Wednesday, February 19, 2014

ဓနုဖြူဆေးရုံအုပ်တော့အလုပ်ပြုတ်တော့မယ်


Shwe pyi

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူဥ ခွဲစိတ်မွေးဖွား
..................................
17/2/2014

လူမှာဥတဲ့လူဥ
မနက်၁၀ နာရီလောက်ဓနုဖြူ
ကျွဲလမ်းကုန်းရွာကရွာလူကြီးတွေခေါ်လာတယ်
ကလေးမမွေနိုင်လို့
ကိုယ်ဝန်၁၃လ ယောက်ကျားဆုံးတာ၉လ
ကလေးတိုးလားဆိုတော့တိုးတယ်တဲ့
ရာသီထိန်လားဆိုတော့ ဟင့်အင်း
ဗိုက်ကအရမ်းတင်းနေတာမနေနိုင်တော့လို့လာတာမွေးပေးပါတဲ့
ဟုတ်ကဲ့ တက်စမ်းမယ်
ကလေးနှလုံးသံ မရှိ
ကလေးကိုစမ်းမရ
ဆီးစစ်ကြည့်တော့ မရှိကိုယ်ဝန်ultrasoundဆိုတော့မသွားနိင်ငွေမရှိ
ကလေးမဟုတ်ဘူးလူဥပဲရမယ်ထင်တယ်သဘောတူလား
တူတယ် ခွဲတယ် လူဥ ပဲဗျို့
====================================

`` တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော် ´´ အဖြစ်ကို ရောက်ရှိနိုင်


 တောင်သမန် နယ်စားလေး

ဒီနေ့ဗျာ----

ကျုပ် လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်ထဲထိုင်ပြီး ဂျာနယ်လေးဖတ်ကာ သာယာနေတာပေါ့၊

တကောင့်သား တရုတ်နှစ်ကောင် ဆိုင်ထဲဝင်လာတယ်ဗျ၊ ထိုင်စရာ ဝိုင်းလွတ်ကလဲ မရှိတော့ ကျုပ် တစ်ယောက်ထဲ ထိုင်တဲ့ဆီ ချီတက်လာရောပေါ့၊
အနားရောက်တော့ ဘသားချောတွေက သွား၃၂ချောင်းပေါ်အောင် ပြုံးပြပြီး
``အစ်ကိုကြီး ဝိုင်းလွတ်မရှိလို့ ထိုင်လို့ရမလားဗျာ ´´ တဲ့

ခင်ဗျားတို့ သိတဲ့အတိုင်း မြန်မာလူမျိုးတို့ရဲ့ ထုံစံ အားနာတာက အရင်လာတယ်လေ၊
`` ရပါတယ် ထိုင်ပါ ´´ ပေါ့

ကိုယ့် ဆရာတွေက ထိုင်လည်းပြီးရော ဟိုဟာမှာလိုက် ဒီဟာမှာလိုက်တဲ့ စားပွဲပေါ်သူတို့ဟာတွေနဲ့ ပြည့်ရော၊
ကျုပ်ခဗျာ သောက်လက်စ တီးခွက်လေးကို တဖြေးဖြေးနောက်ဆုတ်ပေးရင်း စားပွဲ ထောင့်စွန်လေးပဲ တီးခွက်တင်ဖို့ကျန်တော့တယ်၊

ဘာသားချောတွေကတော့ အရေးတောင်လုပ်ပြီး အားနာတဲ့ ရုပ်ကို မရှိတော့ဘူးဗျ၊
အရင်ထိုင်ထားတယ်ဆိုတာရော နေရာပေးထားတယ်ဆိုတာရော မသိကျိုးကျွံပြုပုံများ လက်ဖျားခါလောက်တယ်၊

ကြာတော့ကျုပ်လည်း လက်ဖက်ရည်ဖိုးလေး အမြန်ရှင်းပြီး ထပြန်လာခဲ့တော့တယ်-----

ဆိုလိုချင်တာက တရုတ်ဆိုတဲ့ လူမျိုးတွေဟာ နေရာမရခင် ခယဖို့ ဝန်မလေးသလို ကိုယ်အကျိုးရှိဖို့ဆို ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့ကောင်တွေ၊
နေရာလေးရပြီးရင်တော့ သေဖို့သာပြင်တော့ -- အထုတ်ထမ်းပြီး လစ်တော့ပဲ၊


မြန်မာလူမျိုးတွေရဲ့ အားနာတဲ့စိတ် သဘောကောင်းတဲ့အလေ့အကျင့်ကို ဒီကောင်တွေက ကောင်းကောင်း အသုံးချတက်တယ်၊ ဒါကြောင့် ဒီကောင်တွေ နိုင်ငံတိုင်းမှာ လူတွင်ကျယ်လုပ်နိုင်နေတာပေါ့၊

ဘယ်နိုင်ငံမှာ လုပ်လုပ်ဗျာ ကျုပ်နဲ့ မဆိုင်ဘူး၊
ကျုပ်နဲ့ဆိုင်တာ ကျုပ်တို့နိုင်ငံမှာ အလုပ်မခံကြဖို့ပဲ၊
ဥပမာ ပြောမယ် မန္တလေး တစ်ချက် လာကြည့်ကြ နေရာကောင်းတွေဆို ဒီကောင်တွေပဲ၊
ဆိုင်ကြီးကနားကြီးတွေ သွားမကြည့်နဲ့ အများစုက ဒီကောင်တွေ ပိုင်တာချည်းဘဲ၊ မြို့သစ်ဆိုပြီး အထင်မသေးကြနဲ့အုံးနော် သိန်းရာပိုင်းကနေ ထောင်ပိုင်းတန်တဲ့ နေရာတွေရှိတယ်၊မြန်မာပိုင်လား မမေးလိုက်လေနဲ့ အကုန်ဒီကောင်တွေဟာတွေပဲ၊

မြို့ထဲမှာ တရုတ်များလို့ မြို့ပြင်လေးလည်းပြေးမယ် စိတ်မကူးကြနဲ့အုံး၊
မန္တလေး မတ္တရာ ကားလမ်းတလျှောက် တရုတ်ပိုင်တဲ့မြေနဲ့ လည်း မလွတ်ဘူးဗျ၊
တံတားဦးဖက်က မြို့သစ် စီမံကိန်းဖက်လှည့်ချင်သေးလား?သွားမလုပ်နဲ့ အကုန်တရုတ်တွေဝယ်ပြီးကုန်ပြီ၊
မေမြို့ကားလမ်းဖက်ရော ?အကုန်တရုတ်စက်ကွင်းမလွတ်ဖူး၊

ဘင်္ဂလားက လူဦးရေဖောင်းပွလို့ နယ်မြေချဲ့ခံနေရတာ ရခိုင်တစ်နယ်ထဲပါ၊
တရုတ်နယ်ချဲ့လို့ မြန်မာတွေဘုံပျောက်နေရတာ တစ်နိုင်ငံလုံးမှာပါ၊

ရခိုင်အရေး ထည့်မတွက်လို့ ပြောနေတာမဟုတ်ဘူး၊ တရုတ်အရေးကို စုံမှိတ်ပြီးကန်းနေကြတဲ့ တချို့ သတ္တဝါတွေကြောင့် သတိပေးနေရတာ၊

ကျုပ်နောက်ဆုံးမှာချင်တာက အရှေ့ဖက်ကိုလည်း အားလုံးဂရုစိုက်ပြီး ပြန်လှည့်ပေးစေချင်တယ်၊

မန္တလေးဟာ လောလောဆယ် china town ဖြစ်ယုံရှိအုံးမယ်

ကြာရင် တစ်နိုင်ငံလုံး ဟိုဆရာတစ်ယောက်ပြောသလို `` တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော် ´´ အဖြစ်ကို ရောက်ရှိနိုင်သွားတယ်ဆိုတာ အားလုံးနားလည်သဘောပေါက်စေချင်တယ်ဗျာ----။။။

ဒီနေ့ကာတွန်း

၅၀၀၀ တန်အတုတရွက်နဲ့  မြောက်ဥက္ကလာ က ကိုဘခက်



Myat Thu

မနေ့ညနေပိုင်း ကျနော် မြောက်ဥက္ကလာဖက်မှာ ဆိုက်ကားထည်လဲ စီးပြီးတနေရာပြီးတနေရာ သွားလိုက်လာလိုက်လုပ်နေရာကနေ နောက်ဆုံးတခေါက်မှာ ကိုဘခက်နဲ့ တွေ့ခဲ့တယ်..။

မိုင်တွေတွေ ညင်းသိုးသိုးနဲ့  ကိုဘခက် ဆိုက်ကားနင်းသာနင်းနေရတယ် စိတ်မပါဘူးထင်တယ်..။

ဟိုး....ဆရာ.... ရှေ့မှာ ကားလာနေတယ်.... ကျနော် အလန့်တကြားထအော်လိုက်တော့မှာ ခေါင်းငိုက်စိုက်ချပြီးနင်းနေတာက နေ ခေါင်းနဲနဲထောင်သွားတယ် ...

" ..ဆရာကြည့်လုပ်ပါဦးဗျာ.... ၂ ယောက်လုံး ကားကြိတ်ခံရလို့ နံပြားဖြစ်နေပါဦးမယ်..."

"....ဆောရီး ညီလေးရာ ကိုယ့်ဒီနေ့ စိတ်မပါဘူးဖြစ်နေတယ်.... တောက်....ကွာ....ဒီငါးထောင်တန် တရွက်ကတော့....."

ကျနော့်အား တောင်းပန်လိုက်ပြီး မဆီမဆိုင် အသက်မဲ့ငွေစက္ကူ ၅၀၀၀တန်ကို တဆက်ထဲ ဆဲလိုက်တယ်...

ကျနော် အဖို့ နည်းနည်းထူးဆန်း သွားတယ်...တခြားသူတွေသာဆို အခြေခံ မိသားစုတစုတနေ့အသုံးစရိတ်အတွက် လုံလောက်တဲ့ ငွေ ၅၀၀၀ ဆိုတာကို သူ့လို မြည်တွန်တောက်တီးနေမှာ မဟုတ်...ရခဲ့လျှင်တောင်မှ ၀မ်းသာနေကြမှာ..
ဒါ့ကြောင့် ကျနော် သူ့ဆီက ထူးဆန်းနေတဲ့ ငါးထောင်တန်ဆိုတာကို သိချင်တာနဲ့ အစဖော်ပေးလိုက်တယ် ဆိုရင်ပဲ ဘယ်တုန်းထဲက ပေါက်ကွဲချင်နေမှန်း မသိတဲ့ ကိုဘခက်က ခရားရေလွှတ်တတွတ်တွတ် အောက်ပါအတိုင်းပြောပါလေရောဗျို့....

ဒီမှာ ကိုယ့်လူရာ ခုနေများ ကျုပ်လိုတနေကုန်ဆိုက်ကားနင်းနေမှ မိသားစုထမင်းစားရတဲ့ လူတယောက်က ပိုက်ဆံအတုထုတ်ဖို့  စဉ်းစားမိနိုင်ပါ့မလား..

ဟ....စဉ်းစားမိနိုင်တာပေါ့ဗျ...သူသူကိုယ်ကိုယ် ပိုက်ဆံဆိုတာသည်းခြေကြိုက်ပဲလေ...ကျနော်ကလဲ သူမေးလာတာကို ကျနော် စိတ်ကူးအဖြေနဲ့ ကိုက်ပြီး ပြန်ဖြေလိုက်တယ်...

ကဲ ...ဟုတ်ပြီဗျာ...ဒါဆိုရင် ကျုပ်အနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ အတုလုပ်မလဲဆိုတာကိုရော ခင်ဗျား..စဉ်းစားကြည့်ပေးဗျာ..

ကျုပ်လိုလူတယောက် အနေနဲ့  ငါးထောင်တန်တရွက်ကို အသေးစိတ်သေသေချာချာ ကြည့်ဘူး မယ်လို့  ခင်ဗျား ထင်သလား....

အဲလိုတော့  မထင်မိဘူးဗျ...ကျနော်လဲ သေသေချာချာ တခါမှ မကြည့်ဘူးသေးဘူး...

ခင်ဗျားတောင်မှ သေသေချာချာ မကြည့်ဖူးသေးတာဗျာ...ကျုပ်လိုဆိုက်ကားနင်းတဲ့ သူတယောက်ကို သေသေချာချာကြည့်ဖို့  ပိုဝေးသေးတာပေါ့ဗျ....မဟုတ်ဘူးလား...

အင်း ဟုတ်သားပဲဗျ...

ထားပါတော့ဗျာ...ဒါက ကိစ္စ မရှိသေးဘူး...ကျုပ်အနေနဲ့  ထုတ်မယ်ဆိုတောင် အတုထုတ်မယ့် နည်းစနစ်တွေ ၊ စက်ပစ္စည်းတွေ ၊ တခြားကုန်ကြမ်းတွေ အများကြီးလိုမှာ...အဲဒီတော့ ကျုပ်တို့ လို လူတွေက ပိုက်ဆံအတုထုတ်ဖို့ ဆိုတာ ဖြစ်နိုင်ပါတော့မလားဗျ...

ဟုတ်တယ်ဗျာ....မဖြစ်နိုင်ဘူး... ၁ ရွက် ၂ ရွက် ထုတ်လို့ လဲ ဖြစ်မယ့် ကိစ္စ မှ မဟုတ်တာ...သူ့မှာနည်း အရင်းအနှီး နည်းပညာ ကုန်ကြမ်း အများကြီးလိုတာပဲဗျ....ငါးထောင်တန်လောက် အတုထုတ်မယ်ဆိုရင်တော့ အရွက်ရေ သောင်း ဂဏန်း သိန်းဂဏန်းလောက် ထုတ်မှ မျိုးမျိုး မြတ်မြတ်ရမယ့် အလုပ်ဗျ..

အခု ကျုပ်မှာ ငါးထောင်တန် အတုတရွက် ရှိနေတယ်ဗျာ...ဒီနေ့ ကျုပ် နင်းတာ ခင်ဗျားပေးမယ့် ဆိုက်ကားခ အပါဆိုရင် ၆၈၀၀ ရပြီ...ဒါပေမယ့် အဲဒီထဲမှာ ၅၀၀၀ တန် အတုတရွက်ပါနေပြီး ကျုပ်ကိုကောင်းကောင်းကြီး ဒုက္ခပေးနေတယ်..
နေ့လည်ပိုင်းလောက်က လူတယောက် ကျုပ်ဆိုက်ကားကို ဌားစီးပြီးပေးသွားတာ..

ကျုပ်ကလည်း ၅၀၀၀တန် ဆိုတာကို တလလုံးနေလို့ မှ တခါ မမြင်ရတာ အတုမှန်း အစစ်မှန်း မသိဘူး.. ကျုပ်လဲ ယူထားလိုက်ပြီး ကျုပ် မနက်ပိုင်း နင်းလို့ ရထားတဲ့ ပိုက်ဆံကို သူ့ကို အကုန်အကြွေအမ်းလိုက်ရတယ်...သူထွက်သွားတော့ ကျုပ်မှာ သူပေးခဲ့တဲ့ ၅၀၀၀တန်ရယ် နောက်ထပ် တစ်ရာတန် တရွက်ရယ်ပြန် ကျန်တယ်..

ကွမ်းယာဆိုင်က ဆေးပေါ့လိပ်တရာဖိုးဝယ်ပြီး ကျုပ်ဂိတ်က သစ်ပင်ရိပ်မှာ အလှည့်စောင့်ရင်း ဆေးလိပ်ဖွာနေလိုက်တယ်....

သိပ်မကြာခင်မှာပဲ.. ကျုပ်အလှည့်ပြန်ရောက်လာတော့ မိန်းမ၀၀ကြီးတယောက်ကို ကန်သာယာမှတ်တိုင်ထိပ် လိုက်ပို့  ပေးဖို့  ဂိတ်ကနေထွက်ခဲ့တယ်...လေးလိုက်တဲ့ ခန္ဓာကိုယ်ကြီးဗျာ... ဘာတွေ ဘယ်လောက်တောင် စားထားပြီး ၀ဖီးနေလဲ မသိတော့ပါဘူး..ကျုပ်ခြေသလုံးတွေ တဆတ်ဆတ်တုန်အောင်ကို နင်းမှ ဆိုက်ကားက လိမ့်တယ်ဆိုယုံလောက်ပဲ သွားတယ်..

ကျုပ်လဲ အားကြိုးမာန်တက် နေပူပူမှာနင်းလာလိုက်တာ ဂိက ထွက်ပြီး ဓါတ်တိုင်ငါးတိုက်ကျော်လောက် အရောက်မှာ နောက်က အထိုင်ဘီးတာယာပွင့်ထွက်သွားတယ်...စပုတ်တံ ၂ ချောင်းလောက်ပါ အဆစ်ပါသွားသေးတယ်...

မမ၀၀ကြီးကို တောင်းတောင်းပန်ပန်နဲ့ တခြားဆိုက်ကား တစီးထပ်ဌားပေးလိုက်ရတယ်..ကျုပ်လဲစိတ်ပျက်လက်ပျက်နဲ့  ပြင်နေကြစက်ဘီးပြင်ဆိုင်ထိ ဆိုက်ကားကိုတွန်းလာခဲ့ပြီး ပွင့်သွားတဲ့ ကျွတ်ကို အစားထည့်ဖို့  စက်ဘီးအပိုပစ္စည်းရောင်းတဲ့ဆိုင်ဖက် ထွက်ခဲ့လိုက်တယ်...တော်သေးတာပေါ့ဗျာ မနက်ပိုင်းနင်းထားတဲ့ ငါးထောင်တန် တရွက်ရှိနေပေလို့ ....

စက်ဘီးအပိုပစ္စည်းဆိုင်ရောက်ပြီး လိုတာဝယ်ငွေရှင်းမယ်လုပ်တော့မှ ပြဿနာကစပါလေရောဗျို့

ဆိုင်ပိုင်ရှင်က ကျုပ်ကို ငါးထောင်တန်ပြန်လဲ ပေးပါဆိုပြီး ပြန်ပေးလာတယ်...ကျုပ်ကလဲ ပေးလိုက်တဲ့ ပိုက်ဆံက ဘာဖြစ်လို့  လဲ ဗျ...ဆိုတော့ အဲဒီငါးထောင်တန်က အတုကြီးဖြစ်နေလို့ တဲ့ဗျ.... ကျုပ်ခေါင်းက ဆံပင်တွေ ထောင်ထသွားသလားမှတ်ရတယ်...ရင်ထဲက တဒုန်းဒုန်း မြည်သွားသလားမှတ်ရတယ်....ဟုတ်တယ်လေ ကျုပ်မှာ လဲစရာမရှိ အဲဒီငါးထောင်တန်တရွက်က လွဲလို့  ငွေစက္ကူဆိုတာ နတ္တိ..

သေသေချာချာကြည့်ပါဦးဗျ...သေချာတယ် အတုကြီးပါဆိုပြီး ပြန်လာပေးတယ်...ကျုပ်က စောဒက တက်လိုက်တယ်...အတုအစစ် ဘယ်လိုခွဲလဲဗျာ....ကျုပ်ကို နမူနာပြ...

ဒီမှာ ဆရာကြီးရ ပိုက်ဆံရဲ့ ညာဖက် ထောင့်က ၅၀၀၀ ဆိုတဲ့ စာတန်းကို လက်ကလေးနဲ့  အသာပွတ်ကြည့်လိုက် အစစ်က ဖောင်းကြွစာလုံး နဲ့ ရေးထားပြီး အတုက ဗြောင်ချောကြီး ဘယ်လိုမှ မနေဘူး...

ကျုပ် သူပြောသလို လုပ်ကြည့်လိုက်တယ်...ဟုတ်နေတယ်...ကျုပ်ထပ်ပြီး စောဒကတက်လိုက်ပြန်တယ်..ကျုပ်ပိုက်ဆံက နဲနဲ နွမ်းနေလို့ ပါဗျာ...ဒီမှာကြည့်ပါလား ငွေကြိုးလဲ ပါနေတာပဲ အစစ်ပါဗျ....

ဟုတ်တယ် ဆရာကြီး အတုတွေမှာ လုံခြုံရေးကြိုးလို့ ခေါ်တဲ့ ငွေကြိုးလဲ အစစ်နဲ့ ခွဲမရအောင် ပုံတူပါပြီးသား...နောက်ထက်အတုအစစ် ခွဲ နိုင်တဲ့ တခုက ပိုက်ဆံအရွယ်အစားကွာတယ်ဗျ.. ဒီမှာကြည့် ဆိုပြီး တခြား၅၀၀၀တန်တရွက်ယူပြီး သေသေချာချာတိုင်းပြလိုက်တော့ ကျုပ်မငြင်းနိုင်တော့ဘူးဗျာ....သူပြောတာတွေ ဟုတ်နေတယ်...အတုဆိုတဲ့ ကျုပ်ပိုက်ဆံက အစစ်ထက်နဲနဲ ပိုသေးနေတယ်....

ကျုပ်လဲ လက်ထဲ က ဆိုက်ကားကျွတ်အသစ် ကို အသာပြန်ထားပြီး အဲဒီငါးထောင်တန်တရွက်ကို ဖင်တပြန်ခေါင်းတပြန်သေသေချာချာ ထပ်ခါထပ်ခါကြည့်ပြီး ပြန်ထွက်လာလိုက်တယ်ဗျာ...

အပြင်က နေပူသလို ကျုပ်ခေါင်းတွေ ပူနေပြီ...ကျုပ်ဆိုက်ကားကို ဘယ်လို ပြင်ရမှန်း မသိ...လက်ထဲက ပိုက်ဆံကလဲ သုံးမရတဲ့ ပိုက်ဆံ ဖြစ်နေပြန်တယ်...

ကျုပ်လဲ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း ဗိုက်ကလဲ ဆာလာတယ်...ဟုတ်ပြီ ကျုပ်အကြံရသွားပြီး ကျုပ်တို့  ဆိုက်ကားဂိတ်နားမှာ ထမင်းရောင်းတဲ့ ဒေါ်ကျင်စိန် ဆီမှာ ဒီငါးထောင်တန်နဲ့  ကျုပ်ထမင်းဝယ်စားလိုက်မယ်...ပြန်အမ်းတဲ့ ငွေတွေ နဲ့  ကျုပ် ဆိုက်ကားကျွတ်ကို ပြန်လာဝယ်လိုက်မယ်ဆိုပြီး... ကျုပ် ဒေါ်ကျင်စိန်ဆီက ၀က်သားနဲ့ ထမင်းတပွဲမှာပြီး စိတ်လွတ်ကိုယ်လွတ်စားပစ်လိုက်တာ လိုက်ပွဲ နှစ်ပွဲတောင်ထပ်ယူလိုက်တယ်....

ကျုပ်လဲ စားသောက်ပြီးတာနဲ့  ရုပ်တည်ကြီးနဲ့ ဒေါ်ကျင်စိန်ကို အိပ်ကပ်ထဲက ၅၀၀၀တန် ထုတ်ပေးလိုက်တယ်..ကျုပ်လက်ထဲက ငါးထောင်တန်ကို တွေ့ လိုက်တာနဲ့ ပဲ လှမ်းယူနေတဲ့ ဒေါ်ကျင်စိန်ရဲ့ လက်က နောက်ပြန်တွန့်သွားတယ်...

ဟဲ့ ဘခက် စောစောကပဲ ငါ ဆန်ဖိုးတွေလာတောင်းလို့  ရောင်းရတဲ့ပိုက်ဆံတွေအိတ်သွန်ဖာမှောက်ပေးလိုက်ပြီ...နင့်ငါးထောင်တန်ကို ပြန်အမ်းဖို့  အကြွေကို မကျန်တော့ဘူး...နောက်မှပေးလှည့်....ဆိုပြီး သူပိုက်ဆံထည့်နေကြ ဒန်အိုးအသေးလေး၇ဲ့  အဖုံးကိုဖွင့်ပြလိုက်တာ..တရာတန် တရွက်နဲ့ ၅၀ တန်အကြွေလေးတွေပဲတွေ့တယ်...

ကျုပ် ညစ်သွားတယ်ဗျာ...အကြံထပ်ထုတ်နေလိုက်မိတယ်...ပိုက်ဆံဆိုတာများ အရင်တုန်းကဆိုရင် လက်ထဲ ကြာကြာကိုင်ရတယ်ကို မရှိပါဘူး...လက်ထဲရောက်လာခဏပဲ တနေကုန်ရှာတဲ့ ပိုက်ဆံနောက်တနေ့ မကူးဘူး ကုန်တာပဲ...မဟုတ်လား..

ဟုတ်ပြီး ကျုပ်အကြံထပ်ရလာပြီ...ညနေအိမ်အတွက် ဆန်သွားဝယ်လိုက်မယ်..ဆန်ဆိုင်ဆိုရင်တော့...ကျိမ်းသေပေါက်ပြန်အမ်းနိုင်မှာပဲဆိုပြီး ဆန်ဆိုင်ဖက်လှည့်လိုက်တယ်....ဆန်ဆိုင်ရှေ့ရောက်တော့ ကျုပ်ကို ဧည့်မထဆန် ၂ပြည်ပေးဗျာဆိုပြီး ...အလုပ်သမားကောင်လေး ကိုပြောလိုက်တယ်...ကောင်လေးက ဆန် ၂ ပြည်ချင်ထည့်ပေးပြီး ကျုပ်ဆီက လှမ်းပေးလိုက်တဲ့ ငါးထောင်တန်ကို ဆိုင်ရှင်ဆီယူသွားပေးတဲ့.... အဲဒီအချိန်မှာ ကျုပ် ရင်ထဲတထိတ်ထိတ်နဲ့ ဗျာ...ကျုပ် မျက်နှာ အမူအရာတောင် ပျက်နေလားမသိ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်နေတယ်..

ဆိုင်ရှင်နဲ့  မျက်နှာခြင်းဆိုင်မိရင် ကျုပ်မျက်နှာပျက်နေရင် ရိပ်မိသွားမှာစိုးတာနဲ့ ဆိုင်ပြင်ဖက်ကို ရောက်တတ်ရာရာ လှမ်းကြည့်နေရင်း ဆေးပေါ့လိပ်တိုကို မီးညှိနေလိုက်တယ်...

အဲဒီအချိန်မှာ ဆိုင်ရှင်က ကိုဘခက် ဆိုပြီး လှမ်းခေါ်လိုက်တာမှာ ကျုပ်မီးညှိနေတဲ့ ဆေးလိပ်တိုက နှုတ်ခမ်းတေ့ထားတာက နေ ပြုတ်ကြသွားတယ်..
သူ့ခေါ်သံကြောင့် ကျုပ်လှမ်းကြည့်လိုက်တော့ ကျုပ်ရဲ့  မဟာမိတ်ဆွေတော်ကြီး ငါးထောင်တန် ကို ကျုပ်ဆီ ပြန်လှမ်းပေးနေတယ်...

ခင်ဗျား ၅၀၀၀တန်က နဲနဲနွမ်းနေတယ်ဗျ...နောက်နေ့မှာ ဆန်ဖိုးပေးဗျာ...၀ယ်နေကြပဲ ယူသာသွားဆိုပြီး ကျုပ်ကိုပြန်လှမ်းပေးနေတယ်...

ကျုပ်လဲ သူ့ကို စကားပြန်ပြောမိလေသလား...မပြောမိဘူးလားဆိုတောင် သတိမထားမိတော့ဘူး...ဆန်ထုတ်ဆွဲပြီး ဂိတ်ဆီပြန်ထွက်လာလိုက်တယ်....
ဂိတ်ရောက်တော့ စိတ်ညစ်ညစ်နဲ့  ၀ယ်လာတဲ့ ဆန်ထုတ်ဘေးနားချပြီး ထိုင်နေလိုက်တာ... ဆိုက်ကားပြင်ဆရာတော့ ကျုပ်ကို မျှော်နေရော့မယ်...
ကျွတ်ဝယ်မယ်ဆိုပြီး ထွက်လာလိုက်တာ အချိန်အတော်ကြာနေပြီလေ...

နောက်ဆုံး ကျုပ်ခေါင်းထဲမှာ ဖျက်ခနဲ့  အကြံတချက်ပေါ်လာတာက ကျုပ်ရဲ့  ၅၀၀၀တန်ကို မသုံးတော့ပဲ ငွေရမယ့်နည်းပဲ....ဘေးနားက အပင်ရိပ်မှာ ထမင်းစားပြီး ထမင်းလုံးစီနေတဲ့ ကျုပ်တို့ ဂိတ်မှုး ကိုဌေးကို မေးလိုက်တယ်...

ကိုဌေး ခင်ဗျား ညနေစာ ဆန်ဝယ်ပြီးပြီးလား ဆိုတော့  မ၀ယ်ရသေးဘူးတဲ့...ကျုပ်လဲ ဘေးနားချထားတဲ့ ဆန်ထုတ်ကို ကိုဌေးဆီဆွဲသွားရင်း ဆန်ကုန်သည်တွေ ငွေရှင်ကြေးရှင်တွေ ငွေကစားသလို ကိုဌေးနဲ့ ကျနော်ကြားမှာ ဆန်တထုတ်နဲ့ ငွေကစားလိုက်တာ ကိုဌေးအိပ်ကပ်ထဲက ငွေ ၁၅၀၀ က ကျုပ်ဆီရောက်လာပြီး ကျုပ်ရဲ့ ဆန်ထုတ်ကတော့  ကိုဌေးဆီရောက်သွားတယ်..ကျုပ်ရဲ့  အရောင်းအ၀ယ်လည်ပတ်မှုကြောင့် ချက်ချင်းလက်ငင်း ငွေလေးရာ အရှုံးပေါ်သွားတယ်

ပိုက်ဆံ ၁၅၀၀ ရရခြင်းပဲ ကျုပ် ဆိုက်ကားပြင်တဲ့ ဇါတ်လမ်းကို ပြန်စပြီး ခုလို ဆိုက်ကားပြန်နင်းနေနိုင်တာဗျ...

ခုထိ အဲဒီ ၅၀၀၀တန် အတုက ကျုပ်အိပ်ကပ်ထဲမှာ ရှိနေတုန်းပဲ...ညနေစောင်းနေပြီး အိမ်စရိတ်ခုထိမရသေးဘူး...ဗျာ...ကလေးတွေနဲ့  မိန်းမတော့ မျှော်နေရှာရော့မယ်..

ကျနော်က လဲ စနစ်ကျသေသပ်လှပါတယ် ဆိုတဲ့ သူ့ရဲ့  ငါးထောင်တန်အတုကို မြင်ဖူးချင်တာနဲ့  လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်ခိုင်းလိုက်ပြီး လက်ဖက်ရည်သောက်ရင်း ပိုက်ဆံအတုကို ယူကြည့်လိုက်တယ်....တော်ယုံတန်ယုံခွဲမရ..ကျနော်မှာရှိတဲ့ ငါးထောင်တန်တွေထုတ်ပြီး တိုက်ကြည့်လိုက်တော့မှ ဟုတ်နေတယ်...

ကျနော်လဲ မြောက်ဥက္ကလာကနေ တာမွေကို ကားဌားပြီးပြန်မယ့် အစီစဉ်ကို ဖျက်ပြီး သူဆီက ငါးထောင်တန်ကို ကျနော့်ဆီက ငါးထောင်တန်အစစ်နဲ့ လဲပေးလိုက်မယ်ဆိုပြီးပြောတော့...သူက ကျနော့်ကို ပြူးကြောင်ကြောင်ပြန်ကြည့်နေပြီး အတန်ကြာမှ တဂယ်လား....လို့ ပြန်မေးတယ်....

ကျနော် ချက်ချင်းပဲ ငါးထောင်တန် တရွက်ထုတ်ပေးလိုက်တယ်...ကျနော်ထုတ်ပေးလိုက်တဲ့ ငါးထောင်တန်ကိုတောင်မှ သူက မယုံသလိုလိုနဲ့  ဖင်တပြန်ခေါ်င်းတပြန်ကြည့်နေလိုက်သေးတယ်...

ဟုတ်တယ်....ကျနော် မြောက်ဥက္ကလာကနေ တာမွေကို ပြန်ဖို့  လိုင်းကားစီးရင်လဲ အဆင်ပြေတယ်လေ...ညနေပိုင်းဆိုတော့ မြို့ ထဲ အတက်ကားတွေက လူချောင်တယ်..ကျနော် အဖို့ တော့  နည်းနည်း ခရီးထောက်တာက လွဲလို့...ကုန်ကျမယ့် ပိုက်ဆံကို...ကိုဘခက်တို့  မိသားစု အတွက် အများကြီးအဆင်ပြေသွားမယ်ဆိုတာ သေချာတယ်လေ....

ဒါ့ကြောင့်လဲ ကျနော် အတုနဲ့ အစစ်ကို လဲခဲ့တာ...နောက် တခုက စာဖတ်သူတွေအပြင် ပိုက်ဆံအတုထုတ်တဲ့သူတွေကို ၅၀၀၀တန်တရွက်ကြောင့် ကိုဘခက်တယောက် ဘယ်လိုတွေ ကြုံခဲ့ရတယ်ဆိုတာကို သိစေချင်တာ...

ခုတော့ ငါးထောင်မကတန်တဲ့ ပိုက်ဆံအတုအစစ်ဘယ်လို ခွဲနိုင်မလဲဆိုတာကိုစာဖတ်သူတွေကို လက်တွေ့ပြနိုင်ခဲ့ပြီးလေ...ဒါဟာ ငါးထောင်မကတန်တယ်ဆိုတာကို အားလုံးသိနိုင်ကြမည်ဟု ယုံကြည်ရင်း.........

မြတ်သူ

https://www.facebook.com/MgMyatThu


ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြား


Hawdeka Khalaylay

၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို အသိအမှတ်မပြုခြင်းနှင့် စစ်တပ်မှ အာဏာဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ
ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြား

(နေပြည်တော် အထူးသတင်း)

၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို အသိအမှတ်မပြုခြင်းနှင့် စစ်တပ်မှ အာဏာဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ
 ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြားလိုက်ကြောင်း နေပြည်တော်

သတင်းရပ်ဝန်းမှ အထူးသတင်းအဖြစ် ပေးပို့လာပါသည် ၊

အေးလေ မင်းတို့လဲ အားလုံးသိနေတာပဲလေ ၊ ၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ငါပါလို့လား
၊ အဲဒါ ဦးနေဝင်းနဲ့ သူ့တပည့် ခင်ညွန့်တို့ ကြိတ်လုပ်ခဲ့ကြတာလေ ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားဆိုတာ ဒါမျိုးကိုခေါ်တာပေါ့ ၊

မင်းတို့မျက်စိရှေ့တင်ပဲလေ ၊ တလျှောက်လုံး ငါ အရုပ်တစ်ရုပ်လို နေခဲ့တာမဟုတ်လား ၊ ဇာတ်သိမ်းမလှတော့ဘူးဆိုကာနီးမှ
 ငါကလူကြမ်းဝင်လုပ်ရတာလေ ၊ အဲဒါကိုများ ငါနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းချင်သလေး ဘာလေးနဲ့ ၊ အဲ ကောင်ခင်ညွန့်ကို ပြောလိုက်စမ်းပါ ၊

လူကြားကောင်းအောင် လျှောက်ပြောမနေပါနဲ့လို့ ၊ သတ္တိတကယ်ရှိရင် အကုန်ဖွင့်ချလိုက်လို့ရတယ် ၊
ငါ့ကို ဘာမှလာပြီး ထိသလို ရိသလို ပြောနေစရာမလိုဘူးကွ ၊ ခွေးလှေးခုန်လို့ ဖုန်မထဘူး ၊ ခင်ညွန့်ကို ၂၀၁၅ အကုန်အထိ
ထမင်းဝအောင် စားခွင့်ပေးထားတယ်လို့ပြောလိုက် ၊ ၂၀၁၆ ရောက်တာနဲ့ ငါ ဘာကောင်လဲဆိုတာ အားလုံးသိစေရမယ်ကွ ၊

ဦးသန်းရွှေတစ်ယောက် စိတ်ဆိုးနေပုံရသည် ၊ သူ့ထိုင်ခုံရှေ့တွင် သူ့လက်ရင်းတပည့်များရှိနေသည် ၊ အချို့မှာ ယူနီဖောင်းများနှင့်ဖြစ်သည် ၊
 ရှေ့ဆုံးမှာထိုင်နေတာကတော့ ဦးအောင်သောင်း နှင့် ဦးတင်အေးတို့ဖြစ်သည် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည် ၊

မအူကုန်းရပ်ကွက် လမ်းကျယ်တွင် ကျော်ဝင်းသမက်တော် လေးအသုံးချခံလိုက်ရ




www.teol-mm.info
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်း ခဲ့တယ်လို့ သိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်း ရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေး လဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး ၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိ ခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင် လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ် လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့ သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီ ထားပြီးတော့ အော်ဟစ်နေလို့ ရေဗူး နဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက် ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။"



Minn Thaik

“ ထ/လ ကျော်ဝင်း ”
•••••••••••••••
ကြားဖူးကြမှာပါ၊ စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ကျောင်းပြီး၊ ရန်ကုန်အင်းလျားလိပ်
ဟိုတယ်ရှေ့ လမ်းဦးတိုက်မှာ တစ်ချိန်က အစိုးရဂါထားတဲ့ အိမ်ကြီးရခိုင်နဲ့ ကြက်မွေး
ငှက်မွေး ဒေါင်းမွေး သာလိကာမွေး ငှက်အကြောင်းလေ့လာခဲ့သူ၊ ကမ္ဘာကျော်နာမည်
ကြီးကင်မလာအစုံအဖုံ စုဆောင်းဓါတ်အာရုံစိုက်သူအဖြစ်အသွင်ယူခဲ့သူ၊ ဗိုလ်ခင်ညွန့်
အပေါင်းအပါတစ်စုကိုတန်ပြန်ထောက်လှမ်းရေးအဖြစ် ဖြုတ်ထုတ်သတ်ဇာတ်တူသား
စားဇာတ်သိမ်းပေးခဲ့သူ၊ Low Profile နဲ့မထင်မရှားနေခဲ့သူ၊ ရွှေရွှေ့အချစ်တော်အမြစ်
တော်အဖြစ်လူမသိသူမသိပုန်းလျှိုးခဲ့သူ။
ခုတော့ ဇာတ်ခုံပေါ်တက်လာပါပြီ၊ အာဏာရှင်အစိုးရ ကြိုးဆွဲကောင်တွေ တစ်ကောင်
ပြီးတစ်ကောင်ထွက်လာပါပြီ။
စိန်စိန်အပါအဝင် အူကြောင်ကျား တပ်မတော်သားတွေတောင် ဒီအကွက် ထည့်တွက်
ခဲ့ပုံ သိခဲ့ပုံမရပါ။
အလွန်ရိုးသား ရင်ဘတ်ရှင်း သတ္တိခဲ ကျွန်တော်ဆုံခဲ့ဖူးသော ကျော်ဝင်းသမက်တော်
လေးတော့ အသုံးချခံလိုက်ရတာ အလွန်စိတ်မကောင်းပါဘူး။
ပြည်သူအားလုံး ဘာသာမတူ လူမျိုးကွဲသော်ငြား ဗမာ့ပြေ ဗမာ့မြေပေါ် မှီတင်းနေထိုင်
သက်ရှင်နေကြသောအားလုံး စည်းလုံးညီညွတ်ကြစေချင်ပါတယ်။
............................. အေရိုးဘစ်မသားတွေ ဇာတ်လမ်းစပါပြီ .......................။
မင်းကိုဦးတစ်ယောက် WY များသွားပုံရတယ်


Kowin Aun
မ ၉ ၊တာဝါ ၂၊သီရိရိပ်သာ၊တော်ဝင်လမ်း ၊(ဘ) ဦးသောင်းစိန်သား ၊ မောင်မင်းကိုဦး ပါတဲ့။
စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ပါပြီတဲ့။


Thi Win Kyaw

ကပ္ပိယလား
=======
သင်္ကန်းကိုခြုံ
ဒီလိုလူကိုထိုင်ကတော့ရမှာလား
ထောက်လှမ်းရေးသမက်
စောက်ရမ်းတွေကြမ်းနေပါလား
ဇာတ်ပွဲတွေကြမ်း
ထိပ်တန်းရောက်နေပြီးလား
စိတ်မမှန်လို့
လုပ်ကြံကာဖါကြဦးမယ်
တို့ပြည်သူဘာသာမခွဲ
လက်တွဲမြဲကြတော့
တို့တွေအားလုံး
အရှုံးမပေးဘို့
ဘာသာအစား
လူသားချင်းကိုအာရုံထားလို့
တို့ရဲ့တိုင်းပြည်ထိပ်ကိုရောက်ဖို့
တို့အမေစုကိုပုံလို့အပ်စို့
တို့ရဲ့သမိုင်းမရိုင်းရအောင်
ဒီလိုမျိုးစုတ်
တိုက်ထုတ်ပစ်ကြရအောင်
ဝင်းကျော်(RIT)

သရုပ်ဆောင် အဆိုတော်တစ်ဦး က ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား ရိုက် နှက်ခဲ့ဟုဆို



 ပေါ်ပြူလာ နယူးစ်

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ် ဖြူလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံမီးပွိုင့်၌ သတ်မှတ် စည်းကမ်း ဖောက်ဖျက် ပြီး မောင်းနှင်လာသော သရုပ်ဆောင်၊ အဆိုတော် နေသူရိန်၏ ကားကို တားဆီးရင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရမှု

သရုပ်ဆောင် အဆိုတော်တစ်ဦး က ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား ရိုက် နှက်ခဲ့မှုအပေါ် နှစ်ဖက်စလုံးအား ပစ္စည်း သက်သေ၊ လူသက်သေနှင့် စစ် ဆေးနေပြီး အမှုကို တည်ဆောက်၍ မှန် ကန်တိကျစွာ ဆုံးဖြတ်ပေး မည်ဟု ယာဉ် ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော် ထွေးက ပေါ်ပြူလာ နယူးစ်သို့ ပြော သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ် ဖြူလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံမီး ပွိုင့်၌ သတ်မှတ်စည်းကမ်း ဖောက်ဖျက် ပြီး မောင်းနှင်လာသော သရုပ်ဆောင်၊ အဆိုတော် နေသူ ရိန်၏ ကားကို တား ဆီးရင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရမှု အပေါ် ရဲမှူးကြီးက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်ထိန်းရဲနှင့် ကိုနေသူရိန်နှစ်ဖက်စလုံးတို့က အပြန် အလှန် အမှုဖွင့်ထားသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”ကျွန် တော် နှစ်ဖက်စလုံးနဲ့ တွေ့ဆုံပြီး စစ် ဆေးတာတွေ လုပ်နေပါတယ်” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က လမ်း ရှင်းတာဝန် ထမ်းဆောင်နေစဉ် အရိုက် ခံရသောယာဉ်ထိန်းရဲတပ်ကြပ်ကြီး သောင်းဒန်က ”ဖြစ်စဉ်ကို အမှန် အတိုင်း ဖြစ်ချင်တယ်။ မဖြစ်လာခဲ့ရင် သက်သေ တွေနဲ့ အတူတူ သတင်းစာရှင်းလင်းပွဲ လုပ်မယ်” ဟုပြောသည်။

၎င်းက ကားအားတားဆီးစဉ် ကို နေသူရိန်ဆိုသူက ယူနီဖောင်းအား ဆွဲ ဆောင့်ကာ လက်သီးဖြင့် ထိုးရန်ရွယ် ကြောင်း၊ နောက်တစ်နေ့၌ မိသားစုဝင် များ ပါဝင်သော အုပ်စုဖြင့် ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ ထိုးနှက်ခြင်းနှင့် ခြေ ထောက်ဖြင့်ကန်ခြင်းတို့ လုပ်ခဲ့သည်ဟု ပြောသည်။

”ကျွန်တော်တို့က ပြည်သူကို လက်နက်နဲ့ ကာကွယ်တဲ့အဖွဲ့အစည်း တစ်ခု မဟုတ်ဘူး။ လက်နက်တောင် မကိုင်တဲ့သူကို ဒီလို မဆက်ဆံသင့်ဘူး။ လမ်းဘေးမှာ အ မှိုက်ကောက်နေတဲ့ ကောင်လေးကို ဖိနပ်နဲ့ပါးရိုက်ကြည့်ပါ လား။ ဘယ်သူမှ မခံနိုင်ဘူး” ဟုရဲတပ် ကြပ်ကြီး ဦးသောင်းဒန်က ဆက်ပြော သည်။

သို့သော်လည်း တစ်ဖက်မှ (ကိုနေ သူရိန်) မင်္ဂလာတောင်ညွန့်၌ အမှုဖွင့် ထားမှုတွင် ယာဉ်ထိန်းရဲက ၄င်းအား ခြေထောက်ဖြင့်ကန်ခြင်း ပြုလုပ်၍ ရန်ကုန်ဆေးရုံကြီး တွင် ပြင်ပလူနာ အဖြစ် ကုသခဲ့ရကြောင်း ရဲထံ ကနဦး ထွက်ဆိုကာ တိုင်တန်းထားသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”ပြည် သူလူထုကို မိဘလိုသဖွယ် တပ်ဖွဲ့ဝင် တိုင်းက ပြောဆိုဆက်ဆံရပါ့မယ်။ ဒီ လိုမှာပြီးသားပါ။ ဒါပေမဲ့ တချို့က ဒါ ကို မလိုက်နာဘူး” ဟု မှတ်ချက်ပြု ပြော ထားသည်။ အဆိုပါအမှုဖြစ်စဉ်ကို ဌာန ချုပ်ထံ ၃ နာရီအတွင်းသတင်းမပေးပို့၍ တပ်ဖွဲ့စုမှူးနှင့် ဒုတပ်ဖွဲ့မှူး၊ ဒုရဲမှူး နှစ် ဦးကို ကနဦးအရေးယူမည်ဟု ၄င်းက ထပ်မံပြောကြားသည်။

တာမွေတွင် ပြီးခဲ့သည့်နှစ်က ယာဉ်ထိန်းရဲတစ်ဦး တာဝန် ထမ်းဆောင် နေချိန်တွင် ယာဉ်မောင်းတစ်ဦးက ဓား ဖြင့်ဆင်းထိုးသွားသော အမှုတစ်ခုလည်း ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ဇေဝေယံ

ကျင့်ဝတ်မဲ့စွာ လိမ်လည်ဖော်ပြသည့် မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို



NLD Chairperson

မွန်းတည့်နေဂျာနယ် ပါ သတင်းဖော်ပြချက် မမှန်ကန်...

ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့စွဲဖြင့် ကြိုတင်ထုတ် မွန်းတည့်နေဂျာနယ်(Vol.1 Number 10) မျက်နှာဖုံးသတင်းပါ """ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဗြိတိန်စစ်တပ် ကူညီမည်ဟုဆို """ ခေါင်းစဉ်ဖြင့် သတင်းဖော်ပြချက်သည် လုံးဝမှန်ကန်မှု့မရှိကြောင်း အဖွဲ့ချုပ်ဥက္ကဌ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့် က ဖေဖော်ဝါရီ ၁၈ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်...
အဆိုပါသတင်းဖော်ပြချက်သည် အစအဆုံးမှားယွင်းကြောင်း ၊ မိမိအား ငှင်းကိစ္စနှင့် ဆက်သွယ်မေးမြန်းခဲ့ခြင်းမျိုး မရှိခဲ့သဖြင့် ဂျာနယ်ပါဖော်ပြချက်ဖြစ်သော """ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှုးက ပြောကြားသည်""" ဟု သတင်းဖော်ပြချက်မှာ မှန်ကန်မှု့မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဂျာနယ်အနေဖြင့် ၀န်ချတောင်းပန်ရန်လဲ ဦးဝင်းမြင့် က တောင်းဆိုခဲ့သည်...
""" ဒါဟာ တစ်ဦး တစ်ယောက်ကိုပေါ့နော်၊ တစ်ဖွဲ့ တစ်ပါတီကိုပေါ့ ထိခိုက်စေလို တဲ့ ရည်ရွယ်ချက်လည်း တွေ့ ရတယ်။ နောက်တခါ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်လာအောင်ပြောတဲ့ ရည်ရွယ်ချက်လည်း တွေ့ရတယ်။ ဒါမှမဟုတ် ဒါနဲ့ ပတ်သက်လို့  မဟုတ်မမှန် သူဖော်ပြထားတယ်၊ ဒါကြောင့်မို့ လို့  ကျွန်တော့် အနေ နဲ့  ဒီဂျာနယ် အနေနဲ့ က ဒီဟာကို ကျွန်တော် မပြောရပဲနဲ့  ဒီလို အယောင် ဆောင်ပြီးတော့ မဟုတ်မမှန် ဖော်ပြတဲ့အတွက် ဒါကို ဝန်ချ တောင်းပန်ဖို့ တော့လိုမယ်။ ဒီလိုမှ မဟုတ်ရင်တော့ တည်ဆဲ ဥပဒေအရ ဖြေရှင်း သွားရမှာဖြစ်တယ်။ """ ဟု ဦးဝင်းမြင့် က ဆိုသည်...




Wednesday, February 19, 2014

မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ဖြန့်ချိပြီးဖြစ်သည့် မွန်းတည့်နေဂျာနယ် အတွဲ ၁၊ အမှတ် ၁၀ ပါ သတင်းတွင် “မြန်မာ့တပ်မတော်အရာရှိများကို ဗြိတိန်နိုင်ငံတွင် လေ့လာရေးခရီးစဉ်များခေါ်ယူပြီး နားချနိုင်ရန်ကြိုးပမ်းမည်ဟုလည်း ဗြိတိန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု
ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်”ဟု ဖော် ပြထားသည်။

ကာယကံရှင်ဦးဝင်းမြင့်ကမူ ယင်းနှင့်စပ်လျဉ်း၍ မီဒီယာများသို့ ဖြေကြားခဲ့ခြင်းမရှိသကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်တပ်မတော်အရာရှိတို့ ဖေဖော်ဝါရီ ၁၃ ရက်၌ တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့ ခြင်းလည်းမရှိဟု ဆိုသည်။

“ဒါကို ကျွန်တော် လုံးဝ မပြောခဲ့ဘူး”ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖြေကြားခဲ့ခြင်းမရှိပါဘဲ ရေးသားဖော်ပြခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်ပါတီကို ထိ ခိုက်စေလိုသည့် ရည်ရွယ်ချက်၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များ ရှိနေမည်လားဟူ၍ လည်း ဦးဝင်းမြင့်က မေးခွန်းထုတ်ခဲ့သည်။