Sunday, March 2, 2014

၎လပိုင်းရခိုင်မှာတခုခုဖြစ်ရမယ်ဆိုတာတော့ စောင့်ကြည့်ရမှာပါ



တင်ဆိုပြီးမြှောက်ပေးသူတွေရှိလို့တင်၏
မူရင်းကတော့ကုလားတယောက်တင်ထားတာပါ
၎လပိုင်းရခိုင်မှာတခုခုဖြစ်ရမယ်ဆိုတာတော့
စောင့်ကြည့်ရမှာပါ

“နိုင်ငံရေးသမားများ”“တက်ကြွလှုပ်ရှားသူများ”


U Win Cho
မီဒိယာ ဆရာများကလည်း မေးတတ်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရပ်သား အစိုးရ လက်ထက်မှာ “ပါတီတွေ၊အသင်းအဖွဲ့ တွေက “နိုင်ငံရေးသမားတွေ” ကို စစ်ဆေး၊၊မေးမြန်း၊ဖမ်းဆီးတာမျိုး မရှိသလောက် ရှားပေမဲ့ ဦးဝင်းချို တို့လို “တက်ကြွ လှုပ်ရှားသူ”တွေကိုတော့ တရားစွဲတာ၊ဖမ်းဆီးထောင်ချတာတွေ ရှိနေတဲ့ အပေါ် ဦးဝင်းချို အမြင်လေး ပြောပေးပါ.။“တက်ကြွ လှုပ်ရှားသူ” နဲ့ “နိုင်ငံရေးသမား” ရဲ့ ကွာခြားမှု ကိုလည်းပြောပြပေးပါ.........တဲ့။

“နိုင်ငံတော်ဖွံ့ဖြိုးရေး ”အတွက် စီမံကိန်းတွေ ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ကြတဲ့ “နိုင်ငံရေးသမားများ” ကို “အပြုသဘောဆောင်သော ချဉ်းကပ်မှု” လို့ သဘောထားပြီး ပူးပေါင်းဆောင်ရွက်မှု ကို လက်ခံထားတဲ့ အခြေအနေမို့ သူတို့ကို မဖမ်းတာပေါ့ဗျာ။

ကျနော်တို့က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး” အတွက် အနှောင့်အရှက်ဖြစ်နေတဲ့ “အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့“ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊” “အဂတိ လိုက်စားမှုတွေ”တာဝန်မကျေပြွန်မှုတွေ” “လုပ်ပိုင်ခွင့်ဘောင် ကျော်လွန်လုပ်ဆောင်မှု ကြောင့် ပြည်သူတွေဒုက္ခရောက်နေမှုတွေ“ ကိုဖေါ်ထုတ်တင်ပြပြီး အရေးယူပေးဘို့ တောင်းဆိုတာ ဖြစ်တဲ့ အတွက် “အပြုသဘောဆောင်သော ချဉ်းကပ်မှု” မဟုတ်ဘူး လို့ယူဆပြီး စစ်ဆေး၊မေးမြန်း၊တ၇ားစွဲ၊ဖမ်းဆီး အရေးယူတာတွေ လုပ်တာပေါ့ဗျာ။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ

အနာဂတ်အတွက် မျှော်လင့်ချက် တွေကို အကြောင်းပြုပြီးပူးပေါင်းဆောင်ရွက်သူများကို “နိုင်ငံရေးသမားများ”လို့ သဘောထားပြီး

ပစ္စုပ္မန်မှာရှိတဲ့ အမှားတွေကို ထောက်ပြပြီး ပြုပြင်ပေးပါ လို့ တောင်းဆိုသူများကို
“တက်ကြွလှုပ်ရှားသူများ”လို့ သဘောထားပုံရပါတယ်။ ကျနော်မြင်တဲ့ “ကွာခြားချက်”က အဲဒါပါဘဲ........လို့ ဖြေလိုက်ပါတယ်။

နောက်ဆုံးမြင်ကွင်းလယ်တီကိုဖူးထားကြပါ

နိုင်ငံသားကောင်း ဟုတ်-မဟုတ် ပြန်၍ ဆန်းစစ်သင့်



 အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

လက်ရှိ အစိုးရကို အားမလိုအားမရ ဖြစ်ပြီး ဝေဖန်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေကို သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က The Messenger ကနေ အကြံပေး နေပြီဗျ။

"ကိုယ့်ကိုယ်ကိုယ် နိုင်ငံသားကောင်း ဟုတ်-မဟုတ် ပြန်၍ ဆန်းစစ်သင့်ပါသည်။ ကိုယ့်ကို ကိုယ်ရော ဘယ်လောက် တိုးတက်အောင် လုပ်နိုင်ခဲ့ပြီးလည်းဟု ဦးစွာ မရှက် မကြောက် မေးခွန်းထုတ်သင့်ပါတယ်"


(ဖာခန်း ဒေးခန်းများ ပိုင်ရှင် နေဇင်လတ်)
=======================

နိုင်ငံသားတွေကိုဘယ်လောက်ဆုတ်ယုတ်အောင်လုပ်ခဲ့တယ်
ဆိုတာသိသိကြီးနဲ့ အကြံပေးရယ်....

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်


The Voice Weekly

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်း အမျိုးသမီး တစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။

တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများ သည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။



 Ko Htike

ကိန်းဂဏန်း သမားတွေ .. မျိုးစောင့်ဖို့ မအော်ခင် ကာလတွေကတည်းက ... ကျွန်တော် ရေးဖူးတာ တစ်ခု ရှိတယ်။

တရုတ်ပြည်က သတို့သမီး လိုအပ်ချက်ဟာ ... မြန်မာ တနိုင်ငံလုံးက မိန်းကလေးတွေ ပို့လိုက်တာတောင် မလောက်ဘူး ... ဆိုတာကိုပါ။

တကယ့်အန္တရာယ်က မြန်မာ အမျိုးသမီးတွေ တရုတ်မယား အဖြစ် အလိုတူတူ၊ မတူတူ ... ဖြစ်သွားမယ့် ... ဖြစ်နေတဲ့ ... ဖြစ်လာမယ့် ကိစ္စပဲ။

ဒါမျိုးကို သေချာ စီစစ် အမျိုးစောင့်ဖို့ ပိုလိုအပ်ပါတယ်။

အချက်အလက်တွေ ပြန်ကြည့်လိုက်ရင် နှစ်စဉ် တရုတ်ပြည်ကို မြန်မာပြည်က အမျိုးသမီးတွေ မိန်းမ အဖြစ် အရောင်းစားခံနေရတာ တိုးလာနေတယ်ဆိုတာ တွေ့လိမ့်မယ်။

တကယ့် အန္တရာယ်ကို ဘယ်လို ထားရမလဲ မတွေးကြဘူး။ အထူးသဖြင့် တရုတ်ဈေးကွက် အကြီးအကျယ် ရှိနေတဲ့ မန္တလေး၊ ရှမ်းဒေသ၊ ကချင်ပြည်နယ် တဝိုက်။ ...

ဆင်းရဲသား မြန်မာ အမျိုးသမီးတွေအတွက် တကယ်ကို အန္တရာယ်ကြီးပြီး ... လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ။

လူမျိုးပါ ပျောက်သွားနိုင်တယ်။

(တကယ်) မျိုးစောင့်ဖို့အတွက် တရုတ်ကို မိန်းမရောင်းစားတဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အင်မတန် လိုအပ်နေပြီ ဆိုတာ သတိပေး နိုးဆော်လိုက်ပါရစေ။

(ကိုထိုက်)

(နွယ်နီ မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ဖူးသော ဆက်စပ် ဆောင်းပါး https://www.facebook.com/photo.php?fbid=10151518260538323&set=pb.594643322.-2207520000.1393759187.&type=3&theater)

စလုံးမှမြန်မာများ၅ရက် အတွင်း မှာ သိန်းပေါင်း တရာ ကျော်ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသစ် ဆောက်လုပ်ရေး ထောက်ကူပြုအဖွဲ့စင်္ကာပူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဆောက်အဦသစ် ဆောက်လုပ်ရန် ... စင်ကာပူရောက် မြန်မာမိသားစုများမှ ယနေ့ ပင်နီဆူးလား ပလာဇာ သို့ လာရောက်လှူဒါန်းငွေ စုစုပေါင်း S$ ၂,၄၉၂ (၁,၉၀၆,၃၈၀ ကျပ်) ဖြစ်ပါတယ် ။

ဗမာ့ သားကောင်း

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့သုံးနိုင်တော့မည်



Yangon Media
အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

အင်လျှားကန်စောင်းကပုဒ်မ ၄၃၆ပုဒ်မ ၅၉(ဃ)ပုဒ်မ ၅၉(စ)အလိုမရှိ

r

Aye Mya Mya Myo

လိင်တူ၁၀နှစ်ပြည့်ပွဲ



Aung Myo Min

အင်းစိန်ရွာမ ဆရာတော်ကြီးရဲ့ မွေးနေ့မင်္ဂလာပွဲ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါရ၀ပြု



ဓါတ်ပုံ - စောကြည်ဝင်း (Saw Kyi Win)


သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်

ပြည်ပအလုပ်အကိုင်ပြပွဲ