Wednesday, March 5, 2014

ကင်မရာ ရိုက်ခွဲမဲ့  ထွေအုပ် ဦးတင်သိန်း



Nik Nayman

တိုင်းပြည်ကို အုပ်ချူပ်နေသူတွေက ပြည်သူလူထုကို ဆက်ဆံတာ ဒီလိုမိုက်ရိုင်းနေကြတယ်။

ထားဝယ် လယ်သမားများကို ထွေအုပ် ဦးတင်သိန်းမှ ဖြေရှင်းနေပုံနဲ့  ကင်မရာ ရိုက်ခွဲမဲ့ 
အကြောင်းပြောနေတဲ့ပုံ အပါအ၀င် ရဲတွေ သေနတ်နဲ့ ချိန်ပြီး လာရောက်ဖြေရှင်းပုံကို ကြည့်ရှုနိုင်ပါတယ်
 (ဗွီဒီယို - အေးအေးချို)။

လယ်တီသိမ်နှင့်ဥူးဝီရသူ၏အဖြေ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စွံသွားပြီ



ဒီကနေ့  မနက် မခင်သူသူဝင်းနဲ့ မင်္ဂလာလက်မှတ်ထိုးလိုက်တဲ့  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
 ( ဓာတ်ပုံ စောကျော်နိုင်ဝင်း)

ဓာတ်ပုံ Thein Aung Myint

“၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲ”


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နေ
(ဦးသောင်းထွန်း+ဒေါ်ဝင်းကြည်) တို့၏သား
ကိုကိုကြီး (၈၈မျိုးဆက်ခေါင်းဆောင်)
နှင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နေ
(ဒေါက်တာသိန်းဝင်း၊၁၉၉ဝခုနှစ်ရွေးကောက်ခံ NLD ကိုယ်စားလှယ်)+
ဒေါ်ကြည်ကြည်မြင့်တို့၏ သမီးထွေး
မခင်သူသူဝင်း(ခေါ်)ဘုတ်လေး
တို့၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို
၂ဝ၁၄ခုနှစ်၊ မတ်လ၊ ၅ရက်နေ့ နံနက် ၉း၁၅နာရီတွင်
ရန်ကုန်မြို့၊ တရားရုံးချုပ်၌ တိုင်းတရားလွှတ်တော် တရားသူကြီး
ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊
မမီမီလွင်(မဗျားစိန်)တို့ကို အသိသက်သေထားလျက်
နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါသည်။

(Photos - Ko Kyaw Swa Min)

အသက်ပြန်ဝင်လာသော မြန်မာပြည်က ဂျူးဘုရားကျောင်း



Burma-Newselite

ရန်ကုန်မြို့ထဲက အချက်အချာကျသောမဟာဗန္ဓုလလမ်းမကြီးပေါ် ကိုလျှောက်လာပြီး ၂၆ လမ်းထိပ် ညာဘက်ကို သေချာဂရုစိုက်ကြည့်ပါလျှင် သာမန်ဈေးဆိုင်များလို ပုံစံမျိုးလေးတွင်ကြယ်ပြာပုံစံသေးသေးလေးကို တွေ့ရပေမည်။ ထိုအရာကမြန်မာပြည်၏တခုတည်းသော အိုဟောင်းသော်လည်း လှပသည့် ဆာဖာဒစ် ဂျူးဘုရားကျောင်းဖြစ်ပါသည်။
ထိုမက်စ်မွာ ရှဟွာ် ဘုရားကျောင်းတွင် ဂျူးဘာသာဝင်များဘုရားဝတ်ပြုပွဲပုံမှန်ပြုလုပ်လာခဲ့သည်မှာ အနှစ်ငါးဆယ်ပင်ရှိခဲ့ပါပြီ။ မြန်မာပြည်က ဂျုးလူမျိုးအနွယ်ဝင်တွေ၏ နောက်ဆုံးကြွင်းကျန်သူဖြစ်သော အသက် ၆၃နှစ်ရှိ မိုးစက်ဆာမြုရယ်က နေ့တိုင်းဘုရားကျောင်းတံခါးတွေကိုဖွင့်ပြီး ဧည့်သည်များကို မျှော်နေတတ်ပါသည်။ ဂျုးဘဲဖြစ်ဖြစ် ဘာဘာသာဝင်ဘဲလာလာပါ။
လွန်ခဲ့သောနှစ်နှစ်ခန့်က မိုးစက်လည်ချောင်းကင်ဆာရောဂါကိုခံစားရသည့် အခါ အသက်၃၂နှစ်ရှိသူ၏သားဖြစ်သူ ဆန်မီက မြန်မာဂျူးများ၏ ပြောခွင့်ရှိသူဖြစ်လာသည်။ ဆမ်မီက မြန်မာဂျူးလူမျိုးများတွင် အသက်အငယ်ဆုံးလည်းဖြစ်သည်။
ခေတ်ကောင်းစဉ်အချိန်တုန်းက မြန်မာနိုင်ငံမှာ ဂျုးလူမျိုးဦးရေ ၂၅၀၀ ခန့်ထိပင်ရှိခဲ့သည်။ အများစုက ဗြိတိသျှကိုလိုနီခေတ်တွင် ဘဂ္ဂဒက်မှ ရွေ့ ပြောင်းအခြေချလာသူများဖြစ်သည်။ ထိုအချိန်က မြန်မာပြည်၏မြို့ တော်ဖြစ်သောရန်ကုန်တွင် ၁၉၀၀ ခုနှစ်များအစောပိုင်းက မြို့ တော်ဝန်မှာ ဂျုးလူမျိုးတဦးပင်ဖြစ်ဖူးခဲ့သည်။
သို့ သော်ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ မြန်မာကိုရောက်လာသည့်အခါ ဂျူးလူမျိုးများကို ဗြိတိသျှစပိုင်သူလှိုများအဖြစ်စွပ်စွဲပြီး ညင်းပန်းနှိပ်စက်ကြသဖြင့် ထွက်ပြေးတိမ်းရှောင်ရလေသည်။
ဂျုးတချို့ ကတော့ မြန်မာပြည်ကို စစ်အပြီးမှာပြန်ရောက်လာကြသည်။ ၁၉၄၈ခုနှစ်မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ပထမဦးဆုံး သံတမန်အဆက်အသွယ်ပြုသည့်နိုင်ငံမှာ ထိုစဉ်က တည်ထောင်ပြီးခါစ ဂျူးနိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံဖြစ်ပါသည်။

၁၉၆၂ ခုနှစ်တွင်တော်လှနိရေးအစိုးရ စစ်အာဏာသိမ်းငောအခါ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထိုကြောင့်ဂျူးလူမျိုး အများအပြား မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြ၏ သို့ သော်လည်း ဆာမြုရယ်မိသားစုကတော့ မြန်မာမှာဘဲ နေရစ်ခဲ့ကြသည်။ သူက ဘယ်တော့ မှမြန်မာပြည်က ထွက်ခွာဖို့ မတွေးခဲ့ ဟု ဆာမြူရယ်က ဆိုသည်။ သူတို့ ကသူတို့ နေထိုင်သောနိုင်ငံကိုချစ်မြတိနိုးပြီး မြန်မာမှာ နေရခြင်းက အရေးကြီးသည်ဟုယူဆသည်။ ဂျုးလူမျိုးဧည့်သည်တွေ မြန်မာကိုလာလည်စေချင်သည်။
၂၀၀၂ခုနှစ်တွင်သားဖြစ်သူဆမ်မီကစကောလားရှစ် ပညာသင်ဆုရပြီး အမေရိကတွင်ကောလိပ်ကျောင်းသွားတက်ရသည်။ ထို့ နောက် သူက နယူးယောက်ကိုအပြီးပြောင်းသွားခဲ့ သည် သို့ သော်လည်း နွေရာသီတိုင်းမှာတော့ ရန်ကုန်ကို ပြန်လာလေ့ရှိသည်။
နွေရာသီ သောကြာနေ့ ညနေခင်းတခုမှာ မိုးစက်က ဘုရားကျောင်းကိုတယောက်တည်းထွက် သွားခဲ့သည်။ ဆမ်မီကကောင်းကောင်းနေမကောင်းပါ။ ၄၅မိနစ်ကြာတော့ မိုးစက်ဆီက ဖုန်းခေါ်ပြီး သူ့ ကို အခုဘုရားကျောင်းကို လာခဲ့ ဖို့ ပြောကြား၏
“ အဖေ့ အသံကြားရတာ ထီပေါက်တဲ့ အသံမျိုးဘဲ”ဟုဆမ်မီကဆိုသည်။
ထိုညက ဘုရားကျောင်းထဲသူမ၀င်သွားခင်မှာဘဲ ဘုရားသီချင်းဆိုသံတွေကြားလိုက်ရသည်။ အမေရိကန် ဂျူး ကမ္ဘာလှည့် ခရီးသည် အယောက်၄၀ လောက်က သောကြာနေ့ ဘုရားဝတ်ပြုခြင်းကို ပါဝင်ဆင်နွဲနေကြခြင်းဖြစ်သည်။
“အဖေက သိပ်ပျော်သွားပြီးသူသိမ်းထားတဲ့ ကိုရှာဝိုင်ပုလင်းတွေအားလုံးကို ဖွင့်ဖောက်ပေးခဲ့တယ်”.
သူမိခင်မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြားမှာ လမ်းဖောက်ဖို့ ကြံနေသောဆမ်မီအတွက် အကြံညဏ်ကောင်းရသွား၏ ယခုကဲ့သို့  အမေရိကန်ဂျူးအယောက်၄၀ တောင် သောကြာနေ့ ဘုရားဝတ်ပြုတာကိုလာတက်လျှင် တခြားသူတွေလည်း လာတက်မည်ဖြစ်သည်။ ထို့ ကြောင့်သူက မြန်မာ ရှလွန် (Myanmar Shalom)ခရီးသွားအေဂျင်စီကို စတင်ခဲ့သည်။ အဓိပ္ပယ်မှာ မြန်မာပြည်တွင် ဂျုးဘာသာဝင်များဆက်လက်ရှင်သန်ရမည်ဆိုသည့် သဘောဖြစ်သည်။


၂၀၁၁ခုနှစ်တွင်မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို ပြောင်းခဲ့ သည့်အတွက် ကမ္ဘာလှည့်ဧည့်သည်များပြုံကျလာခဲ့သည်။ မြန်မာရှလွန် က ဂျုးဘာသာဝင်များအတွက် အုပ်စုချင်းရောတဦးချင်းခရီးစဉ်များကိုပါစီစဉ်ပေးနေသည်မှာ ယခုဆိုလျှင် ၀န်ထမ်းနှစ်ဦးနှင့်စခဲ့သောထိုလုပ်ငန်းက၀န်ထမ်း အယောက် ၂၀ခန့်အထိပင်ရှိလာနေပြီ။

အမေရိကန် အရှေ့ တောင်အာရှစီးပွားရေးကောင်စီ USABCI ကလည်း ဂျူးဘုရားကျောင်းရှိ အစိတ်အပိုင်းတချို့ ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးခဲ့သည်.။ ပြုပြင်ရေးစီမံကိန်းက တာဝန်ရှိသူ မစ္စက်ဖရန့်ဆွန်နစ်က သူထိုဘုရားကျောင်းကိုရောက်တိုင်း ဧည့်သည်များအမြဲရှိနေသည်ဟုဆိုသည်။
ယခုအခါတွင် မြန်မာရှလွန်က ကုန်ကျစရိတ်များကိုတတ်နိုင်ပြီဖြစ်၍ USABCI က ဘုရားကျောင်းကို ဆမ်မြူရယ်တို့ မိသားစုကို ပြန်လွဲပြောင်းပေးခဲ့သည်။ မြန်မာရှလွန်က ကမ္ဘာလှည့်ခရီးသွားများအတွက်သာမဟုတ် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်လိုသူ အမေရီကန်ဂျူးလူမျိုးမျာအတွက် အတိုင်ပင်ခံကုမ္ပဏီအဖြစ်ပါဆောင်ရွက်သည်။ထိုလုပ်ငန်းက ဂျူးလူမျိုးများကို သူတို့ ဘိုးဘေးများရန်ကုန်တွင်တချိန်တုန်းကလုပ်ခဲ့ သလို စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်လာဖို့ ဖြစ်လာစေသည်။
ပြီးခဲ့ သည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံရှိဂျူးလူမျိုးများစုပေါင်းပြီး ဟန်နုကာခေါ် ဂျူးဘာသာဝင်တို့ ၏ မီးထွန်းပွဲတော်ကိုကျင်းပခဲ့သည်။ ဆမ်မီက လာရောက်သူတိုင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။
“ဂျုးမိသားစုဝင်တွေ တဖြည်းဖြည်းတိုးလာပါပြီဗျာ”
ထိုဟန်နုကာမီးထွန်းပွဲက ဆမ်မီ၏ဘ၀တွင် ပထမဆုံးမြန်မာနိုင်ငံတွင်ကြုံဖုးသော ဂျူးဘာသာဆန်လွန်းသည့် အခမ်းအနားတခုဖြစ်ခဲ့၏
ယခုအချိန်တွင် ရန်ကုန်ကိုပိုတိုးတိုးလာရောက်လာနေကြသည့် ၈ျူးဘာသာဝင်များအတွက် သေချာသည့်အချက်တခုရှိပါသည်။ ထိုအချက်ကားဆင်မြူရယ်မိသားစုက သူတို့ ကိုဘုရားကျောင်းမှာ နွေးထွေးသောလက်များဖြင့် စောင့်ကြိုနေမည်ဆိုတာပင်။
PRI ရေဒီယိုမှတင်ဆက်သည့် Jews are making their way to Myanmar, just like their ancestors did ဆောင်းပါးကို ထားထားမြင့်မှ ဘာသာပြန်ဆိုပါသည်။

ဒီနေ့ကာတွန်း

ရန်ကုန်မြို့ပျက်ကြီး



Eleven Media Group

(Written by: ချစ်ဝင်းမောင်)

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ကျွန်တော်နေထိုင်ရာ အရပ်သည် မယုံကြည်နိုင်လောက်ဖွယ် အံ့မခန်း ပြောင်းလဲသွားခဲ့သည်။ နေထိုင်ရာ တိုက်ခန်း၏ ၀ရန်တာပေါ်မှ လမ်းထဲသို့ လှမ်းမျှော်ကြည့်လိုက်လျှင် တစ်လမ်းလုံး ထပ်မြင့်တိုက်ကြီးများ တန်းစီနေပြီး တိုက်ခန်းငယ်အသီးသီး အထပ်ထပ်တို့၏ ၀ရန်တာများကို မြင်နေရသည်။ ကန်ထရိုက်တိုက်ဟု ခေါ်တွင်သော အနည်းဆုံး ခြောက်ထပ်မှ ရှစ်ထပ်အထိမြင့်သော တိုက်တာတို့သည် လမ်းတစ်လမ်းလုံးကို နေရာယူ လွှမ်းမိုးထားလေပြီ။

လွန်ခဲ့သော နှစ်ပေါင်းအစိတ် ၁၉၈၈ ခုနှစ် အရေးအခင်းကြီး မဖြစ်ပွားမီအချိန်က ဒီလမ်းကလေးသည် သုံးပင်နှစ်ခန်း၊ ပျဉ်ကာသွပ်မိုး တစ်ထပ်အိမ်ငယ်များ၊ ခြံဝင်းများ (အနည်းငယ်မျှသော ငွေကြေးကြွယ်ဝသူတို့၏) တစ်ထပ်အုတ်ခံအိမ်၊ နှစ်ထပ်အုတ်ခံအိမ်အချို့သာ ရှိသည်။ ယခုလို ရှစ်ထပ်ကန်ထရိုက်တိုက် တစ်လုံးမျှမရှိ။ ကိုလိုနီခေတ်ကတည်းက ရှိခဲ့သော လမ်းဟောင်းမှာ မဆလတစ်ခေတ်လုံး မပြုမပြင်ထားသဖြင့် မညီမညာ၊ မိုးအခါတွင် ရေ၀ပ်ဗွက်ထသော်လည်း လမ်းထဲမှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း အိမ်ငယ်ခြံဝင်းများနှင့် ရပ်ကွက်သဘာဝအတိုင်း ရှိနေသည်။ တစ်လမ်းလုံး နှစ်ထပ်ထက်မပိုသော လုံးချင်းအိမ်ငယ်များနှင့် စီတန်းရှိခဲ့သော လမ်းကလေးသည် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ကွန်ကရစ်နံရံကြီးအောက် ရောက်ရှိသွားခဲ့သည်။ လုပ်ငန်းရှင်ကြီးတစ်ဦး၏ မတည်မှုဖြင့် လမ်းကလေးကို နိုင်လွန်ကတ္တရာ ခင်းနိုင်ခဲ့ရာ ထပ်မြင့်တိုက်များနှင့် ပနံရနေသော မြို့ပြလမ်းတစ်ခုအသွင် ဆောင်လာသည်။

အမှန်တော့ ၁၉၉၀ ပြည့်နှစ်များအထိ ဒီနေရာသည် ရန်ကုန်မြို့တော်၏ ဆင်ခြေဖုံး ဧရိယာထဲမှာပဲ ရှိသေးသည်။ ယခုတော့ ရန်ကုန်မြို့လယ် ဧရိယာထဲ ရောက်သွားသည်။ ကျောက်မြောင်း၊ တာမွေ၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်တို့သည် ၁၉၈၈ ခုနှစ် မတိုင်မီအထိ အိမ်ငယ်အိမ်ခြေများဖြင့် ဖွဲ့စည်းထားသည့် ဆင်ခြေဖုံးအရပ်တွေ ဖြစ်ခဲ့သည်။ ယခု ၂၀၁၀ ပြည့်လွန်နှစ်များမှာတော့ မြို့ပြရပ်ကွက်တွေအဖြစ် ပြောင်းလဲသွားကြပြီ။ သည်မြို့နယ်တွေအားလုံး လမ်းသွယ်တွေအားလုံး ကန်ထရိုက်တိုက်ခေါ် လူနေတိုက်ခန်းများနှင့် ပြည့်ကျပ်သွားခဲ့သည်။ တိုးတက်လာသော မြို့ပြလူဦးရေ၏ နေထိုင်မှုအတွက် လိုအပ်ချက်အရ ဒီအဆောက်အအုံတွေ တိုးပွားလာခဲ့တာဖြစ်သည်။ အလားတူ မြို့တော်ရန်ကုန်၏ ဧရိယာသည်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အလွန်ပြန့်ကား ကြီးထွားခဲ့သည်။ ယခင်က မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ ဆင်ခြေဖုံးမြို့သစ် သုံးမြို့သာ မြို့တော်ကို ၀န်းရံထားခဲ့ရာမှ ယခုဆိုလျှင် မြောက်ဘက်၌ ရွှေပြည်သာ၊ အနောက်ဘက်မှာ လှိုင်သာယာ၊ အရှေ့ဘက်မှာ ပဲခူးမြစ်အထိ ဒဂုံတောင်၊ မြောက်မြို့နယ်ကြီးတွေ ရှိလာသည်။ ရန်ကုန်မြို့တော်၏ လက်ရှိလူဦးရေကို ခြောက်သန်းဟု ဖော်ပြနေတာ တွေ့ရတယ်။ အမှန်တကယ် ကောက်ယူထားသော စာရင်းလား၊ ခန့်မှန်းစာရင်းလားတော့ မသိ။ လူဦးရေ ခြောက်သန်းရှိ မြို့တော်ကြီးတစ်ခု ကြီးထွားဖွံ့ဖြိုးလာမှုတွင် လူမှုပြဿနာတွေ များစွာရှိလာခဲ့သည်။ ၁။ ဖြတ်သန်းခဲ့ရသော ခေတ်စနစ် ၂။ မှားယွင်းသော စီမံခန့်ခွဲမှု ၃။ အကျင့်ပျက်လာဘ်စားမှုများသည် မြို့တော်ကြီးကို ကမောက်ကမဖြစ်စေသော အကြောင်းတရားများ ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း ယနေ့ကျွန်တော်တို့နေထိုင်သော မြို့တော်ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ပြဿနာ အပါအ၀င် မြို့ပြတစ်ခု၏ အင်္ဂါရပ်နှင့် မပြည့်စုံသော လျှပ်စစ်မီး၊ သောက်သုံးရေ၊ လမ်းတံတား၊ ဆက်သွယ်ရေးလိုအပ်ချက်တွေ များစွာနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း မော်တော်ယာဉ်တင်သွင်းမှု ဖြေလျှော့ပေးပြီးနောက်ပိုင်း ရန်ကုန်လမ်းပေါ်မှာ မော်တော်ယာဉ် မတန်တဆ တိုးပွားလာသည်။ မော်တော်ယာဉ် မတန်တဆ တိုးပွားလာခြင်းနှင့်ထပ်တူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပရမ်းပတာဖြစ်မှုမှာ ဖြေရှင်း၍ မရသော ပြဿနာတစ်ခုအဖြစ် ယနေ့ရန်ကုန်လူထု ရင်ဆိုင်နေရသည်။ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အချက်တစ်ခုမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ တစ်နေ့တခြား တိုးပွားလာခြင်းနှင့် သေဆုံးခဲ့ရသူတို့တွင် တိုင်းပြည်အတွက် အလုပ်အကျွေးပြုနိုင်သေးသည့် လူငယ်လူလတ် ပညာတတ်များ ပါဝင်နေခြင်းဖြစ်သည်။ နေ့စဉ်သတင်းစာများတွင် ယာဉ်တိုက်မှုသတင်းများ နေ့စဉ်နီးနီး ပါဝင်နေပြီး အသက်ဆုံးရှုံးမှုလည်း နေ့စဉ်နီးနီး ဖြစ်နေသည်။ လမ်းကို အသုံးပြု သွားလာနေသူတိုင်း အသက်အန္တရာယ် မကင်းသည့် အခြေအနေမျိုး ဖြစ်နေသည်။

မော်တော်ယာဉ် များပြားလာမှု၊ ယာဉ်ကြောပိတ်ဆို့မှုမှာ အကြောင်းတရားတစ်ခုဟုဆိုလျှင် မော်တော်ယာဉ် အသုံးပြုသူများ၏ စည်းကမ်းမဲ့မှု၊ လမ်းအသုံးပြုသူများ၏ စည်းကမ်းမလိုက်နာမှုတို့မှာလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပရမ်းပတာဖြစ်မှုကို ထပ်ဆောင်းပေးသည့် အကျိုးတရားဖြစ်သည်။ တစ်ဆက်တည်းမှာပင် ခေတ်အဆက်ဆက်မြို့ပြ စီမံခန့်ခွဲသူတို့၏ အားနည်းချက်မှာလည်း ယနေ့ ရန်ကုန်မြို့ကြီး ရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ရာတွင် ပထမ ၂၆ နှစ်မှာ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခဲ့၍ ဒုတိယ ၂၄ နှစ်မှာ စစ်အာဏာရှင်စနစ်၏ လွဲမှားသောတစ်ချက်လွှတ်အမိန့်ပေး စီမံခန့်ခွဲမှုကြောင့် ယနေ့မြို့တော်ရန်ကုန်မှာ ချုံးချုံးကျခဲ့ရသည်။

၁၉၆၂ ခုနှစ်လွန် မြို့တော်ရန်ကုန် ရှုခင်းများကို ကြည့်ရှုလျှင် ရန်ကုန်မြို့တော်သည် အတော်အတန် သပ်ရပ်နေသေးသည်ကို တွေ့ရသည်။ မြို့လယ်မှာ ယာဉ်ကြောရှုပ်ထွေးမှု မကြီးမားသေးသလို နိုင်လွန်ကတ္တရာလမ်းတွေက ဖြောင့်ဖြောင့်ဖြူးဖြူး ရှိလှသည်။ လူသွားပလက်ဖောင်းတွေ ကျယ်ကျယ်ဝန်းဝန်းရှိပြီး (လမ်းဘေးဈေးသည်များ ရှိသော်လည်း) ရှုပ်ရှုပ်ထွေးထွေး မရှိလှပါ။ ရေနုတ်မြောင်းတွေ၊ ပလက်ဖောင်းတွေ အတော်ကလေး သပ်သပ်ရပ်ရပ် ရှိနေသေးရုံမက ရန်ကုန်ညများမှာ လျှပ်စစ်မီးထိန်ထိန်နှင့် နေချင်စဖွယ်မြို့တော်ကြီး ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အရှေ့တောင်အာရှတွင် အလှပဆုံးဖြစ်ခဲ့သော ရန်ကုန်မြို့တော်၏ ဓာတ်ပုံဟောင်းများကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးသည်။ တော်လှန်ရေးအစိုးရ တက်ပြီးနောက်ပိုင်း တဖြည်းဖြည်း ယိုယွင်းလာခဲ့သော မြို့တော်ရန်ကုန်သည် ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင်မှာတော့ လုံးလုံးပျက်စီးသွားသည့် အခြေအနေကို ရောက်ရှိသွားသည်။ ခေတ်အဆက်ဆက် ရန်ကုန်မြို့တော်ဝန်တို့သည် မြို့တော်စည်ပင်သာယာရေးကို တာဝန်ယူခဲ့ကြသော်လည်း ၁၉၈၈ နောက်ပိုင်း တာဝန်ယူခဲ့ကြသူတို့၏ လွဲမှားသော စီမံခန့်ခွဲမှု၊ အကျင့်ပျက် ခြစားမှုတို့ကြောင့် မြို့တော်ကြီးမှာ ပရမ်းပတာအသွင် ဆောင်လာသည်။ ယနေ့အချိန်မှာ အဆိုးဆုံးအချိန်ဟု ဆိုနိုင်သည်။

လမ်းဘေးဈေးသည်များကြောင့် မြို့တော်အလှ ပျက်ရခြင်းအတွက် လမ်းဘေးဈေးသည် ရှင်းလင်းရေးကို မ.ဆ.လ ခေတ်ကတည်းက လုပ်ဆောင်ခဲ့ရာ ယနေ့အထိ မအောင်မြင်။ ယခုအချိန်တွင် အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး ဈေးရောင်းချခွင့်ပြုကာ ဖြေရှင်းပေးထားသော်လည်း စည်းကမ်းမဲ့ဈေးသည်များကို ယခုအချိန်ထိ မရှင်းနိုင်။ မော်တော်ယာဉ် တိုးပွားလာပြီး ယာဉ်ကြောပိတ်ဆို့မှု ကြီးထွားလာသောအခါ လမ်းဘေးပလက်ဖောင်းများကိုဖြို၍ လမ်းချဲ့ထွင်ရေး စီမံကိန်းကို ယခုနှစ်များအတွင်း အကောင်အထည်ဖော်နေတာ တွေ့ရသည်။ လူသွားပလက်ဖောင်း ဧရိယာက နဂိုကတည်းက သိပ်မကျယ်လှတော့ရုံမက လမ်းလျှောက်၍မရအောင် ဈေးသည်တွေက ပိတ်ဆို့ထားရာ ယခုပလက်ဖောင်းတွေကို ထပ်ပြီးဖဲ့ကာ လမ်းချဲ့နေသည်မှာ မြို့တော်၏အလှကို ပိုအကျည်းတန်သွားအောင် လုပ်နေသလိုမျိုးဟု ခံစားရသည်။ ပလက်ဖောင်းတွေဖဲ့၍ လမ်းချဲ့လိုက်သော်ငြားလည်း လမ်းအသုံးပြုနိုင်သည့် ဧရိယာက တိုးပြီးကျယ်မလာ။ ထိုနေရာမှ ဈေးသည်တွေကပဲ နေရာထပ်ယူထားသည်။ ယာဉ်ရပ်နားဖို့လမ်းချဲ့တာ ဖြစ်သော်လည်း ဈေးသည်တွေ ဈေးခင်းဖို့လုပ်ပေးနေသလိုမျိုးသာ ဖြစ်ခဲ့သည်။

ဆိုးရွားသောအချက်မှာ မြို့တော်၏ ပကတိအလှများ ပျက်စီးသွားခြင်းဖြစ်သည်။ မော်တော်ယာဉ်တွေ တိုးပွားလာပြီး ယာဉ်ကြောကျပ်သဖြင့် ပလက်ဖောင်းတွေကိုဖဲ့ချကာ လမ်းချဲ့ထွင်ခြင်း မဟာဗျူဟာမှာ “ဖိနပ်နှင့်ခြေထောက် မတော်၍ ဖနောင့်ကိုလှီးဖြတ်” သည့် ဥပမာလို ဖြစ်နေသည်။ ယခုဆိုလျှင် ရန်ကုန်မြို့တော်တစ်ခုလုံး ပလက်ဖောင်းတွေ ဖြိုဖျက်ပြီး လူတစ်ကိုယ်သွားရုံ ပလက်ဖောင်းကျဉ်းကျဉ်းပေါ်မှာ ဈေးသည်တွေနှင့် တွန်းတိုက်ပြီး လူတွေခက်ခက်ခဲခဲ သွားလာနေကြရသည်။ ရန်ကုန်လမ်းများပေါ်မှာ စည်းကမ်းမဲ့သော ဈေးသည်တွေက ထိုပလက်ဖောင်း ကျဉ်းကျဉ်းပေါ်မှာ ဆိုင်ခင်းနေကြပြီး ခရီးသွားတွေက ကားကြိုကားကြား လမ်းပေါ်ဆင်းလျှောက် နေကြရသည်။ လမ်းပေါ်မှာ စည်းကမ်းမဲ့ခရီးသည်တင် ယာဉ်ကြီးတွေ၊ ပလက်ဖောင်းပေါ်မှာ စည်းကမ်းမဲ့ဈေးသည်တွေ...။ ရန်ကုန်မြို့တော်၏ မြင်ကွင်းမှာ အလွန်ရုပ်ဆိုး အကျည်းတန်နေတော့သည်။ မြို့တော်ကြီးကို မည်သည့်စီမံခန့်ခွဲမှုဖြင့် ပုံဖော်နေကြသည်တော့ မသိပါ။ မြို့လယ်ပလက်ဖောင်းများမှာ ခေတ်အဆက်ဆက် ဘယ်တော့မှ ခင်းလို့မပြီးသော အခြေအနေမှာ ရှိသည်။ ပြီးခဲ့သည့်တစ်နှစ်က မြို့လယ်ကောင် မညီမညာ ခနော်နီခနော်နဲ့ ပလက်ဖောင်းကျောက်ပြားများကို ရှင်းထုတ်ပြီး ကွန်ကရစ်များဖြင့် ညီညာအောင် ခင်းခဲ့သည်။ ဒီတစ်ခါတော့ ပလက်ဖောင်းတွေ ညီညာပြီဟု အောက်မေ့ခဲ့သည်။ ယခုထို ပလက်ဖောင်းများကို တစ်ခါထပ်ဖဲ့ပြီး နောက်ထပ်ပလက်ဖောင်းအသစ် လုပ်နေပြန်ပါပြီ။ မြို့လယ်လမ်းများ နိုင်လွန်ကတ္တရာ ခင်းထားသော်လည်း ဖုသည့်နေရာဖု၊ ဖောင်းသည့်နေရာဖောင်း၊ မညီမညာ။ ခနော်နီခနော်နဲ့ ပလက်ဖောင်းပေါ်မှာ ဈေးသည်မျိုးစုံက အပိုင်စီး နေရာယူထား။

ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) က ရန်ကုန်မြို့တော် လှပသာယာရေးအတွက် ဘတ်ဂျက်ငွေ အမြောက်အမြား အကူအညီပေးနေကြောင်း သိရသည်။ မြို့တော်စည်ပင်သည် JICA ၏ အကူအညီဖြင့် လမ်းတွေကိုချဲ့၊ ပလက်ဖောင်းတွေကိုဖဲ့၊ လမ်းခင်းသည့်အလုပ်တွေကို မရပ်မနား ပြုလုပ်နေသည်။ သို့သော် မြို့တော်ကြီးက အကျည်းတန်နေဆဲ။ ညဘက်ဆိုလျှင် မြို့လယ်အထင်ကရ ဆူးလေဘုရားလမ်းသည်ပင် လျှပ်စစ်မီးမလင်းပါ။ မြန်မာနိုင်ငံရေး အပြောင်းအလဲနှင့်အတူ နိုင်ငံထဲသို့ ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား ၀င်လာကြသည်။ သူတို့က မြန်မာပြည်ကို ကြည့်ချင်သည်။ ရန်ကုန်မြို့ကြီးကို ကြည့်ချင်သည်။ သူတို့စိတ်ကူးထဲက ရန်ကုန်မြို့ကြီးနှင့် ယခုတွေ့မြင်နေရသော ရန်ကုန်မြို့ကြီး အတော်ကွာခြားနေမည်က သေချာသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် စစ်ကြီးပြီးစ ပရမ်းပတာဖြစ်နေသော မြို့ပျက်ကြီးတစ်ခုလို။

(ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ



Popular Myanmar News Journal

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအို အား သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။
မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ။

မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး အဆိုပါနေရာသို့ ရဲတပ်ဖွဲမှ ရောက်ရှိသွားချိန်တွင် သူမအား အခန်းတွင်းနိုက် ပင် မလှုပ်မယှက် လှဲနေသည်ကိုတွေ့ခဲ့ရသည် ဟု သိရသည်။
သူမ၏ ခန္တာကိုယ်အထက်ပိုင်းတွင် ဒဏ်ရာများ ရှိနေပြီ မှုခင်းဆရာဝန်က သူမ သေဆုံးကြောင်း အတည်ပြုပေးခဲ့သည် ။မသန်းသန်းဝင်းကို ချန်ဂီအမျိုးသမီး အကျဉ်းထောင်တွင် ထိမ်းသိမ်းထားပြီး ယင်းအမှုအား မတ်လ ၂၆ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည် ။ပြစ်မှုထင်ရှားပါ က ၄င်းကို သေဒဏ်အထိချမှတ်ခြင်း ခံရနိုင်ကြောင်းသိရသည် ။

စစ်ရေးလေ့ကျင့် ပြီးကျည်ဆန်ကျန်ရစ်မှုတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ



လေ့ကျင့်ရေးကွင်းအနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့သည် ရွာ၏ အနောက်မြောက်ဖက်ရှိ ဆပ်ပြာအိုင် ချောင်းအနီးတွင် နွားကျောင်းရင်း ဆီး(ဇီး) သီးကောက်ရာ ကျည်ဆန်အရှည် (ဆေးမှတ်တမ်းအရ) တစ်ခုကို တွေ့၍ တစ်ယောက်က ကောက်ယူပြီး မြေပေါ်တွင် ပစ်ပေါက်ပြီး ကစားရာမှ ပေါက်ကွဲ သွားသည်ဟု သိရကြောင်း သေဆုံးသူ၏ ဖခင်ဦးသန်းဝင်းက ပြောကြားသည်။

“တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ရွာကိုလှည်းနဲ့ တင်လာပြီး တစ်နာရီကြာမှာ ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေကို မိတ္ထီလာဆေးရုံ ပို့ရတယ်။ တစ်ယောက်က ဒဏ်ရာပြင်းလို့ မန္တလေးဆေးရုံကို ဆက်ပြီး ပို့ခဲ့ရတယ်။ ဒီနေ့ (မတ်လ ၄ ရက်) မှာ သက်သာလို့ မန္တလေးဆေးရုံက ပြန်ဆင်းလာတယ်။ မိတ္ထီလာဆေးရုံမှာ တက်နေတဲ့ မောင်သီဟနိုင်နဲ့ မောင်ဝင်းကိုတို့ နှစ်ယောက်လည်း အခြေအနေ ကောင်းလာပါပြီ” ဟု ၎င်းကဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ဦးသန်းဝင်း၏သား အသက် ၁၂ နှစ်ရှိ မောင်သန်းမျိုးအောင် သေဆုံးခဲ့ပြီး၊ ညီဖြစ်သူ အသက် ၆ နှစ်ရှိ မောင်သီဟနိုင်မှာ ဘယ်ခြေညာလက်နှင့် ဦးခေါင်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဦးမောင်ရွှေ၏ သားဖြစ်သူ အသက် ၈ နှစ်မောင်ဝင်းကိုမှာ ဘယ်တင်ပါးနှင့် ဘယ်ဒူးဆစ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဦးပိုက်တိုး၏ သားဖြစ်သူ နောက်စေ့တွင် ဒဏ်ရာရရှိသွားသူ အသက် ၂၀ ရှိ မောင်တင်စိုးလင်းကို မန္တလေးဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။

မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ မတ်လ ၃ ရက်နေ့က မိတ္ထီလာ တပ်နယ်မှူး လာရောက်၍ ဒဏ်ရာရသူများနှင့် သေဆုံးသူအတွက် ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်များ ပေးကာ လာရောက် ကြည့်ရှုခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် မိဘများက ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တပ်မတော် ကြည်း၊ ရေ၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့် ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်တွင် လူသေဆုံးခဲ့သဖြင့် နတ်မောက်မြို့နယ်၊ ရွှေပန်းတောရွာ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

နာဂစ် နေရာချထားရေး အစိုးရအဖွဲ့ ပြောကြားချက် လက်တွေ့နှင့်ကွဲလွဲဟု လွှတ်တော် ကိုယ်စားလှယ်ဆို




The Voice Weekly

မြန်မာနိုင်ငံ၌ လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ယနေ့တိုင် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ နာဂစ် ဒုက္ခသည်များအတွက် မြေနေရာချထားရေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွှတ်တော်တွင်း ပြောကြားချက်များနှင့် လက်တွေ့ အကောင်အထည် ဖော်မှုမှာ ကွဲလွဲလျက် ရှိကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီတိုင်းဒေသကြီး ပြောကြားသည်။

နာဂစ် ဒုက္ခသည်မိသားစု ၄၀၇ စုမှ လူဦးရေ ၁၀၀၀ ကျော်ကို လပွတ္တာမြို့အနီး သုံးမိုင်မြို့သစ်တွင် နေရာချထားပေးမည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်တို့က လွှတ်တော်အတွင်း ပြောကြားခဲ့သော်လည်း အောက်ခြေရှိ တာဝန်ရှိသူများက နာဂစ် ဒုက္ခသည်များအတွက် လပွတ္တာမြို့နယ်အတွင်း အစုလေးရွာအနီးရှိ တောများကို ခုတ်ထွင် ရှင်းလင်းပြီး မြေနေရာ ချထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ၎င်းကဆိုသည်။

သုံးမိုင်မြို့သစ်သည် နာဂစ် ဒုက္ခသည်များကို နေရာချထားပေးရန် အတွက် မြေကွက်များ ဖော်ထုတ်၍ တည်ဆောက်ခဲ့သည့် မြို့သစ်တစ်ခုဖြစ်ပြီး မြေကွက်ပေါင်း ၂၅၆၃ ကွက် ဖော်ထုတ်ခဲ့သည့်အနက် ၁၂၅၇ ကွက်ကို နေရာချထားပေးပြီး ဖြစ်ရာ မြေကွက်အလွတ် ၁၃၀၆ ကွက် ကျန်ရှိသေးကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

“သုံးမိုင်မြို့သစ်မှာ မြေကွက်တွေ အပိုင်ပေးမယ်ဆိုတော့ ဝမ်းသာခဲ့ပါတယ်။ မြို့နဲ့နီးတော့ အလုပ်အကိုင်၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အားလုံးအဆင်ပြေနိုင်တယ်ပေါ့။ ခုတော့ ငါးမိုင်နားက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တောစိုက်ခင်း နောက်ဘက်က တောကြီး ထဲမှာဆိုတော့ အားလုံးမှာ အခက်အခဲရှိတယ်။ ကျွန်မတို့ကို လပွတ္တာ သုံးမိုင်မြို့သစ်ကို ရည်ရွယ်ပြီး မူချခဲ့တာ ဖြစ်တဲ့အတွက် မပြောင်းနိုင်ဘူးလို့ ပြောထားတယ်” ဟု နာဂစ် ဒုက္ခသည်များဘဝ လူမှုဖူလုံရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ဌေးက ဆိုသည်။

လပွတ္တာမြို့နယ်ရှိ သုံးမိုင်မြို့သစ်တွင် အခြေတကျ အကွက်ကြီးများရိုက်ကာ စက်မှုလုပ်ငန်းရှင်များ၊ မော်တော်ကားဝင်းများ၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ရန် အခြေတကျ တည်ထားသော မြို့ဖြစ်၍ ဒုက္ခသည်များကို ထည့်သွင်း၍ မရကြောင်း၊ နာဂစ်ဒုက္ခသည်များက မြေကွက်များတွင် အမှန်တကယ် နေထိုင်ရန် မဟုတ်ဘဲ ရောင်းစားလို၍ ဖြစ်ကြောင်း၊ ပြောင်းရွှေ့ နိုင်သော်လည်း အပိုင်ပေးခြင်း မဟုတ်သည့်အတွက် ရောင်းစားခွင့် မရှိကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးလွင်က ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ရခြင်း ဖြစ်တဲ့အတွက် ငါးမိုင်တောမှာ နေရာချ ထားပေးတာပါ၊ အဲဒီမှာ နေလိုတဲ့ ဆန္ဒရှိရင် မြေကွက် ရိုက်ပေးပြီး တစ်ဦးချင်းကို မြေနေရာ ချပေးမှာပါ” ဟု ၎င်းကဆိုသည်။

နာဂစ် ကယ်ဆယ်ရေးစခန်းများ ဖျတ်သိမ်းစဉ်က လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ဒုက္ခသည်များကို ပိုင်ရှင်ရှိ မြေနေရာများတွင် ယာယီနေရာ ချပေးခဲ့ပြီး သုံးနှစ်အတွင်း ဖယ်ပေးရမည်ဟု ပြောခဲ့ရာ မူလပိုင်ရှင်များကလည်း ငါးနှစ်ကျော်လာပြီ ဖြစ်၍ ပြန်လည် ရရှိလိုပြီး ဖြစ်ကြောင်း၊ သုံးမိုင်မြို့သစ်တည်ရန် မြေကွက်ဖော်ချိန် က လျောက်လွှာ တင်ခဲ့သော်လည်း ယခုချိန်ထိ မြေနေရာမရသေးကြောင်း လပွတ္တာမြို့နယ် သုံးဆယ်ကုန်းရွာတွင် ယာယီနေထိုင်သည့် နာဂစ်ဒုက္ခသည် ဦးလှိုင်မြင့်က ပြောကြားသည်။

“ဒုက္ခသည်တွေ နေရာထိုင်ခင်းအတွက် ၂၀၁၃ခုနှစ် ဇွန်လ ၂၃ ရက်နေ့က လျှောက်လွှာ တင်ခဲ့တာ ခုထိမရသးဘူး။ ဒါ့ကြောင့် ဝန်ကြီးချုပ်ဆီကိုတော့ မြို့နဲ့နီးတဲ့နေရာမှာ ချထားပေးဖို့ စာတင်ထားတယ်” ဟု ၎င်းကဆိုသည်။

လပွတ္တာမြို့နယ်ရှိ နာဂစ် ဒုက္ခသည်များကို ဒေသအာဏာပိုင်များက ကြာကန်၊ မြွေဟောက်၊ မောင်းတီး၊ ကဿပေါင်း၊ ပိန္နဲတောင်၊ မင်းကုန်း စသည့်ရွာများ အပါအဝင် ကျေးရွာ ၁၃ ရွာရှိ ပိုင်ရှင်ရှိ မြေများတွင် ယာယီနေရာများ သတ်မှတ် ပေးပြီးနောက် နော်ဝေနိုင်ငံမှ ဒုက္ခသည် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (NRC) က ပျဉ်ခင်း၊ ထရံကာ၊ ဓနိမိုးနေအိမ်များကို ၂၀၀၈ ခုနှစ် ကတည်းက ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်၌ ယင်းနေအိမ်များမှာ ပျက်စီးလျက်ရှိပြီ ဖြစ်သည့်အပြင် မူလ မြေပိုင်ရှင်များကလည်း ခြောက်နှစ်ခန့် ကြာပြီဖြစ်၍ ပြန်လိုခြင်ပြီ ဖြစ်ကြောင်း ဒုက္ခသည် အချို့ထံမှ စုံစမ်းသိရှိရသည်။

သံဃမဟာနာယကနှင့် ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွား

The Voice Weekly

မဟာသန္တိသုခကျောင်းမှ သံဃာများကို ဖယ်ရှားပါက သံဃမဟာနာယက အဖွဲ့ကို တရားဥပဒေအရ ရင်ဆိုင်မည်

နိုင်ငံတော် သံဃမဟာနာယကနှင့် ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာတော်များကို ဖိအားပေး ဖယ်ရှားပါက နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ကို တရားဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်သူ ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဖယ်ရှားပေးရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး မတ်လ ၄ ရက်နေ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကျောင်းထိုင် သံဃာတွေကို ဖိအားပေး ဖယ်ရှားမယ်ဆိုရင် ကျောင်းတိုက်ကို ဘယ်သူ ပိုင်တယ်ဆိုတာ အထောက်အထားတွေနဲ့တကွ တရားရုံးမှာ ရင်ဆိုင်သွားမယ်” ဟု ဆရာတော်က ဆိုသည်။

ယင်းသို့ ကျောင်းထိုင် သံဃာတော်များ ဖယ်ရှားခြင်းကိစ္စကို လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့က အကြောင်းကြားစာ များကို ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၂၂ ရက်နေ့တွင် နှစ်ကြိမ်တိုင် ပေးပို့ထားသော်လည်း လာရောက် တွေ့ဆုံနိုင်ခြင်း မရှိဟု အကြောင်းပြန်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဂုဏာလင်္ကာရက မိန့်ကြားသည်။
“နိုင်ငံတော်က ခိုင်းတဲ့အတိုင်း သုံးကြိမ်တိတိ လာတွေ့ဆုံဖို့ ခေါ်မယ်။ ပြီးရင်တော့ လာရောက် မတွေ့ဆုံတဲ့အကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တင်ပြသွားမှာပါ။ သူတို့ ဘယ်လိုဆက်ပြီး ဆုံးဖြတ်မလဲ ဆိုတာတော့ မသိဘူး” ဟု ဆရာတော် အရှင်စန္ဒာသီရိက မိန့်ဆိုသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်မှာ ပီနန်ဆရာတော်က မူလပိုင်ဆိုင်သည်ဟု ဆိုသော်လည်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ကမူ နိုင်ငံတော်မှ ပိုင်ဆိုင်ကြောင်း သာသနာရေး ဝန်ကြီးဌာနကတစ်ဆင့် ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ သံဃမဟာနာယက အဖွဲ့က ကျောင်းထိုင် သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်းပေးရန် အတွက် နိုင်ငံတော်သမ္မတထံသို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များထံမှ သိရသည်။

ဥူးပဇင်းနှင့်အမေစုကြားမှဆရာတော်မှာပြည်ပသာသနာပြုပီနန်ဆရာတော်ကြီးဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ်များ စံချိန်တင် အစည်းအဝေးပျက်




The Voice Weekly

ဥပဒေပြုရေး မဏ္ဍိုင်၏ အမြင့်ဆုံး လွှတ်တော်ဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ သက်တမ်း သုံးနှစ်တာ ကာလအတွင်း မတ်လ ၄ ရက်နေ့၌ ကျင်းပသော အစည်းအဝေးတွင် လွှတ်တော် အမတ်များ စံချိန်တင် ပျက်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

မတ်လ ၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၉၆ ဦး ပျက်ကွက်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုသည်။

ယင်းသို့ လွှတ်တော်အမတ်များ လွှတ်တော် အစည်းအဝေး ပျက်ကွက်မှု များလာသဖြင့် သက်ဆိုင်ရာ ပါတီများက ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော် အစည်းအဝေး မပျက်ကွက်ရန် အချင်းချင်း အသိပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို တက်ရောက်ခွင့် ရှိသည့် လွှတ်တော် ကိုယ်စားလှယ် ၆၂၄ ဦးရှိပြီး ယခုကဲ့သို့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံခန့် ပျက်ကွက် နေခြင်းကြောင့် ဥပဒေ အတည်ပြုရေး ကိစ္စများနှင့် အများပြည်သူနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ ချရာတွင် ပြည်သူ့ဘက်မှ ရပ်တည်ပေးနိုင်မှု အားနည်း သွားနိုင်ကြောင်း ၎င်းကထပ်လောင်း သတိပေးသည်။

“အခု ဆွေးနွေးနေတာက အဓိကကျတဲ့၊ အင်မတန်မှ အရေးကြီးတဲ့ ဥပဒေများ ဖြစ်တဲ့အတွက် မဲခွဲ ဆန္ဒဆုံးဖြတ်တဲ့ နေရာမှာလည်း မဲပေးတဲ့ ပြည်သူ့ကိုယ်စား ပေးရတဲ့ ဆန္ဒမဲတွေ များများပါသွားဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် အရေးကြီးသော အခွန်အကောက်ဆိုင်ရာ ဥပဒေများအပြင် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ အပါအဝင် သတင်းမီဒီယာ ဥပဒေတို့ကို အတည်ပြုဋ္ဌာန်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း အစည်းအဝေး တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။

ယခုကျင်းပနေသော နဝမအကြိမ် လွှတ်တော် အစည်းအဝေးတွင် အစည်းအဝေး ပျက်ကွက်သည့် ကိုယ်စားလှယ် စာရင်းသည် ယခင်အစည်းအဝေး ကျင်းပချိန်များထက် ပျက်ကွက်သူ ပိုများလာပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်များတွင် အစည်းအဝေး ပျက်ကွက်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၅၀ မှ ၂၀၀ နီးပါးအထိ ဖြစ်လာကြောင်း ပြည်ထောင်စု လွှတ်တော် အခွင့်အရေး ကော်မတီ၏ တင်ပြချက်များအရ သိရသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ



The Voice Weekly

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီးညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရှိနေသည့် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများ (မူရင်းအသုံးအနှုန်း) ကို မြန်မာအစိုးရက ပြန်လည် လက်ခံပေးရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသတင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့ သူတို့တွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ အကြောင်း၊ သူတို့ကို ပြန်လက်ခံမည် မဟုတ်တဲ့အကြောင်း သမ္မတကြီးက ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်” ဟု အဆိုပါ သမ္မတရုံး အကြီးတန်း အရာရှိက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဒုက္ခသည်များကိစ္စကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ မျက်နှာစုံညီ ဆွေးနွေးမည်ဟု ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာန အချို့တွင် ရေးသား ဖော်ပြထားမှုကိုလည်း “ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ သမ္မတဦးသိန်းစိန် ကတိပေးခဲ့တာ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အဆိုပါ သမ္မတရုံး တာဝန်ရှိသူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

photo from http://www.thedailystar.net/frontpage/pm-seeks-amicable-rohingya-solution-13917


Melvin Moe
ဘင်္ဂလားဒေ့ရှ် ဖက် က၊ သူတို့ နိုင်ငံထဲ က ဘင်္ဂလီ (ရိုဟင်ဂျာ) ၅ သိန်း ၃ သောင်း ကို၊ မြန်မာပြည် က လက်ခံ ပေး ဖို့ သမ္မတ ဦးသိန်းစိန် ကို လာ ရောက် ညှိနှိုင်း ပြော ကြား တာ ကို၊ ကျုပ် တို့ သမ္မတကြီး က ဘာဆို ဘာမှ ပြန်မပြောဘဲ၊ တိတ်တိတ်လေး နေ လိုက် ပါတယ် လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာ က ရေး တယ်။ ကျုပ် တို့ အစိုးရ က လဲ သူတို့ သတင်းစာ ရဲ့ အာ ဘော် ကို လုံးဝ (လုံးဝ) ပြန်မငြင်း ဘူး။
စစ်လော်ဘီ တွေ နဲ့ ဂျာနယ် တွေ က ပေါက်ကရ ရေး တာ၊ အဟုတ်ထင် ပြီး၊ သမ္မတကြီး ကို ထောက်ခံပါတယ် လုပ် နေ မှာ စိုး လို့၊ အ ထောက် အထား နဲ့ တင် လိုက် တာ ဗျို့။

http://www.thedailystar.net/frontpage/pm-seeks-amicable-rohingya-solution-13917

အဝလွန်ပြီး လမ်းမလျှောက်တော့သည့် ဦးဝင်းရွှေ ဆေးကုသရန် အကူအညီလိုအပ်နေ



လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှစ၍ ခန္ဓာကိုယ်ကြီးထွားလာပြီး အဝလွန်နေ သူ အသက် ၄ဝ အရွယ် ဦးဝင်းရွှေမှာ ငွေကြေးအခက် အခဲကြောင့် ဆေးဝါးအ ကူအညီလိုအပ်ေ နကြောင်း ပုသိမ်အခြေ စိုက် လူမှုရေးအသင်းအဖွဲ့များထံမှ သ တင်း ရရှိသည်။

ဦးဝင်းရွှေ(ခ) ကိုစတားကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ အင်းမကျေးရွာတွင်နေထိုင်ပြီး ရန်ကုန် – ဒလကုန်ကားမောင်းသည့် အလုပ်လုပ်ကိုင် သူဖြစ်သည်။

၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခွဲ ခန့်မှစ၍ တဖြည်းဖြည်း ခန္ဓာကိုယ်ကြီး ထွားလာပြီး ယခုအချိန်တွင် လမ်းမ လျှောက်နိုင်လောက် အောင်ဝလာ၍ အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ မိမိ အိမ်ဝိုင်းအားရောင်းချ ကာ ဆေးကုသမှု ခံနေရသူ ဖြစ်သည်။

မနောဖြူလူမှုရေး အသင်းအဖွဲ့မှ ဦးဝင်းခိုင်က ”အခုအိမ်က မရှိတော့ဘူး။ ရောင်းပြီး ကုတာလည်းမပျောက်ဘူး။ အခုလက်ရှိ အင်းမရွာဘေး မှာ တဲလေးထိုးပြီး နေနေ တယ်။ စားလည်းဒီနားပဲ။ အပေါ့သွားလည်း ဒီနေရာ ပဲ။ လမ်းမလျှောက်နိုင်ဘူး ဖြစ်နေ တယ်။တတ်နိုင် သ လောက်တော့ လူမှုရေးအ သင်းအဖွဲ့တွေ ဖောင်ဒေး ရှင်းတွေ နဲ့တော့ ဆက်သွယ် ပေးနေတယ်။ ကိုဝင်းဇော် ဦးလို ကူညီမယ့်သူရှိရင် တော့ အဆင်ပြေတာပေါ့”ဟု ပြောသည်။

အဝလွန်ရောဂါမဖြစ် ခင် လေးဘက်နာရောဂါဖြစ်ဖူးပြီး ရော ဂါသက်သာစေ ရန် ဆေးထိုးခဲ့ကြောင်း၊ ရောဂါသက်သာသော်လည်း ၄င်းဆေး အား ဆက်ထိုးလျှင် ဝလာ မည်ကို စိုးရိမ် သောကြောင့် ဆရာဝန်မှ ဆက်မထိုးရန် တားမြစ်ဖူးကြောင်း၊ လေးဘက်နာရောဂါ ပျောက်ကင်းသောအခါ ဝလာခြင်း ဖြစ် ကြောင်း၊ အစားသောက်မှာလည်း စား တိုင်းဝင်နေသောကြောင့် ယခုနောက် ပိုင်း အစားအသောက် လျှော့ စားနေ ကြောင်း ဦးဝင်းရွှေက ပြောသည်။

အထွေထွေရောဂါကုဆရာဝန် တစ်ဦးဖြစ်သူဒေါက်တာ ဝင်းသိန်းက တော့ ”လေးဘက်နာရောဂါနဲ့တော့ ဆက်စပ်မှုမရှိဘူး။ တစ်ခုပဲ လူနာက တအားပိန်နေလို့ အားဆေးတွေ ကျွေး လိုက်ရင် အစားအရမ်းစားပြီး ဝလာနိုင် တယ်။ အဓိက ကတော့ ကိုလက်စထ ရောများတဲ့အစား အသောက်တွေ စား လို့ဖြစ်တာ။ ပိန်ဆေးတော့ စား လို့ရ တယ်။ ပိန်ဆေးက ဝလာတဲ့အဆီပြင်တွေ ကို ဖြတ်ထုတ်ပြီးသွေးထဲက တစ်ဆင့် ထုတ်တယ်။ ဒါပေမဲ့ အသည်းအဆီပိတ် တာတွေ၊ ကျောက်ကပ် အဆီ ပိတ်တာ တွေဖြစ်နိုင်တယ်။ ဗိုက်ကိုခွဲပြီး အဆီပြင် တွေကိုထုတ်ရင် လည်းရတယ်။ ဗိုက်တော့ ချပ် သွားမယ်။ တခြားမျက်နှာတို့ဘာတို့ ကဆေးသောက်ရမယ်”ဟု အကြံပြု သည်။

ရောဂါကုသနိုင်မည့် အခြေအနေ မှာမူ ဦးဝင်းရွှေတွင် မိသားစု ၁၂ ဦးရှိ ပြီး နေ့စားအလုပ်များသာ လုပ်ကိုင် သောကြောင့် ၄င်း၏ကျန်းမာရေးနှင့် ကုသစရိတ် ထောက် ပံ့နိုင်လောက် အောင် အဆင်မပြေဖြစ်နေသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဦးဝင်းရွှေက ”အကူအညီ ရရင်တော့ ကောင်းတာပေါ့ဗျာ။ ခံစားရတာမလွယ် ဘူး။ အိပ်လည်း အဆင်မပြေ၊ ထိုင် လည်းအဆင်မပြေ၊ လမ်းလျှောက်လို့က လည်းမရ ဆိုတော့ တော်တော်အဆင်မ ပြေဖြစ်တာ။ အခုလည်းအသက်ရှူစက် နဲ့ ရှူနေရတာ။ အသက်ရှူစက်တော့ ဝယ်ထားတယ်။ ဒီအတိုင်းဆို ရင်တော့ အသက်ရှူ မဝဘူး”ဟု ပြောသည်။

၎င်း၏ ကိုယ်အလေးချိန်သည် လွန်ခဲ့သည့်တစ်နှစ်ခွဲက ၃၂၅ ပေါင် ခန့် ရှိခဲ့ပြီး ယခုအခါတွင် ပေါင် ၄ဝဝ ခန့် ရှိနိုင်ကြောင်း ဦးဝင်းရွှေက ခန့်မှန်းပြော သည်။

Popular Myanmar News Journal

Iron Crossအဖွဲ့ချုပ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Iron Cross Music Band
ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ

ကျင်းပမည့်အချိန် - ည ၇နာရီ
ကျင်းပမည့်နေရာ - ရွေထွဋ်တင်ဝန်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်
ကျင်းပမည့်ရက် - ၂၂. ၃. ၂၀၁၄ (စနေနေ့)

သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးကင်းရှင်းရမည်

ကနေဒါအခြေစိုက်အဖွဲ့ အစည်းများကအခြေခံ ဥပဒေ ပြင်ဆင်ရေးဆန္ဒ ထုတ်ဖေါ် ပွဲ ဖိတ်ကြား



          Burma 2008 Constitution was undemocratic                 
         ===========================          


၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုကိုဦးဆောင်ကျိုးပမ်းနေတဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်တွင်းအင်အားစုများကို ကနေဒါအခြေစိုက်အဖွဲ့ အစည်းများကထောက်ခံကြောင်းဆန္ဒ ထုတ်ဖေါ် ပွဲအားလုံး ပါဝင် ကူညီ ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။         


   “Burma - 2008 Constitution was drafted in an undemocratic manner, without input from representatives elected by the people,and its clauses do not facilitate the establishment of a democratic union.”         


       Place : : City Hall ( Toronto ) 100 Queen St W, Toronto, ON M5H 2N2         


      Time : : 1:30 PM to 4:00 PM             


      Date : : 15 March, 2014 (Saturday )