Tuesday, February 25, 2014

သူအရပ်နဲ့သူ့ဇတ်



ဒီအပတ်ထုတ်EMGမှာတံဆိပ်ခေါင်းကြေး ၇ရာခိုင်နုန်းအကြောင်း
ဖတ်ရတာလေးကြောင့်..
===================================

စားသောက်ဆိုင်အချို့ကိုအခွန်ဆောင်မှုရှိမရှိနဲ့ဝင်စစ်လို့မကြေနပ်ဖူး
လို့ဆိုပါတယ်၊ကနေဒါမှာလည်းစက်မှာဖြတ်ပြီးမှတ်တမ်းတင်ခြင်းရှိမရှိ
အရင်ကစစ်ဖူးတယ်၊အမြဲတမ်းစစ်ဖို့ကမဖြစ်နိုင်ဖူးလေ...
အခုတော့တနိုင်တပိုင်ဆိုင်သေးသေးတွေဆိုရင် Flat rate ပျမ်းမျှနုန်း
သတ်မှတ်ပြီးတော့ပဲအခွန်ကောက်တော့တယ်...

အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ကုမ္ပဏီဝန်ထမ်းဖြစ်ဖြစ် အပတ်စဉ်(သို့)
၂ပတ်ပြည့်တိုင်းပေးတဲ့လစာမှာ (အခွန်+ပင်စင်+အလုပ်သမားအာမခံ)
အလုပ်ရှင်ကတခါထဲဖြတ်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနအကောင့်ထဲပို့ပေးရတယ်။
သုံးခုပေါင်းဆိုရင်၂၂ရာခိုင်နူန်းလောက်ဖြတ်တယ်။
အခွန်ထဲမှာအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပါပါတယ်။လစာကောင်းတဲ့သူဆီ
ကနဲနဲပိုဖြတ်ပါတယ်။

ပင်စင်ကအလုပ်လုပ်တဲ့သူတွေနားရင်၁၅၀၀လောက်ရတယ်။
အလုပ်မလုပ်သူကတော့၁၀၀၀လောက်ရတတ်ပါတယ်။

အလုပ်သမားအာမခံကြေးဖြတ်တာကအလုပ်ပါးလို့ပဲဖြစ်ဖြစ်၊
အလုပ်ကအထုပ်ခံရရင်၁၀လတနှစ်လောက် တလကို၁၀၀၀ကျော်လောက်
အလုပ်ရှာချိန်အဖြစ်ပေးပါတယ်။

ဈေးဝယ်ရင်၁၂ရာခိုင်နူန်းအခွန်ဆောင်းပေးရတယ်။အဲဒီအခွန်တွေကိုတကယ်
ပဲအစိုးရကရလားဆိုတာတော့မေးခွန်းတခုပါ။

ဒီလိုအခွန်ဆောင်နေရတဲ့သူတွေအိမ်ဝယ်ရင်မြန်မာနိုင်ငံမှာလို ၃၀ရာခိုင်နူန်း +
တံဆိပ်ခေါင်းကြေး ၇ရာခိုင်နုန်း+အခြား၃ရာခိုင်နုန်း=၄၀ရာခိုင်နုန်းလောက်
...၁၀၀၀တန်ဝယ်ရင်၁၄၀၀ရှိမှဆိုတာမျိုးမရှိပါဖူး။

အခုမှဆောက်တဲ့အိမ်အသစ်တွေဆိုရင်တော့ Land transfer fee $5000
လောက်ပေးရတာရှိပါတယ်။
အဲ...
Property tax အိမ်ခွန်ကတော့တနှစ်ကို $1000ကနေ3000 လောက်ထိ
ဆောင်ရတတ်ပါတယ်။

သူအရပ်နဲ့သူ့ဇတ်ပေါ့ဗျာ....

သေချာရဲ့လားဘူးလက်လှဆွေ

ရွှေပြည်မှာတရားဝင်လိင်တူလက်ထပ်လို့ရပြီ

KO Gyitoe

အလှပြင်ခန်းဆိုင်းဘုတ်တင်ထားတဲ့ မာဆက်တစ်ခု ရဲ့ ရပ်တည်မှု


Thiha

မာဆက်
=====
တစ်နာရီကို ၄၀၀၀နဲ့ ၅၀၀၀ ပတ်ဝန်းကျင်ရှိတယ်
နှစ်ဆက်ရှင်ဆို ညပါအိပ်ခွင့်ရှိတယ်၊
ဆီနဲ့ဆိုရင်တော့ ၁၀၀၀၀ပေါ့၊

ရဲကြေးမပေးရဘူးလား? ညဆိုသူတို့ချည်းဘဲ လိုင်းကြေးလည်းယူတယ်၊ ညတိုင်း မလာတဲ့နေ့ကို မရှိဘူး၊ free ပေးဝင်ရတယ်၊ အာဏာပိုင်တွေက လာမဖမ်းဘူးလားဆိုတော့ စီမံချက်ရှိရင် အကြောင်းကြားပေးတယ်၊ အဖမ်းပြရမယ်ဆိုရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပေါ့၊

သူတို့လေးတွေကို မခိုင်းတော့ မခိုင်းချင်ပါဘူး၊
မာဆက်ဆိုတာကမှ အိနြေ္ဒရှိသေးတယ်လေ၊ ဒါတွေသာမရှိရင် ဟိုရောက်သွားတာပေါ့၊
သူတို့နယ်တွေမှာ စစ်ဘေးပြေးရ အစိုးရတပ်က မဒိန်းကျင့်တာ ခံရ ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက စစ်သားစုဆောင်းရေးထဲခေါ် မုဒိန်းကျင့် တပ်ထဲဝင်ရဆိုတော့ ဒီအလုပ်ကပဲ တော်သေးတယ်ဆိုတော့ အန်တီလည်း နှင်မထုတ်ရက်ဘူးလေတဲ့၊

တစ်ခါတလေ လူကြီးကခေါ်ခိုင်းလို့ဆိုတော့ နှစ်ယောက်သုံးယောက်ကို ထည့်ထည့်ပေးရသေးတယ်၊ တစ်ပြားမှလည်းမရဘူး၊ မထည့်ပေးရင်လည်း ငြိုးခံရမှာကြောက်တော့ ထည့်လိုက်ရတယ်၊

အဓိက ကတော့ တိုင်းရင်းသားပြည်နယ်တွေမှာ ငြိမ်းချမ်းမှု့မရှိတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းမရှိတာတာကြောင့်လေ၊ ဒီမှာရှိတဲ့ ကလေးမတွေ အများစုက တိုင်းရင်းသူတွေများတယ်၊

( ဒါကတော့ အလှပြင်ခန်းဆိုင်းဘုတ်တင်ထားတဲ့ မာဆက်တစ်ခု ရဲ့ ရပ်တည်မှုတစ်ခုပါ၊ စီမံချက်တွေ ဘယ်လောက်
ချချ အစိုးရကိုယ်တိုင်က လက်ဝါးရိုက်စားနေပြီး ဘာအခွင့်အလမ်းမှ မဖန်တီးပေးနိုင် စစ်မီးမငြိမ်းနိုင်ခြင်းရဲ့ အကျိုးဆက်တွေပေါ့ဗျာ )

ဦးသန့် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ၏ ရှားပါးဓါတ်ပုံ

ကိုထွန်းဝေ

ဘင်္ဂလားဒေ့ရှ်မှပြန်ရောက်လာသည့်ရခိုင်ဒုက္ခသည်များအတွက် မောင်တောမြို့နယ်တွင် နေအိမ်များဆောက်လုပ်ပေးမည်





Mizzima
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရခိုင်ဒုက္ခသည်များကို မောင်တောမြို့နယ်အတွင်းရှိ အိမ်ခြေတစ်ရာမပြည့်သော ကျေးရွာငယ်များတွင် နေရာချထားပေးသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဋ္ဌာ နမှ ဗိုလ်ကြီးသန့်ဇင်က ဖေဖော်ဝါရီ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အိမ်ခြေတစ်ရာမပြည့်တဲ့ ကျေးရွာငယ်တွေမှာ တစ်ရာပြည့်အောင် အိမ်တွေ တိုးချဲ့ဆောက်ပေးမယ်။ လာတဲ့သူတွေအားလုံး တစ်စုတည်းတော့ မဖြစ်ဘူးပေါ့”ဟု ဗိုလ်ကြီးသန့်ဇင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား ဒုက္ခသည်များသည် မောင် တောဗဟိုဘုန်းကြီးကျောင်းတွင် နေထိုင်လျက်ရှိသည်။

၂၀၁၂ ခုနှစ်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများသည် လစဉ် မိသား စုသုံးစုမှ ဆယ်စုအထိ ပြန်လာနေသည်ဟု ဗဟိုကျောင်းထိုင်ဆရာတော် ဦးအာစာရက မိန့်ကြားသည်။

အဆိုပါဒုက္ခသည်များကို မောင်တောမြို့နယ်ရှိ အောင်သာယာ၊ လောင်းတော်၊ ငခူရမြို့သစ်၊ တောင်ပြို လက်ဝဲကျေးရွာများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နေအိမ်တန်းလျား ၁၂၅ ခုတွင် မိသားစု ၂၀၀ ကို နေအိမ်များ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ အိမ်ခြေတစ်ရာမပြည့်သော ကျေးရွာအုပ်စုများတွင် တိုးချဲ့ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

လက်ရှိ မောင်တောဗဟိုဘုန်းကြီးကျောင်းတွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂၀၀ ကျော် ကျန်ရှိနေပြီး အဆိုပါဒုက္ခသည်များအတွက် ပြားသားရွာတွင် ၁၅ အိမ်၊ အောင်ဗလကျေးရွာတွင် ၁၇ အိမ်၊ ရပ်ညှိုး တော်ကျေးရွာတွင် ၁၈ အိမ်ဆောက်လုပ်လျက်ရှိသည်ဟု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ကြီးသန့်ဇင်က ဆို သည်။

“အစိုးရကိုတော့ တင်ပြထားတယ်၊ သူတို့လည်း နေစရာတွေ ဆောက်လုပ်တုန်းဖြစ်တဲ့အတွက် လော လောဆယ် ဦးဇင်းကျောင်းမှာပဲ စောင့်ရှောက်ထားတယ်”ဟု ဦးအာစာရက မဇ္ဈိမကို ပြောသည်။

ပြန်လည်ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများအတွက် နေစရာအိမ်များ ဆောက်လုပ်ပေးနိုင်သော် လည်း ရေရှည်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် လယ်ယာမြေများ စီမံဆောင်ရွက်ပေးခြင်းလုပ်ငန်း များ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်တိုင်းရင်းသားများ ရောက်ရှိသွားရခြင်း အကြောင်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးအာစာရက “ရခိုင်ဘုရင်တွေလက်ထက်က စစ်တကောင်းထိ သိမ်းပိုက်ခဲ့တဲ့အတွက် အဲဒီမှာနေခဲ့တဲ့ ရခိုင်လူမျိုးတွေဖြစ်တယ်၊ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခကြောင့် ဘင်္ဂလား ဒေ့ရှ်မှာ ဘုန်းကြီးကျောင်းတွေ မီးရှို့မှုဖြစ်ပြီးနောက်ပိုင်း ဒီဘက်ကို တဖြည်းဖြည်း ပြန်လာကြတယ်။ လ စဉ် တစ်သုတ်ပြီး တစ်သုတ် ပြန်လာကြတယ်”ဟု မိန့်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ထောင်စု ၁၀ စု လူဦးရေ ၃၀ ခန့် ထပ်မံရောက်ရှိလာသည်။ ယင်းဒုက္ခ သည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ချောင်းစရီမြို့နယ်၊ ရင်္ဂါမတီမြို့နယ်၊ ရွာတော်မြို့နယ် (မြန်မာ အခေါ်)၊ အလယ်ခေါ်တောင်မြို့နယ်(မြန်မာအခေါ်) စသော ဒေသများမှ ပြောင်းရွေ့လာသူများ ဖြစ်သည် ဟု ဦအာစာရက မိန့်ကြားသည်။


မောင်တောမြို့နယ်တွင် နယ်မြေရဲစခန်းလေးခု ထပ်မံတိုးချဲ့မည်

မောင်တောဒေသ လုံခြုံရေးတိုးမြင့်ရန်အတွက် နယ်မြေရဲစခန်းလေးခု ထပ်မံတိုးချဲ့ရန်ရှိသည်ဟု မောင်တောခရိုင် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။ မောင်တောဒေသတွင် ဒုချရားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်သားများ တိုက်ခိုက်ခံရမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံလူထုက လုံခြုံရေးတိုးမြှင့်ပေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တင်ပြခဲ့သည်။ “မြေတိုင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ ပြောလို့မရသေးပါဘူး”ဟု အဆိုပါ ရဲဝန်ထမ်းက မဇ္ဈိမကိုပြောသည်။ အဆိုပါ ရဲစခန်းများကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်းဘောင်ကျေးရွာနှင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတို့တွင် ထပ်မံတည်ဆောက်သွားရန် မြေယာတိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မောင်တောခရိုင်ရဲတပ်ရင်းမှ တာဝန်ရှိသူကပြောသည်။ ရဲစခန်းသစ်များဖွင့်လှစ်ရန်အတွက် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်လျှက်ရှိပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယင်းကပြောသည်။ မောင်တောဒေသတွင် ရဲတပ်ရင်း တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မောင်တောဒေသခံဖြစ်သူ ဦစောသာရွှေက “ရဲတပ်ရင်းတိုးချဲ့ရုံမက ခေတ်မှီ လက်နက်ကရိယာတွေကိုလည်း တပ်ဆင်ပေးဖို့လိုပါတယ်”ဟု မဇ္ဈိမကိုပြောသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သန်းသည် လုံခြုံရေးဝန်ထမ်းများနှင့် အတူ ကင်းလှည့်စဉ် ဒုချရားတန်းကျေးရွာတွင် ဘင်္ဂလီများနှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီး ပျောက်ဆုံးခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောနယ်စပ်ဒေသများကို ယခင်က နယ်စပ်ဒေသ လူဝင်မှုကွက်ကဲရေး ဌာနချုပ်(န.စ.က)က တာဝန်ယူခဲ့ပြီး ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နယ်စပ်ဒေသလုံခြုံရေးကိုတာဝန်ယူခဲ့သည်။

သမီးလေးအတွက် အသက်အန္တရာယ်ရှိမှန်းသိပေမဲ့ ဆေးရုံမှ ရွာပြန်ခေါ်

Philosophermg Myathar

အမည် - မေသူခိုင်
အသက် - ၁၃ နှစ်
မိဘ အမည် - ဦးမြင့်ကျော် + ဒေါ်မာမာအေး
နေရပ် - ဆင်ခေါင်းရွာ ။ မင်းဘူးမြို့နယ် ။မကွေးတိုင်း
အတန်း -သတ္တမတန်း။ အ.ထ.က ခွဲ ဆင်ခေါင်းရွာ

လွန်ခဲ့သောသုံးလခန့်ကနှလုံးအပေါက်ပါ အဆို့ရှင်ကိုလဲ ခွဲစိတ်ကုသမှုပြုလုပ်ထားပြီးဖြစ်ပါသည်။
ယခုပြန်စစ်ဆေးရာတွင် ခွဲစိတ်ကုသမှုပြန်လည်ပြုလုပ်ရမည်ဟုပြောပါသည် ။

ပထမတခါ ခွဲစိတ်မှုလုပ်တုံးက ( ၁၅ )သိန်း ကျော်ကုန်ကျခဲ့ပါသည်။

မိဘများမှာလဲတောသူတောင်သားများဖြစ်ပြီးပထမအကြိမ်ရွာမှအတိုးနှင့်ငွေချေးပြီးဖြစ်အောင်
ပြုလုပ်နိုင်ခဲ့သော်လဲ ယခုထပ်ပြီးခွဲစိတ်ကုသမှုအတွက် ငွေမတတ်နိုင်ပါသဖြင့်သမီးလေးအတွက် အသက်အန္တရာယ်ရှိမှန်းသိပေမဲ့ ဆေးရုံမှ ရွာပြန်ခေါ်သွားပါသည် ။

ခွဲစိတ်မှုပြုလုပ်နိုင်ပါက အသက်ရှည်နိုင်မည်ဖြစ်ပြီးကျောင်းလဲကောင်းစွာတက်ရောက်နိုင်မည်ဖြစ်
ပါသဖြင့် တတ်နိုင်သောအလှုရှင်များနှင့်ကူညီချင်သောစေတနာရှင်များမှစုပေါင်းလှုဒါန်းနိုင်ပါက လူနာ မှာလဲ အသက်ဆက်နေထိုင်နိုင်ခွင့် ရနိုင်မှာဖြစ်ပါသည်။

ပြီးခဲ့သောခွဲစိတ်ကုသမှုမှတ်တမ်းစာရွက်နဲ့ ဆေးရုံစာအုပ်များကိုတပါတည်းပူးတွဲတင်ပြအပ်ပါသည်။
အသေးစိတ်သိရှိလိုပါကအောက်ပါ ဖုံးနံပါတ်သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာဖုံးနံပါတ် - ဦးပညာသာမိ (0943082644 )

လိပ်ပြာကန်တိုက် သီတာရုံကျောင်း

ဒဂုံတက္ကသိုလ်မှဥပဒေကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်တွင်တွေ့ဆုံ



Coko Dmoe
 (၂၅.၀၂.၂၀၁၄)

တကယ်ကြီးအဲ့လို မေးခဲ့တာလား.


Ko Emptiness


 ဦးအောင် ကြီး
ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စီ ကိုယ်စီ ... ရွှေသား အတိပြီးသော လိပ်ထီး (လိပ်တစ်စီး) ပိုင်ဆိုင်နိုင်ကြပါစေ .... လိပ်ထီးပုံများ လည်မှာဆွဲကာ ထာဝရ ဂုဏ်ယူနိုင်ကြပါစေ ...
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သော အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တာဟာ ဖြစ်သင့်တဲ့အလုပ်ပဲ။ ဒါကို ပြည်သူတစ်ယောက်အနေနဲ့ကောင်းတယ်လို့မြင်တယ် ...။

ဖြစ်နိုင်ရင် ဂုဏ်ထူးဆောင်အမှတ်တံဆိပ်ကို ရွှေပြားနဲ့လုပ်ပြီးလာဘ်ရွှင်အောင် လိပ် ပုံစံလေးတွေတံဆိပ်ခတ်နှိပ်ပြီး ချီးမြှင့်သင့်တယ်။ ဟိုး ရှေးရှေးတုန်းကတော့ လိပ်တစ်စီး စီ ဆုချတာမျိုးရှိဖူးတယ်လို့ အသားမဲမဲ မျက်ခုံးကောင်းကောင်း အရက်သမားတစ်ယောက်ကပြောဖူးတာ ကြားမိတာပဲ။ ရွှေပြားပေါ်မှာ လိပ်ပုံခတ်နှိပ်ပြီးမှ ချီးမြှင့်လည်း လိပ်တစ်စီး နဲ့ ဘာမှတော့မကွာလောက်ပါဘူး။ အဲ .... ဖြစ်နိုင်ရင်တော့ ... လိပ်ကို အသေအချာလေ့လာပြီး အထီး ပုံသဏ္ဍာန်မှန်အောင်ရိုက်နှိပ်ဖို့သာ ပြည်သူတစ်ဦးအနေနဲ့ တောင်းဆိုချင်တယ်။

ဒါဆိုရင် ဒီလို သမိုင်းဝင် ၂၀၀၈ အခြေအခံဥပဒေကြီးကို ရေးဆွဲခဲ့သူ ကိုယ်စားလှယ်တော်ကြီးများဟာဖြင့် လိပ်ထီး များကို လည်တိုင်မှာဆွဲကာ ပြည်သူ့မေတ္တာဖြင့် ထာဝရဂုဏ်ယူနိုင်ကြမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စီ ကိုယ်စီ ...
ရွှေသားအတိပြီးသော လိပ်ထီး (လိပ်တစ်စီး) ပိုင်ဆိုင်နိုင်ကြပါစေ ....
လိပ်ထီးပုံများ လည်မှာဆွဲကာ ထာဝရ ဂုဏ်ယူနိုင်ကြပါစေ ...

အောင်ကြီး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ၁၅ ဦးစလုံးသည် တစ်ခါမှ လဘ်ပေးလာဘ်ယူမလုပ်ခဲ့



Hawdeka Khalaylay
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ၁၅ ဦးစလုံးသည် အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ကြပြီး တစ်ကြိမ်တစ်ခါမှ လဘ်ပေးလာဘ်ယူမလုပ်ခဲ့ဘူးကြောင်း တရားရုံးတွင် ကျမ်းကျိန်ကြမည်
(နေပြည်တော်သတင်း)

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အကြီးအကဲနှစ်ဦးအပြင် အဖွဲ့ဝင် ၁၃ ဦးနဲ့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ အဆိုပြုထားသူတွေထဲက ကော်မရှင် ဥက္ကဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို ရွေးချယ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို အတည်ပြုကြေညာခဲ့ပါတယ်။

"လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတထံမှ အမည်စာရင်းပေးပို့ထားသည့် (၁)ဦးမြဝင်း၊ (၂)ဦးတင်ဦး၊ (၃)ဦးကျော်ကျော်၊ (၄)စိုးတင့် (၅)သန်းအောင်၊ (၆)ဦးမောင်ရှိန်၊ (၇)ဒေါက်တာသက်စံ၊ (၈)ဦးနေဝင်း၊ (၉)ဒေါ်မြမြစိုး၊ (၁ဝ)ဦးတင်မောင်၊ (၁၁)ဦးစွန်ဒုတ်ကျင့်၊ (၁၂)ဒေါက်တာညီညီထွန်း၊ (၁၃)ဦးကျော်မြင့်၊ (၁၄)ဒေါ်သန်းသန်းရီ၊ (၁၅)ဦးအောင်နိုင်စိုး တို့ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးကို ဦးမြဝင်းအား ကော်မရှင်ဥက္ကဌအဖြစ်၎င်း၊ ဦးတင်ဦးအား ကော်မရှင် အတွင်းရေးမှူးအဖြစ်၎င်းခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"

နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် ကော်မရှင်ဥက္ကဌနဲ့ အတွင်းရေးမှူးအမည်တွေကို အဆိုပြုတင်ပြခဲ့တာပါ။ ကော်မရှင်အဖွဲ့ဝင် ၁၃ ဦးကို နိုင်ငံတော်သမ္မတ အဆိုပြုသူ ၃ ဦး၊ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က အဆိုပြုသူ ၅ ဦးစီနဲ့ ဖွဲ့စည်းလိုက်တာပါ။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင် ၁၅ ဦးစလုံးက အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ကြပြီး တစ်ကြိမ်တစ်ခါမှ လဘ်ပေးလာဘ်ယူမလုပ်ခဲ့ဘူးကြောင်း တရားရုံးတွင် ကျမ်းကျိန်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်

ဒေါ်အောင်ဆန်းစုကြည် မှ တရားဥပဒေ စိုးမိုးရေးစင်တာ ဖွဲ့ စည်းရေးနှင့် ပက်သက် ၍ ဆွေးနွေး



ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ချိန် တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း ရှိ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ရုံးခန်း I-20 ဆောင်တွင် Rule of Law Center အတွက် လုပ်ငန်းညှိုနှိုင်း အစည်းဝေး ကျင်းပရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ တရားဥပဒေ စိုးမိုးရေးစင်တာ ဖွဲ့ စည်းရေးနှင့် ပက်သက် ၍ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

NLD Chairperson

တရားဥပဒေစိုးမိုးရေးဗဟိုဌာန Rule Of Law Centre များအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၅ ရက် ယနေ့မွန်းလွဲ ၁နာရီ ၃၀ မိနစ်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြမ်အေးချမ်းရေး ကော်မတီဆောင် I-12 ၏ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNDP မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန် မြန်မာနိုင်ငံသို့ အလည်အပတ်လာမည်



Hawdeka Khalaylay

(နေပြည်တော် အထူးသတင်း)

၂၀၁၄ ခုနှစ်အတွင်း မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန် မြန်မာနိုင်ငံသို့ အလည်အပတ်လာမည် ဟု သတင်းရရှိထားကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့ထားပါသည် ၊

ဒီသတင်းက ဟုတ်ပါတယ် ၊ အချိန်တန်ရင် ကျနော်တို့ အတိအကျ ထုတ်ပြန်ပါ့မယ် ၊ မြောက်ကိုးရီးယား နဲ့ မြန်မာဆိုတာ မိတ်ဆွေနိုင်ငံတွေပါ ၊ အလွန်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေပါ ၊ အစိုးရခြင်း ရော စစ်တပ်ခြင်းပါ ရင်းနှီးကျွမ်းဝင်တဲ့ နိုင်ငံတွေပါ ၊ ကျနော်တို့

ခေါင်းဆောင်တွေ နဲ့ မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်တို့က မဟာဗျူဟာမြောက် မိတ်ဖက်တွေပါ ၊

ဦးရဲထွဋ်မှ အင်တာဗျူးတစ်ခုတွင် ဖြေကြားသွားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ အထူးသတင်းအဖြစ် ပေးပို့လာပါသည် ၊

အမျိုးဘာသာစောင့်ရှောက်ရေး အဖွဲ့ကြီးနှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လိုကြောင်း အေးနေဝင်းပြောကြား



Hawdeka Khalaylay

(နေပြည်တော်သတင်း)

အမျိုးဘာသာစောင့်ရှောက်ရေး အဖွဲ့ကြီးနှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လိုကြောင်း အေးနေဝင်းပြောကြားလိုက်ကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

နေပြည်တော်မှာ လုပ်တဲ့ပွဲကို ကျနော် အရမ်းသဘောကျတယ်ဗျာ ၊ လူတွေ အားပေးတာ သဲသဲလှုပ်ပဲဗျ ၊ ဒါမှ ဗမာဗျ ၊ ကျနော်တို့ ဗမာတွေ ညီညွတ်တာကို ဒီလိုပြသရမှာ ၊ ဒါအမှန်ပဲဗျ ၊ အမျိုးဘာသာ သာသနာကို ဒီနည်းနဲ့ကာကွယ်စောင့်ရှောက်ရမှာဗျ ၊

မျိုးစောင့်ဥပဒေဆိုတာကိုလည်း ကျနော် လုံးဝထောက်ခံတယ်ဗျ ၊ အဲဒီဥပဒေကို ကျနော် နဲနဲဖြည့်စွက်ချင်တာလေးတွေရှိတယ်ဗျ ၊

ဦးအေးနေဝင်းမှ နေပြည်တော် မျိုးစောင့်ဥပဒေ ပွဲနှင့်ပတ်သတ်၍ အားတက်သရော ပြောကြားသွားခြင်းဖြစ်သည် ၊

ဒီလိုပွဲမျိုးတွေ ထပ်လုပ်စေချင်တယ်ဗျာ ၊ နောက်တစ်ခါဆို ကျနော်တို့ညီအစ်ကို သုံးယောက် လိုက်ချင်တယ် ၊ အခွင့်အရေးရရင် စင်ပေါ်တက်ပြီး ပြောချင်တယ် ၊ အမျိုးဘာသာ နဲ့ ပတ်သတ်လို့ ကျနော်တို့ညီအစ်ကိုတွေရဲ့ရင်ထဲမှာ ပြောစရာစကားတွေ အများကြီးရှိတယ်ဗျ

၊ မြန်မာပြည်သူပြည်သားတွေ ကောင်းစားတာမြင်ချင်တယ်ဗျာ ၊ တကယ်ပါ ၊ နောက်တစ်ခါပွဲလုပ်ရင် ကျနော်တို့ကို ကြိုတင်ဆက်သွယ်ပေးစေချင်တယ် ၊ ကျနော်တို့မှာရှိနေတဲ့ စိတ်ကူးစိတ်သန်းကောင်းလေးတွေကို ဝေမျှပေးချင်လို့ဗျ ၊

ဦးအေးနေဝင်းတို့ ညီအစ်ကို သုံးယောက်မှ အမျိုးဘာသာနှင့်ပတ်သတ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြောင်း နှင့် ရေရှည်လုပ်ငန်းစဉ်များနှင့် ဆွေးနွေးတိုင်ပင်လိုကြောင်း ဖြည့်စွက်ပြောကြားသွားသည် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသောသတင်းဖြစ်သည် ၊

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း နှင့် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်း



Hawdeka Khalaylay

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း သတင်းနှင့် ဘဏ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်းတို့ ထူးဆန်းစွာတိုက်ဆိုင်နေ
(နေပြည်တော်သတင်း)

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း သတင်းနှင့် ဘဏ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်းတို့ ထူးဆန်းစွာတိုက်ဆိုင်နေကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

ငါးထောင်တန်းအတု ဆိုတာတွေကို ခဏ ခဏ မိနေလို့ သတင်းထုတ်ပြန်နေတာတွေ့ရတယ် ၊ ငါးထောင်တန် အတုထုတ်တဲ့သူမိတယ်ဆိုပြီး ကြည့်လိုက်တော့ ကရော်ကမယ် ကာလာပရင်တာလေးတွေနဲ့ ထုတ်နေတာကိုတွေ့ရတယ် ၊ နောက်ပြီး ဘဏ်တွေမှာငွေသွားလဲရင် ငါးထောင်တန်တွေက ကြိုက်သလောက်ယူလို့ရတယ် ၊ တစ်သောင်းတန်တောင်းရင် မရတာကများတယ် ၊

အဲဒီသတင်းတွေကို ကိုက်ကြည့်လိုက်ရင် မသင်္ကာစရာတွေ ထွက်လာတယ် ၊ အရင်အစိုးရလက်ထက်က ငါးထောင်တန်တွေ ဘယ်လောက်ထုတ်ခဲ့သလဲ ၊ အခုအစိုးရလက်ထက် ဘယ်လောက်ထုတ်ခဲ့သလဲ ၊ ကြားရတဲ့သတင်းကတော့ အရင်အစိုးရလက်ထက်မှာနံပါတ်တူ ငါးထောင်တန်တွေ အများကြီးရိုက်ထုတ်ခဲ့တယ်တဲ့ ၊ အတုမဟုတ်ဘူး အစစ်တွေပဲတဲ့ ၊ နံပါတ်တွေကသာ ထပ်နေတာ တဲ့ ၊ နံပါတ်တွေကိုတော့ ဘယ်သူတွေက လိုက်စစ်နေမှာလဲ ၊

မြန်မာပြည်မှာ အခု ဗဟိုဘဏ်ကနေ ငွေစက္ကူတွေ ဘယ်လောက်လောက်ရိုက်ထုတ်ထားသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး ၊ ဗဟိုဘဏ်ကနေထုတ်ပြန်ထားတဲ့ စာရင်းကိုလည်း ဘယ်သူမှ မယုံကြဘူး ၊ ဒါကြီးက တကယ်ဖြစ်လာရင် ခံရမှာက ပြည်သူတွေပဲ ၊
အကောင်းဆုံးက ငါးထောင်တန်တွေကို လက်ထဲမှာ မထားတာပဲကောင်းတယ် ၊

တကယ်ဆိုရင် အစိုးရအသစ်တက်လာတာ ၃ နှစ်ကျော်လောက်ရှိပြီး ၊ တစ်ကျပ်တန်ကနေ တစ်သောင်းတန်အထိ ပိုက်ဆံတွေကို ပုံစံ အသစ်တွေနဲ့ ပြန်ထုတ်ပြီး ၆လ ၁ နှစ် အတွင်း ပြန် လဲပေးလိုက်ရင် စာရင်း အတိအကျ ထွက်လာမှာပေါ့ ၊ အခုတော့ ဒီပြဿနာကြီးက
ဘယ်အချိန်ထပေါက်မှန်းမသိတဲ့ တိုင်းဗုံးကြီးကို ခေါင်းအုံးပြီးအိပ်နေရတဲ့ ဘဝ ကိုရောက်နေသလိုပဲ ၊
အမည်မဖော်လိုသူ စီပွားရေး ပညာရှင်တစ်ဦးမှ ပြောကြားသွားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည် ၊

အစိုးရက သိမ်းလိုက်ရင် တန်ဖိုးကို မရှိတော့တဲ့ ပစ္စည်းဖြစ်သွား

7Day နေ့စဉ်သတင်းစာ