Monday, February 24, 2014

တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် တမလန်းကား(၃)စီး အင်းတော်မြို့နယ်တွင် ဖမ်းဆီးရမိ..




(ဟာဂျူလီ-ကသာ)
*************
၂၄၊၂၊၁၄ရက်နေ့ နံနက်(၆)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်အပိုင် နားရခေါင်ကျေးရွာအနီး အင်းတော်-ကသာကားလမ်းမပေါ်တွင် တမလန်းများတင်ဆောင်လာသည့် ကား(၃)စီးအား ကသာခရိုင်အုပ်ချုပ်ချုပ်ရေးမှူးဦးသက်လွင်
ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်၊ ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ခရိုင်အုပ်ချုပ်ချုပ်ရေးမှူးဦးသက်လွင်အား ဆက်သွယ်မေးမြန်းခဲ့ရာ
" ဟုတ်တယ်၊ဒီမနက်(၆)နာရီက သတင်းအရ ကျွန်တော်နဲ့ ၀န်းသိုမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်ဝေဖြိုးတို့ သွားဖမ်းခဲ့တာပါ၊တစ်စီးကို တမလန်း(၁၃)တန်ပါ ပါတယ်၊စုစုပေါင်း ကား(၃)စီးဖြစ်ပြီး ပိုင်ရှင်က ဦးစိုင်းအောင်လို့ သိရပါတယ်၊ဗန်းမောက်မြို့နယ် မြသီလာက စသယ်
လာတာဖြစ်ပြီး ပါဝင်ပါတ်သက်သူတွေကို ဖေါ်ထုတ်နိုင်ဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်၊ စဖမ်းကတည်းက ပိုင်ရှင်ရဲ့ ထွက်ဆိုချက်တွေကို အသံဖိုင်နဲ့ ရယူထားပြီးဖြစ်ပါတယ်၊ ဒီကားတွေဟာ ဘလိုင်းကြီး ဖြတ်တာ မဟုတ်ဘဲ အပေးအကမ်းတွေနဲ့ဖြတ်တာဖြစ်လို့ ပါဝင်ပါတ်သက်သူတွေ
အားလုံးကို ဖေါ်ထုတ်အရေးယူသွားမှာဖြစ်ပါတယ်"..ဟု ရှင်းလင်းပြောပြခဲ့ပါသည်၊
တရုတ်နိုင်ငံနှင့် နီးစပ်လျှက်ရှိသော မြို့ရွာများတွင် ယခုလို ပြည်ပသို့ ပို့ဆောင်မည့် တမလန်းသစ်များ ပို့ဆောင်မှု အတင့်ရဲလာခြင်းမှာ တရားဥပဒေအရ ပြစ်ဒါဏ်များ နည်းပါး၍ဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက ....
"ပြောရရင် အခုလို ပြည်ပပို့ဆောင်မယ် တမလန်းတွေ မိရင် သွင်းကုန်ထုတ်ကုန်လို ပုဒ်မမျိုး မတပ်ဘဲ သစ်တောအက်လောက်နဲ့ အရေးယူတာကြောင့် ဒီလုပ်ငန်းလုပ်ဆောင်သူတွေဟာ ပိုအတင့်ရဲလာတာဖြစ်ပါတယ်၊ သစ်တောအက်အရ တမလန်းကားတွေ မိရင် ပစ္စည်းသိမ်းပြီး
ဒါဏ်ငွေလေး သောင်းဂဏန်းလောက်နဲ့ ပြီးသွားကြပါတယ်၊ တမလန်းဟာ သစ်မာအုပ်စုဖြစ်လို့ ကျွန်းသစ်လိုမျိုး သယ်ဆောင်လာတဲ့ ယာဉ်ကို နိုင်ငံပိုင်သိမ်းတာမျိုး အမိန့်ချလို့ မရဘူးဖြစ်နေပါတယ်၊ဒါတွေကို မပြင်နိုင်မချင်းကတော့ လွတ်ခဲ့ရင် အမြတ်ဆိုပြီး ဆက်လုပ်နေကြဦးမှာပါပဲ"
ဟုပြောကြားသွားခဲ့ပါသည်၊

ဒီနေ့ကာတွန်း

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးသမိုင်းဝင်မိန့်ခွန်းနှင့် ရုပ်ရှင်မင်းသမီးကြီးလှလှမိုး


 စောဖိုးခွား

``ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။´´ (၁၉၈၈)ခုနှစ်အရေးအခင်းသည် မြန်မာနိုင်ငံတွင် ကျောင်းသား၊ ရဟန်း ရှင်လူပြည်သူလူထု တက်ြွကစွာပါဝင်လှုပ်ရှားခဲ့သည့် ဒီမိုကရေစီတိုက်ပွဲကြီး တစ်ခုပင်ဖြစ်သည်။ (၁၉၈၈)ခုနှစ်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် အမိမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် သမိုင်းဝင်နှစ်တစ်နှစ်လည်းဖြစ်ပေသည်။ (၁၉၈၈)ခုနှစ်အရေးအခင်းကြီးတွင် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတိုက်ပွဲ ၀င်နေကြသည့် ရဟန်းရှင်လူကျောင်းသားပြည်သူအများအပြား အသက် သေဆုံးခဲ့ကြရသည်။ ယင်းသို့ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေကြသူများကို (၁၉၈၈)ခုနှစ်၊ သြဂုတ်လ(၂၄)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ရရှိရေးအတွက် စည်းလုံးညီညွတ်ကြရန် လွတ်လပ်ရေးဖခင်ကြီး၏သမီး တစ်ယောက်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုဌာနအရှေ့ရှိ စာပေအနုပညာရှင်များ၏ စင်မြင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံးမိန့်ခွန်းပြောကြားချိန်တွင် သူမ၏ဘေး၌ အမျိုးသမီးအနုပညာရှင်နှစ်ဦး ကိုတွေ့ရှိရသည်။ ထိုအမျိုးသမီးနှစ်ဦးသည်ကား ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် အကယ်ဒမီခင်သီတာထွန်းနှင့်လှလှမိုးတို့ဖြစ်ကြသည်။ သို့ဖြစ်၍ ထူးထူးခြားခြားမြင်တွေ့ရသည့် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးနှစ်ဦးအနက် ရုပ်ရှင်သရုပ်ဆောင်လှလှမိုးနှင့် (၁၉၈၈)ခုနှစ်အရေးအခင်းအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့သည်။ (၁၉၈၈)ခုနှစ်အရေးအခင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးမှာ ပထမဆုံးပြည်သူတွေကိုမိန့်ခွန်းပြောတော့ အန်တီက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာပါတယ်လို့သိထားတယ်။ ဘယ်လိုဖြစ် ပြီးတော့ အန်တီ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ ဘယ်လို လုပ်ပြီးရှိနေတာလဲ။ (၈၈)အရေးအခင်းဆိုတာ အန်တီတို့အတွက် တစ်ကယ့်ကိုမေ့မရနိုင်ပါဘူး။ (၈)ရက်၊ (၈)လ၊ (၁၉၈၈)ခုနှစ်ဆိုတာကို ဘယ်တော့မှမေ့လို့မရနိုင်ပါဘူး။ အန်တီတို့က သူများထက်ပိုပြီးမေ့လို့မရဘူး။ တစ်နိုင်ငံလုံးမှာ ဆန္ဒတွေပြကြ တော့ ရုပ်ရှင်ကောင်စီမှာ အနုပာာရှင်တွေကလည်း လှုပ်ရှားမယ်ပေါ့။ မြို့ထဲ ကိုသွားဖို့အတွက် အန်တီတို့က ဗဟန်း၊ ၀ကာင်္ပါလမ်းမှာရှိတဲ့ ရုပ်ရှင်ကောင်စီ မှာ စုကြမယ်လေ။ အန်တီက ဘောက်ထော်၊ ပြည်သာယာထဲမှာနေတော့ အန်တီနဲ့အကယ်ဒမီခင်သီတာထွန်းနဲ့က တစ်လမ်းတည်းနေတာလေ။ သူနဲ့ အန်တီအဖော်ရသွားပြီး ရုပ်ရှင်ကောင်စီကို သွားကြမယ်ပေါ့။ အဲဒီအချိန်မှာ အန်တီတို့နဲ့ တစ်လမ်းထဲမှာနေတဲ့ မင်းသားကြီးဦးထွန်းဝေက သူရဲ့ကားလေးနဲ့ ထွက်လာပြီး ဘယ်သွားကြမလို့လဲ သမီးတို့လို့မေးတော့ သမီးတို့ ရုပ်ရှင် ကောင်စီက ချီတက်လမ်းလျှောက်ပွဲကိုသွားမလို့ဆိုတော့ အဲ့ဒါဆိုရင် လေးလေး လိုက်ပို့ပေးမယ် တက်ဆိုပြီး သူ့ကားနဲ့ခေါ်တယ်။ တက်တဲ့အခါမှာ သမီးတို့ ချီတက်ဆန္ဒပြမယ်ဆိုရင် လေးလေးနဲ့လိုက်ခဲ့ပါတဲ့။ လေးလေး ခေါ်သွားမယ် ပေါ့နော်။ လေးလေးက ဘယ်ခေါ်သွားမလဲမေးတော့ လေးလေးက သမီး တို့ကို အမျိုးသမီးတစ်ယောက်ဆီခေါ်သွားမယ်။ ဟိုရောက်ရင် သမီးတို့သိမှာ ပါဆိုပြီး သူက ဘာမှမပြောဘဲခေါ်တော့ လေးလေးဦးထွန်းဝေနဲ့လိုက်သွား ကြတယ်။ လိုက်လည်းလိုက်သွားရော တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တယ်။ အန်တီတို့များ ဘယ်လောက်တုံးလဲဆိုရင် ဒီအိမ်၊ ဒီခြံကြီးကိုမသိဘူး။ အဲဒီ ခြံကြီးထဲကိုဝင်သွားတယ်။ ၀င်သွားတဲ့အချိန်မှာ အထဲကိုရောက်တော့ လေးလေးဦးထွန်းဝေက အခု သမီးတို့ကိုခေါ်လာတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အိမ်ပေါ့။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရောက်နေတယ်။ အဲဒီမှာ အန်တီတို့အံ့သြသွားတယ်။ အန်တီတို့ကိုတွေ့ပြီး မိတ်ဆက်ပေးမယ်လို့ လေးလေးဦးထွန်းဝေကပြောတယ်။ အန်တီရော၊ ခင်သီတာထွန်းရောပေါ့။ ရောက်လည်းရောက်ရော ဒေါ်အောင်ဆန်းစုကြည်က ထွက်လာတယ်။ ထွက် လာတဲ့အချိန်မှာ အန်တီတို့က အရမ်းအံ့သြသွားကြတာပေါ့နော်။ ဒေါ်စုက ပါတိတ်လေးနဲ့အကျီ်အဖြူလက်စကလေးနဲ့ အန်တီ့မျက်စိထဲမှာမှတ်မိနေသေး တယ်။ ဒေါ်စုက အရမ်းကိုချစ်စရာကောင်းတယ်။ လေးစားစရာကောင်းတယ်။ ဒေါ်စုက ထွက်လာတယ်။ သူ့အမျိုးသားမိုက်ကယ်လည်း ပါတယ်။ အန်တီတို့ ကို လေးလေးက မိတ်ဆက်ပေးတော့ သူရော၊ သူ့အမျိုးသားရော အန်တီ တို့ကိုဖက်ပြီးတော့ အနမ်းနဲ့နှုတ်ဆက်ကြတာပေါ့နော်။ အရမ်းလည်း ၀မ်းသာ သွားတယ်။ အရမ်းလည်း ကိုယ့်ကိုယ်ကိုယ် ပီတိဖြစ်တာပေါ့နော်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမည် ပဲ ကြားဖူးတာလေ။ အခုမှ လူကိုယ်တိုင်မြင်တွေ့လိုက်ရတာ။ အဲဒီမှာ ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။ ဒါပေမဲ့ ဒေါ်စုတောင် သတ္တိရှိသေးတာပဲ။ ငါတို့လည်းလုပ်မယ်ပေါ့။ ဒေါ်စုက ညီမလေးတို့ လိုက်ရဲလားဆိုတော့ အန်တီနဲ့ ခင်သီတာထွန်းက လိုက်ရဲတယ်ပေါ့။ အဲဒီမှာ သွားကြမယ်ဆိုပြီး သွားကြတယ်။ တားတဲ့လူတွေကလည်း တားကြတယ်။ တားတဲ့ကြားထဲက သွားကြတယ်။ သွားတဲ့အခါမှာ ဗိုလ်မှူးဦးသော်က၊ ရုပ်ရှင်ဘက်က ဦးအောင်လွင်တို့ပါတယ် ပေါ့။ အဲဒီမှာ အန်တီတို့က ဘာလဲဆိုရင် ခင်သီတာထွန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ညာဘက်က၊ အန်တီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်က လက်တွဲပြီး လူအုပ်ကြီးထဲကိုလျှောက်ရတယ်။ ညာလက်ရုံးနဲ့ ဘယ်လက်ရုံး သဘောမျိုး သုံးယောက်တွဲလျှောက်တယ်။ ကားတွေက သွားလို့မရတော့ မြို့ထဲကို လမ်းလျှောက်ကြတယ်။ လမ်းတစ်လျှောက်မှာ စစ်တပ်ကလည်း အများကြီးပဲ သေနတ်တွေနဲ့။ လူတွေကလည်း ရုတ်ရုတ်သဲသဲပေါ့။ တစ်ကယ့် ကို အန်တီမမေ့နိုင်ဘူး။ အနိဌာရုံမြင်ကွင်းပေါ့။ အန်တီ တစ်သက်နဲ့တစ်ကိုယ် မကြုံဘူးတာ ကြုံရတယ်။ အဲဒီမှာ အံ့သြစရာက ဘေးနားက ပရိသတ် တွေက ဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မသိကြဘူး။ ခင်သီတာထွန်းနဲ့အန်တီ ကိုပဲ ရုပ်ရှင်မင်းသမီးလို့သိထားတော့ ခင်သီတာထွန်း၊ လှလှမိုးဆိုပြီး လက်ခုပ် တီး သြဘာပေးကြတယ်။ အန်တီတို့နှစ်ယောက်ဦးဆောင်ပြီးတရားဟောမယ် လို့ ပရိသတ်ကထင်နေတာပေါ့။ အဲဒီမှာ ဒေါ်စုကို မသိကြဘူး။ ဒေါ်စုကလည်း သာမန်လိုပဲ ၀တ်စားထားတော့။ အဲဒီမှာ ဆေးရုံဝင်းကြီးထဲ ရောက်သွားတယ်။ ဘာစတိတ်မှမရှိဘူး။ တိုင်ကီပုံးပဲရှိတယ်။ တိုင်ကီပုံးအပျက်အဟောင်းကြီးလေ။ အဲ့ဒီအပေါ်တက်ရတယ်။ လူသုံးလေးယောက်ပဲတက်လို့ရတယ်။ ဗိုလ်မှူး သော်ကရယ်၊ ဒေါ်စုရယ်၊ အန်တီရယ်၊ ခင်သီတာထွန်းရယ် တက်တယ်။ ပရိသတ်တွေက အများကြီးပဲ။ အန်တီနဲ့ခင်သီတာထွန်း ဟောပြောပွဲလုပ်မယ် ဆိုပြီး လူတွေက မင်းသမီးတွေ တရားဟောမယ်ဆိုပြီး ပြေးလာကြည့်ကြ တာပေါ့။ စစ်သားတွေကလည်း အများကြီးပဲ။ ဆေးရုံကြီးထဲမှာ ရုတ်ရုတ်သဲ သဲနဲ့။ အဲ့ဒီမှာ ဗိုလ်မှူးသော်ကက ကြေညာတာ။ အခုပြောမယ့်သူကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လို့ပဲပြောရသေးတယ်။ ပရိသတ်တွေက (ဟေး)လို့ အော်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းလို့ပဲပြောရသေးတယ် သူတို့သိသွားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့လည်း ပြောလိုက်ရော ပရိသတ်က လုံးဝထိန်းလို့ ကို မရတော့ဘူး။ လက်ခုပ်သြဘာပေးတာ အန်တီတို့ ကြက်သီးတွေတောင် ဖြန်းဖြန်းထတယ်။ အားပေးလိုက်ကြတာ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ဟောပြောတာလေ အရမ်းကောင်းတယ်။ ပြီးတော့ အန်တီတို့ပြန်လာကြတယ်။ ဒေါ်စုက အန်တီတို့ကို အရမ်းကျေးဇူးတင်တယ်လို့ပြောတယ်။ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် လူထုကိုဟောပြောတော့ရော အန်တီတို့ပါသေးလား။ နောက်တစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဆက်ပြီးဟောတယ်။ အဲ့ဒီနေ့က အန်တီတို့ကိုခေါ်တယ်။ ဒါပေမဲ့ အန်တီတို့က မသွားဖြစ်တော့ဘူး။ မသွားဖြစ် တော့ဘူးဆိုတာ အိမ်က အန်တီအမေကလည်း အမေဆိုတော့ လုံးဝမရဘူး ငိုယိုပြီးတော့ မသွားပါနဲ့သမီးရယ်ဆိုပြီးတားတယ်။ ရွှေတိဂုံဘုရားမှာ ဗုံးထောင် ထားတယ်တို့၊ ဘာတို့ သတင်းတွေက ထွက်နေတော့ ဒေါ်ခင်သီတာထွန်းအိမ် ကလည်း မလွှတ်ဘူး၊ အန်တီအိမ်ကလည်း မလွှတ်ဘူး။ အဲဒီနေ့က မသွား ဖြစ်လိုက်ဘူး။ အန်တီတို့က အရမ်းကိုသွားချင်နေတာကို မသွားလိုက်ရဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ တရားဟောပြီး အန်တီတို့အိမ်ပြန်တော့ အပြန်လမ်းဖြောင့်ရဲ့လား။ အိမ်ပြန်တော့ အေးအေးဆေးဆေးပါပဲ။ ဘာမှတော့ မပြောပါဘူး။ အန်တီတို့ကလည်း ကြောက်မှာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်ခဲ့ တာလေ။ ဒေါ်အောင်ဆန်းစုကြည်တရားဟောဖို့လိုက်သွားတဲ့အချိန်မှာရော အန်တီတို့စိတ်ထဲမှာ ဘယ်လိုခံယူချက်တွေမွေးထားလဲ။ အန်တီကတော့ သေမထူး၊ နေမထူးပါဘဲ။ အလုပ်တစ်ခုကို လုပ်မယ် ဆိုမှတော့ နောက်မဆုတ်တော့ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သွားရတယ် ဆိုတာ အဲဒီအချိန်မှာတော့ သက်စွန့်ဆံဖျားပဲပေါ့။ ကိုယ့်ကိုယ်ကိုယ် သေလည်း သေပါစေ မထူးဘူးဆိုပြီး မှတ်ထားတယ်။ သူတို့သေနတ်နဲ့ ပစ်လည်းပစ် ပေါ့နော်။ ဘ၀မှာ တစ်ခါပဲပေါ့။ သေလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ပဲပေါ့လို့ ခံယူထားတယ်။ အဖေ့သွေးနည်းနည်းပါတယ်လို့ပဲပြောရမယ်။ အဲဒီ အချိန်မှာတော့ မကြောက်တော့ဘူး။ အန်တီရဲ့အဖေကလည်း မော်ကွန်းဝင်ပထမအဆင့်ပဲနော်။ မော်ကွန်းဝင်ပထမအဆင့် သီဟသူရဗိုလ်ရဲချစ်၊ ဦးနေ၀င်းလက်ထက် ကလေ။ နောက်ပိုင်းထွက်လိုက်တာ။ အန်တီအဖေက မင်းဒင်တောင်တိုက်ပွဲ မှာ သီဟသူရဘွဲ့ရတာလေ။ ဦးသန့်အရေးအခင်းတုန်းကလည်း ထိန်းသိမ်းခံခဲ့ရ တယ်။ အန်တီအဖေက ခဏခဏထိန်းသိမ်းခံရတယ်။ ထောင်(၈)နှစ် တစ်ခါ ကျတယ်။ လေးငါးခါ ထိန်းသိမ်းခံခဲ့ရတယ်။ အဖေက တစ်ချိန်လုံးထိန်းသိမ်း ခံနေရတော့ အန်တီတို့မိသားစုက ငယ်ငယ်ကတည်းက ကိုယ့်ဘ၀ကိုယ် ရုန်းကန်လာရတယ်။ တစ်ခါဆို အဖေတင်မဟုတ်ဘူး။ အမေ့ကိုပါ ဆွဲတယ်။ အဲဒီဟာတွေကို (၈၈)မှာ အန်တီက ခံစားချက်ပိုပြင်းသွားတာပေါ့။ မကြောက် လည်းမကြောက်တော့ဘူးလေ။ ကိုယ့်မှာခံစားချက်က ရှိတယ်လေ။ (၈၈)တုန်း ကတော့ သေလည်းသေပါစေပေါ့။ အန်တီတို့ကို ဘယ်သူမှ ဆန္ဒပြတာမှာပါဖို့ မစည်းရုံးဘူး။ ကိုယ့်ခံစားချက်၊ ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ကြတာ၊ ကံကောင်း လို့ မသေတာ။ နိုင်ငံခြားဆိုတာ ခဏတစ်ဖြုတ်ပဲ စိတ်ပြေလက်ပျောက်သွား တာ။ (၈၈)အရေးအခင်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပြန် တွေ့ဖြစ်သေးလား။ (၈၈)အရေးအခင်းနောက်ပိုင်းက ဟိုတစ်လောကမှတွေ့တာ။ ဒေါ်စုနဲ့ တွေ့ချင်တယ်။ တွေ့ချင်ပေမယ့်လည်း အခြေအနေက မပေးခဲ့ဘူး။ ဟိုတစ်လောက ရုပ်ရှင်လောကသားတွေနဲ့တွေ့တော့ (၈၈)တုန်းက ဓာတ်ပုံ လေးကိုပြပြီး မှတ်မိသေးလားမေးတော့ ဒေါ်စုက အရမ်းဦးနှောက်ကောင်းတယ်။ လုံးဝ အန်တီကို ဒေါ်စုကမှတ်မိတယ်။ ညီမလေးရယ် ဘယ်မေ့လို့ရမှာလဲ သိတာပေါ့တဲ့၊ နည်းနည်းဝလာတယ်နော်တဲ့။ အန်တီက ဟိုတုန်းက ပိန်ပိန် လေးလေ။ အန်တီက ဟုတ်တယ် မမ ၀လာတယ်လို့ မမကတော့ ဒီအတိုင်း ပဲနော်လို့ပြောတော့ ဒေါ်စုက မမ အသက်ကြီးသွားပါပြီ၊ အိုသွားပါပြီလို့ပြော တယ်။ ဒေါ်စုနဲ့အမှတ်တရပြန်တွေ့တာပေါ့။ အဲဒီနောက်တော့ ရုပ်ရှင်ပွဲတော် မှာ တစ်ခါတွေ့တယ်။ ဒေါ်စုကို ချီးကျူးတယ်။ အမြဲတမ်း အားပေးကူညီချင် တယ်။ ဒေါ်စုကျန်းမာပါစေလို့ အမြဲဆုတောင်းပေးတယ်။ ဒေါ်စု နိုင်ငံတကာ ကဆုတွေရတာကို အရမ်းဂုဏ်ယူတယ်။ ဒေါ်စုရဲ့လုပ်ရပ်တွေကို အားပေးတယ်၊ ချီးကျူးတယ်။ အဝေးကနေပြီး မေတျာပို့ဆုတောင်းပေးနေတယ်။ အန်တီ အခုနောက်ပိုင်းတော့ နိုင်ငံရေးမလုပ်တော့သလိုပဲ။ နိုင်ငံရေးက မလုပ်ဖြစ်တော့ဘူး။ အဖေ့အတွက် ဘုရား၊ တရား လုပ်ပေးရင်း ကိုယ်လည်း ဘုရား၊ တရားပဲ လုပ်ဖြစ်သွားတာ။ ဘုရား၊ တရားလုပ်တော့ စိတ်အေးချမ်းတည်ငြိမ်တယ်။ နိုင်ငံရေးက နောက်ပိုင်း မလုပ်တော့ဘူး။ ဘုရား၊ တရားနဲ့ပဲ ဖြေတယ်။ (၈၈)အရေးအခင်းမျိုးလို ထပ်ပြီးမဖြစ်စေချင်တော့ဘူး၊ ကြုံလည်းမကြုံချင်တော့ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ နောက်လူအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းလေးရှိစေ ချင်တယ်။ ဘုရားမှာလည်း ဆုတောင်းပါတယ်။ (၈၈)အရေးအခင်းပြီးတော့ အန်တီ နိုင်ငံခြားထွက်သွားသေးတယ် နော်။ အမေရိက သွားလိုက်တယ်။ (၁၀)နှစ်လောက် သွားလိုက်၊ ပြန်လိုက် ပေါ့။ (၁၉၉၃)ခုနှစ်က အင်္ဂလန်သွားတယ်။ (၁၉၉၄)ခုနှစ်မှာ ထိုင်းတို့ဘာတို့ သွားတယ်။ (၁၉၉၈)ခုနှစ်ကနေ(၂၀၀၅)ခုနှစ်အထိက အမေရိကပေါ့။ (၈၈) အရေးအခင်းကြောင့်တော့ နိုင်ငံခြားထွက်တာမဟုတ်ဘူး။ စိတ်ပြေလက်ပျောက် သွားတာ။ အန်တီ နိုင်ငံခြားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းပြီးနေလို့ရတယ်။ ဒါပေမဲ့ အန်တီမလုပ်ဘူး။ ဘာလို့မလုပ်လဲဆိုရင် ကိုယ့်မြန်မာပြည်မှာ ကိုယ့် အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေရှိသေးတယ်လေ။ ပြီးတော့ ကိုယ့် မြန်မာပြည်ပဲကိုယ်ချစ်တယ်လေ။ အန်တီအနေနဲ့ ဒေါ်စုရဲ့ NLD ပါတီမှာရော ပါတီဝင်ထားလား။ NLD ပါတီတော့ မ၀င်ထားပါဘူး။ ဘယ်အဖွဲ့အစည်းမှတော့ မ၀င်ဖြစ် ဘူး။ အခု ကားရိုက်တယ်။ ဘုရား၊ တရားတွေလုပ်တယ်။ ဘာသာရေးနဲ့ ပတ်သက်တာတွေပဲလုပ်ဖြစ်တယ်။ အန်တီရဲ့ညီမတွေတော့ ပါတီလုပ်ကြ တယ်။ အန်တီကတော့ ဟိုဒီသွားလာနေတော့လည်း မလုပ်ဖြစ်တော့ဘူး။ အခုလက်ရှိတော့ အန်တီ အနုပညာအလုပ်တွေပဲပြန်လုပ်နေတာပေါ့ နော်။ အခုနောက်ပိုင်း အနုပညာအလုပ်တွေပဲ ပြန်လုပ်နေတယ်လေ။ တခြား အလုပ်တွေလုပ်လည်းမလုပ်ချင်ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ဒီအနုပညာ ကိုပဲချစ်တယ်။ အနုပညာအလုပ်ပဲ ပြန်လုပ်တယ်။ နိုင်ငံခြားကတော့ သွားရင် အလည်ပဲပေါ့။ အခုတော့ ဘုရား၊ တရားနဲ့ ကောင်းမှုကုသိုလ်ပရဟိတလုပ်ငန်း တွေလုပ်တယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့က အန်တီတို့ဆရာတော်ကြီးတွေ ရဲ့ သာသနာပြုလုပ်ငန်းတွေမှာပါဝင်ပြီးလုပ်နေတယ်။ အခုလိုဖြေကြားပေးတဲ့အန်တီ့ကို အထူးကျေးဖူးတင်ပါတယ်။ စောဖိုးခွားမေးမြန်းသည်။ (၂၀၁၃)ခုနှစ် သြဂုတ်လ ကထုတ်ဝေခဲ့သော မော်နီတာ သတင်းဂျာနယ်၏ (၈)လေးလုံး အရေးတော်ပုံ ငွေရတုပြည့်နှစ်ပတ်လည် အထူးထုတ် မှတ်တမ်းတွင် ဖော်ပြပြီး။ photo.(၈၈)နောက်ပိုင်းရုပ်ရှင်မင်းသမီးကြီးလှလှမိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို့ပြန်လည်တွေ့ခွင့်ရခဲ့စဉ်အမှတ်တရ။ မူရင်း... စောဖိုးခွား , Saw Phoe Kwar ပြန်လည်မျှဝေပေးပါတယ် လေးစားလျက် 25-02-2014
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးသမိုင်းဝင်မိန့်ခွန်းနှင့် ရုပ်ရှင်မင်းသမီးကြီးလှလှမိုး

``ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။´´

(၁၉၈၈)ခုနှစ်အရေးအခင်းသည် မြန်မာနိုင်ငံတွင် ကျောင်းသား၊ ရဟန်း ရှင်လူပြည်သူလူထု တက်ြွကစွာပါဝင်လှုပ်ရှားခဲ့သည့် ဒီမိုကရေစီတိုက်ပွဲကြီး တစ်ခုပင်ဖြစ်သည်။ (၁၉၈၈)ခုနှစ်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် အမိမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် သမိုင်းဝင်နှစ်တစ်နှစ်လည်းဖြစ်ပေသည်။ (၁၉၈၈)ခုနှစ်အရေးအခင်းကြီးတွင် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတိုက်ပွဲ ၀င်နေကြသည့် ရဟန်းရှင်လူကျောင်းသားပြည်သူအများအပြား အသက် သေဆုံးခဲ့ကြရသည်။ ယင်းသို့ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေကြသူများကို (၁၉၈၈)ခုနှစ်၊ သြဂုတ်လ(၂၄)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ရရှိရေးအတွက် စည်းလုံးညီညွတ်ကြရန် လွတ်လပ်ရေးဖခင်ကြီး၏သမီး တစ်ယောက်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုဌာနအရှေ့ရှိ စာပေအနုပညာရှင်များ၏ စင်မြင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံးမိန့်ခွန်းပြောကြားချိန်တွင် သူမ၏ဘေး၌ အမျိုးသမီးအနုပညာရှင်နှစ်ဦး ကိုတွေ့ရှိရသည်။ ထိုအမျိုးသမီးနှစ်ဦးသည်ကား ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် အကယ်ဒမီခင်သီတာထွန်းနှင့်လှလှမိုးတို့ဖြစ်ကြသည်။ သို့ဖြစ်၍ ထူးထူးခြားခြားမြင်တွေ့ရသည့် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးနှစ်ဦးအနက် ရုပ်ရှင်သရုပ်ဆောင်လှလှမိုးနှင့် (၁၉၈၈)ခုနှစ်အရေးအခင်းအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့သည်။

(၁၉၈၈)ခုနှစ်အရေးအခင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးမှာ ပထမဆုံးပြည်သူတွေကိုမိန့်ခွန်းပြောတော့ အန်တီက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာပါတယ်လို့သိထားတယ်။ ဘယ်လိုဖြစ် ပြီးတော့ အန်တီ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ ဘယ်လို လုပ်ပြီးရှိနေတာလဲ။

(၈၈)အရေးအခင်းဆိုတာ အန်တီတို့အတွက် တစ်ကယ့်ကိုမေ့မရနိုင်ပါဘူး။ (၈)ရက်၊ (၈)လ၊ (၁၉၈၈)ခုနှစ်ဆိုတာကို ဘယ်တော့မှမေ့လို့မရနိုင်ပါဘူး။ အန်တီတို့က သူများထက်ပိုပြီးမေ့လို့မရဘူး။ တစ်နိုင်ငံလုံးမှာ ဆန္ဒတွေပြကြ တော့ ရုပ်ရှင်ကောင်စီမှာ အနုပာာရှင်တွေကလည်း လှုပ်ရှားမယ်ပေါ့။ မြို့ထဲ ကိုသွားဖို့အတွက် အန်တီတို့က ဗဟန်း၊ ၀ကာင်္ပါလမ်းမှာရှိတဲ့ ရုပ်ရှင်ကောင်စီ မှာ စုကြမယ်လေ။ အန်တီက ဘောက်ထော်၊ ပြည်သာယာထဲမှာနေတော့ အန်တီနဲ့အကယ်ဒမီခင်သီတာထွန်းနဲ့က တစ်လမ်းတည်းနေတာလေ။ သူနဲ့ အန်တီအဖော်ရသွားပြီး ရုပ်ရှင်ကောင်စီကို သွားကြမယ်ပေါ့။ အဲဒီအချိန်မှာ အန်တီတို့နဲ့ တစ်လမ်းထဲမှာနေတဲ့ မင်းသားကြီးဦးထွန်းဝေက သူရဲ့ကားလေးနဲ့ ထွက်လာပြီး ဘယ်သွားကြမလို့လဲ သမီးတို့လို့မေးတော့ သမီးတို့ ရုပ်ရှင် ကောင်စီက ချီတက်လမ်းလျှောက်ပွဲကိုသွားမလို့ဆိုတော့ အဲ့ဒါဆိုရင် လေးလေး လိုက်ပို့ပေးမယ် တက်ဆိုပြီး သူ့ကားနဲ့ခေါ်တယ်။ တက်တဲ့အခါမှာ သမီးတို့ ချီတက်ဆန္ဒပြမယ်ဆိုရင် လေးလေးနဲ့လိုက်ခဲ့ပါတဲ့။ လေးလေး ခေါ်သွားမယ် ပေါ့နော်။ လေးလေးက ဘယ်ခေါ်သွားမလဲမေးတော့ လေးလေးက သမီး တို့ကို အမျိုးသမီးတစ်ယောက်ဆီခေါ်သွားမယ်။ ဟိုရောက်ရင် သမီးတို့သိမှာ ပါဆိုပြီး သူက ဘာမှမပြောဘဲခေါ်တော့ လေးလေးဦးထွန်းဝေနဲ့လိုက်သွား ကြတယ်။ လိုက်လည်းလိုက်သွားရော တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တယ်။ အန်တီတို့များ ဘယ်လောက်တုံးလဲဆိုရင် ဒီအိမ်၊ ဒီခြံကြီးကိုမသိဘူး။ အဲဒီ ခြံကြီးထဲကိုဝင်သွားတယ်။ ၀င်သွားတဲ့အချိန်မှာ အထဲကိုရောက်တော့ လေးလေးဦးထွန်းဝေက အခု သမီးတို့ကိုခေါ်လာတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အိမ်ပေါ့။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရောက်နေတယ်။ အဲဒီမှာ အန်တီတို့အံ့သြသွားတယ်။ အန်တီတို့ကိုတွေ့ပြီး မိတ်ဆက်ပေးမယ်လို့ လေးလေးဦးထွန်းဝေကပြောတယ်။ အန်တီရော၊ ခင်သီတာထွန်းရောပေါ့။ ရောက်လည်းရောက်ရော ဒေါ်အောင်ဆန်းစုကြည်က ထွက်လာတယ်။ ထွက် လာတဲ့အချိန်မှာ အန်တီတို့က အရမ်းအံ့သြသွားကြတာပေါ့နော်။ ဒေါ်စုက ပါတိတ်လေးနဲ့အကျီ်အဖြူလက်စကလေးနဲ့ အန်တီ့မျက်စိထဲမှာမှတ်မိနေသေး တယ်။ ဒေါ်စုက အရမ်းကိုချစ်စရာကောင်းတယ်။ လေးစားစရာကောင်းတယ်။ ဒေါ်စုက ထွက်လာတယ်။ သူ့အမျိုးသားမိုက်ကယ်လည်း ပါတယ်။ အန်တီတို့ ကို လေးလေးက မိတ်ဆက်ပေးတော့ သူရော၊ သူ့အမျိုးသားရော အန်တီ တို့ကိုဖက်ပြီးတော့ အနမ်းနဲ့နှုတ်ဆက်ကြတာပေါ့နော်။ အရမ်းလည်း ၀မ်းသာ သွားတယ်။ အရမ်းလည်း ကိုယ့်ကိုယ်ကိုယ် ပီတိဖြစ်တာပေါ့နော်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမည် ပဲ ကြားဖူးတာလေ။ အခုမှ လူကိုယ်တိုင်မြင်တွေ့လိုက်ရတာ။ အဲဒီမှာ ဒေါ်စုက အစ်မနဲ့ဟောပြောပွဲသွားမယ်၊ ညီမလေးတို့လိုက်မလားဆိုတော့ လိုက်ပါ့မယ်ဆိုပြီးလိုက်သွားတယ်။ အန်တီတို့ တရားဟောသွားဖို့စထွက်မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းဝင်လာတယ်။ ဖုန်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်သွားပြီး တရားဟောမှာကို မသွားခိုင်းဘူး တား တယ်။ သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုက်တာလုပ် သွားမယ်လို့ပြောတယ်။ အဲဒီမှာ အန်တီတို့ နည်းနည်းတော့ လန့်သွားတာပေါ့။ ဒါပေမဲ့ ဒေါ်စုတောင် သတ္တိရှိသေးတာပဲ။ ငါတို့လည်းလုပ်မယ်ပေါ့။ ဒေါ်စုက ညီမလေးတို့ လိုက်ရဲလားဆိုတော့ အန်တီနဲ့ ခင်သီတာထွန်းက လိုက်ရဲတယ်ပေါ့။ အဲဒီမှာ သွားကြမယ်ဆိုပြီး သွားကြတယ်။ တားတဲ့လူတွေကလည်း တားကြတယ်။ တားတဲ့ကြားထဲက သွားကြတယ်။ သွားတဲ့အခါမှာ ဗိုလ်မှူးဦးသော်က၊ ရုပ်ရှင်ဘက်က ဦးအောင်လွင်တို့ပါတယ် ပေါ့။ အဲဒီမှာ အန်တီတို့က ဘာလဲဆိုရင် ခင်သီတာထွန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ညာဘက်က၊ အန်တီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်က လက်တွဲပြီး လူအုပ်ကြီးထဲကိုလျှောက်ရတယ်။ ညာလက်ရုံးနဲ့ ဘယ်လက်ရုံး သဘောမျိုး သုံးယောက်တွဲလျှောက်တယ်။ ကားတွေက သွားလို့မရတော့ မြို့ထဲကို လမ်းလျှောက်ကြတယ်။ လမ်းတစ်လျှောက်မှာ စစ်တပ်ကလည်း အများကြီးပဲ သေနတ်တွေနဲ့။ လူတွေကလည်း ရုတ်ရုတ်သဲသဲပေါ့။ တစ်ကယ့် ကို အန်တီမမေ့နိုင်ဘူး။ အနိဌာရုံမြင်ကွင်းပေါ့။ အန်တီ တစ်သက်နဲ့တစ်ကိုယ် မကြုံဘူးတာ ကြုံရတယ်။ အဲဒီမှာ အံ့သြစရာက ဘေးနားက ပရိသတ် တွေက ဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မသိကြဘူး။ ခင်သီတာထွန်းနဲ့အန်တီ ကိုပဲ ရုပ်ရှင်မင်းသမီးလို့သိထားတော့ ခင်သီတာထွန်း၊ လှလှမိုးဆိုပြီး လက်ခုပ် တီး သြဘာပေးကြတယ်။ အန်တီတို့နှစ်ယောက်ဦးဆောင်ပြီးတရားဟောမယ် လို့ ပရိသတ်ကထင်နေတာပေါ့။ အဲဒီမှာ ဒေါ်စုကို မသိကြဘူး။ ဒေါ်စုကလည်း သာမန်လိုပဲ ၀တ်စားထားတော့။ အဲဒီမှာ ဆေးရုံဝင်းကြီးထဲ ရောက်သွားတယ်။ ဘာစတိတ်မှမရှိဘူး။ တိုင်ကီပုံးပဲရှိတယ်။ တိုင်ကီပုံးအပျက်အဟောင်းကြီးလေ။ အဲ့ဒီအပေါ်တက်ရတယ်။ လူသုံးလေးယောက်ပဲတက်လို့ရတယ်။ ဗိုလ်မှူး သော်ကရယ်၊ ဒေါ်စုရယ်၊ အန်တီရယ်၊ ခင်သီတာထွန်းရယ် တက်တယ်။ ပရိသတ်တွေက အများကြီးပဲ။ အန်တီနဲ့ခင်သီတာထွန်း ဟောပြောပွဲလုပ်မယ် ဆိုပြီး လူတွေက မင်းသမီးတွေ တရားဟောမယ်ဆိုပြီး ပြေးလာကြည့်ကြ တာပေါ့။ စစ်သားတွေကလည်း အများကြီးပဲ။ ဆေးရုံကြီးထဲမှာ ရုတ်ရုတ်သဲ သဲနဲ့။ အဲ့ဒီမှာ ဗိုလ်မှူးသော်ကက ကြေညာတာ။ အခုပြောမယ့်သူကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လို့ပဲပြောရသေးတယ်။ ပရိသတ်တွေက (ဟေး)လို့ အော်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းလို့ပဲပြောရသေးတယ် သူတို့သိသွားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့လည်း ပြောလိုက်ရော ပရိသတ်က လုံးဝထိန်းလို့ ကို မရတော့ဘူး။ လက်ခုပ်သြဘာပေးတာ အန်တီတို့ ကြက်သီးတွေတောင် ဖြန်းဖြန်းထတယ်။ အားပေးလိုက်ကြတာ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ဟောပြောတာလေ အရမ်းကောင်းတယ်။ ပြီးတော့ အန်တီတို့ပြန်လာကြတယ်။ ဒေါ်စုက အန်တီတို့ကို အရမ်းကျေးဇူးတင်တယ်လို့ပြောတယ်။

ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် လူထုကိုဟောပြောတော့ရော အန်တီတို့ပါသေးလား။

နောက်တစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဆက်ပြီးဟောတယ်။ အဲ့ဒီနေ့က အန်တီတို့ကိုခေါ်တယ်။ ဒါပေမဲ့ အန်တီတို့က မသွားဖြစ်တော့ဘူး။ မသွားဖြစ် တော့ဘူးဆိုတာ အိမ်က အန်တီအမေကလည်း အမေဆိုတော့ လုံးဝမရဘူး ငိုယိုပြီးတော့ မသွားပါနဲ့သမီးရယ်ဆိုပြီးတားတယ်။ ရွှေတိဂုံဘုရားမှာ ဗုံးထောင် ထားတယ်တို့၊ ဘာတို့ သတင်းတွေက ထွက်နေတော့ ဒေါ်ခင်သီတာထွန်းအိမ် ကလည်း မလွှတ်ဘူး၊ အန်တီအိမ်ကလည်း မလွှတ်ဘူး။ အဲဒီနေ့က မသွား ဖြစ်လိုက်ဘူး။ အန်တီတို့က အရမ်းကိုသွားချင်နေတာကို မသွားလိုက်ရဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ တရားဟောပြီး အန်တီတို့အိမ်ပြန်တော့ အပြန်လမ်းဖြောင့်ရဲ့လား။

အိမ်ပြန်တော့ အေးအေးဆေးဆေးပါပဲ။ ဘာမှတော့ မပြောပါဘူး။ အန်တီတို့ကလည်း ကြောက်မှာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်ခဲ့ တာလေ။

ဒေါ်အောင်ဆန်းစုကြည်တရားဟောဖို့လိုက်သွားတဲ့အချိန်မှာရော အန်တီတို့စိတ်ထဲမှာ ဘယ်လိုခံယူချက်တွေမွေးထားလဲ။

အန်တီကတော့ သေမထူး၊ နေမထူးပါဘဲ။ အလုပ်တစ်ခုကို လုပ်မယ် ဆိုမှတော့ နောက်မဆုတ်တော့ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သွားရတယ် ဆိုတာ အဲဒီအချိန်မှာတော့ သက်စွန့်ဆံဖျားပဲပေါ့။ ကိုယ့်ကိုယ်ကိုယ် သေလည်း သေပါစေ မထူးဘူးဆိုပြီး မှတ်ထားတယ်။ သူတို့သေနတ်နဲ့ ပစ်လည်းပစ် ပေါ့နော်။ ဘ၀မှာ တစ်ခါပဲပေါ့။ သေလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ပဲပေါ့လို့ ခံယူထားတယ်။ အဖေ့သွေးနည်းနည်းပါတယ်လို့ပဲပြောရမယ်။ အဲဒီ အချိန်မှာတော့ မကြောက်တော့ဘူး။

အန်တီရဲ့အဖေကလည်း မော်ကွန်းဝင်ပထမအဆင့်ပဲနော်။

မော်ကွန်းဝင်ပထမအဆင့် သီဟသူရဗိုလ်ရဲချစ်၊ ဦးနေ၀င်းလက်ထက် ကလေ။ နောက်ပိုင်းထွက်လိုက်တာ။ အန်တီအဖေက မင်းဒင်တောင်တိုက်ပွဲ မှာ သီဟသူရဘွဲ့ရတာလေ။ ဦးသန့်အရေးအခင်းတုန်းကလည်း ထိန်းသိမ်းခံခဲ့ရ တယ်။ အန်တီအဖေက ခဏခဏထိန်းသိမ်းခံရတယ်။ ထောင်(၈)နှစ် တစ်ခါ ကျတယ်။ လေးငါးခါ ထိန်းသိမ်းခံခဲ့ရတယ်။ အဖေက တစ်ချိန်လုံးထိန်းသိမ်း ခံနေရတော့ အန်တီတို့မိသားစုက ငယ်ငယ်ကတည်းက ကိုယ့်ဘ၀ကိုယ် ရုန်းကန်လာရတယ်။ တစ်ခါဆို အဖေတင်မဟုတ်ဘူး။ အမေ့ကိုပါ ဆွဲတယ်။ အဲဒီဟာတွေကို (၈၈)မှာ အန်တီက ခံစားချက်ပိုပြင်းသွားတာပေါ့။ မကြောက် လည်းမကြောက်တော့ဘူးလေ။ ကိုယ့်မှာခံစားချက်က ရှိတယ်လေ။ (၈၈)တုန်း ကတော့ သေလည်းသေပါစေပေါ့။ အန်တီတို့ကို ဘယ်သူမှ ဆန္ဒပြတာမှာပါဖို့ မစည်းရုံးဘူး။ ကိုယ့်ခံစားချက်၊ ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ကြတာ၊ ကံကောင်း လို့ မသေတာ။ နိုင်ငံခြားဆိုတာ ခဏတစ်ဖြုတ်ပဲ စိတ်ပြေလက်ပျောက်သွား တာ။

(၈၈)အရေးအခင်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပြန် တွေ့ဖြစ်သေးလား။

(၈၈)အရေးအခင်းနောက်ပိုင်းက ဟိုတစ်လောကမှတွေ့တာ။ ဒေါ်စုနဲ့ တွေ့ချင်တယ်။ တွေ့ချင်ပေမယ့်လည်း အခြေအနေက မပေးခဲ့ဘူး။ ဟိုတစ်လောက ရုပ်ရှင်လောကသားတွေနဲ့တွေ့တော့ (၈၈)တုန်းက ဓာတ်ပုံ လေးကိုပြပြီး မှတ်မိသေးလားမေးတော့ ဒေါ်စုက အရမ်းဦးနှောက်ကောင်းတယ်။ လုံးဝ အန်တီကို ဒေါ်စုကမှတ်မိတယ်။ ညီမလေးရယ် ဘယ်မေ့လို့ရမှာလဲ သိတာပေါ့တဲ့၊ နည်းနည်းဝလာတယ်နော်တဲ့။ အန်တီက ဟိုတုန်းက ပိန်ပိန် လေးလေ။ အန်တီက ဟုတ်တယ် မမ ၀လာတယ်လို့ မမကတော့ ဒီအတိုင်း ပဲနော်လို့ပြောတော့ ဒေါ်စုက မမ အသက်ကြီးသွားပါပြီ၊ အိုသွားပါပြီလို့ပြော တယ်။ ဒေါ်စုနဲ့အမှတ်တရပြန်တွေ့တာပေါ့။ အဲဒီနောက်တော့ ရုပ်ရှင်ပွဲတော် မှာ တစ်ခါတွေ့တယ်။ ဒေါ်စုကို ချီးကျူးတယ်။ အမြဲတမ်း အားပေးကူညီချင် တယ်။ ဒေါ်စုကျန်းမာပါစေလို့ အမြဲဆုတောင်းပေးတယ်။ ဒေါ်စု နိုင်ငံတကာ ကဆုတွေရတာကို အရမ်းဂုဏ်ယူတယ်။ ဒေါ်စုရဲ့လုပ်ရပ်တွေကို အားပေးတယ်၊ ချီးကျူးတယ်။ အဝေးကနေပြီး မေတျာပို့ဆုတောင်းပေးနေတယ်။

အန်တီ အခုနောက်ပိုင်းတော့ နိုင်ငံရေးမလုပ်တော့သလိုပဲ။

နိုင်ငံရေးက မလုပ်ဖြစ်တော့ဘူး။ အဖေ့အတွက် ဘုရား၊ တရား လုပ်ပေးရင်း ကိုယ်လည်း ဘုရား၊ တရားပဲ လုပ်ဖြစ်သွားတာ။ ဘုရား၊ တရားလုပ်တော့ စိတ်အေးချမ်းတည်ငြိမ်တယ်။ နိုင်ငံရေးက နောက်ပိုင်း မလုပ်တော့ဘူး။ ဘုရား၊ တရားနဲ့ပဲ ဖြေတယ်။ (၈၈)အရေးအခင်းမျိုးလို ထပ်ပြီးမဖြစ်စေချင်တော့ဘူး၊ ကြုံလည်းမကြုံချင်တော့ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ နောက်လူအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းလေးရှိစေ ချင်တယ်။ ဘုရားမှာလည်း ဆုတောင်းပါတယ်။

(၈၈)အရေးအခင်းပြီးတော့ အန်တီ နိုင်ငံခြားထွက်သွားသေးတယ် နော်။

အမေရိက သွားလိုက်တယ်။ (၁၀)နှစ်လောက် သွားလိုက်၊ ပြန်လိုက် ပေါ့။ (၁၉၉၃)ခုနှစ်က အင်္ဂလန်သွားတယ်။ (၁၉၉၄)ခုနှစ်မှာ ထိုင်းတို့ဘာတို့ သွားတယ်။ (၁၉၉၈)ခုနှစ်ကနေ(၂၀၀၅)ခုနှစ်အထိက အမေရိကပေါ့။ (၈၈) အရေးအခင်းကြောင့်တော့ နိုင်ငံခြားထွက်တာမဟုတ်ဘူး။ စိတ်ပြေလက်ပျောက် သွားတာ။ အန်တီ နိုင်ငံခြားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းပြီးနေလို့ရတယ်။ ဒါပေမဲ့ အန်တီမလုပ်ဘူး။ ဘာလို့မလုပ်လဲဆိုရင် ကိုယ့်မြန်မာပြည်မှာ ကိုယ့် အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေရှိသေးတယ်လေ။ ပြီးတော့ ကိုယ့် မြန်မာပြည်ပဲကိုယ်ချစ်တယ်လေ။

အန်တီအနေနဲ့ ဒေါ်စုရဲ့ NLD ပါတီမှာရော ပါတီဝင်ထားလား။

NLD ပါတီတော့ မ၀င်ထားပါဘူး။ ဘယ်အဖွဲ့အစည်းမှတော့ မ၀င်ဖြစ် ဘူး။ အခု ကားရိုက်တယ်။ ဘုရား၊ တရားတွေလုပ်တယ်။ ဘာသာရေးနဲ့ ပတ်သက်တာတွေပဲလုပ်ဖြစ်တယ်။ အန်တီရဲ့ညီမတွေတော့ ပါတီလုပ်ကြ တယ်။ အန်တီကတော့ ဟိုဒီသွားလာနေတော့လည်း မလုပ်ဖြစ်တော့ဘူး။

အခုလက်ရှိတော့ အန်တီ အနုပညာအလုပ်တွေပဲပြန်လုပ်နေတာပေါ့ နော်။

အခုနောက်ပိုင်း အနုပညာအလုပ်တွေပဲ ပြန်လုပ်နေတယ်လေ။ တခြား အလုပ်တွေလုပ်လည်းမလုပ်ချင်ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ဒီအနုပညာ ကိုပဲချစ်တယ်။ အနုပညာအလုပ်ပဲ ပြန်လုပ်တယ်။ နိုင်ငံခြားကတော့ သွားရင် အလည်ပဲပေါ့။ အခုတော့ ဘုရား၊ တရားနဲ့ ကောင်းမှုကုသိုလ်ပရဟိတလုပ်ငန်း တွေလုပ်တယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့က အန်တီတို့ဆရာတော်ကြီးတွေ ရဲ့ သာသနာပြုလုပ်ငန်းတွေမှာပါဝင်ပြီးလုပ်နေတယ်။

အခုလိုဖြေကြားပေးတဲ့အန်တီ့ကို အထူးကျေးဖူးတင်ပါတယ်။

စောဖိုးခွားမေးမြန်းသည်။

(၂၀၁၃)ခုနှစ် သြဂုတ်လ ကထုတ်ဝေခဲ့သော မော်နီတာ သတင်းဂျာနယ်၏ (၈)လေးလုံး အရေးတော်ပုံ ငွေရတုပြည့်နှစ်ပတ်လည် အထူးထုတ် မှတ်တမ်းတွင် ဖော်ပြပြီး။

(၈၈)နောက်ပိုင်းရုပ်ရှင်မင်းသမီးကြီးလှလှမိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို့ပြန်လည်တွေ့ခွင့်ရခဲ့စဉ်အမှတ်တရ။


ခြေဥပြင်မှာကိုဟန့်တားရင်ဆန္ဒပြမှုပိုဖြစ်နိုင်

ကျိုက္ခမီေ၇လယ်ဘု၇ားတွင် ငါးကြီးတကောင်ဖမ်းမိ



Thar Ngelay
 Ratfish=The ratfish is a type of chimaera, a group of deep-water fish related to sharks.
The ratfish is characterized by a long tail and a poisonous spine in front of the dorsal fin.

Tip Money ပါထည့်ရေးတာတရားဝင်လုပ်နေပြီလား



ဒဲ့ ဟစ်

ခရိုနီအတွက်လား၊နိုင်ငံတော်အတွက်လား
======================
CRONY ဦးချစ်ခိုင်ပိုင်ကန်တော်ကြီးပန်းခြံမှာဖွင့်ထားတဲ့ SIGNATURE စားသောက်ဆိုင်မှာလူ
ကြီး ၁၂ ယောက်နဲ့ကလေး ၃ ယောက်နံနက်စာBreakfast စားတာ(130000)ကျပ်နီးပါးကျတယ်။
ဈေးနှုံးတွေကလန်ထွက်နေတယ်။ဖတ်သာကြည့်ပါတော့ဗျာ။
အဆိုးဆုံးကစားသုံးဆီကကုန်သွယ်ခွန်ကောက်ယူတာလုပ်နည်းလုပ်ဟန်လွဲနေတယ်။
နိုင်ငံတော်ကိုမသွင်းဘဲစားသောက်ဆိုင်ကအလွဲသုံးစားလုပ်လို့ရနေတယ်။
ထိုင်စရာနေရာလွတ်မရှိအောင်ရောင်းနေရတဲ့ဆိုင်တွေပါ။
အခွန်ဌာနကတာဝန်ရှိသူတွေကြည့်လုပ်ကြပါအုန်း။
ပြည်သူကပေးရတဲ့အခွန်ကနိုင်ငံတော်အတွက်လား၊ခရိုနီအတွက်လား ။

ဒီနေ့ ဟောင်ကောင်ကိုအိမ်ဖော်အကူအလုပ်နဲ့သွားကြတဲ့မြန်မာမလေး ၂၀၀ဦး

http://www.scmp.com/news/hong-kong/article/1433980/pictures-first-domestic-workers-myanmar-arrive-hong-kong-amid
Coko Dmoe


ယနေု့ပြုလုပ်သော ပြည်သူလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတကာတန်းတူ အမျိုးသမီးဝန်ကြီးဌာနတခုဖွင့်လှစ်၇န် ချင်းအမျိုးသား ဒီမိုက၇က်တစ် အမတ်ဒေါ်ဇာတာလဲမ်း မှတောင်းဆို၇ာ ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်ကပယ်ချခဲ့သည်။



Indonesian domestic helper Erwiana Sulistyaningsih returned home with “cuts, burns and bruises” all over her body on January 10, and has since accused her Hong Kong employer of inflicting the abuse. A 44-year-old woman was charged last month in connection with the alleged abuse of Erwiana and two other Indonesian domestic helpers. Doctors discharged injured Erwiana on February 4 after a stay of nearly a month in a hospital in the town of Sragen in Central Java.

ကြံဖွတ်ကရွာအပိုင်ရှိသတဲ့လား

ဦးရွှေမန်းလက်နှစ်ဖက်လုံးနဲ့ ကြုံးပြီး ၀ါး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း



The Voice


Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။

UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေ တာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ်တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ် ဆိုရင် ပြင်ရမှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။

Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။

UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။

UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”

Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက် ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ် ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ်ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံ ဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက် အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။

Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။

UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။

Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။

UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။

Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါသလား။

UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။

ဦးဝီရသူကဒေါ်စုကိုဂိုဏ်းချူပ်ကြီးပဲလုပ်စေလိုပြန်

သမ္မတရုံး ဘတ်ဂျက် ၁၅ ဘီလီယံ သုံးမည်



    By ဒီဗွီဘီ
    24 February 2014

ပြီးခဲ့တဲ့နှစ်က သမ္မတရုံးအသုံးစရိတ် ကျပ်ငွေ ၁၁ ဘီလီယံကျော်ပဲ ရှိရာကနေ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ သမ္မတနဲ့ အစိုးရအဖွဲ့ လစာ တိုးမြှင့်ရယူမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေထား သုံးစွဲမယ့်ကိစ္စတွေ ရှိလာတဲ့အတွက် ကျပ်ငွေ ၄ ဘီလီယံနီးပါး တိုးမြှင့်ပြီး ကျပ်ငွေ ၁၅ ဘီလီယံကျော်သုံးစွဲမယ့်ကိစ္စဟာ သင့်တော်ပါကြောင်း လွှတ်တော်ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောပါတယ်။

president office logoဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘတ်ဂျက်ထဲမှာ လာမယ့် ဧပြီကစ သမ္မတဟာ လက်ရှိ လစာ ကျပ် ၁၅ သိန်းအစား၊ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ၁ လ ကျပ် သိန်း ၅၀ ခံစားမှာ ဖြစ်ပြီး အခြားဒုသမ္မတနဲ့ ၀န်ကြီး ဒုဝန်ကြီးတွေကလည်း လစာ တိုးမြှင့်ခံစားကြမှာ ဖြစ်သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျပ်ငွေ ၄ ဘီလီယံ လျာထားတယ်လို့ ဘတ်ဂျက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

မှားရင်ပါးရိုက်ခံရတာတရားဝင်လား

7Day ဘယ်ဒိုင်ကိုမှလည်း မတောင်းပန်ခဲ့ဘူး၊၊ အဲဒီကိစ္စဖြစ်ပြီးကတည်းက ခရီးထွက်နေ တာ၊၊ တောင်းပန်တယ်လို့ရေးတဲ့ ဂျာနေယ်တွေကိုလည်း တရားစွဲဖို့ လုပ်နေတယ်၊၊ စည်းကမ်း ထိန်းသိမ်းရေးက ချတဲ့ဒဏ်ငွေကိုလည်း မပေးနိုင်ဘူးဟု ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးက ပြော