Thursday, February 20, 2014

အင်းစိန် အိမ်ခြေ ၃၀၀ ကျော်အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီး



လာပြန်ပြီ .......နောက်တနေရာ

လူမဆန်မှု သော အုပ်ချုပ်ရေး

အရေးပေါ် ၀ိုင်းကူပေးကြပါ ခလေးတွေဘ၀အတွက် အရေးကြီးပါသည်..

ဆယ်တန်းကျောင်းသားသူများ စာမေးပွဲဖြေဖို့ ခုံနံပတ် သွားထုတ်သော နေ့။ အတန်းငယ်များ စာမေးပွဲကြီးဖြေဖို့ စာကျက်မှတ်မှု လုပ်နေရချိန်။
မိဘ နှင့် ဆရာ များက သားသမီးများ ပညာရေး အတွက် အထူး ကြပ်မတ် သွန်သင်ကြား နေကြပြီး ကျောင်းသားလေးများကလည်း အားသွန်ခွန်စိုက် ကြိုးစားနေကြချိန် ........
ယနေ့ မနက် ၆ နာရီ၊ အင်းစိန်မြို့နယ်၊မီးရထားဝင်း ၊ ဈေးကုန်းအရှေ့ ပိုင်း၊ စံကျော်စု ရပ်ကွက်၊ မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာသော အိမ်ခြေ ၃၀၀ ကျော်ကို အပြာရောင်ဝတ် လူများ။ ရဲ များ ပါဝင်သော အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးနေကြောင်း ယခုပင် သတင်းဆက်သွယ် ပေးပို့လာပါသည်။

ကိုယ့်နိုင်ငံသားများကို နေရေး ၊ စားရေး။ ပညာရေး အတွက် အစစ အရာရာ ကူညီမြင့်တင် လမ်းပြ ဦးဆောင်ရမည့် တာဝန်ရှိသူ အစိုးရအဖွဲ့မှ လားရား ပြောင်းပြန်ဖြစ်နေသည့် ဖြိုခွင်းမှုများကို လုပ်လာပါသည်။

အစိုးရ အဖွဲ့ စီမံညွှန်ကြားမှုဖြင့် ယခုလို အကြမ်းဖက် ဖျက်ဆီး ဖယ်ရှား နှိမ်နှင်းပြီး မိသားစုများ အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် မောင်းထုတ်ခြင်းမှာ၊ အခြေခံ ဥပဒေပါ နိုင်ငံသားတို့ ရပိုင်ခွင့်ကို အစိုးရကိုယ်တိုင် လစ်လျူရှုခြင်းဖြစ်သည်။

နိုင်ငံ့  အနာဂတ် ကလေးသူငယ်များ ပညာရေးကို အစိုးရ ကိုယ်တိုင်ဖျက်ဆီးနေခြင်းဖြစ်ပါသည်။

အိုးအိမ်မဲ့ အတိဒုက္ခရောက် မြန်မာနိုင်ငံသားများကို ကူညီ အသက်ဆက် နိုင်စေရန် အခြေခံ နေထိုင်စားသောက်မှု အကူအညီများ ပြည်သူမှ ပြည်သူ ကူညီရန် မိမိတို့ ကြိုးစားကြရပေအုန်းမည်။

အသေးစိတ် သတင်းသိရှိလိုသူများ စံကျော်စု နေထိုင်သူ ဦးသောင်းနိုင် ဖုန်0931814916 သို့ ဆက်သွယ်မေးမြန်း အားပေးစကား ပြောနိုင်ပါကြောင်း။

မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း

ကိုနေမျိုးဇင်

ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ဆုံးဖြတ်ချက် ချမှတ်



-----------------------------------------------------------------------------

MNL Myanmar 2014

ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း ပွဲစဉ်မှ ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက်အား ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁။ MNL Myanmar 2014 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် (၁၅.၂.၂၀၁၄)ရက်နေ့ ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်းတွင် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်အပြီး ဇွဲကပင် ယူနိုက်တက် အသင်း တာဝန်ရှိသူ ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား လက်ရောက် ကျူးလွန်မှုဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ အရေးယူပေးပါရန် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ တင်ပြလာပါသည်။

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် (၁၉.၂.၂၀၁၄) ရက်နေ့တွင် တစ်ကြိမ် (၂၀.၂.၂၀၁၄) ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တစ်ကြိမ် ထပ်မံ အစည်းအဝေး ပြုလုပ် ၍ အစီရင်ခံ စာများကို ဖတ်ရှု့လေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုအား ကြည့်ရှု့ခြင်းနှင့် ကာယကံရှင် ဒိုင်လူကြီးအား ခေါ်ယူမေးမြန်းခြင်း၊ ဇွဲကပင် အသင်း၏ အသနားခံစာကို ဖတ်ရှု့လေ့လာ ခြင်း၊ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးနောက် FIFA Disciplinary Code, Section (2) Article 49 နှင့် 52(b)၊ MNL စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။

(က)ဇွဲကပင် အသင်းမှ တာဝန်ရှိသူ တစ်ဦးအနေဖြင့် ကျူးလွန်ခဲ့သည့် အတွက် ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့်ငါးသိန်း(၁၅,၀၀,၀၀၀ိ/-) ပေးဆောင်ရန်။

(ခ) ၄င်းနေ့ တာဝန်ကျဒိုင်လူကြီး ဦးလှမင်း၏ သည်းခံ ခွင့်လွှတ်ခဲ့ခြင်း အပေါ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ မှတ်တမ်း တင်ပါသည်။

(ဂ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ ကြီးမှူး ကျင်းပသော ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေကြသော ဘောလုံး ကလပ် အသင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့်သည် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်း အားလုံးကို အလေးထား စောင့်ထိန်းကြရန်။

(ဃ) နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက် ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ် အရေးယူသွားမည် ဖြစ်ပါသည်။

(င) MNL ဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူကြီးကြပ်နေသော MFF ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမောပြေပြစ်စွာ ကျင်းပ သွားနိုင်ရေး အတွက် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ကြရန်။

၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်အား လိုက်နာပါရန် အကြောင်းကြားအပ်ပါသည်။


တနိုင်ငံလုံးလှည့်ုပြီးပါးရိုက်လာတဲ့အုန်းမြင့်ကိုကျ ကာလုံ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အခုထိကိုဒဏ်ကြေးလေးတောင်ဆောင်
ခိုင်းတာမတွေ့ရသေး၊ရိုက်ခဲ့တဲ့လူအရည်အတွက်ရေနေလို့များလား...

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဒေါ်စုတောင်းဆိုမှုကြောင့် အီးယူလေ့ကျင့်ပေး



Posted by Kamayut Media on February 20, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းတွေကို ကိုင်တွယ်ဆောင်ရွက်ပုံ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ တောင်းဆိုမှုကြောင့် ဥရောပသမဂ္ဂက လေ့ကျင့်သင်တန်းပေးနေတာလို့ ဆိုပါတယ်။

လူအုပ်တွေကို ထိန်းသိမ်းကိုင်တွယ်ရတာ အရမ်းကိုရှုပ်ထွေးပြီး ခက်ခဲတာကြောင့် မြန်မာရဲတွေကို သင်တန်းပေးတဲ့အခါ ပြည်သူတွေရဲ့အခွင့်အရေးကို လေးစားပြီး စိတ်ရှည်ဖို့နဲ့ အကြမ်းဖက်နေတဲ့လူအုပ်ကို အတတ်နိုင်ဆုံး အင်အားအနည်းဆုံးနဲ့ ကာကွယ်ရပ်တန့်တဲ့ သင်ခန်းစာတွေကို စာတွေ့လက်တွေ့ ပို့ချနေတာလို့ ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ဆိုပါတယ်။

မင်္ဂလာဒုံက ရဲတပ်ရင်း ၈မှာ ကျင်းပတဲ့ အဓိကရုဏ်းကို စနစ်တကျထိန်းသိမ်းရေး သရုပ်ပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂ဝရက်နေ့က ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ဒိုင်းလွှားပါတဲ့ ကာကွယ်ရေးစနစ်၊ ဖယ်ရှားထိန်းသိမ်း ရှာဖွေခြင်းနည်းလမ်းတွေကို လူ့အခွင့်အရေးလေးစားလိုက်နာပြီး အသုံးပြုတဲ့ သရုပ်ပြမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေ အခုထိ နိုင်ငံတကာအဆင့်မီ နည်းပညာတွေ။ ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားရတာ သမိုင်းမှာ ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တယ်လို့ ရဲမှူးချုပ် သူရဗိုလ်နီက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဥရောပသမဂ္ဂက ၂ဝ၁၃ စက်တင်ဘာကတည်းက စပြီး ၁၈လအတွင်း ရဲအင်အား ၄ထောင်ကို စာတွေ့လက်တွေ့ သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်။
http://bcove.me/1khx6vhp

(ဆဲနေသူများသို့ … သတ်မယ်ခြိမ်းခြောက်တဲ့ အန္ဓများသို့ …)



Thon Nay Soe

...................
'စု' ဂုဏ်ရည်
----------------------------
တစ်ချို့တွေကိုပြောပါတယ်
လူစိတ်ကလေးများရှိကြရဲ့လား?
ကျေးဇူးလေးများသိတတ်ကြရဲ့လား?

လမ်းမတွေပေါ်မှာသေနတ်နဲ့လိုက်ပစ်နေတဲ့
အခက်ခဲဆုံးကာလတွေမှာ
ဘယ်သူခေါင်းဆောင်ပေးခဲ့သလဲ?
ဘယ်သူခေါင်းခံပေးခဲ့သလဲ?
ဒီလောက်အရှုပ်ထုတ်ကြီးထဲ
ဘယ်သူဝင်ပါပေးခဲ့လဲ?

သူ့အနေနဲ့ နေသာသပဗျာ
ခင်ဗျားတို့ပြောသလို
မြက်တစ်ပင်မှ မစိုက်ပဲ
ဇိမ်နဲ့နှက်နေတယ်ဆိုရင်
ဇိမ်နဲ့ဆက်နှက်ပေါ့။
ဘာကြောင့်သေတွင်းထဲဝင်လာသလဲ?

သူမသေခဲ့ဘူး ဟုတ်ပါတယ်
ဒါပေမယ့် သေလုမျောပါးကြုံခဲ့တယ်
(ဒီပဲယင်းမှာ သူ့ကားမောင်းသမားသာ
မတော်ရင် ခုလောက်ရှိအရိုးဆွေးနေပြီ)
ဒီလောက် ကြမ်းကြုတ်သူတွေနဲ့
ထိပ်တိုက်ဘယ်သူရင်ဆိုင်ဝံ့သလဲ?
ဒီလောက် ဆိုးရွားလွန်းတဲ့တိုက်စစ်မြားဦးမှာ
ဘယ်သူနေဝံ့ခဲ့သလဲ။

သူ့အကို ငကြောက်ကြီး နေရဲသလား?
ဒေါ်ခင်ကြည်ဈာပနမှာ
ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီအဖရေ
ဆိုတော့ ကျောင်းသားတွေဦးတည်အော်တာ
အောင်ဆန်းဦး။
သူက ပါးနပ်တယ် ကြောက်တတ်တယ်။

ကိုယ့်ဘို့ကိုယ်ကြည့်တဲ့ဘယ်သူမှ
ဒီအရှုပ်ထုတ်ထဲ ဝင်မပါဘူး
မိုးပေါ်ထောင်မပစ်တည့်တည့်ပဲပစ်တတ်တယ်ကြိမ်းပြီး
ဒရကြမ်းပစ်နေချိန်
ဓါးဓါးချင်းလှံလှံချင်း ရာဇသံပေထားချိန်မှာ
သတ်ကွင်းထဲဝင်လာရဲတာ
တကယ့်စေတနာ မဟုတ်ဘူးလား?

ဒီ့အတွက် သူဆုတံဆိပ်ရတယ်
ဒါကို ဘယ်သူက ကြိုသိမလဲ?
ဆုရပြီးတော့ရော နောက်ဘယ်လောက်
သူ ဒုက္ခဆက်ခံနေသလဲ?

ဒီပဲယင်းကြုံပြီးတာတောင် သူနောက်ဆုတ်သွားသလား
သူ့အိမ်နားမှာ သေမတတ်ဖြစ်လို့
အိပ်ယာထဲလဲတောင် သူနောက်ဆုတ်သလား?
သူဟာ ဒီမိုကရေစီရေးကြိုးစားမှုရဲ့အလံဗျ
အလံဆိုတာ ဘယ်တော့မှချမနင်းရဘူး

သူ့ကိုဆဲနေသူတွေကို တစ်ခွန်းတည်းမေးမယ်
ခင်ဗျားတို့
ဒီလိုဆဲချင်ရာ လွတ်လွတ်လပ်လပ်ဆဲခွင့်ရအောင်
ဘယ်သူလုပ်ပေးခဲ့တာလဲ?
မြန်မာပြည် ဒီမိုကရေစီရအောင်
ဘယ်သူလုပ်ပေးနေသလဲ?

ဟိုလူကြီးပေးတာဆိုရင်
အဲဒီလိုပေးအောင် ဘယ်သူတွန်းအားပေသလဲ
မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတွေရဲ့
ဦးဆောင်မှု အခန်းကဏ္ဍမှာ ရပ်ပေးခဲ့တာကို
နည်းနည်းမှကျေးဇူးမတင်ဘူးလား။

ဒီမိုကရေစီကို ပေးလို့ရတယ်ဆိုရင်
မြန်မာ့လွတ်လပ်ရေးအတွက်ရော
အက်တလီကိုကျေးဇူးတင်ကြမလား။

လွတ်လပ်ရေးဖခင်ဟာ
ပေးခဲ့ရတဲ့ အက်တလီလား?
ရအောင်အားထုတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလား?

ကိုယ်နဲ့ အမြင်မတူရုံနဲ့
ကျေးဇူးရှင်ကိုဆဲရေး ပုတ်ခတ်ရင်
တစ်ခွန်းတည်းသတိပေးချင်တယ်
ခွေးတောင် ထမင်းကျွေးတဲ့လက်ကို
ဘယ်တော့မှ ပြန်မကိုက်ဘူး။

တနင်္ဂနွေမနက်၉နာရီဗိုလ်စိန်မှန်ကွင်းသို့အင်အားပြကြဖို့ဖိတ်ကြား



ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ တိုင်းပြည်ရဲ့ အသက်၊ အခြေခံ အုတ်မြစ်၊ ပြည်တွင်းစစ်မီးတွေ၊ ပိုပြီး တောက်လောင်စေနိုင်သလို၊ ငြိမ်းချမ်းတဲ့ စိမ်းလန်းခြင်းတွေကိုလည်း တည်ဆောက်နိုင်တဲ့ အရာဖြစ်တယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာဟာ နိုင်ငံသားတိုင်း အတွက် အသက်ရှင် ရပ်တည်မှု အာမခံချက်၊ ကို ဖန်တီးပေးနိုင်သလို လူလို မနေရအောင် အရာရာကို ထိန်းချုပ်စေစား ချည်နှောင်ထားနိုင်တဲ့ လူပြုသော လူ့ဥပါဒ် အဖြစ်လည်း ရောက်နေနိုင်တယ်။
နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံ ဆိုတာကို ရေးဆွဲစဉ်ရော၊ မူကြမ်းချမှတ်စဉ်မှာရော ၊ နည်းအမျိုးမျိုးနဲ့ အတည်ပြု ပြဌားန်းပြီးခဲ့တဲ့ ယနေ့မှာ ..........နိုင်ငံရေး ခေတ်စနစ် အချိန် အခါအရ ရှေ့နောက် မညီမညွတ်ဖြစ်တာ၊ ကွဲလွဲတဲ့ ဆန့်ကျင်ဘက်မျိုးဖြစ်ပေါ်လာတာ၊ လူထု လိုအပ်ချက်ကို ဖြည့်စွမ်းကာကွယ်ပေးဖို့ အားနည်းပျက်ကွက်နေတာတွေ တွေ့ရှိပေါ်ပေါက်ခဲ့ရင် အချိန်နဲ့ တပြေးညီ ပြင်ဆင်တည့်မတ်ပေးဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံသား တဦးချင်းစီရဲ့ ပေါင်းစပ်သော သုံးသပ်တင်ပြမှု အကြံဥာဏ်တိုင်းကို လေးစားစွာနဲ့ ထည့်သွင်း တွက်ချင် သုံးသပ်ရမှာဖြစ်တယ်။
ဘယ်သူ တဦးတယောက်တဖွဲ့ကမှ အခြေခံ ဥပဒေ ကို မပြင်ဆင်နိုင်စေရေး အတွက် အာဏာ လက်နက်နဲ့ ထိန်းချုပ်ခြောက်လှန့်လို့ မရပါ။
ဘယ်တော့ မှ ပြိးပြည့်စုံခြင်း ဆိုတာ မရှိနိုင်တဲ့ လူ့ လိုဘ များ၊ လူတို့ ခေတ် အပြောင်းအရွေ့များ အပေါ် တည်မှီပြီး ကောင်းရာမွန်ရာ ဘေးကင်းလုံခြုံရာ ပတ်ဝန်းကျင်တွေ ခိုင်မာမြဲမြံစေဖို့ အစဉ် မွမ်းမံ ပြင်ဆင် ထိန်းညှိပေးနေရမယ့် လူ့စည်း လူ့ကမ်း လူတို့ လိုက်နာရမယ့် ဥပဒေ ဆိုတာကို အမြဲ မပြတ် ချိန်ညှိ ပဲ့ပြင် နေရမှာဖြစ်တယ်။
အာဏာရှိသော လူတစုက ထင်သလို ရေးဆွဲပြီး လူတစုကပဲ လက်နက်ကိုကိုင်စွဲ သေနက်ပြောင်းဝ က ထွက်တဲ့ အာဏာနဲ့ ဒီဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုရင်တော့ ဓါးပြသူခိုးဂိုဏ်းက ခိုးသားတို့ အတွက် အတူတူ ဖေါက်ပြန်ကြိဖို့ ညီညွတ်ကြစို့ ဆိုတဲ့ ကျင့်ဝတ်သာသာပဲ ဖြစ်နေပေလိမ့်မယ်။
စစ်အစိုးရ တို့ အမွေကို ဆက်ခံ ထိန်းသိမ်းဖို့၊ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်နိုင်ငံသား အားလုံး ရဲ့ အထက်က အရာရာကို ထိန်းချုပ်ပိုင်ခွင့် တရားဝင်ပေးထားတဲ့ ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျနော်တို့ လက်ထက်မှာ အပြီးအပြတ် ပြင်ဆင်မွမ်းမံပြီး အချုပ်အခြာ အာဏာဆိုတာ လူထုထံကသာပဲ ဆင်းသက်ခွင့် ရအောင် ကျနော်တို့ လုပ်ပေးခဲ့ရမယ်။
ဒါကြောင့် အာဏာကို အလွဲသုံးစား မပြုနိုင်ရေး နဲ့ အာဏာရှင် စနစ် မြန်မာ့မြေမှာ နောက်ထပ် တကြိမ် ထပ်မံ မပေါက်ပေါက်နိုင်စေရေး အတွက် အခြေခံ အသေးစိတ် ကွဲလွဲနိုင်ခြေတွေက အစ သတိပြုပြီး ပြင်ဆင်ရေးဆွဲနိုင်ဖို့ လိုပါတယ်။
လူနည်းစုများရဲ့ အခွင့်အရေးကို အာမခံ ကာကွယ်ပေးနိုင်တဲ့ ဥပဒေ မဖြစ်မချင်း ငြိမ်းချမ်းတဲ့ လူ့ဘောင်ဖြစ်ဖို့ အလှမ်း ဝေးနေအုံးမှာဖြစ်သလို၊ ပြည်ထောင်စု နဲ့ ချီတဲ့ တည်ငြိမ်တိုးတက်ဖွံ့ဖြိုးမှု ရည်မှန်းချက်ဆိုတာလည်း မဖြစ်နိုင်ပါ။
ဒါကြောင့် အခြေခံ ဥပဒေ ကို ပြည်ထောင်စု စင်စစ် ၊ ပြည်ထောင်စုတိုင်းရင်းသား အားလုံး အတွက် တပေါင်းတစည်းတည်း ကျစ်လစ်ခိုင်မာတဲ့ ခံယူရပ်တည်ချက် အခွင့်အလမ်းတူမျှမှု၊ ဖယ်ဒရယ် စနစ်အတွက် အခြေခံ စုဖွဲ့မှုတွေ ပေါ်ပေါက်ပါဝင်လာဖို့ ယနေ့ ၂၀၀၈ ခြေဥကို မဖြစ်မနေ ပြင်ဆင်ဖို့ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိလာပါတယ်။
ပြည်သူလူထု အထက်ကနေ တင်စီးဗိုလ်ကျခွင့်ရှိတဲ့ လက်နက်ကိုင် အဖွဲ့ မည်သည့် အဖွဲ့ ရှိနေပါစေ။ ဒီပြည်သူလူထု ဘ၀ ဟာ ဘယ်တော့မှ သာယာငြိမ်းချမ်းမှာ မဟုတ်ပါ။ ဗိုလ်ကျစီးမိုးအထက်က တင်စီးထားခွင့်ကို ဖန်တီးထားတဲ့ ပုဒ်မများစွာ အနက်မှ အခရာကျတဲ့ အခြေခံ ဥပဒေ ပုဒ်မတခုအဖြစ် ပုဒ်မ ၄၃၆ ကို ထောက်ပြလိုပါတယ်။
...................... ပြဌာန်းချက်များ ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ...................ဆိုသည့် ပုဒ်မ တခုထဲနှင့်ပင် သိသာလွန်းနေပါသည်။
ပြည်သူ တရပ်လုံး အထက်က လက်နက်ကိုင် တပ်ဖွဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာနှုန်းကို ထိန်းချုပ်ထားသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သဘောဆန္ဒ မပါလျှင် ဘာမှ ပြင်မရ ဆိုသည်မှာ ပြည်သူတရပ်လုံး ၏ အနာဂတ်ကို သေနက်ပြောင်းဝ နှင့် ယမ်းခိုးအငွေ့ သွေးညှီနံ့ကြားထဲတွင် ထာဝစဉ်ဖိနှိပ် ဗိုလ်ကျ ခြိမ်းခြောက်နိုင်သည့် စစ်အာဏာရှင်တို့ ရည်မှန်းချက်ကို ပြဌာန်း ရေးသားထားခြင်းသာဖြစ်သည်။
ထို့ကြောင့် သေနက်ပြောင်းဝ ထဲတွင် မြုပ်နှံခံထားရသော မိမိတို့ အနာဂတ်များကို ပြန်လည် ဆွဲထုတ် ရယူ ပြီး ပြန်လည် ပိုင်ဆိုင် နိုင်ဖို့ ကျနော်တို့ ပြည်ထောင်စုသား အားလုံး ညီညွတ်ဖို့ လိုပါတယ်။
ကိုယ့် ကံကြမ္မာ ကို ကိုယ်ဖန်တီးနိုင်ဖို့ ယနေ့ မြန်မာနိုင်ငံမှ ၂၀၀၈ စစ်ကျွန်သက်ရှည် အခြေခံ ဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ဖို့ မိမိတို့ နိုင်ငံသား အားလုံးတွင် သမိုင်းပေး တာဝန် ရှိလာပါသည်။
ထို့ကြောင့် ကျနော်တို့သည် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ မနက် (၉) နာရီမှ (၁၁) နာရီ အထိ ဗဟန်းမြို့နယ်၊ အတွင်းရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် စုဝေးပြီး သေနက်ပြောင်းထဲမှ မိမိတို့ အနာဂတ်ကို အတူတူ ၀ိုင်းဝန်းဆွဲထုတ်ရန် ကြိုးစားကြမည်ဖြစ်ပါသည်။

နေမျိုးဇင်

ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့ ယဉ်ကျေးမှုသင်တန်းတက်ရန် ဦးဝင်းတင်တိုက်တွန်း.