Thursday, March 6, 2014

ကော့သောင်းတွင် ဘင်္ဂါလီများ ဖမ်းမိ



The Voice Weekly


ကော့သောင်း၊ မတ် ၅

မြန်မာပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ခုနှစ်ဦးကို ကော့သောင်းမြို့နယ် ချောင်းစလန်း ကျေးရွာတွင် မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်က ဖမ်းဆီး ရမိခဲ့ကြောင်း ချောင်းစလန်း ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုးက ပြောကြားသည်။

ဘင်္ဂါလီများကို မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ကော့သောင်းဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်မှ လာပို့မည်ဟု သတင်း ရထားသောကြောင့် တပ်မတော်နှင့် ကျေးရွာ တာဝန်ရှိသူများ ကင်းလှည့် ရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ နံနက်ပိုင်းတွင်မှ ယင်းဘင်္ဂါလီလူမျိုး ခုနှစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ဆိုသည်။

ဘင်္ဂါလီများသည် ကမ်းပေါ်သို့ စတင် တက်ရောက်လာပြီးနောက် မွတ်ဆလင်ရွာ ရှိသည့် နေရာနှင့် ကော့သောင်းမြို့သို့ သွားရာ လမ်းတို့ကို မေးမြန်းခဲ့ကြောင်း ယင်းကျေးရွာမှ ဥယျာဉ်ခြံ လုပ်ငန်းရှင် ဦးထွန်းလင်းက ပြောကြားသည်။

မလေးရှား နယ်စပ်သို့ ရေကြောင်းမှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၇၀ ဦးကို ထိုင်းရေပိုင်နက် အရောက်တွင် ထိုင်းရဲများက ဖမ်းမိခဲ့ပြီး ယင်းတို့အနက် ငွေကြေး ပေးနိုင်သူများကို မလေးရှားသို့ ပို့လွှတ်လိုက်ကြောင်း၊ ငွေမပေးနိုင်သော ခုနှစ်ဦးမှာ မြန်မာပြည်တွင်း ဝင်လာရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းမိသူများက အစစ်ခံခဲ့ကြောင်း ဘင်္ဂါလီများကို စစ်ဆေးခဲ့သည့် အဖွဲ့များထံမှ သိရသည်။

“သူတို့ ပြောတာတော့ ကျန်တဲ့သူတွေကို မလေးရှား နယ်စပ်ကို ပြန်ခေါ်သွားတယ် ဆိုပေမယ့် မသေချာသေးတော့ ကျန်တဲ့သူတွေ ကော့သောင်းမြို့ တစ်နေရာရာမှာ ရှိနေမလား၊ မရှိနေဘူးလား ဆိုတာ ကိုမသိရတဲ့ အတွက် ပါချန်မြစ် တစ်လျှောက်မှာ ရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လမ်းဆုံ လမ်းခွတွေမှာ လိုက်ရှာပေမယ့် ညနေ သုံးနာရီအထိ ဘာမှ မထူးဘူး” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဖမ်းမိဘင်္ဂါလီများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိကြောင်း ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့ကို မေးမြန်းရာ ၎င်းတို့ ကိုယ်တိုင်ပင် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဖမ်းမိ ဘင်္ဂါလီများနှင့်လည်း သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းခွင့် မရသေးပေ။

လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ မိမိအနေဖြင့်အသင့်ရှိသည်ဟု သူရဦးရွှေမန်းထုတ်ဖော်ပြောကြား

ဟစ်တိုင်ဂျာနယ်မှကိုမိုးသီးဇွန်



Nyein Chan Aung
ဟစ်တိုင်သတင်းဂျာနယ်ဟာ တော်ဝင်ဦးကိုကိုထွေး က ငွေကြေးစိုက်ထုတ်ပေးထားတဲ့ ဂျာနယ်ဖြစ်ပါတယ်။
မီဒီယာအများစုဟာ ခရိုနီတွေနဲ့ ဗိုလ်ချုပ်သားသမီးတွေပိုင်ကြတာများတယ်။

Myo Myint
 ကိုထွေးရဲ့အကို ကိုလေးပိုင်တာပါ

နိုင်ငံရေးက အနား မယူနိုင် သေးတာ ဘာကြောင့် လဲ


မေး - ပေါ်ပြူလာ ဂျာနယ်
အခုဆို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီချုပ် ကိုယ်စားလှယ် တွေ လွှတ်တော်ထဲ ရောက်နေကြပြီ။ ဒါနဲ့တောင် နိုင်ငံရေးက အနား မယူနိုင် သေးတာ ဘာကြောင့် လဲခင်ဗျာ။

ဖြေ - ဦးဝင်းတင်

ကျွန်တော်အသက် ၈၄ နှစ်ရှိ ပြီ။ ကျန်းမာရေး လည်း မကောင်းဘူး။ နှလုံးလည်း ခွဲထား၊ စက်လည်း တပ်ထား ရတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနေရ မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးအ ခြေအနေက ကောင်းလာဖို့ မမြင်သေးလို့ပဲ။ အခု လွှတ်တော်တွေ ပေါ်လာ တယ် ဆိုတာလည်း ဒီအခြေခံ ဥပဒေအရ ပေါ်နေတာပဲ။ ဒီအခြေခံ ဥပဒေဟာလည်း သေချာ ဖတ်ကြည့်ရင် ဘယ် လောက် ဒီမိုကရေစီ မဆန်သလဲ သိလာပါလိမ့်မယ်။ တပ်မတော်ဟာ အမျိုး သားနိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍမှာ အမြဲ ဦးဆောင်နေမှာ တို့၊ ကာ/လုံတို့၊ ပြီးတော့ လွှတ်တော် ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ ဆိုတော့ အကုန်လုံးက စစ် ဗိုလ်တွေ နဲ့ပဲ လုပ်နေတာ ၊ ရှေ့လျှောက် လည်း ဒီ အတိုင်းပဲ အသွင်ပြောင်း စစ် ဗိုလ်ချုပ်မျိုး ဆက် ထူထောင်ဖို့ပဲ ရှိတယ်။ ဒီတော့ ဒီအခြေခံ ဥပဒေကို မပြင်ရင် မပြင်နိုင်ရင်တော့ ပြည်သူတွေ ရဲ့နိုင်ငံ ဘယ်တော့ မှဖြစ် လာမှာ မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံပဲဖြစ်နေဦးမယ်။

ပြည်သူက ရွေးချယ်တင်မြှောက် တဲ့ အစိုးရတို့၊ လွှတ်တော်တို့ မဖြစ်နိုင် ဘူးဆိုရင် ရှေ့လျှောက်လည်း မြန်မာ ပြည်က ဒီမိုကရက် တစ်နိုင်ငံကြီး ဖြစ် လာဖို့ လမ်းမရှိဘူး။ ကျွန်တော် အဲဒါတွေ မြင်နေလို့ မသေမချင်းတော့ ဒီလူထု တော်လှန်ရေးကို ဆက်လုပ်နေရမှာပဲ။

ဒီနေ့ကာတွန်း ၂

ဒီနေ့ကာတွန်း ၁

၂၆ နှစ်မြောက် တံတားနီအရေးအခင်း


 မျိုးသက်ဆွေ

စစ်သားတယောက် စစ်မြေပြင်မှာကျဆုံးတာ မဆန်းပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ကျောင်းပရ၀ဏ်မှာ ကျောင်းသားတယောက် သေနတ်ကျည်ဆန် ထိပြီး
ကျဆုံးတာကတော့ လက်ခံနိုင်စရာမရှိပါဘူး။

၈၈ ကျောင်းသား ကိုကိုကြီး
၁၆-၃-၂၀၁၃
(၂၅ နှစ်မြောက် တံတားနီအရေးအခင်း ငွေရတု အထိမ်းအမှတ် အခမ်းအနား)

တံတားနီဖြစ်စဉ်၏ နေ့စွဲများ
၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ လုံထိန်းတွေရဲ့လက်ချက်နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ်ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက်ဆန္ဒပြစဉ် ပြည်လမ်း
တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေးအခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၆ နှစ်မြောက် ပြည့်တော့မှာ ဖြစ်ပါတယ်။ ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ(၁၃)ရက်နေ့ကို ကိုဖုန်းမော်နေ့@မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ အဖြစ်၁၉၈၉ကစပြီး သတ်မှတ်ကျင်းပခဲ့ပါတယ်။ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၅ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို အင်ယားကန်ဘောင် တံတားဖြူ မှတ်တိုင်တွင် ၂၀၁၃ မတ်လ ၁၆ရက်နေ့တွင်ညနေ ၄ နာရီတွင် ကျင်းပခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့။

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့ တနင်္လာနေ့ မှာ ကျောင်းပြန်ဖွင့်တော့ ကျောင်းသားတွေ စာသင်ခန်းကို ပြန်သွားကြပါတယ်။ အားလုံးကတော့ လေးလံသော ခြေလှမ်း ညှိုးနွမ်းသော စိတ်နှလုံးတွေ နဲ့ မတ်လ ရဲ့ နွေအပူ ရော ရင်ထဲကအပူမီး ပါရောပေါင်းပြီး တိတ်ဆိတ်စွာ စာသင်ခန်းဆီကို ရွေ့လျားကြပါတယ်။ အားလုံးရဲ့ စိတ်အစဉ်က နေ့လည် မြန်မာ့အသံမှ သတင်းကြေငြာချက်ဆီ အာရုံတွေလွှင့်ထားကြတယ်။

နေ့လည် (၁) နာရီမှာ သတင်းကြေငြာတော့ စက်မှုတက္ကသိုလ်ကျောင်းသားများနဲ့ အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ့်တစ်ပတ် လုပ်ပြီး ကြေငြာလာတယ်။ ပညာရေးဝန်ကြီး ဦကျော်ငြိမ်း နေရာမှာ ဒေါက်တာကျော်စိန် ကို ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ကြေညာတယ်။

ကျောင်းသားများရဲ့ ဒေါသတွေ ပေါက်ကွဲကုန်ပြီ။ တောင်းဆိုချက် (၇) ရပ်နဲ့ ကိုဖုန်းမော် ကျဆုံးခဲ့ရသော ဖြစ်ရပ်မှန်ကို ကြေညာချက် ၂ စောင် ထုတ်ပြီး စာရိုက်ထုတ်ဝေကြတယ်။ အစည်းဝေးတွေ စတင်ကျင်းပကြတယ်။ အခြားသော တက္ကသိုလ်တွေကို သွားပြီး စာရွက်စာတမ်းတွေ ဝေငှကြတယ်။ ဖြစ်ရပ်မှန်တွေကို လိုက်လံဟောပြောကြတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် (၇)ချက် နဲ့ အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မ.ဆ.လ အစိုးရ၏ လုံထိန်းများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်အား အတည်ပြု လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ပညာရေးဝန်ကြီး ထံသို့ တင်ပြတောင်းဆိုခိုင်းခဲ့တယ်။ မော်ကွန်းထိန်း ဦးဘိုအေးက တာဝန်ယူ လက်မှတ်ရေးထိုးပေးခဲ့တယ်။ ပညာရေးဝန်ကြီး ဒေါက်တာကျော်စိန်က (၁၄) ရက်မှ တာဝန်များကို စတင်ထမ်းဆောင်တာဖြစ်တဲ့အတွက် သူနဲ့ မသက်ဆိုင်ကြောင်း၊ အထက်ကို တင်ပြပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်။

ထို့နောက် ကျောင်းသားများက မော်ကွန်းထိန်း ဦးဘိုအေး အား ထပ်မံ လက်မှတ်ရေးထိုးစေပြီး တတိယမြောက် ကြေညာချက် ဖြစ်သော ရန်ကုန်စက်မှု တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားများ သွေးမြေကျခဲ့ရသော ဖြစ်ရပ်မှန်မှာ လုံထိန်းများ၏ သေနတ်ဖြင့် ပတ်ခတ်မှု နှင့် မျက်ရည်ယိုဗုံး များကြောင့် ဖြစ်ကြောင်း ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ၀န်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ထုတ်ဝေခဲ့တယ်။ အခြားသော ကောလိပ်များ နှင့် တက္ကသိုလ်များကိုလည်း လိုက်လံ ဖြန့်ဝေခဲ့တယ်။

ကျောင်းသားများအားလုံး ည (၈) သတင်းကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ်။ အစိုးရက သတင်းထုတ်ပြန်ချက်ကို ည (၈) နာရီ သတင်းမှာ ကြေညာလိုက်တာကတော့ .. စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့ ကြို့ကုန်းသားများ ရန်ဖြစ်ကြရာမှာ ကျောင်းသားမောင်ဖုန်းမော်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်လို့ ပစ်ခတ်သတ်ဖြတ်မှု ကို မတောင်းပန် မကြေညာတဲ့ အပြင် ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်လိုက်တယ်။ ကျောင်းသားများ အားလုံး ဒေါသထွက် ပေါက်ကွဲပြီး အဆောင်ပြူတင်းပေါက်တွေကို ရိုက်ချိုးကြတယ်။ အဆောင်မှာ လူစုကြတယ်။ အစည်းအဝေးတွေ ကျင်းပြကြတယ်။ လုံထိန်းများကလည်း ညဘက်မှာ ကျောင်းကို သေနတ်တွေနဲ့ ချိန်ထားခဲ့တယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက် မနက်မှာ ၉ နာရီ လောက်တည်းက ရန်ကုန်စက်မှုတက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ ၊ သံချပ်ကာ ကားတွေက ၀ိုင်းထားလိုက်ပါတယ်။ သမိုင်းဝင်းတွင်းမှ ကျောင်းသားများကလည်း လိုက်လံလူစုပြီး အာအိုင်တီ ဆီကို ချီတက်လာကြပါတယ်။ သမိုင်းလမ်းဆုံ အရောက်မှာ ရဲများ လုံထိန်းများက သံဆူးကြိုးများ နဲ့ ကာပြီး လမ်းပိတ်ထားတာကို တွေ့ရတယ်။ ခဏ ကြာတာ့ လမ်းဖွင့်ပေးပြီး ကျောင်းသားတွေကို သွားစေတယ်။ ကျောင်းသားတွေ သွားပြီးတာနဲ့ သံဆူးကြိုးတွေ ပြန်ပိတ်ပြီး လုံထိန်းတွေက နောက်က လိုက်လာပါတယ်။

သံဆူးကြိုးတွေ ကို တစ်ဆင့်ခြင်း ကာရံရင်း လမ်းပိတ်ရင်း၊ ကျောင်းသားများကလည်း မကြောက်မရွံ့ မတုန်လှုပ် ဆက်လက်ချီတက်ရင်း အာအိုင်တီ ကျောင်းဝင်းရှေ့ ကိုရောက်လာခဲ့တယ်။ ကျောင်းဝင်းရှေ့မှာလည်း လုံထိန်းတွေ ရဲတွေ က အပြည့် နေရာယူထားတယ်။ ချီတက်လာတဲ့ ကျောင်းသားတွေ ပိတ်မိနေပြီ။ ကျောင်းဝင်းထဲလည်း ၀င်လို့ မရ ၊ နောက်လည်း ပြန်ဆုတ်လို့ မရအောင် ညှပ်ပူးညှပ်ပိတ် ပိတ်မိထားပြီ၊။ ကျောင်းသားများ လမ်းမှာ ထိုင်ချသူထိုင် ရပ်သူရပ်နဲ့ ပေကပ်ပြီး နေကြတယ်။

ခဏကြာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ခေါင်းဆောင်ဆိုသူက လာရောက် အမိန့်ပေးတယ်။ ကျောင်းသားတွေကို ကျောင်းဆောင်တွေကို ပြန်ခိုင်းတယ်။ မပြန်ရင် ပစ်မိန့်ပေးထားတယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတယ်။ ရပ်ကွက်တွင်းက လူတွေကိုလည်း ကျောင်းသားများက ရန်ပွဲအတွက် ကျောင်းသားတစ်ယောက် သေရတာကို မကျေနပ်လို့ ရက်ကွက်ကို ဖျက်ဆီးမီရှို့ဖို့ လာတယ်လို့ မဟုတ်မမှန် လီဆယ် သတင်းလွှင့်ထားတဲ့အတွက် ရပ်ကွက်သားများကလည်း တုတ် ဓားတွေ နဲ့ ကျောင်းသားတွေဆီကို ထွက်လာကြတယ်။ ကျောင်းသားများလည်း တိုင်ပင်ဆွေးနွေးကြပြီး လှိုင် ကောလိပ် နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ဆီကို အင်အားစုရန် သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး နေ့လည် (၂) နာရီ ကျော်လောက်မှာ ကျောင်းရှေ့က ပြန်လှည့်ခဲ့ကြတယ်။

နေ့လည် (၃) နာရီ (၁၅) မိနစ်တွင် လုံထိန်း များ၊ စစ်ကား များနှင့် အတူ စစ်သားများက ကျောင်းဝင်းတွင်းကို ညာသံပေး ၀င်လာကြတယ်။ စစ်သား များက ကားပေါ်က ခုန်ဆင်းလာပြီး နံပါတ်တုတ်များ ၀င့်ရင်း ကျောင်းသားတွေ ဆီကို ပြေးဝင်လာကြတယ်။ ကျောင်းသားများ ထိတ်လန့် တကြားနဲ့ ထွက်ပြေးကြတာကို လိုက်ရိုက်ရင်း ဖမ်းမိသူများ ဒဏ်ရာရသူများကို စစ်ကားပေါ် ဆွဲတင်ကြတယ်။ ကန်တင်း စားသောက်ဆိုင်တွင် ထိုင်နေသော ကျောင်းသားများကိုပါ ၀င်ဆွဲကြတယ်။ ဆရာများအဆောင်နှင့် ကျောင်းသားဆောင်တွေကိုပါ ပိတ်လိုက်ကြပြီး ကျောင်းဝင်း တစ်ခုလုံးကို ၀င်စီးလိုက်ကြတယ်။

ပြန်လည်း ခုခံဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးကြတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းရှေ့  မြက်ခင်းပြင်မှာ စုပြီး ထိုင်ခိုင်းစေတယ်။ သြဘာလမ်းထိပ်က သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျောင်းသား (၆၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်။

ည (၈) နာရီ သတင်းမှာတော့ အရေးအခင်း ဖြစ်ပွားမှု အကြောင်းကို သတင်းထုတ်ပြန် ကြေငြာခဲ့သည်မှာ “ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဆူပူ ကြသူများအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” မဟုတ်မမှန် ပြောဆိုခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး မဆလအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတယ်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် က ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ပါမောက္ခချုပ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။

ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။

ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။

ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။

အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။

ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။

ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။

အဲ့ဒီနောက် အသင့်စောင့်နေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။

ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။

တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာက မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။

မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့ စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။

ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။

ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက် က မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။

အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။

ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဆီကို အရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

၁၉၈၉ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ တံတားနီနေ့  တစ်နှစ်မြောက်နဲ့  ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝင်းအတွင်း ဗိုလ်အောင်ကျော် အုတ်ဂူရှိရာ မြေကွက်လပ်မှာ နှစ်ပတ်လည် ကျင်းပခဲ့ပါတယ်။

niknayman.blogspotအပါအ၀င်ဘလော့ခြောက်ခုလောက်က စာတွေကို စုစည်းထားတာပါခင်ဗျာ။ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ဖြည့်စွက်ပြောကြားပေးရန် မေတ္တာရပ်ခံပါတယ်...။

၁၆-၃-၂၀၁၄တွင်ကျရောက်မည့်၂၆ နှစ်မြောက် တံတားနီအရေးအခင်း
အထိမ်အမှတ် အခမ်းအနားကို ကြိုဆိုလျက်

မျိုးသက်ဆွေ

လှိုင်မြို့နယ် အတွင်းမှ ဆင်းရဲသားပြည်သူတို့၏ အသနားခံစာ



Nay Myo Zin

နှစ်များစွာ အခြေတကျ နေလာကြသော ပြည်သူလူထု အတွက် ဖယ်ရှားပေးပါရန် စာသည် ဦးခေါင်းကို မိုးကြိုးပစ်သည့်နှယ် ဖြစ်စေပါသည်။ အမှန်တကယ် နိုင်ငံတော် အစိုးရ ဦးစားပေး လုပ်သင့်သည်မှာ ယခု အစိုးရ အဖွဲ့အတွင်း တည်ရှိနေသေးသော အကျင့်ပျက်ခြစားမှုများဖြင့် မတရားကြီးပွား ချမ်းသာနေသည့် အာဏာရှင်ခေတ်ကျန် လူဂျီးမိသားစုများ၊ စစ်အာဏာရှင်ခေတ် တန်ခိုးထွား ခိုးစားခဲ့သော အရာရှိ ၀န်ကြီးချုပ်ကြီးဟောင်းများ ထံမှ မတရားရယူထားသော ပြည်သူ့ ဘဏ္ဍာများကို ပြန်လည် စီစစ်ဖေါ်ထုတ်ရမည်ဖြစ်သည်။ ယခုကဲ့သို့ အခြေခံလူတန်းစား ပြည်သူနင်းပြားများကိုသား အတင်း တအား အိုးအိမ်မဲ့အခက်ကြုံလေအောင် မောင်းထုတ်ခြင်း သည် မမျှတသော ခေတ်ပြောင်း စီမံခန့်ခွဲမှုဖြစ်နေပါသည်။ အမှန်တကယ် ၊ သူခိုးကြီးများကိုလည်း ဖေါ်ထုတ် အရေးယူပါ။ သူခိုးကြီးများ ထံမှ ပြန်လည် သိမ်းဆည်းရရှိသည့် ဘဏ္ဍာငွေများဖြင့် ထိုသူခိုးကြီးများကြောင့် ဖြစ်ပေါ်လာခဲ့ရသည်က နိုင်ငံသား ဆင်းရဲသားများကိုလည်း ဥပဒေပါ အတိုင်း ထိုက်သင့်သော မြေကွက်များ ဖေါ်ထုတ် တန်ဖိုးနည်း အိမ်ရာများ ချမှတ်ပေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပါသည် ယခုမူကား ခိုးစားဖူးသူများ ဆက်လက် ခိုးစား တန်ခိုးထွားနေသလောက် နင်းပြားပြည်သူတို့မှာကာ အပူ တို့ တိုးသည်ထက် သာ တိုးနေစေသည်မှာ မှားယွင်းသော စီမံခန့်ခွဲအုပ်ချုပ်မှုစနစ်ကြောင့် ဟုသာ ယူဆသုံးသပ်ပါသည်။

ချစ်တာအပြစ်မရှိပါ သို့သော်

သူမင်္ဂလာဆောင်ဖို့အခြား၂ယောက်ကရှေ့ပြေးဓါးစာခံရရှာတယ်၊
ဘယ်သူလဲမမေးနဲ့..မပြောဖူး.. —





 7Day News Journal
------------
ရေးသားသူ- သီဟ

အမျိုးသားနှစ်ဦး ရွှေလက်တွဲမင်္ဂလာပွဲကျင်းပသည့် ဓာတ်ပုံများကို ပြည်တွင်းလူမှုကွန်ရက်စာမျက်နှာများမှာသာမက တရားဝင်ထုတ်ဝေဖြန့်ချိနေသည့် ပုဂ္ဂလိကသတင်းစာအချို့တွင်လည်း အကျယ်တ၀င့်ဖော်ပြခဲ့ကြသည်။

မင်္ဂလာဧည့်ခံပွဲတွင် အမျိုးသားနှစ်ဦးစလုံးက မင်္ဂလာသတို့သားဝတ်စုံပြည့်နှင့် ကြွရောက်လာကြသူများကို ဧည့်ခံနေသည့် ဓာတ်ပုံများကို တွေ့မြင်ရသည်။ သူတို့နှစ်ဦးစလုံးက လိင်တူချစ်သူများဖြစ်ပြီး နှစ်ဦးသားနားလည်မှုရှိရှိနှင့် အတူနေထိုင်လာခဲ့ကြသည်မှာ ဆယ်နှစ်ပင်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လိင်တူချစ်သူစုံတွဲများစွာ ရှိလာပြီဖြစ်သော်လည်း သူတို့နှစ်ဦးကဲ့သို့ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေအရဆိုလျှင် သူတို့နှစ်ဦးမှာ ထောင်ဒဏ်ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်သည့် ဥပဒေပုဒ်မ ၃၇၇ နှင့် ငြိစွန်းနေသည်ဟု ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအတော်များများတွင် လိင်တူချစ်သူချင်း လက်ထပ်ခွင့်ရရှိရေး တောင်းဆိုမှုများ ဟိုမှာသည်မှာ ထွက်ပေါ်လျက်ရှိနေသည်။ မြန်မာနိုင်ငံသည်လည်း လိင်တူချစ်သူချင်း လက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုသည့် နိုင်ငံတစ်ခုမဟုတ်သည့်အပြင် လိင်တူချစ်သူများ၏ ချစ်တင်းနှောမှုများကိုလည်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မတစ်ခုဖြင့် တားဆီးထားသည်။ ထို့အတူ မြန်မာ့လူမှုအဖွဲ့အစည်းကလည်း ယဉ်ကျေးမှုစံများဖြင့် စည်းသားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး လွတ်လပ်မှုအနည်းငယ်ရလာချိန်တွင် အသံကျယ်ကျယ်ဖြင့် တောင်းဆိုလာကြသည့် အကြောင်းအရာများထဲတွင် လိင်တူချစ်သူများ၏ အခွင့်အရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်လာသည်။

အရပ်သားအစိုးရ ပြောင်းလဲပြီးနောက် ယခင်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့ဖူးခြင်းမရှိသည့် နိုင်ငံတကာလိင်တူချစ်သူ မုန်းတီးသူများ ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုပင် နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်သည်။ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုသူများသည် သူတို့သည်လည်း လူများပင်ဖြစ်သဖြင့် လူ့အခွင့်အရေးရှုထောင့်မှ တောင်းဆိုကြသည်။

သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် မူမမှန်သည့် လိင်ဆက်ဆံခြင်းကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ ဖြင့် အရေးယူလျက်ရှိရာ လိင်တူချစ်သူများအချင်းချင်း ချစ်ကြသည်က ပြဿနာမရှိသော်လည်း ထို့ထက်လွန်ကဲလာပါက ပုဒ်မ ၃၇၇ က ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။

ပုဒ်မ ၃၇၇ သည် ယောက်ျား၊ မိန်းမ (သို့မဟုတ်) တိရစ္ဆာန်၊ ကျင်ကြီးစွန့်ရာလမ်းကြောင်း၊ ပါးစပ် စသည်ဖြင့် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံခြင်းများကို တားမြစ်ထားသော ဥပဒေဖြစ်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

‘‘LGBT (မိန်းမချင်း လိင်တူချစ်သူ၊ ယောက်ျားချင်းလိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံးချစ်သူ၊ လိင်ပြောင်းထားသူ)တွေက ၃၇၇ ဖျက်ဖို့ တောင်းဆိုနေတယ်။ ၃၇၇ ပြဋ္ဌာန်းရခြင်းက လူမှန်ရင် ကိုယ်ကျင့်တရားထိန်းသိမ်းဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ကျင့်တရားထိန်းဖို့ တာဝန်ရှိတယ်။ ဆန္ဒကို သိက္ခာနဲ့ထိန်းရမယ်’’ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

ပုဒ်မ ၃၇၇ သည် အသက် (၁၂)နှစ်အောက် ကျူးလွန်ခံရသူ ကလေးငယ်များမှအပ ပြစ်မှုကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ တရားဥပဒေအရ အပြစ်ပေးနိုင်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်များမှာ ထောင်ဒဏ်ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်သောပုဒ်မဖြစ်သည်။

သို့သော် ပုဒ်မ ၃၇၇ သည် ကျယ်ပြန့်လွန်းသည့် ပုဒ်မဖြစ်သည့်အတွက် အနည်းငယ်တိကျမှုရှိစေရန် တောင်းဆိုနေခြင်းသာဖြစ်ပြီး ပုဒ်မတစ်ခုလုံးဖျက်ပစ်ရန် တောင်းဆိုနေခြင်းမဟုတ်ကြောင်း Equality Myanmar အမှုဆောင်ဒါရိုက်တာ ကိုအောင်မျိုးမင်းကပြောသည်။

‘‘အရွယ်ရောက်ပြီးတဲ့ ယောက်ျား၊ မိန်းမ အတူနေတာ မထူးဆန်းဘူးဆိုရင် ဒါမျိုးကို ပိတ်ပင်တာမကောင်းဘူး။ ဥပဒေဆိုပေမယ့် လူ့အခွင့်အရေးရှုထောင့်က လက်မခံနိုင်ဘူး’’ဟု ကိုအောင်မျိုးမင်းကပြောသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ အတူနေထိုင်သည့် စုံတွဲစာရင်းအတိအကျမရှိသော်လည်း ပတ်ဝန်းကျင်တွင် အရမ်းခင်မင်ကြသည့် သူငယ်ချင်းများအတူနေသည့်ဟန်ပန်ဖြင့် နေထိုင်ကြသည့် လိင်တူချစ်သူစုံတွဲများစွာရှိကြောင်း သိရသည်။

လိင်တူချစ်သူများတွင် မိန်းကလေးချင်း လိင်တူချစ်သူဖြစ်ပါက တစ်ဦးမှာ အမျိုးသားပုံစံဖြင့် နေထိုင်သဖြင့် သိသာသော်လည်း အမျိုးသားချင်း လိင်တူချစ်သူစုံတွဲများတွင် အချို့မှာ နှစ်ဦးစလုံးပင် အမျိုးသားကဲ့သို့ ၀တ်စားဆင်ယင်နေထိုင်ကြသဖြင့် သိသာမှုမရှိကြောင်း လိင်တူချစ်သူများက ပြောသည်။

သို့သော် ဥပဒေသမားများ၏ အမြင်တွင်မူ လိင်တူချစ်သူများ အတူနေထိုင်ခြင်းသည် တည်ဆဲဥပဒေကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

‘‘လိင်တူအမျိုးသားနှစ်ဦး လက်ထပ်တယ်ဆိုတာ မြန်မာမှာ ဥပဒေမရှိဘူး။ လိင်တူချင်းလက်ထပ်ထိမ်းမြားတာကို အသိအမှတ်မပြုဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားရင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လိုက်နာရဖို့တာဝန်ရှိတယ်’’ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

လိင်တူချစ်သူများ အထူးသဖြင့် အမျိုးသားချင်း လိင်တူချစ်သူများသည် ယခင်က အများမြင်ခဲ့သလို နုရွသဖြင့် မိန်းမစိတ်ပေါက်နေခြင်းမဟုတ်ဘဲ ဟော်မုန်းဓာတ်ကြောင့်သာဖြစ်ပြီး ပြန်လည်ပြုပြင်၍မရကြောင်း အမေရိကန်နိုင်ငံတွင်နေထိုင်သည့် အသက်(၃၀)ကျော် အမျိုးသမီးတစ်ဦးကပြောသည်။

‘‘လိင်တူဆိုတာ ငယ်ငယ်တုန်းက အစ်မနားလည်သလို မိန်းမစိတ်ပေါက်တာမဟုတ်ဘူး။ ဟော်မုန်းကြောင့်ဖြစ်တာ ဥပမာ မြန်မာကားတွေမှာ ပြောနေသလို လိင်တူစိတ်ပေါက်သူကို ပြုပြင်ပြောင်းလဲလို့မရဘူး။ သူတို့ဗီဇကျန်းမာရေးဟော်မုန်းအရ ဖြစ်လာတာ’’ဟု ၎င်းကပြောသည်။

လိင်တူချစ်သူများသည် ၎င်းတို့၏ ဟော်မုန်းအရ လိင်တူအချင်းချင်း အတူနေထိုင်ကြသော်လည်း ပတ်ဝန်းကျင်၊ မိဘအသိုင်းအ၀ိုင်းများ၏ ဖိအားပေးမှုများကို များစွာတွန်းလှန်၍ နေထိုင်ရကြောင်း ပြောသည်။

‘‘ရိုက်ခတ်မှုတွေ အများကြီးလာပါတယ်။ အခုလုပ်မယ့်ပွဲကလည်း မင်္ဂလာဆောင်မဟုတ်ပါဘူး။ ဆယ်နှစ်တာအတူနေလာတဲ့ အထိမ်းအမှတ်ပွဲပါ။ ဖြစ်လာမယ့်ဟာကို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’’ ဟု မင်္ဂလာအထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည့် ကိုတင်ကိုကိုကပြောသည်။

သို့သော် ၎င်းတို့ဆယ်နှစ်တာ အတူနေထိုင်ခဲ့သည်ဟု ၀န်ခံခြင်းသည် ဆယ်နှစ်တာ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ၀န်ခံရာရောက်နေသည်ဟု ဥပဒေပညာရှင်များက ရှုမြင်ကြသည်။ ဟော်မုန်းကြောင့် ဖြစ်သည်ဆိုပါကလည်း လူမသိသူမသိ တိတ်တဆိတ်နေထိုင်ခြင်းက ပို၍သင့်လျော်သည်ဟု ဆိုကြသည်။

‘‘မြန်မာတွေက တလွဲဆံပင်ကောင်းနေတယ်လို့ ထင်တယ်။ အခွင့်အရေးနည်းနည်းရတာနဲ့ များများလိုချင်ကြတယ်။ တကယ်တမ်း တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီကိစ္စကို အခုလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် အော်လာတာက သိပ်တော့မဟုတ်သေးဘူးထင်တယ်’’ ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူချင်း အတူနေထိုင်ဆက်ဆံခြင်းသည် ပြစ်မှုမြောက်စေသည်ဟူ၍ သတ်မှတ်ထားသော ပုဒ်မ ၃၇၇ သည် အင်္ဂလိပ်လက်ထက်ကပင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ်ဖြစ်သဖြင့် ယခုနောက်ပိုင်းတွင် ခေတ်နှင့်လျော်ညီသလို ပြန်လည်ပြောင်းလဲရန် လိင်တူချစ်သူများကလိုလားကြသည်။

‘‘ပုဒ်မ ၃၇၇ က အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ပုဒ်မကြီးပဲ။ အခုဆိုရင် အင်္ဂလန်မှာတောင် လိင်တူချစ်သူတွေ ကျယ်ကျယ်ပြန့်ပြန့် နေထိုင်လက်ထပ်နေကြပြီ။ ဒီမှာက ဒီပုဒ်မကြီးကို မစွန့်နိုင်သေးတာ အင်္ဂလိပ်အမွေကို ဖက်ထားသလို ဖြစ်နေတယ်’’ဟု ကိုအောင်မျိုးမင်းကပြောသည်။

တောင်သူလယ်သမားနေ့က ပြုလုပ်ခဲ့သည့် ကိုတင်ကိုကိုတို့၏ မင်္ဂလာပွဲဆန်ဆန်ဧည့်ခံပွဲသည် လိင်တူချစ်သူအခွင့်အရေး လှုပ်ရှားသူများအတွက် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်သဖြင့် လိင်တူချစ်သူအရေး လှုပ်ရှားသူများက အားရကျေနပ်ကြသည်ဟုဆိုသည်။

သို့သော်လည်း ယခုကဲ့သို့ အခမ်းအနားများကျင်းပကာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လိင်တူကိစ္စကို ထင်ထင်ရှားရှားဖြစ်အောင် လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းအပေါ် စိုးရိမ်မကင်းဝေဖန်မှုများလည်း ရှိနေသည်။

‘‘ဒီလိုဧည့်ခံပွဲကြီးလုပ်တာရဲ့နောက်ကွယ်မှာ အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ သိသာတယ်။ ကိုယ့်အကျိုးစီးပွားတစ်ခုအတွက် နိုင်ငံကို မဟုတ်မဟတ်တွေယူမလာနဲ့။ လူ့အခွင့်အရေးယောင်ယောင်၊ ဘာယောင်ယောင်မလုပ်နဲ့’’ ဟု အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားသည်။

လိင်တူချစ်သူအရေး တက်ကြွသူများ အရင်ဆုံးရင်ဆိုင်ရမည်မှာ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနှင့်ဖြစ်သည်။

ထို့အတူ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတစ်ဦးသည် ထိုနိုင်ငံမှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာရမည့် နိုင်ငံသားကောင်းတာဝန်ရှိသည့်အတွက် လက်ရှိအချိန်တွင် လိင်တူချစ်သူလက်ထပ်ခြင်းဥပဒေလည်း ပြဋ္ဌာန်းထားခြင်းမရှိသေးသည့်အပြင် ပုဒ်မ ၃၇၇ သည်လည်း လက်ရှိ အသက်ဝင်နေဆဲဖြစ်သည့်အတွက် ချစ်သည်ကို အပြစ်မဆိုသာသော်လည်း.....

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

( THE CHOICE) ဒေါ်အောင်ဆန်းစုကြည်



 Thiha Min Wai

ကျမမိသားစု နဲ့ အတူတူမနေခဲ့ရလို့ ကျမစိတ်မကောင်းဖြစ်ရတာပေါ့၊၊ကျမလဲ ကျမရဲ့ သားတွေနဲ့ အတူတူ နေချင်ခဲ့တာပဲ၊၊ မိသားစုဆိုတာ အတူတူနေထိုင်ကြဖို့ပဲဟာ၊၊ အဲ့ဒီအတွက် ကျမမှာ ပုဂ္ဂိုလ်ရေး အရ ဝမ်းနည်းမှု့စိတ်မကောင်းမှု့ ဖြစ်ခဲ့ရတာပေါ့၊၊ ဖြစ်နိုင်ရင် မိသားစုနဲ့အတူတူနေထိုင်ရင်း ကျမရဲ့ သားလေးတွေ ကြီးပြင်းလာတာကို ကိုယ်တိုင်မြင်ခွင့် ရချင်ခဲ့ပါတယ်၊၊

ဒါပေမယ့် မြန်မာပြည်သူတွေနဲ့ နေဖို့ ရွေးချယ်ခဲ့တာနဲ့ ပါတ်သတ်ပြီး နောင်တ၊သံသယ ဆိုတာတွေတော့ ကျမမှာ မရှိခဲ့ပါဘူး၊၊၊၊

မြောက်ကိုရီးယား လက်နက်တွေ မြန်မာ ၀ယ်ယူနေဆဲလို့ အမေရိကန် ပြော



လင်းသန့်| March 6, 2014
 Irrawaddy

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီက တားမြစ်ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခုအထိ ဝယ်ယူနေဆဲဖြစ် တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာအခြေအနေနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ကို မနေ့က တင်သွင်းတဲ့ အစီရင် ခံစာ တစောင်မှာ အဲဒီလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။

လျှို့ဝှက်မှုတွေလုပ်နေတဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်လက်နက် ပစ္စည်းတွေ ရောင်းချနိုင်ရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ကွန် ရက်တခုကို အသုံးချနေတယ်လို့လည်း အေပီ သတင်းတပုဒ်က ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့က အမာခံ ဝယ်လက်တွေ ဖြစ်တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံကတော့ မြောက်ကိုရီးယားနဲ့ ခပ်ဝေးဝေးနေပြစ ပြုလာနေကြောင်း၊ မြောက်ကိုရီယား ဆီက လက်နက်ဝယ်တဲ့ နိုင်ငံ တွေထဲက အမာခံ ဝယ်လက်တွေ တဖြည်းဖြည်းလျော့နည်းလာနေကြောင်းလည်း အေပီ သတင်းမှာ ပါရှိ ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်တွေ မဝယ်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှု ကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း မြန်မာက ငြင်းတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို တာဝေးပစ် ဒုံးကျည်နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ အရင်က သံသယဖြစ်ခဲ့ တာ ကြောင့် တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်တွေ မြောက်ကိုရီးယား ဆီက ဝယ်ယူတာရပ်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာ အစိုးရကို အမေရိကန်က ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

နျူကလီးယား အစီအစဉ်နဲ့ တာဝေးပစ် စစ်လက်နက် ပစ္စည်းတွေကနေ ငွေအလုံးအရင်းရနေတဲ့ မြောက်ကိုရီးယားရဲ့လက်နက် တင်ပို့ ရောင်းချမှု အပေါ် အမေရိကန်က အလွန် စိုးရိမ်ပူပန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်လည်း မြန်မာက မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုတွေ ဆက်လုပ်နေတာကြောင့် ကုမ္ပဏီ တချို့ နဲ့ မြန်မာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး တို့ကို အမေရိကန် က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းမှာ နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် က အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား မြန်မာပြည်လာစဉ်နဲ့ အမေရိကန်မှာ သူနဲ့တွေ့ဆုံ စဉ် တွေမှာ မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ထားတယ်လို့ ပြောဆိုခဲ့သလို အရင်နှစ် ဇူလိုင်လက ဗြိတိန် ခရီးစဉ်အတွင်းမှာလည်း အလားတူ တရားဝင် ထုတ်ပြောခဲ့ပါတယ်။

တဖက်ကလည်း မြန်မာ-အမေရိကန် ၂ နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိပြီး အထူး သဖြင့် မြန်မာ့ တပ်မတော်ကို နိုင်ငံတကာ အဆင့်မီ(Professional) တပ်မတော် ဖြစ်လာစေရေး၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ တပ်မတော်ဖြစ်စေရေးကိစ္စတွေ အလေးထားပြီး အမေရိကန်ဘက်က ပြောဆိုနေတာ ရှိပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာ မြောက်ကိုရီးယား ပညာရှင်တွေ အကူအညီနဲ့ မြန်မာပြည်အလယ်ပိုင်း၊ မကွေးတိုင်း အတွင်းက အမည်မသိ စက်ရုံတခုမှာ လျှို့ဝှက် သုတေသန အစီအစဉ်တွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်စက်ရုံ ဒု စက်ရုံမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ကလည်း မြန်မာအစိုးရရဲ့ လျှို့ဝှက် လုပ်ဆောင် နေတဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ၂၀၀၉ ခုနှစ်က ဖွင့်ချခဲ့ပါသေးတယ်။

မကြာသေးခင်နှစ်ပိုင်းက ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် လျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ၀ီကီလိခ် ကြေးနန်းမှာလည်း မြန်မာ တောတွင်းက စစ်တပ်အခြေစိုက် စခန်းတွေမှာ ရာနဲ့ချီတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ လာရောက် လုပ်ကိုင်နေပြီး သူတို့ အကူညီနဲ့ မြေအောက် ဥမင် လိုဏ်ခေါင်းတွေ တူးနေတယ်လို့ ပြောဆိုထားတာတွေလည်း ပါဝင်ပါတယ်။

အဲဒီအပြင် မြောက်ကိုရီးယား ကုန်သင်္ဘော တွေဖြစ်တဲ့ Kang Nam 1 နဲ့ Bongwhasan တို့ဟာ လောင်စာဆီ၊ စားနပ်ရိက္ခာ စတဲ့ အရေးပေါ် ဖြည့်တင်းမှု လုပ်တာဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ မြန်မာနိုင်ငံကို ဆိုက်ကပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေဟာ မြန်မာ ရေပိုင်နက်ထဲ ဝင်လာတဲ့ အခါ တခြား နိုင်ငံ အလံတင်ပြီး ပုံမှားရိုက် လျှို့ဝှက် လက်နက်ရောင်းဝယ်မှုတွေ ရှိတယ်လို့ ဝါရှင်တန် အခြေစိုက် မြောက်ကို ရီးယားအရေး စောင့်ကြည့် သတင်း ထုတ်ပြန်နေတဲ့ NK news သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာဟာ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမ္မာန် ဗုံးခွဲမှုမှာ မြောက်ကိုရီးယား အစိုးရ လက်ချက်ဖြစ်တာကို ထုတ် ဖော်တွေ့ရှိလိုက်ရတာကြောင့် သံတမန် ဆက်သွယ်ရေး ဖြတ်တောက်ထားခဲ့ရာကနေ ၂၀၀၇ ခုနှစ်မှာ ပြန်လည် ဆက်သွယ်ခဲ့ကြ တာပါ။

အခု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက လည်း ဖြစ်ပြီး အရင်တုန်းက တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ဟာ တရုတ်နိုင်ငံကတဆင့် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း မြို့တော်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ၇ ရက်ကြာခရီး လျှို့ဝှက် သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာတချို့ကို လက်မှတ် ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ပတ်အီချွန်းဟာ ၂၅ နှစ်တာ အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက အလည်လာရောက်ခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် အစိုးရ ထိပ်ပိုင်း အရာ ရှိ တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

သူရ ဦးရွှေမန်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တချို့ (ဓာတ်ပုံ – nknews)


Visa သက်တမ်းကုန်ဆုံးနေတဲ့ တရုတ်လူမျိုးနှစ်ဦး ကားမှောက်



ဟာဂျူလီ ကသာ

4.3.2014 နံနက် ၁၀နာရီအချိန်တွင် လက်ပတောင်းတောင်စီမံကိန်း 8MCC မှတရုတ်လူမျိုး Wang Zang ပတ်ပို့နံပတ်B244047 မောင်းနှင်လာသော Sang Da Lifanအမျိုးအစား ယဉ်အမှတ် ၈ဏ/၆၆၂၇ မော်တော်ကား တစ်စီး ချောက်အတွင်း ထိုးကျမှု ဖြစ်ပွားခဲ့ပါတယ် ယင်းကားပေါ်တွင်လိုက်ပါလာသော တရုတ်လူမျိုး Li Chang ဒါဏ်ရာရ ရှိ၍ ကြေးနီမိုင်းဆေးရုံမှမုံရွာ ပြည်သူ့ဆေးရုံသို့ သွားရောက် ကုသနေရပြီးယဉ်မောင်းမှာ ဒါဏ်ရာ ရရှိခြင်းမရှိဘူးလို့သိရပါတယ် တရုတ်လူမျိုးနှစ်ယောက်စလုံး Visa သက်တမ်းကုန်ဆုံးနေ ပါတယ်။

 ကိုတိုး ချင်းတွင်း

ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


RFA Burmese
***********
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုစာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့တာနဲ့ ပတ်သက်လို့တော့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"တခါမှ သမ္မတကြီးကတော့ ဒီလိုဥပဒေတွေ ပြဌာန်းပါလို့ မပြောဖူးပါဘူး၊ တကယ်တော့ အစိုးရဌာနတွေက သူပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းပြီးတော့ မူကြမ်းအနေနဲ့ တင်တာပဲ၊ အဲတော့ ဒါလုပ်ထုံးလုပ်နည်းအရ နာယကကြီးက လုပ်တယ်လို့ပဲ ဒီလိုပဲ ကျမကမြင်ပါတယ်"

ဒါ့အပြင် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာသားတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရတာနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

"တကယ်ဆိုလို့ရှိရင်တော့ နေဖို့ထိုင်ဖို့မဲ့နေတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်းလုပ်ပေးဖို့ကတော့ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်၊ တခြားနိုင်ငံတွေမှာလည်း ဒီလို မြေမဲ့အိမ်မဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီမံကိန်းတွေလုပ်ပြီးတော့ နေရာချပေးတာတွေရှိတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေးကို တခြားကိစ္စတွေနဲ့ အာရုံလွှဲဖို့ လုပ်ဆောင်နေမှုတွေ ရှိနိုင်ပါသလားလို့ မေးမြန်းရာမှာ အရေးကြီးတဲ့ပြသနာတစ်ခုကို အဲဒီလိုရှောင်လွှဲဖို့ ရေရှည်မှာမဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

အပုပ်ကောင် ၂၀၀၈ မြေမြှုပ်ပစ်

“ငပြူးက ငပြဲလုပ်နေ” တာမို့  အမှန်ကို ပြင်ဆင်ပေး

Nik Nayman

ဒီ သတင်းထုတ်ပြန်ချက်က “ငပြူးက ငပြဲလုပ်နေ” တာမို့  အမှန်ကို ပြင်ဆင်ပေးလိုက်ပါတယ်။


တရားပွဲစီစဉ်သည့် လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ တရားစွဲဆိုခံရ



ကျော်ဖုန်းကျော်
မြန်မာတိုင်း(မ်)

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်တွင် ရွှေည၀ါဆရာတော် အရှင်ပညာသီဟနှင့် ရှင်သောမတို့ဟောကြားသည့် တရားပွဲကို စီစဉ်ခဲ့သည့် ဂရုဏာမြင့်မိုရ် လူမှုရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မြင့် (ခ)ကိုကျော်ဟိန်းကို ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၆ အရ တရားစွဲဆိုခံထားရပြီး မတ်လ ၇ ရက်တွင် မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရန် သမ္မန်စာဖြင့် ဆင့်ခေါ်ထားကြောင်းကိုဇော်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။ဆရာတော်နှစ်ပါးသည် ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊မြစပယ်လမ်း၌ တရားဟောကြားခဲ့ခြင်းဖြစ်ပြီး ထိုတရားပွဲကို ဒေသခံလူငယ် ၄၈ ဦး ဖြင့် ဖွဲ့စည်းထားသည့် ဂရုဏာမြင့်မိုရ်လူမှုရေး အဖွဲ့အစည်းက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။တရားပွဲ၌ ဆရာတော် ငါးပါးက ဟောကြားရန် ဂရုဏာမြင့်မိုရ်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်သံဃ နာယက၊ မြို့နယ် သံဃနာယကစသည့်အဖွဲ့ အစည်းများထံတင်ပြခဲ့ရာ ဆရာတော်သုံးပါးကို အဖွဲ့အစည်းအားလုံးက ခွင့်ပြုခဲ့သော်လည်း ရွှေည၀ါဆရာတော်နှင့်ဆရာတော် ရှင်သောမ တို့ကိုမူ ဟောကြားခွင့် မပေးနိုင်ကြောင်း မြို့နယ် သံဃနာယကအဖွဲ့ကမိန့်ကြားခဲ့သည်ဟု ကိုဇော်မြင့်က ပြောသည်။ထိုသို့တားမြစ်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်ကြောင့် မူလစီစဉ်ထားသည့်အတိုင်း ထိုဆရာတော် နှစ်ပါး တရားဟောရန် အဖွဲ့ကဆက်လက်စီစဉ်ခဲ့ကြောင်း ၎င်းက ပြောသည်။"ရွှေည၀ါဆရာတော်က နိုင်ငံရေးတွေ ပြောတယ်။ ရှင်သောမ ကျတော့ ဓမ္မာစရိယ မအောင်ဘူးလို့မြို့နယ်သံဃနာယက ဆရာတော်က မိန့်တယ်" ဟု ကိုဇော်မြင့် ကပြောသည်။တရားဆွဲဆိုထားသည့် ပုဒ်မသည် ရပ်ကွက်နှင့် ကျေးရွာများတွင် အခမ်းအနားများ၊ ဖျော်ဖြေပွဲများ၊ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းများကို ပြုလုပ်လျှင် သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်သလို သတ်မှတ်သည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကာ မလိုက်နာလျှင်ထောင်ဒဏ်ခြောက်လ (သို့)ငွေဒဏ် ကျပ် ငါးသောင်း (သို့) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသည်။ရွှေပြည်သာမြို့နယ်အတွင်း၌ပင် အခြား ရပ်ကွက်များ၌ အဆိုပါ ဆရာတော်နှစ်ပါး ဟောကြားခွင့်ပြုခဲ့သော်လည်း ၎င်းတို့ရပ်ကွက် တရားပွဲတွင်သာ ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်မြင့်ကဆိုသည်။ယခုကိစ္စနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် ဦးပညာသီဟက "ဘာသာရေးကလည်း ဘာသာရေးသီးသန့်ပဲ ကောင်းတယ်။ အမျိုးသားရေးကလည်း အမျိုးသားရေးပဲ ကောင်းတယ်။ သီးသန့်စီပဲကောင်းတယ်။ ပါတီနိုင်ငံရေးတွေ ထွေးရောယှက်တင်မဖြစ်ဖို့၊ ဘာသာရေးသက်သက်သွားတဲ့သူတွေက ပါတီနိုင်ငံရေး ကင်းရှင်းဖို့၊ ဒါမှ တိုင်းပြည်ကောင်းလိမ့်မယ်။ တစ်ခုနဲ့တစ်ခု ထွေးရောယှက်တင် အကွက်ချပြီးတော့ ချောင်းလုပ်ကြမယ်ဆိုရင် ဘာသာရေးဟာ နိုင်ငံရေးကစားဖို့၊နိုင်ငံရေး အမြတ်ထုတ်ဖို့ အကောင်းဆုံး အကွက်ပဲ။ ဒါတွေကို ပြည်သူတွေသိအောင် ချပြတယ်လေ။နောက် ရဟန်းသံဃာတွေကိုလည်း စည်းလုံးရေး မပျက်အောင်၊ ပါတီနိုင်ငံရေး ကင်းအောင်နေကြပါလို့ ဟောတယ်။ အဲဒါတွေ ထည့်ဟောတော့ ငါတို့ကိုနိုင်ငံရေးဟောတယ်လို့ လုံးထွေးပြီး စွဲချက်ပြုတာပေါ့" ဟု မြန်မာတိုင်း(မ်) ကိုမိန့်ကြားသည်။ယခုအမှု၏ တရားလိုဖြစ်သူ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေထံမြန်မာတိုင်း(မ်)က ရှစ်ကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာတွင်လည်း တာဝန်ခံဖြေကြားမည့်သူမရှိကြောင်းသာ ဖြေကြားခဲ့သည်။

ထူးဆန်းသည့်ဖြစ်ရပ်များနှင့်ဝမ်ပေါင်ကြုံတွေ့ရဖွယ်ရှိ