Saturday, March 1, 2014

ယူကရိန်းသမ္မတကလည်း ရုရှားမျိုးနွယ်ဖြစ်



ယူကရိန်းနိုင်ငံရဲ့ရုရှားနဲ့ကပ်တဲ့ဖက်အခြမ်းမှာနေတဲ့၉၀
ရာခိုင်နုန်းကရုရှားလူမျိုးတွေဖြစ်ပြီးအခြားတဖက်မှာမှ
ယူကရိန်းစကားပြောသူ၉၀ရာခိုင်နုန်းနေတာ..Lvivမြို့ 
အပါအ၀င်ပေါ့...
အခုရုရှားစစ်တပ်ကနယ်စပ်ချင်းကပ်ရက်ကသူ့တို့
အမျိုးတွေရှိတဲ့နေရာဝင်တာဆိုတော့တဖက်က
ယူကရိန်းတွေကနှင်ချင်ရင်တိုင်းပြည်၂ခြမ်းကွဲအောင်
တိုက်ရမလိုဖြစ်နေသလိုရုရှားကိုလည်းမယှဉ်နိုင်တော့
ဘာတွေဆက်ဖြစ်မလဲမသိ၊ယူကရိန်းသမ္မတကလည်း
ရုရှားမျိုးနွယ်ဖြစ်ပြီးအခုလောလောဆယ်ရုရှားနိုင်ငံထဲ
ရောက်နေတယ်လို့အသိလစ်သူနီးယမ်း
တယောက်ကပြောပါတယ်။

Ye Yint Nge


Tin Lay Zaw

ပြည်သူကိုဒူးထောက်တောင်းပ န်ခဲ့ကြတဲ့ ယူကရိန်းအဓိကရုန်းနှိမ်နင်းရေး ရဲများ
==========================================
ယူကရိန်းနိုင်ငံကအဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ

အစိုးရကိုဆန့် ကျင်ဆန္ဒပြသူတွေ ကို ပစ်ခတ် ရိုက်နှက်နှိမ်

နင်းခဲ့တဲ့သူတို့ ရဲ့ တပ်ဖွဲ့ ဝင်များကိုခွင့်လွှတ်ပေးဖို့ 

ဒူးထောက်ပြီး ယူကရိန်းနိုင်ငံသားတွေ

ကိုတောင်းပန်ခဲ့ကြပါတယ်။

မြို့ တော် ကိအက်ဗ်ကနေတာဝန်ပြီးဆုံး လို့  Lviv မြို

့ကိုပြန်လာကြတဲ့ဘာကွတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ

့ဝင်တွေဟာလူအုပ်ရှေ

့ကစင်မြင့်ပေါ်ကနေခုလိုတောင်းပန်ခဲ့ကြတာဖြစ်ပါတယ်။

ရဲအရာရှိတစ်ယောက်က "ကျနော်တို့ ကိုခွင့်လွှတ်ကြဖို

့တောင်းပန်ပါတယ်။သေဆုံးသွားခဲ့ရသူတွေအတွက်ကျနော်

တို့ အားလုံးဒူးထောက်တောင်းပန်ပါတယ်" လို

့ပြောခဲ့ပါတယ်။

မြို့ လူထုက "ရှက်စရာ""ခုံရုံးတင်" စတဲ့ စကားတွေနဲ

့ဝိုင်းဝန်းအော်ဟစ်ခဲ့ကြပါတယ်။

ဒါပေမယ့်ရဲ တွေကသတ်ဖြတ်၊

ရိုက်နှက်မှုတွေလုပ်တဲ့အထဲမှာသူတို့ မပါခဲ့ဘူးဆိုတာကို

အလေး အနက် ထားပြီးပြောခဲ့ပါတယ်။

ရဲအရှိတစ်ယောက်က

"ကျနော်တို့ ထဲကတစ်ဝက်လောက်ဟာ

အပြစ်ကင်းစင်ပါတယ်။ ခုလိုဒူးထောက်တောင်းပန်သင့်

တဲ့သူတွေ မဟုတ် ပါဘူး။ သူတို့ မှာအပြစ်မရှိပါဘူး။

ယူကရိန်းလူထုကိုကာကွယ်ရမယ်ဆိုတဲ့ ကတိသစ္စာကို သူတို

့စောင့်ထိန်းခဲ့ကြပါတယ်။သူတို့ လူထုကိုသေနတ်နဲ့ မပစ်ခဲ့ဘူး။

တုတ်နဲ့ မရိုက်ခဲ့ဘူး။ အခြေအနေ တစ်ခု

ကိုမလွှဲမရှောင်သာရောက်ရှိသွားခြင်းသာဖြစ်ပါတယ်" လို

့ပြောပါတယ်။

ကြားဖြတ်အစိုးရပြည်ထဲရေးဝန်ကြီး အာဆန်အဗာကော့က

ပြီးခဲ့တဲ့သီတင်း ပတ် ကလွတ် လပ်ရေးရင်ပြင် မှာ ဒါဇင်နဲ

့ချီတဲ့ ဆန္ဒပြသူတွေသေဆုံးခဲ့ရတဲ့ကိစ္စနဲ့  ပတ်သက်ပြီး

ရဲအရာရှိတချို့ ရဲ့ ပြုမူဆောင်ရွက်ပုံ ကိုစုံစမ်းစစ်ဆေးမယ်လို

့ပြောပါတယ်။

Lvivမြို့ လူထုနဲ့ ခြားနားစွာပဲသြဒက်ဆာနဲ့ ခရိုင်းမီးယား မြို့ ကို

ပြန်ရောက်လာတဲ့ ဘာကွတ် ရဲတွေ ကိုလူတွေက

ရုရှားအလံတွေဝှေ့ ယမ်းပြီးကြိုဆိုခဲ့ကြပါတယ်။

ဒီအချက်က ယူကရိန်းနိုင်ငံသားတွေရဲ့ ကြားမှာ

နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုရှိနေတာကိုဖော်ပြနေပါတယ်။မှတ်ချက်။ ။

ပုံကရဲတွေကရုရှားသွေးမပါတဲ့ယူကရိန်း တွေဖြစ်နိုင်ပါတယ်....

ဦးအောင်မင်း နောက်တခုကြောက်ပြန်ပြီ

ကား လမ်းမပေါ်ကပန်းခြံ


ဒဲ့ ဟစ်

အခွင့်အရေးမယူသင့်ပါ
==============
ရန်ကုန်မှာယာဉ်ကြောတွေပိတ်ဆို့နေတာလူတိုင်းကြုံတွေ့
နေရပါတယ်။
မြို့ထဲ(Downtown)မှာကားတစ်စီးခဏရပ်ဖို့နေရာရှာရ
တာမလွယ်ပါဘူး။
ပန်းဘဲတန်းမြိုနယ်၊ ၈ ရပ်ကွက်၊ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး
( ၂၉ လမ်းအပေါ်ဘလောက် )ရှေ့မှာပုံမှာမြင်ရတဲ့အတိုင်းကား
လမ်းမပေါ်မှာပန်းခြံလုပ်ထားတယ်။
ကားငါးစီးစာလောက်ရပ်လို့ရတဲ့နေရာပါ။
အုပ်ချုပ်ရေးအဖွဲ့အစည်းဆိုပြီးဥပဒေချိုးဖေါက်ခွင့်ရှိလား။
အုပ်ချုပ်သူ၊အုပ်ချုပ်ရေးအဖွဲ့တွေဥပဒေကိုစံပြအတုယူစရာ
ဖြစ်အောင်ပြုမှုနေထိုင်တတ်ဖို့လိုပါတယ်။
လုပ်သင့်၊မလုပ်သင့်စဉ်းစားပေါ့ဗျာ ။

ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ ရှိတဲ့သူတွေက မပြင်ချင်ကြဘူး



ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီမှာလေ။ ဖွဲ့စည်းပုံ ပြင်ချင်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်ဆိုတာ အမှန်ကတော့ မေးခွန်းမေးတဲ့သူကို ပြန်ဖြေပေးတဲ့ ဖြေကြားချက် မဟုတ်ပါဘူး။ လူငယ်သတင်းသမား တစ်ယောက်က အဘရယ် ပြောပြပေးပါ ဆိုတော့ ကျွန်တော်က နောက်မှပြောပါမယ် ပြောလိုက်တယ်။ အဲဒီမှာ တစ်ဆက်တည်း ပြင်ချင်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်ကွာလို့ အလွတ်သဘော ပြောလိုက်တာ၊ တရားဝင် ပြောလိုက်တာ မဟုတ်ပါဘူး။ ဒါကို တရားဝင် ထည့်လိုက်တော့ ကျွန်တော် နည်းနည်းလေး ရှင်းရတယ်။ ဘာပဲပြောပြော ပြည်ခိုင်ဖြိုး ပါတီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ချင်တဲ့လူတွေ အများစု ရှိပါတယ်။ ပါတီ စီအီးစီ ထဲမှာလည်း အများစုက ပြင်ချင်ကြပါတယ်။ ဒီမှာ Hard Liner လို့ခေါ်တဲ့ သဘောထားတင်းမာသူ အချို့က မပြင်ချင်ကြပါဘူး။ အများစုက ပြင်ချင်ကြပါတယ်။ မပြင်ချင်သူ အချို့ကတော့လေ ဒီစကားကိုလည်း ခဏခဏ မပြောချင်ပါဘူး။ နိုင်ငံတကာက သုံးသပ်တာကိုပဲ အခြေခံ ပြောရရင် ကိုယ်ကျိုးစီးပွား ကာကွယ်ချင်တဲ့သူတွေ၊ ကာကွယ်ဖို့ ရှိတဲ့သူတွေက မပြင်ချင်ကြဘူး လို့ပဲ အလွယ်တကူ ထောက်ပြချင်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Messenger သတင်းဂျာနယ်ပါ
“သူရဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်းခြင်း” မှ ကောက်နုတ်ချက်

အမှိုက်မှ လျှပ်စစ်ထုတ်ရန် ကိုရီးယား ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင် စာချုပ်ချုပ်ဆို


The Voice weekly

စွန့်ပစ် အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် အတွက် ကိုရီးယား အခြေစိုက် Chasson International Korean ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း အဆိုပါ ကိုရီးယား ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ကိုရီးယား ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရရှိလာသည့် အကျိုးအမြတ် ခွဲဝေမှုမှာ ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။

“ဒီစာချုပ် ချုပ်ဖို့ စောင့်နေတာ လေးလလောက် ရှိပါပြီ။ အခုတော့ လုပ်ငန်း စတင် လုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဦးထွန်းဝင်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင် အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ပြီး BOT (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း၊ လာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ် အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက်တန်ချိန် ၈၄၇ တန်ဝန်းကျင်ကို စွန့်ပစ်လျက် ရှိပြီး အဆိုပါ ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး အတွက် YCDC က တင်ဒါ ခေါ်ပြီးနောက် လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association + ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှုမှ အငြင်းပွားဖွယ်များ




Yangon chronicle
“26 February 2014 ရက်စွဲပါ The Diplomat မှ Mongo Palatino ရေးသားသော Myanmar’s census controversy ကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံသည် လာမည့်လတွင် သန်းခေါင်းစာရင်း ကောက်ယူရန် စီစဉ်လျက်ရှိရာ ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိသော အုပ်စုများက ယင်းသို့ကောက်ယူခြင်းသည် တိုင်းရင်းသားနှင့် ဘာသာရေး တင်းမာမှုများ ဖြစ်စေရန် မီးမွှေးပေးသကဲ့သို့ ရှိမည်ကို စိုးရိမ်လျက်ရှိကြပါသည်။

သန်းခေါင်စာရင်း ကောက်ယူရေးမှာ အလွန်အရေးကြီးလှပြီး ကုလသမဂ္ဂ အေဂျင်စီအချို့ကလည်း အကူ အညီ ပေးလျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံလုံးကျွတ် သန်းခေါင်းစာရင်း မကောက်သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိပြီ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ သန်းခေါင်းစာရင်းရှိမှသာလျှင် မြန်မာနိုင်ငံ၏ မွေး/သေ စာရင်းမှ အစပြု၍ အခြားပြောင်းလဲ သွားသည့် ကိစ္စရပ်များကို သိရှိနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု လိုအပ်ချက်များ အတွက် မူဝါဒချမည့်သူများ၊ ရင်းနှီးမြှုပ်နှံမည့်သူများအတွက် ထိုစာရင်းသည်များစွာ အသုံးဝင်ပါ သည်။

သို့သော် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား (သို့မဟုတ်) မျိုးနွယ်စုများနှင့် ပတ်သက်သော သတ်မှတ်ချက်မေးခွန်းသည် ပဋိပက္ခပိုမိုဖြစ်စမည့် မီးပွားဖြစ်နိုင်သည်ကို ခြိမ်းခြောက်လျက်ရှိပါသည်။ သန်းခေါင် စာရင်း ပုံစံတွင် အစိုးရက သတ်မှတ်ထားသော တိုင်းရင်းသား (၁၃၅) မျိုးထဲမှ ရွေးချယ်ကြရန် ဖြစ်ပါသည်။ အချို့ပညာရှင်များအဆိုအရ အဆိုပါ (၁၃၅) မျိုး စာရင်းသည် နှစ်အတန်ကြာကတည်းက ပြင်ဆင်ရန်သင့်သည်ဟု သိရှိရပါသည်။ အချို့တိုင်းရင်းသား အုပ်စုများက စောဒကတက်ရာတွင် လူနည်းစုများကို တစ်မျိုးတည်း ပေါင်းထည့် ထားခြင်းများ၊ အချို့က စာရင်းတွင် ချန်လှပ်ထားခြင်း ခံရကြောင်းများကို ပြောဆိုကြပါသည်။

ဥပမာအားဖြင့် ပလောင်(တအောင်း) လူမျိုးစုက ၎င်းတို့ကို ရှမ်းလူမျိုးအောက်တွင် ထည့်သွင်းထားသည်ဟု ဆိုပါသည်။

“မိမိတို့တအောင်း တိုင်းရင်းသားများသည် ဤဒေသတွင်း ရှမ်းလူမျိုးများ မနေထိုင်မီကတည်းက အခြေချနေ ထိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိတို့သည့် အခြားတိုင်းရင်းသားများနှင့် မတူပါ။ မိမိတို့သည် တောင်ထူထပ်သော နေရာများ တွင် နေထိုင်ကြပြီး၊ မတူကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဘာသာစကားရှိပါသည်။” ဟု ပလောင် အသိုင်းအဝိုင်းမှ တရားဝင် ထုတ်ပြန်ကျေညာချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူအများစုမှာ ဗမာများ ဖြစ်ကြပါသည်။ နေထိုင်သူလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားများ ဖြစ်သည်ဟု ခန့်မှန်းရပြီး ရှမ်းလူမျိုးသည် အကြီးဆုံးတိုင်းရင်းသားလူမျိုး ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ အခြား အဓိကအုပ်စု များတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်နှင့် ရခိုင်တို့ ပါဝင်ပါသည်။

နားလည်မှု လွဲခြင်းများကို ရှောင်ရှားနိုင်ရန်၊ တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် ဒီမိုကရေစီနည်းကျကျ တိုင်ပင်ညှိနှိုင်း မှုများအပေါ် အခြေခံ၍ စာရင်းပြန်လည် သတ်မှတ်ရန် အစိုးရကို တိုက်တွန်းခဲ့ပါသည်။ အစိုးရအနေဖြင့် ထိုသို့လုပ်ဆောင်ပါက၊ သန်ခေါင်စာရင်းကောက်မှုကို ခဏရွေ့ဆိုင်းထားရန် အုပ်စုအချို့က လိုလားနေပါသည်။ အချို့ နေရာများတွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေး သဖြင့် ငြိမ်းချမ်းရေးကို ရှေးရှု ၍ ရွေ့ဆိုင်းရန် လိုအပ်သည်ဟု ထင်ပါသည်။

တိုင်းရင်းသားအုပ်စုများ၏ စိုးရိမ်မှုကို နားလည်ပေး၍ရပါသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရ၏ စာရင်းအပေါ်သာ သန်းခေါင်စာရင်းက အခြေပြုခွင့် ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများတွင် ထိုဒေသ၌ လူဦးရေ၏ ၀.၁ ရာခိုင်နှုန်း ကျော်သော တိုင်းရင်းသားအုပ်များအတွက် တိုင်းရင်းသားဝန်ကြီး ခန့်အပ်ခွင့် ရှိပါသည်။

ရိုဟင်ဂျာ ကိစ္စတွင်မှု အစိုးရသည် ၎င်းတို့အား နိုင်ငံသားရပိုင်ခွင့်များ မပေးဘဲ တရားမဝင် ဝင်ရောက်လာ သူများ အဖြစ်သာ သတ်မှတ်ပြုမှုလျက်ရှိပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဦးကျော်မင်းကမှု မွတ်ဆလင် အများစုဖြစ်သော ရိုဟင်ဂျာ များကို အသိအမှတ်ပြုရန် တောင်းဆိုလျက်ရှိပါသည်။

“လူသားတိုင်းမှာ သူရဲ့ကိုယ်စီ အမှတ်သရုပ်လက္ခဏာ (identity) ရှိပါတယ်။ ကျွန်တော်တို့မှာလည်း သရုပ်လက္ခဏာ နဂိုကတည်းက ရှိခဲ့တာပါ။ အခုမှမဟုတ်ပါဘူး။ အခုတော့ တိုင်းပြည်မှာ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတာ ခံနေရပါတယ်။ ကျွန်တော်တို့ (identity) ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေတာကို လျစ်လျူရှု လျက်ရှိပါတယ်” ဟု ၎င်းကဆိုပါသည်။

သန်းခေါင်စာရင်းမှာ ဘာသာရေးထည့်သွင်းထားခြင်းဟာလည်း မတည်ငြိမ်မှုဖြစ်လာနိုင်သည်ဟု စိုးရိမ်ရပါ သည်။ တိတိပပ ဆိုရသော် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မွတ်ဆလင်အရေအတွက် တိုးလာသည်ဟု အတည်ပြုနိုင်ခဲ့ပါက ဗုဒ္ဓဘာသာ အစွန်းရောက်များက မွတ်ဆလင်များအပေါ် အမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများ ပြုလာနိုင်ပါသည်။

“ပေါင်းကူး” လူထုအခြေပြုအဖွဲ့ကို ဦးဆောင်သူ ကျော်သူကမူ သန်းခေါင်းစာရင်းတွင် တိုင်းရင်းသားနှင့် ဘာသာရေး မေးခွန်းကို ချန်လှပ်ထားသင့်သည်ဟု ထင်ကြောင်း၊ ယခုသန်းခေါင်းစာရင်း၏ ရည်ရွယ်ချက်မှာ ဖွံဖြိုးတိုးတက်ရေးနှင့် စီးပွားရေး စီမံကိန်းများအတွက်သာ အာရုံပြုထားခြင်းဖြစ်၍ ထိုနှစ်ခုမလိုဟုမထင်ကြောင်း ဆိုပါ သည်။ ဥရောပသမဂ္ဂမှ ရန်ပုံငွေ ထောက်ပံသော တရားဥပဒေစိုးမိုးရေး ပရော့ချက်အတွက် မွန်ပြည်နယ်မှ ဒေသခံ ညှိနှိုင်းရေးမှူး ထွန်းအောင်ကျော် ကလည်း အထက်ပါအကြောင်းပြချက်ကို ထောက်ခံပြောဆိုခဲ့ပါသည်။ အစိုးရ အနေဖြင့် အစောပိုင်းက အမျိုးသားမှတ်ပုံတင် ကဒ်ပြားတွင် တိုင်းရင်းသားနှင့် ကိုးကွယ်သည့် ဘာသာဖော်ပြချက်ကို ဖယ်ရှားရန် အတိပြုခဲ့သည်ကို ညွှန်းဆို၍ ပြောဆိုခဲ့သည်။

ဘရပ်ဆဲ အခြေစိုက် International Crisis Group ကလည်း သန်းခေါင်စာရင်း မွေးခွန်းတွင် အသက်၊ ကျား/မ နှင့် အိမ်ထောင်ရှိမရှိကိုသာ ကန့်သတ်မေးမြန်းရန် အကြံပြုထားပါသည်။ ၎င်းတို့က လူမျိုးရေးအရ အကြမ်းဖက်မှုများသည် ယခုကဲ့သို့ အသွင်ကူးပြောင်းရေးကာလတွင် လမ်းချော်သွားနိုင်ကြောင်း သတိပေး ခဲ့ပါသည်။

“မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ကွဲပြားခြားနားမှုအများဆုံးရှိသည့် တိုင်းပြည်များ၌ ပါဝင်ပြီး၊ တိုင်ရင်းသား အမျိုးအစားများမှာ ရှုတ်ထွေးနေပါသည်။ ပြိုင်ဆိုင်မှုကြီးပြီး၊ နိုင်ငံရေးအရလည်း အထိမခံသည့် ကိစ္စရပ်ဖြစ်ပါသည်။

အစိုးရသည် တိုင်းရင်းသားအမျိုးအစားသတ်မှတ်မှု၌ နိုင်ငံရေးအရ တမင်ရည်ရွယ်၍ လိုသလို ချုပ်ကိုင်ခဲ့ သည်ဟု တိုင်းရင်းသား အသိုင်းအဝိုင်းက ယုံကြည်လျက်ရှိပါသည်။ အချိန်မလုံလောက်ဖြင့် လုပ်ဆောင်မည့် သန်းခေါင်းစာရင်း ကောက်ယူမှုတွင် တိုင်းရင်းသားနှင့် ဘာသာရေးကဲ့သို့သော အငြင်းပွားဖွယ်ကိစ္စများ မရိုးမဖြောင့် သော သဘောဖြင့် ထည့်သွင်းထားပါက အခြေအနေများနောက်ထပ်ရှုပ်ထွေး လာနိုင်ပါသည်” ဟု ဖော်ပြထားပါသည်။

ထို့ကြောင့် အများစု၏ မျှော်လင့်ချက်များမှာ ၂၀၁၅ ရွေးကောက်ပွဲ၌ စုပုံလျက်ရှိပြီး၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း ရေး ကာလအောင်မြင်မှု ရှိမရှိမှာလည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကသာ အဆုံးအဖြတ် ပြုမည်ဟု ယုံကြည်နေကြ ပါသည်။ သို့သော်လည်း လာမည့်လသန်းခေါင်စာရင်းကြောင့် မဲဆန္ဒပေးနိုင်သည့် နယ်မြေများနှင့် တိုင်းရင်းသား ကိုယ်စားပြုမှုများ သည် လက်ရှိနိုင်ငံရေးအရ အမြတ်ထုတ်လိုမှုကို မျက်နှာသာပေးခြင်းကြောင့် အဓိက အပြောင်း အလဲများ ဖြစ်ပေါ်ခဲ့ပါက ရွေးကောက်ပွဲ၏ တရားဝင်မှုတွင် အန္တရာယ်ရှိပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လာမည့်သန်းခေါင်စာရင်းတွင် ပါဝင်သော အကြောင်းအရာများနှင့် လုပ်ငန်းစဉ်များကို အလေးအနက်ပြန်လည် စဉ်းစားရန် အချိန်ရပါသေးသည်။

ရပ်မိရပ်ဖ ငါးဦးမပြည့်မှုမြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား


The Voice weekly

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၇၀ ဦးခန့်သည် ယင်းကျေးရွာသို့ လာရောက်ကာ ရွေးချယ်ပွဲကို ကြီးကြပ်ပေးကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

လက်ရှိတွင် ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြယ်ခဲ့ကြောင်း ယင်းဒေသခံ ဦးသိန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေသို့ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်သူ အများစု၏ ဆန္ဒဖြင့် ဦးကျော်ဆွေသည် ဆယ်အိမ်စုမဲ ၄၇ မဲဖြင့် အနိုင်ရ ရွေးချယ် ခံခဲ့ရသော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများက ယနေ့တိုင် အတည်ပြု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းကာလက ရွေးကောက်ခံရသူ ဦးကျော်ဆွေက The Voice သို့ ပြောကြားသည်။

ရပ်မိရပ်ဖ ငါးဦးဖြင့် ကြီးကြပ် ရွေးချယ်ရမည် ဖြစ်သော်လည်း သုံးဦးကသာ လုပ်ငန်း ကြီးကြပ် ဆောင်ရွက်ခဲ့သဖြင့် မြို့နယ်က မိမိ အနိုင်ရရှိသည်ကို အတည်ပြု မပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အများပြည်သူ ဆန္ဒနဲ့ ဦးကျော်ဆွေကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့ဆန္ဒ အတိုင်းသာ ဖြစ်သင့်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ အလိုရှိပါတယ်” ဟု ယင်းကာလက ကြီးကြပ် ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကျေးရွာသူ၊ ကျေးရွာသား အများစုက လက်မခံခြင်းနှင့် ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။

အဆိုပါ ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသည် ယခုအကြိမ်နှင့် ဆိုပါက ၁၀ ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ တစ်ကျောင်းရှိသည်။

ဘိန်းဘုရင်တွေတောင် လွှတ်တော်ထဲ ရောက်



 ဒိုင်း ခင်ခင်


ကဲ--- ဘယ်လို ဆုံးဖြတ်ကြမလဲ အာဏာပိုင်များရှင်

လွှတ်တော်ထဲ ဘင်္ဂလီတွေရောက်လိုက်၊ ငါးစိမ်းသည်တွေရောက်လိုက်၊ ဂျပန်မျိုးဆက် လက်ဝါးစောင်းထက်တဲ့ သူတွေရောက်လိုက်နဲ့၊

အခုလည်း မရိုးရအောင် ဘိန်းဘုရင်တွေတောင် လွှတ်တော်ထဲ ရောက်ကုန်နေပါပြီ၊

ဘိန်းဘုရင် အဖြစ် သတ်မှတ်ခံထားရတဲ့ လွှတ်တော်အမတ်တွေကတော့ လက်ရှိ အာဏာရ ပါတီ လွှတ်တော်အမတ်များဖြစ်ကြသော

ကွတ်ခိုင်မြို့နယ် ကြံ့ဖွတ်လွှတ်တော်အမတ် ဦးတီခွန်မြတ် နဲ့

နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် (၂) မှ ကြံ့ဖွတ်လွှတ်တော်အမတ် ဦးဝင်းမောင် (ခေါ်) ပန်းသေး ကျော်မြင့် တို့ ဖြစ်ပါသတဲ့၊

ဦးခွန်တီမြတ် ဟာ ဆိုရင် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု့ အဖွဲ့ ၌ တိုင်းရင်းသားရေးရာ ကော်မတီ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေဆဲ ဖြစ်ကြောင်းပါတဲ့၊

ဘယ်လိုတွေ ဖုံးဖာဖိ ကြမတုန်း စောင့်ကြည့်နေပါမယ် ။ ။ ။

ဒေါ်တင်ဝင်း သောင်းဂဏန်း ပမာဏ မကိုင်ရတာကြာပါပြီ



 The Modern News Journal
Author- စန်းယု
မန္တလေး ဖေဖော်ဝါရီ ၂၅

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် သူ့ဘ၀မှာ ပိုက်ဆံကျပ်သောင်းဂဏန်းဆိုတဲ့ပမာဏကို လက်ထဲမှာကိုင်မသုံးဘူးတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ ဇရာရဲ့သင်္ကေတတွေ လက္ခဏာတွေ စတင်ပြည့်စုံစပြုနေတဲ့ ဒေါ်တင်ဝင်းဟာ ခ၀ါသည် လုပ်လိုက်၊ သဲတောင်းရွက်သူလုပ်လိုက်၊ အမှိုက်စွန့်ပစ်ပေးသူလုပ်လိုက်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရင်း ရုန်းကန်နေရပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် ဒေါ်တင်ဝင်းဟာ ကိုယ့်ဘာသာကို တစ်ယောက်တည်းနေထိုင်ပါတယ်။

ငွေတွင်းနက်နက်

“ ၈၈ အရေးခင်းနောက်ပိုင်း အဆင်မပြေဘူး။ သောင်းဂဏန်းပိုက်ဆံ မကိုင်ဖူးဘူး။ နှစ်ပေါင်းအစိတ်အတွင်းမှာ။ တစ်ထောင်တန်ဆိုတာအများဆုံးပဲ။ ဘ၀မှာငွေရှာရတာတော်တော်ခက်တယ်။ အသက်ကြီးလေ ခက်လေပဲ” ဒေါ်တင်ဝင်းက သူနဲ့ ပိုက်ဆံ အလှမ်းဝေးနေခဲ့တာကို ပြောပါတယ်။
အဲသည်လိုပြောပြီး အဝေးကိုငေးကြည့်နေတယ်။သူစဉ်းစားနေပုံရတယ်။ တအောင့်အကြာမှာတော့တစ်စုံတခုကို အမှတ်ရပြီး အခုလိုဆက်ပြောပါတယ်။

“ ဆံပင်ဖြတ်ရောင်းတုန်းကရယ်။မြေးငယ်လေး အဝေးလိုက်ပြီး အလုပ်လုပ်တုန်းက ကန့်တော့တုန်းကတော့(ကျပ်) တစ်သောင်းကျော်လောက်ကိုင်ဖူးတယ်။ ကြပ်တည်းတုန်းကယူထားတဲ့ အကြွေးတွေပြန်ဆပ်လိုက်လို့ ကြာကြာမကိုင်လိုက်ရဘူး”
လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှု လျော့ချရေးကိုဆောင်ရွက်နေတယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ မကြာခဏဖော်ပြနေပါတယ်။ ဒါပေမယ့် အဲသည်ဆင်းရဲမွဲတေမှုလျော့ချရေးဟာ ဒေါ်တင်ဝင်း အပါအ၀င် သက်ကြီးရွယ်အိုတွေရဲ့ စားဝတ်နေရေး ကို ယခုအချိန်ထိ အကျိုးသက်ရောက်မရှိသေးပါဘူး။
၈၈ အရေးခင်းပြီး တပ်မတော်အစိုးရ၊ ၂၀၁၀ နောက်ပိုင်းတက်လာတဲ့ ဦးသိန်းစိန် အစိုးရ တွေရဲ့ ကူညီမှု ထောက်ပံ့မှု တွေကို အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် မရရှိခဲ့သေးဘူးလို့ဆိုပါတယ်။

ဆံပင်စုဗူး

ဒေါ်တင်ဝင်းအတွက် သူ့ဦးခေါင်းကဆံပင်တွေက သူ့စားဝတ်နေရေးအတွက် စုဗူးတစ်ခုပါ။ဆံပင်ရှည်လာရင် ကတုံးတုန်းပြီးရောင်းစားရပါတယ်။အခုဆိုရင် သူ့ဦးခေါင်းမှာ ဆံပင်ဖြူ၊ ဆံပင်နက် ရောရာတွေဟာ လက်တစ်ထွာလောက်ရှိနေပါပြီ။တစ်ထွာလောက်ရှိနေတဲ့ဆံပင်တွေကို စုကာ လုံးကာ ပြီးလွယ် စီးလွယ်ထုံးထားပါတယ်။ ဒေါ်တင်ဝင်းရဲ့ဆံပင်တွေဟာ သူ့ဆည်းဆာဘ၀ဖြတ်သန်းချိန်အတွက် စုဗူးသဖွယ်ဖြစ်နေပါတော့တယ်။
တိမ်ကောစပြုနေတဲ့ ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ကမ်းနားဘေး မန္တလေးမြို့ မန်းကျည်းပင်ဆိပ်ကမ်း အနီးမှာ တဲအိမ်ငယ်အချို့ ဟိုတစ ဒီတစရှိနေပါတယ်။ကျူးကျော်တဲတွေပါ။ အဲသည်ကျူးကျော်တဲတွေထဲမှာ ဒေါ်တင်ဝင်းရဲ့ ခြောက်ပေပတ်လည် လူတစ်ယောက်အိပ်စာ တဲငယ်လေးလည်းပါဝင်ပါတယ်။ ၈၈ အရေးခင်းမတိုင်ခင်က သူဟာ ဒီဆိပ်ကမ်းအနီးမှာကိုယ်ပိုင်အိမ်နေထိုင်ခဲ့ပေမယ့် မြို့ပတ်ကမ်းနားလမ်းစီမံကိန်းကြီးကြောင့် သူ့အိမ်အပါအ၀င် ရပ်ကွက်တခုလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အဲသည်အချိန်ကစပြီး မန်းကျည်းပင်ဆိပ်ကမ်းလို့ခေါ်တဲ့ အဲသည်ကမ်းနားဘေးတစ်ဝိုက်မှာ သူ့အိမ်လေးကို ဟိုနားရွှေ့လိုက် ဒီနားရွှေလိုက် ဆောက်လိုက် ဖျက်လိုက်လုပ်ရင်း နေထိုင်လာတာ ၂၅ နှစ်ကျော်ရှိလာပါပြီ။

“ အိမ်ကိုဝါးလုံးတိုလေး လေးတိုင်စိုက်၊ အပေါ်ကတန်းပစ်ပြီး မိုးကာအစုတ်လေး မိုးလိုက်တာပဲ။မိုးရာသီဆို မိုးမလုံဘူး။ ကိုယ်ဖာကိုဆောက်ရတာ။ ပိုက်ဆံမကုန်ဘူး” လို့ ဒေါ်တင်ဝင်းက သူ့တဲလေးရှေ့မှာ မတ်တပ်ရပ်ရင်းပြောပါတယ်။

သံမပါတဲ့အိမ်

ဒေါ်တင်ဝင်းက သူကွန်းခိုရာနေရာကို အိမ်လို့ညွှန်းဆိုပေမယ့် မြင်တွေ့ရသူအဖို့မှာတော့ တဲလို့တောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ခက်ပါတယ်။ သူ့အိမ်ဟာ ဆောက်ထားတာ သံတစ်ချောင်းမှ မပါဝင်ပါဘူး။ သံနဲ့တွဲရမယ့်နေရာ၊ သံရိုက်ရမယ့်နေရာတွေကို ပလပ်စတစ်(ပီနန်) ကြိုးဟောင်းတွေနဲ့ပဲ တွယ်ဆက် ချိတ်ထားတာပါ။ အခုလိုအိမ်ပုံစံမျိုးကိုပဲ ဟိုရွှေ့ ဒီရွှေ့ ဆောက်လိုက် ဖျက်လိုက် လုပ်လာတာအနည်းဆုံး အကြိမ် နှစ်ဆယ်အောက်ထစ်ရှိပြီလို့ သူကဆိုပါတယ်။

အသက်ရွယ်ရလာပြီ ဖြစ်တဲ့ ဒေါ်တင်ဝင်းဟာ အခုအခါ အရင်ကလို ခ၀ါသည် အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ နေ့စဉ်ဝမ်းရေး ဖြေရှင်းဖို့အတွက် အနီးနားဝန်းကျင် အိမ်တွေက အမှိုက်တွေကို အမှိုက်ပုံဆီကို စွန့်ပစ်ပေးရတဲ့ အမှိုက်ပစ်အလုပ်ကိုပဲ လုပ်ကိုင်နိုင်ပါတော့တယ်။ ဇရာကြောင့် မျက်စိတွေေ၀၀ါးလာ၊ခန္ဓာကိုယ်ကလေးလံထိုင်မှိုင်းလာပြီဖြစ်ပါတယ်။
“ မျက်စိကမှုန်နေပြီ။ လမ်းကလည်းသိပ်မလျှောက်နိုင်တော့ဘူး။ အမှိုက်ပစ်ပေးပြီးစားရတာပေါ့။ နှစ်ရာလောက်ရှိရင်ဆိုင်မှာ ထမင်းဆီဆမ်းလေးနဲ့ ဆိုင်ကချပေးတဲ့ အချဉ်လေးနဲ့ စားလိုက်တာပဲ။ ည မနက်ဆို လေးရာရှိရင် အဆင်ပြေသွားတာပဲ” လို့ နေ့စဉ်ဝမ်းရေးဖြေရှင်းနေရပုံကို ဒေါ်တင်ဝင်းကပြောပါတယ်။နေ့စဉ် ဆိုင်မှာပဲဝယ်ယူစားသောက်နေရတာမို့ သူ့မှာ အိုးခွက် ပန်းကန်တွေမရှိဘူးလို့ ဆိုပါတယ်။

စပ်ဆေးပဲအားထားစရာ

နေ့စဉ်ပုံမှန်ဝင်ငွေမရှိတာ၊ ၀င်တဲ့ငွေဟာလည်း ကျပ်တစ်ထောင်အောက်ပဲရှိနေတာကြောင့် ဒေါ်တင်ဝင်းဟာ မမာမကျန်းဖြစ်ရင် ဆေးခန်းမသွားနိုင်ပါဘူး။ နီးစပ်ရာဆေးဆိုင်ကပဲ အစုံထုပ်ဆေး(စပ်ဆေး) ကိုဝယ်သောက်ပြီး ဖျားမှု နာမှုတွေကိုဖြေရှင်းနေရပါတယ်။
“ဆေးတိုက်မသွာနိုင်ဘူး။ သွားစရာပိုက်ဆံလည်းမရှိဘူး။ အစုံထုပ်နှစ်ရာပေးရတယ်။ အဲဒါဝယ်သောက်လိုက်တယ်။ အစုံထုပ်က သောက်ရင် ရင်တွေပူပြီးခံရတာ။ ဒါပေမယ့် နေတော့ ပြန်ကောင်သွားတယ်” လို့ ပြောရင်း ဒေါ်တင်ဝင်း မျက်လုံးတွေဟာ မလှမ်းမကမ်းကိုငေးကြည့်နေတယ်။
ဒေါ်တင်ဝင်းငေးကြည့်တဲ့နေရာကတော့ စည်ပင်သာယာပိုင် မြေကြိတ်ကားကြီးတစ်စီးဟာ မြေတွေကို ညက်နေအောင်ကြိတ်နေတဲ့နေရာပါ။ အနာဂတ်စီမံကိန်းတစ်ခုအတွက် မြေယာပြုပြင်မှုလုပ်နေတာဖြစ်ပါတယ်။ အရင်တုန်းက ဒေါ်တင်ဝင်းတို့လို ကျူးကျော်သူတွေ နေခဲ့တဲ့နေရာလေးဖြစ်ပါတယ်။

အ၀တ်အစားလေးစုံ

လက်ရှိပိုင်ဆိုင်မှု ဘာတွေရှိလဲလို့ မေးမြန်းကြည့်တဲ့အခါ ဒေါ်တင်ဝင်းက “ ဘာမှမရှိဘူး” လို့ အသံခပ်တိုးတိုးလေးနဲ့ ဖြေကြားပါတယ်။ ပြီးမှဆက်ပြီး “ အ၀တ်စားလေးစုံရှိတယ်။ အဟောင်းတွေချည်းပဲ။တစ်စုံကတော့ နည်းနည်းလတ်တယ်။ အဲဒါက သေရင်လွှမ်းဖို့ သိမ်းထားတာ” လို့ ပြောပါတယ်။ဒေါ်တင်ဝင်းရဲ့မျက်လုံးတွေဟာ ညှိုးငယ်နေတာကိုတွေ့ရပါတယ်။
ဒေါ်တင်ဝင်းရဲ့ သက်ကြီးဆည်းဆာဘ၀ဟာ ကြမ်းတမ်းတယ်။ နေမကောင်းရင်ဆေးခန်းမသွားနိုင်၊ ထမင်းနဲ့ ဟင်းတွဲဖက်မစားနိုင်၊ ကိုယ်ပိုင်ကျောတခင်းစာနေရာမရှိနိုင် စတာတွေကြောင့် ဒေါ်တင်ဝင်းတစ်ယောက် စိတ်ကျတာမျိုး မကြာခဏကြုံတွေ့နေရပါတယ်။

သေသော်မှတည့်သြော်ကောင်း၏

“ တစ်ခါတစ်ခါသေတာမှကောင်းသေးတယ်လို့တွေးနေမိတယ်။အမလေး သူများသေမယ့်အစား ကိုယ်ပဲရောသေလိုက်ရင်ကောင်းမယ်လို့ စိတ်ကူးမိတယ်။ နေရာဖယ်ဖို့ နှင်တဲ့အခါမျိုးမှာစိတ်ညစ်ရတာပေါ့” လို့ ပြောပါတယ်။
ဒေါ်တင်ဝင်းက သူစိတ်ဓာတ်ကျဆင်းခဲ့ရပုံတွေကိုပြောပြီး မလှမ်းမကမ်းကို လှမ်းကြည့်ပြန်ပါတယ်။ စည်ပင်က မြေညှိကား အလုပ်လုပ်နေတာကိုကြည့်တာပါ။ အဲသည့်နေရာကို စီမံကိန်းတစ်ခုခု လာရင် ဒေါ်တင်ဝင်းတို့ နေထိုင်ရာ ကျူးကျော်တဲတွေ ထပ်ပြီး အပြီးပြောင်းရွှေ့ပေးရမယ်လို့ သတင်းတွေထွက်နေပါတယ်။

“ ဘယ်နေလို့ ဘယ်ရွှေ့ရမှန်းမသိဘူး။ ဒီကနှင်မှာကို ကြောက်တယ်။နှင်ရင်စိတ်ဆင်းရဲရမှာ။ စိတ်ထပ်ပြီးစိတ်မဆင်းရဲချင်တော့ဘူး။ မနှင်ခင် နိဂုံးချုပ်ချင်တယ်” လို့ ဒေါ်တင်ဝင်းက ပြောပါတယ်။ အဲသည်လိုပြောလိုက်ချိန်မှာ သူဟာမျှော်လင့်ချက်ကင်းမဲ့နေတာကိုတွေ့ရပါတယ်။
မထင်တော့ပါဘူး

ဒေါ်တင်ဝင်းဟာ သူမသေခင်မှာ ဆန္ဒနှစ်ခုရှိပါတယ်။ ကိုယ်ပိုင်နေစရာလေးတစ်ခုရဖို့နဲ့ လက်ရှိသူမှာတင်ရှိနေတဲ့ အကြွေးတစ်ထောင်ကျော် ပြန်ဆပ်နိုင်ဖို့ပါ။
“ ကိုယ်မသေခင် ကိုယ်ပိုင်ကျောတခင်းစာနေရာလေးပိုင်ချင်တယ်။ အစိုးရကကူညီမယ်ဆိုရင်ကောင်းတာပေါ့” လို့ ပြောပြီး ဒေါ်တင်ဝင်းအသံဟာ တိမ်ဝင်သွားတယ်။

ပြီးမှ ယခုလိုဆက်ပြောပါတယ်။

“ မထင်တော့ပါဘူး”

ဒီနေ့ကာတွန်း

ဘာသာစကားအခက်အခဲ ရှိတယ်ဆိုတဲ့ ၀ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာသမ္မတနဲ့တွေ့

ဓါတ်ပုံ - ညိုအုန်းမြင့်

မြန်မာနိုင်ငံတောင်ပိုင်းဒေသမှ ရန်ကုန်မြို့အထိ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမြင့်တက်လာ၊




Eleven Media Group
ကျန်းမာရေးအန္တရာယ်များရှိနိုင်သောကြောင့် ခရမ်းလွန်ရောင်ခြည်ကို သတိပြုရန်လိုအပ်

ကြံဖွတ်အုပ်စု ၄ ခုကွဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကျူးကျော်အိမ်ပေါင်း ၅၃၀၀၀ကျော်ကို ထပ်မံဖယ်ရှားရန်သတိပေးစာပေးပို့ထား၊

Eleven Media Group

ကျူးကျော်အိမ်ထောင်စုများကို တိုင်းဒေသကြီးအဖွဲ့အနေဖြင့်ပြန်လည်နေရာချထားပေးရန် အစီအစဉ်မရှိသေး

ဝန်ကြီးဦးအုန်းမြင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့များကို နေပြည်တော်တွင်တောင်းပန်


 မန်းမျိုးမြင့် မီဒီယာ

မတ် ၁ - ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ - မန်းမျိုမြင့်(မီဒီယာ)

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် ယခင်လကပြောဆိုခဲ့သည့် ၎င်းပြောဆိုချက်များနှင့်ပတ်သက်၍ သန်းခေါင်စာရင်းဆိုင်ရာကိစ္စအတွက် နေပြည်တော်သို့ရောက်ရှိနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့်ကိုယ်စားလှယ်များကို ခွင့်လွတ်ပေးပါရန် တောင်းပန်ခဲ့သည်။

တောင်းပန်မှုကို ယနေ့နံနက်က နေပြည်တော်ရှိ ရတနာသင်္ခဟော်တယ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသမားများကို စော်ကားခြင်းမဟုတ်ဘဲ ဒေါသအလျှောက် အပြောအဆို မှားယွင်းသွားခြင်းသာဖြစ်သည်ဟုလည်း ၀န်ကြိးဦးအုံးမြင့်ကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ပဲခူးမြို့မှာ ဆန္ဒပြ (



RFA
ပဲခူးတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က ဒေသခံတစ်ထောင်ကျော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ (စ) နဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ ပဲခူးမြစ်ကူးတံတားအနီးမှာ ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

သင်္ဃန်းကျွန်းမြို.နယ်က အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒထုတ်ဖော်

ရန်ကုန်မြို့ မှာယနေ့  ညနေ သင်္ဃန်းကျွန်းမြို.နယ်က အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒထုတ်ဖော်မှုမှတ်တမ်း ဖြစ်ပါတယ်။

Sit Mone Nld.


အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့



Eleven Media Group

၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

အစိုးရဝန်ထမ်းများအား ၂ဝ၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့် ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ်တွင်လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှုရှိနေပြီး လက်ရှိတွင် ဆန်၊ ဆီ၊ အသားငါး ဈေးနှုန်းများမှာ ယခင်ကထက် ကုန်စည်အမျိုးအစားအလိုက် ကျပ် ၂ဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းတက်လေ့ ရှိသော်လည်း ယခင်နှစ်ကထက် များစွာမြင့်တက်မှုရှိနေပြီး ဆန်ချောဈေးမှာ ယခင်ကထက် တစ်အိတ်လျှင် ကျပ် ၂ဝဝဝ မှ ၅ဝဝဝ ကျပ်အထိ မြင့်တက်မှုရှိကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ မြင့်တက်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးနှုန်းမှာ အဓိကအားဖြင့် ပြည်ပမှ တင်သွင်းရောင်းချ ရသည့်အတွက် ငွေလဲဈေးမြင့်တက်ခြင်းကြောင့် ယခင်က ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မြင့်တက်မှုရှိကာ နှမ်းဆီဈေးမှာလည်း နယ်ဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိမြင့်တက်နေပြီး ပဲဆီဈေးနှုန်းမှာမူ အတက်အကျမရှိကြောင်း သိရသည်။

အလားတူ အသားငါးဈေးနှုန်းများမှာ ယခင်ကထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပုစွန်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်မှုရှိခဲ့ပြီး ကြက်သွန်ဖြူ၊ နီ၊ အာလူး ဈေးနှုန်းများမှာ ယခင်နှစ် ဈေးထက်ကျပ် ၃ဝဝ မှ ကျပ် ၇ဝဝ အထိ မြင့်တက်မှုရှိခဲ့ပြီး လက်ရှိ၌မူ နယ်စုံမှဝင်ရောက်မှုနှင့် တရုတ်ဘက်မှ ဝယ်လိုအားနည်း နေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ကုန်စိမ်းများမှာမူ ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအဝင်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအဝင်နည်းပါက ဈေးနှုန်းတက်လေ့ရှိကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက“အိမ်ရှင်မတွေအတွက် ကုန်ဈေးနှုန်းတက်လာရင် အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဈေးထဲရောက်ရင် လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ဈေးဝယ်နေရတယ်။ ကုန်ဈေးနှုန်းကလည်း လစာတိုး သတင်းကြားတာနဲ့ လိုက်တိုးချင်နေတာ။ အခုက တိုးပေးတဲ့လစာနဲ့ တက်သွားတဲ့ ကုန်ဈေးနှုန်းက အတူတူပဲဖြစ်နေတယ်။ အခုဆိုရင် လစာတိုးပြီး ကုန်ဈေးနှုန်းက အနည်းဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်အထိ တက်သွားတော့ နှစ်သောင်းတိုးပေးလိုက်လို့ ပိုသုံးရတဲ့ ပိုက်ဆံက ငါးထောင်ပဲရှိတယ်။ ဒါက မီးဖိုချောင် အသုံးစရိတ်ပဲ ရှိသေးတာ။ အခုလဲ လစာနှစ်သောင်းထပ်တိုး ပေးမယ်လို့ကြားတယ်။ ဘာတွေထပ်တက်ဦးမလဲမသိဘူး”ဟု ပြောပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး“အရင်နှစ်က ဝန်ထမ်းလစာ နှစ်သောင်းတိုးတယ်။ ဒါပေမဲ့ ဈေးဝယ်တဲ့အခါသုံးရတာ အရင်ကထက်တောင် ချွေတာနေရသေးတယ်။ အရင်ကဆိုရင် ဆန်ကို အိတ်လိုက်ဝယ်ထားနိုင်ပေမယ့် အခုဆိုရင် လိုသလောက် တစ်ပြည်ချင်းစီပဲဝယ်တယ်။ ဆီဆိုရင်လည်း ဒီလိုပဲ လစာတိုးလို့ အသုံးစရိတ် ပိုလျှံလာတာမျိုး မရှိပါဘူး”ဟု ပြောပြသည်။

“လစာတိုးတာတော့ ကောင်းပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်း လိုက်တက်လာတာမျိုး မရှိအောင် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ငွေကြေးဖောင်းပွတယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခွင့်အရေး တစ်ခုလိုမျိုး အသုံးချပြီး ဈေးမကစားသင့်ဘူး။ လစာတိုးတာရော ကုန်ဈေးနှုန်းတက်တာရောက အစိုးရနဲ့ဆိုင်တဲ့အတွက် လစာတိုးတိုင်း ကုန်ဈေးနှုန်း လိုက်မတက်ဖို့အတွက် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်”ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ဆူဇန်နာလှလှစိုးက ဆိုသည်။

“ကုန်ဈေးတက်တာကို ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်။ တက်သွားတဲ့ ကုန်ဈေးနှုန်းအပေါ် နှိုင်းယှဉ်တတ်ဖို့လိုအပ်တယ်။ လစာနဲ့ယှဉ်ရင် အခြေခံကျတဲ့ အသုံးစရိတ် မလောက်တာလား၊ ကျန်းမာရေး အသုံးစရိတ်အတွက် မလောက်တာလား ဆိုတာကို နှိုင်းယှဉ်နိုင်ဖို့ လိုပါတယ်။ ရွှေဈေးတက်တာ ကျတာက အရေးမကြီးဘူး။ ကုန်ဈေးနှုန်းတက်တာကတော့ အခြေခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။ လစာတိုးတာကတော့ အခုထက်ပိုပြီး ခေတ်နဲ့အညီလိုက်ပြီး ထပ်တိုးပေးရဦးမှာပါ။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လည်းလို နေပါတယ်”ဟု စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ ဦးခင်မောင်ဦးက ပြောပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးရန်နှင့် ပင်စင်လစာဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အစိုးရဝန်ထမ်းလစာ ထပ်မံတိုးမြှင့်ပေးမည် ဆိုသောကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့် ဆန်၊ ဆီဈေးနှုန်းမှအပ အခြားကုန်စည်ဈေးနှုန်း များမှာမူ တက်ရိပ်မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်စည်အမျိုးအစား - ရေတွက်ပုံ - ယခင်ဈေးနှုန်း - ယခုဈေးနှုန်း

ရွှေဘိုပေါ်ဆန်း(သစ်) - တစ်အိတ် - ၃၈၀၀၀ - ၄၃၀၀၀

ရွှေဘိုပေါ်ဆန်း(ဟောင်း)-တစ်အိတ် - ၄၀၀၀၀ - ၄၅၀၀၀

ဖျာပုံပေါ်ဆန်း - တစ်အိတ် - ၃၄၀၀၀ - ၃၆၀၀၀

မနောသုခ - တစ်အိတ် - ၁၇၀၀၀ - ၁၉၀၀၀

ဧည့်မထ - တစ်အိတ် - ၁၉၀၀၀ - ၂၀၅၀၀

စားအုန်းဆီ - တစ်ပိဿာ - ၁၅၀၀ - ၁၇၀၀

နှမ်းဆီ - တစ်ပိဿာ - ၄၀၀၀ - ၆၀၀၀

Bralioတံဆိပ်နေကြာဆီတစ်လီတာ - ၂၈၀၀ - ၃၁၀၀

ကြက်သား - တစ်ပိဿာ - (၅၀၀၀-၈၀၀၀) - (၆၀၀၀-၁၀၀၀၀)

ဝက်သား - တစ်ပိဿာ - (၅၀၀၀-၇၀၀၀) - (၆၀၀၀-၈၀၀၀၀)

အမဲသား - တစ်ပိဿာ - (၄၅၀၀-၈၀၀၀) - (၅၀၀၀-၁၀၀၀၀)

ဆိတ်သား - တစ်ပိဿာ - (၁၀၀၀၀-၁၃၀၀၀) - (၁၂၀၀၀-၁၅၀၀၀)

ငါးကြင်း - တစ်ပိဿာ - ၃၁၀၀ - ၃၈၀၀

ငါးမြစ်ချင်း - တစ်ပိဿာ - ၂၅၀၀ - ၃၆၀၀

ငါးရံ့ - တစ်ပိဿာ - ၄၅၀၀ - ၆၅၀၀

ပုစွန်ကျော့ - တစ်ပိဿာ - ၅၀၀၀ - ၇၅၀၀

ပုစွန်တုပ် - တစ်ပိဿာ - ၁၅၀၀၀ - ၂၂၀၀၀

ကြက်သွန်နီ - တစ်ပိဿာ - (၃၀၀-၃၇၀) - (၆၀၀-၁၀၀၀)

ကြက်သွန်ဖြူ - တစ်ပိဿာ - ၁၈၀၀ - ၂၅၀၀

အာလူး - တစ်ပိဿာ - ၆၀၀ - ၁၀၀၀

(ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်))

ရဲတွေဝိုင်းထားတော့ ကုလားတွေက ပြန်ဝိုင်း


Wira Thu
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာမြို့သစ်၊ ဗ/၁နေ ကိုဇော်ဝင်း(ခ) အာရကန်နေအိမ်မှာ မိတာပါ။
ဗ/၁ ရပ်ကွက်က ကုလားရပ်ကွက်ဖြစ်ပါတယ်။ မနက်အစောကြီး ရဲတွေဝိုင်းထားတော့ ကုလားတွေက ပြန်ဝိုင်းပါတယ်။
အင်အားရာချီတဲ့ ရဲဝန်ထမ်းတွေ ပြိုင်တူမောင်းတင်ပြလိုက်မှ နောက်ဆုတ်သွားကြတာပါ။
မနေ့က ချမ်းအေးသာစံမြို့နယ်၊ ဒီနေ့ ချမ်းမြသာစည်မြို့နယ်၊ မနေ့က ၂ယောက်မိ။ ၂ ယောက်ထဲမှာ ကိုဇော်ဝင်း တစ်ယောက်ပါ။
ဒီနေ့ (၄)ယောက်မိ။ ၄ ယောက်ထဲမှာလည်း ကိုဇော်ဝင်းတစ်ယောက်ပါပါတယ်။ (နာမည်တူ ဇော်ဝင်း နှစ်ယောက် ဖြစ်ပါတယ်။)
ဒီကိုဇော်ဝင်းကိုတော့ အာရကန်လို့ ခေါ်ကြပါတယ်။ ဘင်္ဂလီလူမျိုးပါ။ မှတ်ပုံတင်မရှိပါ။