Thursday, February 13, 2014

ဆရာမောင် စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာ ညီပုလေး ၊ ဆရာ ဦးဘုန်း(ဓာတု) တို့ ကို ရာသက်ပန် စာ ပေ ဟောပြောခွင့် ပိတ်

May Thin Gyan

ဆရာမောင် စိန်ဝင်း(ပုတီးကုန်း) ဆရာ ညီပုလေး ဆရာ ဦးဘုန်း(ဓာတု)
တို့ ကို ရာသက်ပန် စာ ပေ ဟောပြောခွင့် ပိတ်လိုက်ပါပြီ အစိုးရ နည်းမျိုးစုံ သုံးပြီး လူပါးဝနေတယ်.. ဆရာ 3 ယောက်က စာ ပေ အ ကြောင်း မ ဟောပဲ ပါတီမဲဆွယ်တဲ့ အ ကြောင်း ဟောလို တဲ့ ..ဒါဆို ဘာသာ ရေး လူမျိုးရေး အ ကြောင်းပြပြီး NLD ကို မဲ မ ပေးပါနဲ့  ဦးသိန်းစိန်ကို မဲ ပေးပါလို့  တရားဟောနေတဲ့ ဘုန်းကြီး တွေ ကိုလည်း ရာသက်ပန် လူဝတ်လဲခိုင်းပါ လူတွေလည်း ရာသက်ပန် ပါတီကို ဖျက်သိမ်းခိုင်းပါ.. သူတို တွေလည်း ဘာသာ ရေး မ ဟောပဲ ပါတီ မဲဆွယ် ရေး ဟောနေကြတာလေ.. သူတို့ ကိုလည်း အ ရေးယူ ပေးပါ...ကိုယ်လုပ် ရင် ရတယ် သူများလုပ် ရင် မရဘူး ပုံစံ တော့ မလုပ်ကြပါ နဲ့ ...ညီတူ ညီမျှဖြစ် ရမယ် လေ... လုပ်ပုံတွေက တ ဖြေးဖြေး နောက်ပြန်ဆွဲ နေတယ်.. မ ကောင်းတဲ့အကျင့် တွေ ပေါ်လာပြီ...ရှေ့ ကိုဆက်ပြီး ညစ်လုံးတွေ လုံးပြပါလိမ့်မယ် အမျိုးစုံ မရိုးရ အောင် သရုပ် ဖော် တင် ဆက်ပါလိမ့်မယ် ဘုန်းကြီးအစစ်တွေ လူ တွေ နဲ့ တိုက်ပေးဖို့  ဘုန်းကြီးအတု တွေကို ထုတ်သုံးလာတယ် အရက်သမား နဲ့  မ လောက် လေး မ လောက်စားတွေ ကို စပွန်စာ ကောင်းကောင်း ပေြး ပြီး လူအချင်းချင်း ပြသနာ တက်အောင် ပါတီမဲဆွယ် တရားတွေ ပြောခိုင်းတယ် လုပ်ကွက်တွေ တ ဖြေးဖြေး ပေါ်လာပြ.ီ.....


ယနေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၈၈ ကော်မတီစာရင်း

ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ထဲက အချို့



Moe Zay Nyein
စရဖက ငတိတချို့က စရဖအကြောင်း ဆက်မရေးဖို့ ကျွန်တော့်ကို လာပြီး ခြိမ်းခြောက်နေတယ်ဗျ။
ကြောက်တတ်ရင် ဒီလိုစာတွေ ဘယ်ရေးမလဲဗျာ။ စိန်ခေါ်မှုအတွက် ၀ဲလ်ကမ်းပါ။
ကျွန်တော်လည်း ရေးစရာရှိတာ ဆက်ရေးပါမယ်။
ဖော်ထုတ်စရာရှိတာ ဖော်ထုတ်ပါမယ်။ ခင်ဗျားတို့လည်း လုပ်စရာရှိတာ လုပ်ပေါ့ဗျာ။ ဟုတ်ဖူးလား။
လောလောဆယ်တော့ အမြည်းပေါ့ဗျာ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး)က ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ထဲက အချို့ကတော့-
(၁) ၀င်းစန္ဒာ (ပထမနှစ်/၂၀၀၇၊ စီးပွားရေးတက္ကသိုလ်)
(၂) ကျော်မင်းနိုင် (ပထမနှစ်/၂၀၀၇၊ ကုန်ထုတ်ဓာတု၊ အနောက်ပိုင်း တက္ကသိုလ်) နဲ့
(၃) အောင်ရဲဦး (ဒုတိယနှစ်/၂၀၀၇၊ IC ၊ ဒဂုံတက္ကသိုလ်) - တို့ ဖြစ်ပါတယ်။

ဟော်တယ်တွေမှာ ချစ်သူများနေ့ဆိုရင် လူငယ်တွေစုံတွဲတွေ များနေ

ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ ဖျက်ခဲ့သည့် သင်္ဃန်းဝတ်များ.

ဓါတ်ပုံ - အောင်မြင့်မြတ်



အဖျက်ခံလိုက်ရတဲ့မြောက်ဥက္ကလာ စာပေဟောပြောပွဲ


http://www.yeyintnge.com/2014/02/blog-post_5257.html#.Uv1p17QirhM


အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ရွာဖျက် ၊ အိမ်ဖျက် ၊ ဘုန်းကြီးကျောင်းဖျက် ၊ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းဖျက် .... ဒိုင်နာနဲ့ မျိုးချစ်အုပ်စုကြီးများ တားဖို့ စည်းဖို့ေ၇ာက်လဲမလာ ၊ ကူဖို့ ကန်းဖို့လည်း မလာ ၊ ကန့်ကွက်ကြောင်း စာတောင်မထုတ်ပြန် ...

ဒိုင်နာကားများနှင့် "နယ်စည်းမခြား သံဃာတုများအဖွဲ့" က ၂၀၀၈ ခြေဥ ညစ်ကွက်တွေကို လိုက်လံ ထောက်ပြနေတဲ့ ဦးကိုနီရဲ့ ပါးစပ်ကို (ဒိုင်နာကားဖြင့် နောက်က) လိုက်ပိတ်ကြမယ်တဲ့ အတော်လေးကို လက်ရဲသမားတွေ ရှာလိုက်ရတယ်နဲ့ တူတယ် ။ အတော် နောက်ကျသွားတယ် ။

ဦးကိုနီကဖြင့် နိုင်ငံနှံသလောက် ပြောပြီးသွားပြီ ။ ပြည်သူတွေလည်း မျက်စိအတော်ပွင့်သွားပြီ ။ စာနယ်ဇင်းတွေလည်း အတော်ရေးတတ် ပြောတတ်လာကြပြီ ။


အဖျက်ခံလိုက်ရတဲ့မြောက်ဥက္ကလာ စာပေဟောပြောပွဲ

http://www.yeyintnge.com/2014/02/blog-post_5257.html#.Uv1p17QirhM

ခြေထောက်ချလိုက်ဌေးအူး....



ဝုတ်ကဲ့

ဦးသိန်းစိန်နဲ့ အမတ်ဝိုင်းတို့  လက်ဆွဲနှုတ်ဆက်ပုံကို ရုပ်သံမှာ မြင်လိုက်ရခြင်းမရှိ



Aungmyo Tun
ဒီမိုကရေစီလှုပ်ရှားမှု ကာလတလျောက် ပြည်သူလူထု ထောက်ခံမှု
ရရှိနေတဲ့ဒေါ်စုကို ရိုးတွင်းချဉ်ဆီ ထဲကနေ တူးတူးခါးခါး ဘယ်နည်းနဲ့ မှ
လက်သင့်မခံနိုင်တဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့  အစွဲအလန်းရောဂါကို
 ဗမာလူမျိုးအများစု ဆတ်ဆတ်ထိ မခံနိုင်လှတဲ့ အမျိုး ဘာသာ
သာသနာ ခေါင်းစဉ်အောက်ကို ၀င်တိုးပြီး ကုသရေးစခန်း ၀င်နေကြတာဖြစ်ပါတယ်။
မနေ့ ညက ပြည်ထောင်စုနေ့ ညစာစားပွဲ နာမည်ခံပြီး စစ်အုပ်စုရဲ့ 
အောင်သေအောင်သားစား ပွဲသဘင်ကြီးကို ပျဉ်းမနား ကြပ်ကုန်းအရပ်မှာ
ဝှဲချီးတမျှ ကျင်းပခဲ့ပုံကို အစိုးရ ပြန်ကြားရေးဌာန ရုပ်သံသတင်းမှာ
ထိုင်ကြည့်နေတုန်း ဒီကနေ့  အွန်လိုင်းလောက အမျိုးသားရေးအုပ်စု
“၀ီေ၀၀ိုင်း” ဂိုဏ်းဝင် နေပြည်တော်အမတ်မကို ဦးသိန်းစိန်နှင့် အပေါင်းအပါများ
လမ်းလျှောက်လာစဉ် ကြိုဆိုနှုတ်ဆက်ဖို့  ရှေ့ ဆုံးတန်းက မတ်တပ်ရပ်
စောင့်ကြိုနေတာကို မြင်လိုက်ရတယ်။ အမတ်ဝိုင်း ကိုယ်စားပြုပါတီ (NDF)ရဲ့ 
ဥက္ကဌဖြစ်သူ (၉၀ ခုနှစ် ဒီချုပ် စမ်းချောင်းအမတ်)ကို ဒီပွဲမှာ မတွေ့ ရပေမယ့်
အခြား မြေပြန့် က ဒီမိုကရက်နာမည်ခံပါတီများရဲ့ ဥက္ကဌများကိုတော့
ကင်မရာပြချက်တွေအရ မြင်ခဲ့ရပြီး NDF ပါတီရဲ့ အခြား လူသိများတဲ့
ကျန်ခေါင်းဆောင်ဆိုသူများကိုလည်း မြင်လိုက်ရခြင်းမရှိခဲ့ပါဘူး။

လက်ရှိ လူကြိုက်များလှတဲ့ ဒီချုပ်ဥက္ကဌ ဒေါ်စုကို ၀ီေ၀၀ိုင်း ကိုယ်စားလှယ်
အမတ်ဝိုင်းရဲ့  လေးယောက်မြောက်မှာ နေရာချထားပေးတာကို တွေ့ ရတယ်။
ဦးသိန်းစိန်နဲ့ အမတ်ဝိုင်းတို့  လက်ဆွဲနှုတ်ဆက်ပုံကို ရုပ်သံမှာ မြင်လိုက်ရခြင်း
မရှိခဲ့ပေမယ့် ဒေါ်စုနဲ့  ဦးသိန်းစိန် လက်ဆွဲနှုတ်ဆက်ကြပုံကို ခပ်ကြာကြာလေး
ပြသသွားပါတယ်။ ပြန်ကြားရေးဌာနအနေနဲ့  ဘယ်အကွက်အကွင်းဟာ
သူတို့ နိုင်ငံရေးဝါဒဖြန့် ချိမှုကိစ္စမှာ ပဓာနကျတယ်ဆိုတာကို အရိုးရင့်အန်ခွ
မြေခွေးများဖြစ်တာနဲ့ အညီ ဓာတ်ပေါက်ပြီးသားဖြစ်လို့  စိန်စု ရုပ်ပုံတွေကို
ဖောဖောသီသီ ထုတ်ပြပေးခဲ့ပေမယ့် သူတို့ ပေးချင်တဲ့ မက်ဆေ့ကို တစ်ရွေးမျှ
အပျောက်အပျက်မခံဘဲ နောက်တစ်နေ့ ထုတ် အစိုးရပိုင် မြန်မာ့အလင်း
သတင်းစာရဲ့ စာမျက်နှာ (၈) အပေါ်ဆုံး ဘယ်ဘက်ထောင့်မှာ မပျက်မကွက်
ထည့်သွင်းဖော်ပြခဲ့ပါတယ်။

NDF ပါတီ ဥက္ကဌကို ကိုယ်စားပြု တက်ရောက်လာလို့ သာ အမတ်ဝိုင်းကို
ရှေ့ ဆုံးတန်းက နိုင်ငံရေးပါတီဥက္ကဌများ နှုတ်ဆက်ခွင့်ရတဲ့နေရာမှာ
စီစဉ်ချထားပေးခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံပါ ၅၉ (စ)ဖျက်သိမ်းရေး
ဦးတည်ပစ်မှတ်ထားရာပုဂ္ဂိုလ် ဒေါ်စုနဲ့  မလှမ်းမကမ်းမှာ ၅၉ (စ) တည်တံ့ရေး
လှုပ်ရှားမှုများခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူကို
ရည်ရွယ်ချက်ရှိရှိ နေရာပေးခဲ့တာပါ။ ဒါ့အပြင် ပွဲတက်ရောက်လာသူတွေကို
ဦးသိန်းစိန်က လိုက်လံနှုတ်ဆက်တဲ့အခါ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းဟာ
သူ့ ယောင်္ကျားနောက် ထပ်ကြပ်မကွာ ခပ်ကပ်ကပ် လိုက်ပါနှုတ်ဆက်ပေမယ့်
ဒေါ်စုနား ရောက်တဲ့အချိန်မှာ ဒေါ်ခင်ခင်ဝင်းတစ်ယောက် မသိမသာ
နောက်ချန်နေခဲ့ပြီး ဦးသိန်းစိန် - ဒေါ်စု လက်ချင်းဆက်နေချိန်နဲ့ အပြိုင်
ဝီေ၀၀ိုင်း ဂိုဏ်းဝင် အမတ်ဝိုင်းကို အမိအရဖမ်းပြီး နှုတ်ဆက်နေတာဟာ
အမှတ်မဲ့ တိုက်ဆိုင်ချက်တစ်ခုလို့  မသတ်မှတ်နိုင်ပါ။ ဒီလို အပြိုင်အဆိုင်
လက်ဆွဲနေကြပုံကို မြန်မာ့အလင်း ဓာတ်ပုံသတင်းထောက်ဟာ မိမိရရ
မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆိုပါပုံကို အစိုးရပိုင် နေ့ စဉ်ထုတ်သတင်းစာမှာ
နေရာကောင်းကောင်းက ဖော်ပြခဲ့ပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနား
လာတက်တဲ့ ဒေါ်စုပုံကို လိုက်ရှာနေကြတဲ့ပရိသတ်တွေဟာ ဒီပုံကိုကြည့်ပြီး
ဒေါ်စုကို အများသူငါကြားမှာ မထင်မရှား နေရာချထားပေးတဲ့အတွက်
အစကတည်းက မကျေမချမ်း ခံစားမိနေကြတဲ့ အဆွေးဓာတ်ကို မြင့်မားအောင်
ပိုပြီး မီးထိုးပေးသလိုဖြစ်စေတယ်။

ပြည်သူလူထုဟာ အမျိုးသားရေးဝါဒီ (အစ္စလာမ်မုန်းတီးသူ)တို့ ရဲ့  ဟောပြော
လှုံ့ ဆော်ပွဲတွေကို အမျိုးမျိုး ခါးသီးကျောခိုင်းကြပေမယ့် ဦးသိန်းစိန်တို့ 
အပေါင်းအပါ အာဏာရ စစ်အုပ်စုအနေနဲ့  ၀ီေ၀၀ိုင်း ဂိုဏ်းကို ယာယီမိတ်ဆွေဖွဲ့ ၊
လက်သိပ်ထိုး ထောက်ခံမှုတွေပေးနေခြင်းဟာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို
ဒုတိယတန်းစား ရည်မှန်းချက်အဖြစ်သာ ရည်ရွယ်ပြီး ဒီမိုကရေစီလှုပ်ရှားမှု
ကာလတလျောက် ပြည်သူလူထု ထောက်ခံမှု ရရှိနေတဲ့ဒေါ်စုအပေါ်
ရိုးတွင်းချဉ်ဆီထဲကနေ တူးတူးခါးခါး ဘယ်နည်းနဲ့ မှ လက်သင့်မခံနိုင်တဲ့
စစ်ဗိုလ်ချုပ်ကြီးများရဲ့  အစွဲအလန်းရောဂါကို ဗမာလူမျိုးအများစု
ဆတ်ဆတ်ထိ မခံနိုင်လှတဲ့ အမျိုး ဘာသာ သာသနာ ခေါင်းစဉ်အောက်ဆီ
ဝင်တိုးပြီး ကုသရေးစခန်းဝင်နေကြတာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေကြိုက်ရင်
နေရာရမယ်၊ ရာထူးပေးမယ်၊ အခွင့်အရေးကောင်းမယ်၊ ဘ၀ပြောင်းမယ်ဆိုတဲ့
မရိုးနိုင်တဲ့ နည်းလမ်းဟောင်းကို အတိုက်အခံ အင်အားစုတွေအကြား
(သံဃာ့လောကပါမချန်) ပေါ်ပေါ်ထင်ထင် အတင့်ရဲစွာ အရှိန်မြှင့်လုပ်ဆောင်နေပြီ
ဖြစ်ကြောင်း မောင်းခတ်လိုက်ပါတယ်။

ရိုဟင်ဂျာ ၁၃၀ဝ ကို မြန်မာဘက် ပြန်ပို့ခဲ့တယ်လို့ ထိုင်းက ဆို



 13 ဖေဖေါ်ဝါရီလ 2014 -
ထိုင်းက ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံ ကနေ ရိုဟင်ဂျာ ၁၃၀ဝ ကို မြန်မာ နိုင်ငံဆီ ပြန်ပို့ ပေးခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ထုတ်ဖော် ပြောလိုက် ပါတယ်။မြန်မာ နိုင်ငံကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံကို ရောက်လာကြသူ အများစုကို ထိန်းသိမ်းရေး စခန်းတွေမှာ ထားခဲ့တာ ဖြစ်ပါတယ်။သူတို့ကို မနှစ်က ပြန်ပို့လိုက်တယ် ဆိုပေမယ့် အဲဒီ အကြောင်းနဲ့ ပတ်သက်လို့ သတင်းက အခုမှ ထွက်လာတာပါ။အဲဒီ လူတွေဟာ မြန်မာ နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်း ခံရ နိုင်တယ်လို့ လူ့အခွင့် အရေး အဖွဲ့တွေက ဝေဖန် ပြောဆိုကြပါတယ်။

http://www.bbc.co.uk/burmese/world/2014/02/140213_thai_rohingya.shtml

2015ပြီးမှဂျာမန်လာမယ်

နောက်ထပ် စစ်တပ်ပိုင်ဘဏ် မြဝတီကို Mobile Banking လုပ်ခွင့် ဗဟိုဘဏ်ပေးဦးမည်


Posted by Kamayut Media on February 13, 2014 at 10:21 pm

မြန်မာနိုင်ငံမှာ ပထမဆုံး Mobile Banking အဖြစ် စစ်တပ်ပိုင် အင်းဝဘဏ်ကို လုပ်ကိုင်ခွင့်ပေးပြီး မကြာခင်မှာဘဲ နောက်ထပ် စစ်တပ်ပိုင် မြဝတီဘဏ်ကို လုပ်ငန်းလိုင်စင် ချပေးတော့မယ်လို့ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Mobile Banking နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး ဘဏ်တွေနဲ့ ငွေကြေး ဝန်ဆောင်မှုအဖွဲ့အစည်းတွေ လုပ်ကိုင်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာဖြစ်ပြီး ဘဏ်မဟုတ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကိုလည်း ဘဏ်တွေနဲ့ ပူးပေါင်းခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနက မူဝါဒနဲ့ စည်းမျဉ်းကိုင်တွယ်သူအဖြစ် ရပ်တည်မှာဖြစ်ပြီး မိုဘိုင်းဖုန်းကနေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၇ဝ%သော ကျေးလက်နေ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူပြုမှာဖြစ်တယ်လို့လည်း ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်ကလည်း ဆိုပါတယ်။

Mobile Payment နဲ့ e-Commerce ဆိုင်ရာ် ၅ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင်သူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေအများအပြား တက်ရောက်ခဲ့ကြပါတယ်။

မြန်မာပြည်က အင်တာနက်နှေးကွေးမှုဟာ Mobile Banking လုပ်ကိုင်ဖို့ အဓိကအခက်အခဲဖြစ်နေတာဖြစ်ပြီး ငွေကြေးဝန်ဆောင်မှုနဲ့ လုံခြုံမှုအခက်အခဲကို ဘဏ်တွေဘက်က တာဝန်ယူရမှာမို့ ဆက်သွယ်ရေး အော်ပရေတာတွေက လုံခြုံရေးကို တာဝန်ယူရမယ်လို့ CB Bank က ဦးသိန်းမြင့်က ဆိုပါတယ်။

ဗဟိုဘဏ်ဟာ Debit Card လို့ခေါ်တဲ့ Prepaid Card တွေ သုံးစွဲမှုကို ခွင့်ပြုထားပြီး နည်းပညာဆိုင်ရာ အားနည်းချက်တွေကြောင့် အကြွေးဝယ်ကတ်ဖြစ်တဲ့ Credit Card သုံးစွဲမှုကို ၂ဝ၁၄ ကုန် ဒါမှမဟုတ် ၂ဝ၁၅မှသာ ခွင့်ပြုနိုင်မယ့်အနေအထားရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Mobile Banking တွေကို ပိုင်းလော့ပရောဂျက်အဖြစ်သာ အစိုးရက ခွင့်ပြုထားဆဲဖြစ်ပြီး လိုင်စင်ရသွားတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီနှစ်ခုဖြစ်တဲ့ တယ်လီနော်နဲ့ အော်ရီဒူးကလည်း မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကိုပေးမယ်လို့ ပြောဆိုထားပါတယ်။

http://www.kamayutmedia.com/2014/02/13/myawaddy-bank-for-mobile-banking/

လ၀က ၀န်ကြီး၏ မှတ်လောက်သားလောက် စကား




The Voice Weekly"s မှာ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းလျှင် အရေးယူခံရမည်ဟု လ.ဝ.က ဝန်ကြီးဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် မရှိမှန်း သိလျက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းပါက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးတွင် မရှိသဖြင့် ယင်းလူမျိုးအတွက် သန်းခေါင် စာရင်းတွင် ဖြည့်သွင်းရန် အမှတ်အသား (Code) နံပါတ် သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“ရိုဟင်ဂျာလို့ ပြောလိုက်ရုံနဲ့ ၁၃၅ မျိုးထဲမှာ ပါတယ်လို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲလို ပြောလိုက်ရုံနဲ့ နိုင်ငံသားဖြစ်မှာ မဟုတ်ဘူး” ဟု ဦးခင်ရီက ပြောဆိုသည်။

ဤသတင်းကို ဖတ်ရ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဋ္ဌါန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား ချီးကြူးထောပနာ လက်လုပ်လက်ဝါးတီးကာ ဂုဏ်ပြုလိုက်ရသည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ သန်ကောင်စာရင်းကောက်ခံမည် ဆိုခြင်းကို အခွင့်အရေးယူကာ ခိုးဝင်ဘင်္ဂလီကုလားများက ရသည်းနည်းဖြင့် အကွက်ချောင်းနေကြသည်ကို မြင်တွေ့ နေရသည် ။ နိုင်ငံတော်က ဥပဒေပြဋ္ဌန်းထားသော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ကောင်စာရင်းဥပဒေကို ထုတ်ပြန်ထားသည့် ဥပဒေပြစ်မှု ရှိသည် ။ ၄င်းဥပဒေကို အစိုးရက တိကျစွာ မဆောင်ရွက်သေးသောကြောင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးဥက္ကဋ္ဌ ဦးကျော်မင်းက တုန့် ပြန်ပြောဆိုသည်ကိုလည်း ဖတ်ရသည် ။

ဥပဒေကို မသိရှိ၍ ပြောဆိုခြင်းကြောင့် နိုင်ငံတော်က ၄င်းဥပဒေအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ရန်လိုသည် ။ ကျွန်တော်နေထိုင်သော အမေရိကမှာ -IDENTIFICATION CARD- ID- ကို တရားဝင်နေထိုင်ခွင့် ရသူတိုင်း လုပ်ထားရသည် ။ ခိုးဝင်သောသူတို့ မှာ လုပ်ပိုင်ခွင့်မရ ။ ၄င်းကဒ်မှာ -ID-နံပါတ်ကို ရေးသားထားပေးသည် ။ ဤသည်မှာ ကျွန်တော်တို့ ၏ အမေရိကပြည်ထောင်စုတစ်ခွင် မည်သည့်အရပ်မှာနေနေ အစိုးရက သိရှိထားသည့် အချက်အလက်ဖြစ်သည် ။ ခလုပ်ကလေး တစ်ချက်နှိပ်ရုံနှင့် ၄င်းသူသည် မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသဲလွန်စရရှိပြီး စုံစမ်းရသည် ။ ID-ကဒ်တွင် အမည်-လိပ်စာ-မွေးသက္ကရစ်-လိင်-မျက်လုံးအမှတ်အသား- အရပ်အမောင်း -ကဒ်ထုတ်ပေးသည့်နှစ်-ကဒ်ကုန်ဆုံးသည့်နှစ် စသည့်ဖြင့် ဖေါ်ပြထားသည် ။ ယခင်ကမူ ကဒ်၌ ဓါတ်ပုံများနှင့် ကဒ်မှာရိုးရိုးစက္ကူဖြင့် ထုတ်ပေးသည် ။ ယခုတော့ ပလက်စတိတ်ဖြင့် ဓတ်ပုံကို ထည့်သွင်းထားရာ အဆင့်မြင့်နေပြီ ။

ဤနေရာ၌ -ID-ကဒ်မှာ လူမျိုး- ကိုးကွယ်သည့်ဘာသာကို ထည့်သွင်းမဖေါ်ပြဘဲ စောစောက ပြောထားသလို ဖေါ်ပြခြင်းမှာ-ID-ကဒ်ကို ပြုလုပ်ထားသည့်အခြေအနေအရ မဖေါ်ပြထားခြင်းဖြစ်သည် ။ စင်စစ်အားဖြင့် ကျွန်တော်တို့ သည် သက်ဆိုင်ရာအစိုးရရုံးတွင် မိမိတို့ ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးအမည်ကို တိကျစွာ ရေးသားဖြည့်စွက်ခဲ့ ပြီးမှ ယခုကဲ့ သို့  -ID-ကဒ်ကို ထုတ်ပေးခြင်းဖြစ်သည် ။ ပါ့စ်ပို့ - အမေရိကပြည်ထောင်စု နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်မှတ် - ဒရိုင်ဘာလိုင်စင်-ဆေးခန်းပြရန် အာမခံကုမဏီမှ ကဒ်- ဘဏ်ကဒ်များတွင်လည်း ၄င်းအတိုင်းပင်ဖြစ်သည် ။ မည်သည်ကဒ်တွင်မဆို အတိုချုံးနှင့် လိုရင်းကိုသာ ဖေါ်ပြထားခြင်းဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ်ဖြစ်စေ- မှတ်ပုံတင်တွင်ဖြစ်စေ- မြို့ နယ်သားကဒ်ဖြစ်စေ -ပါ့စ်ပို့ ဖြစ်စေ လျှောက်သည်အခါ လူမျိုး-ကိုးကွယ်သည့်ဘာသာကို နေရပ်လိပ်စာအတိအကျဖြင့် ရေးသားဖြည့်စွက်ပြီး ကိုက်ညီပြီးမှ တရားဝင်ကဒ် ထုတ်ပြန်ပေးရန်လိုသည် ။

သို့ ဖြစ်၍ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ကောင်စာရင်း၏ တည်ဆဲဥပဒေများကို ဆောလျင်စွာ ထုတ်ပြန်ရန်လိုနေပြီ ။ ၄င်းဥပဒေက ပျော့ညံ့ နေသေးလျှင် ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ ပြင်းထန်သော ဥပဒေများကိုပင် ထည့်သွင်းရအုံးမည်ဖြစ်သည် ။ အဓိကမှာ မြန်မာနိုင်ငံ၏ သန်ကောင်စာရင်းကောက်ယူရေး၌ ယုံကြည်မှု ရှိကြစေရေးဖြစ်သည် ။ နိုင်ငံတော်၏ လုပ်ဆောင်ချက်များကို ပြည်သူများမှ ယုံကြည်ဖို့ လိုသည် ။ အကယ်၍ ယုံကြည်မှု မရှိပါက မြန်မာနိုင်ငံ၏ သန်ကောင်စာရင်းကောက်ခံမှုသည် အချိန်ကုန် ငွေကုန် လူပမ်း နိုင်ငံတကာ၌ သိက္ခာကျစရာဖြစ်သည် ။ ခိုးဝင်လူမျိုးများကို သန်ကောင်စာရင်းကောက်ခံရာ၌ အခက်အခဲတွေ့ ရှိမည်ကို စိုးရိမ်နေသည်ထက် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ အစိုးရအပေါ် ယုံကြည်မှု မပျောက်ပျက်စေဖို့ အရေးကြီးသည်ကိုလည်း သတိထားရမည်ဖြစ်သည် ။ ပြောတော့တစ်မျိုး-လုပ်တော့တစ်မျိုး ဖြစ်နေသော မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့ မှာ ဖွားဖက်တော် ရန်ဖြစ်ဖက်များဖြစ်နေကြရာ ယခုအချိမှာတော့ ရန်ခဲပူဆာမဖြစ်ကြဘဲ ချစ်ခင်စည်းလုံး ညီညွတ်စွာ ရှိကြစေလိုသည် ။

မြန်မာနိုင်ငံ၌ မရှိသောလူမျိုးလိမ်နာမည်ကို ထည့်သွင်းရေးလာလျှင် သန်ကောင်စာရင်းဥပဒေ၌ တည်ဆဲ ဥပဒေအရ ပြင်းထန်စွာ ပြစ်းဏ်ချ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာချက်သည် အလွန်တရာ ကောင်းကျိုးဆီလျော်သော ဥပဒေဖြစ်သည် ။ ထိုနည်းတူ မြန်မာနိုင်ငံ၌ မရှိသော ၄င်းလူမျိုးလိမ်နာမည်အား မီဒီယာ-ဂျာနယ်-သတင်းစာ- စာစောင်-လက်ကမ်းစာစောင် -ပိုစတာ- အင်တာဗျူးး-နိုင်ငံရေးပါတီ- ဟောပြောပွဲများ၌ ထည့်သွင်းအသုံးပြုပြီ ဆိုပါက ဥပဒေအရ တားမြစ်ပိတ်ပင်သော တည်ဆဲ ဥပဒေတစ်ရပ်ရပ်ကို လွှတ်တော်မှ အမြန်ဆုံး ချမှတ်ကြော်ငြာပေးရန် လိုနေပြီဖြစ်ပါကြောင်း ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )