Monday, March 3, 2014

ဆရာတော် အရှင်တိလောကာဘိဝံသ စိန်ရတု ၀ိဇာတ ကုသိုလ်တော်မင်္ဂလာအခမ်းအနားမှာအမေစု



National League for Democracy

ခုလဲ မောင်သွေးချွန် အမျိုးဘာသာသာသနာအတွက် အလုပ်လုပ်နေသည် လုပ်ပြန်ပြီ။



Cho Tu Zal

"မောင်သွေးချွန် ဆိုသော. . . .ထိုပုဂ္ဂိုလ်"

မောင်သီ ပြန်ပြောပြလို့ သိရတာ။
ဘုရားဖူးယာဉ်ပေါ် လူငယ်တွေ ဟေးလားဝါးလားပျော်ရမလား ဆူလို့ဆိုပြီး၊ ပုတီးကြီး မ ပြ၊
"ကျုပ်က အားလုံးအတွက် လုပ်နေတာ. . ."လို့၊ ဒေါသတကြီးအော် သတဲ့။
မောင်သီ က "ကိုသွေး ကျနော့်တော့ ချန်ထားပါ၊ ကျနော့်အတွက် ထည့်မလုပ်ပါနဲ့ "လို့ ထအော်တော့၊
တယောက်တပေါက်နဲ့ တကားလုံး "နေပါ့စေ ဆရာမောင်သွေးချွန် ကျနော်ကျမတို့အတွက် ထည့်မလုပ်ပါနဲ့" လို့ ၀ိုင်းတောင်းပန်ကြရသတဲ့။

ခုလဲ မောင်သွေးချွန် အမျိုးဘာသာသာသနာအတွက် အလုပ်လုပ်နေသည် လုပ်ပြန်ပြီ။

သူ့စရိုက် ကိုက ထစ်ခနဲရှိ ပုတီးကြီး လည်ပင်းဆွဲပြီး၊ လက်သီးလက်မောင်းတန်းတတ်ပါလေရဲ့၊
ဒီလို အရေးတွေ မရှိခင်သေးကတည်းက ကျနော့်ရဲ့ " တရံရောအခါ . . .ဂင်္ဂါ" ကို ပျစ်ပျစ်နှစ်နှစ်
ဝေဖန်တယ်။ ချိုတူးဇော် ဆိုတာ နိုင်ငံနဲ့ လူမျိုး ကို တန်ဖိုးမထားတတ်တဲ့သူ တဲ့။
နောက်နေ့ ကျနော်က လက်ဘက်ရည်သောက်ဖို့ သွားခေါ်တော့၊ မျက်နှာ အိုးတိုးအန်းတန်းနဲ့ လိုက်လာတယ်။
 ၃၉ လမ်းထိတ်က လဘက်ရည်ဆိုင်လေးမှာ အတူထိုင်ရင်း၊ ခင်ဗျား ကိုးကွယ်ယုံကြည်တဲ့ အဘတွေ
(၀ိဇ္ဇာကြီးတွေ) ကကော နယ်နမိတ်အစည်းအတားရှိသလား၊ ဗုဒ္ဓ ကကော နယ်နမိတ်အစည်းအတား ရှိသလား
လို့ သူ့ကို ခပ်အေးအေးပဲ မေးတော့၊ နဖူး ကို တဖြောင်းဖြောင်းရိုက်ပြီး၊ သေပြီကွာ လို့၊ အော်တယ်။

ထစ်ခနဲရှိ နိုင်ငံရေးအမြင်နဲ့ပဲကြည့်၊ ဘာသာရေးသမားလည်းပြောရဲ့၊ ကျယ်ပြန့်တဲ့ ဗုဒ္ဓ၀ါဒ ရဲ့ အနှစ် ကို မဆုပ်ကိုင် နဲ့။ တိမ်လွန်းတာ။
ဒီလို ပုတီးလည်ပင်းဆွဲပြီး၊ အဓိဋ္ဌာန်တွေလည်း လုပ်သလား မမေးနဲ့။ စိတ်နှလုံးက သွေးဆူလွန်းတော့၊
"ဆရာသွေး ခင်ဗျားက ဗုဒ္ဓဘာသာတာလီဘန် ပဲ" လို့ ဒီလိုအရေးတွေ မဖြစ်ခင်ကတည်းက ကျနော်က သူ့
ကို ကင်ပွန်းတပ်ခဲ့တယ်။ တဟဲဟဲ နဲ့။

ပြောရရင် ကျဉ်းမြောင်းလွန်းတာက သူ့ကို လမ်းမှား ပို့လိုက်တယ်။

"ကျနော်ဝေဖန်တာခံရရင် မိတ်ပျက်သွားတာချည်းပဲ၊ ခင်ဗျားတယောက်ပဲ အပြုံးမပျက် ဆက်ဆံတယ်. . ".လို့
ကျနော့်ကို ပြောတော့၊ "ကျနော့် ကိုတော့ ခင်ဗျား ရှုံးသွားတယ် မဟုတ်လား "လို့ ကျနော်မေးခဲ့တယ်။ တဟဲဟဲ နဲ့ ရယ်နေတယ်။

ခုလဲ ကျနော်ကတော့ ခင်မင်ခဲ့သမျှ ကျနော့်မိတ်ဆွေတွေကို ရန်သူ လို့ မမြင်ပါဘူး။ ဒါပေမယ့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်၊
ဘာသာရေးအမြင်တွေက သူတို့ကိုယ်တွင်းကိန်းအောင်းလို့၊ သူတို့ကို ရန်သတ္တရုပြုနေတာ သူတို့ဖါသာ သိစေ့ချင်လှပါတယ်။

အမျိုးဘာသာသာသနာ အတွက် အလုပ်လုပ်နေတဲ့ ချစ်သော ဆရာသွေးနဲ့ အပေါင်းအပါတို့ကို
ပြည်သူအများက မလုပ်ဖို့ ၀ိုင်းမေတ္တာရပ်ခံ ပေးလိုက်ပါလေ။

ချိုတူးဇော်


ကိုယ့်အလှည့်ကျ မနွဲ့စတမ်း
*********************************

မောင်သွေးချွန်တယောက်တော့ " ငတ် ခြင်း " ရဲ့ဒဏ် ကို မခံစားနိုင်တော့လဲ တမင်သိသိကြီး
နဲ့ မရှိတဲ့သိက္ခာ ကို ရိက္ခာ နဲ့ လဲ ပြီး စားသောက်ရတဲ့ဘ၀ကိုရောက်နေပြီကိုးးးးးးးး

မောင်သွေးချွန်ကဲ့သို့ စားရမဲ့သောက်ရမဲ့ဖြစ်လာနေသော၊ခံယူချက်၊ယုံကြည်ချက်မရှိသောအမည်ခံ
သတင်းထောက် စာရေးသူများ လည်း မောင်သွေးချွန် လမ်းစဉ်ကို လိုက်ကြပါလေကုန်...

ဘယ်နှစ်ယောက် နောက်ထပ် ထွက်လာအုန်းမလဲ .. စောင့်ကြည့်ရင်းနဲ့

မင်းတို့ ပြီးရင် တို့ အလှည့်ကျ မနွဲ့ စတမ်း ပေါ့ ကိုယ့်လူ ..

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ


Chit Aung Hla Patrick

မောင်သွေးချွန်မှ လမ်းပြလိုက်လေပြီ

စားစရာမရှိဘဲ နာမည်ကြီးခြင်ရင်

မသိနားမလည်ဘဲ ဒေါ်စုမကောင်းကြောင်းတွေ ရေးပါတဲ့ 

အဆဲအဆိုခံရင်း ပွဲကို ညံနေစေရမည်..

အာမခံသည်..... ဟက်ဟက်ဟက်

ကိုလူမော်တို့က သံကြိုးနဲ့တွဲရင်မလိုက်ဖူးလို့ ငြင်း



Ma Lwin
ဒါထက်မက ရဲတွေကသံကြိုးနဲ့ပါတွဲချင်တာ ကိုလူမော်တို့က အဲလိုသံကြိုးနဲ့တွဲရင်မလိုက်ဖူး ငြင်းလို့မခတ်တာ။
 the photos march 3. Outside the courthouse in Pakokku.Come from the prison to the Court. Many polices follow them. may be ten polices follow.


လာအားပေးသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ —

၂၄ ရက်နေ့ ကျမမွေးနေ့မှာ ရုံးထုတ်ကအပြန်။
When he taught to the computer students...

We are discussion together about the online training education.


Ye Yint Nge

Whenever I see This kind of pictures I feel really bad.
Proud of you Ma Lwin..Don't give up.
We will win soon.


RFA
မကွေးတိုင်း ပေါက်မြို့ နယ်ထဲက စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံတစ်ရုံအကြောင်း ရေးသားဖေါ်ပြလိုက်တဲ့ UNITY JOURNAL ရဲ့ ဒေသခံသတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ပို့ထားသလို ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇနီးသည် မလွင်လွင်မြင့်ကိုတော့ မနေ့က အင်္ဂါနေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ဒါ့အပြင် မလွင်လွင်မြင့်ရဲ့အကို မကွေးမြို့မှာနေထိုင်တဲ့ ကိုအောင်ကျော်ကျော်ကိုလဲ ပခုက္ကူခရိုင်ကိုမသွားဖို့  အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ သိရပါတယ်။
မလွင်လွင်မြင့်နဲ့ ကိုအောင်ကျော်ကျော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် ဆရာတော်အရှင် ဂမ္ဘီရရဲ့အကိုနဲ့  အမ ဖြစ်ပါတယ်။

ဆေးရုံပြိုကျလို့ ဆုံးသွားရှာတဲ့ မြန်မာအလုပ်သမလေး ရေးခဲ့တဲ့စာလေး



 Ma Oo's photo.


ပြည်သူ ကို ကိုယ်စားပြုပါတယ်
ပြည်ထောင်စု ကို ကိုယ်စားပြုပါတယ်

ဆိုတဲ့
အစိုးရ က
စစ်တပ် က

ဘာမှန်းမသိတဲ့ အကျိုးစီးပွားအတွက်
လယ်တွေမြေတွေ သိမ်းနေတဲ့ အချိန်မှာ

ပြည်သူတွေ က အိုးပိုင်၊ အိမ်ပိုင် နေရဖို့ဝေး လို့
သေသွားရတဲ့ အထိ။

အစိုးရသာ ပါးနပ်မယ်ဆို
အမြို့မြို့အနယ်နယ် မှာ
အိမ်ယာမြေကွက်တွေ၊
အိုးအိမ်တွေ ဆောက်လုပ်ပြီး
ပြည်သူကို အိုးအိမ်နေရာချထားရေး စီမံကိန်းတွေ
အကြီးအကျယ် လုပ်ပေးမှာပဲ။

ချိုတူးဇော်

Shrithu Aung ဆီမှ

အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းလိုသည် ဆိုရာဝယ်



( ခိုနှုမ်းထုန် )


မြန်မာဘုန်းတော်ကြီးတွေက ရိုးသားတဲ့ပြည်လူထု (၄ ) သန်းခန့်ကို သွေးဆောင်ဖြားယောင်ပြီး ယင်းတို့၏ လက်မှတ် များ ရယူကာ အမျိုးစောင့် ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြလိုက်ပါတယ်။ သမ္မတက တဖန် ပါလီမန်မှာ ဆွေးနွေးမှုများလုပ်ပြီး၊ အဆိုပါ ဥပဒေ (၄) ရပ် ကို ပြဋ္ဌာန်းရန် လွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပို့ပေးပါတယ်။ တကယ်ဘဲ မြန်မာနိုင်ငံသူ၊ သားတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဆိုတာ ဒီလိုမျိုးလုပ်ဖို့မျှော်လင့်ခဲ့တာလားဆိုတာ စဉ်းစားစရာပါဘဲ။

မြန်မာနိုင်ငံဆိုတာ ဘာသာပေါင်းစုံ ကိုးကွယ်လျက်ရှိတဲ့ လူဦးရေ သန်း (၆၀) ကျော်တို့ရဲ့ နိုင်ငံတစ် ခုဖြစ်ပါတယ်။ လူမျိုးစုအရ ကြည့်မယ်ဆိုရင်လဲ မတူကွဲပြားတဲ့ လူမျိုးစုပေါင်း (၁၅၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ အခုလက်မှတ်ရေး ထိုးတယ်ဆိုတဲ့ (၄) သန်းဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင် တွေဖြစ်ကြ တယ်ဆိုရင်တောင်၊ သူတို့ဟာ (၅၃) သန်းကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု သလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့အကြောင်းက ဒီနေ့ (၄) သန်းကလက်မှတ်ရေးထိုးပြီး ဒီလိုတောင်းဆိုလာ တယ်၊ နောက်နေ့ နောက် (၁၀) သန်း ခန့်က လက်မှတ်ရေးထိုးပြီး နောက်တမျိုး တောင်းဆိုလာရင် ဘယ့်နှယ်လုပ်မလဲ။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ (၄) ရာခိုင်နှုန်းနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၄ ) ရာခိုင်နှုန်းဆိုတော့ပေါင်းလိုက်ရင် (ဂ) ရာခိုင်နှုန်းပါ။ လူဦးရေအရ တွက်ကြည့်ရင် (၄.၈) သန်းဖြစ်ပါတယ်။ ယခု ဥပဒေ (၄) ခုဟာ ဗုဒ္ဓ ဘာသာဝင်တွေအတွက် အမျိုးစောင့် ဥပဒေဆိုတော့ ဖော်ပြခဲ့တဲ့ (၄.၈) သန်း အပါအဝင် စုစုပေါင်း ဘာသာခြား (၆.၆)သန်း၊ ရာခိုင်နှုန်းအရ (၁၁) ရာခိုင်နှုန်း ပြည်သူတွေဟာ အမျိုးစောင့်ရှောက်မှုရဲ့ ပြင်ပရောက်သွား မယ်ဆိုတော့၊ သူတို့ဘဝလုံခြုံမှုရော ရှိပါ့မလား။

တဖန် အခုလို ဥပဒေမျိုးပြဋ္ဌာန်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေး ကိုးကွယ်မှုနဲ့ ပါတ်သက်ပြီး “လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်” ဆိုတာကို ဆန့်ကျင်ရာ မကျဘူလား။ မည်သူမဆို မိမိကြိုက် နှစ်သက်ကို လွတ်လပ်စွာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခွင့်ရှိသည် ဟူသည့် လူ့အ ခွင့်အရေးနှင့်နိုင်ငံသား တို့၏ မူလရပိုင်ခွင့်များကိုပါ ဆန့် ကျင်နေခြင်း ဖြစ် မနေဘူးလား။

အမျိုးထုဖက်က ကြည့်မည်ဆိုရင်လဲ ထိုတောင်းဆိုမှုဟာ ယင်းတို့၏ အခွင့်အရေးကို ချိုးဖောက်ရန် တောင်းဆို မှုမျိုးနဲ့မတူဘူးလား။

အဆိုပါ ပြဋ္ဌာန်းစေလိုတဲ့ ဥပဒေ (၄) ရပ်ဟာ… (၁)ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ (၂) လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ (၃) တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ (၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ဥပဒေ နံပါတ် (၁) ဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေဆိုတာ… ဗုဒ္ဓဘာသာဝင်က နေခရစ်ယာန်၊ အစ္စလာမ် သို့ ဟိန္ဒူ ဘာသာ ကူးပြောင်းမယ့် သူတွေအတွက် ရည်ညွှန်း တာလား၊ ယင်း ဘာသာတွေကနေ ဗုဒ္ဓဘာသာကို ပြောင်းမယ်ဆိုရင်ကော့ အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ။

ဒုတိယ ဥပဒေတစ်ခုဖြစ်တဲ့ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ပါတ်သက်လို့ဗုဒ္ဓဘာသာ ထိမ်းမြားခြင်း ဥပဒေဆိုတာ ရှိပြီးသားဆိုတော့၊ အခုဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အခြားဘာသာဝင်များက ထိမ်းမြားခြင်းကို ရည်စူးတာ ဖြစ်ပါ တယ်။

တကယ်လို့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ဦးက လက်ထပ် လိုက်ရင် ထိုအမျိုးသားရဲ့ ရပိုင်ခွင့်များကိုလဲ အမျိုးသမီးက တာဝန်ခံရမှာလား။ ဒါမှမဟုတ် အဆိုပါ အမျိုးသမီးရဲ့ ကိုယ်ပိုင် ရိုးရာဓလေ့ သို့ဘာသာရေး ပြဋ္ဌာန်းချက်ပါ လုပ်ထုံးအရ ဆုံးဖြတ်မှာလား။

နောက်ထပ် ဥပဒေ နှစ်ခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ နှင့် လူဦးရေ တိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေတွေဟာ ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ အဘယ်ကြောင့် အမျိုးစောင့် ဥပဒေထဲတွင် ထည့်သွင်းခဲ့ရသလဲ။ ဒီလိုဥပဒေမျိုးဟာ နိုင်ငံတစ်ခုရဲ့ စီးပွါးရေးကို အကြောင်းပြုပြီး နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ပေါ်လစီ ဘဲဖြစ် ပါတယ်။ အခုဘုန်းကြီးတွေတောင်းဆိုနေတဲ့ အမျိုးစောင့် ဥပဒေတွေထဲမှ ထိုကဲ့သို့ဥပဒေမျိုး ပါလာတယ်ဆိုတော့ အစိုးရဘဲ ကြံရာပါများ ပါသလားလို့ စဉ်းစား စရာ ဖြစ်လာပါတယ်။ အမှန်ကတော့ အခုလို ဥပဒေမျိုးချမှတ်ရေးအတွက် တိုင်းပြည်ရဲ့ စီးပွါးရေးအခြေအနေပေါ်မူတည်ပြီး အစိုးရ က နိုင်ငံရေးခေါင်းဆောင်များ၊ လူမျိုးစုဆိုင်ရာ ခေါင်းဆောင်များ၊ လူမှုရေးနယ်ပယ်မှ အထင်က ရပုဂ္ဂိုလ် အသီးသီး၊ ဒေသတွင်းမှ လူထုခေါင်းဆောင်များ စတဲ့သူတွေကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။

နအဖတဖြစ်လဲ နဝတအစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အခု ဥပဒေမျိုး ကို ဒေသန္တရ၊ နှတ်အမိန့်တစ်ရပ်အဖြစ် ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီလို ကျင့်သုံးနိုင်ဖို့အရေး လွတ်လပ်စွာ အိမ်ထောင်ပြု ခွင့်ကို ကန့်သတ်တားမြစ်ခဲ့သလို၊ သားသမီး နှစ်ဦးထက် ပိုမယူရ ဆိုတဲ့အထိ ချုပ်ချယ်မှုတွေအထိ ရှိလာတယ်။ ထိုအချက်တွေဟာဒေသန္တရအုပ်ချုပ်ရေးပါဟု ဆိုသော်လဲဘဲ၊ အစိုးရက လျှို့ဝှက်စွာ ညွှန်ကြားချက်များနှင့် အမိန့်စာ များ ပေးခဲ့တာကို ဒေသခံရိုဟင်ဂျာ အတော်များ များထံတွင် လက်ဝယ်ရှိသလို၊ တလောတုန်းက ထိုင်းနိုင်ငံမှာ Fortify Rights အဖွဲ့ကလည်း ဖော်ကောင်လုပ် သွားသေးတယ်။ အခုပြဋ္ဌာန်းပေး ပါဆိုတဲ့ ဥပဒေတွေဟာ ရခိုင်ပြည်နယ်မှာ နှုတ်အားဖြင့် ကျင့်သုံးလျက် ရှိနေရာကနေ ယခု တစ်နိုင်ငံ လုံးရှိ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအပေါ် ဆက်လက်ကျင့် သုံးနိုင်ရန် အစိုးရရဲ့ ကြိုးပမ်း မှုဖြစ်ကြောင်း ယူဆနိုင်သလို၊ ရခိုင်ပြည်နယ်တွင် နှုတ်မိန့်အားဖြင့် ကျုးလွန်လျက်ရှိတဲ့ လူသား အမျိုးအနွယ်နှင့် ဆန့်ကျင်သည့်ပြစ်မှုများကို ပါလီမန် အဆုံးအဖြတ်အဖြစ် ဥပဒေစာအုပ်တွင် ပုံနှိပ်ကာ စစ်အာဏာရှင်များ လွှတ်ကိန်းရှာနေခြင်းလဲ ဖြစ်နိုင်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း စစ်အာဏာရှင်တွေက ထောက်လှမ်းရေးတွေကို သင်္ဃာန်းဝတ်ခိုင်းပြီး ပြည်သူများဖက်က မားမားမတ်မတ် ရပ်တည်လျက်ရှိတဲ့ ဘုန်းတော်ကြီးတွေရဲ့ ကျစ်လစ်မှုကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများ တောက်လျှောက် လုပ်လာခဲ့ရာ၊ အဲဒီအထဲမှာ ဝိရသူကဲ့သို့ ကိုယ်ကျင့်တရား ပျက်ပြားနေ သူတွေကို စည်းရုံးပြီး အဆမတန် မြှောက်စားလျက်ရှိပါတယ်။ အဲဒီနောက်မှာတော့ အစွန်းရောက် ၉၆၉ အဖွဲ့ကို ထူထောင်ခဲ့ပြီး၊ ဘုန်းကြီးတွေကို နိုင်ငံရေးကစားရာကရိယာတန် ဆာပလာအဖြစ် အသုံးချ နေကြပါတယ်။

အခုအမျိုးစောင့် ဥပဒေထဲမှာ ဥပဒေ (၃) နဲ့ (၄) သာ ပါမလာရင် ဒီလုပ်ရပ်ဟာ အစိုးရလုပ်နေတယ်ဆိုတာ သိဖို့တောင်ခက်လိမ့်မယ်။ လွန်ခဲ့တဲ့တစ်ချိန်က ဗုဒ္ဓဘာသာပါဆိုပြီး DKBA ကိုစည်းရုံးကာ KNU ကနေ ခွဲထွက်စေခဲ့ပြီး ကရင်လူမျိုးအချင်းချင်း တိုက်ခိုင်းခဲ့ အညွှန့်ချိုးခဲ့ရတဲ့ အထိပါဘဲ။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီး ဘာသာရေး၊ လူမျိုးရေးကို နည်းမျိုးစုံဗန်းပြ တိုက်ခိုက်မယ်ဆိုရင်၊ ဗုဒ္ဓဘာသာဝင်တွေကလဲ ဒီအတိုင်းကျေနပ်နေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူမျိုးတွေအဖို့ နည်းလမ်း (၃) ခုဘဲ ကျန်တော့တယ်။

၁။ မြန်မာနိုင်ငံကို စွန့်ခွာပြီး ထွက်ခွာသွားမလား၊ သို့

၂။ မြန်မာနိုင်ငံထဲမှာဘဲ ဗုဒ္ဓဘာသာတွေရဲ့ လက်အောက်မှာ အသတ်ခံမလား၊ သို့

၃။ မိမိသာသနာစွန့်လွှတ်ပြီး ဗုဒ္ဓဘာသာခံယူမလား …အဲဒါတွေဘဲ ဖြစ်ပါတယ်။

၁၉၅၀ တဝိုက် ဦးနု မဲဆွယ်တုန်းကလဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မယ်ဆိုပြီး လုပ်လိုက်တော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေ တိုက်ပွဲဝင်ခဲ့ ရတယ်။ ဟိုတုန်းက လွတ်လပ်ရေး ရခါစဆိုတော့ စစ်တပ်တွေ အဲ့လောက်မခိုင်မာခဲ့လို့ မလုပ်လိုက်ရတဲ့ ဇာတ်လမ်းတစ်ပိုင်း တစ်စကို စစ်တပ်တောင့်တင်းအောင် လုပ်ယူတဲ့ အထိ စောင့်မျှော်ပြီး အဲဒီ ကိစ္စကို ဆက်လက်အ ကောင်အတည် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ယင်းတို့ပြောနေကျအတိုင်း တသွေးတသံတည်း ဖြစ်အောင်လုပ်ပြီးမှ ပြည်သူတွေကို ချမ်းသာခွင့်ပေးမှာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဒီနိုင်ငံရေးကျားကွက်ထဲမှာ ဆန့်ကျင်ဖက်ရွှေ့မယ်ဆိုရင် အစားခံရလိမ့်မယ်။ ဝိရသူနဲ့ အပေါင်းအပါတွေ အခုကတည်းက ဒေါ်စုကို ဆန့်ကျင်တိုက်ခိုက် လာနေပြီ။ မနေ့ကစပြီး ရိုဟင်ဂျာများ တကိုယ်တည်း တိုးတိုးတိတ်တိတ် ခံစားလာ ကြတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်မှုဒဏ်ကို မကြာခင် ဗုဒ္ဓဘာသာဝင် မဟုတ် သူ မြန်မာနိုင်ငံသားအားလုံး ခံစားရမယ့် နိမိတ်တရပ်အဖြစ် မြင်ယောင်လာမိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဖွဲ့စည်းပုံတွင် ထည့်သွင်းရန် ဆွေးနွေးခဲ့ဘူးတယ်။ ဗိုလ်ချုပ်က ခါးခါး သီးသီး ငြင်းဆန်ခဲ့တယ်။ မင်းတို့လုပ်ချင်ရင်လုပ်၊ အဲဒီနိုင်ငံရေးထဲမှာ ငါမပါဘူး…လို့ ပြောခဲ့တယ်။ ဒီအကြံအစည်ဟာ ဗိုလ်ချုပ်ကြောင့် ထိုခေတ်တုန်းက မအောင်မြင်ခဲ့ဟု ပြောရင်တောင်၊ ထိုခေတ်ကတည်းကဗမာနိုင်ငံရေးသမား အတော်များများရဲ့ စိတ်ဓါတ် အတွင်းကိန်းအောင့်နေတဲ့ အချက်ဖြစ်ပါတယ်။ယနေ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေ ဒီမျိုးစောင့် ဥပဒေကို ဆန့်ကျင်နေကြတယ်ဆိုရင် ဗိုလ်ချုပ်ကို လေးစားတဲ့၊ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးတဲ့ မျိုးချစ်ဗမာများနှင့် ဗုဒ္ဓဘာသာဝင်များ နားလည်းပေး လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) ( ခိုနှုမ်းထုန် )

~ဗိုလ်ချုပ်တသက်တာ အပျော်ဆုံးအချိန်~

 သူကြီး သမီး ဇီးသီး



သြော်… ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြည်။ ဗိုလ်ချုပ်ကို ပြုစုယုယတာတွေ ကျွန်ုပ်တို့ မျက်မြင်မို့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်ကြီး၊ဧရာမလူကြီး ဖြစ်သော်လည်း ဒေါ်ခင်ကြည်နှင့်ကျလျှင် ကလေးဆိုးကြီး ဖြစ်သည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ကလေးကို ရေချိုး၊ အဝတ်လဲပေးသည်အထိ ပြုစုယုယသည်ကိုပြောလျှင် ယုံဖွယ်မရှိ။ တကယ်မျက်မြင်ကိုယ်တွေ့မြင်ရမှ အံ့သြမိသည်။ ဗိုလ်ချုပ်၏ တသက်တာတွင် ဒေါ်ခင်ကြည်နှင့် နေထိုင်ရသော ရက်များမှာ အပျော်ရွှင် အအေးချမ်းဆုံး ဖြစ်ပေလိမ့်မည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အား မည်သူမျှ မပေးနိုင်သော စိတ်ချမ်းသာမှုကို ပေးနိုင်ခဲ့လေသည်။

အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်ကဗိုလ်ချုပ်အတွက်ကား အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်က သူ၏ ရဲဘက်တော်တစ်ဦးက ပြောသော စကားနှင့် ကိုက်ညီနေတော့သည်။ ထိုစကားကား “သစ်ပင်ကြီး အတိုင်း အရှည်ကို မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာသိရသည်”ဟူသောစကားပင် ဖြစ်၏။ဗိုလ်ချုပ်သည်လူထုခေါင်းဆောင်အဖြစ်နှင့် မြင့်မြင့်မားမားကြီး ရပ်တည်နေစဉ်က ဗိုလ်ချုပ်၏ ဂုဏ်ရည်ကို တင်းပြည့်မခန့်မှန်းနိုင်သော်လည်း ယခုအခါ လူယုတ်မာတို့၏ လက်ချက်ဖြင့် မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာသိရလေပြီ။

“သြော် ဗိုလ်ချုပ်… ဗိုလ်ချုပ်။ အရိုးဆွေးသည်အထိ လွတ်လပ်ရေးအတွက် တိုက်ပါမည်ဟူ၍ များ ဆုပန်ခဲ့လေသလား”

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကျဆုံးပြီးနောက် ခင်ပွန်းသည် ချမှတ်ခဲ့သော တိုင်းပြုပြည်ပြု လုပ်ငန်းများကို အမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။

သို့ကလို ၎င်း၏ ဘဝတလျှောက်လုံးတွင် တိုင်းပြည်အကျိုးကို ရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ ၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခဲ့သော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၌ အဖ ပြည်သူ့လုပ်ငန်းဌာန၀န်ထမ်း ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ထက် ၃ နှစ်ကြီးလေသည်။

ဒေါ်ခင်ကြည်သည် ငယ်စဉ်က မြောင်းမြမြို့တွင် သတ္တမတန်းအထိ ပညာသင်ခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့၊ ကြည်မြင့်တိုင် အေဘီအမ် (အမေရိကန်သာသနာပြုကျောင်း) မိန်းကလေးကျောင်းတွင် ပညာဆည်းပူးခဲ့ပြီးနောက် မော်လမြိုင် မော်တင်လိန်း ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့ အမျိုးသားကျောင်း၌ စေတနာ့ဝန်ထမ်းဆရာမအဖြစ်နှင့် နှစ်အနည်းငယ်ကြာ အမှုထမ်းခဲ့ပြီး မိမိ၏ ဗီဇပါရမီနှင့် ကိုက်ညီသော သူနာပြု ဆရာမအလုပ်ကို လုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင့်ဆေးရုံ (ယခုဗဟိုအမျိုးသမီးဆေးရုံ) တို့တွင် သူနာပြု ဆရာမသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

သူနာပြုသင်တန်းဆင်းပြီး ရှေးဦးစွာ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာမ အဖြစ် တာဝန်ထမ်းဆောင် ခဲ့လေသည်။ ထိုစဉ်အတွင်း ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၄၅) ဖြစ်ပွားခဲ့ရာ၊ကာလကတ္တားသို့လူနာအချို့အား ပြောင်းရွှေ့ပေးသော အဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်ကြီးမဖြစ်မီ အိန္ဒိယနိုင်ငံမှ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။

ဒေါ်ခင်ကြည်သည် ၁၉၄၂ ခုနှစ် စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂေါ်ရာကုန်း ဒိုင်အိုစီဇင် မိန်းကလေး ကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ဆေးရုံကို ဖွင့်လှစ်ခဲ့သော ဘီဒီအေ ဆေးရုံကြီး၌ အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခုနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) တွင် သူနာပြုချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်လူနာအဖြစ် ဆေးရုံတက်လာသောဗိုလ်ချုပ်အောင်ဆန်း နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက် တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး အရှေ့ဘက် အစွန်ဆုံး ခန်းမဆောင်တွင် လက်ထပ်ထိမ်းမြှားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည် (ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။ ၁၉၄၆ စက်တင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့တွင် သမီးထွေးတစ်ယောက် ထပ်မံထွန်းကားခဲ့သော်လည်း မွေးပြီး ငါးရက်မြောက်နေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် ကွယ်လွန်သွားခဲ့လေသည်။ တဖန် သားလတ် အောင်ဆန်းလင်းမှာ ဗဟန်းမြို့နယ် အမှတ် ၂၅ တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) ရှိ ရေကန်တွင် ကစားနေရင်း ဖိနပ်ဆယ်ရာမှ ၁၉၅၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရေနစ်သေဆုံးသွားခဲ့ရ ပြန်သည်။

ဒေါ်ခင်ကြည်သည် လူမှုရေး အဖွဲ့အစည်းများ ၊ အများအကျိုးနှင့်ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်၍ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ ညွှန်ကြားရေးဝန် (၁၉၄၇-၅၃)၊ လူမှုရေးဝန်ထမ်းကော်မရှင်ဥက္ကဌ(၁၉၅၃-၅၈)၊ ပြည်ထောင်စုမြန်မာနိုင်ငံလူမှုဝန်ထမ်းကောင်စီဥက္ကဌ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေး ကောင်စီဥက္ကဌ၊ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံသူနာတင်ကား တပ်ဖွဲ့တွင် အုပ်ချုပ်ရေးမှူး စသည့် လူမှုဝန်ထမ်း လုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်းများကို မွန်မြတ်သော လုပ်ငန်းအဖြစ် အများက စိတ်ဝင်စား၍ ခံယူလာရန် ရှေးဦးစွာ စည်းရုံးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဒေါ်ခင်ကြည်သည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့သောကမ္ဘာ့ကျန်းမာရေးညီလာခံများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက် ဆွေးနွေးခဲ့သည်။

၁၉၅၈ တွင် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းဖဆပလ (ပြည်ထောင်စုပါတီ) ၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ၁၉၆ဝ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ယင်းနောက်ဇွန်လတွင်နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ယနေ့အချိန်အထိ မြန်မာအမျိုးသမီး လောကတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးကြီးဖြစ်သည်။ သံအမတ်ကြီးအဖြစ် ၇ နှစ်တာဝန်ထမ်းရွက်ခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင်အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် မိမိနေအိမ်ခြံထဲက ဥယျာဉ်ကလေးတွင် ပန်းပင်ကလေးများ စိုက်ပျိုးကာ လောကဓံ တရားကို ကြံ့ကြံ့ခံနေထိုင်ခဲ့လေသည်။

ဒေါ်ခင်ကြည်သည် ၁၉၅ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စုမှ အပ်နှင်းခဲ့သော မြန်မာမိခင်ဘွဲ့ကို လည်းကောင်း၊ ၁၉၅၁ တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ပေးခဲ့သော မဟာသီရိသုဓမ္မ ဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော ယူဂိုစလားဗီးယား ကြယ်တာရာဘွဲ့တံဆိပ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံအစိုးရက အပ်နှင်းသော Noble Order ခေါ် မြင့်မြတ်သော ဘုရင့်သရဖူ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တို့ကို ရရှိခဲ့သည်။

(သူရိန်မင်း)

အခွန်မဆောင်သူ လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်



The Voice Weekly

ပြည်တွင်းရှိ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အခွန်တိမ်းရှောင်ပါက လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ကောက်ခံရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အခွန်မဆောင်ပါက တစ်ဖက်သတ် စည်းကြပ်ခြင်းအပြင် ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂(က) အရ အခွန်ရှောင်သူကို နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်း အရေးယူနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“အရင်ကတည်းက အရေးယူဖို့ပါ။ ဒါပေမဲ့ မလုပ်နိုင်သေးလို့ လာမည့်နှစ်ကစပြီး အရေးယူမယ်” ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံး ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

အခွန်တိမ်းရှောင်ခြင်းနှင့် အခွန်ဆောင်ရန် အချိန်ဆွဲခြင်း မဖြစ်စေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ကုမ္ပဏီများ၏ နှစ်ချုပ် စာရင်းရှင်းတမ်းများကို စာရင်းစစ်ချုပ်ရုံးသို့ မပို့မီ ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံသတိပေးခြင်း၊ အခက်အခဲများ မေးမြန်းခြင်းသာ ပြုလုပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hesima တို့ တွေ့ဆုံ

လယ်တီသိမ်ပြောင်းရွှေ့ရေး လတ်တလော မဖြစ်နိုင်သေးဟုဆို



 မဇ္ဈိမ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံ ကိန်းနယ်မြေ၏ သတ္တုသိုက်ဗဟိုချက်နေရာကျသော လယ်တီသိမ်တော်နှင့် တောင်ကြားစေတီကို လတ် တလော ရွှေ့ပြောင်းရန်မဖြစ်နိုင်သေးကြောင်း ဆည်တည်းရွာဟောင်းကျောင်းတိုက်မှ ဆရာတော်ဦးစန္ဒာ သီရိက မဇ္ဈိမကို မိန့်ကြားသည်။

လယ်တီသိမ်တော်နှင့် တောင်ကြားစေတီ ပြောင်းရွှေ့တော့မည်ဆိုသည့်သတင်းသည် အွန်လိုင်းစာမျက် နှာများတွင် ပျံ့နှံ့ရာ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ဒေသခံဖြစ်သည့် ဆရာ တော်သို့ မေးမြန်းလျှောက်ထားရာတွင် အထက်ပါအတိုင်း ပြန်လည်မိန့်ကြားလိုက်ခြင်းဖြစ်သည်။

သိမ်ဟောင်းနေရာကိုလည်း သံဃာတော်တွေနဲ့ သိမ်နုတ်ကံ ပြုလုပ်ရဦးမယ်။ နောက်ပြီး အသစ်ဆောက် မယ့်နေရာမှာလည်း သိမ်သမုတ်ရဦးမယ်။ အဲဒါကြောင့် လတ်တလောရွှေ့ပြောင်းမယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး”ဟု ဆရာတော်က မိန့်သည်။

အဆိုပါ သိမ်ပြောင်းမည့်အစီအစဉ်ကို ဒေသခံသံဃာတော်များနှင့် ရွာသားများကလည်း မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း ဆရာတော်က မိန့်ကြားခဲ့သေးသည်။ ဒေသခံပြည်သူများ၏ ယုံကြည်ချက် များအရ အဆိုပါပြောင်းရွှေ့မည့် လယ်တီခဏ္ဍသိမ်တော်သည် ပထမ လယ်တီဆရာတော်ဘုရားကြီး သီ တင်းသုံးနေထိုင်ခဲ့သည့် သိမ်တော်ဖြစ်ကြောင်း သမိုင်းအထောက်အထားများကို ကိုးကား၍ ဒေသခံများ က ပြောဆိုထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည့် လက်ပံ တောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်း၏ မိုင်းတည်ဆောက်ရေးကဏ္ဍ နှစ်အကန့်အသတ်မှာ ပြည့် လွန်နေပြီး တူးဖော်ထုတ်လုပ်ရေးကဏ္ဍသို့ ရောက်ရှိနေပြီးဖြစ်ရာ ကြေးနီသတ္တုသိုက်၏ ဗဟိုချက်နေရာ တွင် ကျရောက်နေသော လယ်တီသိမ်တော်နှင့် တောင်ကြားစေတီကို နေရာသစ်သို့ပြောင်းရွှေ့နိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က နိုင်ငံတော် သံဃဝန်ဆောင် မဟာသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ဦးကုမာရာဘိဝံသနှင့် အဖွဲ့က ထိုဒေသို့ ကြွရောက်တော်မူပြီး သိမ်ပြောင်းရွှေ့ရေး သြဝါဒခံ ယူပွဲတစ်ရပ်ကို ဆားလင်းကြီး ကံဆွယ်ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ယင်းနေ့က ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဗန်းမော်ဆရာတော်ကြီးနှင့်အတူ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-ဝန်ကြီး ဦးစိုးဝင်း၊ တိုင်းအစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးတင်ဝင်း၊ ရဲမှူးကြီးနေထွန်း၊ ဒု-ရဲမှူးကြီးတင်မိုးအဖွဲ့တို့က အဆိုပါ လယ်တီသိမ်တော်နှင့် တောင်ကြားစေတီအား ဝင်ရောက်ဖူးမြော်ခဲ့ သေးကြောင်း လက်ပံတောင်းကြေးနီစီမံကိန်း လုံခြုံရေးရဲအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ဒီကိစ္စ စောနေသေးတယ်လို့ အန်တီတို့က မြင်ပါတယ်။ စုံ စမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)အရ တင်ပြပေးထားခဲ့ပြီးပြီ။ အခုချိန်မှာ ရွှေ့မယ်ဆိုရင်တော့ အဲ့ဒီအချက်နဲ့ မညီဘူးလို့ပဲ ပြောရမှာပေါ့”ဟု ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်ပြီး လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်ကြား တောရစင်္ကြံကျောင်းခေါ်သောနေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်ကျောင်း စသည့် ဗုဒ္ဓသာသနိကအဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာ သနိကအဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်း အဆောက်အအုံများ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် အဆိုပါလက်ပံ တောင်းတောင်ကြား တောရစင်္ကြံကျောင်းမြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိကအဆောက်အအုံများ ကို လုံးဝ ထိခိုက်ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြား သင့်လျော်မည့်နေရာတစ်ခု ခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပိုဒ် ၈၅၊ အ ပိုဒ်ခွဲ(၆)တွင် သုံးသပ်တင်ပြထားသည်။

မြန်မာတိုင်းမ်မှာ"ဗြောင်းဆန်အောင် တောင်းပန်တယ်"

နေပြည်တော်တွင်လူဖြစ်ခိုင်း


ယနေ့ 7Day နေ့စဉ်သတင်းစာမျက်နှာဖုံး

ဒီနေ့ကာတွန်း