Friday, February 28, 2014

က်ည္ကာအက်ႌ၊ နွားလှီးဓား ၊ဘတ်ခွ၊ကုန်းသီး ၊မန်းလေးမှာမိ



DVB TV News

ကျည်ကာအင်္ကျီတွေနဲ့ လက်နက်တချို့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့ ၃၄လမ်းနဲ့၃၅လမ်းကြား ၈၃လမ်းနဲ့၈၄လမ်းကြား အပ်ချုပ်ဝန်း အိမ်တအိမ်မှာ ရှာဖွေသိမ်းဆည်း၊ လူ(၂)ယောက်ကို အမှတ် (၈) မြို့မ ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေ။

သိမ်းဆည်းမိတဲ့ပစ္စည်းများ - ကျဉ်ကာအင်္ကျီ ၃ထည် (home-made)၊ နွားလှီးဓား ၂ချောင်း၊ ဓားမြှောင် ၂ချောင်း၊ ဘတ်ခွ
(ကျွဲချို) ၁၂ချောင်း၊ ရိုးရိုးဘတ်ခွ ၁ချောင်း၊ ကုန်းသီး အလုံး၄၀၊
ရေမြှောင်းဆယ် ခက်ရင်း ၁ချောင်း။

ရိုက်ကူး - icj ဘကြီးအောင်

(၁၀၀) ကျပ်တန် ဒီမိုကရေစီ နေ့စဉ်သတင်းစာ



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး
အားလုံးအတွက် စကိုင်းနက် .....

ဦးရွှေမန်းသား တိုးနိုင်မန်းနှင့် ယောက္ခ ခင်ရွှေ ပူပေါင်းကာ ဂျာနယ်မှ တစ်ဆင့် မြေတောင်း

ဥပဒေသည် ပြည်သူကိုဆော်ရန် တုတ်ကြီးတစ်ခုဟူ၍ခံယူနေသည့် အတွေးအခေါ်ကိုဖျောက်ပစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဓါတ်ပုံ Sun Ny


Yangon Media Group
မောင်ပိုင် ၊ နေပြည်တော် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၉)

မြန်မာနိုင်ငံတွင် ဥပဒေကို ပြည်သူတို့အားဆော်ရန်ဖန်တီးထားသော တုတ်ကြီးတစ်ခုဟူသည့်အတွေးအမြင်မျိုးကို ဖျောက်ပစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အ စည်းအဝေးခေတ္တအနားပေးချိန်တွင် လွှတ် တော်သို့လာရောက်လေ့လာသောဒဂုံတက္က သိုလ်မှ ဥပဒေကျောင်းသားများနှင့်တွေ့ဆုံ စဉ် ကျောင်းသား၊ ကျောင်းသူများအား ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီနိုင်ငံမှာဆိုရင် ဥပဒေဆိုရင် လူတွေ က ကြိုက်ကိုမကြိုက်ချင်ဘူး။ ဘာလို့လဲဆို ရင် လူတွေက ဥပဒေဆိုတာ ငါတို့ကိုဆော် ဖို့တုတ်ကြီးလို့ အဲ့လိုခံယူထားတယ်။ အဲ့ဒီ အတွေးအခေါ်ကိုဖျောက်ဖို့ဆိုရင် အားလုံး ဝိုင်းကြိုးစားရမယ်''ဟု ပြောကြားသွားသည်။

ယင်းအပြင် မည်သည့်ဥပဒေပြဋ္ဌာန်း စေကာမူ အဆိုပါဥပဒေများထိရောက်ရန် ဆိုပါက အုပ်ချုပ်ရေးပိုင်းက လုပ်ရမည်ဖြစ် ကြောင်း၊ အားလုံးပြုပြင်ပြီး နိုင်ငံတွင် တရား ဥပဒေစိုးမိုးရေးရှိမှသာလျှင် အမှန်တကယ် ဥပဒေကို လူများကလေးစားတန်ဖိုးထား မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

''အခု ပြည်သူပြည်သားအများစုက ဥပဒေဆိုတာ လူတွေကိုချုပ်နှောင်ဖို့၊ ချုပ် ချယ်ဖို့၊ ကန့်သတ်ဖို့ ဒီလိုပဲမြင်တယ်။ အဲ့ဒါ လည်း မမှားဘူး၊ မမှားဘူးဆိုတာ ဒီလိုပဲဖြစ် ခဲ့တာကို၊ ဒီလိုပဲ ဆယ်စုနှစ်နဲ့ချီပြီးတော့ ဥပ ဒေဟာ ပြည်သူတွေကိုဘယ်လိုချုပ်ချယ်ရမယ်၊ ပြည်သူတွေကို အစိုးရလုပ်သူတွေရဲ့ အောက်မှာ ပြားပြားဝပ်နေအောင် ဘယ် လိုထားရမယ်ဆိုတာ အဲ့လိုအသုံးချခဲ့ရတဲ့ အနေအထားမှာ ဥပဒေကရှိနေခဲ့တယ်။ ဒါ ကြောင့် ဒို့ခေတ်ရောက်လို့ရှိရင် ပြန်ပြင်ရ မယ်။ ဖြစ်ပြီးသားဟာတွေ ဖြစ်ပြီးသွားပြီ။ နောင်ဆက်မဖြစ်ဖို့ ကိုယ်ချင်းစာရမယ်''ဟု ပြောသည်။

ဖယ်ရှားခံကျူးကျော် မိသားစုများ၏ ကျောင်းနေအရွယ်ကလေး ၁၀၀ ကျော်အတန်းတင်စာမေးပွဲ မဖြေဆိုဖြစ်



Eleven Media Group

အင်းစိန်မြို့နယ် မီးရထားပိုင်မြေအတွင်းမှ ဖယ်ရှားခံကျူးကျော် မိသားစုများ၏ ကျောင်းနေအရွယ်ကလေး ၁၀၀ ကျော် နေရေးအခက်အခဲကြောင့် အတန်းတင်စာမေးပွဲ မဖြေဆိုဖြစ်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် စံကျော်စုမီးရထား စက်ခေါင်းစက်ရုံပိုင်မြေ အတွင်းမှ ဖယ်ရှားခံရသည့် ကျူးကျော်မိသားစုများ၏ ကျောင်းနေအရွယ်ကလေး ၁၀၀ ကျော်မှာ နေရေးထိုင်ရေး အခက်အခဲများကြောင့် အတန်းတင်စာမေးပွဲ မဖြေဆိုဖြစ်ခဲ့ကြောင်း ဖယ်ရှားခံရသည့် မိသားစုများထံမှ သိရသည်။

အဆိုပါ မြေနေရာများကို မီးရထားစီမံကိန်း မြေနေရာ ဖြစ်သည်ဟုဆိုကာ မီးရထား စက်ခေါင်းဝန်ထမ်းများမှ အပတ်စဉ် သောကြာနေ့တိုင်း ဓား၊ လွှစက်များဖြင့် နေအိမ်များကို ဖျက်သိမ်းဖယ်ရှား နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဖျက်သိမ်းဖယ်ရှားခံရသည့် ကျူးကျော်အိမ် စုစုပေါင်း ၁၂၀ ၀န်းကျင်ရပြီး ထိုသို့ ဖယ်ရှားခံရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကျောင်းနေအရွယ် ကလေးများမှာလည်း စာမေးပွဲဖြေဆိုရန် အခက်အခဲများစွာ ရှိနေကြောင်း နေထိုင်သူများက ဆိုသည်။

သို့ဖြစ်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်မှာ စာမေးပွဲခုံနံပါတ် မထုတ်ယူဖြစ်ခြင်းနှင့် စာမေးပွဲ သွားရောက် မဖြေဆိုခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“အရင် လာဖျက်ခဲ့တဲ့ ၂၁ ရက်တုန်းက အိမ်က မူလတန်း၊ အလယ်တန်းတက်နေတဲ့ ကျောင်းသား သုံးဦးစာမေးပွဲခုံနံပါတ် သွားမထုတ်ဖြစ်ခဲ့ဘူး။ လာဖျက်ကြတဲ့ အခါကျတော့ ပစ္စည်းတွေသိမ်း ဘာတွေသိမ်းဆိုတော့ ကလေးတွေလည်း ကျောင်းကိစ္စကို ဂရုမစိုက် နိုင်တော့ဘူး ဖြစ်သွားတယ်။ ဒီလိုပဲဒီမှာ ကျောင်းနေတဲ့ ကလေး ၁၀၀ ကျော်က စာမေးပွဲဝင် မဖြေဖြစ်ဘူး။ စာကျက်ဖို့ နေရာလည်းမရှိ မိဘတွေက စားဝတ်နေရေး ပူပန်နေရတော့ သူတို့လည်း စာကျက်ဖို့စိတ်မပါတော့ဘူး တူပါတယ်။ ဒီမှာက လက်လုပ်လက်စား ကျပန်းတွေဆိုတော့ တစ်ရက်ထမင်းစားရဖို့ကိုပဲ လုံးပန်းပြီးရှာနေရတယ်” ဟု ဖယ်ရှားခံရသည့် ကလေးရှစ်ဦးဖခင် ဦးထွန်းရင်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောကြားသည်။

ဖယ်ရှားခံရသည့် အိမ်ထောင်စုများမှာ နေစရာနေရာ မရှိသဖြင့် အဆိုပါနေရာ၌ပင် အမိုးအကာထိုး၍ ဆက်လက်နေထိုင် နေကြကြောင်းသိရှိရပြီး မီးရထားမှ တာဝန်ရှိသူများက အမိုးအကာနှင့် ပစ္စည်းများကို မီးရထားပေါ်သို့ ဆွဲတင်မှုများရှိကြောင်း နေထိုင်သူများထံမှ သိရသည်။

(အင်းစိန်မြို့နယ်ရှိ ဖယ်ရှားခံ ကျူးကျော်မိသားစုဝင် ကလေးငယ်တစ်ဦး ကျောင်းတက်ရန် ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်)

ဒီနေ့ကာတွန်း

အခွင့်ထူးခံတွေဆီက ဒီလိုအခွန်တွေ မကောက်တော့ဘူးလား



Eleven Media Group

မကြာသေးမီက အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ရပ်ကွက်ထဲ၊ ဈေးများထဲအထိ အခွန်ကောက်ခံမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောက်ခြေတွင် ရရှိမည့်အခွန်များ လစ်ဟင်းမှုမရှိစေရန် ကောက်ခြင်းဖြစ်ပြီး အခြေခံပြည်သူများ အခွန်မပေး၍ နိုင်ငံတော်အခွန်လည်း နစ်နာနေသည့်အတွက် ကောက်သည်ဟု အကြောင်းပြချက် ပေးထားသည်။

ဘေးကျပ်နံကျပ် ပြည်သူ

တစ်လကျပ် ၁၂ဝဝဝဝ၊ တစ်ရက် ကျပ် ၄ဝဝဝ အထက် ဝင်ငွေရှိသော အခြေခံပြည်သူများထံမှ ဝင်ငွေခွန် ကောက်ခံသည့် နိုင်ငံမှာ အာဆီယံနိုင်ငံများအတွင်း မြန်မာတစ်နိုင်ငံ တည်းသာရှိသည်။

၎င်းအပြင် နိုင်ငံ့ဝန်ထမ်းများကိုလည်း အလွတ်မပေးဘဲ လစာထဲမှ ဝင်ငွေခွန်ကိုလည်း ကောက်ယူလျက်ရှိသည်။

ယခု အိမ်ဆိုင်လေးများနှင့် ဈေးသည်လေးများပင် ကုန်သွယ်လုပ်ငန်းခွန်ကို မလွတ်တမ်း ကောက်ခံမည် ဆိုသည့်အတွက် မလွတ်တမ်း ပေးဆောင်ကြရတော့မည်။

ဝင်ငွေဥပဒေအတိုင်း တိတိကျကျ ကောက်မည်ဆိုပါက ဆိုက်ကားသမားများ၊ တက္ကစီယာဉ်မောင်းများ အထိပင် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ရာ အခြေခံပြည်သူများအတွက် နောက်ထပ်ဘေးကျပ် နံကျပ်ဖြစ်စရာ တစ်ခုထပ်တိုး လာတော့မည်ဖြစ်သည်။

ပန်းပန်ဆဲ ခရိုနီ

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Center တွင်ကျင်းပသည့် ဆွေးနွေးတစ်ခု၌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်သူ ဦးအောင်မင်းက ငြိမ်းချမ်းရေး အဖွဲ့များသို့ ကားလိုင်စင် ထုတ်ပေးထားမှုမှာ အစီးရေ ၁၁၁ဝ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

အခွန်မဲ့ဖြင့် ကားအစီးရေ ၃၇ဝ၊ ရာခိုင်နှုန်း ၆ဝ သာ အခွန်ဆောင်ရမည့် ကားအစီးရေက ၇၄ဝ စုစုပေါင်း ၁၁၁ဝ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက်ပေးသည့် ကားပါမစ်များဟု ဆိုသော်လည်း ငြိမ်းချမ်းရေးအဖွဲ့များမှ တစ်စောင် သိန်း ၅ဝဝ မှ ကျပ်သိန်း ၁၅ဝဝ အထိသာ (နောက်ဆုံးဈေး တစ်စောင်ကျပ်သိန်း ၁၅၅ဝ) ရရှိခဲ့သည်။

ကြားပွဲစားများမှတစ်ဆင့် ပါမစ်ရရှိသွားသည့် လုပ်ငန်းရှင်တစ်စုမှာမူ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်၊ ၆ဝ ရာခိုင်နှုန်းသာ အခွန်ပေးရမည့် အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝ ဝန်းကျင်မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင်အထိ တန်ဖိုးရှိသော BMW, Lexus, Bentley, Lamborghini, Rolls-Royce ကဲ့သို့ ဘယ်မောင်း ကားသစ်များအထိ တင်သွင်းစီးနင်း ခဲ့ကြသည်ဖြစ်ရာ ငြိမ်းချမ်းရေးကားပါမစ် ဆိုသည်မှာ လူတစ်စု ပန်းပန်ရန် အတွက်သာ ဖြစ်ခဲ့သည်။

ကားအစီး ၁၁၁၀၊ ငြိမ်းချမ်းရေးနဲ့ ပြည်သူက လက်ဗလာ၊ ခရိုနီတွေအိတ်ထဲ ထည့်သွားတဲ့အခွန်ငွေ ဘယ်လောက်လဲ

အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝ ဝန်းကျင်ရှိသည့် Lexus, BMW ကား အမျိုးအစားအတွက် အခွန်ပေးဆောင် တင်သွင်းမည်ဆိုလျှင် အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၁၁ဝဝ မှ ၂ဝဝဝ နီးပါးအထိ ပေးဆောင်ရမည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ၁၉ဝဝ ဝန်းကျင် ကျသင့်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင် အထိရှိသည့် Rolls-Royce ကား တစ်စီးအတွက် ပေးဆောင်ရမည့် အခွန်ငွေအရပ်ရပ်မှာ တစ်စီးလျှင် ကျပ်သိန်းပေါင်း ၈၅ဝဝ ကျော်အထိ ပေးဆောင်ရပြီး စုစုပေါင်းကျပ်သိန်းပေါင်း ၁၃၅ဝဝ နီးပါးအကုန်အကျခံမှ စီးနင်းခွင့်ရမည်ဖြစ်သည်။ ထို့အတွက် အခွန်အရပ်ရပ် ကင်းလွတ်ခွင့် တင်သွင်းသည့် ကားအစီးရေ ၃၇ဝ တစ်ခုတည်းအတွက်ပင် အနည်းဆုံး အခွန်ငွေ ကျပ် ၁၂၂ ဘီလျံမှ အများဆုံးကျပ် ဘီလျံ ၉ဝဝ ဝန်းကျင်အထိ နစ်နာသွားသည်။

အခွန်မဲ့အစီး ၃၇ဝ အပါအဝင် ရာခိုင်နှုန်း ၆ဝ သာ အခွန်ဆောင်ရမည့် အစီးများ အပါအဝင် စုစုပေါင်းအစီးရေ ၁၁၁ဝ အတွက်ဆိုလျှင် နိုင်ငံတော်ကရမည့် အခွန်ငွေမည်မျှ နစ်နာသွားမည်ကို မှန်းဆကြည့်နိုင်ပေသည်။

ငြိမ်းချမ်းရေး အဖွဲ့များအနေဖြင့်လည်း ကားပါမစ်မှရငွေမှာ ကျပ်ဘီလျံ ၅ဝ ကျော်မှ ၁ဝဝ ဝန်းကျင်အထိသာ ရရှိခဲ့ပြီး နစ်နာခဲ့ရပြန်သည်။ (အချို့အဖွဲ့များ တစ်စောင်လျှင် ကျပ်သိန်း ၂ဝဝ ဖြင့်သာ ရောင်းချခဲ့မှုများရှိပြီး အမြင့်ဆုံးနှုန်းဖြင့် တွက်ထားခြင်းဖြစ်သည်)

9E\1000 ကျော်ကားများအတွက် ပြည်သူအချို့ပေးတဲ့ နာမည်သစ်

ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းလာသည့် ကားများကို စီးနင်းနေသူ အများစုမှာ ယခင်အစိုးရ၊ ယခုအစိုးရလက်ထက် ခရိုနီ လုပ်ငန်းရှင်ကြီးများ၊ ဝန်ကြီးသားသမီး ဆွေးမျိုးများ ဖြစ်ကြသည်။

၎င်းတို့အားလုံးနီးပါးသည် လူတစ်ဦး၊ တစ်စုလျှင် ကုမ္ပဏီပေါင်း ၂ဝ ကျော်မှ ၃ဝ နီးပါးအထိ ပိုင်ဆိုင်လုပ်ကိုင် ကြသော်လည်း ကုမ္ပဏီတစ်ခု၊ နှစ်ခုအတွက်သာ အခွန်ဆောင်ပြထားသူများ ဖြစ်ကြသည်။

“ငြိမ်းချမ်းရေး ကားပါမစ်နဲ့ သွင်းတဲ့ကားတွေကို 9E\1000 ကျော် နံပါတ်တွေပေးတယ်။ စီးတဲ့သူတွေ အားလုံးကလည်း အရင်လက် ထက်ရော၊ အခုလက်ထက်မှာပါ နိုင်ငံတော် သွင်းရမယ့် အခွန်တွေမသွင်းဘဲနဲ့ လုပ်ရင်း ချမ်းသာလာတဲ့ သူတွေများတယ်။ နိုင်ငံတော်သွင်းရမယ့် အခွန်မသွင်းတဲ့ သူတွေက ထပ်ပြီး အဲဒီငွေတွေနဲ့ ကျပ်သိန်းပေါင်း ၁၄ဝဝဝ လောက်တန်တဲ့ကားကို ကျပ်သိန်းပေါင်း ၅ဝဝဝ လောက်နဲ့ အခွန်ရှောင်ပြီး ထပ်စီးတာလေ။ အဲဒါကြောင့် ကျွန်တော်တို့ အသိုင်း အဝိုင်းမှာတော့ ဟိုဘက်မှာလည်း ခိုး၊ ဒီဘက်မှာလည်း အခွန်ထပ်ခိုးထားတဲ့ ကားတွေဆိုတော့ သူခိုးကားလို့ နာမည်ပြောင်ပေး ထားတယ်”ဟု ကားဝယ်ရောင်း ကိုဝင်းထွဋ်က ပြောကြားသည်။

ပြည်သူတွေရဲ့ ပြောကြားချက်

“ပြန်ကောက်ရမှာပါ။ ငြိမ်းချမ်းရေး ကားပါမစ်တချို့ကို ဝယ်ယူဖူးတဲ့သူတွေ ရှိပါတယ်။ သူတို့တွေက တန်ဖိုးနည်းကားတွေ သွင်းကြတာပါ။ အဲဒီလိုဝယ်တဲ့အခါ အာမခံချက် ၄ ချက်ကို လက်မှတ်ထိုးရပါတယ်။ အဲဒီ ၄ ချက်ထဲမှာ အခွန်ပြန်ကောက်ရင် ပေးဆောင်ပါမယ်ဆိုတဲ့ အချက်ပါတယ်။ အခုငြိမ်းချမ်းရေးပါမစ်နဲ့ သွင်းတဲ့ကားတွေက ကိုယ်ပိုင်အမည်ပေါက်တွေနဲ့လုပ်ပြီး စီးကြတာ။ သူတို့ရော အဲဒီလိုဝန်ခံချက်လက်မှတ် မထိုးရဘူးလား။ ငြိမ်းချမ်းရေး အဖွဲ့အမည်နဲ့ မဟုတ်တဲ့အတွက် အခွန်ပြန်ကောက်ရပါမယ်။ ရပ်ကွက်ထဲအထိ ဈေးထဲအထိ အခွန်လိုက်ကောက်မယ့် အချိန်မှာ ဒီလိုအခွန်ငွေ ကျပ်သိန်းပေါင်းများစွာ ရှောင်ကွင်းစီးနင်း အခွင့်ထူးခံတာမျိုးကတော့ မရှိသင့်ဘူး။ ငြိမ်းချမ်းရေးအဖွဲ့တွေ ထိုက်တန်အောင် ရတယ်ဆိုရင်တော့ တစ်မျိုးပါ။ အခုက အဖွဲ့လည်းမရ၊ နိုင်ငံတော်လည်း အခွန်နာတယ်”ဟု ကားဆောင်းပါးရှင် အရည်ကျိုက သုံးသပ်ပြောကြားသည်။

စက်မှုလုပ်ငန်းရှင် ဦးကျော်သူက“နိုင်ငံတစ်နိုင်ငံမှာ ဥပဒေတစ်ခုပဲ ရှိသင့်တယ်။ သူ့တို့ကျတော့ လွှတ်ပေး၊ ပြည်သူကျ ကောက်တယ်ဆိုရင် ဥပဒေမဟုတ်ဘူး။ ရေရှည်မှာ ဒါတွေက ထောက်စရာတွေ များလာလိမ့်မယ်။ အဲဒီလိုဆိုရင် သူတို့ကလည်း လုပ်ချင်တာလုပ်၊ ပြည်သူကလည်း လုပ်ချင်တာလုပ် ဖြစ်လာမှာပေါ့။ ကျွန်တော့်အမြင်အရတော့ အမည်ပေါက်နဲ့ စီးနေတဲ့ ကားတွေကို ဥပဒေအရ ပြန်ကောက်သင့်တယ်။ အခြေခံ ပြည်သူဆီကပဲ လည်ပင်းညှစ်ပြီး တစ်ဖက်သူတို့လို လူမျိုးတွေကျ လွတ်နေမယ်ဆိုရင် ဒါဥပဒေလို့ မခေါ်ဘူးလို့ ကျွန်တော်မြင်တယ်”ဟု သုံးသပ်သည်။

ရန်ကင်းမြို့နယ်နေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကိုညွန့်ကလည်း “အရင်ဆုံးပြောချင်တာက ပြည်သူဆီက မကောက်ခင် အခွင့်ထူးခံတွေဆီက အရင်ရအောင် ကောက်ကြည့်ပါ။ ဘယ်နေရာဖြစ်ဖြစ် မျှတဖို့လိုတယ်။ ရပ်ကွက်ထဲအထိ လမ်းဘေး ဈေးသည်ကအစ အခွန်လိုက်မကောက်ခင် ဒီလိုအခွင့်ထူးခံတွေဆီက ရအောင် ပြန်ကောက်ကြည့်ဖို့ပါပဲ”ဟု ပြောကြားသည်။

“အခြေခံ ပြည်သူတစ်ယောက် ဈေးအသက်သာဆုံး ၁၃ဝဝ စီစီ ကားတစ်စီးဝယ် စီးရင်တောင် ကျပ် သိန်း ၅ဝ ကျော်လောက် အခွန်ပေးစီးရတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေ ထိုက်တန်အောင် ရသလား။ အဖွဲ့တွေလည်း မရ နိုင်ငံတော်ကလည်း အခွန်ကျပ်ဘီလျံပေါင်း အများကြီးနာသွားပြီ။ နောက်ဆုံး လူတစ်စုက အခွန်ကျပ်သိန်းထောင်ချီ ကင်းလွတ်ခွင့်နဲ့ စီးနင်းနေတာ မျိုးကတော့ ပြန်ကောက်ဖို့လိုတယ်”ဟု ကားလုပ်ငန်းရှင် ဦးမိုးကျော်စွာက ဆိုသည်။

“နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရမယ့် တာဝန်ရှိတဲ့အတွက် မည်သူမဆို အခွန်ပေးရမယ်။ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အလျောက်၊ ဆိတ်လည်း ဆိတ်အလျောက်၊ ဆင်လည်း ဆင်အလျောက် ဘယ်သူမဆို အခွန်ဆောင်ရမယ်။ ဆင်က ဆိတ်လောက်ပဲ အခွန်ဆောင်တာ၊ ဆိတ်က ပုရွက်ဆိတ် လောက်ပဲ အခွန်ဆောင်တာမျိုး မဖြစ်အောင် အားလုံးတစ်ပြေးညီရအောင် အခွန်ကောက်သင့်ပါတယ်။ မျှတမှု ရှိရပါမယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က အခွန်နှင့်ပတ်သက်၍ ပြောပြ သည်။

မိတ္ထီလာမြို့မှ ဆိုင်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်နိုင်ဝင်းက “အခြေခံပြည်သူတွေ တကယ့်လက်တွေ့ဘဝကို သိချင်ရင် ဆင်းကြည့်လိုက်ပေါ့။ အမြဲတမ်း အခြေခံ ပြည်သူတွေ အိတ်ကပ်ထဲက ဘယ်လိုညှစ်ထုတ်ပြီး ခရိုနီနဲ့ လူတစ်စုကျ အခွင့်အရေးတွေရ၊ အခွန်ပြန်မဆောင်၊ ရအောင်လည်း မတောင်းဘူး။ အခု ငြိမ်းချမ်းရေး အမည်ပေါက်နဲ့ မဟုတ်ဘဲ ကိုယ်ပိုင်အမည်နဲ့ စီးနေတဲ့သူတွေ ရှက်တတ်ရင် ကိုယ့်အသိစိတ်နဲ့ကိုယ်တောင် လာဆောင်သင့်တယ်။ ကောက်ရမယ့် သူတွေကလည်း သူများပြောမှမဟုတ်ဘူး။ ရှက်တတ်ရင် အရင်ကတည်းက ကောက်ထားသင့်တယ်။ ထစ်ခနဲရှိ အခြေခံပြည်သူဆီကပဲ ဆိုတာမျိုး များလာရင်တော့ပေါက်ကွဲဖို့ပဲ ကျန်တော့တယ်။ ပြည်သူတွေအားလုံး အခွန်ဆောင်ရမှာ မှန်တယ်၊ အခွင့်ထူးခံတွေမရှိအောင် လုပ်ပြဖို့တော့ လိုတယ်”ဟု ပြောကြားသည်။

“နိုင်ငံတကာမှာ သာသနာရေး၊ ဘုန်းကြီးကလွဲပြီး ကျန်တာအကုန် အခွန်ကောက်တယ်။ အားလုံး အခွန်ကောက်ရပါမယ်”ဟု Farmer Auto မှ ဒေါက်တာစိုးထွန်းကလည်း ပြောကြားသည်။

9E\1000 ကျော်ကားတွေ ဥပဒေအရ အခွန်ပြန်ပေးရမည်

ကားတစ်စီးတင်သွင်းလျှင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကညန မှတ်ပုံတင်ကြေး သုံးမျိုးအား အခွန်ပေးဆောင် စီးနင်းရန် သတ်မှတ်ထားသည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်မှာ တည်ဆဲဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်နှုန်းများဖြစ်ပြီး မည်သူမျှ အခွန်ကင်းလွတ်ခွင့် မရှိချေ။ ကညန မှတ်ပုံတင်ကြေးမှာမူ ဥပဒေအရ ပြဌာန်းထားခြင်း မဟုတ်သည့်အတွက် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြစ်၍ လည်းကောင်း၊ ပါမစ်ဝယ်ယူကုန်ကျ စရိတ်အဖြစ် လည်းကောင်း လျှော့ပေါ့သက်သာ၍ရသည်။

ထို့အတွက် ဥပဒေအရ 9E\1000 ကျော် ကားများ၊ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းထားသည့် ကားများအားလုံး ကုန်သွယ် လုပ်ငန်းခွန်နှင့် အကောက်ခွန်ကို ပြန်လည်ကောက်ခံ သင့်သည်ဟုလည်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်နှစ်မျိုးကို ပြန်လည်ကောက်ခံခြင်းဖြင့် ကားတစ်စီးလျှင် အနိမ့်ဆုံး ကျပ် ၅၁၄ သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၃၆ဝဝ ကျော်အထိရရှိ မည်ဖြစ်ပြီး ပျမ်းမျှတစ်စီးလျှင် ကျပ်သိန်း ၂ဝဝဝ ဝန်းကျင်ပြန်လည် ရရှိနိုင်သည့်အတွက် ကားအစီး ၁ဝဝဝ ကျော်အတွက်ဆိုပါက ကျပ်ဘီလျံ ၂ဝဝ ကျော်အထိ နိုင်ငံအတွက် ပြန်လည်ရရှိမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးအတွက်လည်း ဖြစ်တယ်၊ တစ်ဖက်မှာ ပါမစ်ဝယ်ရတဲ့ ကုန်ကျစရိတ် ကလည်းရှိတယ်။ အဲဒီအတွက် ကညန မှတ်ပုံတင်ကြေးကို သုညရာခိုင်နှုန်း ပေးလို့ရပါ တယ်။ ဒါပေမဲ့ အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကတော့ ဥပဒေအရ ပြဋ္ဌာန်းထားတာ ဖြစ်လို့ ဘယ်သူမှလည်း ကင်းလွတ်ခွင့်မရပါဘူး။ ငြိမ်းချမ်းရေးပါမစ် ဝယ်ဖူးတဲ့သူ တွေသိပါတယ်။ အခွန်ပြန်ကောက်ရင် ပေးပါမယ်ဆိုတဲ့ အာမခံချက် လက်မှတ်ထိုးရတဲ့ ပါမစ်မျိုး ဝယ်ဖူးတဲ့သူတွေရှိပါတယ်။ ဒီလို အာမခံချက်ထိုးပြီးမှ ကိုယ်ပိုင်အမည်ပေါက် လုပ်ကြပါတယ်။ အခုလည်း ငြိမ်းချမ်းရေးအဖွဲ့ အမည်နဲ့ မဟုတ်တဲ့ ကား၊ ကိုယ်ပိုင်အမည် ဖောက်ထားတဲ့ကားတွေဆိုရင် ကုန်သွယ်လုပ် ငန်းခွန်နဲ့ အကောက်ခွန်ကို ပြန်ကောက်လို့ ရပါတယ်”ဟု ကိုအရည်ကျိုက ဆက်လက် ပြောကြားသည်။

Distinct Trading မှ ကိုထွဋ်ထိပ်က “ကားသွင်းစီးတဲ့သူတိုင်း ဥပဒေအတိုင်း အခွန်အတိအကျ ပေးဆောင်ပြီး ပြည်သူတွေ စီးကြတာပါ။ ငြိမ်းချမ်းရေး အဖွဲ့အစည်းအမည်နဲ့ အသုံးပြုတာကတော့ ကင်းလွတ်ခွင့် ပေးလို့ရ ပါတယ်။ ကိုယ်ပိုင်အမည်ပေါက်နဲ့ စီးတဲ့သူတွေကိုတော့ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း၊ အကောက်ခွန် ရာခိုင်နှုန်း ၄ဝ၊ တွက် နည်းအရဆိုရင် စုစုပေါင်း ၇၅ ရာခိုင်နှုန်း လောက်ကျမယ်။ ဒါကိုတော့ ဥပဒေအရ ပြ|ာန်းထားတဲ့အတိုင်း ပေးဆောင်သင့်တယ်။ အခုစီးနေတဲ့ သူတွေကလည်း ဒီပမာဏကို ပေးနိုင်တဲ့သူတွေချည်းပါပဲ”ဟု ဆိုသည်။

လူတစ်ဦး၊ လူတစ်စုတည်း ကုမ္ပဏီ ၂ဝ မှ ၃ဝ အထိ တည်ထောင်လုပ်ကိုင်နေသူများ က ကုမ္ပဏီတစ်ခု၊ နှစ်ခုအတွက်သာ အခွန် ဆောင်ပြပြီး ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသည့်တိုင် ကြီးမားစွာ အခွန်ရှောင် ခြင်း၊ ရှောင်ရန် အခွင့်အရေး ပေးထားခြင်းများ ရရှိနေသည့် အခွင့်ထူးခံများ ရှိနေသမျှ နိုင်ငံသည်လည်း တိုးတက်မည့်ဘက်သို့ ဦးတည်မည် မဟုတ်ပေ။

မျှတသည့်အခွန်စနစ်သို့ သွားလိုလျှင် အခွင့်ထူးခံများထံမှ ယခုကဲ့သို့ လက်တစ်လုံးခြား အခွန်ရှောင်တိမ်းမှု၊ အခွန်ရှောင်တိမ်းရန် အခွင့်အရေး ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေကဲ့သို့သော အခြေအနေများကို ပြန်လည်ပြင်ဆင်ပြီး လုပ်ဆောင်မှသာ ရရှိမည်ဖြစ်သည်။

ကားအမျိုးအစားအလိုက် ဥပဒေအရ ပြန်လည်ကောက်ခံသင့်သည့်အခွန်ပမာဏ

(ကားအမျိုးအစား=Rolls-Royce Phantom 2013, ကားတန်ဖိုး=၄၉၀၀ သိန်း, အကောက်ခွန်=၁၉၆၀ သိန်း, ကုန်သွယ်ခွန်=၁၇၁၅ သိန်း, စုစုပေါင်းအခွန်=၃၆၇၅ သိန်း)

(ကားအမျိုးအစား=Rolls-Royce Phantom 2013, ကားတန်ဖိုး=၃၉၂၀ သိန်း, အကောက်ခွန်=၁၅၆၈ သိန်း, ကုန်သွယ်ခွန်=၁၃၇၂ သိန်း, စုစုပေါင်းအခွန်=၂၉၄၀ သိန်း)

(ကားအမျိုးအစား=Rolls-Royce Ghost 2013, ကားတန်ဖိုး=၂၄၅၀ သိန်း, အကောက်ခွန်=၉၈၀ သိန်း, ကုန်သွယ်ခွန်=၈၅၇ သိန်း, စုစုပေါင်းအခွန်=၁၈၃၇ သိန်း)

(ကားအမျိုးအစား=Bentley Mulsanne 2013, ကားတန်ဖိုး=၂၉၄၀ သိန်း, အကောက်ခွန်=၁၁၇၆ သိန်း, ကုန်သွယ်ခွန်=၁၀၂၉ သိန်း, စုစုပေါင်းအခွန် ၂၂၀၅ သိန်း)

(ကားအမျိုးအစား=Bentley Continental 2013, ကားတန်ဖိုး=၂၆၄၆ သိန်း, အကောက်ခွန်=၁၀၅၈ သိန်း, ကုန်သွယ်ခွန်=၉၂၆ သိန်း, စုစုပေါင်းအခွန်=၁၉၈၄ သိန်း)

(ကားအမျိုးအစား=Lamborghini Avendator 2013, ကားတန်ဖိုး=၃၈၂၂ သိန်း, အကောက်ခွန်=၁၅၂၉ သိန်း, ကုန်သွယ်ခွန်=၁၃၃၇ သိန်း, စုစုပေါင်းအခွန် ၂၈၆၆ သိန်း)

(ကားအမျိုးအစား=Lamborghini Gallardo 2013, ကားတန်ဖိုး=၂၄၅၀ သိန်း, အကောက်ခွန်=၉၈၀ သိန်း, ကုန်သွယ်ခွန်=၈၅၇ သိန်း, စုစုပေါင်းအခွန်=၁၈၃၇ သိန်း)

(ကားအမျိုးအစား=Lexus 2013, ကားတန်ဖိုး=၆၈၆ သိန်း, အကောက်ခွန်=၂၇၄ သိန်း, ကုန်သွယ်ခွန်=၂၄၀ သိန်း, စုစုပေါင်းအခွန်=၅၁၄ သိန်း)

(ကားအမျိုးအစား=BMW M3 2013, ကားတန်ဖိုး=၆၈၆ သိန်း, အကောက်ခွန်=၂၇၄ သိန်း, ကုန်သွယ်ခွန်=၂၄၀ သိန်း, စုစုပေါင်းအခွန်=၅၁၄ သိန်း)

မှတ်ချက်။ ။Lexus နှင့် Bentley Continental Flying Spur ဈေးနှုန်းများမှာ ကားတန်ဖိုးအမှန်ဈေးပေါ်တွင် တွက်ချက်ထားခြင်း မဟုတ်ဘဲ CIF ဈေးနှုန်းပေါ်တွင်သာ တွက်ချက်ထားခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ဖော်ပြထားသည့်ပမာဏထက် ပိုမည်ဖြစ်သည်။ တင်သွင်းမှုများသည့် ကားအမျိုးအစား အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်တို့မှာ ဥပဒေအရပြဋ္ဌာန်းထားခြင်းဖြစ်၍ ပြန်လည်ကောက်ခံသင့်သည့် အခွန်များဖြစ်သည်။

(ရန်ကုန်မြို့တွင်း စီးနင်းနေသည့် Rolls-Royce ကားတစ်စီးကိုတွေ့ရစဉ်)

အေအိုင်ဒီအက်လူနာ သုံးသောင်းကျာ်တော့ ဒုက္ခလှလှကြီးတွေ့ပြီ


ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၄၆၃)

MSF နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ မြန်မာပြည်မှာလုပ်နေတဲ့ NGO လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်း လိုက်ရတယ်လို့ သိရပါတယ်။

ဒီသတင်းက စစ်တွေမှာ နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ မျက်နှာလိုက်မှုတွေ ရှိတယ်ဆိုတဲ့ ဆန္ဒပြမှုတွေရဲ.နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။

နိုင်ငံခြားသတင်းမီဒီယာတွေမှာပါတာက ရခိုင်မှာဘဲ ပိတ်တယ်လို့ပါရှိပါတယ်။

ဒီကနေ့တော့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တခုဆီကရရှိတဲ့ သတင်းအရဆိုရင် တကယ်တော့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ. မြန်မာပြည်က လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ သိရပါတယ်။

အစိုးရဟာ အလုပ်တခုကိုလုပ်တိုင်း ရမ်းတုတ်တတ်တဲ့ သဘာဝရှိတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စံပါနဂိုရ်က နွာမကြီးပေါင်ကျိုးခိုင်းတာနဲ့တူတယ်။ နွာမကြီးက ပေါင်မကျိုးတာကို အစိုးရက ပေါင်ရိုက်ချိုးတာနဲ့တူတယ်လို့ ပြောရတော့မယ်။

ရခိုင်မှာဖြစ်တဲ့ ကိစ္စကိုဇာချဲ့လိုက်တာနဲ့ ရန်ကုန်၊နဲ့ ကချင်က နယ်စည်းမထားကဆေးခန်းတွေကိုပါ ပိတ်လိုက်တယ်ဆိုတာဟာ စစ်တွေကကမ်းပါးပြိုတာကို ရန်ကုန်-ကချင်က နွားတွေပါ ပေါင်ကျိုးရမယ်။ ပေါင်မကျိုးရင် ရိုက်ချိုးမယ်ဆိုတဲ့သဘောပါဘဲ။

တကယ်တော့ ရန်ကုန်နဲ့ကချင်က သဇင်ဆေးခန်းတွေမှာ အေအိုင်ဒိအက်လူနာ သုံးသောင်းကျော်ကို ဆေးဝါးများထောက်ပံ့၊ စားသောက်နေထိုင်မှု၊ လမ်းစာရိတ်စကမှအစေ ထာက်ပံ့ပေးလှုနေတဲ့ ကျန်းမာရေး စောက်ရှောက်မှုလုပ်ငန်းစဉ်တွေကို အကြိးအကျယ်ထိခိုက်နစ်နာစေမှာအမှန်ပါဘဲ။

ဘယ်လောက်အထိ ထိခိုက်မလဲဆိုရင် ဝေဒနာရှင်လူသုံးသောင်းကျော်ရဲ. သေရေးရှင်ရေးထိခိုက် နစ်နာစေမှုဖြစ်ပါတယ်တော်။

ဒါဟာအလွန်ကြီးမားတဲ့ လူ့သားတွေရဲ.အသက်ရှင်သန်ခွင့်ကိုပိတ်ပင်မှုပါဘဲ။

တကယ်တော့ နယ်စည်းမထားဆရာဝန်များအဖွဲ့က ရခိုင်မှာ ဘက်လိုက်ပြီးစောင့်ရှောက်တာမျိုးရှိတယ်လို့ ရခိုင်များက စွပ်စွဲရင် ( ဘက်မလိုက်ပါနဲ့။. ဘက်လိုက်စောင့်ရှောက်တာမျိုးဖြစ်ရင် လုပ်ငန်းစဉ်ကိုရပ်ဆိုင်းမယ်။ ရခိုင်လူမျိုးတွေကိုပါ စွပ်စွဲမှုအတွက် ဘက်မလိုက်ကြောင်းဖြေရှင်းခိုင်းရမယ်။ ဘက်လိုက်မှုရှိခဲ့ရင်လဲ မျှမျှတတ လုပ်ပါလို့ သတိပေးရင်ရပြီထင်မိပါတယ်။

အခုတော့ ၀ါးလုပ် ချေးသုတ်၊ အားလုံးကို အကုန်ဖြုတ်ဆိုရင် အလွန်ကြီးမားတဲ့ NGO ကြီးတခုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေ ထိခိုက်နစ်နာကုန်တော့မယ်။

လက်ရှိ အခြေအနေမှာ နယ်စည်းမထားဆရာဝန်များအဖွဲ့က ထောက်ပံနေတဲ့ အေအိုင်ဒီအက်လူနာ သုံးသောင်းကျာ်တော့ ဒုက္ခလှလှကြီးတွေ့ပြီလို့ဘဲ ဆိုရတော့မယ်။

အေအိုင်ဒီအက်လူနာဆိုတာ စားသုံးနေတဲ့ ART ဆေးကို နေ့စဉ်သောက်သုံးရတာပါ။ တရက်ပြတ်လို့မရ။ သူ.အချိန်နဲ့သူ အတိအကျသောက်သုံးရတာဖြစ်ပါတယ်။

ခွတော့ကျကုန်ပြီး။ လုပ်လိုက်ရင် တလွဲ။ မလွဲရင် မလုပ်တတ်ဘူးထင်တယ်။

ကဲ ---ပြောကြဆိုကြပါဦး။ ကိစ္စတော့ရှိကုန်ပြီ။

သတင်းမီဒီယာများလည်း လူနာများရဲ့ အခက်အခဲကို သတင်းတိကျရယူပြီးရေးသားနိုးဆော်စေချင်ပါတယ်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်မှာ ဘက်လိုက်သလား။ ဘက်မလိုက်ပါနဲ့ပြောရင်တော်ပြီ။
တပြည်လုံးက ဆေးခန်တွေကို နေ့ညမဆိုင်းပြန်လည်ဖွင့်လှစ်ပေးဘို့ ၀ိုင်းဝန်းတောင်းဆိုကြပါဦး။

နယ်စည်းမထားဆေးခန်းများ ချက်ခြင်း ပြန်ဖွင့်ရေး---ဒို့အရေး။

( ၂၈-၂-၁၄)

ဦးရွှေမန်းတုန့်ပြန်ချက်ဒေါ်စုသဘောတူ

မျိုးစောင့်ဥပဒေ ထောက်ခံပွဲ ကိုဘုန်းကြီးကျောင်း ၂၄ ကျောင်းမတက်ရောက်



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

ပြီးခဲ့တဲ့ တပါတ်က နေပြည်တော်မှာ လုပ်သွားတယ်ဆိုတဲ့ မျိုးစောင့်ဥပဒေ ထောက်ခံပွဲ ကို နေပြည်တော်နယ်မြေမှာ ကျောင်းရွေ့ပြောင်းဖို့ တရားစွဲခံထားရတဲ့ ဘုန်းကြီးကျောင်း ၂၄ ကျောင်းက ဘုန်းကြီး တစ်ပါးမှ မတက်ရောက်ကြပါဘူး ။ အဲသည်လိုပဲ သစ်တောပိုင် မြေလွှတ်မြေရိုင်းထဲမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဘုန်းကြီးကျောင်း ဆောက်နေကြတဲ့ ၊ လာရောက်ခိုလှုံနေကြတဲ့ ဘုန်းကြီးများ၇ဲ့ ၇၅% နှုန်းဟာ ရခိုင်က ရွေ့ပြောင်းလာတဲ့ ရခိုင်ဘုန်းတော်ကြီးများ ဖြစ်သလို ..... တစ်ယောက်မှ ၉၆၉ မဟုတ်ပါဘူး ။
နာစေးနေတဲ့ မျိုးချစ်တွေ ရွှေခိုင်တွေ သိအောင် ပြောပြရမယ်ဆိုရင် အဲသည် ဘုန်းကြီးကျောင်းများ အရေးကို NLD က အမတ်တွေ ၊ ရှေ့နေတွေက အားသွန်ခွန်စိုက် ကြိုးပမ်းပေးနေပါတယ် ။
အဲသည် တရားစွဲခံထားရတဲ့ ကျောင်း ၂၄ ကျောင်းကို နေပြည်တော်နေ ရခိုင်အမတ်တစ်ယောက်မှ လိပ်ထီးငှားပြီး မသွားကြပါဘူး ။

မဟုတ်ဘူးလို့ ထင်ရင် ဖုန်းဆက်မေးကြည့်ကြ

လှည်းကူးမြို့နယ်ထဲကနောက်ထပ် အဖျက်ခံရတဲ့ ဒေါ်ကာလီရွာနှင့်ကျောက်တောင်ရွာ


ယာယီဒုက္ခသည်စခန်း နေပြည်တော်လမ်းမကြီးမိုင်တိုင်အမှတ် ၁၈/၄ နားမှာ

ပြောတာပဲ



( ဇော်သက်ထွေး )
Tomorrow သတင်းဂျာနယ်မှဆောင်းပါး။
ပြောတာပဲ
==============
ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီး က မြေသိမ်းယာသိမ်းကိစ္စတွေမှာပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိအောင် လုပ်ရမယ်လို့ပြောပါတယ်။
နိုင်ငံတော် သမ္မတကြီးကလည်း မိဘပြည်သူများ ခင်ဗျားဆိုပြီး ရိုသေကျိုးနွံစွာနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောလေ့ရှိပါ တယ်။
ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဟာ အတတ်နိုင်ဆုံး စိတ် ရှည်သည်းခံပြီး ဆောင်ရွက်နေတယ်
 လို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ် တွေထဲက ၁၆၀ ကျော်ဟာ လွှတ်တော် သက်တမ်း ၃ နှစ်အတွင်း ဘာမေးခွန်း မှ မမေးခဲ့ပါဘူး။
အစိုးရအဖွဲ့အတွင်းမှာ လည်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူခံရတဲ့
ဝန်ကြီးမရှိပါဘူး။ လက်ရှိ အာဏာရထားတဲ့ ပါတီထဲက ပုဂ္ဂိုလ်တစ်ချို့ဟာ
ပြုပြင်ပြောင်းလဲရေး တွေကို ခုခံဖို့အတွက် အရင်အစိုးရရဲ့လက်ရာအတိုင်းဗြောင်ကျကျလှုပ်ရှား နေဆဲပါပဲ။

ရာသီဥတုကပူတယ်။ ပြည်သူ တွေက ဆင်းရဲတယ်။ ဘတ်စ်ကားကြီး တွေက နိုင်ငံတော်ပိုင်လမ်းပေါ်မှာ စိတ်ထင်သလို
မောင်းနေကြတယ်။ ရုပ်ရှင်တွေကလည်း မကောင်းဘူး။ သရုပ်ဆောင်တွေက အခန်းတစ်ခန်း ထဲမှာစုရပ်ပြီး စကားတွေပဲပြောနေ ကြတယ်။
 ပြဇာတ်သာသာပဲ။ ဟာသ ကားတွေပဲများနေပြီး အတွေးအခေါ် တွေက မြင့်မားမလာတော့ဘူး။ အရင် တုန်းက ရုပ်ရှင်သမားတွေ
 ပြောနေကျ စကားကြီးနှစ်ခွန်းရှိပါတယ်။ အဲဒါ ကတော့ ကျွန်တော်တို့ဆီက စက်ပစ္စည်းတွေ ခေတ်မမှီတော့လို့၊ ကျွန်တော်တို့ရဲ့
ဆင်ဆာမူဝါဒ တင်းကြပ်လွန်းလို့ ဆိုပြီး မြန်မာ ဇာတ်ကားတွေအရည်းအသွေးကျဆင်း တာကို ဆင်ခြေပေးလေ့ရှိပါတယ်။
အခုဆင်ဆာလည်းမကြပ်တော့ပါဘူး။ စက်တွေလည်း ထိုက်သင့်သလောက် ရှိလာပါပြီ။ ဒါပေမယ့်ဇာတ်ကားတွေကတော့နာမည်တွေ
ကရော၊ အတွေး အခေါ်တွေကရော၊ အောက်တန်းကျ တုန်းပါပဲ။

မြန်မာ့လက်ရွေးစင်ဘောလုံး အ သင်းကလည်း ပွဲတိုင်းရှုံးနေတယ်။လစာဖြတ်တောက်ခြင်းခံရတဲ့ ဘောလုံး သမားတွေရဲ့ခြေစွမ်းကလည်း
ကောင်း မလာတော့ဘူး။ ဘောလုံး အကယ်ဒမီ မှာရှိတဲ့ကျောင်းသားလေးတွေကလည်း ဆယ်တန်းအောင်အောင် မဖြေနိုင် ဘူး။
ကစားသမားတွေရဲ့ အပြုအမူ တွေဟာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ မီဒီယာတွေက မှတ်ချက်ပြုတယ်။ ဒါ့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကို
လည်း ပရိသတ်တွေ လာမကြည့်တော့ဘူး။

ယာဉ်ကြောပိတ်ဆို့နေတာ လမ်း တွေချည်းကိုပဲ အပြစ်ပြောလို့မရ၊ကား တင်သွင်းခွင့်ပေးတာချည်းပဲ အပြစ် ပြောလို့မရ၊ လိုင်းနှစ်လိုင်းကို
 ခွမောင်း တဲ့မော်တော်ကားတွေညာဘက်ယာဉ် ကြောကဘယ်ဘက်ယာဉ်ကြောအထိ ပြောင်းပြီးမောင်းချင်တဲ့ ဒရိုင်ဘာတွေ
ဘယ်သူ့ကားကိုမှ အလျှော့မပေးလို တဲ့ မြန်မာ့စိတ်ဓာတ်တွေက မီးပွိုင့်မှာ တစ်နေတယ်။

မြန်မာ့ပညာရေးအဆင့်အတန်း က နှစ် ၃၀ အတွင်း လုံးဝပျက်စီးသွားပြီး ကလေးတွေကလည်း လောက နီတိဆိုတာကို မသိတော့ပါဘူး။
တိုင်း ပြည်ချစ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးလို စိတ်တွေ နည်းပါးပြီး အချောင်ရတဲ့ အခွင့်အရေးတွေကို မက်မောလာကြ တယ်။

သစ်ထုတ်လုပ်ရေးက ဒီနှစ် ဧပြီမတိုင်ခင် သစ်အားလုံးကို ခုတ်နေ တယ်။ မြန်မာပြည်ရဲ့သစ်တောဧရိယာ က စာရွက်ထဲမှာ
၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်ဆိုပေမယ့် သစ်တော တွေကို ကာကွယ်တားဆီးနေတဲ့ တော အုပ်ကြီးတွေကို ခြုံအုပ်ကြီးတွေလို
ပြောင်ပြီးခေါ်နေကြပြီ။ တလောက ပလပ်စတစ်အိတ်တွေဟာ မြေဆီလွှာ ပျက်သုဉ်းတယ်ဆိုပြီး ကြပ်ကြပ်အိတ် အစား စက္ကူအိတ်တွေကို
 အစားထိုးဖို့ပလတ်စတစ်လုပ်ငန်းရှင်တွေကို ခေါ် ပြောခဲ့ပေမယ့်နောက်ဆုံးတော့ ဒုံရင်း က ဒုံရင်းပါပဲ။ ဧရာဝတီမြစ်ကို လမ်းလျှောက်
ကူးလို့ရပြီး ပန်းလှိုင်မြစ်ကို တော့ မြေပုံထဲက ဖျက်ပစ်လို့ရပါပြီ။

ရွာသူရွာသားတွေက လယ်မြေ တွေ အသိမ်းခံရလို့ မလေးရှားကိုသွားပြီး အလုပ်လုပ်ကြရတယ်။ တံငါသည် တွေက ငါးတွေကို
ဘက်ထရီနဲ့ရှော့ တိုက်ပြီး ဖမ်းတယ်။ ပညာရေးဝန်ထမ်း ဆရာမတွေက အိမ်မှာကျူရှင်သင် တယ်။ ရှေ့နေတွေက တရားသူကြီး
 တွေအတွက် အမှုပွဲစားလုပ်ပေးပြီး တရားဥပဒေကို ဖျက်ဆီးတယ်။ ဂေါပကတွေက စီးပွားရေးလေလံပစ် တတ်ကြပြီး
 ကျောင်းဆရာတွေကချဲဒိုင်လုပ်တတ်တယ်။ အထူးကု တွေကလူနာတစ်ယောက်ကို ငါးမိနစ် ပဲကြည့်တာ ဘယ်သူမှမပြောရဲဘူး။
ဆရာဝန်ကြီးက ဆွေးနွေးပညာပေး တယ်ဆိုတာ မြန်မာ့အသံကရေဒီယို ဇာတ်လမ်းထဲမှာပဲရှိတယ်။ အထူးကု ဆေးခန်းတွေကလည်း
ဆရာဝန်ကြီး တွေကိုအလိုလိုက်နေရပုံပါပဲ။

သတင်း ထောက်တွေက ဂျာနယ်ရောင်းကောင်း ဖို့အတွက် စာနယ်ဇင်းကျင့်ဝတ်တွေ ချိုးဖောက်နေကြပြီး ပြည်ထဲရေးက လည်း
ကျွံလာတဲ့ သတင်းသမားတွေ ကို သင်ခန်းစာပေးချင်နေတယ်။
ယာဉ် တိုက်မှုတွေကြောင့် မနှစ်က လူပေါင်း ၃၅၀၀ သေဆုံးခဲ့ပေမယ့် ဆိုက်ကား သမားတွေက ဆိုင်ကယ်တက္ကစီ ဆွဲ နေကြပြီ။

တပ်မတော်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို လွှတ်တော်က လျှော့ချ လိုက်ပေမယ့် အရာရှိစစ်သည် ၃၀၀၀ကတော့ နှစ်စဉ်တိုးပွား
နေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့ ဆောင်ပုဒ်က လူတွေရယ်စရာ ပျက်လုံးဖြစ်ခဲ့ပေမယ့် မြန်မာ့ကင်ဆာ အမျိုးမျိုး
ကမ္ဘာမှာ တိုးစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးမှန်ကန်လာပါတယ်။ ကမ္ဘာ့ကင်ဆာ အဖြစ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာ
က အဆင့် ၃ ချိတ်သတဲ့။ ဒီနှစ်ပိုင်းမှာ ရွှေဆိုင်အတော်များများလုယက်ခံ ရပြီး ရဲတွေက တရားခံတိုင်းကို မဖမ်း နိုင်ခဲ့ပါဘူး။

ပြည်သူတွေ မကြည်ညိုတဲ့ ခရိုနီ တွေက သူတို့ရှင်သန်မှုအတွက်အတိုက် အခံ နိုင်ငံရေးပါတီတွေရဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ
 ငွေတွေလှူနေပေမယ့် နောက်ထပ်အခွင့်အရေးတွေမရ တော့လို့ဝမ်းနည်းနေပါတယ်။ အတွင်း သိတွေကတော့ နောက်ထပ်
အခွင့်အ ရေးတွေ မရတော့ဘူးဆိုတာ ဘယ်သူ ပြောလဲလို့ဆိုပါတယ်။ အာဏာရှင် အစိုးရလက်ထက်က ကရုဏာကြီး
ချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး ပရဟိတအဖွဲ့အစည်းတွေကလည်း အခုတော့လူမှုရေးမလုပ်ကြတော့ဘူး။
အနုပညာသမားတွေကတော့ လူမှု ဂုဏ်ထူးဆောင်လက်မှတ်ရဖို့နာရေး ကူညီမှုအသင်းက လူသေတွေကို သင်္ဂြိုဟ်ပေးနေပေမယ့်
အနုပညာ လောကအတွင်း မူးယစ်ဆေးသုံးစွဲမှု ကတော့ အရင်အတိုင်းပါပဲ။

လူငယ် တွေကြားထဲမှာ လက်ဖက်ရည် သောက်တဲ့သူနည်းလာပြီး အရက် သောက်တဲ့သူ များလာပေမယ့် ဘယ် စတိုးဆိုင်ကမှ
၁၈ နှစ်အောက် အရက် မ၀ယ်ရလို့ ကြေညာချက်မထုတ်သေးပါဘူး။ ဘယ်အရက်ကောင်တာမှ လည်း အချိန်ပိုင်းနဲ့ ရောင်းမယ်ဆိုတာ
 မျိုး မရှိပါဘူး။ အရက်ကုမ္ပဏီတွေ သိန်းပေါင်းသောင်းချီ ချမ်းသာလာပေမယ့် အသည်းကင်ဆာနဲ့ သေတဲ့သူ တွေကလည်း
သိန်းပေါင်းသောင်းချီနဲ့ အပြိုင် ချီတက်လာပါပြီ။

မြန်မာနိုင်ငံ သားတွေအားလုံးဟာ ပင်လယ်၊ တော တောင်၊ သစ်ပင်၊ကျေးငှက်တိရစ္ဆာန် တွေကို ချစ်ပုံမရတဲ့အတွက် တိုင်းပြည် ရဲ့ သဘာဝ
ပတ်ဝန်းကျင်က အဆိုးဝါး ဆုံးအခြေအနေကို ရောက်ရှိလာ ပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ပြုမှုနှုန်း ကျလာသလို အိမ်ထောင်ကွဲမှုနှုန်းကလည်း မြင့်တက်ခဲ့တဲ့အတွက် ဖခင်မဲ့ကလေး
 ဦးရေကလည်း ပိုပြီးတိုးပွားလာပါ တယ်။ ဆင်ဆာမဲ့အပြာဗွီဒီယိုခွေတွေ ဟာ လမ်းဆုံလမ်းခွနဲ့ လက်ဖက်ရည် ဆိုင်တွေမှာ
 ပေါ်ပေါ်တင်တင်ရောင်းချနေပေမယ့် ဖမ်းဆီးမယ့်သူ မရှိသေး ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဖတ်လို့ ကောင်းအောင်
 ရေးထားတဲ့ စာအုပ်ထဲက စာသားတစ်ခုသာ ဖြစ် ပါတယ်။ ဒီအပြာခွေတွေရဲ့ ရိုက်ခတ် မှုကြောင့် အသိဉာဏ်ချို့တဲ့တဲ့ ဗုဒ္ဓ
ဘာသာကျေးလက်တွေမှာ ကိုယ့်သား သမီးတွေကို အဓမ္မကျင့်ကြံတဲ့အမှု မျိုးတွေ မကြားစဖူး ပေါ်ပေါက်လာ ပါတယ်။

မြန်မာပြည်ရဲ့သူဌေးအား လုံးက အာဏာပိုင်တွေကို လာဘ်ထိုး ဖို့လက်မနှေးပေမယ့် အခွန်ရှောင်ဖို့ကျ တော့ ညီတူညာတူ
 ယိမ်းကနေကြ တယ်။ ဆေးတက္ကသိုလ်က မွေးထုတ် ပေးလိုက်တဲ့ ဆရာဝန်တွေကစာပေ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်း
 ကျောင်းပြုကြပြီး စစ်ဗိုလ်တွေက စီးပွားရေးလုပ်တယ်။ လယ်သမားတွေ က ဆန္ဒပြနည်း တတ်မြောက်
သွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏ ခွင့်ယူတတ်တယ်။ တရား သူကြီးတွေက ငွေတိုးပေးပြီး ဗိုလ်ချုပ်
ကတော်တွေက လုံးချင်းအိမ်တွေ ငှား စားကြတယ်။ စာရေးမတွေက ညွှန် ကြားရေးမှူး
ရဲ့ အငယ်အနှောင်းဖြစ် သွားပြီး ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်ပျောက်ပြီးပြန်ပေါ်လာ ရင် ဂျာနယ်လစ်ဖြစ်နေတတ်တယ်။

လွှတ်တော်က ဥပဒေတွေအမျိုးမျိုး ပြဌာန်းနေပေမယ့် ကိုယ်စားလှယ်တွေ က သူ့မဲဆန္ဒနယ်မြေတွေဆီကိုလည်း မသွားကြပါဘူး။ နိုင်ငံရေး
ယဉ်ကျေးမှု သစ်ဖြစ်လာပြီလို့ သမ္မတကြီးကပြော ပေမယ့်အဖွဲ့အစည်းတွေနဲ့ အတွေးအခေါ်တွေကတော့အဟောင်းတွေ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်း ရေးမရသေးပေမယ့် လက်နက်ကိုင်အဖွဲ့ တွေကတော့မော်တော်ကားပါမစ်ရ သွားပါပြီ။ လွှတ်တော်နဲ့အစိုးရအဖွဲ့ ရန်ဖြစ်
နေပေမယ့် ချမ်းသာပုံခြင်းက တော့ အတူတူပါပဲ။

အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ကမ္ဘောဒီးယားခြင်းအဖွဲ့ကိုရွှေတံဆိပ်ရစေရမယ်လို့ ကတိပေးဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတော့
မြန်မာ တွေက ကတိဖျက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးကြေးကြော်ခဲ့တဲ့ ဆင်းရဲသား မွဲတေမှုတိုက်ဖျက်ရေးက မအောင်မြင် ဘဲ
ပြည်သူတွေခမျာ နွားနို့တောင် မသောက်နိုင်ပါဘူး။

အစိုးရ၀န်ကြီးတွေ သုံးနှစ်အတွင်းပြောတဲ့မိန့်ခွန်းတွေက မြန်မာပြည်သမိုင်းမှာ ထာဝရတွင်ကျန် ရစ်ခဲ့ပါပြီ။ ပြည်သူတွေ ထမင်းတစ်နပ်
လျှော့စားပါ။ ဖယောင်းတိုင်ထွန်းပြီး နေပါ။ တရုတ်ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိရိုသေပါ။ လိုအပ်ရင် ပါး အရိုက်ခံပါ။

ကလေးတွေအတွက် အားကစားကွင်းတွေ ပျောက်ကွယ် သွားပြီး စည်ပင်သာယာနဲ့ အဆင်ပြေ တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ
အတွက်ဈေးတွေဖြစ်လာတယ်။ ကျေးလက်မှာ ယောက်ျားတွေ ပြည်ပသွား အလုပ်လုပ်နေလို့ မိန်းမတွေက လယ် ထွန်နေကြတယ်။
 အမျိုးသား အစွန်း ရောက်တွေက လူတွေကို စည်းရုံးဖို့ ဘာသာရေးကို ခုတုံးလုပ်တယ်။ ဗုဒ္ဓ ဘာသာကိုကိုးကွယ်ယုံကြည်ကြပေ မယ့်
လောဘ၊ ဒေါသ၊ မောဟတွေ ကတော့ ကြောက်ခမန်းလိလိပဲ။

တိုင်းပြည်မှာတော့
သဘာဝ ဓာတ်ငွေ့တွေရှိသေးတယ်လို့ပြောတာ ပဲ။
ရေနံတွေရှိသေးတယ်လို့ပြောတာ ပဲ။ ကျွန်းသစ်တွေရှိသေးတယ်လို့ ပြောတာပဲ။
ကျောက်စိမ်းတွေရှိသေး တယ်လို့ပြောတာပဲ။

ဂုဏ်သိက္ခာတွေရှိသေးတယ်လို့ ပြောတာပဲ။

ပြောတာပဲ...........

တရုတ်ကွန်မြူနစ်ပါတီနဲ့ အန်အယ်လ်ဒီ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး




    By အေးနိုင်
    27 February 2014
http://burmese.dvb.no/archives/52425

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပါတီနှစ်ခုရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဝေလျံတို့ အပါအ၀င် ရှစ်ဦးဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဋ္ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ရေးရာဌာနက ထိပ်တန်းတာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

nldသူတို့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီနာယက ဦးတင်ဦး၊ ဗဟိုပြန်ကြားရေး ကော်မတီက ဦးဥာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ သုံးဦးနဲ့ မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက အဓိက ဆွေးနွေးချက်ကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဆီလာတာကတော့ အဓိကက သူတို့ တရုတ်နိုင်ငံအနေနဲ့ အခုဟာက နိုင်ငံရေး ပွင့်လင်းမှု ရှိလာတယ်။ ရှိလာတော့ အရင်တုန်းက အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရတာ နှောင့်နှေးမှုတွေ ရှိခဲ့တယ်။ အခုကျတော့ ပွင့်လင်းမှုတွေ ရှိလာခဲ့အခါကျတော့ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းနဲ့ ပိုပြီးတော့ တိုးချဲ့ပြီးတော့ ဆက်ဆံချင်တယ်ပေါ့။ ဒါ လာတဲ့အကြောင်းပါပဲ” လို့ ပြောပါတယ်။ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကို ပြောသွားတာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ပြန်လည်ဆွေးနွေးချက်နဲ့ ပတ်သက်လို့ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက ခုလို ပြောပါတယ်။

“ကျနော်တို့က ပါတီချင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ လက်ခံတဲ့အကြောင်း လက်ခံပါတယ်။ နောက်ပြီးတော့လည်း ဟိုတုန်းက တရုတ်နဲ့မြန်မာ ဆက်ဆံရေးပေါ့နော် သမိုင်းကြောင်းအရ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်၊ အခုလည်း စောစောပိုင်းကတော့ အာဏာရှင် လက်အောက်မှာ ဖြစ်နေတဲ့အခါကျတော့ ဆက်ဆံရေးက ပြတ်တောက်သလောက် ဖြစ်ခဲ့တယ်လေ။ အခု ပြန်ပြီးပွင့်လင်းတဲ့အခါမှာ ဒီလို တရုတ်နိုင်ငံက ပြန်လည်ဆက်သွယ်တာကို ကျနော်တို့ လက်ခံတဲ့ အကြောင်း ၀မ်းသာတဲ့အကြောင်း ပြန်ပြောတာပါဘဲ”လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ တပ်မတော်အစိုးရလက်ထက်အစပိုင်း ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်အနိုင်ရတုန်းက တရုတ်သံအမတ်ကြီးကိုယ်တိုင် ပထမဆုံး အသိအမှတ်ပြု လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်အစိုးရဘက်က ကျောထောက်နောက်ခံပြုရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ သဘောတူခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တို့ဟာ ကန့်ကွက်ခံနေရပါတယ်။

ပါတီခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ မြစ်ဆုံစီမံကိန်းကိစ္စ၊ လက်ပံတောင်းတောင် စီမံကိန်းကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ခေါ်ဖို့စတဲ့ ကိစ္စတွေကို မပြောဆိုဘဲ နှစ်ပါတီချင်းဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး ကိစ္စတွေကိုသာ ပြောဆိုတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လွတ်တော်တွေပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို တရုတ်ပြည်ကို ဖိတ်ကြားလေ့လာတဲ့ခရီးစဉ်တွေ စီစဉ်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီကို လေးကြိမ်ထက်မနည်း ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ကြားဖို့လည်း တရုတ်အစိုးရက ပြင်ဆင်နေပြီး နှစ်ဘက် အဆင်ပြေမယ့်ရက်ကို ချိန်ဆနေတယ်လို့ တရုတ်သံအမတ်က တလောက ပြောဆိုခဲ့ပါတယ်။

၈၈ မျိုးဆက် ပုဒ်မ ၄၃၆ ပြင်ရေးကို ဦးတည်




    By အေးနိုင်
    28 February 2014
http://burmese.dvb.no/archives/52491

ဦးမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ မြို့နယ်အသီးသီးက အဖွဲ့ကိုယ်စားလှယ် ၂၀၀ ခန့်ကို အသိပေးကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ ကျိုက္ကဆံ-ဓမ္မပီယ သာသနာ့ရိပ်သာမှာ နှစ်ရက်တာကျင်းပတဲ့ ဒီစုံညီအစည်းအဝေးကို မြို့နယ်ပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးမင်းကိုနိုင်က စုံညီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိက ကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင် ရေးဟာ လတ်တလော အရေးအကြီးဆုံး ကိစ္စဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျနော်ပြောပြီးပြီ။ ကျနော်တို့ တိုက်ဆိုင်တာရှိမယ်။ မတိုက်ဆိုင်တာရှိမယ်။ ဘယ်လိုမှ မနေတာရှိမယ်။ ဒါဟာ လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက် လူတွေဟာ ပြဿနာပေါင်းစုံ ပုဒ်မပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံကို တင်ကြ အော်ကြမှာပဲ။ ကျနော်တို့ဟာ ဦးစားပေးတွေရှိတယ်။ ဒီနေ့ကတော့ ကျနော်တို့ ရှင်းရှင်းလင်းလင်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နောက်ဆုံး ပြောလိုက်ပြီ လိုအပ်လို့။ ၄၃၆ ဟာ ကျနော်တို့အတွက် အရေးကြီးဆုံး သွားရမယ့် လတ်တလော အရတော့ လက်ငင်းအလုပ်ပဲ။”
ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ကိုယ်စားလှယ် ၅ ပုံ ၁ ပုံက တင်ပြရမယ်။ ကိုယ်စားလှယ်ဦးရေ လေးပုံသုံးပုံကျော်က ထောက်ခံရမယ်။ ပြီးတဲ့အခါ ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ တ၀က်ကျော်က ထောက်ခံရမယ် စတဲ့ သတ်မှတ်ထားတာပါ။ ဒီအပေါ် ရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်တက်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်က မထောက်ခံရင် ပြင်မရတဲ့အခြေအနေလို့ ထောက်ပြနေကြ တာပါ။

ဦးမင်းကိုနိုင်က လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးအားကောင်းဖို့လိုတဲ့အကြောင်းနဲ့ ဒီမိုကရေစီ အားကောင်းဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း အားကောင်းဖို့လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီစုံညီ အစည်းအဝေးခေါ်ယူတဲ့ ရည်ရွယ်ချက်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းပြောခွင့်ရသူ ဦးဂျင်မီက ခုလို ပြောပါတယ်။

“ကျနော်တို့က အရင်တုန်းက ကွန်ရက်ပုံဖွဲ့စည်းထားတာလေ၊ အချက်နှစ်ချက်ပေါ့။ တချက် လုပ်ဖော်ကိုင်ဖက်အချင်းချင်း တနေရာတည်းမှာ တွေ့ဆုံပြီးတော့မှ ကျနော်တို့ ရင်းနှီးမှု ရအောင်ရယ်။ နောက်တချက် အလုပ်ပေါ့။ နောက်ပိုင်းဆက်လုပ်သွားမယ့် အလုပ်တွေမှာလည်း ချည်နှောင်မှု အားကောင်းကောင်းနဲ့ ဆက်သွယ်ရေး အားကောင်းကောင်းနဲ့ ဆက်ပြီးအလုပ်လုပ် သွားနိုင်ဖို့ရယ် အဲဒီနှစ်ချက်ပေါ့ အဓိက။”

ဒီစုံညီအစည်းအဝေးဟာ ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တွေအဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပူးပေါင်းလုပ်ဆောင်မယ်။ နယ်ပယ်အသီးသီးကို သွားရောက်ပြီး လူထုကို စည်းရုံးမယ်ဆိုတဲ့ အစီအစဉ် ချမှတ်ပြီးနောက် ခေါ်ယူတဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဒီစုံညီ အစည်းအဝေးပြီးတာနဲ့ ကနဦး လုပ်ဆောင်မယ့်အလုပ်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဂျင်မီက ခုလိုပြောပါတယ်။

“အန်တီစုနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ရှိတယ်လေ။ ပုဒ် ၄၃၆ ကို ပြင်ဆင်ရေးပေါ့။ အဲဒါကတော့ ကျနော်တို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမနဲ့ပတ်သက်လို့ကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကျနော်တို့ သွားပါလိမ့်မယ်။ နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေက နယ်ပယ်အသီးသီးမှာ ဒေသခံပြည်သူတွေရဲ့ နစ်နာချက်တွေပေါ့။ အဲဒီ နစ်နာချက်တွေကို ကျနော်တို့က ဆောင်ရွက်ပေးနေရတဲ့အဖွဲ့အစည်းတွေပါ။ ဆိုတော့ ဒေသခံ ပြည်သူတွေရဲ့ နစ်နာချက်တွေကိုလည်း အရင်ကထက် ကျနော်တို့ ထိထိရောက်ရောက် ပိုပြီးတော့ ဆောင်ရွက်နိုင်အောင်ပေါ့။ အဲဒီကိစ္စကိုလည်း ကျနော်တို့ ဆက်ပြီးတော့ အကောင်အထည်ဖော်သွားပါမယ်။”

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး လူထုအုံကြွမှုကာလတုန်းက ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြပြီး တပ်မတော်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။

စုံညီ အစည်းအဝေးကနေ ထွက်ပေါ်လာမယ့် သဘောတူညီချက် စည်းမျဉ်းစည်းကမ်း မူဝါဒတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

မဟန ခွင့်ပြုချက်ဖြင့် လယ်တီသိမ်ကို ဖျက်ပြီး ပြန်လည်တည်ဆောက်ပေးမှာ ဖြစ်ကြောင်း အစိုးရ သတင်းစာ ရေးသား

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ထာဝရ မှန်နေမယ့် ပရမတ္တသစ္စာတရား မဟုတ်



““အခြေခံဥပဒေဆိုတာ ဘာအတွက်ရေးဆွဲထားတာလဲ ဆိုလို့ရှိရင် နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရေးဆွဲထားတာဖြစ်ပါတယ်...။ တခြားမျှော်မှန်းချက်တွေ မရှိရပါဘူး..။ အဲ့ဒီတော့ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးလို့ ယုံကြည် လက်ခံ လာတဲ့အခါ ပြင်ကိုပြင်ဆင် ရမှာပါ...”

“ဒီမှာပြောချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ထာဝရ မှန်နေမယ့် ပရမတ္တသစ္စာတရား မဟုတ်ပါဘူး...။ အချိန်ကာလတစ်ခုထိသာ မှန်ကန်နိုင်တဲ့ သမုတိသစ္စာတရား ဖြစ်ပါတယ်...။ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ ရာခိုင်နှုန်းအများစုကို အထောက်အကူ မပြုနိုင်တော့ဘူးဆိုရင်..၊ နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီတော့ရင် ပြင်ဆင်ရမှာပါ...”

“ဒီလို 'ပြင်ဆင်ခြင်း' ကသာလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာ မည်မယ်” လို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာပါ...။ သို့သော် ဒီနေ့ပေါ့လေ... အဓိပ္ပာယ်ဖွင့်ဆိုမှုက တစ်မျိုးဖြစ်နေပါတယ်...။ ကျဉ်းမြောင်းတယ်လို့ပဲပြောရမလား မသိဘူး..။ ဒါကြောင့်မို့လို့ နိုင်ငံသား..၊ တိုင်းရင်းသား အများစုရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုရင် ပြင်ကိုပြင်ရမှာပါ...။ ကျယ်ကျယ်ပြန့်ပြန့်ကို ပြင်ဆင်ရေးမှ တပါး အခြား မရှိပြီလို့ ပြောရမယ် ထင်ပါတယ်...။ နှလုံးသားက ငြိမ်းချမ်းနေရမယ်..၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုကို စွန့်လွှတ်ရမယ်...။ နယ်ပယ်ပေါင်းစုံမှာ ဆွေးနွေးအဖြေရှာတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ရမယ်...။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ရမယ်...။ ဒါပါပဲ......””

(သူရဦးအောင်ကို)
Messenger နှင့် အင်တာဗျူးမှ

တက္ကသိုလ်ပညာရေးဥပဒေရေးဆွဲရေး အဖွဲ့  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်



ဖေဖော်ဝါရီလ ၂၇ ရက်နေ့  မွန်းလွဲချိန်၌ လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်တွင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီမှ အမျိုးသားပညာရေး ဥပဒေ မူကြမ်းရေးဆွဲရေး နှင့်ပက်သက်၍ အစည်းဝေး ကျင်းပရာ၊ တက္ကသိုလ်ပညာရေးဥပဒေရေးဆွဲရေး အဖွဲ့  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှတက်ရောက်ဆွေးနွေး ခဲ့သည်။
 NLD