Tuesday, March 4, 2014

ခြင်ဆေးခွေမပါပဲခြင်မလာနည်း


သံပုရာသီးကိုတစ်ခြမ်း
ခြမ်းပြီး လေးညှင်းပွင့်လေးတွေ စိုက်ပီးထားရင် ခြင်မလာဘူးတဲ့
အဲ့ဒါနဲ့ စမ်းကြည့်တာတကယ်ပဲ ခြင်ဆေးခွေ မထွန်းရတော့ဘူး
ခြင်ဆေးခွေရဲ့ဆိုးကျိုးတွေမခံစားရတော့ပါ facebook မှ ဝေမျှ
သူတွေကိုကျေးဇူးတင်ပါတယ်. ကျနော်လည်းပြန်လည်ဝေမျှတာပါ ။

Zayar Oo

ရှိနှင့်ထားတဲ့ တပ်တွေ ဆက်လက် တပ်စွဲနေဖို့တော့ ဖြစ်နိုင်တယ်လို့ ပူတင်က ပြော



BBC Burmese
ယူကရိန်းမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ လူသားချင်း စာနာထောက်ထားပြီး ပြုမူတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့ပါတယ်။

ခရိုင်းမီးယားဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ ရုရှားနဲ့ မပတ်သက်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်နေတဲ့ ရုရှားကို လိုလားတဲ့ ဒေသခံ တပ်ဖွဲ့တွေသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှားအနေနဲ့ အဲဒီတပ်ဖွဲ့တွေကို ဘယ်လို စစ်ရေးသင်တန်းမျိုးမှလည်း မပေးခဲ့ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

သမ္မတ ပူတင်ဟာ သူ့အနေနဲ့ ယူကရိန်းမှာ စစ်ဖြစ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပြန်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို စစ်တပ်တွေ စေလွှတ်ဖို့ လောလောဆယ် မလိုအပ်သေးပေမယ့် ရှိနှင့်ထားတဲ့ တပ်တွေ ဆက်လက် တပ်စွဲနေဖို့တော့ ဖြစ်နိုင်တယ်လို့ ပူတင်က ပြောပါတယ်။

ခရိုင်းမီးယား ကျွန်းဆွယ်မှာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေပေမယ့် ရုရှားဘက်က စစ်အင်အား အလွန်အကျွံ သုံးစွဲပြီး ရုတ်တရက် တိုက်ခိုက်လာနိုင်ခြေတော့ မရှိသေးပါဘူး။

မောင်သွေးချွန် သေချာကြည့်

သန်းခေါင်စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ RNDP ပါတီ၏ သဘောထားထုတ်ပြန်ချက်



သဘောထား ထုတ်ပြန်ချက်အမှတ် (၂/၂၀၁၄)

နေ့စွဲ - ၀၄ မတ်လ ၂၀၁၄

လာမည့် ဧပြီလ မြန်မာတစ်နိုင်ငံလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာ၌ အခြေခံအားနည်းချက်များ ရှိနေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ကြီးစွာ ထိခိုက်စေနိုင်သည့် သန်းခေါင်စာရင်း ကောက်ယူသည့်စနစ် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
လူ့အခွင့်အရေးဦးစားပေး သန်းခေါင်စာရင်းကောက်ရန် နိုင်ငံတကာထောက်ပံ့ငွေကို လက်ခံပြီး ခိုးဝင်ဘင်္ဂါလီများအား လူဦးရေစာရင်းကောက်ယူခြင်းမှာ နိုင်ငံတကာနှင့် ပြေလည်ရေးကို ဦးစားပေးသော အစီအစဉ်သာဖြစ်သဖြင့် ဒို့တာဝန် အရေးသုံးပါးကို မျက်ကွယ်ပြုရာရောက်ပါသည်။

အတိတ်ကာလမှ နိုင်ငံတကာနှင့် ပြေလည်ရေး နိုင်ငံဘဏ္ဍာငွေ မသုံးစွဲရရေးကို ဦးစားပေး၍ ပေါ့ပေါ့တန်တန် ဖြေရှင်းခဲ့မှုများကြောင့် တရားမ၀င် လူဦးရေဖောင်းပွမှုဒဏ်နှင့် လူမျိုးအတုအမည် ဖန်တီးမှု ဆိုးကျိုးကို ၂၀၁၂-ခုနှစ်တွင် ရခိုင်လူမျိုးများ ခါးစည်း၍ ခံခဲ့ပြီးဖြစ်သည်။

ထို သန်းခေါင်စာရင်းကောက်ယူခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ စာရင်းဇယား အတိအကျ ရရှိရေးကိုသာ ရည်ရွယ်သည် ဟု ဆိုစေကာမူ “အခြား” ဆိုသည့် ဇယားကွက်လပ်၌ လူ့အခွင့်အရေးအရ မိမိကြိုက်နှစ်သက်ရာ ထည့်သွင်းနိုင်သည် ဟု ဆိုခြင်းနှင့် ပတ်သက်၍ နောက်နောင် မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်သည်။

၁။ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအား သန်းခေါင်စာရင်းကောက်ယူရာတွင် “အခြား” ဆိုသည့် ကွက်လပ်ဇယား နေရာ၌ “ဘင်္ဂါလီ” ဟုသာ ထည့်သွင်းရမည် (သို့မဟုတ်) ကုဒ်နံပါတ်တစ်ခုခုကို တိတိကျကျ သတ်မှတ်ပေးရမည် ဖြစ်သည်။ “ရိုဟင်ဂျာ” ဆိုသော လူမျိုးလိမ်နာမည်ကို (လုံးဝ) သုံးခွင့်မပြုရန် တောင်းဆိုသည်။

၂။ ရခိုင်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘင်္ဂါလီများအားစာရင်းကောက်ယူရန် ဘင်္ဂါလီလူမျိုး စာရင်းကောက် စာရင်းစစ် (၁၃၀၂) ဦးကို လက်သိပ်ထိုး တာဝန်ပေးထားသည် ဟု သိရှိရသည်။ ထိုကဲ့သို့ နိုင်ငံသားဖြစ်မှု/မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီ လူဦးရေစာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်။

၃။ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံတော်က လုပ်ဆောင်ရမည့် တာဝန်မှာ၊ ရခိုင်ပြည်သူများ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တောင်းဆို ထားကြသည့် အတိုင်း၊ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေ နှင့် စစ်ဆေးပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများကို တိတိကျကျ အရေးယူရန် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်အရေးယူရန် အလေးအနက် တိုက်တွန်းသည်။

၎။ ဤကဲ့သို့ လက်မခံနိုင်သည့် နည်းစနစ်များဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို RNDP ပါတီက ကန့်ကွက်သည်။ လိုအပ်သည်များကို အချိန်မီ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးရန် RNDP ပါတီက အလေးအနက် တောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

သာသနာရေးဝန်ကြီးကဖင်နုရှာတယ်



မိန်းမတွေ၊မယ်သီလတွေထက်ကော်ဇောတချပ်ပိုတယ်

အခုပြင်ချင်နေတာ....ဒီဥပဒေပါ

May Thin Gyan

မိုက်ကယ်အဲရစ်ရဲ့သမိုင်းအကျဉ်ချုပ်


စာပေလောက

ဒေါ်အောင်ဆန်းစုကြည်နှင်.ဘူတန်နိုင်ငံဝန်ကြီးချုပ်တွေ.ဆုံ.



National League for Democracy

မတ်လ(၄) ရက်နေ့  မွန်းလွဲ ၁၂း၃၀ နာရီတွင် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း I-12 ဆောင်သို့  ဘူတန်နိုင်ငံဝန်ကြီးချုပ်
 H.E Lyanchhen Tshermg Tobgay ဦးဆောင်သော အစိုးရအဖွဲဝင်ဝန်ကြီးများပါဝင်သောအဖွဲ့ မှ
လာရောက်တွေဆုံဆွေးနွေးသည်...

ဒေါ်အောင်ဆန်းစုကြည်နှင့်အင်န္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းတွေဆုံ



National League for Democracy

(၄.၃.၂၀၁၂)ရက်နေ့ညနေ(၅း၂၀)နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ် တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္က ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န္ဒိယနိုင်ငံမန်မိုဟန်ဆင်းဦးဆာင်သောအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တွေ့ဆုံဆွေးနွေးကြသည် ။ နှစ်ဘက်ဆွေးနွေးမှု့များမစတင်မှီ ဒေါ်အောင်ဆန်းစုကြည် နှင့်အင်န္ဒိယ ၀န်ကြီးချုပ် တို့မှ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည် ။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်



 Mizzima - News in Burmese
ဝင်းကိုကိုလတ်၊ ဉဏ်လှိုင်လင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုသွားမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ညစာစားပွဲကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တရားစွဲတဲ့အခါ Criminal case ကော Civil case ကောနဲ့ စွဲဆိုသွားမှာပါ”ဟု ပြောသည်။

ဦးဝင်းထိန်က တရားစွဲဆိုမှုများကို တစ်ပတ်မှဆယ်ရက်အတွင်း ဆောင်ရွက်သွားမည်ဟု ပြောကြားသော် လည်း မည်သည့်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်သည်၊ မည်သည့်မြို့နယ်တွင် တရားစွဲဆို မည်၊ မည်သူက တရားလိုပြုလုပ်၍ တရားစွဲဆိုမည် စသည့် အသေးစိတ် အချက်အလက်များကိုမူ ပြော ကြားရန် ငြင်းဆိုခဲ့သည်။

၎င်းက “အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်မပါဘဲတောင် ဆုံးဖြတ်ချက် ကျသွားတာ။ ကျသွား(ဆုံး ဖြတ်ချက်)တော့မှ ဒေါ်စုကို သတင်းပို့လိုက်တာပါ”ဟု ပြောကြားခဲ့သော်လည်း အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကိုမူ မပြောကြားခဲ့ပေ။

၎င်းကဆက်လက်၍ “စိတ်တော့မကောင်းပါဘူး။ အဲလိုလုပ်ရတာ။ ဒါပေမဲ့ ငုံ့ခံလို့ရှိရင် ပိုပိုကဲလာစရာရှိ တယ်”ဟု ဖြည့်စွက်ပြောသည်။

ဦးဝင်းထိန်က ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က မကြာသေးမီက ပြောကြားချက်၊ ယခု ဦးလှဆွေ၏ပြော ကြားချက်များသည် အပေါ်မှ တစ်စုံတစ်ယောက်၏ အချက်ပြမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း သုံးသပ် ပြောကြားသည်။

၎င်းက “အပေါ်က တစ်ခုခု Indication ပြတယ်လို့ ယူဆတယ်။ အပေါ်က တစ်ခုခုပေါ့။ မင်းတို့ စပြီးလုပ် လို့ရပြီ။ နိုင်ငံရေးအရ မင်းတို့ ပုတ်ခတ်လို့ရပြီ။ ဒါကြောင့် လုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြည် တွင်းမီဒီယာတစ်ခုဖြစ်သော Hot News စာစောင်နှင့် အင်တာဗျူးတွင် “အင်န်အယ်လ်ဒီမှာ ဒေါ်အောင် ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံးမကျဘူး၊ ၂၀၁၅ မှာလည်း ကျွန် တော် ဒီရှုပ်ပါတီက ဦးမဲပါ။ ကြံ့ဖွံ့ပါတီက ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး ပုံကိုပြပြီးပြိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ဗီနိုင်းချိတ်ပြီးပြိုင်တာ သတိ္တမရှိလို့ပဲ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အများနှင့် ပတ်သက်သောသူများသည် စကားပြောဆိုရာတွင် ပြင်းပြင်းထန်ထန် ကြမ်းတမ်းစွာ မပြောဆိုသင့် ကြောင်း ပြောသည်။

ဒီသတင်းစာဖွတာ ၉၉.၅% ဖြစ်နိုင်ချေရှိတယ်။

ရပ်ချင်ရင်အသင်းဝင်ရမယ်တဲ့

တောင်မြို့ တစ်နေရာမှ ရိုက်ကူးသည်။
ROLAND ZHANG

အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အခမ်း အနားဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီ တယ်ဆိုရင်


Daily Eleven

လိင်တူချစ်သူနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို The Voice ၊ 7 Day ၊ Democracy Today အစ ရှိသည့် သတင်းစာများတွင်လည်း ဂုဏ်ယူစရာ သတင်းတစ်ရပ် အနေဖြင့် ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၌ လိင်တူလက်ထပ်ခြင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တားမြစ် ထားပြီး ကျူးလွန် ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်အထိ သတ်မှတ်ထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ တွင် "မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့် ဖြစ်စေ၊ မိမိ အလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမ စပ်ယှက်မှုကို ပြုလုပ် လျှင် ထိုသူကို တစ်သက် တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်း ထားသည်။

ထိုကဲ့သို့ ဥပဒေရှိလျက်နှင့်ပင် လိင်တူချစ်သူ အမျိုးသားနှစ်ဦး၏ မင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့၌ ခမ်းနားစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗဟန်းမြို့နယ် ရဲစခန်းကမူ Excel Treasure ဟိုတယ်၌ ပြုလုပ်ခဲ့သော မင်္ဂလာ အခမ်းအနားနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အခမ်း အနားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့ စုံစမ်းပြီးတော့ စစ်ဆေးသွား ပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီ တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွား ပါမယ်" ဟု ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်း က မတ် ၃ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။

လယ်တီသိမ်ဖျက် ကြံ့ဖွံ့ ပျက်

တိုင်းရင်းသားတွေက စိတ်ဆိုးမှာလား ။ ကန့်ကွက်နေလို့လား

မိုးထိမိုးမိရွှေလုပ်သားများ၏သပိတ်စခန်း ဖြိုခွင်းခံရ


By ဒီဗွီဘီ
4 March 2014

မိုးထိမိုးမိရွှေလုပ်သားတွေ သပိတ်စခန်းဖွင့်လှစ်ထားရာ ရွှေမြှင်တင်သပိတ်စခန်းကို ဒီနေ့ ညနေ ငါးနာရီထိုးလောက်မှာ နယ်မြေဒေသအစုံမှ ရဲအင်အား ၁၀၀ ကျော်အပါအ၀င် ရပ်မိရပ်ဖတွေ နဲ့ ၀ိုင်းပြီး ဖြိုခွင်းခဲ့ပါတယ်။

ကလေးသူငယ်တွေ နဲ့ လူအိုတွေအပါအ၀င် ရွှေလုပ်သား ၅၀ ကျော်ကို ရမည်းသင်းထောင်ချုပ်ကို ခေါ်ဆောင်သွားတယ်လို့ မြင်တွေ့တဲ့ ရွှေမြှင်တင်ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။

သပိတ်စခန်းက ဘုရားနားမှာရှိပြီး ဘုရားပွဲရှိတဲ့အတွက် ၀င်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရုန်းရင်းဆန်ခတ် မဖြစ်ပွားခဲ့ဘူးလို့ ဆိုပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေကို သပိတ်စခန်းပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းခဲ့ဖူးပြီး လုပ်သားတွေတောင်းဆိုတဲ့ ရွှေလုပ်ကွက်အသစ်ချပေးရေးကို မလိုက်လျောနိုင်တဲ့အတွက် သပိတ်စခန်းကို ဆက်လက်ဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်တွေ ရန်ကုန်မှာ လာရောက်ဆန္ဒပြခဲ့ကြပါသေးတယ်။

Wai Hmuu Thwin

မိုးထိမိုးမိကရွှေလုပ်သားမိသားစုဝင် (၅၄)ယောက်ဟာ သပိတ်စခန်းမှာ ရှိနေတာ မဟုတ်ဘူး။ ဒုက္ခသည်စခန်းမှာ နေကြတာ....ဒါကိုတောင် ရဲတွေက အသာတကြည် အဖမ်းမခံရင် အင်အားသုံးမယ်ဆိုတဲ့ အချိုးမျိုးနဲ့ အကုန်လုံးကို အချုပ်ထဲ ဖမ်းထည့် လိုက်တာ တော်တော်ကိုလွန်တယ်...။ De Facto အစိုးရတွေမှာ အကြောက်လွန်ရောဂါ ရှိတယ်ဆိုတာ ဒါက သက်သေပဲ....


မျိုးစောင့်ဥပဒေအကြောင်း အရှင်ဇဝန



 RFA