထားသည်။

ဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ ဩဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ သမီး ဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်သည်။ ၂၀ဝ၉ ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေ ရိကန် သံတမန် ကြေးနန်းတစောင်တွင်ဦးမောင်အေး သည် မြိုးမြိုးမြက်မြက် ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇထက် သူ့သား မက် ဦးပြည်အောင်ကို ပိုဦးစားပေးသည်ဟု ရေး သားထားသည်။

ကြည်း၊ ရေ၊ လေ ကွပ်ကဲညှိနှိုင်းရေးမှူးနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် ဒု ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးမောင်အေးတို့ နှစ်ဦးသည် လုပ်ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင်၎င်းတို့ အတွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦးစား ပေးသည်ဟု အမေရိကန် သံတမန်များကို ပြန်လည် ဖောက်သည်ချခဲ့သော ရန်ကုန်အခြေစိုက် စီးပွားရေး သမားတဦးကို ကိုးကား၍ ၂၀ဝ၉ ခုနှစ် လျှို့ဝှက် ကြေးနန်း တခုတွင်လည်း ရေးသားထားသည်။

IGE သည် နေပြည်တော် တည်ဆောက်ရေးအတွက် တာဝန်ယူသော ကုမ္ပဏီ ၈ ခုအနက် တခုဖြစ်သည်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံပေါင်းများစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့် အဆင့်ရှိ IGE ပိုင် Hotel Amara ကိုပါ တည်ဆောက်ခဲ့သည်။ တခြားဆောက်လုပ်ရေး ကုမ္ပဏီ များကဲ့သို့ပင် မြန်မာအစိုးရသည် IGE အားဝန် ဆောင်မှုအတွက် အခကြေးငွေ မပေးသော်လည်း တခုလျှင် အမေရိကန် ဒေါ်လာ ၂ သိန်းတန်သော ကားတင်ပို့ခွင့် လိုင်စင် ၁၅ ခုချပေးခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်းတည် ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့်ရခဲ့သည်။ ထို့အပြင် IGE နှင့် အခြားသော ကုမ္ပဏီများသည် နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်ခဲ့ပြီး သစ်ရောင်းချရသည့် အကျိုးအမြတ် အားလုံးကို စီးပွား ရေးကုမ္ပဏီများကပင် ရခဲ့သည်။

ဤသည်မှာ စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဦးအောင်သောင်းနှင့် မိသားစု တို့၏ ချမ်းသာကြွယ်ဝခဲ့ပုံ တစိတ်တပိုင်းပင် ဖြစ်သည်။ သူ့လောက် မချမ်းသာသည့်တိုင် သူတို့နှင်နှင် ချမ်းသြွာကယ်ဝခဲ့ကြသော စစ်ဗိုလ်ဟောင်းများ၊ တနွယ် ငင်တစင်ပါ ဆွေးမျိုးများလည်း အပြောင်းအလဲများ ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် လက်ညှိုးထိုးမလွဲ ရှိနေသည်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရ မောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေတို့သည်လည်း ရခိုင်ပြည်နယ်တွင် ၄င်းတို့ တိုင်းမှူးများ ဖြစ်စဉ်က ဒေသခံများ၏ လယ်မြေများ၊ မြေလွတ်မြေရိုင်းများ၊ နွားစားကျက်မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သား သမီးများ၏ အမည်ပေါက်ဖြင့် သိမ်းယူခဲ့ကြဖူးသည်။ ထို့နောက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ပေါ်ပေါက် လာသောအခါ ကျပ်သိန်းထောင်ချီ ကုမ္ပဏီများသို့ ရောင်းစားခဲ့ကြသည်။

အစိုးရ စီမံကိန်းများတွင် လာဘ်ပေးလာဘ်ယူ ခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ခြင်းမှသည် မြေယာများ သိမ်းဆည်းယူခြင်း အထိ နည်းအမျိုးမျိုးဖြင့် ချမ်းသြွာကယ်ဝခဲ့ကြသော စစ် အစိုးရ ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများ သည် ယခုအခါ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၊ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပါလီမန်များထဲတွင် ထင်ထင်ပေါ်ပေါ် ရှိနေကြဆဲဖြစ်သည်။

အရပ်သားခရိုနီများအနေဖြင့် ပိတ်ဆို့အရေးယူ မှု စာရင်းမှ ပယ်ဖျက်ခံလို၍ ဖြစ်စေ၊ ပြောင်းလဲနေ သော မြန်မာပြည်တွင် ဆက်လက်ရပ်တည်ရန် ဖြစ် စေ နည်းမျိုးစုံဖြင့် အပြောင်းအလဲများ စတင်ပြုလုပ် နေချိန်တွင် စစ်အုပ်ချုပ်ရေး အရိပ်ထဲတွင် မြန်မာ ပြည်သူများထံမှ အေးဓားပြတိုက်ခဲ့ကြသော စစ်ဗိုလ် ဟောင်းများနှင့် ယင်းတို့၏ ဆွေမျိုးမိသားစုများမှာ လက်ခမောင်းခတ်နေနိုင်ဆဲ ဖြစ်သည်။ ယင်းတို့၏ မြန်မာ့သယံဇာတ၊ အကျိုးအမြတ်များကို မတရား သိမ်းယူထားမှုများ၊ ဘိုးဘွားပိုင် အမွေကဲ့သို့ ခံစား နေမှုများအတွက် မကြာမီ တချိန်ချိန်တွင် ပြည်သူနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ကိုးကား : What Does the Future Hold for Aung Thaung & Sons? By Seamus Martov

========================================================

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ..ဆိုတဲ့ခေါင်းစဉ်နဲ့ဧရာဝတီက
ဆောင်းပါးဖတ်ရတော့ဒီနေ့ဖတ်ရတဲ့သတင်း၂ပုဒ်ကိုတွဲမိလိုက်တယ်..
လွန်ခဲ့တဲ့နှစ်၃၀လောက်ကဖိလစ်ပင်းသမ္မတဟောင်းမားကိုစ့်ဖွက်ထားတဲ့ပိုက်ဆံတွေထဲက၂၅သန်း
ကိုဆွစ်ဘဏ်ကနေဖိလစ်ပင်းအစိုးရကဖေါ်ထုတ်ပြီပြန်လည်ရယူလိုက်ပါပြီ...
ဂျာမဏီသမ္မတကလည်းမြန်မာအစိုးရကိုအကြွေး၁ဘီလျံရဲ့တ၀က်၅၀၀မီလျံလျော်လိုက်တယ်တဲ့...
အင်း...
၁ဘီလျံကပြည်သူတွေကအစွန်းထွက်လေးတောင်ရလိုက်ရဲ့လား...
ဘယ်ဘဏ်တွေထဲရောက်ကုန်သတုံး....
ဝဋ်မလည်ကြပါစေနဲ့ဗျာ....

ဆင်းရဲတဲ့ပြည်သူတွေ ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာနေတာ နေစရာမရှိလို့ပါ




ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀၀ ကျော်ကို ပလပ်မြေပေါ် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပေးရန် အမိန့်ထုတ်ပြန်

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ အပိုင်း (၁) ရှိ အိမ်ခြေ ၂၅၀၀ ကျော်ကို ပလပ်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အမိန့်ထုတ်ပြန်ထားကြောင်း ၆၇ ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

အဆိုပါ အိမ်ခြေ ၂၅၉၀ အနက် အိမ်ခြေ ၅၉၂ လုံးမှာ ၂၀၀၈ ခုနှစ် မတိုင်မီကတည်းက နေထိုင်ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဆန္ဒမဲပေးခဲ့သူများဖြစ်ကာ ကျန် ၁၉၀၈ လုံးမှာ ၂၀၁၂ နောက်ပိုင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဒီနေရာက အိုးအိမ်ပိုင်တဲ့မြေ ဖြစ်ခဲ့တယ်။ အဲဒီနောက် အနုပညာသည်တွေကို တစ်ကွက်ကို နှစ်သိန်းနဲ့ ချရောင်းပေးခဲ့တယ်။ ဒါပေမဲ့ အစိုးရကပဲ အဲဒီနှစ်သိန်းတန်ကွက်တွေ ၀ယ်ပြီးနေတဲ့သူတွေကို နှစ်သိန်းစီပြန်ပေးပြီး ရွာသာကြီးဘက်မှာ မြေကွက်တွေ ပြန်ပေးခဲ့တယ်။ အဲဒီတုန်းက အကြောင်းအမျိုးမျိုးကြောင့် မြေကွက်ပြန်မယူခဲ့တဲ့ ခြံကွက် ၁၁ ကွက်ရှိခဲ့တယ်။ အဲဒါကလွဲရင် ကျန်တာကျူးတွေ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်မှာ ကျူးကျော်တဲ ၂၅၀၀ ကျော်ရှိတယ်။ ၅၉၂ လုံးက ၂၀၀၈ မတိုင်ခင်ကတည်းက ရှိတာဖြစ်ပြီး ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲတွေပေးခဲ့တဲ့သူတွေ ဖြစ်တယ်။ ကျန်တဲ့ ၁၉၀၈ လုံးက ၂၀၁၂ နောက်ပိုင်းမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သော အမိန့်စာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် ပလပ်မြေပေါ်တွင် တရားမ၀င်ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်လျက်ရှိသည့် ကျူးကျော်တဲများကို ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ရမည်ဖြစ်ကာ အမိန့်စာကို မလိုက်နာပါက အက်ဥပဒေ ပုဒ်မ-၂၁ (၁) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းရပ်ကွက်တွင် နေထိုင်သူ အများစုတွင် ယာယီသန်းခေါင်စာရင်းများ၊ အိုးအိမ်ဌာနမှ သတ်မှတ်ပေးသွားသည်ဟုဆိုသော ခြံနံပါတ်များရှိနေကြောင်း သိရသည်။

“ဒီမှာနေတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီနေရာက မြေကွက်တွေ ဈေးချိုတယ်ဆိုလို့ မရှိရှိတာရောင်းချပြီး နေထိုင်နေရတာပါ။ ကျူးကျော်ဆိုပြီး အဖျက်ခံရရင် ဘယ်နေရာပြောင်းရမလဲ မသိသေးဘူး။ လက်ရှိကျောင်းသားတွေနဲ့ဆိုတော့ စိတ်ညစ်တာပဲသိတယ်။ ဆင်းရဲတဲ့ပြည်သူတွေ ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာနေတာ နေစရာမရှိလို့ပါ။ အိမ်မှာ မိသားစု ၁၀ ယောက်ရှိပါတယ်” ဟု ၆၇ ရပ်ကွက် အပိုင်း (၁) နေ ဒေါ်စန်းနွဲ့ကဆိုသည်။

အဆိုပါရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဘုန်းကြီးကျောင်း၊ ရပ်ကွက်ဓမ္မာရုံ၊ မီးကင်းတဲ၊ နာရေးကူညီမှုအသင်းတို့ ရှိနေကြောင်း သိရသည်။

အဆိုပါ ဖျက်သိမ်းရမည့် ၆၇ ရပ်ကွက် အပိုင်း (၁) တွင် ပြည်သူ့အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်မြေ၊ မကျူးကျော်ရ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနဟူသော ဆိုင်းဘုတ်ကိုတွေ့ရပြီး ကပ်လျက်တွင် ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ပေးရန် အမိန့်စာထုတ်ပြန်ထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ အပိုင်း ၁ ရှိ လူနေအိမ်များကို ဖေဖော်ဝါရီ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

EMG

ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ



မြန်မာပြည်မှာ ဖွင့်တဲ့ဆိုင် မြန်မာမ၀င်ရဘူး ဆိုတာ ခင်ဗျားတို့ ကြားဖူးကြလား?

အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက် စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ ခင်ဗျာ။

ဒါနဲ့"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ ကိုယ့်လူမျိုးကို စော်ကားခံရတဲ့ ကိစ္စကြီး။ ငါတို့လူမျိုးက အစော်ကား ခံနေရတာ ကြာပါပြီ"

"ဒီသတင်းက အစ်ကိုကြီး လက်နဲ့ရေးမှ ရမှာ။ သတင်း ဂျာနယ်တွေ သွားပေးရင် ထူးမခြားနားဇာတ်ဖြစ်မှာစိုး လို့ အားကိုးတကြီး လာခဲ့တာ။ ပြီးတော့ ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စ ဖြစ်နေလို့" အဲဒီလို မောင်ဆိတ်သိုး ပါးစပ်က မပြောစဖူး ပြောလိုက်တော့ မာဂျေ လည်း မျက်စိကျယ်သွားတယ်။

ဒီလိုဗျ၊ အခု ကျွန်တော်တို့ နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။အဲဒီအထဲမှာကိုရီးယားတွေ၊ ယိုးဒယားတွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာ တွေ့လို့။ သူတို့က ဒီမှာ အိမ်ကြီးကြီး တစ်လုံး ငှားတယ်ဗျာ။ ပြီးရင် သူတို့ဆီက လာတဲ့ တိုးရစ်တွေ အတွက် အခန်းတွေ ဖွဲ့ပြီး ငှားစားတယ်။ သူတို့ရုံး က သူတို့လူမျိုးစကားပြန်နဲ့တစ်နိုင်ငံလုံး လျှောက်လည်တယ်ဗျာ။သူတို့လူမျိုးဖွင့်ထားတဲ့ဆိုင်တွေမှာစားတယ်။
နောက်ဆုံးမတော့ ကျွန်တော်တို့ နိုင်ငံမှာ သူတို့ ယိုခဲ့တာတွေပဲ ကျန်ခဲ့ တော့တယ်"

အဲဒီလိုလုပ်နေကြတော့ဒီကောင် တွေကအိမ်ငှားခပဲ ပေးရတာလေ။ကျန်တဲ့ငွေအားလုံးသူတို့အိတ်ထဲ ရောက် ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့အခွန်အခ တွေ၊ကျွန်တော်တို့ နိုင်ငံကမနာပေဘူးလား။ ပြည်တွင်းကခရီးသွား လမ်းညွှန် တွေ မနစ်နာပေဘူးလား"

"အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီ မှတ်ပုံတင် ရုံးတို့နဲ့ ဆိုင်တယ် ထင်တာပဲ။ ပြည်တွင်းက တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွား လမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊ ဒီစည်း ကမ်း လိုက်နာနဲ့၊ ပြည်ပကနေ ပြည်တွင်းကို တရားမ၀င် လာလုပ်နေ တဲ့ သူတွေကိုတော့ ဖမ်းဖို့ဆီးဖို့၊အရေး ယူဖို့ ဘာဥပဒေမှ မရှိဘူး ထင်ပါတယ်ကွာ။ ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ကွန်းမှာ ယိုးဒယား တိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီး ပွဲတင် ပေးနေတာတောင် ငါတွေ့ဖူးတယ်။အောင်မယ် တာဝန်ကျ ဘုရားလူကြီး ပွဲတင်ပေးတာ ထက်တောင် စနစ်ကျသေး"

ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။ အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ"သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ ၀င်ခွင့် မပြုဆိုပြီး ဆိုင်းဘုတ် ချိတ်ခဲ့လို့ အတော် ဆူသွားခဲ့ဖူးတယ်။ ကမ်းနားလမ်းက စထရင်း ဟိုတယ်မှာလည်း အရှေ့တိုင်းသားများ တည်းခွင့်မပြုဆိုတဲ့ စာကပ်ခဲ့ဖူးတယ်။ အခုက ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံလေ ကွာ။ ဒီလိုလုပ်လို့ ဘယ်ရမလဲ"

"လုပ်နေကြလို့ ပြောတာပေါ့ဗျ။ တစ်နေ့က ရွှေဂုံတိုင်မီးပွိုင့်နားရှိတဲ့ဟိုတယ်အပေါ်ဆုံးကဘားကိုသူငယ်ချင်း တစ်ယောက်နဲ့ ရောက်သွား တာ။ နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန် စကားပြောတတ်မှ ၀င်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။ပြီးတော့ခန့်ထားတဲ့ဘားမယ်လေးတွေက မြန်မာမငယ်ငယ် ချောချောလေးတွေ ကို တစ်လသုံးသိန်း ပေး ခန့်ထား တယ်တဲ့။ပြီးတော့ ဆိုင်အားလုံး ည၁၁ နာရီ ပိတ်ရပေမယ့် မနက် ၂ နာရီ အထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ပိုင်ရှင်က နိုင်ငံခြားသားတဲ့။

"ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့ သူတွေတောင် မသိတာလား၊ မသိချင်ယောင်ဆောင်နေ တာလား၊ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေ လုပ်နေကြမှန်း မသိဘဲ ရမ်းရေးလို့ မရပေဘူး။ ငါက အမတ် လည်းမဟုတ်၊ တရားဥပဒေ စိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်း မဟုတ်၊ သတင်းဂျာနယ် ထုတ်ခွင့်ရသူလည်း မဟုတ်နဲ့ ဘာကောင်မှ မဟုတ်ဘူး လေကွာ။ အဲဒီအစား ရောတိရောရာငါလည်းပါဆိုသလိုဂျပန်စကားလေး သင်ပြီးသွားစားတာ၊ ဘားမယ်လေးတွေနဲ့ ပရောပရည် လုပ်တာကမှ အနေအစား ချောင်မလား လို့ပါ" လို့ လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေ ထွက်ပြီး ခင်ဗျားကြီး တို့လို လူတွေကြောင့် တိုင်းပြည် ဒုက္ခ ရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာ ဆိုပြီး စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။

Myawady News

ခေတ်ပေါ်မိသားစုသံစုံတီးဝိုင်းလေးပါ



မဟာ မိုးဇက်

သမီးကလေးရွာဖယ်ရှားခံရသူတွေထဲက ကလေးငယ်တချို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ


Kumudra
ရန်ကုန်၊ ဖေဖော်ဝါရီ ၉-

ပဲခူးမြို့နယ် အောင် သိဒ္ဓိဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည် စခန်း အဖြစ် နေထိုင်နေတဲ့ သမီးကလေး ရွာသူ ရွာသား ၆၀ဝ ကျော်ထဲက ကလေးငယ် တချို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ သိရပါတယ်။
'တပ်ပိုင်မြေဆိုပြီး ဖယ်ရှားခံရပြီး နောက်ပိုင်း ဘုန်းကြီးကျောင်းထဲမှာ ခဏလာနေတာပါ၊ သွား စရာ နေစရာကလဲ မရှိဘူး၊ ရေပြောင်း မြေပြောင်းဆိုတော့ ကလေးတွေ ဝမ်းတွေလျှော နေတယ်၊ သက်ကြီးရွယ်အိုတွေလဲ ခေါင်းတွေမူး၊ ခေါင်းတွေကိုက်နေတယ်၊ နေပူထဲနေရလို့ လေ”လို့ ဖယ်ရှားခံရတဲ့ သမီးကလေးရွာ (အနောက်) ဥက္ကဋ္ဌ ဦးမောင်သာက ပြောပါ တယ်။
လှည်းကူးမြို့နယ်ထဲက တပ်မြေပေါ် မှာ ကျူးကျော်နေထိုင်တဲ့ သမီးကလေးရွာ အပါအဝင် ရွာငါးရွာက အိမ်ခြေ ၄၀ဝ ကျော်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သက်ဆိုင်ရာက လူ အင်အား ၁၀ဝ၀ ကျော် နဲ့ ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် သမီးကလေးရွာနဲ့ တခြား ရွာနေ သူတချို့ အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းထဲကို ပြောင်းရွှေ့နေ ထိုင်ခဲ့ကြရပါ တယ်။
ဥက္ကဋ္ဌ ဦးမောင်သာက 'ဒီနေ့ ရန်ကုန်ဘက်က ဆရာဝန်တွေ လာပြီး ဆေးကုပေး တယ်၊ နောက်နေ့တွေမှာ တခြားကလေးတွေ လူကြီးတွေ ဝမ်းရောဂါ ဖြစ်ရင်တော့ ဒုက္ခပဲ၊ ဒီမှာက ဆေးခန်းမရှိ ဘူး၊ နောက် ပြီး သမီးကလေး ရွာပြန်ရဖို့ကို သမ္မတကြီး ထံ တင်ပြတောင်းဆို သွားမယ်”လို့ ဆိုပါတယ်။

အဖျက်ခံလိုက်ရတဲ့မြောက်ဥက္ကလာ စာပေဟောပြောပွဲ


ဆရာ ဆယ်

ဒီနေ့ ပြည်ထောင်စုနေ့ပါ။ အထိမ်းအမှတ်အဖြစ် ကိုယ့်ရပ်ကွက် ထဲက လူငယ်တွေ
က ရပ်ကွက်မှာ ပထမဆုံး စာပေဟောပြောပွဲ လေးလုပ်ချင်ကြတယ်။အဆင့် ဆင့်
တင်ပြကြတယ်။ ဟောပြောမယ့်သူတွေ ကို စာရင်းပေးတယ်..။ခွင့်ပြုမိန့် ကျတယ်။
ရပ်ကွက်ထဲ လူငယ်တွေ ပျော်ကြတယ်..။ဒီနေ့ အတွက် အားကြိုး ၊မာန်တက် ကြိုလုပ်
ကြတယ်..။ငါတို့ရပ်ကွက်က ပြည်ထောင်စုနေ့ မှာ စာပေဟော ပြောပွဲ လုပ်နိုင်
တော့မယ်ဆိုပြီး ဂုဏ်ယူနေကြတယ်...။

ဟော...ဒီနေ့...ညနေကတည်းက ကိုယ့်ရပ်ကွက် ကစည်နေတာ...မုန့် သည်တွေနဲ့
ပျားပန်း ခတ်နေတာ။..ပွဲ ဈေးတန်းလေးကို ဖြစ်လို့...။ရပ်ကွက်သူ၊သား တွေများ
ပွဲမစသေးဘူး ...စာပေဟောပြောပွဲ စင်မြင့်ကြီး ကြည့်ပြီး ၀မ်းသာ အားရဖြစ်နေတာ..
မကြာပါဘူး....။

ကားတွေ ဆိုက်လာတယ်...။ဘုန်းဘုန်းတွေ ရောက်လာတယ်....။အခုဒီစာပေ ဟောပြော
ပွဲမှာ ဟောပြောမယ့် သူတွေထဲက အစ္စလာမ်ဘာသာဝင် ဖြစ်တဲ့ ဦးကိုနီနဲ့ ကိုမြအေး
ကို ဖယ်ထုတ်ပြီး ကျန်တဲ့ လူနဲ့ ဆက်ဟောပါ။လက်ခံတယ်...။ဒီလူနှစ်ယောက်ပါရင်
ချက်ချင်း စင်ပါဖျက်ရမယ်ဆိုပြီး မျိုးချစ်ရဟန်းတော်များသမဂ္ဂ ကဆိုလာပါတယ်။

စင်ကို အပြင်အဆင်၊ ခုံကိစ္စ ကအစ ကိုယ့် မြို့ နယ်ထဲက ဘုန်းဘုန်းတွေကိုယ်တိုင်
နိုင်သလောက်ကို လုပ်ပေးထားတာပါ။ အခုပြသာနာ ဖြစ်ပြီ..။ဘယ်ကဘုန်းကြီး တွေ
မှန်းလည်း မသိဘူး။ ရပ်ကွက်က တင်းခံရင် ဘုန်းကြီး အချင်းချင်း ပြသာနာ တက်တော့
မယ်။ ဦးကိုနီနဲ့ ကိုမြအေးကို ဖယ်ထုတ်မယ်ဆိုတဲ့ စိတ်ကူးလည်း တရပ်ကွက်လုံးမှာ
စိတ်ကူးမရှိဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ ကလည်း ရူးချင်ယောင် ဆောင်နေတယ်။
ရှင်းသွားပြီ....။

ဒီပွဲလုပ်ချင်ရင် အစ္စလာမ်တွေကို ထုတ်...။ဒါမှ ရမယ်.....။အကျပ်ကိုင်လာတယ်...သွေး
တိုးစမ်းလာတယ်.....။လာမညှိ့နဲ့ ။ဒီလူတွေကို တော့ မထုတ်ဘူး...။အခု စည်ကား
နေတဲ့ စာပေဟောပြောပွဲ မစခင်မှာ ပဲ ဖျက်လိုက်တယ်...။ဟုတ်ကဲ့...စာပေဟောပြော
မရှိတော့ပါဘူး ဆိုပြီး ကြေညာလိုက်တယ်.....။ချက်ချင်း ဆိုသလို ပရိသတ်တွေ ကြောင်
ကုန်တယ်..။ညပိုင်းရောင်းတဲ့ ဈေးသည်တွေ ငိုင်သွားကြတယ်။ အဝေးက တကူး တက
လာနားထောင်တဲ့ ပရိသတ်...အားကုန်သွားတယ်....။ရတယ်...ရပ်ကွက်ထဲက စီစဉ်
သူလူငယ်တွေ က မိုက်ကတစ်ဆင့် တောင်းပန်တယ်...။ဒီပွဲလေး မလုပ်ဖြစ်တော့ဘူး။
လူငယ်တွေ အားခဲ ထားတာ ၊ကြိုးစားထားတာ...သွားပြီ.....ရေစုန်မျောပြီ......

အခုတင် ဘာမှ ဟောပြောလို့ မရတော့မယ် စင်ကို စတင် ပြီး လူငယ်လေးတွေ စ
ဖျက်နေကြပြီ။မျက်နှာ မကောင်းဘူး...။ဒါပယ်မဲ့ ...မာန်ချီနေတယ်။ တစ်ချိန်မှာရ
အောင်လုပ်မယ်..ဆိုတဲ့ မာန်....။သူတို့ ကိုကြည့် ပြီး အားကျလာတယ်။
လေးစားလာတယ်...။လူလူချင်းကို ခွဲခြားလာရင် ၊ နှိမ်လာရင် ဘယ်တော့ မခံ ဘူး
ဆိုတဲ့ ပွဲသာ အပျက်ခံမယ်...ဖိတ်ထားတဲ့ ဆရာတွေကိုတော့ ဘယ်တော့ မှ မ
ထုတ်ဘူး ဆိုတဲ့ ဘာသာ၊လူမျိုး မခွဲခြားတဲ့ ကိုယ့်ရပ်ကွက်သားတွေရဲ့ စိတ်
ဓတ်ကိုကြည်ညိုလာတယ်...။ဟုတ်ကဲ့...ဆရာဆယ်ဟာ....မြောက်ဥက္ကလာပ
မြို့နယ်၊ ပြည်ထောင်စုနေ့မှာ စာပေဟောပြောပွဲ ပျက်ခဲ့တဲ့ ဂ ရပ်ကွက်မှာ
နေပါတယ်...။....အဲဒီ အတွက် .....ဂုဏ်ယူတယ်ဗျာ......။


တိမ် တိုက်

ကျွန် တော့် ရဲ့...online မှာ ရော၊ အ ပြင် မှာ ပါ ညီ အစ် ကို လို ခင် မင် ရင်း နှီး တဲ့ ကို အောင် ကို၊ ကို အောင် ဖီ၊ ဦး ဇွီး၊ ဆ ရာ ဆယ် တို့ နေ ထိုင် တဲ့.. မြောက် ဥ က္က လာ ပ မြို့ နယ် မှာ ပြည် ထောင် စု နေ့ ကို...ဂုဏ် ပြု တဲ့ အ နေ နဲ့ ကျင်း ပ တဲ့ စာ ပေ ဟော ပြော ပွဲ တွင် ဦး ကို နီ နှင့် ၈၈ မျိုး ဆက် ကျောင်း သား ဟောင်း ကို မြ အေး တို့ ဟော ပြော ပွဲ မှာ ပါ နေ တဲ့....အ တွက် ကြောင့် စာ ပေ ဟော ပြော ပွဲ ကို မျိုး ချစ် အ မည် ခံ ဘုန်း ကြီး တ ချို့ နှင့် အ စိုး ရ ပိုင်း မှ လူ များ ရောက် လာ ပြီး..၄င်း စာ ပေ ဟော ပြော ပွဲ ကို ဟော ပြော ခွင့် မ ရှိ တဲ့ အ ကြောင်း ဟော ပြော ခွင့် ကို ခွင့် မ ပြု နိုင် ဘူး ဆို တဲ့ အ ကြောင်း ကြား သိ လိုက် ရ တဲ့ အ တွက် မြန် မာ ပြည် မှာ... ပ ညာ တတ် တွေ အ ချင်း ချင်း၊ လူ မျိုး ဘာ သာ မ တူ တဲ့....ညီ အစ် ကို မောင် နှ မ တွေ အ ချင်း ချင်း သွေး စည်း ညီ ညွတ် သွား ရင် ပြည် သူ တွေ လို ချင် တပ် မက် နေ တဲ့ ဒီ မို က ရေ စီ အ စစ် မှန် ကို ပေး လိုက် ရ မှာ.. ဆိုး တာ ကြောင့် အ ခု လို ဗ ဟု သု တ ပ ညာ ပေး စာ ပေ ဟော ပြော ပွဲ တွေ ကို လိုက် လံ တား မြစ် ပိတ် ပင် နေ တာ ဟာ..ဘာ သာ ရေး ခွဲ ခြား မှု ကို ဗန်း ပြ ပြီး နိုင် ငံ ရေး ကို သ င်္ဃန်း နဲ့ အ မြတ် ထုတ် နေ တာ လို့ ပဲ ကျွန် တော် သုံး သပ် ပါ တယ် ခင် ဗျာ...။ စာ ပေ ဟော ပြော ပွဲ ပျက် သွား တာ ကို တော့ များ စွာ စိတ် မ ကောင်း ဖြစ် မိ ပါ တယ် အစ် ကို တို့ ရေ..


Aung Ko

ရင် နာ တယ် ဗျာ .... အ ဓိ ပ္ပါယ် မ ရှိ ဘူး လို့ လည်း ထင် တယ် .... ဘယ် လို မှ လည်း မ ယုံ ကြည် နိုင် ခဲ့ ဘူး .... ဒီ နေ့ ... ပြည် ထောင် စု နေ့ မှာ ကျွန် တော် အ ပါ အ ဝင်၊ ကျွန် တော် တို့ ရပ် ကွက် ထဲ က ရပ် ကွက် သူ ရပ် ကွက် သား တွေ အား လုံး ရဲ့ မျှော် လင့် ချက် တွေ မ တ ရား သွန် မှောက် ခြင်း ခံ လိုက် ရ တယ် .... ဒီ နေ့ ... ပြည် ထောင် စု နေ့ အ ထိမ်း အ မှတ် ကျွန် တော် တို့ ရပ် ကွက် ထဲ မှာ နိုင် ငံ တော် ရဲ့ ခွင့် ပြု ချက် ကို ရ ယူ ခဲ့ ပြီး အား လုံး ပူး ပေါင်း ပါ ဝင် လုပ် ဆောင် ထား တဲ့ ပြည် ထောင် စု နေ့ စာ ပေ ဟော ပြော ပွဲ လေး ပျက် သွား ရ တယ် ဗျာ ....... ဘယ် သူ့ လက် ချက် လည်း လို့ တော့ အ တိ အ ကျ မ သိ ပေ မယ့်၊ အ ဓိ က ဒီ ပွဲ ကို လာ ဖျက် သွား တာ က တော့(အ ဓိ က သ ရုပ် ဆောင် တွေ ပေါ့) မ ဘ သ ကိုယ် တော် တွေ ပါ ဗျာ ....... အင် အား က တော့ ... Light Truck ကား အ စီး ရေ ၄ စီး ခန့် နဲ့ အ ပြည့်၊ အ ရပ် သား အ ချို့(အ မျိုး သ မီး အ ချို့ အ ပါ အ ဝင်) လည်း ပါ သေး တယ် ........ အ ကြောင်း အ ရင်း က .. စာ ပေ ဟော ပြော ပွဲ မယ့် သူ တွေ ထဲ မှာ ဦး ကို နီ နဲ့ ကို မြ အေး တို့ နှစ် ယောက် ပါ နေ လို့ တဲ့ .... စာ ပေ ဟော ပြော ပွဲ ပါ ဗျာ .. ဘာ သာ ရေး တ ရား ပွဲ မ ဟုတ် ပါ ဘူး .. စည်း ရုံး ရေး ပွဲ မ ဟုတ် ပါ ဘူး .. စာ ပေ ဟော ပြော ပွဲ ပါ ဗျာ ... ဒီ လို နဲ့ ပဲ ... ကျွန် တော် တို့ ရပ် ကွက် သူ/သား တွေ က မျှော် လင့် ချက် ကို အ မှိုက် ပုံး ထဲ သွန် ပြစ်၊ ပုတ် ချ ခြင်း ခံ ရ ပြီး ရင် ခွင် ဗ လာ နဲ့ အိမ် ပြန် သွား ကြ ရ တာ ပေါ့ ဗျာ ......... ဘာ ကြောင့် ပါ လည်း ဗျာ


Dr. ဒေါ် ခင် စန်းရီ ကို ပညာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်ခန့်အပ်



Dir UTunlin's photo.


 10.2.2014

သမ္မတဦးသိန်းစိန်က ဗဟို အစိုးရအဖွဲ့တွင် ဒုတိယ မြောက်
အမျိုးသမီးဝန်ကြီးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဒေါက်တာ
ခင် စန်းရီကို ပညာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းလဲ
ခန့်အပ် ရန် လွှတ်တော်သို့ တရားဝင်တင်ပြလိုက်ကြောင်း
သိရှိရသည်။
ယ နေ့ နေပြည်တော်တွင် ကျင်းပ သော ပြည်ထောင် စု
လွှတ်တော် အစည်းအေ ၀းသို့ အမျိုးသားစီမံကိန်းနှင့် စီးပွား
ရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
ခင်စန်းရီကို ပညာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ် ရန်
သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပို့ အ ကြောင်းကြားခဲ့ပြီး
လွှတ်တော် က မကြာမီ ရက်များအတွင်း အတည်ပြုမည် ဖြစ်
ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

သမ္မတဦးသိန်းစိန်သည် အစိုးရအဖွဲ့တွင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်
ဒေါက်တာ မြတ်မြတ်အုန်းခင် ကို ပထမဆုံးအကြိမ် ခန့်အပ်ခဲ့ပြီး
ဒုတိယမြောက် ပြည်ထောင်စုဝန်ကြီးအဖြစ် Dr. ခင်စန်းရီကို ထပ်မံ
ခန့်အပ်ခြင်းဖြစ်သည်။
Dr.ခင်စန်းရီသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်
အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၂၈
ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခံရရာမှ ပညာရေး
ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခံရခြင်းဖြစ်ကြောင်း
သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ် ဒေါ်စန္ဒာမင်းက စီးပွားရေးပညာရှင် တဦးကို ပညာရေး
ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်မှုအ ပေါ် ဝေဖန်ပြောဆိုသော်
လည်း သမ္မတ၏ လုပ်ပိုင် ခွင့်ဖြင့် လွှတ်တော်သို့ တင်ပြလာခြင်း
ဖြစ်သည့်အတွက် ကန့်ကွက်မည်မဟုတ်ကြောင်း ပြောဆိုသည်။
“Dr.ဒေါ်ခင်စန်းရီရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်
တော့ သူက စီးပွားရေးပညာရပ် ဆိုင် ရာမှာ အ တော်ကို
ကျွမ်းကျင် တယ်။ ဒါပေမယ့် ပညာရေးနဲ့သက်ဆိုင်တဲ့
နယ်ပယ်မှာတော့ အ တော့်ကို အားနည်းတာတွေ့ရတယ်။
စီးပွားရေး တက္ကသိုလ်မှာ စာသင်ခဲ့ဖူးတယ်ဆိုပေမယ့် သူက
ပညာရှင် ပိုဆန်တာတွေ့ရတယ်။ ကျမတို့ ဖြစ်စေချင် တာက
ပညာရေးနဲ့ ပတ်သက်ပြီး တကယ့်ကို ကျွမ်းကျင်တဲ့သူ၊
ပညာရေးမူဝါဒ၊ နိုင် ငံတကာ ပညာရေးစနစ်၊ မူဝါ ဒ တွေ ကို
နားလည်ပြီးတော့ အ တွေ့အကြုံများတဲ့သူမျိုးကိုပဲ ပညာရေး
ဝန်ကြီးဖြစ်စေချင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက
ခန့်အပ်တာဖြစ်တဲ့အတွက် ကန့်ကွက်ဖို့လည်း မရှိဘူး´´ ဟု
ဒေါ်စန္ဒာမင်းက ရှင်းပြသည်။

ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ Dr. ခင်စန်းရီသည်
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com (Accounting and
Auditing) နှင့် M.Com (Trade and Marketing)
ရရှိခဲ့ပြီး ဂျာမနီနိုင်ငံ University of Goettingen မှ
စီးပွားရေး ပါရဂူဘွဲ့ရ ရှိထားသူဖြစ်သည်။

ယခုအခါ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့တွင် အမျိုးသမီး
ပြည်ထောင် စုဝန်ကြီး ၂ ဦး၊ ဒုဝန်ကြီး ၆ ဦး ရှိလာပြီဖြစ်သည်။

ကိုအေးသိန်း ဝန်ကြီးအုန်းမြင့် အားတကိုယ်တော်ဆန္ဒပြမည်


နေရာ..ဈေးချို မှ အိမ်တော်ရာဘုရားထိ ၂၆ လမ်းအတိုင်း
နေရက်...၁၆.၂.၂၀၁၄
အချိန်...နေ့လည်၁နာရီမှ ၁း၃၀ထိ
ခွင့်ပြုမိန်မရလည်း ပြမည်

Chan Aye Mg