Friday, February 14, 2014

ရေခဲကြောက်တတ်တဲ့သက်မွန်

(၂၀၁၄) ကုန်တာနဲ့ မြန်မာတပြည်လုံးကသစ်ပင် တွေကုန်မှာ

Hlaing Bwa
(၂၀၁၄) ကုန်ရင် နိုင်ငံခြားသစ်မပို့ ရ ဆိုတဲ့ ဥပဒေမစခင်

ကိုကိုးကျွန်းကို ၁၉၉၄ ခုနှစ်ကတည်းက တရုတ်အစိုးရထံ အငှါးချထားပြီး ဖြစ်



Ko Nay Myo

ကိုကိုးကျွန်းကို ၁၉၉၄ ခုနှစ်ကတည်းက တရုတ်အစိုးရထံ အငှါးချထားပြီး ဖြစ်တယ်လို့ Wikipedia မှာ ရေးထားတာ ဖတ်ရပါတယ်...။

တကယ်တော့ ကိုကိုးကျွန်း ကိစ္စ နဲ့ ပတ်သက်ပြီး အစိုးရဘက်က တိတိကျကျ ပွင့်လင်းမြင်သာမှု ရှိစွာ ပြောဆို တုံ့ပြန်တာတွေ မရှိပါဘူး...။ ပြောတော့ ပြောတယ်.. တိကျရေရာ သေချာမှု မရှိတဲ့ တုံ့ပြန်မှုတွေသာဖြစ်တယ်...။ သဘောက လေယာဉ်ကွင်း ဟာ မူလကတည်းက ရှိတယ်.. ဆိုရင်လည်း ရှိတယ်ပေါ့...။ မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့...။ တရုတ်ကို ငှါးထားတယ်ဆိုရင်လည်း ငှါးထားတယ်ပေါ့...။ နှစ်ဘယ်လောက်ထိ ဘယ်လိုစာချုပ်ပါ အချက်အလက်တွေ နဲ့ ငှါးထားတယ်ပေါ့...။ အခုတော့ ဘာမှ သေချာမပြောပဲ ပြည်သူတွေကို ဘာမှချမပြပဲ “ဒါတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေပါ” ဆိုပြီး ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောထားတာ ဖတ်ရပါတယ်...။

Wiki မှာ ဒီလိုရေးထားပါတယ်...

The Coco Islands are two islands in the northeastern Indian Ocean. They are part of Yangon Region of Burma. They are allegedly leased to the People's Republic of China since 1994.[1] The governments of Burma and the People's Republic of China do not comment on this issue.

တကယ်တော့ အိန္ဒိယ သတင်းစာက အခုမှ ပြောတာမဟုတ်ပါဘူး..။ 2011 နှစ်ကုန်ပိုင်းလောက်ကတည်းက တစ်ကြိမ်ပြောခဲ့ပြီးပါပြီ...။ သတိမထားမိကြလို့ပါ.....။

ကျမကိုယ်စားပြောပေးပါ


 Kyaw Swar Myint

++++ကျမကိုယ်စားပြောပေးပါ++++++
************************************
ကျမ မြက်တစ်ပင်မစိုက်ဖူးဘူး
ကျမ စစ်မတိုက်ဖူးဘူး။
ကျမ ကြက်ဆူပင်လဲ မစိုက်ဖူးဘူး။

ဘယ်သစ်တောတွေမှ လဲရောင်းမစားဖူးဘူး။
ဘယ်တိုင်းရင်းသားတွေကိုမှ စစ်မခင်းခဲ့ဖူးဘူး။
ဘယ်ညီအကိုတွေကိုမှ မသတ်ခဲ့ဖူးဘူး။

ဘယ်လယ်တွေကိုမှ မတရားမသိမ်းခဲ့ဖူးဘူး။
ဘယ်အိမ်ကိုမှ ဘူဒိုဇာနဲ့ ထိုးမဖျက်ခဲ့ဖူးဘူး။
ဘယ်တောင်တွေကိုမှလဲ ရောင်းမစားခဲ့ဖူးဘူး။
ဘယ်မြစ်ကိုမှလဲ ထိုးမအပ်ခဲ့ဖူးဘူး။

ဘယ်သုံ့ပန်းကိုမှ ခေါင်းသေနတ်နဲ့တေ့မပစ်ဖူးဘူး။
ဘယ်အကျဉ်းသားကိုမှ မနှိပ်စက်ဖူးဘူး
သတ်လဲမသတ်ဖူးဘူး။

ညီအကိုအချင်းချင်းသတ်တဲ့ပွဲမှာ
ဆုတံဆိပ်တွေ ကျမ မရခဲ့ဖူးဘူး။

ကျမကိုယ်မှာ ဘာဒါဏ်ရာမှ မရှိခဲ့ဖူးဘူး။
ကျမရင်ထဲမှာ ဒါဏ်ရာတွေအများကြီးရှိတယ်။

ကျမအဖေရဲ့ ကိုယ်မှာ
သေနတ်ဒါဏ်ရာ ၁၃ ချက်ရှိတယ်။
လွတ်လပ်ရေးအတွက် မှန်ခဲ့တဲ့ ကျည်ဆန်တွေလေ။

ကျမလို အဖမဲ့ဘ၀ ရှင်နေဖူးလား
ကျမလို နိုင်ငံနဲ့အဝေးမှာ အနှင်ခံဘ၀နဲ့
နေခဲ့ဖူးလား
ကျမလို မိသားစုနဲ့ခွဲပြီး ရှင်နေခဲ့ဖူးလား။

ကျမလို တစ်ယောက်ထဲ
ဘာလက်နက်မှ မပါဘဲ ရှင်နေခဲ့ဖူးလား။
လက်ထဲမှာ သေနတ်ကိုင်လို့ သေနတ်မှန်တာဆန်းသလား။

ကျမရခဲ့တဲ့ဆုတံဆိပ်တွေက
ကမ္ဘာကပေးတာ အာဏာရှင်က ပေးတာမဟုတ်ဖူး။
အမုန်းစစ်ခင်းလို့ ရခဲ့တာမဟုတ်ဖူး
မေတ္တာတံတားခင်းလို့ ရခဲ့တာပါ
ကိုယ်ချင်းစာတံတားခင်းလို့ ရခဲ့တာပါ ။

ကျမရွာကို ကျမချစ်တယ်။
ကျမနိုင်ငံကို ကျမပိုချစ်တယ်။

ကိုဝင်းအောင်(ဇီးကုန်း)
၂၊၁၄၊၂၀၁၄

တိုးတိုးတိတ်တိတ် အေးအေးချမ်းချမ်း ဘုရားဖူးတဲ့ နိုင်ငံတော်သမ္မတကြီး



Hmuu Zaw
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● တိုးတိုးတိတ်တိတ် အေးအေးချမ်းချမ်း ဘုရားဖူးတဲ့ နိုင်ငံတော်သမ္မတကြီး ●

ပုဒ်မ (၅၉) စ လုံးကို မပြင်နိုင်လျှင် စစ်ဗိုလ် လူထွက် တစ်ယောက်ယောက် သာသမ္မတဖြစ်လာနိုင်



 Ashin Visuta

ပုဒ်မ (၅၉) စ လုံးကို ပြင်ပေးပါ

တိုင်ပြည်၊ လူမျိုး၊ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးသောကြောင့် ပုဒ်မ(၅၉ )စ လုံးကို ပြင်ဖို့ သဘောတူပါသည်။။ (လွတ်လပ်စွာ သဘောကွဲနိုင်သည်)

ထိုပုဒ်မကို မပြင်နိုင်လျှင် ဘာဆက်လက်ဖြစ်မည်လဲ အနည်းငယ် စဉ်းစားကြည့်ပါစို့။။။ ထိုပုဒ်မ ဥပဒေကို မပြင်နိုင်လျှင် စစ်တပ်အကြီးအကဲ (ဝါ) စစ်ဗိုလ်လူထွက် တစ်ယောက်ယောက် သာလျှင် ၂၀၁၅ မှာ သမ္မတဖြစ်လာနိုင်သည်။။

၁။ ထို့ကြောင့် တိုင်းပြည်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေ ဆက်လက်နိမ့်ကျနေမည်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နိမ့်ကျလျှင် အကျိုးဆက်အားဖြင့် လူမှုရေး၊ ဘာသာရေး စသည်များလည်း တောက်ပြောင်မည်မဟုတ်ပေ။။ မြန်မာအမျိုးသမီးများလည်း စီးပွားရေး နိမ့်ကျသောကြောင့် နိုင်ငံခြားသို့ အလုပ်ကြမ်း၊ အိမ်အကူသွားနေရမည်၊ တရုတ်နိုင်ငံသို့ ကြီးကြီး၊ ငယ်ငယ် ဆက်လက် မယားအဖြစ် ရောင်းစားခံနေရမည်။ ပြည်တွင်းမှာလဲ ပိုက်ဆံချမ်းသာသော ဘာသာခြားကြီးများက ဆင်းရဲနိမ့်ကျသော ပညာရေ နိမ့်ကျသော မြန်မာမလေးများကို ဆက်လက်သိမ်းပိုက်နေမည်။။

၂။အရင်လိုဘဲ လာဒ်စားမှုတွေ ဆက်လက်ဖြစ်နေမည်၊ ပိုက်ဆံ အင်မတန်ပေါသော မူစလင်ဘာသာဝင်များဆီက ပိုက်ဆံများယူကာ ဗလီများ ဆောက်ခွင့်ပြုမည်၊ ဆက်လက်ဆောက်ခွင့်ပြုမည်၊ (ဥပမာ အောင်ဆန်းကွင်းက တစ်ခြမ်းပဲ့ ဗလီကို သိန်း၅၀၀ယူကာ အောင်ဆန်းကွင်း တာဝန်ကျ ဗိုလ်မှူးတစ်ယောက်က ပိုမိုကြီးမားအောင် လုပ်ဆောင်ခွင့်ပေးခဲ့သည်၊ မယုံလျှင် စုံစမ်းကြည့်ပါ) (မကြာခင်က ပြုတ်သွားသော သာသနာရေး ဝန်ကြီးသည်ပင် ပြုတ်သွားသော အခါ ရန်ကုန်မှာ အိမ်လေးလုံး၊ ကား ၁၄ စီး ပိုင်သတဲ့၊၊၊ ဘယ်သူတွေ ဒါန ပြုသလဲမသိ) စီပွားရေးမှာလည်း ဗိုလ်ချုပ်ကြီးတွေ၊ အနည်းငယ်သော ခရိုနီးများသာ ဆက်လက်လွှမ်းမိုးထားမည်။ ဘာသာခြား ခရိုနီကြီးများက နောက်ကွယ်ကနေနေပြီး ဗိုလ်ချုပ်ကြီးသားများ၊ ဝန်ကြီးသားများကို ရှေ့ထုတ်ကာ စီးပွားရေးများကို သိမ်းပိုက်ထားမည်၊၊၊

၃။ ဥပဒေ စိုးမိုးမှု ဆက်လက် အားနည်းနေမည်၊ ထို့ကြောင့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများ ဆက်လက်ဖြစ်မည်၊ မြေယာသိမ်းမှု၊ ကျူးကျော်မှု စသည့်စသည့် ပဋိပက္ခမြောက်များစွာဆက်လက်ဖြစ်နေမည်။။ နိုင်ငံခြား ရင်နှီးမြှုပ်နံမှုများ ထင်သလောက်မလာပေ၊ နိုင်ငံခြား အကူအညီများကလည်း ဒီကောင်တွေဘဲ ယုံနိုင်စရာမရှိဟု ဆိုကာ ပေးသင့်ပေးမည်မဟုတ်ပေ၊ ရသင့်သလောက် မရပေ၊၊၊ ( အနည်းငယ်မျှကိုသာ တင်ပြခြင်းပါ)

ပုဒ်မ (၅၉ ) စ လုံးကို ပြင်လိုက်လျှင် ပြည်သူက ရွေးချယ်တဲ့ သမ္မတ တစ်ယောက်ရလာနိုင်သည်။။
ထိုသူ သမ္မတဖြစ်လျှင်။။။

၁။ ပြည်သူစိတ်ကြိုက်ရွေးထားတာဖြစ်လို့ မကြိုက်လျှင် အချိန်မရွေး ဖြုတ်ချနိုင်သည်။ ထိုသမ္မတ ဘာသာတစ်ခုခု၊ လူမျိုးတစုကာကွယ်ပြီး မျက်နှာလိုက်လျှင် ချက်ချင်းဖြုတ်ချနိုင်သည်။ မိမိကိုးကွယ်ရာဘာသာတရားလည်း ပိုမိုထွန်းတောက်ပြောင်နိုင်မည်။။

၂။ အစိုးရအတွင်းမှာ လာဒ်စားမှု ဖြစ်ပေါ်ပါက ပြည်သူက စိတ်ကြိုက်ရွးထားတာဖြစ်လို့ ချက်ချင်း နှုတ်ထွက်ခိုင်းနိုင်သည်၊ ဝန်ကြီးများဆဲလျှင်လည်း ထိုသမ္မတတာဝန်ယူနိုင်ရမည်။။

၃။ ပြည်သူက ရွေးထားတဲ့ သမ္မတအုပ်ချုပ်သောကြောင့် နိုင်ငံတကာ ပိုမိုယုံကြည်လာမည်၊ အကူအညီပိုရမည်၊ စီပွားရေးတွေ ပိုလာလုပ်လာမည်၊ ဒါ့ကြောင့် လူတွေ အလုပ်အကိုင်ရလာနိုင်သည်၊ ဝင်ငွေတွေ တိုးလာနိုင်သည်၊ စီပွားရေး ကောင်းလာနိုင်မည်၊ပြည်ပရောက် မြန်မာ နယ်ပေါင်းစုံက ပညာရှင်တွေ ပြန်လာနိုင်သည်၊ နိုင်ငံတကာက ယုံကြည်လာသောကြောင့် ဘယ်သူက မမှန်သတင်းလွှင့်လွှင့် ထိုသမ္မတ ရှင်းပြလိုက်လျှင် နိုင်ငံတကာလက်ခံလာမည်၊ ( ဘင်္ဂါလီ ၄၀ ကို မသတ်ပါဘဲ သတ်ပါတယ်ဟု သတင်းလွှင့်တာကို မဟုတ်ကြောင်း ဝန်ကြီးတွေ ရှင်ပြတာကို နိုင်ငံတကာက မယုံတာကို သဘောပေါက်)

၎။။ ပြည်သူက စိတ်ကြိုက်ရွေးချယ်ခွင့်ရလို့ ရွေးထားလျှင် ထိုသမ္မတ ဘယ်သူ့ကို သစ္စာခံလို့မရ၊ ပြည်သူကိုသာလျှင် သစ္စာခံရမည်၊ ပြည်သူကို သစ္စာမခံလျှင်၊ ပြည်သူကို လိမ်လျှင် ထိုသမ္မတကို ချက်ချင်း ဖြုတ်ချနိုင်သည်၊၊ (အနည်းငယ်သာ တင်ပြချင်ပါ။။ နားမလည်သူများရှိပါက အကျယ်ဆွေးနွေးမည်)))

မိဘပြည်သူများခင်မျာ ကိုယ့်ကံကြမ္မာကိုယ်တိုင် မဖန်တီးချင်ဘူးလား၊၊၊ ဖန်တီးချင်တယ်ဆိုလျှင်--------------

မှတ်ချက်။။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟုဆိုလျှင် ထိုသမ္မတဖွဲ့စီးထားသော အဖွဲ့အစည်းအကုန်လုံးကို ဆိုလိုသည်။။

သန်းကောင်စာရင်းမှာပါမပါ

“NLD ပါတီကို မဲဆွယ်ဖို့ လုံးဝမပြောခဲ့ဘူး။ NLD ဆိုတဲ့ စကားလုံးလည်း တလုံးမှ မသုံးခဲ့ဘူး။ ( ဦးဘုန်း (ဓာတု) )



“NLD ပါတီကို မဲဆွယ်ဖို့ လုံးဝမပြောခဲ့ဘူး။ NLD ဆိုတဲ့ စကားလုံးလည်း တလုံးမှ မသုံးခဲ့ဘူး။ ကျနော်ပြောခဲ့တာက အကျင့် သီလ ကောင်းတဲ့သူ အသိဉာဏ် ရှိတဲ့ သူကို အားကိုးဖို့၊ အဲဒီလို လူမျိုးတွေ တိုင်းပြည်ကို ဦးဆောင်မှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မယ် ဆိုပြီး ဟောခဲ့တာ။ ကြည့်ရတာ အမှန်တရားတွေ ပြောလို့ ထင်ပါတယ်”

ဦးဘုန်း (ဓာတု)

အမေစုဟောပြောမယ့်ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေး ကုသိုလ်တော်ဘုရားဝင်း အတွင်း ကျင်းပခွင့် မပြု



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

၁၄ ရက်နေ့မှာ လုပ်မယ့်ပွဲကို ၁၄ ရက်နေ့မှာမှ စာရောက်တယ် ။ နိုင်ငံတကာ လာကြတဲ့ စာရေးဆရာများကိုပင် အားမနာ ။ ပွဲ စီစဉ်ခင်းကျင်းသူများမှာ အစအဆုံးပြန်လုပ်ရရှာ ။

"သံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို"



The Voice Weekly

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

တာလောကြီးဒေသရှိ ရှမ်းရွာများတွင် ရွာသူရွာသားများကို ပြည်သူ့စစ်က သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံပါ သံဃာတော်များမှာ အနီးရှိ ကျေးရွာများမှ သံဃာအချို့ အပျော်သဘော ဝင်ရောက် ပစ်ခတ်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေနှင့် သံဃာများကို စစ်သင်တန်းပေးခြင်း မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရှမ်းရွာတွေဆိုတော့ ကေအိုင်အေက တပ်သား စုဆောင်းတာတွေ ရှိလို့ ပြည်သူ့စစ် သင်တန်းပေးတာပါ။ နောင်မှာ ဒီလို ဝင်ရောက်ကြည့်ရှု ကိုင်တွယ်တာတွေ ခွင့်မပြုဖို့လည်း စိစစ်ကြပ်မတ်သွားမှာပါ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

သဲကုန်းသပိတ်စခန်း အင်အားသုံးဖြိုခွဲခံရ

DVB
သဲကုန်းမြို့ ရွှေဘုန်းရှင်လမ်းပေါ်က လယ်သိမ်းခံ လယ်သမားတွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့ က အင်အားသုံးဖြိုခွင်း ခဲ့တဲ့အတွက် သပိတ်စခန်းက အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ-၂ သူရဦးအေးမြင့် ဗိုက်ကြီးကို လှန်ပြကာ ဟောပြော


ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ-၂ သူရဦးအေးမြင့်၂၈-၁၁-၂၀၁၃ နေ့က မင်းကင်းမြို့နယ်က ပြည်သူ လူထုတွေ ကို....

"" ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .""

http://myanmarthandawsint.com/




အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ဓါတ်ပုံ - လွှတ်တော် ၃နှစ်ပြည့် နေ့လည်စာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား သူရဦးအေးမြင့် ၊ ဦးအောင်သောင်း ၊ ဦးသိန်းဇော် ၊ ဦးဌေးဦး တို့နှင့် အတူ တွေ့ရစဉ်



မြက်တော့ ကိုယ်တိုင်မစိုက်ဖူးပါ ။ ဒါပေမယ့် နိုင်ငံတကာက တပ်တွေနဲ့ မြန်မာ့တပ်မတော် မြက်အတူ စားဖူးအောင်တော့ လုံးပန်းပေးရှာပါတယ် ။ အဲသည်လို လုံးပန်းပေးရာမှာလဲ တိုင်းရင်းသားအများစုရဲ့ အပြစ်တင်ခြင်းကို ခံရပါတယ် ။ မုဒိမ်းတပ် သူခိုးတပ် ဓါးပြတပ်ကို Capacity Building လုပ်ပေးဖို့ ဒေါ်စုက လော်ဆော်ရသလား ဆိုပြီးတော့ ။ ပါးရိုက်တာရယ် ၊ နို့သောက်တာရယ် ၊ လှန်ပြတာတွေရယ် ပေါင်းရေးလိုက်ရင်တော့ မှုးဇော် ကြိုက်တဲ့ အေ၇ာင်စာမျက်နှာ တစ်ရွတ်ရလောက်တယ်

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အောက်ဆွဲနည်းလမ်းများ




မြန်မာနိုင်ငံရဲ့  ပဋိပက္ခများကို ဖြေရှင်းနိုင်ဖို့  အကောင်းဆုံးစကားလုံးကို ပြပါဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ စကားသာ ရှိတယ် ။ အနက်အဓိပ္ပယ် ဖွင့်လာတဲ့ အခါကျတော့ အပေးအယူနည်းလမ်းတို့ နဲ့  အောက်ဆွဲနည်းလမ်းတွေ အသုံးပြုကြတတ်တယ် ။ သူ့ လူကိုယ်ဖက်သား ဖြစ်အောင်နဲ့  တပည့်ခံအောက်ဖက် ကျရောက်သွားစေအောင် ပြုလုပ်တဲ့  နည်းလမ်းတွေ အသုံးပြုကြတယ် ။

ဒီအခါမျိုးမှာ တိုင်းရင်းသားလူမျိုးတွေကြား ပဋိပက္ခတွေ ဖြစ်သွားအောင် လူမလေး မခန့် စကားလုံးတွေ ပစ်သွင်းပြီး ဗဟိုချက်မကို ယိုင်လဲစေအောင် ပြုလုပ်တဲ့  နည်းလမ်းတွေကို အသုံးပြုလာကြတယ် ။ ဘယ်သူက ဘာကောင်မို့ လို့ လဲ ဆိုပြီး တိုင်းရင်းသားလူမျိုးအချင်းချင်းကြားထဲမှာ အားမနာပ သွေးထိုးစကားနဲ့  ပြောလာတာကြားရတယ် ။ သိပ်ကိုအံ့ သြမိတာက ဒါတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးကို ဇေါင်းပေးနေရမဲ့ အချိန်မှာ ထွက်ပေါ်နေတာမို့  သံယသမျက်လုံးနဲ့  တိုင်းတာရတော့မဲ့  လက္ခဏာဖြစ်တယ် ။

ခိုင်မာပြတ်သားတဲ့  နိုင်ငံရေးသမားတွေနဲ့  တော်လှန်ရေးသမားတွေဟာ ဒီအချက်ကို လုံးဝဥသုံ သတိထားတယ် ဆိုတာ နားမလည်ကြလို့ သာ ပြောဆိုသုံးနုံးတာတာလို့ ယူဆတယ် ။ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အဓိက တာဝန်အရှိဆုံးသူဟာ မြန်မာ့တပ်မတော်ဖြစ်တယ် ။ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ကသာ ဒီကနေ့  မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်သူဖြစ်တယ် ။ အခြားမည်သည့် ပုဂ္ဂိုလ်ကမှ ဆောင်ရွက်နိုင်စွမ်း မရှိဘူးဆိုတာ ကျွန်တော်တို့  ပြတ်ပြတ်သားသား ခွဲခြားနားလည်တယ် ။

ခုအချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့  ရှိနေပေမဲ့  နောင်တစ်ချိန် အစိုးရပြောင်းလဲသွားရင် အဲဒီအဖွဲ့ က ရှိချင်မှ ရှိနေပေလိမ့်မယ် ။ ဒါပေမဲ့  ပြည်တွင်းငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ရေးအဖွဲ့ ကတော့ နောက်တက်လာတဲ့ အစိုးရရဲ့  ဖွဲ့ စည်းမှုအောက်ကနေပြီး လူပြောင်း မူပြောင်း သွားကြမှာဆိုတာကိုတော့ ယုံကြည်ပြီးသားဖြစ်တယ် ။ သို့ အတူဘဲ လက်ရှိသမ္မတအကြံပေးများအဖွဲ့ ဟာလဲ ဒီကနေ့ သမ္မတဦးသိန်းစိန်ကို အကြံပေးပုဂ္ဂိုလ်များအဖြစ် ဆောင်ရွက်နေကြသော်လဲ -၂၀၁၅-ခုနှစ် သမ္မတ တစ်ယောက်ပြောင်းလဲလာခဲ့ ရင် အကြံ့ပေးပုဂ္ဂိုလ်တွေကပါ ပြောင်းလဲကုန်ကြမှာဖြစ်တယ် ။ ၀န်ကြီး ဦးအောင်မင်းက ကျွန်တော်တို့  ၀န်ကြီးတွေလဲ နောက်အစိုးရ တက်လာတဲ့ အခါ ပြောင်းလဲသွားမှာပါဘဲလို့  နယူးယောက်မြို့ မှာ ပြောသွားသေးတယ် ။

မပြောင်းလဲတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး မရရှိလို့  ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရအုံးမှာဘဲ ဆိုတာဘဲဖြစ်တယ် ။ ဒီကနေ့  ကျွန်တော်တို့ လိုချင်နေတာဟာ စစ်မှန်တဲ့  ဒီမိုကရေစီအနှစ်သာရကို ဖြစ်တယ် ။ သမ္မတအုပ်ချုပ်ရေးစနစ်ကို လိုလားသူများဖြစ်တယ် ။ ဒါပေမဲ့  စစ်မှန်တဲ့  ပြည်သူတွေရဲ့  ထောက်ခံတဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံနဲ့  အညီ အုပ်ချုပ်ရေးယန္တယားနဲ့  ဖြစ်နေတဲ့  စနစ်ကို လိုလားသူများဖြစ်တယ် ။ ဒါပေမဲ့  လက်ရှိမြန်မာနိုင်ငံရဲ့  စနစ်က စစ်တပ်အုပ်ချုပ်ရေးမဟာ ဗျူရိုက ရှိနေပြီးသားဖြစ်တယ် ။ ဒီတော့ မြန်မာနိုင်ငံတော်ဟာ ခုချိန်ထိ လွပ်လွပ်သော ဒီမိုကရေစီအနှစ်သာရနဲ့  ပြည့်စုံတဲ့  နိုင်ငံတော်ဖြစ်စေဖို့  အလှမ်းဝေးနေသေးတယ်ဆိုတာ ယုံကြည်တယ် ။

၂၀၀၈- နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံဟာ တကယ်တော့ စစ်တပ်နောက်ခံအားပြုထားတဲ့  ဥပဒေဖြစ်တယ် ဆိုတာ လူတိုင်းသိတယ် ။ UNFC-လို့  ခေါ်တဲ့  ပြည်ပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက ဒီ-၂၀၀၈-ခုနှစ် ဖွဲ့ စည်အုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲမယ် လို့  ကြေညာထားပြီးသားဖြစ်တယ် ။ နောက်တက်လာတဲ့  အစိုးရကလဲဘဲ -၂၀၁၅-ခုနှစ်မှာ ဒီ-၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံကို ပြင်ဆင်ပြီး အုပ်ချုပ်ရေးန္တယားကို ဆက်လက် အကောင်းအထည် ဖေါ်ဆောင်နေရင်တောင် လက်မခံဘဲ နေကြမှာဖြစ်တယ် ။

ဒီလိုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ -UNFC-ရဲ့  မူဝါဒနဲ့  မကိုက်ညီတဲ့ အတွက် နောက်တက်လာမဲ့ အစိုးရကို ဖွဲ့ စည်းပုံနဲ့  ပါတ်သက်လို့  အသစ်ပြန်လည်ရေးဆွဲမှ အပစ်အခပ် ရပ်စဲရေးစာချုပ်နဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖြစ်မယ်လို့ ဆိုလာရင် မြန်မာနိုင်ငံဟာ ပြည်တွင်းရေးငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့ မှ ဆောင်ရွက်လာနိုင်မှာ မဟုတ်တော့ဘူးလို့  ထင်မြင်တယ် ။ မပြီးသေးတဲ့  မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးဟာ ဖွဲ့ စည်းပုံပြင်ဆင်ရေးကြောင့်ဖြစ်တယ် ။ ဒီပြည်တွင်းစစ်ကြီး ငြိမ်းချမ်းဖို့  ဖွဲ့ စည်းပုံအသစ်တစ်ခုကို ရေးဆွဲရမှာသာ ဖြစ်တယ် ။

ဒေါ်အောင်ဆန်းစုကြည်ကိုမှ မဟုတ်ဘဲ ဘယ်သူဖြစ်ဖြစ် သမ္မတဖြစ်စေ နိုင်သော အချက်များအနေနဲ့  -၅၉-စ-ဥပဒေကို ပြင်ဆင်မယ် ဆိုရင်လဲ -UNFC-ဟာ လက်မခံဘဲ ပယ်ချနေမယ် ဆိုတာ သူတို့ ရဲ့  မူဝါဒကို တိကျစွာ ကြေညာထားပြီးသား ဖြစ်တယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ -UNFC-က ဒီဖွဲ့ စည်းပုံကို မျက်နာဖုံးကနေ ပြင်ဆင်အသစ်ရေးရမယ်လို့  ပြတ်ပြတ်သားသား ကြေညာထားလို့ ဘဲဖြစ်တယ် ။ ဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အလှမ်းကွာဝေးနေမယ် ဆိုတာ ပြောလို့ ရတယ် ။

ဒီလိုမျိုးပြသနာတွေကို သမ္မတအကြံပေးတွေက သမ္မတကို ပေးကြဖို့ လိုတယ် ။ မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့  အကြံညဏ်ကို ပေးမှ သမ္မတက ဆောင်ရွက်နိုင်မှာဖြစ်တယ် ။ ပြည်သူများကို စိတ်ပျက်စေမဲ့  အပြောအဆိုများနဲ့  အကြံ့ပေးစကားပြောနေကြမယ် ဆိုရင် သိက္ခကျ ဝေဖန်ခံနေရအုံးမှာဖြစ်တယ် ။ ကျွန်တော်တို့  မမြင်ချင်အဆုံးဖြစ်နေတဲ့  သမ္မတအကြံပေးတွေရဲ့  စကားတွေ-လက္ခဏာတွေဟာ ခုတော့ ပြည်သူ့ ချဉ်ဘတ်ဘ၀ကို မီဒီယာ ကွန်ယက်တွေမှာ တွေ့ မြင်လာရတယ် ။

ကျွန်တော်တို့ က ခုလိုအကြံပေးတင်ပြနေတာတွေဟာ မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးနဲ့  အဓွန့် ရှည် သာသနာတော်တည်တန့် ရေးကို ဖြစ်စေချင်လို့ ဘဲဖြစ်တယ် ။ ကောင်းမွန်တဲ့  အစိုးရဖြစ်ချင်ရင် ကောင်းမွန်သော အကြံပေးခြင်းများကို လက်ခံယူရမှာဖြစ်တယ် ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ ဘယ်သူမဆို အောက်ဆွဲ နည်းလမ်းများကို အသုံးမပြုဖို့ လိုတယ် ။ အထူးသဖြင့် အတိုက်အခံများဆီက သဘာထားများဟာ ဘယ်လောက်အထိ လက်ရှိအစိုးအပေါ် အကောင်းမြင် အကျိုးသက်ရောက်မှု ရှိနေသလဲ ဆိုတဲ့  ပေတံနဲ့  တိုင်းတာကြည့်ဖို့ လိုတယ် ။ ကျွန်တော်တို့ ဟာ လွှတ်တော်ထဲကို ရောက်နေတဲ့  -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျမ်းသစ္စာကျိန်ဆိုနေတဲ့  သူမဟုတ်ဘူးလို့  ပြောချင်သလို ယုံလဲ မယုံကြည်တဲ့  လူတွေဖြစ်တယ် ။

ဒီလိုဖြစ်နေတဲ့ သူများဆီက အကြံကောင်းညဏ်ကောင်းများ ပေးနေတာကို လက်မခံဘဲနေကြအုံးမယ် ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်သွားမဲ့  စကားလုံးများနဲ့  အောက်ဆွဲနည်းလမ်းများကို အသုံးပြုနေမယ် ဆိုရင် သံသယဆိုတာ အမြဲတမ်းရှိနေကြမှာဖြစ်တယ် ။ မြန်မာနိုင်ငံအစိုးရမှာ ခုချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ -UNFC-ဟာ အတိုက်အခံဖြစ်နေသလို နိုင်ငံရေးသမားတွေကလဲဘဲ -UNFC- ကို ထောက်ခံထားသူများဖြစ်တယ် ။ ကျွန်တော်တို့ ဟာ ဘာကောင်လဲ ဆိုတာထက် မိမိတို့ ကိုယ်ကို မိမိတို့  ဘာကောင်လဲ ဆိုတာကို သိထားကြဖို့ ဘဲ အရေးကြီးတယ် ။

ဒါ့ကြောင့်မို့ လို့ အဲဒီမြန်မာနိုင်ငံရဲ့  အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးဆိုတာတွေရဲ့  အောက်ဆွဲနည်းလမ်းကို သုံးနေကြရင် သိပ်ပြီးတော့ အလှမ်းကွာဝေးနေမှာဖြစ်တယ်လို့  အဲဒီပုဂ္ဂိုလ်တွေကို တိတိကျကျ ပြောလိုက်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )