Tuesday, February 18, 2014

ပါးရိုက်မဲ့သူနဲ့  လူသတ်မဲ့သူနဲ့  မြန်မာ့နိုင်ငံရေးစည်ကားနေတယ်

ခြေဥပြင်ဖို့“ဗိုလ်စိန်မှန်ကွင်း” ကို အသုံးပြုခွင့် မပေးခဲ့ရင် ( ဦးဝင်းချို)



U Win Cho

“(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်လိုသော
သာမန်ပြည်သူများ၏ဆန္ဒ၊သဘောထား များအား ဟောပြော၊ဆွေးနွေးခြင်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆိုတဲ့ ခေါင်းစဉ် နဲ့၂၃-၂-၂၀၁၄ ရက်နေ့ မနက်၁၀း၀၀ နာရီမှ နေ့လယ် ၁၄း၀၀ ထိ ဗဟန်းမြို့နယ်
ဗိုလ် စိန်မှန်ကွင်း မှာ ပြုလုပ်လိုကြောင်း လိုအပ်တဲ့ စာရွက်စာတမ်းများဖြည့်စွက်ပြီး
ဗဟန်းမြို့နယ် ရဲ စခန်းမှူး ထံ အကြောင်းကြား ၊တင်ပြပြီးခဲ့ပါပြီ။

“ဗိုလ် စိန်မှန်ကွင်း” အသုံးပြုခွင့်ရဘို့ ရန်ကုန်တိုင်း အား/ကာ မှာ “ခွင့်ပြုချက်”
ယူရမယ်လို့ ညွန်ပြတဲ့ အတွက် ဗဟန်းရဲစခန်းကနေ ရန်ကုန်တိုင်း အား/ကာ ရုံး။
ဗဟန်းမြို့နယ် ဦးစီးမှူးရုံး ဖြစ်လိမ့်မယ် လို့ ထပ်ညွှန်တော့ “ဗဟန်း စည် ပင်ရုံး”။ အဲဒီက မဟုတ်ပါဘူး တဲ့။ “ပန်းဥယျာဉ်ဌာန” ဆိုတော့ ကန်တော်မင် ပန်းခြံထဲ၊အဲဒီ ရောက်ပြန်တော့ “တိုင်းဒေသကြီး အစိုးရ အဖွဲ့”ရဲ့ ခွင့်ပြုချက် ကိုပြပြီးမှ လျှောက်ရမှာ လို့ ဆိုပြန်ပါတယ်။

အဲဒီတော့ “တိုင်းဒေသကြီး အစိုးရ အဖွဲ့”က ခွင့်ပြုချက် ပေးခဲ့ရင် “ဗိုလ်စိန်မှန်ကွင်း” ကို အသုံးပြုခွင့် ထပ်လျှောက်ရမယ်။“ခွင့်ပြုချက်” မပေးခဲ့ရင်တော့ လျှောက်ရင်လည်းမပေးတော့ဘူး ဆိုတဲ့ သဘော။ အရင့် အရင်က ဒီကွင်းကိုဘဲ NLD ပါတီရဲ့ စည်းဝေးပွဲ တစ်ခု အတွက် အသုံးပြုခွင့်ပေးခဲ့ပြီးပြီ။
နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက အချို့သော ပုဒ်မ တွေကို ပြင်ဆင်လိုခြင်း မရှိတဲ့ နိုင်ငံသားများကလည်း နောက်ထပ် “ဟောပြောပွဲ” တစ်ပွဲ ကျင်းပခဲ့ပြီးပြီ။

သို့သော်လည်း လေးစားစွာ တင်ပြ၊အကြောင်းကြားခဲ့ပေမဲ
့ (ကျနော့်  ကိုမှ )အကြောင်းအမျိုးမျိုး ကြောင့် “ခွင့်ပြုချက်” မပေးနိုင်ဘူး လို့ အကြောင်းပြန်ခဲ့ရင်လည်း.............................။

တည်ဆဲ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ကခွင့်ပြုထားပြီး ဖြစ်တဲ့ “နိုင်ငံသား အခွင့်အရေး” ကို မည်သူတစ်ဦး တစ်ယောက် ၊တစုတဖွဲ့ က(သမ္မတကြီးဖြစ်ပါစေ) ခွင့်မပြုတဲ့ အတွက် လုပ်ဆောင်ခွင့်မရဘူး ဆိုရင် (အဲဒီပုဂ္ဂိုလ်၊အဖွဲ့အစည်းဟာ) ပြည်သူ၉၂.၄၈% က ထောက်ခံ အတည်ပြုထားတဲ့၊လက်ရှိမပြင်ဆင်ရသေးတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ဖေါက်ဖျက်ခြင်းသာဖြစ်တဲ့ အတွက် “ဥပဒေ ကိုလေးစားလိုက်နာတဲ့ ” ကျနော်ကတော့ ဆက်လက် လုပ်ဆောင်မှာဖြစ်ပါတယ်။

သို့ အတွက်.................
မိတ်ဆွေများခင်ဗျား။ ။
၂၃-၂-၂၀၁၄ ရက်နေ့ နံက်၁၀း၀၀မှ ၁၄း၀၀ အထိ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းမှာပြုလုပ်ကျင်းပမယ့် “(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်လိုသော
သာမန်ပြည်သူများ၏ဆန္ဒ၊သဘောထား များအား ဟောပြော၊ဆွေးနွေးခြင်း” အခမ်းအနားကို တက်ရောက်နိုင်ပါမည့် အကြောင်း ဦးဝင်းချို နှင့်တကွ မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်နေသူများမှ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျား။

မြောက်ကိုရီးယား အာဏာရှင်၏အမှတ်တရမွေးနေ့ပွဲလမ်းတခြမ်းခင်းမှ ကမကထပြုကျင်းပမည်

( ယနေ့ထုတ် အဓိပတိသတင်းဂျာနယ် )

၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်



 မောင်တာ
7day Daily

February 18, 2014 at 8:50am

““ကျောက်စိမ်းတုံးကြီးတွေ့ပြီးတဲ့နောက်ပိုင်း ဝေခါဘက်ကို တစ်နိုင်တစ်ပိုင်သမားတွေ အ၀င်မခံတော့ဘး။ မမုံတို့၊ ဆိပ်မူတို့ဘက်မှာလည်း တစ်နိုင်တစ်ပိုင်သမားတွေကို ဒေသခံရဲနဲ့ တပ်မတော်သားတွေ ပေါင်းထားတဲ့အဖွဲ့က ဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်”” ဟု ဖားကန့်မြို့နယ် ဆိပ်မူတွင်နေထိုင်သည့် ရွှေဘိုဒေသမှ လာရောက်ကာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။


ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း တစ်ခုတွင် ကျောက်တူးဖော်သော လုပ်သားအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို ၂၀၁၃ ဇူလိုင်လက တွေ့ရစဉ် ဓာတ်ပုံ - စိုးဇေယျာထွန်း/ ရိုက်တာ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က ၃၇ တန်ရှိသည့် ကျောက်စိမ်းတုံးကြီး တွေ့ရှိပြီးနောက် ဝေခါမှော် အပါအ၀င် ဖားကန့်ဒေသရှိ ကျောက်မျက်မှော်အချို့တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများအား ကျောက်တူးခြင်းမပြုရန် ဒေသအာဏာပိုင်များနှင့် တပ်မတော်မှ တားဆီးကန့်သတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဝေခါမှော်နှင့် အနီးဝန်းကျင်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သည့် မှော်များတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ လုံခြုံရေးအပြည့်ချထားပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများအား ကျောက်မျက်တူးဖော်ရှာဖွေခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အခြားမှော်များဖြစ်သည့် ဆိုင်းတောင်၊ ဆိပ်မူ၊ မမုံ၊ မှော်ဆီဇာ စသည့် ကျောက်မျက်လုပ်ကွက်များတွင်လည်း တစ်နိုင်တစ်ပိုင် ကျောက်တူးသူများနှင့် ရေမဆေးကျောက်ရှာသူများအား တားဆီးကန့်သတ်မှုများရှိပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးပြီး မိုးကောင်းမြို့သို့ ပြန်ပို့ခြင်းများ ပြုလုပ်နေကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်မျက်တူးဖော်နေသူများက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများနှင့် လွတ်ကင်းသည့်နေရာမှ ၃၇ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးကို တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေတူးဖော်သူများက တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် ကျောက်စိမ်းတုံးကို ဒေသခံရဲတပ်ဖွဲ့နှင့် ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““ကျောက်စိမ်းတုံးကြီးတွေ့ပြီးတဲ့နောက်ပိုင်း ဝေခါဘက်ကို တစ်နိုင်တစ်ပိုင်သမားတွေ အ၀င်မခံတော့ဘး။ မမုံတို့၊ ဆိပ်မူတို့ဘက်မှာလည်း တစ်နိုင်တစ်ပိုင်သမားတွေကို ဒေသခံရဲနဲ့ တပ်မတော်သားတွေ ပေါင်းထားတဲ့အဖွဲ့က ဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်”” ဟု ဖားကန့်မြို့နယ် ဆိပ်မူတွင်နေထိုင်သည့် ရွှေဘိုဒေသမှ လာရောက်ကာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများမှာ ကျီးလန့်စာစားဖြစ်နေရပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခံရခြင်း၊ ဖမ်းဆီးပြီး ကားပေါ်တင်ကာ မိုးကောင်းမြို့ သို့ အပို့ခံရခြင်းများ ကြုံတွေ့နေရသည်ဟု ဖားကန့်ဒေသတွင် နေထိုင်သူများက ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များနှင့် ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရန် သတ္တုတွင်းဝန်ကြီးဌာနက တားမြစ်ထားသည်။ လက်ရှိအချိန်တွင်ပင် ဖားကန့်ဒေသ၌ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်နေထိုင်ပြီး ကျောက်ရှာဖွေသူ တစ်သိန်းခန့်ရှိသည်ဟု ဖားကန့်မြို့ခံများက ပြောသည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါ အခြေခံလူတန်းစား တစ်နိုင်တစ်ပိုင်များကို ဒေသခံရဲတပ် ဖွဲ့နှင့် တပ်မတော်သားများက ပူးပေါင်းဖမ်းဆီးသဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းချီပေးကာ ပြန်လည်ရွေးယူရခြင်း၊  မိုးကောင်းဘူတာရုံသို့ ပြန်လည်ပို့ဆောင်ခံရခြင်း စသည်များကြောင့် တစ်နိုင်တစ်ပိုင်သမားများ အလွန်ဒုက္ခတွေ့နေသည်ဟု ဖားကန့်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

လာမယ့်(၂၀၁၅) မှာ(၈၈) ကဘယ်သူတွေလွှတ်တော်တွင်း ထိုင်ခုံနေရာယူကြမလဲ



စောဖိုးခွား
(လျှပ်တစ်ပြက်သတင်းဂျာနယ်အတွဲ (၄) အမှတ်(၇၀) )
***************************************

(၈၈)မျိုးဆက်ကျောင်းသားများစုစည်းထားသည့် (၈၈)မျိုးဆက်ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၌ လာမည့် (၂၀၁၅)ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း ၀င်ရောက်မည့်သူများရှိကြောင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကထုတ်ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ(၃၁)ရက်က (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်း၌ကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အခြေခံအစိုးရ များ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီရင်ခံစာ (၂၀၁၃-၂၀၁၄)ရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို သတင်းသမားများ၏ရှေ့မှောက် တွင် တရားဝင်ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းမတိုင်မီက မေးမြန်းခဲ့ သော်လည်း ပြောကြားခဲ့ခြင်းမရှိဘဲ ယခုအခါမှ ပထမဆုံးအဖြစ် ဖွင့်ဟပြော ဆိုလိုက်ခြင်းဖြစ်သည်။ ''(၈၈) ဘာလဲ၊ ဘယ်လဲ''ဟုမေးခွန်းထုတ်နေမှုများ ကို လမ်းစပြလိုက်ခြင်းပင်ဖြစ်သည်။

(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းထဲ၌ (၂၀၁၅) ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်းဝင်ရောက်မည့်သူ များရှိကြောင်းထုတ်ပြောသော်လည်း မည်သူဖြစ်ကြောင်းနှင့် မည်သို့မည်ပုံ ၀င်ရောက်မည်ဖြစ်ကြောင်းကို ထပ်မံလျှို့ဝှက်ထားဆဲဖြစ်သည်။

ဦးကိုကိုကြီးက ''(၈၈)ထဲကနေ လွှတ်တော်နိုင်ငံရေးထဲဝင်မယ့်သူတွေ ထွက်ပေါ်လာမှာပါ။ ဘယ်အချိန် ဘယ်လိုဝင်မယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့တရားဝင်အသိ ပေးပါမယ်''ဟုပြောသည်။

(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပါတီအဖြစ် ရပ်တည်မည်လားဟူ၍လည်း မေးခွန်းထုတ်စရာပင်။ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ''(၈၈)အနေနနဲ့တော့ တစ်အုပ်စုလုံးတွဲပြီး နိုင်ငံ ရေးပါတီထောင်မယ်ဆိုတာမရှိဘူး၊ မလုပ်ဘူး။ အဲ့ဒါသေချာတယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်က ကိုယ့်ဟာကိုယ်ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ထောင်ပြီးသားပါတီထဲဝင်ပြီးတော့ ရွေးကောက်ပွဲဝင်တာ လည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်ကတော့ အရပ်ဖက်လူ့ အဖွဲ့အစည်းအနေနဲ့ပဲနေခဲ့မှာဖြစ်တယ်''ဟု (၂၀၁၃)ခုနှစ်အတွင်းက လျှပ်တစ်ပြက်ကို ပြောထားခဲ့သည်။

ကိုမြအေးက မိမိအနေဖြင့် လာမည့်(၂၀၁၅)ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန်ဆန္ဒမရှိသေးကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်၏တာဝန်သည် ကြီးမားကြောင်းပြောဆိုထား သည်။

(၈၈)မျိုးဆက်ကျောင်းသားများပါဝင်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေး တော်ပုံ ငွေရတုပြည့်အခမ်းအနားကြီးကိုလည်း (၂၀၁၃)ခုနှစ်အတွင်းက ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ငွေရတုပြည့်အခမ်းအနားကြီး သို့ အတိုက်အခံများအပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ခဲ့သည် ကလည်း (၈၈)မျိုးဆက်ကျောင်းသားများ၏အရွေ့ပင်ဖြစ်ခဲ့သည်ဟု သုံးသပ် ကြသည်။

အခမ်းအနားကြီးတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''ပြည်သူကိုယ်စားပြုတဲ့ ပြည်သူ့ဘက်တော်သားအားလုံးဟာ လူသတ် လက်နက်နဲ့ ခြိမ်းခြောက်လို့မရပါဘူး။ နှစ်ရှည်လများ မကြားဝံ့မနာသာ ထောင်ဒဏ်ကြီးတွေနဲ့လည်း ခြိမ်းခြောက်လို့မရပါဘူး။ ဒါဆိုရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းပီပီ စေ့စပ်ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာတဲ့နည်းပဲရှိပါတယ်။ အခု ကျွန်တော်တို့ အဲဒီနည်းကို စပြီးကျင့်သုံးနေပါပြီ။ ကျင့်သုံးနေကြ မဟုတ်တဲ့အခါမှာ အခက်အခဲတွေ၊ ကျင့်သားမရတာတွေလည်း တွေ့ရပါ တယ်။ စိတ်ရှည်သည်းခံစွာနဲ့ ဖြတ်သန်းရမှာပါ။ ပြည်သူ့ဆန္ဒနဲ့အညီ ကိုယ်စားလှယ်အသီးသီးက အားလုံးပါဝင်နိုင်တဲ့ဖြေရှင်းမှုမျိုးဖြစ်အောင် ကျွန်တော်တို့အားလုံးကြိုးစားနေပါတယ်''ဟု အဖွင့်မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားသည်။

ဦးမင်းကိုနိုင်ကလည်း လက်ရှိတွင် မြန်မာနိုင်ငံအနှံ့အပြား သို့ စာပေဟော ပြောပွဲများသာ လိုက်လံဟောပြောနေပြီး ရွေးကောက်ပွဲ ၀င်ရောက်အရွေးချယ်ခံရန် အစီအစဉ်ရှိ၊မရှိကိုမူ ယနေ့ထိ ထုတ်ပြောခြင်း မရှိသေးပေ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မတူညီမှုများ ကို ညှိယူသင့်ကြောင်း ရှစ်လေးလုံးငွေရတုအရေးတော်ပုံအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တိုက်တွန်းခဲ့သည်။ ''ကျွန်မတို့ဟာမတူညီတဲ့စိတ်ဓာတ် တွေ၊ မတူညီတဲ့အတွေးတွေကို ညှိနိုင်ရမယ်။ ညှိနိုင်တဲ့စွမ်းရည် ကျွန်မတို့မှာ ရှိဖို့လိုတယ်။ အားလုံးအတူတူဖြစ်သွားဖို့မလိုပါဘူး။ မတူတာတွေကိုမြှင့်ပြီး တော့ အပေးအယူလုပ်ပြီးတော့ ကျွန်မတို့နိုင်ငံကို အေးအေးချမ်းချမ်းနဲ့ အနာဂတ်ကိုခေါ်သွားနိုင်ဖို့ပါပဲ''ဟုပြောကြားထားခဲ့သည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် ရှစ်လေးလုံးအရေးတော် ပုံငွေရတုအခမ်းအနားအပြီး (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလအတွင်းက နိုင်ငံ တော်သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘောတူညီမှုများရခဲ့သည်။

သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် သဘောတူညီချက်ရရှိခဲ့မှုကို (၈၈) ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ''အမျိုးသားပြန်လည်သင့်မြတ်မှုလုပ်ငန်း စဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းပါမယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပါမယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ် သက်လို့ဖြစ်စဉ်မှာတော့ သက်ဆိုင်သူတွေအားလုံး၊ အကုန်လုံးပါဝင်ဖို့ တစ်ခုခု လုပ်ဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကြီးတစ်ခုကိုလုပ်ဖို့ဆိုတာကို လည်း သဘောတူခဲ့တယ်။ ကျွန်တော်တို့ကလည်း သဘောတူခဲ့တယ်။ နောက်တစ်ချက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံရေးယဉ် ကျေးမှုအသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးတဲ့အလေ့အကျင့်ကို အခိုင်အမာစိုက် ထူမယ်။ အရင်က ဒီလိုမရှိခဲ့ဘူး။ ဒီမိုကရေစီမှာတော့ နိုင်ငံရေးယဉ်ကျေးမှု သစ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားဖို့လိုတယ်။ မတူတာတွေရှိမယ်။ တူတာ တွေရှိမယ်။ မတူတာတွေကိုလည်း ညှိနှိုင်းအဖြေရှာပြီး ဆက်သွားမယ်။ အဲဒီကာလမှာ တူတာတွေကိုတွဲပြီးလုပ်သွားမယ်။ အဲဒီနိုင်ငံရေးနည်းဗျူဟာ အသစ် ခိုင်ခိုင်မာမာတည်ဆောက်နိုင်တယ်''ဟု သမ္မတကြီးနှင့်တွေ့ဆုံမှုအပြီး လျှပ်တစ်ပြက်နှင့်အင်တာဗျူးတွင်ပြောထားသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက ''(၂၀၁၅)ရွေးကောက် ပွဲမှာစဉ်းစားဖို့နှစ်ခုရှိတယ်။ အထူးသဖြင့် အရပ်ဖက်အဖွဲ့အစည်းတွေလုပ်ရမယ့် တာဝန်နှစ်ရပ်ရှိတယ်။ နံပါတ်တစ်က ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကို တကယ်တမ်းလုပ်ဆောင်နိုင်စွမ်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ လူထုက ရွေးချယ်တင်မြှောက်နိုင်တဲ့အခြေအနေရှိတယ်။ နောက်တစ်ချက်က အဲဒီလိုတင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်ရမယ်။ နည်းအမျိုးမျိုးနဲ့ကန်ပစ်လိုက်တာတို့၊ အရောက်မခံတာတို့ မဖြစ်အောင်လုပ်ရမယ်။ အဲဒီလိုဖြစ်ဖို့ ပြည်သူလူထုကို သတင်းတွေမျှဝေ ရမယ်။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သင့်ပါတယ်၊ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးဟာ ပြည်သူတွေရဲ့မျက်စိနဲ့၊ ရင်ဘတ် နဲ့၊ ပြည်သူတွေရဲ့ဦးနှောက်နဲ့ အာရုံတစ်မျှဖြစ်ပါတယ်လို့ စဉ်းစားတတ်အောင်၊ ခံစားတတ်အောင်၊ သိမြင်လာအောင်လို့ ပွင့်လင်းလူ့အဖွဲ့အစည်းက လုပ်ဆောင်ရမယ်''ဟုပြောသည်။

ကိုဂျင်မီက သူ့အနေဖြင့် လာမည့်(၂၀၁၅) ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးချယ်ခံမည်မဟုတ်ကြောင်းပြောသည်။

(၈၈)မျိုးဆက်ကျောင်းသားများရွေးကောက်ပွဲဝင်မည်ဆိုခြင်းနှင့်ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ''မှန်းကြည့်ရရင်တော့ တစ်ဦးချင်း ပုဂ္ဂလိကသဘောနဲ့ဝင်ချင် လည်းဝင်မယ်။ ပါတီထောင်ပြီးတော့ ပါတီအနေနဲ့ ၀င်ချင်လည်းဝင်မယ်။ တစ်ချို့ကလည်း NLDထဲဝင်လာပြီးတော့မှ ရွေးကောက်ပွဲဝင်ချင်လည်း ၀င်မှာပေါ့။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့က နိုင်ငံရေးအရည်အချင်းအများကြီး ရှိတဲ့သူတွေပဲ။ ပြည်သူလူထု အထိုက်အလျောက်လေးစားတဲ့သူတွေဆိုတော့ ရွေးကောက်ပွဲဝင်ရင် ပြည်သူလူထုက မဲထောက်ခံမှုရပြီးတော့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ အလားအလာကောင်းတဲ့သူတွေလို့ပြောနိုင်တယ်''ဟု မှတ်ချက်ပြုပြောသည်။

(၈၈)မျိုးဆက်ကျောင်းသူခေါင်းဆောင်တစ်ဦးဖြစ်သည့် မနီလာသိန်း က ''တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာ၊ လူတွေရဲ့တွေ့ကြုံ ခံစားမှုအကုန်လုံးကို လွှတ်တော်ထဲမှာ အသံရောက်အောင်လုပ်ပေးတယ်။ အဲဒီအတွက် အခြားသော အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးကနေပြီးတော့ စစ်မှန်တဲ့အသံတွေ၊ ဒုက္ခတွေကို ဖော်ထုတ်နိုင်မယ့်အသံတွေလိုတယ်။ အဲဒီ အသံတွေကို လွှတ်တော်ထဲတင်ပြခြင်းအားဖြင့် ပိုပြီးတော့ ထိရောက်လွယ်ကူ လိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့် လွှတ်တော်ထဲကိုပဲ အားလုံးချည်းရောက် နေတာထက် လွှတ်တော်အတွင်းရော၊ အပြင်မှာရော ဟန်ချက်ညီညီသွားနိုင် တယ်ဆိုတာက ပိုပြီးအားကောင်းမယ်။ လွှတ်တော်ထဲမှာ အားလုံးရောက်နေ မယ်ဆိုရင် လွှတ်တော်ပြင်ပမှာ လုပ်ဖို့ကိုင်ဖို့ အင်အားနည်းသွားတယ်ဆိုရင် မကောင်းဘူး''ဟု လွှတ်တော်တွင်းနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးကိုသုံးသပ် ပြောဆိုသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၄) ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ယင်းကဲ့သို့ တွေ့ ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ယခုအချိန်ကာလသည် အသွင်းကူးပြောင်းရေး ကာလအတွက် အရေးကြီးတဲ့အချိန်ကာလဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ကထက် နီးကပ်စွာ ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ထုတ် ပြန်ကြေညာခဲ့သည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူးပေါင်းသင့်သည်ဟု ယူဆကြောင်းမှတ်ချက်ပြုသည်။ ''(၈၈)တွေက သူတို့ရဲ့စွမ်းအားတွေ၊ သူတို့ရဲ့ ခေါင်းဆောင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ လမ်းကြောင်းမှန်မှန် အင်အား တွေနဲ့ချီတက်ဖို့လိုတယ်။ အင်အားတွေနဲ့ချည်တွဲတဲ့နေရာမှာ NLD နဲ့ချည်တွဲ နိုင်ရင်တော့ အကောင်းဆုံးလို့ယူဆတယ်။ ပူးကပ်တဲ့အနေအထားက တစ်ဆင့် မြင့်ပြီးတော့ ချည်တွဲတဲ့အနေအထားမျိုး၊ ပူးပေါင်းတဲ့အနေအထားမျိုး၊ လက်တွဲ တဲ့အနေအထားမျိုး၊ ၀န်းရံတဲ့အနေအထားမျိုးဆို အကောင်းဆုံးပဲလို့ထင် တယ်''ဟုပြောသည်။

(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အတွင်း၌ အဖွဲ့ခွဲပေါင်း(၆၀)ကျော်ရှိနေပြီဖြစ်သော်လည်း တရားဝင်အဖွဲ့အစည်း အဖြစ်မှတ်ပုံတင်ထားခြင်းမရှိသေးပေ။

စစ်အစိုးရလက်ထက်တွင် တရားမ၀င် အဖွဲ့အစည်းဖွဲ့စည်းခြင်းကြောင်း (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ သည် ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ကြရသည်။

(၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏နိုင်ငံရေးကို (၁၉၈၈)ခုနှစ် ကတည်းက စတင်၍ အစဉ်တစိုက် လေ့လာသုံးသပ်နေသူတစ်ဦးဖြစ်သည့် Larry Jagan က (၈၈)မျိုးဆက်ကျောင်းသားများတွင် နိုင်ငံတော်ကိုအုပ်ချုပ် ရန်အတွက် အရည်အချင်းရှိသူ အများအပြားမတွေ့သေးကြောင်း သုံးသပ် ထားသည်ကို The Messenger ဂျာနယ်၊ အတွဲ(၄)၊ အမှတ်(၁၃)တွင် လေ့လာ ဖတ်ရှုဖူးသည်။

လာမည့် ''(၂၀၁၅)မှာ (၈၈)က ဘယ်သူတွေ လွှတ်တော်တွင်း ထိုင်ခုံနေရာယူကြမလဲ''ဟု နိုင်ငံရေးအသိုင်းအ၀ိုးက စောင့်ကြည့်ပြီး မေးခွန်း ထုတ်နေကြသည်။

ဒီနေ့ကာတွန်း

ဝန်ကြီး အုန်းမြင့်အား အမြစ်ချွတ်ဖို့ ခက်ခဲနေ၏





သတင်းအရင်းမြစ် နေပြည်တော် သတင်းမှန်ဖြစ်ပါသည်….

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ နိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲရန် တည်ဆောက်နေသော ကာလတွင် လက်ရှိ အစိုးရ၏ ဖေါင်းပွစွာခန့်အပ်ထားသော ၀န်ကြီးပေါင်း ၁၂၆ ယောက် တို့သည် နိုင်ငံတော်အား သံလက်သီးများဖြင့် အုပ်ချုပ် အကြမ်းဖက်ခဲ့သော စစ်ဗိုလ်ချုပ်များအားလုံးနီးပါးက အစိုးရတစ်ရပ်လုံး၏ ဖွဲ့စည်းပုံတွင် ပြန်လည်ပါဝင်ပတ်သက်ကာ အာဏာကို ပုံစံတမျိုးဖြင့် ဆက်လက်ကိုင်စွဲ ကျင့်သုံးနေသည်ကို အထင်ရှား မြင်နိုင်ပါသည်။
ယခု လောလောလတ်လတ်မှာပင် ဖြစ်ပေါ်လာသော ရေလုပ်ငန်းနှင့် မွေးမြူရေး ၀န်ကြီး ယခင် ဗိုလ်ချုပ်အုန်းမြင့် ယခု ၀န်ကြီး ဖြစ်နေလေသည်။ အကြောင်းမှာ အနာယူသွားသည်ဟု နိုင်ငံတကာမှ လက်ခံထားသော စစ်အာဏာရှင် ဗိုလ်မှူးကြီး သန်းရွှေ ယခု ဦးသန်းရွှေမှ ၄င်း အနားယူမှု မတိုင်ခင် ၂၀၀၉ ခုနှင့် ၂၀၁၀ ကာလ၀န်းကျင် တလျောက်လုံးတွင် ၄င်း၏ လက်မရွံ့ နောက်လိုက်များအား နေရာအလိုက် ဌာနအလိုက် စနစ်တကျ ပင့်ကူအိမ်ကဲ့သို့ အာဏာဆက်လက်ထိန်းချုပ်ထားရေးအား အစီမံများ ပြုလုပ်ကာ ၂၀၁၁ မေလ ၂၉ တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ၄င်းအပါအ၀င် အစီစဉ်ပြုလုပ်ထားသော စစ်ဗိုလ်ချုပ်များအား အရပ်ဝတ် လဲပြောင်းဝတ်စေ၍ အသေချာ နေရာချထားခဲ့ခြင်း အကြောင်းကြောင့် ပြုပြင်ပြောင်းလဲရေးဆိုသော စကားလုံးဖြင့် အတိုက်ခံနှင့် နိုင်ငံတကာအားမက်လုံးပေးကာ ပျာရည်နှင့် ၀မ်းချထားသော နိုင်ငံရေးအခင်းကျင်းတခုဖြစ်နေလေသည်။

နိုင်ငံတော် သမ္မတ ရုံးမှ ၀န်ကြီး ဦးအုန်းမြင့်အာ ပုဂ္ဂိုလ်ေ၇းအရ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ တယ်လီဖုန်းဖြင့် “ ဗိုလ်ချုပ် …ဗိုလ်ချုပ်သတင်းတွေ တက်နေတယ်၊ ကျနော်တို့အနေနဲ့ကတော့ အဲဒါတွေကို ပြန်ဖြေဖို့ မီဒီယာတွေကို တတ်နိုင်သလောက် ရှောက်ရှားနေပါတယ်” ဟု ပြောခဲ့လေသည်။ ၀န်ကြီးအုန်းမြင့်မှ “ဟေ့ ..ရဲထွဋ် .. ငါဘာကောင်လဲဆိုတာ မင်းသိသားပဲ..ငါ ဖြတ်သန်း တွေ့ကြုံနေတာနဲ့ ငါပြောတာလေ ဘာတွေများ ငါက မဟုတ်မဟ ပြောခဲ့လို့လဲ..” ဟု တဖက်မှ လေသံတင်းတင်းဖြင့်ပြန်ပြောလေ၏။ ထိုအခါ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်မှ “ဟုတ်ပါတယ် ဗိုလ်ချုပ်..ကျနော် ပြောတာက ဗိုလ်ချုပ်ကို ယိုစွတ်နေကြတာကို အချို့မီဒီယာတွေ ကျနော်တို့ဘက်လှည့်လာလို့ ရှောင်နေတဲ့သဘောကို ပြောပြတာပါ” ဟု ဆိုလေသည်။

စာဖတ်သူများ စဉ်းစားကြည့်နိုင်ပေမည်.. သမ္မတရုံးပြန်ကြားရေး လုပ်နေသူ ဒုဝန်ကြီး ဦးရဲထွဋ်မှာ တပ်မတော်တွင် ဗိုလ်မှုးအဆင့်မျှလောက်သာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီစဉ်အရ အရပ်ဝတ်လဲလာခဲ့ကြပြီး လက်ရှိ ၄င်းတို့၏ အတွင်းစည်းအတိုင်း ၀န်ကြီး ဦးအုန်းမြင့်အား ဗိုလ်ချုပ်ဟုပင် ဆက်လက်ခေါ်ဆိုနေရသောကြောင့် ကိုင်တွယ်ဖြေရှင်းရ ခက်နေပေသည်။

ထို့အပြင် ၀န်ကြီးအုန်းမြင့်သည် ၂၀၁၁ ခုနှစ်တွင်း ၄င်းအား မွေးမြူရေးနှင့် ရေလုပ်ငန်း တာဝန်ပေးပြီးချိန်မှစ၍ ၂၀၁၁ ခုနှစ် ကျေးလက်ဒေသ ရေရရှိနှင့် တနိုင်တပိုင်မွေးမြူရေး လုပ်ငန်းအတွက် နိုင်ငံတော်မှ ချပေးထားသော ပြည်သူ့ အခွန်ငွေများမှ သိန်းပေါင်း ၃၅၈၂ သိန်း၊ ၂၀၁၂ ခုနှစ်တွင် သိန်းပေါင်း ၄၁၄၈ သိန်း၊ ၂၀၁၃ ခုနှစ်တွင် သိန်းပေါင်း ၅၈၆၂ သိန်း တို့အား အသီးသီး အသုံးပြုပြီးသည့်အပြင် ယခု ၂၀၁၄ ခုနှစ်အတွင် ကျပ်သိန်းပေါင်း ၇၇၃၂ သိန်းအား ဆက်လက်အသုံးပြုရန်ရှိနေလေသည်။

ဝန်ကြီး ဦးအုန်းမြင့်မှ သိန်းပေါင်းများစွာ ပြည်သူ့ငွေများအား သုံးစွဲခဲ့ပြီးသော်ငြားလည်း လက်ညိုးထိုးပြလောက်အောင် ဖြစ်ပေါ်လာသော ပြည်သူများအတွက် ရေးတွင်းအနည်းငယ်နှင့် မဖြစ်စလောက် ဘဲခြံ ၊ ၀က်ခြံ နှင့် ငါးကန်ပေါင်း ၁၄ ကန်သာ မျှသာ ၇ှိခဲ့သည်။ ထိုကြောင့်ဝန်ကြီး ဦးအုန်းမြင့်အနေနှင့် မည်သည့်နေရာတွင် နိုင်ငံတော် မှ ပြည်သူ့ငွေများအား သုံးစွဲကြောင်း စာရေးသူ အရေးပေါ် စုံးစမ်းခဲ့လေသည်။

ဝန်ကြီးအုန်းမြင့်သည် လက်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ ဦးဥာဏ်ဝင်း(ပဲခူးတိုင်းဝန်ကြီးချုပ်)၊ ဦးသာအေး (စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်) တို့နှင့် တဖွဲ့တည်းဖြစ်ပြီး၊ ဦးအောင်သောင်း၊ ဦးဌေးဦး ၊ ဦးစိုးသိန်း တို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအိမ်သို့ လစဉ် သွားရောက် ဂါရ၀ ပြုလေတိုင်း ပါဝင်သူဖြစ်လေ၏။
၂၀၁၁ ဂျွန်လမှပင် ၀န်ကြီးဦးအုန်းမြင့်မှ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏ မိသားစုများ အဓမ္မသိမ်းယူထားသော လယ်ယာမြေပေါင်း ၉၆၉၀ဧက အား စိမ်းလန်းစိုးပြေရေးအတွက် နိုင်ငံတော် မှချပေးထားသော ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေလေသည်.။ ဗိုလ်ချုပ်မှူးကြီးဟောင်း မိသားစုသည် တနင်္သာရီတိုင်းအတွင်း ၄၈၄ ဧက၊ မွန်ပြည်နယ်တွင် ၇၅၂ ဧက ၊ ပဲခူးတိုင်းအတွင်း ၃၂၂ဧက ၊ မန္တလေးတိုင်းအတွင်း ၁၂၆၅ ဧက ၊ ရှမ်းပြည်နယ်တွင် ၁၅၅၀ဧက ၊ ကချင်ပြည်နယ်အတွင်း ၂၃၆၈ ဧက၊ ဧရာဝတီတိုင်းအတွင်း ၂၅၄၀ ဧကနှင့် ကချင်ပြည်နယ် ကရင်ပြည်နယ်တို့တွင် အတိကျမသိရသေးသော်လည်း ၄င်းမိသားစုပိုင်မြေဧက အမြောက်များရှိနိုင်သည်ဟု အတွင်းစကားကြားရလေသည်။

ဝန်ကြီး ဦးအုန်းမြင့်မှ အာဏာရှင်ကြီး ဦးသန်းရွှေ၏ မြေယာစိုပြေရေးအတွက် အဆိုပါ အာဏာရှင်၏မိသားစုပိုင်ဟု မတရားသတ်မှတ်ထားသော ရော်ဘာခြံ၊ သရက်ခြံ ၊ သီခိုခြံ ၊ ဇီးချိုသီးခြံ ၊ ဒညင်းသီးခြံများအပြင် အခြားသော တန်ဘိုးကြီး ပန်းဥယျာဉ်များရှိပြီး ၄င်းခြေနေရာမျာတွင် နိုင်ငံတော် ငွေဖြင့် ရေသန့် ရေတွင်းများ ငါးကန်များ မွေမြူရေးအဆင့်မြင့်ခြံများကို မျက်နှာလို မျက်နှာရဖြင့် တည်ဆောက်ပေးထားသည်မှာ ခန့်မှန်းခြေ သိန်း ၅၈၀၀ မှ သိန်းပေါင်း ၇၀၀၀ ကျော်ထိ ရှိနိုင်သည်ဟု သိရ၏။ သို့ကြောင့် ဦးသန်းရွှေ၏ မိသားစုမှ အထူးအလေးပေးခြင်းခံရသော ဥယျာဉ်မှူး ၀န်ကြီး တဦး ဖြစ်နေလေ၏။

ထိုကြောင့် ၀န်ကြီး ဦးအုန်းမြင့်သည် ၄င်း၏ အနောက်တွင် ၄င်းတို့၏ အခေါ်အရ ဘဘရွှေ ကြီး ရှိနေသည်ဟု မကြာခနပြောဆိုတတ်ပြီး ဘဘရွှေမိသားစုအတွက်သာ ပြည်သူ့ငွေများအား ဆက်လက်သုံးစွဲပြီး ပြည်သူများအတွက် သုံးစွဲနေကြောင်း အသံကောင်းဟစ်ထားခဲ့လေသည်။
ယခု ၄င်းဝန်ကြီး ဦးအုန်းမြင့်အား မိုက်ရိုင်းခက်ထက်စွာ အများပြည်သူများအား ဆက်ဆံပြောဆိုသော ၀န်ကြီးတဦးအား အရေးယူသည့် အနေဖြင့် နေရာရွှေပြောင်းရန် သို့မဟုတ် အနားပေးရန် အတော်ပင် အခက်တွေ့နေကြကြောင်း သမ္မတရုံးအတွင်းသတင်းမှ ရရှိပါသည်။ သို့ကြောင့် ပြုပြင်ပြောင်းလဲရေးသည် မည်မျှ စစ်မှန်သည်ကို နိုင်ငံတကာနှင့် လွှတ်တော်တွင်းသို့ရောက်၇ှိနေပြီဖြစ်သော ယနေ့နိုင်ငံရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်များ တိုင်းရင်းသားခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူးများနှင့် အများပြည်သူများအဖို့ ကြီးကြီးမားမား သံသယ ရှိနေကြပြီး မလွဲသာလို့ လိုက်ရသည် ဆိုသော စကားကဲ့သို့ပင် အောင်အီးမွန်းကြပ်စွာဖြင့် ဆက်ဆံနေကြကြောင်းပါ……….

စာဖတ်သူများကို ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

စာ ပေ ဟော ပြော ပွဲ များ အား ပိတ် ပင်မှု ၈၈ မျိုး ဆက်(ငြိမ်းပွင့်)၏ သ ဘော ထား ကြေ ညာ ချက်

တရုတ်နှင့် ထိုင်းနယ်စပ်များမှ မြန်မာကျပ်ငွေ ၅၀၀၀ တန်အတုများ သွတ်သွင်းနေ



တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။

တရုတ်နိုင်ငံဘက်သို့ တရားမဝင် ကျွန်းသစ် အရောင်းအဝယ် ပြုလုပ်ရာမှ ငွေအတုများ ရောက်ရှိ လာတတ်ပြီး နွားမှောင်ခို အရောင်းအဝယ် ပြုလုပ်သည့် အခါတွင်လည်း ပေးချေသည့် ငွေများ နွားပွဲဈေးများသို့ ရောက်ရှိ လာကာ ပြည်သူများထံသို့ ရောက်လာတတ်ကြောင်း မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ငွေအတုတွေ အများစုက ထိုင်း၊ တရုတ်ဘက်တွေကနေ လာတယ်။ နွားမှောင်ခိုဆိုရင် တရုတ်ပြည် ဘက်ကပဲ။ တရုတ်က ကျွန်းသစ်တွေကိုလည်း တရားမဝင် ဝယ်တယ်။ ငွေပေးချေတော့ ငွေပမာဏက အများကြီးပဲလေ။ အဲဒီတော့ အတုတွေ ပါလာတယ်။ အဲဒီ ငွေတွေနဲ့ နွားပွဲဈေးတွေကို နွားဝယ်တော့ အတုတွေပါ ရောပြီး ပါလာတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ငွေစက္ကူ အတုများသည် ငွေစက္ကူ အစစ်ထက် အရောင်မှိန်ခြင်း၊ စက္ကူသား ပျော့ခြင်း၊ လုံခြုံရေးကြိုး သေသပ်မှု မရှိခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နွားမှောင်ခို အများဆုံး တင်ပို့ ရောင်းချလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် မတ္တရာ၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ အများဆုံး တင်ပို့လေ့ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြင်းခြံမြို့တွင် နေထိုင်သူ ဦးလှသူသည် ဝမ်းတွင်း နွားပွဲဈေးတွင် နွားအရောင်းအဝယ် ပြုလုပ်သူထံမှ ရလာသည့် ငွေများထဲမှ ၎င်း၏ ငွေစု စာအုပ်အတွက် ကမ္ဘောဇ ဘဏ်သို့ ငွေလာရောက် အပ်နှံခဲ့ရာ ငါးထောင်တန် ၈၄ ရွက်တွင် ၆၅ ရွက်မှာ အတုများ ဖြစ်သည်ကို တွေ့ရကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်ဝင်းက ပြောကြားသည်။

ငွေစက္ကူ အတုများကို ဦးလှသူ၏ ဖခင် ဦးအောင်ဆွေက ဘဏ်သို့ အပ်ခိုင်းခြင်း ဖြစ်ပြီး ယင်းငွေများကို ဝမ်းတွင်းမြို့နယ် ရိုးကန်ရွာနေ ယောက်ဖဖြစ်သူ ဦးကောင်းမြင့်ထံမှ ရရှိခဲ့သည်ဟု စုံစမ်း စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအမှုကို CID မှုခင်းတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ရှိ မှုခင်း အထူးတပ်ဖွဲ့ (CID) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ဦးကောင်းမြင့်က သူ့နွားကို ရောင်းပြီး ဦးအောင်ဆွေဆီက နွားကို ပြန်ဝယ်ရာကနေ ဒီငွေတွေက မြို့ပေါ်ရောက်လာတာ။ ဦးကောင်းမြင့်ဆီက နွားကိုတော့ ကုလား လူမျိုးလို့ ယူဆရတဲ့ မျက်နှာစိမ်း နှစ်ယောက်က ဝယ်သွားပြီး ဒီငွေအတုတွေနဲ့ ပေးချေခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

နွားထိုးကြီးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲတွင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်၌ ၂၀၁၃ ခုနှစ် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ အရင်းငွေ ကျပ်သုံးသိန်းနှင့် အတိုး ၁၄,၀၀၀ တို့ကို ဘဏ်သို့ လာရောက် ပေးသွင်းရာ ဘဏ်ငွေကိုင်က စစ်ဆေးသည့်အခါ ငွေများ အနက် ၅၀၀၀ ကျပ်တန် ငွေစက္ကူအရွက်၂၀ မှာ အတုများ ဖြစ်နေကြောင်း၊ အဆိုပါ ငွေများကို နွားအရောင်းအဝယ် လုပ်သူထံမှ အဆင့်ဆင့် ရလာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြိုနယ် အိုးဘိုရွှေကျင် ရပ်ကွက် တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက် နှင့် တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်းတို့ကို နွားပွဲစား၊ ဆိတ်ပွဲစားများက ပြုလုပ်ကြကြောင်း အောင်မြေသာစံ မြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ငွေအတုကတော့ ဒီအတိုင်းဆိုရင် မသိဘူး။ ဘဏ်မှာ သွားပြီး အပ်မှပဲ သိရတယ်” ဟု မတ္တရာ နွားပွဲဈေးမှ ဦးအောင်ကြီးက ဆိုသည်။

ဘဏ်များတွင် ငွေစက္ကူအတု၊ အစစ်ခွဲသည့် စက်များ တပ်ဆင်ထားသောကြောင့် ဘဏ်သို့ လာအပ်ပါက ချက်ချင်း သိရှိနိုင်သော်လည်း သာမန် ပြည်သူများ အနေနှင့် ခွဲခြားနိုင်ရန် ခက်ကြောင်း သမဝါယမဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။

ပြည်တွင်းသို့ ငါးထောင်တန် ငွေစက္ကူ အတုများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေရာ ၂၀၁၃ ခုနှစ် ဧပြီ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန်စသည့် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ပြီး ယမန်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ဝေထားသော ငွေကြေးမှာ ကျပ် ၂၈၀၀ ဘီလံယံကျော် ရှိကြောင်း ယခင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

The Voice Weekly

သမီးလေး၇ွာသူ၊၇ွာသားများ မဟာဗန္ဓုလပန်းခြံအနီးတွင် ယနေ့နေလည်ကဆန္ဒပြ

ကမန် လူဦးရေ စစ်ဆေးရန် တောင်းဆို



http://www.narinjara.com/burmese/?p=9383

ရခိုင်ပြည်နယ်နှင့် မြန်မာပြည် တ၀န်းနေထိုင်သော ကမန်တိုင်းရင်းသား ဦးရေမည်မျှရှိသည်ကို စစ်ဆေးပေးရန် စစ်တွေမြို့မိ မြို့ဖများက ယခုလ ၁၄ ရက်နေ့က နိုင်ငံတော် သမ္မတထံ စာရေးတင်ပြ တောင်းဆိုလိုက်သည်ဟု သိရသည်။

ယခုအခါ ဘင်္ဂလီလူမျိုးများက ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားကဒ်များကို လိမ်လည်ကိုင်ဆောင်ပြီး ရန်ကုန်မြို့သို့ ခိုးဝင်နေကြသဖြင့် ကမန် ဦးရေမှာ မူလစာရင်းထက် အထူး ဖေါင်းပွနေသည်ဟု သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထိ ပြည်သူ့အင်အား ဦးစီးဌာန ခန့်မှန်းတွက်ချက်မူအရ ကမန်တိုင်းရင်းသား လူဦးရေမှာ ရခိုင်ပြည်နယ်တွင် စုစုပေါင်း ၈၉၂၁ ဦးရှိကြောင်း သိရသည်။

အတည်မပြုသော စာရင်းအရ ယခုအခါ မြန်မာနိုင်ငံတွင် ကမန်လူဦးရေမှာ (၂) သိန်းအထိ တိုးပွားနေကြောင်း သိရသည်။

သောင်းဂဏန်းသာရှိသော ကမန် လူဦးရေမှာ ယခုအခါ သိန်းဂဏန်းထိ တိုးလာသဖြင့် ၎င်းမှာ မှားယွင်းမူ တစ်ရပ်ဖြစ်နေသည်ဟုဆိုကာ စစ်ဆေးပေးရန် စစ်တွေမြို့မိ မြို့ဖများက ထိုသို့ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အာဏာရှင် လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ မသီတာ (စမ်းချောင်း)



ပြီးခဲ့တဲ့လက ပေါင်းတည်မှာ လုပ်မယ့် စာပေဟောပြောအတွက် ဖိတ်ကြားခံရတဲ့ မသီတာ (စမ်းချောင်း) ကို မျိုးစောင့်ဥပဒေ မထောက်ခံတဲ့အတွက်၊ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လုပ်အားပေးတဲ့အတွက် ဟောပြော ခွင့်မပြုနိုင်ဘူး လို့ ဒေသခံ သံဃာတစ်ချို့က ကန့်ကွက် အကြပ်ကိုင်တာကြောင့် စီစဉ်သူတွေ ကနေ ဟောပြောပွဲ ဖျက်သိမ်းပေးလိုက်ရပါတယ်။ ခုတလော အဲလို အဖြစ်အပျက် မျိုးတွေ ခပ်စိတ်စိတ် ဖြစ်လာနေပြီပါ။ ဘယ်လို ဖြစ်တာပါလဲ၊ ဒါဟာ ဘာသဘော ဆောင်တာပါလဲ၊

“ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်၊ ဘယ်လို ကာကွယ်ရမလဲ ”
စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်၊ ၁၇-၂-၁၄။ မျက်နှာဖုံးဆောင်းပါး။


burma.irrawaddy.org/
မသီတာ (စမ်းချောင်း) ၏ ဖြေကြားချက်

ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိ လိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလို ဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှလာမဟောတော့ ဘူးဆိုပြီးတော့ ဖျက်လိုက်တာ ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေ က ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန် လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။ ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲ မှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှု ဆိုတာက လူတယောက်ချင်းစီပဲလေ။ မိသားစုတခု ထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုး ဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီ လူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင် လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့ လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။


Nay P Latt's status.

မန္တလေးက စာပေဟောပြောပွဲကို သင်္ကန်းရုံထားသူအချို့(ဘုန်းကြီးဟူသည့်ဝေါဟာရ မသုံးချင်ပါ) လာတားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်နေရင်း ကျနော်စဉ်းစားခန်းဝင်မိတယ်။ ကျနော်သာ အဲဒီ့နေရာမှာဆို ဘာလုပ်မလဲပေါ့ ...။ သေချာတာကတော့ ... စာရေးဆရာတွေတက်ဟောခွင့်ရှိတဲ့ စင်မြင့်ပေါ်မှာ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ကိုမြအေးက လူလူချင်းအတူတူ ဘာလို့ ဟောခွင့်မရှိရတာလဲ ဘုရား(ဒီနေရာမှာ ကိုမြအေးရဲ့ဟောပြောချက်တွေနဲ့ပတ်သက်ပြီး လက်မခံနိုင်လို့ မဟောစေချင်တာမျိုးဆိုရင် ကျနော် နားလည်ပေးနိုင်ပါတယ်)၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လူတစ်ယောက်ကို လူအဖြစ်ကနေနှိမ်ချဆက်ဆံတဲ့လုပ်ရပ်မျိုးကို ဗုဒ္ဓကအားပေးပါသလား ဘုရား ... စသဖြင့် မေးခွန်းတွေများစွာမေးချင်မိပါတယ်။ ဒါပေမယ့် အဲဒီ့နေရာမှာဆိုရင်တော့ ကျနော် မေးရဲပါ့မလား မသေချာပါဘူး။ ဝေဖန်ပိုင်းခြားခြင်းကို အားပေးတဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ၊ သံဃာတော်အစစ်တွေဆိုရင်တော့ ကျနော့်ရဲ့မေးခွန်းတွေကို မေတ္တာရှေ့ထားပြီး ကျနော် နားလည်တဲ့အထိ ဖြေကြားပေးမှာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ့နေရာမှာ "မြအေးကိုဖယ်ပေး"ဆိုတဲ့ အမိန့်ကိုမနာခံပဲ အဲဒီ့လိုမေးခွန်းတွေသွားမေးရင် ကျနော်ဘာဖြစ်သွားမလဲ။ မသေချာပါဘူး။ ကျနော်သာ ပွဲစီစဉ်သူဆို ပွဲကိုဖျက်လိုက်ရမှာပါပဲ။ ကျနော်သာ အတူပြောရမယ့် စာရေးဆရာဆိုရင် ကျနော်လဲ မပြောတော့ဘူးလို့ ပြောလိုက်ရမှာပါပဲ။ ကျနော်သာ စာချစ်သူ ပရိသတ်ဆိုရင်တော့ ဝမ်းနည်းခြင်း ကြီးစွာ၊ ရှက်ရွံ့ခြင်းကြီးစွာနဲ့ လှည့်ပြန်လာရမှာပါပဲ။

အခုလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကျနော် ရှက်ရွံ့နေမိပါတယ်။

အမေစုအတွက် Barcamp (ရန်ကုန်) ဝင်ခွင့်



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

နိုင်ငံရေးအရ တိုက်ခိုက်ရေးဆိုတာ နေ့စားတွေ လုပ်ရတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ဖွတ်တွေ မသိလေရော့သလား




ကျမတို့က အမှန်တရားပေါ်မှာ အခြေခံပြီးတော့မှ လှုပ်ရှားရမယ်၊ စည်းရုံးရမယ်၊ လုပ်တဲ့အခါမှာ သိက္ခာ ရှိရှိနဲ့ အဆင့်မြင့်မြင့် လုပ်ပါ။ ဖြစ်သလို၊ ရန်တွေ့သလို ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ရိုက်သလို နျက်သလို အဲလိုမျိုးပုံစံ လုံးဝ မလုပ်ပါနဲ့၊ ကိုယ့်ရဲ့နိုင်ငံရဲ့သိက္ခာ၊ ကိုယ့်ရဲ့ အဖွဲ့အစည်းရဲ့သိက္ခာကို ထိန်းသိမ်းပြီးတော့ မှန်ကန်တဲ့ နည်းနဲ့လုပ်ပါ၊ ဒီဟာက သိပ်ပြီးတော့ အရေးကြီး တယ်၊ အရေးကြီးတဲ့ အကြောင်းမို့ စည်းနဲ့ကမ်းနဲ့ ဥပဒေဘောင်အတွင်းက လုပ်ဖို့ က အင်မတန်မှ အဓိကကျပါတယ်။


ဒေါ်အောင်ဆန်းစုကြည်
နေပြည်တော် ၊ ၁၈.၂.၂၀၁၄ ။

သတိ ။ အလဲဗင်း ဖတ်နေသည် ။

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး