Saturday, February 22, 2014

၂၀၀၈ အခြေခံဥပဒေရဲ့ ခွေးတိုးပေါက်

ဦးဝီခွင့်ပြုချက်ကြောင့်ဒေါ်စုသမ္မတဖြစ်တော့မည်

ခွင့်ပြုသည့်ကြွေးကြော်သံ

ကိုနေမျိုးဇင်တို့အဖွဲ့ ဟောပြောမည့်ဖွဲ့စည်းပုံပြင်ရေး ဗိုလ်စိန်မှန်ကွင်း ခွင်ြ့ပုမိန့်ရရှိ

ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကစစ်တပ် ကဗိုလ်ချုပ်အဟောင်းတွေ

ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့  နွေလယ်ခေါင် မှာ မက်တဲ့ ဆောင်းအိမ်မက်


Pretty Honey

သမီးကလေးကျေးရွာ ဖျက်သိမ်းမှုနဲ့  စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က ဘာမှ ဝင်မပြောဘူးလား ဆိုတဲ့ မေးခွန်းတွေ မန့် တွေ နဲ့  ပတ်သက်ပြီး ဟန်နီ နည်းနည်းလောက်ပြောချင်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေက ပဲ စပြီးပြောပါမယ်။

အခန်း (၃) နိုင်ငံတော် အကြီးအကဲ အခန်းကဏ္ဍ ပုဒ်မ (၅၈) မှာ
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

အင်မတန် စိတ်ကူးယဉ်စရာ ကောင်းပါတယ်။ လူတိုင်းလိုချင်တဲ့ အိမ်မက်တဲ့ နေရာတစ်ခုပါ။

ဒီလို ရာထူးနေရာ ရရှိထားပါလျှက်က သမီးကလေးကျေးရွာ ကို တပ်မတော်က အင်အားသုံးပြီးဖျက်ဆီးတဲ့ ကိစ္စမှာ သမ္မတကြီးဦးသိန်းစိန် ရေငုံနှုတ်ပိတ်နေနိုင်တာကတော့ လူတိုင်း မေးခွန်းထုတ်ချင်စရာပါ။

ဒါပေမယ့်

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(၇) တပ်မတော် အခန်းကဏ္ဍ ပုဒ်မ (၃၃၈) မှာ

နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။ ဟု
ပြဌာန်းထားပါတယ်။

အရပ်စကားနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတော် သမ္မတဟာ တပ်မတော်ရဲ့ အောက်မှာပဲ ရှိရမယ် ဆိုတဲ့ သဘောပါ။

နိုင်ငံတော်သမ္မတ တစ်ဦးအနေနဲ့  တပ်မတော်ကိုကျော်ပြီး လုပ်ပိုင်ခွင့် ၊
ဒါမှမဟုတ် တပ်မတော်၏ လုပ်ကိုင်မှုကို တားဆီးပိုင်ခွင့် လုံးဝ မရှိပါဘူး။

နောက်တစ်ခု

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၇) တပ်မတော် အခန်းကဏ္ဍ ပုဒ်မ (၃၄၀) မှာ

တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။ ဟု ပြဌာန်းထားပါသည်။

အဲ့ဒီအချက်က ဘာကိုပြောလဲ ဆိုတော့ ပြည်သူ ပြည်သားတွေကို တပ်မတော်ကပဲ အုပ်ချုပ်မယ် ဆိုတဲ့ သဘောပါ။

နိုင်ငံတော် သမ္မတကလည်း တပ်မတော် လက်အောက်
ပြည်သူ ပြည်သားလဲ တပ်မတော် လက်အောက် ဆိုတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ။

ဒီလို ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့  စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ဆိုတာကတော့ နွေလယ်ခေါင် မှာ မက်တဲ့ ဆောင်းအိမ်မက်ပါ။


အူလယ်လယ်တွေ ထိုးကျွေးခံရတော့မယ်


Somael Celestial

ဘာရယ်တော့မဟုတ်ဘူး အမျိုးသားရေးအရေခြုံ ဗန်းပြ သွေးထိုးနေတဲ့ ဆရာကြီးအကောင့်တွေ တဖြည်းဖြည်းငြိမ်လာသလိုဘဲ။
မသိနားမလည် သူများယောင်လို့ လိုက်ယောင်နေတဲ့ အူလယ်လယ်တွေဘဲ ခုထက်ထိသွေးကြွနေတုန်း။

ကိုယ်ပိုင်အမြင်ပြောပါမယ်။ ပွန်းတွေချကျွေးခံထိတော့ မယ်လို့မြင်တယ်။ ပြောရရင်လူမျိုးရေးဘာသာရေးသွေးထိုးတာ ထင်သလောက်
မအောင်မြင်တော့ဘူး ဆိုတာ ကြည့်သူတိုင်းမြင်ပါမယ်။ ဝေးဝေးမပြောဘူး ဒေါ်စုရဲ့ခရီးစဉ်တွေ နဲ့ ငမြောက်ငခြောက် မျိုးချစ်တို့ရဲ့ပွဲတွေကို ယှဉ်ကြည့်ပါ။

နောက် မျိုးညစ်အုပ်စုတွေဟာ ဘုရားပြီးဖျက်ခံရမယ့်ငြမ်းတွေပါ။ လက်ရှိအခြေအနေအရ ငြမ်းတွေဟာသိပ်အသုံးမကျတော့ပါဘူး။
ဆင်ထားလို့အပိုဘဲလို့ အစိုးရကိုယ်တိုင်ကမြင်လာပုံရတယ်။ ဒီကြားထဲ အစွန်းရောက် မျိုးချစ်အချို့ အထိန်းအကွပ်မဲ့လာတယ်။
အစိုးရရဲ့ပေါ်လစီကိုက ကိုယ့်ပြန်ခြောက်မဲ့မျောက်ကို ဘယ်တုန်းကမှမမွေးတာ လူတိုင်းသိပါတယ်။

ဒါကိုသူတို့အတွင်းလူ Shills တွေ အရေခြုံဆရာကြီးတွေ ကသိပြီး ပွဲရှိန်လျော့ပြီး ကိုယ်ယောင်ဖျောက်ဖို့လုပ်နေပြီ။
ဘာမသိညာမသိ အူလယ်လယ်တွေ ထိုးကျွေးခံရတော့မယ်လို့မြင်နေတယ်။

တပ်မတော်က ဆင်းရဲမွဲတေမှုကို ကူညီလျော့ချမတဲ့