Friday, March 7, 2014

သူ့အရုပ်ကလေးကို ကျနော်ပြန်မပေးပါ.. ဇာတ်ကားမှ ခင်ဝင့်ဝါ

ယင်းမာပင်ကဘုန်းကြီးနဖူးပြဲ၊ ဒူးကွဲ၊ဖူးယောင်


စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊စုန်းချောင်းအုပ် စု၊အုံတုံပင် ကျေးရွာ မှာ ရဲတပ်ရင်း(၂၈)တည်ဆောက်ဘို့အတွက် မြေယာရှင်း
လင်းရာမှာ ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာတွင်တောင်သူများနှင့်အပြေလည်ဆုံးညှိုနှိုင်းပြီးဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံ ခဲ့သည့်
မုံရွာမြို့၊ဝေဠုဝန်ကျောင်းတိုက် မှ သက်တော်(၄၈)နှစ် နှင့် ၀ါတော် (၁၄)၀ါရှိ ဆရာတော် ဦးဇနက အား ရဲတပ်ရင်း မှ ရဲမေတစ်ချို့ နှင့် ရဲတစ်ချို့ က ဒိုင်းဖြင့်ဆောင့်တွန်းပြီး ရဲမေများက ကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ သည့် အတွက် ဆရာတော် ဦးဇနက မှာ ယခုအခါတွင် မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်းသိရသည်။

ဒိုင်းဖြင့်ဆောင့်တွန်းခံရခြင်း၊ရဲမေများကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ခြင်းတို့ကြောင့် ဆရတော် ဦးဇနက ၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ကာ စိုးရိမ်ရ သည့် အနေအထားတွင်ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဘာ တစ်ခုမျှ လာရောက်ကူညီမေးမြန်းခြင်းမရှိကြောင်းလည်း မုံရွာပြည်သူဆေးရုံ ကြီး တာဝန်ကျဝန်ထမ်းတစ်ဦးထံမှသိရသည်။

အဆိုပါရဲတပ်ရင်း(၂၈)တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာစီပွားရေးဦးပိုင်လီမီတက်တို့အား ကာကွယ်ပေးရန် နှင့် စံပယ်တောင်၊ကြေးစင်တောင်ကြေးနီထုပ်လုပ်ရေးစီမံကိန်းတို့အား ကာကွယ် ရန်အတွက် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင် မျက်စေ့ဒဏ်ရာကြောင့် တက်ရောက်ကုသမှု ခံယူနေရသည့် မုံရွာမြို့၊ဝေဠုဝန်ကျောင်းတိုက် မှ ဆရာတော် ဦးဇနက

ThanLarWaddy Times





တိရိစ္ဆာန် က ရဲစခန်း လာပြီး အမှုဖွင့်ရမလို ဖြစ်နေ



Yangon Media

လိင်တူချစ်သူ အမျိုးသားနှစ်ဦး ....
မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ...
မတ် ၃ ရက်က The Daily Eleven သတင်းစာက ...
ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ....
ဒုရဲမှူး မြင့်လွင်သန်းအား မေးမြန်းရာတွင်
၎င်းက " စစ်ဆေးသွားမယ်....
ပုဒ်မ ၃၇၇ နဲ့ ငြိစွန်းရင်တော့ ....
ဥပဒေအတိုင်းပဲ အရေးယူသွားမယ်”
ဟု ပြောကြားခဲ့သည် ....

သို့သော် မတ် ၆ ရက်တွင် ....
“အဲဒီ လိင်တူအမျိုးသားနှစ်ဦး ...
မင်္ဂလာအခမ်းအနား နဲ့ ပတ်သက်ပြီးတော့ ...
အခုအချိန်မှာ စစ်ဆေးအရေးယူသွားဖို့ မရှိသေးဘူး ....
သူတို့နှစ်ယောက်ထဲက တစ်ဦးက သဘောမတူဘူး ....
နစ်နာတယ်ဆိုပြီးတော့ လာရောက်တိုင်ကြားရင် ...
ပုဒ်မ ၃၇၇ နဲ့ အရေးယူသွားလို့ရတယ် ....

တိုင်ကြားသူမရှိရင် အရေးယူလို့ မရပါဘူး ...
နစ်နာတဲ့သူက တရားရုံးမှာလည်း ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ..
တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်လည်း ရှိပါတယ်” ဟု
အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ....
ဒုတိယရဲမှူးကြီး ၀င်းကြည် က ဆိုသည်။

ထို့အတူ ဗဟန်းမြို့မရဲစခန်း စခန်းမှူး ....
ဒုရဲမှူး မြင့်လွင်သန်းက ...
“နစ်နာတဲ့သူက လာတိုင်ရင်တော့ ....
စစ်ဆေး အရေးယူသွားပါမယ်” ဟု ပြောကြားသည် တဲ့  .....။ ။

================================

Coko Dmoe
ခင်ဗျားတို့ ကလဲ ဗရုတ်သုတ်ခ ပြောပြန်ပြီ....
ကျွန်တော်တို့  မြန်မာပြည်မှာ ပထမဆုံး ဖြစ်စဉ်မို့  ...
ခံဝန် ပဲ ထိုးခိုင်း လိုက်ပါတယ်...
နောက်လူတွေတော့ အရေးယူမှာပါ လို့  ပြောရင် ....
ပြီးနေတဲ့ ကိစ္စ ....

အခုကျ ...
ဟာသများ တမင်ပြောသလား အောက်မေ့ရတယ်...

ပုဒ်မ ၃၇၇ ဆိုတာက ဓမ္မတာ မဟုတ်တဲ့ လိင်ဆက်ဆံတာ ...
လိင်တူချင်း ဆက်ဆံတာ ရော ....
တိရိစ္ဆာန် နဲ့ ဆက်ဆံတာ ရော ....
အကျုံး ၀င်တယ် ....

အဲဒီ ပုဒ်မက တိုင်မယ့်သူ ရှိမှ အမှုဖွင့်လို့ ရမယ်ဆိုရင် ...
တိရိစ္ဆာန် က ရဲစခန်း လာပြီး ...
ကျွန်တော် အ၀ှာ အလုပ်ခံရပါတယ်လို့  ....
အမှုဖွင့်ရမလို ဖြစ်နေတယ် ....

ကိုယ့် ဆရာ ပြည်သူ့ ရဲများ လုပ်ပေါက်....
ထမင်းစားနေတာတောင် သီးသွားတယ်...

စိတ်လေပါတယ် ....
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကြီးရယ် .....

ုပြည်ထိုင်ခိုး၇ွာ

ဦးသိန်းစိန်က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလမ်းကို ရွေးချယ်



အခုနောက်ဆုံး သူရွေးတဲ့လမ်းက စတက် ခါစကလို Reformist ပြုပြင်ပြောင်းလဲရေးလမ်း မဟုတ်တော့ဘဲ Nationalist အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလမ်းကို ရွေးချယ်လိုက်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက်အရွေးခံဖို့ ပြင်ဆင်နေပြီလို့ ဆိုရမယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့နဲ့ ဒီဥပဒေတွေ ကို ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်က အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်အကျိုးကို စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုပြီး ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရက “အမျိုး ဘာသာ သာသနာ” ဆိုတဲ့ စကားရပ်တွေ သုံးစွဲလာတဲ့အချိန်ဟာ အတိုက်အခံတွေ ဆန္ဒထုတ်ဖော်နေတဲ့ “၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

(( ဧရာဝတီ ))

ဆရာတော် ဦးဝိသုဒ္ဒကို 7Day Hero 2013 ဆုရှင်အဖြစ် ဆပ်ကပ်ဂုဏ်ပြု



အဘ ဥက္ကာကိုကို
ပြီးခဲ့တဲ့နှစ် မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ကမ္ဘာကပါတုန်လှုပ်အံ့သြခဲ့ရတဲ့ အကြမ်းဖက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သတ်ဖြတ်မှုတွေဖြစ်ပွားနေချိန်မှာပဲ ဒုက္ခရောက်နေသူတွေကို စွန့်စားကယ်တင်ပေးခဲ့တဲ့
လူသားဆန်သူတွေလည်း ရှိခဲ့ကြပါတယ်။ မိထ္ထီလာမြို့ ရတနာဦးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဒက သူ့ဆီကို အားကိုး
တကြီး ခိုလှုံပြေးဝင်လာတဲ့ အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်ကို ရဲရဲရင့်ရင့်ပဲ ကယ်တင်ပေးခဲ့တာပါ။

ဆူပူနေတဲ့လူတချို့က အဲဒီဒုက္ခသည်တွေကို ကျောင်းထဲက ထုတ်ပေးဖို့ တုတ်ဓားတွေနဲ့ လာပြောတဲ့အချိန်မှာ ဆရာတော်က
မိမိကိုသတ်ပြီးမှ ဒီဒုက္ခသည်တွေကို သတ်ပါလို့ ရဲရင့်စွာ ပြောခဲ့တာမို့ အကြမ်းဖက်ဖို့လာသူတွေ ပြန်လှည့်သွားခဲ့ပြီး လူရှစ်ရာ
ကျော်ကို အသက်ဘေးက ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအတွက် ဆရာတော်ရဲ့ စွမ်းဆောင်ချက်က နမူနာကောင်းဖြစ်ပြီး လူ့အသက်ပေါင်း
များစွာကို ကယ်တင်ပေးခဲ့တာမို့ 7Day Hero 2013 ဆုရှင်အဖြစ် ဆပ်ကပ်ဂုဏ်ပြုခြင်းဖြစ်ပါတယ်။

ဟိုလူကြီးကရာထူးအကြီးဆုံး



 Kyaw Sann Thinn

ဒီခေတ်ကြီးမှာ
ဖာယားရေးကာလုပ်စားနေတာ
စီးပွားရေးတစ်ခုပဲဗျ

ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ်ချထားစဉ်က
မြန်မာ့အလင်း ကြေးမှုံတို့ မှာ
ဆောင်းပါးရေးအပုပ်ချတဲ့သူတွေရှိခဲ့တယ်

ခုလို အိုင်တီခေတ် ဖွဘုတ်ကြီးမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်ဖို့ 
ပြိုင်ဘက်ပါတီကိုထိုးနှက်ဖို့ 
နိုင်ငံရေးအတွက်ဘာသာရေးခုတုံးလုပ်ဖို့ 
စပွန်ဆာတွေပေးပြီးရေးခိုင်းကြမှာ
သေချာတယ်ဗျ

စစ်အာဏာရှင် ဖွတ်တွေနဲ့ 
အပေါင်းအပါတွေကို
ဖားယားရေးလိုက် ဖာခံရေးပေးလိုက်
Like လုပ်ပေးသူ
Comment ပေးသူ
Share ကြသူတွေနဲ့ 
အုပ်စုလိုက်အင်တိုက်အားတိုက်တွေ့ ရတာ
ဖဖာဖားစီးပွားရေးကော်ပရေးရှင်းလို့ 
အမည်သာတပ်ချင်တော့တယ်

မှတ်ချက်-
ဖဖာဖားစီးပွားရေးကော်ပိုရေးရှင်းမှာ
ဟိုလူကြီးကရာထူးအကြီးဆုံးဖြစ်မယ်။

အခြေခံဥပဒေပြင်ဆင်ရန် လက်ရှိနိုင်ငံရေးလှုပ်ရှားနေသူများ၏ သဘောထားစစ်တမ်းကောက်ယူမည်

သန်းခေါင်စာရင်းကောက်ခံရန်မောင်တောခရိုင်ဆ­ရာ၊ဆရာမများနှင့်အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်

ဒီနေ့ကာတွန်း

ကိုရဲလွင် 7Day Hero 2013 ဆုရှင်အဖြစ် ရွေးချယ်ခံရ


အဘ ဥက္ကာကိုကို

စစ်ဘေးဒုက္ခသည်တွေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို ငြိမ်းချမ်းရေးဂီတသမားကြီး
 ကိုရဲလွင်ဟာ ရာသီနေရာအချိန်မရွေး လမ်းဘေးမှာ ဂစ်တာတီးလို့ လိုက်လံအလှူခံလျှက်ရှိ
ပါတယ်။ အခုဆိုရင် ကိုရဲလွင်တို့ ပန်းရဲ့လမ်းအဖွဲ့လေးက ပြည်သူတွေအတွက် ရှာဖွေလှူဒါန်း
ပေးခဲ့တဲ့ ငွေပမာဏဟာ ကျပ်သိန်းပေါင်းသုံးထောင်ကျော်လာခဲ့ပါပြီ။ ငြိမ်းချမ်းရေးဂီတသမား
ကြီးရဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် တစ်ဖက်တစ်လမ်းက ကွက်လပ်ဖြည့်နေမှုကို လေးစား
ဂုဏ်ယူသောအားဖြင့် 7Day Hero 2013 ဆုရှင်အဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။

(Hero ဆုရရှိတဲ့ ကျနော့်ရဲ့ ဆောင်းပါးဇာတ်ကောင်သုံးဦးထဲက တစ်ဦးဖြစ်ပါတယ်)

သေပြီ..ဆရာ..


Kamayut Media

မျိုးစောင့်ဥပဒေဆိုင်ရာ ဥပဒေ ၄ခုအနက် ဘာသာကူးပြောင်းခွင့်နှင့် လူဦးရေ တိုးပွားမှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေနှစ်ခုအတွက် သမ္မတဦးသိန်းစိန်က မတ်လ ၇ရက်နေ့ရက်စွဲဖြင့် ဥပဒေကြမ်း ရေးဆွဲရေးဆိုင်ရာ ကော်မရှင်တစ်ခုကို ဖွဲ့စည်း လိုက်သည်။

လာမည့် ဇွန်လ ၃ဝရက်နေ့ နောက်ဆုံးထား ရေးဆွဲရမည့် အဆိုပါ ဥပဒေကြမ်းနှစ်ခု သည် ကွဲပြားသော ဘာသာအယူဝါဒရှိမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မထိခိုက်ရန်၊ ဖွဲ့စည်းပုံနှင့် ကိုက်ညီပြီး မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီရမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းနှစ်ခု ရေးဆွဲရေးအတွက် သမ္မတရုံးမှ ဘဏ္ဍာငွေကျခံ သုံးစွဲ သွားမည်ဟု ဖော်ပြထားပြီး ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဥက္ကဌဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ဦးဖြင့် အဆိုပါ ကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။



Thunder Pa Yit

မျိုးစောင့်..တို့..
မျိုးနှစ်တို့လုပ်ငန်းတွေကို..

တပည့်တွေရဲ့ အရည်အချင်းနဲ့..
ဘယ်လိုမှ...ထူထောင်လို့မရတော့..

ဆရာကိုယ်တိုင်..
လော်ဘီထလုပ်ရပါပေါ့လား..
ဘပြောင်ရယ်..၊

၂၀၁၅ ကလဲနီးလာပြီကိုး..
ဦးသန်းရွှေကလဲ..အနောက်ကတွန်း..
ဘပြောင်ခမြာမှာလဲ..
ကန့်လန့်ကန့်လန့်နဲ့ပေါ့ဗျာ..

ဝမ်းနည်း...ထှာ..

အာဆီယမ်ဥက္ကဌကြီးရေ..

ခင်ဗျားရဲ့ တိုင်းပြည်ကြီးကို..
တိုးတက်ရာတိုးတက်ကြောင်း..လုပ်စရာတွေ..
အများကြီးမှ..အများကြီးရှိသေးတယ်ဆိုတာ..

မသိလေရေားသလားဗျာ...

ဘင်းစတက်..အစည်းဝေးလာတဲ့..
နိုင်ငံတကာခေါင်းဆောင်တွေ..
ဟာသမြောက်သွားမဲ့...အပေါက်ကို..
တော်တော်ချိုးတာပဲ ဘပြောင်ရယ်.

တော်ကြာ..
အဲဒီနိုင်ငံခြားသားတွေက.

" ခင်ဗျားကသာ..အမျိုးစောင့်
ဥပဒေတင်သွင်းဖို့လုပ်နေတယ်..ခင်ဗျားရဲ့ နေပြည်တော်ကြီးက..
ဖါ..တွေချည်းပဲ..." လို့..

ပြောလိုက်မှဖြင့်...ဗျာ...

သေပြီ..ဆရာ..



အမျိုးစောင့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၉ / ၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်
( ၂၀၁၄ ခုနှစ် ၊ မတ်လ ၇ ရက် )
ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၁။ ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေများ ပြဋ္ဌာန်း နိုင်ရေးအတွက် ဥပဒေကြမ်းများရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု လွှတ်တော်နာယက က ပြန်ကြားလာပါသည်။
၂။ ဥပဒေကြမ်းများရေးဆွဲပြုစုရာတွင် ပြီးပြည့်စုံသည့် ဥပဒေကြမ်းများဖြစ်နိုင်စေရန် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များပါဝင်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ရေးဆွဲသင့်သည့် အတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးလိုက်သည်-
(က) ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥက္ကဋ္ဌ
(ခ) ဦးဝင်းမြင့် ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဂ) ဒေါက်တာမောင်မောင်ဌေး ဒုတိယဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဃ) ဦးစစ်အေး အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်သမ္မတ၏ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ဝင်
(င) ဦးတင်ဝင်း သံအမတ်ကြီး (အငြိမ်းစား) အဖွဲ့ဝင်
(စ) ဒေါက်တာတိုးလှ ပါမောက္ခ (အငြိမ်းစား)၊ သမိုင်းပညာရှင် အဖွဲ့ဝင်
(ဆ) ဒေါ်နန္ဒာမွန်း ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသနဦးစီးဌာန အဖွဲ့ဝင်
(ဇ) ဦးခိုင်အောင် ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန အဖွဲ့ဝင်
(ဈ) ဦးမြင့်ကြိုင် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အင်အားဦးစီးဌာန အဖွဲ့ဝင်
(ည) ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) စာရေးဆရာ အဖွဲ့ဝင်
(ဋ) ဒေါက်တာမြင့်ထွေး ပြည်သူ့ကျန်းမာရေးပညာရှင် အဖွဲ့ဝင်
(ဌ) ဦးဝင်းမြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အတွင်းရေးမှူး
၃။ ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ရဟန်းရှင်လူ ပြည်သူတို့ထံက ပေးပို့လာသည့် အကြံပြုချက်များနှင့် ဥပဒေကြမ်းများ ရယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်မည့်ပုဂ္ဂိုလ် သတ်မှတ်တာဝန်ပေးရန်၊
(ခ) လိုအပ်ပါက ပွင့်လင်းမြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပ၍ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊
(ဂ) အောက်ပါအချက်များကို အခြေခံ၍ ဥပဒေကြမ်းရေးဆွဲရန်-
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေပြီး၊ ကွဲပြားသော ဘာသာအယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊
(၂) တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ချိတ်ဆက်ကျင့်သုံးနိုင်စေရန်၊
(၃) နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်စေရန်။
(ဃ) လိုအပ်ပါက ဘာသာရပ်ကျွမ်းကျင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အကြံဉာဏ်ရယူရန်။
၎။ ကော်မရှင်သည် အောက်ပါနည်းလမ်းများကိုအသုံးပြု၍ ဥပဒေကြမ်းအား ရေးဆွဲပြုစုရန်ဖြစ်သည်-
(က) ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ ဥပဒေများအား စိစစ်လေ့လာ၍ မိမိနိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် ဆီလျော်ညီညွတ်သည့်အချက်များကို သုံးသပ်ပြီး ရေးဆွဲပြုစုခြင်း၊
(ခ) မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ကိုက်ညီစေရန် ရေးဆွဲပြုစုခြင်း၊
(ဂ) ရဟန်းရှင်လူ ပြည်သူများထံမှလည်းကောင်း၊ ဘာသာရပ် ကျွမ်းကျင်သူများ ထံမှ လည်းကောင်း အကြံပြုချက်များ သို့မဟုတ် ဥပဒေကြမ်းများကို ဖိတ်ခေါ်တောင်းခံ၍ အချက်အလက်ရယူပြီး ရေးဆွဲပြုစုခြင်း။
၅။ ဥပဒေကြမ်းရေးဆွဲရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကို နိုင်ငံတော်သမ္မတရုံး ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၆။ ကော်မရှင်သည် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်း ၂ ရပ်ကို ၃၀-၆-၂၀၁၄ ရက် နေ့ထက် နောက်မကျစေဘဲ နိုင်ငံတော်သမ္မတထံ တင်ပြရမည်။ ယင်းဥပဒေကြမ်း ၂ ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် ကော်မရှင်၏ လုပ်ငန်းတာဝန် ပြီးဆုံးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ပက မြန်မာ သံရုံးတွေရဲ့ ထက်ဝက်ပဲ မြန်မာပိုင်ဆိုင်




ဘီဘီစီ

ကမ္ဘာ တစ်လွှားမှာ ရှိတဲ့ မြန်မာသံရုံးပေါင်း ၄ဝ ထဲမှာ ထက်ဝက်ကျော်က ဝယ်ထားတဲ့ ကိုယ်ပိုင် မြေနဲ့ အဆောက် အဦတွေ မဟုတ်ဘဲ ငှားယူ ထားရတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

၁၈ နိုင်ငံမှာ ကိုယ်ပိုင်မြေ ရှိပြီး ၂၂ နေရာ ကတော့ ငှားရမ်း ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၂ဝ နဲ့ သံတမန် အဆက်အသွယ် ရှိနေတဲ့ မြန်မာနိုင်ငံက ပြည်ပမှာ မြေပိုင်နဲ့ သံရုံးဘယ်လောက် ရှိသလဲ၊ ဘယ်နိုင်ငံက သံရုံးမြေတွေကို ရောင်းချခဲ့လဲ စတဲ့ မေးခွန်းကို အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က မေးမြန်း ခဲ့ရာမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင်က ဖြေခဲ့တာ ဖြစ်ပါတယ်။

သံရုံးမြေကို ရောင်းချခြင်း ရှိမရှိ အမေး ကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံက က မြေဝယ်ပြီး ဖွင့်ထားတဲ့ သံရုံးတွေ ထဲမှာ ကာလ ပေါက်ဈေးအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပိုင်ဆိုင်မှု ဒေါ်လာသန်း ၁၃ဝဝ ကျော်၊ အိန္ဒိယ နယူဒေလီက သံရုံးက ဒေါ်လာသန်း ၄ဝဝ ကျော်၊ ဂျပန်နိုင်ငံ တိုကျိုမြို့က သံရုံးက ဒေါ်လာ သန်း ၂၅ဝ နီးပါးဖြစ်တယ်လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

တန်ဖိုး အနည်းဆုံးက တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား သံရုံးဖြစ်ပြီး ဒေါ်လာ ၄ သိန်းကျော်ပဲ တန်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာသံရုံးမြေ တစိတ်တပိုင်းကို ရောင်းခဲ့ဖူးတယ် ဆိုတာတော့ မှန်တယ်လို့ ဆိုပေမဲ့ သံရုံးတွေကို ပြုပြင် ထိမ်းသိမ်းရေးနဲ့ ပတ်သက်လို့ မေးတာတွေကိုတော့ ကျေနပ်လောက်တဲ့ အဖြေ မရခဲ့ဘူးလို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဘန်ကောက်မှာ သံရုံး အသစ် ဆောက်ဖို့ အစီအစီအစဉ် ရှိကြောင်းနဲ့ တခြားက သံရုံးတွေကို ပြုပြင်ဖို့ ရှိတယ်ဆိုတာတွေကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ တစ်ယောက်က ပြောပါတယ်။

စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်



 အောင်သူရ
7DAY DAILY

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့်
The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။

အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌ မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောသည်။

‘‘ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ကိစ္စတွေကိုတော့ အဲဒီနေ့ကျမှပဲ အမေစုကိုယ်တိုင် အသေးစိတ် ပြောလိမ့်မယ်’’ဟု ဦးဖြိုးဇေယျာသော်ကဆိုသည်။

စုဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးထောက်ပံ့သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


“ အရှင်ဝီရသူ ညာခဲ့မိလေသလား ”



Sithu Aung Myint

တရုတ်၊ ကုလား သမ္မတ ဖြစ်ဖို့ နေနေသာသာ ကပြားတွေတောင် အနားကပ်နိုင်တာ မဟုတ်ဘူး။ အဝေးကြီး။ တိုင်းရင်းသားတောင် ဟိုးနိုင်ငံခြားမှာ မွေးဖွားခဲ့တဲ့ မိဘတွေ၊ သူတို့က ဆင်းသက်တဲ့ တိုင်းရင်းသား ဆိုတာတောင် သမ္မတ ဖြစ်ခွင့်ရမှာ မဟုတ်ဘူး။ အဲဒါကို ဦးဝီရသူက ဘာကြောင့် အဲလို မမှန်မကန်တွေ လိုက်ပြီး ဟောပြောနေတာလဲဗျာ။ စိတ်မကောင်းစရာပဲ။

“ အရှင်ဝီရသူ ညာခဲ့မိလေသလား ”
အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၅၈)
စည်သူအောင်မြင့်
မြန်မာပို့စ် ဂလိုဘယ်၊ မတ်- ၆၊ ၂၀၁၄။

မောင်လှ - ကျွန်တော် စဉ်းစားရခက်တာ တစ်ခုက အရှင်ဝီရသူ က ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေရသလဲ ဆိုတာပါ။ သူက အစ္စလာမ် ဘာသာ၊ အစ္စလာမ် ဘာသာဝင်တွေနဲ့ ပါတ်သက်ပြီး ဟောတာ၊ ပြောတာ တွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို သွားဆက်စပ်သလဲ ကျွန်တော် နားကို မလည်နိုင်ဘူး။
အောင်ဘ - အရှင်ဝီရသူ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ။
မောင်လှ - ဟောဗျာ။ မဟုတ်လို့လား။
အောင်ဘ - ဒီမှာ အရှင်ဝီရသူ ကိုယ်တိုင်ပြောထားတာ။ ပြည့်ပြည့်စုံစုံ သူပြောတဲ့အတိုင်း ပြောမှဖြစ်မှာ။ မဟုတ်ရင် ကိုယ့်အာဘော် ပါနေတယ် ဖြစ်မှာစိုးလို့။
မောင်လှ - ရပါတယ်။ ပြောပါ။
အောင်ဘ - အရှင်ဝီရသူက ခုလို အစချီပြီးပြောတယ်။ “အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားလာကတည်းက ၅၉(စ)ကို ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ စောင့်ကြည့်လာခဲ့တာပါ။
၅၉(စ) နဲ့ ပတ်သက်တဲ့ မှတ်ချက်ကို ဦးပဉ္စင်းကပဲ အရင်ဦးဆုံး ပြည်သူတွေကို အသိပေးခဲ့တာပါ။ ၅၉(စ) ကို အပြည့်အဝထောက်ခံလို့ လုံးဝ အပြင်မခံနိုင်တဲ့သူတွေရှိသလို ၅၉(စ) ကို ပြင်ဆင်ပါမှ အမေစု သမ္မတဖြစ်ခွင့်ရမှာ၊ နိုင်ငံတိုးတက်မှာ၊ ဒီမိုကရေစီ စံမီပြည့်ဝမှာကို ယုံကြည်လို့ ပြင်ချင် ဖျက်ချင်သူတွေလည်း ရှိပါတယ်။ ” တဲ့။
မောင်လှ - ဟုတ်ပြီ။ ဆက်ပါဦး။
အောင်ဘ - နောက်ပြီး ဆက်ပြောထားတယ်။ “၅၉(စ) ကို ထောက်ခံနေသူတွေ၊ အပြင်မခံနိုင်သူတွေဟာ အစိုးရလူတွေ၊ ပြည်ခိုင်ဖြိုးသြဇာခံတွေ၊ ဒီမိုကရေစီမလိုလားသူတွေ လုံးဝ မဟုတ်ကြပါဘူး။ တိုင်းပြည်မျက်နှာ၊ သာသနာတော်မျက်နှာ၊ ပြည်သူ့မျက်မှာ တစ်ခုတည်းကိုသာ ကြည့်ကြတဲ့ မျိုးချစ် ပြည်သူတွေသာဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒေါ်စုကို ချစ်သူတွေလည်း ပါပါတယ်။ သူတို့က အမေစုကို မလိုလားတာမဟုတ်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြမည့်သူတွေကို မလိုလားတာပါ။ ဦးပဉ္စင်းလည်း အဲလိုပါပဲ။
အမေစုတစ်ယောက်တည်းအတွက်ဆို လက်ခံတယ်။ တရုတ် ကုလားတွေကို ဘယ်လိုကာထားမလဲ။ အဲလို ကာထားပေးမယ်ဆိုရင် အမေစုကို ခြွင်းချက်အဖြစ် လက်ခံပေးလို့ ရပါတယ်။” တဲ့။
မောင်လှ - နေဦး၊ နေဦး အဲဒါဆို ဦးဝီရသူ ပြောတာ၊ သူတို့က ပုဒ်မ ၅၉ (စ) ကို ဆက်ပြီး ရှိစေချင်တယ်ဆိုတာ တရုတ်တွေ ကုလားတွေ သမ္မတ ဖြစ်လာမှာ စိုးရိမ်လို့ပေါ့။ ဟုတ်လား။
အောင်ဘ - ဟုတ်တယ်လေ။ သူကိုယ်တိုင် ပြောထားတာပဲ။ သူ့ဖေ့ဘုတ် စာမျက်နှာမှာ အဲလို တင်ထားတာ ခင်ဗျား ကြည့်နိုင်သေးတယ်။
မောင်လှ - လက်ရှိ ဖွဲ့စည်းပုံထဲမှာ တရုတ်၊ ကုလားတွေ သမ္မတ ဖြစ်နိုင်လို့လားဗျာ။
အောင်ဘ - ဒီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် အကြီးအကဲ အခန်းမှာ နိုင်ငံတော် သမ္မတ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်၊ ပုဒ်မ ၅၉ (ခ) မှာ “ မိမိနှင့် မိမိဇ။် မိဘ နှစ်ပါးလုံး နိုင်ငံတော်ဇ။် အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။” ဆိုပြီး အတိအလင်း ဖော်ပြထားတယ်။
မောင်လှ - အေးလေ။ အဲဒါ အလွန်ရှင်းနေတာပဲ။ တရုတ်၊ ကုလား သမ္မတ ဖြစ်ဖို့ နေနေသာသာ ကပြားတွေတောင် အနားကပ်နိုင်တာ မဟုတ်ဘူး။ အဝေးကြီး။ တိုင်းရင်းသားတောင် ဟိုးနိုင်ငံခြားမှာ မွေးဖွားခဲ့တဲ့ မိဘတွေ၊ သူတို့က ဆင်းသက်တဲ့ တိုင်းရင်းသား ဆိုတာတောင် သမ္မတ ဖြစ်ခွင့်ရမှာ မဟုတ်ဘူး။ အဲဒါကို ဦးဝီရသူက ဘာကြောင့် အဲလို မမှန်မကန်တွေ လိုက်ပြီး ဟောပြောနေတာလဲဗျာ။ စိတ်မကောင်းစရာပဲ။
အောင်ဘ - ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်လို့ဗျာ၊ အင်န်အယ်လ်ဒီ နဲ့ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေက ရွေးချယ်သူ သမ္မတ မဖြစ်စေချင်လို့ပေါ့ဗျာ။ ဒါနဲ့ ပါတ်သက်ပြီး ဦးဝီရသူက မငြင်းပါဘူး။ ရှင်းရှင်းပဲ ပြောပါတယ်။ “ဦးပဉ္စင်းတစ်ဦးတည်းရဲ့ ဆန္ဒအရ အနာဂတ်သမ္မတဟာ ဦးသိန်းစိန်(သို့မဟုတ်) ဦးရွှေမန်းပဲ ဖြစ်သင့်တဲ့ အကြောင်း ရွေးချယ်ပြီးသားပါ။” ဆိုပြီး အတိအလင်း ပြောပါတယ်။
မောင်လှ - မဟုတ်ဘူးလေ၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း ကြိုက်လို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ရပါတယ်။ ဒါပေမယ့် ပုဒ်မ ၅၉ (စ) ကို ဖျက်လိုက်ရင် တရုတ်-ကုလား တွေ သမ္မတ ဖြစ်လာမယ် ဆိုပြီး မမှန်မကန်ပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လိုက် ဆက်စပ်ပြနေတာတွေကတော့ မကောင်းဘူးပေါ့ဗျာ။
အောင်ဘ - နောက်ထပ် ဆိုးတာ တစ်ခု တွေ့ထားသေးတယ်။
မောင်လှ - အောင်မလေး ရှိသေးလား။
အောင်ဘ - မတ်လ ၁၅ ရက်စွဲနဲ့ ထုတ်ဝေတဲ့ သာကီသွေးဂျာနယ် အတွဲ(၁) အမှတ် (၁၇) စာမျက်နှာ ၂၀ မှာ မောင်သွေးချွန်ရဲ့ “ ၀ိသာခါနဲ့ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အောင်ဆန်းမျိုးဆက် မျှော်လင့်ချက် ဘယ်ဆီမှာ ” ဆိုတဲ့ ဆောင်းပါး ဖော်ပြထားတယ်ဗျ။
မောင်လှ - ဘာတွေပါလို့လဲ။
အောင်ဘ - စာမျက်နှာ ၂၂ မှာ “ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းဖြစ်သူကိုလည်း ဗုဒ္ဓဘာသာဖြစ်လာအောင် မစည်းရုံးနိုင်ရုံမက သားနှစ်ယောက်ကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက်ဆိုတာ ဒေါ်စုဆီမှာ ၀မ်းနည်းဖွယ် အဆုံးသတ်သွားပါပြီ။” တဲ့။
မောင်လှ - ဟား ဆိုးလှချည်လား၊ ဒါက လိမ်လည်တာ အားလုံးသိနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်းဟာ ဗုဒ္ဓဘာသာဝင် လေ။ နောက် သားနှစ်ယောက် ကို သာသနာ့ ဘောင် ၀င်စေတာ မှတ်တမ်းအထောက်အထားတွေ ဒီလောက်များနေတာ။ ဒီလူတွေ ဘာကြောင့် အဲလို မမှန်မကန် လိုက်ဖော်ပြနေသလဲ မသိဘူးနော။
အောင်ဘ - ကျွန်တော် ပိုပြီး စိတ်မကောင်းတာက အဲဒီ သာကီသွေး ဂျာနယ်ဆိုတာ ဗုဒ္ဓဘာသာ အခြေခံ ဂျာနယ်ဗျ။ သီတဂူဆရာတော် ကိုတောင် သြ၀ါဒါ စရိယ ဆရာတော် စာရင်းမှာ ဖော်ပြထားတယ်။ နာယက ဆရာတော် တွေပါပေါင်းရင် ဆရာတော် သံဃာတော် (၈) ပါးတောင် ဂျာနယ်ရဲ့ သြ၀ါဒါစရိယ၊ နာယက တွေအဖြစ် ဖော်ပြထားတယ်။ အဲဒီ ဆရာတော်တွေရဲ့ နာမည် အကာအကွယ်တွေ သုံးပြီး ဂျာနယ်ထဲမှာ အဲလို မမှန်မကန် ဖော်ပြတာမျိုးကတော့ ဆိုးတာပေါ့။
မောင်လှ - ဒါပေါ့ဗျာ။ ဒါပေါ့။ ကျွန်တော်ကတော့ အတော် စိတ်ဓာတ်ကျသွားပြီ။
အောင်ဘ - ဟ စိတ်ဓာတ်ကျလို့ ဘယ်ဖြစ်မလဲ၊ ခင်ဗျားရော ကျွန်တော်ပါ ဗုဒ္ဓဘာသာ ဗမာ တွေလေဗျာ။ ကိုယ့်ဘာသာသာသနာကို နိုင်ငံရေးကိစ္စအတွက် မမှန်မကန် အသုံးချလာတာမျိုးကိုတော့ ဘယ်လက်ခံလို့ ဖြစ်မလဲဗျ။
မောင်လှ - အဲတော့ ခင်ဗျားက ဘာလုပ်နိုင်လို့လဲ။
အောင်ဘ - အခု လုပ်နေတာတွေလေဗျာ။ မကန်မကန်တာတွေကို ဖော်ထုတ်မယ်၊ ထောက်ပြမယ်၊ ဝေဖန်ပြောဆိုမယ်ပေါ့ဗျား။

စည်သူအောင်မြင့်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒေသခံတောင်သူတွေ ရိုက်နှက်ဖမ်းဆီးရုပ်သံ


(ရိုက်ကူး - မိုးမင်းဦး icj)
 DVB
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း)

အမှတ်(၂၈) ရဲတပ်ရင်းဆောက်လုပ်ရန် မြေဧက ၁၀၀ ကျော် အင်အားသုံး သိမ်းယူနေခြင်းကြောင့် ဒေသခံ ရွာသားတွေနဲ့ ရဲအာဏာပိုင်တွေကြား ပဋိပက္ခဖြစ်ပွားလျက် ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာအနီး၊ မုံရွာ-ပုသိမ် ကားလမ်းမဘေး ၀ဲယာမှာရှိတဲ့ မြေတွေမှာ ရဲအင်အားသုံးပြီး မြေတူးစက်တွေနဲ့ ထန်းပင်တွေကို ထိုးချနေတာ တွေ့မြင်ရပါတယ်။ မနေ့က စတင်ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒေသခံ(၃)ယောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီမနက် ထပ်ဖြစ်တဲ့ ပဋိပက္ခမှာ ဒေသခံ(၅)ယောက် အဖမ်းခံရပြီး တယောက်ကို ကလေးအမေမို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်(၄)ယောက်ကို အချုပ်ကားနဲ့ တင်ခေါ်သွားပါတယ်။




ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်



Kyaw Naing

၁၉၈၈ခု မတ်လ ဒုတိယအပတ်။

ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။

နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးဆော်သြ ထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။

မတ်လ ၁၂ရက် စနေနေ့။

ညနေပိုင်းတွင် ကျောင်းဝင်းနှင့် မျက်နှာချင်းဆိုင်အင်းစိန်လမ်းမ၏ အခြားတစ်ဖက်ရှိ လက်ဘက်ရည်ဆိုင်သို့ သုံးယောက်သား လမ်းလျှောက်ရင်း ရောက်လာခဲ့ကြသည်။ လက်ဘက်ရည်ဆိုင်မှာ သာမာန် လက်ဘက်ရည်ဆိုင်လေးသာ ဖြစ်သည်။ ဆိုင်နံရံတွင် မြန်မာ ပြက္ခဒိန်များ၊ မှောင်ခိုဈေးမှ ဝယ်ယူထားသည့် ယိုးဒယား ရုပ်ရှင် မင်းသမီး ပိုစတာများ ချိတ်ဆွဲထားသည်။ လက်ဘက်ရည်ဆိုင်မှာ အဆန်းတကျယ် မဟုတ်သော်လည်း ရပ်ကွက် လူငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများအတွက် ပေါ်ပြူလာ ဖြစ်နေ၏။ လက်ဘက်ရည် ဈေးချိုပြီး မမတို့စိတ်ကြိုက် စတူရီယိုတေးများကိုလည်း အလှည့်ကျ နားထောင်နိုင်သည်။

ကျောင်းသား သုံးဦး လက်ဘက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူကြိုက်များ၊ ရေပန်းစားနေသော အဆိုတော် ကိုင်ဇာ၏ ချစ်တေး တစ်ပုဒ် ပျံ့လွင့်လျက် ရှိသည်။ စားပွဲဝိုင်းတစ်ခုမှ ရပ်ကွက် လူငယ်တစ်စုသည် ဆူဆူညံညံနှင့် အရက် မူးနေကြပုံ ပေါက်ကြောင်း သူတို့ သုံးဦး သတိပြုမိ ကြသည်။

ကျောင်းသားများသည် လက်ဘက်ရည်နှင့် မုန်းများ မှာယူကြသည်။ သူတို့နှင့် အတူ သူတို့အကြိုက် ရှမ်းအမျိုးသား အဆိုတော် စိုင်းထီးဆိုင်၏ တိတ်ခွေတစ်ခွေ ပါလာသည်။ စိုင်းထီးစိုင်၏ တေးသွားမှာ ဘော့ဒီလန် (Bob Dylan) ၏ တေးဂီတနှင့် ခပ်ဆင်ဆင် ဖြစ်သော်လည်း ရေးစပ် သီဆိုထားသည်မှာ မြန်မာ့ဟန် ဖြစ်သည်။

ကိုင်ဇာ၏ ချစ်တေးလှိုင် မဆုံးနိုင်၍ ကျောင်းသားသုံးဦး စိတ်မရှည်ဘဲ ဖြစ်လာရသည်။ သို့နှင့် ဆိုင်ရှင်ကို ခေါ်ပြီး သူတို့၏ စိုင်းထီးစိုင် တိတ်ခွေကို ဖွင့်ပေးရန်ပြောလိုက်သည်။ အရက်မူးနေသူ လူငယ်များ ထဲမှ တစ်ဦးက ဆိုင်ရှင်အား ထ၍ ကျယ်လောင်စွာ ကန့်ကွက်လိုက်သည်။

“စိုင်းထီးစိုင်လား၊ ဒီကောင်အလကားပါကွာ”

ကျောင်းသားများက ထ၍ ကန့်ကွက်သူကို လစ်လျူရှုထားပြီး၊ သူတို့၏ တိတ်ခွေကို နားထောင် လိုကြောင်း ဆိုင်ရှင်ကို ထပ်လောင်းတောင်းဆို ကြသည်။ ထိုအခိုက်မှာပင် အရက်မူးနေသူ တစ်ဦးက ထိုင်ခုံ တစ်လုံးကို ကောက်ကိုင်လိုက်ကာ ဝင်းမြင့်၏ ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ပွဲမှာမကြာလိုက်ပါ။ ကျောင်းသား သုံးဦး တပ်ခေါက်ခဲ့ရသည်။ ဝင်းမြင့်ခေါင်းကွဲသွား၍ စိုးရိမ်စိတ်ဖြင့် နီးစပ်ရာ ဆေးခန်းသို့ ခေါ်သွားကြသည်။ အဖြစ်အပျက်ကို ကျောင်းသားများက အနီးဆုံး အင်းစိန် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အသေးစိတ် မှတ်တမ်း ယူပြီးနောက် အချင်းဖြစ်ပွားခဲ့သည့် လက်ဘက်ရည်ဆိုင်သို့ သွား၍ တရားခံများကို ဖမ်းဆီးခဲ့သည်။ အမှုမှာ တရားဥပဒေ၏ လက်ထဲ၌ ရှိနေပုံရသည်။ ဒဏ်ရာ ရရှိခဲ့သော ဝင်းမြင့်မှာ ခေါင်းတွင် ပတ်တီး အဖွေးသားဖြင့် ကျောင်းဆောင်သို့ ပြန်ခဲ့သည်။

မတ်လ ၁၃ ရက် တနင်္ဂနွေနေ့။

ဝင်းမြင့်ကို ရိုက်သူမှာ ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ၏သား ဖြစ်နေသောကြောင့် ရဲက တရားခံများကို လွှတ်လိုက်သည်။ ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဆိုသည်မှာ နေဝင်း၏ တစ်ပါတီ အာဏာရှင် စနစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသော ရပ်ကွက် ဆိုင်ရာ လက်ရွေးစင် ထောက်တိုင်များပင် ဖြစ်သည်။

ဤသတင်းကို စက်မှုတက္ကသိုလ် ကျောင်းသားများ ကြားသိသော အခါ ဒေါသူပုန် ထကြတော့သည်။ ကျောင်းသား သုံးဆယ်ခန့် ပြည်သူ့ကောင်စီရုံးသို့ သွား၍ ကန့်ကွက်ခဲ့ကြသည်။ ကောင်စီဥက္ကဋ္ဌက ကျောင်းသားများ၏ နစ်နာချက်များကို နားမထောင် လိုကြောင်း ငြင်းပယ် လိုက်သဖြင့် ကျောင်းသားများက ခဲများနှင့် ကောင်စီရုံးကို ပစ်ပေါက်ကြရာ ရုံး၏ ပြတင်းတံခါးများ ပျက်စီး သွားသည်။ အတင့်ရဲသော ကျောင်းသားတစ်ချို့က ရုံးအတွင်းသို့ ဝင်ရောက်ကာ စားပွဲ ကုလားထိုင်များကို ရိုက်ချိုး ဖျက်ဆီးလိုက်ကြသည်။

သက်ဆိုင်ရာက မည်သို့မျှ မတုန့်ပြန် သေးသော်လည်း ကျောင်းသား များသည် အန္တရာယ်ကို ကြိုမြင်၍ ကျောင်းတွင်းသို့ ပြန်လာပြီး လူစုတော့သည်။ တက္ကသိုလ် ရှိရာ မြို့တိုင်း၌ ကျောင်းသားနှင့် ရပ်ကွက် လူငယ် ဖြစ်နေကျ ပြဿနာမျိုး ကြို့ကုန်း အနောက်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။

ယမန်နေ့က လက်ဘက်ရည် ဆိုင်သို့ ရောက်ခဲ့ကြသော ကျောင်းသား သုံးဦး အပါအဝင် ကျောင်းသားအုပ်ကြီးသည် ကြို့ကုန်း အနောက်ပိုင်းသားများကို သွားရောက် ရန်စ ကြရာမှ ရန်ပွဲ ဖြစ်ပွားပြီး ဒုတိယ ဝင်းမြင့် ဓားထိုးခံခဲ့ရသည်။

ကျောင်းသားများသည် ကျောင်းသို့ ပြန်ပြေး၍ လူစုကြပြန်သည်။ ဤတစ်ကြိမ်တွင် ကျောင်းသား ဦးရေ နှစ်ရာ သုံးရာခန့် လက်ဘက်ရည်ဆိုင် အနီးရှိ လမ်းဆုံသို့ ချီတက်ခဲ့ ကြသည်။ လမ်းဆုံ အရောက်တွင် မမျှော်လင့်သော မြင်ကွင်း တစ်ရပ်က စောင့်ကြိုလျက် ရှိသည်။ မီးသတ်ပိုက် အသင့်ပြင် ထားသော မီး သတ် ရဲများနှင့် ကြောက်ရွံ့ဖွယ် လုံထိန်း ၅၀၀ ခန့်က နံပါတ်တုတ်များ၊ ဂျီသရီး သေနတ်များ ကိုင်ဆောင်၍ စောင့်နေကြသည်။

ဒေါသ ယမ်းအိုး ပေါက်ကွဲချေပြီ။ လုံထိန်းများ ရှိရာသို့ ခဲများဖြင့် ပစ်ကြသည်။ ရုတ်တရက် မောင်းပြန် သေနတ်သံများ ထွက်ပေါ်လာပြီး ကျောင်းသား အတော်များများ လဲကျသွား၍ လမ်းမပေါ်တွင် သွေးချောင်းစီးလျက် ရှိ၏။ သွေးအလူးလူးနှင့် အသက် ၂၃နှစ်သာ ရှိသေးသော စက်မှု တက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် အား သူ့သူငယ်ချင်းများက ကျောင်းဆောင်သို့ သယ်ယူလာခဲ့ကြသည်။ အဆောင် ရောက်ပြီး ခဏ အကြာတွင် ဖုန်းမော်သည် သူ့ဆရာ လက်ပေါ်၌ ပင် အသက် ထွက်သွားသည်။ ကျောင်းသား နှစ်ဆယ် သုံးဆယ်ခန့် သေနတ် ဒဏ်ရာ ရခဲ့သည်။

“ဒဏ်ရာ ရတဲ့ အထဲမှာ ကျွန်တော့ သူငယ်ချင်း စိုးနိုင်နဲ့ မြင့်ဦး တို့လဲ ပါတယ်” ဟု အသက် ၂၄ နှစ် ရှိ စက်မှု တက္ကသိုလ် ကျောင်းသား မင်းနိုင်က ပြန်ပြောပြသည်။ မင်းနိုင်မှာ ဆန္ဒ ပြရာတွင် ပါဝင်ခဲ့ပြီး အထိအခိုက် မရှိ လွတ်မြောက် လာသူတစ်ဦး ဖြစ်သည်။

“သူတို့ကို ရန်ကုန် ဆေးရုံကြီး မှာ ကျွန်တော်တို့ သွားကြည့်တော့ စိတ်ဓာတ် အရမ်းကျ သွားတယ်။ ဒဏ်ရာကြီးတွေ ကိုယ်စီ ရနေတဲ့ ကြားထဲက ကုတင်တိုင်မှာ သံကြိုးနဲ့ ချည်ထား လိုက်သေးတယ်။ သူတို့ကို သီးသန့် ခွဲထားတဲ့ လူနာခန်း အဝင်ဝမှာ ဆိုရင်လည်း ရဲတွေ စောင့်လို့”

သေနတ်ဒဏ်ရာ ရထားသော ကျောင်းသား ၆ယောက်အား လက်ထိပ် ခတ်ကာ လှိုင် ရဲစခန်းသို့ ခေါ်သွားသည်။ လေးဦးမှာ သတိလစ် နေကြကြောင်း၊ သူငယ်ချင်းများ ထံမှ သိရသည်ဟု မင်းနိုင်က ပြောပြသည်။ သူတို့ ကြမ္မာ မည်သို့ ရှိသည်ကို မသိရသော်လည်း စိုးနိုင်နှင့် မြင့်ဦးတို့မှာ ရက်များမကြာမီ ဆေးရုံ၌ပင် သေဆုံးခဲ့ရသည်။ စိုးနိုင်၏ အသည်းထဲသို့ ကျည်ဆံဝင်သွားပြီး မြင့်ဦးမှာ ဝမ်းဗိုက်တွင် တစ်ချက်၊ ဆီးအိမ်တွင် တစ်ချက် ကျည်ဆံ ထိမှန်ခဲ့သည်။ အထက် အာဏာပိုင်တို့က သူတို့အား ခွဲစိတ် ကုသမည့် ဆရာဝန်များကို တားမြစ်ခြင်း မရှိခဲ့ပါက အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။

ရက်စက် ကြမ်းကြုတ်မှုမှာ ရင်နင့်စရာ ကောင်းလှသည်။ ကျောင်းသားများ ပို၍ စိတ်ထိခိုက် ကြေကွဲ ရသည်မှာ ပထမ ဦးဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော်သည် မဆလ ပါတီ၏ လူငယ် အစည်းအရုံး ဖြစ်သည့် ‘လမ်းစဉ် လူငယ်’ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး စက်မှု တက္ကသိုလ် ကြက်ခြေနီ အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဓာတု အင်ဂျင်နီယာ သင်တန်း တစ်လျှောက်၌ ထိပ်တန်းမှ ထူးချွန်ခဲ့သူ ဖြစ်သည်။

အစပိုင်းတွင် ဆက်စပ်မှု ရှိသည်ဟု ယူဆရသော ဖြစ်ရပ် တစ်ခုမှာ လက်ဘက်ရည်ဆိုင် အနီးရှိ ပြည်သူ့ဆိုင် မီးလောင်မှု ဖြစ်သည်။ ရဲက ကျောင်းသားများ မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆို နေကြသည်။ ပြဿနာများ ရှုပ်ထွေး နေသည်ကို အခွင့်ကောင်း ယူပြီး ငွေစာရင်းနှင့် ကုန်ပစ္စည်း စာရင်း မှတ်တမ်း စာအုပ်များကို မီးရှို့ ဖျောက်ဖျက်ခြင်းသာ ဖြစ်သည်ဟု လူတိုင်းက ယုံကြည် နေကြသည်။ မြန်မာ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လတွင် အစိုးရ ဆိုင်များ၏ နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်းများကို သက်ဆိုင်ရာသို့ တင်သွင်း ကြရသည်။ သို့ဖြစ်၍ နှစ်ဦး မတ်လ ရောက်တိုင်း မီးလောင်မှု ဖြစ်ပွားနေကျ ဖြစ်၏။

ထိုနေ့ ညတွင် ခံပြင်း ဒေါသထွက်နေကြသော စက်မှု တက္ကသိုလ် ကျောင်းသား များသည် ကျောင်းဆောင်များ၌ စည်းဝေး တိုင်ပင်ကာ အချက် (၇)ချက်ပါ တောင်းဆိုချက်များကို ရေးဆွဲ ခဲ့ကြသည်။ ထိုတောင်းဆိုချက်များမှာ ပစ်ခတ် သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်း တို့မှ ဖြစ်ရပ်မှန် အတိုင်း ပြည့်စုံစွာ ထုတ်ပြန်ပေးရန်၊ သေဆုံးသွားသော ကျောင်းသားများနှုင့် ဒဏ်ရာ ရရှိခဲ့သော ကျောင်းသားများ၏ မိသားစု တို့အား လျော်ကြေးပေးရန်နှင့် ပစ်ခတ် သတ်ဖြတ် ခဲ့သည့် တရားခံ အစစ်အမှန် များကို အပြစ်ဒဏ် ပေးရန်တို့ ဖြစ်သည်။ အခြား တောင်းဆိုချက် တစ်ခုမှာ “ကျောင်းသား များ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက် ပေးနိုင်သည့် ကျောင်းသား အဖွဲ့အစည်း” တစ်ခုကို တရားဝင် ဖွဲ့စည်းပေးရေးပင် ဖြစ်သည်။ ခံယူချက် ပို၍ ပြင်းထန်သော ကျောင်းသားများက မောင်ဖုန်းမော်အား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ဂုဏ်ပြု သင်္ဂြိုလ် ပေးရန် တောင်းဆို ခဲ့ကြသည်။ အမာခံ ကျောင်းသား ၁၃ ဦးက ကျစ်လျစ်သော သွေးသောက် အဖွဲ့ ဖွဲ့လိုက်ပြီး မိမိတို့ အနေနှင့် အဖြစ်မှန် ပေါ်ထွက်ရေးအတွက် အသက်ပင် စတေးရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်ဒီ သည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ရောက်ရှိလာပြီး ကျောင်းသားများ၏ တောင်းဆိုချက် အားလုံးကို ပယ်ချလိုက်သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေး၌ပင် ကျောင်းသား တစ်စုသည် မောင်ဖုန်းမော် သေဆုံးခဲ့သော နေရာတွင် လွမ်းသူ့ ပန်းခွေများ ချကာ ဂုဏ်ပြုခဲ့ကြသည်။ အချို့မှာ လမ်းပေါ်တွင် ဒူးတုတ်၍ ပန်းခွေရှေ့တွင် ဦးချ ငိုကြွေးပြီး ပစ်ခတ် သတ်ဖြတ်မှုကို မတရားမှု သက်သက်ဟု ခံပြင်းကာ ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။

မတ်လ ၁၄ ရက် တနင်္လာနေ့။

မုန်တိုင်းထန်သည့် ရက်သတ္တပတ် ကုန်လွန်ပြီးနောက် ကျောင်းသားများ စာသင်ခန်းဆီသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ ထိုနေ့ နံနက်တွင် အစဉ်အမြဲ အေးချမ်း သာယာလျက် ရှိသော စက်မှု တက္ကသိုလ် ပတ်ဝန်းကျင်သည် အပြောင်းလဲ ကြီး ပြောင်းလဲ သွားခဲ့သည်။

“လေကိုက ထိုင်းထိုင်း မှိုင်းမှိုင်းကြီး” ဟု မင်းနိုင်က ဆွေးမြေ့စွာ ပြန်ပြောပြသည်။

“ဒါပေမဲ့ တက္ကသိုလ် ဝန်းကျင်မှာ ကြိမ်ဒိုင်းတွေ၊ နံပါတ်ဒုတ်တွေ အသင့် ကိုင်ထားတဲ့ လုံထိန်း တသီတတန်းကြီးကို ရုတ်တရက် မြင်လိုက်ရတဲ့ အခါမှာ ဆွေးမြေ့နေတဲ့ စိတ်တွေဟာ ဒေါသ အဖြစ် ပြောင်းသွားတယ်။ ဒါက ရန်စတာပဲ။ ရှင်းနေပါတယ်။ ကျွန်တော် တို့လည်း သူတို့ကို ကလော်တုတ် ကြတာပဲ။ ဒါပေမဲ့ တုတ်တုတ်မှ မလှုပ်ဘူး”

မွန်းလွဲပိုင်းတွင် အစည်းအဝေးများ လုပ်သူ လုပ်ကြ၊ ကြေညာစာတမ်းများ၊ ပိုစတာများ ရေးသူ ရေးကြနှင့် ကျောင်းဆောင်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပစ်သတ် သတ်ဖြတ်မှုကို မေ့မေ့ပျောက်ပျောက် ဖြစ်မသွားစေရန် သူတို့ သံဓိဌာန်ချပြီး ဖြစ်သည်။ စက်မှု တက္ကသိုလ်မှ ဆော်သြ သူများသည် ရန်ကုန်ရှိ အခြား တက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက် စာတမ်းများ ဝေငှကာ အဖြစ်အပျက်များ အားလုံးကို ပြောပြကြသည်။ အဖွဲ့အစည်း ဖြင့် ဆန့်ကျင်ရေး အတွက် ပထမဦးဆုံး ခြေလှမ်း ကို လှမ်းခဲ့ကြပေပြီ။

မတ်လ ၁၅ရက် အင်္ဂါနေ့။

လုံထိန်းနှင့် စစ်သား ၆၀၀ကျော်တို့ စက်မှု တက္ကသိုလ်ကို ဝင်စီး ခဲ့ကြသည်။ မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် တက္ကသိုလ်ဝင်း အတွင်းသို့ ဝင်ရောက်လာကြပြီး စစ်ကားများ ပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများသည် နံပါတ်တုတ်များကို ဝင့်ကာ ကျောင်းသား အုပ်ဆီသို့ ညာသံပေး၍ ပြေးတက် လာကြသည်။

“ထိတ်လန့် တကြားနဲ့ ကျွန်တော်တို့ ပြေးကြ ရတာပေါ့။ အချန်မီ မပြေးနိုင်တဲ့ သူတွေကို ဖမ်းပြီး စစ်ကားပေါ် မောင်းတင် တော့တာပါ။ သုံးလေးရာ ထက် မနည်း အဖမ်း ခံခဲ့ရတယ်။ သေနတ်နဲ့တော့ မပစ်ဘူး။ ဒါပေမဲ့ အကြမ်းပတမ်း အရိုက်ခံခဲ့ရတဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ကျွန်တော်ရယ်၊ တခြား ကျောင်းသား ရှစ်ယောက်ရယ်၊ မြေအောက် ရေမြောင်းထဲ အသာလေး ဝင်နေလိုက် ကြပြီး လူဝင်ပေါက်ကို ပြန်ပိတ်ထားလိုက်တယ်။ လေးပေလောက် မြင့်ပြီး မှောင်မဲနေတဲ့ မြောင်းတစ်လျှောက် လေးဘက်ထောက် သွားခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်တို့ တစ်ယောက်မှ အထိအခိုက် မရှိခဲ့ဘူး” ဟု စက်မှု တက္ကသိုလ်ကျောင်းသား ထွန်းဦးက ပြန်ပြော ပြသည်။

ညပိုင်းတွင် မြန်မာ့ အသံမှ စက်မှု တက္ကသိုလ် အခင်းဖြစ်ပွားမှု သတင်းကို ထုတ်ပြန်ကြေညာသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျောင်းသားများ အပေါ် အပြစ် လုံးလုံး ပုံချ လိုက်သည်။ “ သို့ဖြစ်၍ မွန်းလွဲပိုင်း၌ ပြည်သူ့ရဲနှင့် တပ်မတော်သားများသည် စက်မှု တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး ရှင်းပြပြီး အခြေအနေကို ထိန်းသိမ်း လိုက်ကြကြောင်း” အလေးအနက် သတင်းလွှင့် တော့သည်။ ထပ်၍ ကွန့်သည်မှာ “ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အနှောက်အယှက်ပြု ဆူပူ ကြသော ကျောင်းသားများအား ဆိုင်ရာ အာဏာပိုင်များက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဟူ၍…..။

မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့။

သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်း ဟူသော သတင်းများသည် ရန်ကုန်မြို့ရှိ အခြား တက္ကသိုလ် နယ်မြေ များသို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ဆန္ဒပြပွဲ များသည် အစိုးရ ဆန့်ကျင်ရေး အသွင် သို့ သိသိသာသာ ကူးပြောင်း လာသည်။ အထူးသဖြင့် မနေ့ညက မြန်မာ့ အသံမှ မဟုတ်မမှန် သတင်းလွှင့် ပြီးသည့်နောက် အစိုးရ ဆန့်ကျင်ရေးမှာ ထင်ရှား ပေါ်လွင် လာသည်။ ၁၅ ရက်နေ့ထုတ် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် “မောင်ဖုန်းမော်သည် အရပ်သား များနှင့် ရန်ဖြစ်ရာမှ ရရှိသော ဓားဒဏ်ရာကြောင့် သေဆုံးသွား ရသည်” ဟု ဖော်ပြခဲ့သည်။

အင်းလျားကန် တောင်ဘက်ရှိ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဝင်း အတွင်း၌ ထောင်ပေါင်းများစွာ သော ကျောင်းသူ ကျောင်းသား များ စုရုံး ကြပြီး သူတို့သည်လည်း ညီနောင် စက်မှု တက္ကသိုလ် ကျောင်းသားများကို ထောက်ခံ ဆန္ဒပြ ခဲ့ကြသည်။ ထုံးသုတ် မွန်းမံထားသော ဗြိတိသျှ ကိုလိုနီခေတ်၏ အကြွင်းအကျန် ဖြစ်သည့် ဘွဲ့နှင်း သဘင် ခန်းမရှေ့တွင် မိန့်ခွန်းများ ပြောကြားကာ စာရွက် စာတမ်းများ ဝေငှ ခဲ့ကြသည်။

မွန်းလွဲ တစ်နာရီတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ကျောင်းသားများကို ပြေရာပြေကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။ အာဏာပိုင် တစ်ဦးက ကျောင်းသားများ၏ တောင်းဆိုချက် များကို ပရိယာယ် ကြွယ်ဝစွာဖြင့် မေးမြန်းသော အခါ လူအုပ်ကြီးက “ဖက်ဆစ် အစိုးရ ဖြုတ်ချရေး ---ဒို့အရေး--- ဒို့အရေး” ဟူ၍ သံပြိုင် ကြွေးကြော် ခဲ့ကြသည်။ တွန့်ဆုတ်သွားသော ဒေါက်တာ ချစ်ဆွေက ကျောင်းသားများအား “ကျောင်းဝင်း ထဲက မထွက်ရင် ဘာမှ မဖြစ်စေရဘူး” ဟု အာမခံချက် ပေးပြန် သည်။

“ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောင်တွေဘက်ကို ချီတက် ကြတယ်။ အမရ၊ တောင်ငူ၊ မန္တလေး အို… အဆောင်စုံပါဘဲ။ ‘ဒီမိုကရေစီ ရရှိရေး ---ဒို့အရေး’ ‘ တစ်ပါတီ စနစ် --- ကျဆုံးပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ကျောင်းပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင် ထပ်စေခဲ့သည်။ ကျောင်းဆောင် ထဲက ကျောင်းသားတွေ တစ်သုတ်ပြီး တစ်သုတ် ထွက်လာကြပြီး ဆန

္ဒပြပွဲမှာ ပါလာကြတယ်။ ချက်ချင်းပဲ ကျောင်းသား လေးငါးထောင် အထိ ဖြစ်လာတယ်” ဟု ကိုလင်းက ပြောပြသည်။ ကိုလင်းမှာ အသက် ၂၂ နှစ်ရှိ ဆေးကျောင်းသား တစ်ဦး ဖြစ်ပြီး မတ်လ အတွင်း ပထမ ဦးဆုံး လှုပ်ရှားမှုများ တွင် ပါဝင်ခဲ့သူ ဖြစ်၏။ မောင်ဖုန်းမော် နည်းတူ အရေးအခင်း မဖြစ်ပွား ခင်က လမ်းစဉ် လူငယ် စည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်သည်။

“ကျွန်တော်တို့ စက်မှု တက္ကသိုလ်ကို ချီတက် ကြစို့”

ဟောပြောသူ လူငယ် တစ်ဦးက အထက်ပါ အတိုင်း အရေးဆိုလိုက်သည့် အခါ ထောင်ပေါင်း များစွာသော ကျောင်းသား များက သူ့အဆိုကို လက်သီးလက်မောင်းတန်း၍ စိတ်ဓာတ် တက်ကြွစွာဖြင့် ကြိုဆို ထောက်ခံလိုက်၏။

ထွန်းဦးက “မွန်းလွဲ ၃နာရီမှာ ကျွန်တော်တို့ စပြီး ချီတက် ကြတယ်။ ပြီးတော့ လှိုင်ဒေသ ကောလိပ် ကို ဦးတည် ထွက်လာ ခဲ့တယ်။ ကျောင်းသားတွေ ထောင်နဲ့ ချီပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော် ရင်း ပြည်လမ်းမကြီး တစ်လျှောက် ချီတက် လာခဲ့ကြတယ်။ တကယ့်ကို စိတ်ဓာတ်တက်ကြွ စရာကြီးဘဲ။ ကျွန်တော့် တစ်သက်မှာ ဒီလိုဟာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး” ဟု ပြောပြသည်။

တပ်တော်ဦးမှာ ခွပ်ဒေါင်း အောင်လံက တလူလူ လွင့်နေသည်။ ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းမကြီး ဂိတ်မှာ စုပြုံ ထွက်လာကြသော ကျောင်းသား ထုကြီး ၏ ရှေ့ဆုံးရှိ လူငယ် တစ်ဦးက မြန်မာ့ အမျိုးသားရေး သမိုင်း တစ်လျှောက်လုံးတွင် အသုံးပြုခဲ့သော အနီရောင် အောက်ခံ၌ ရွှေဝါရောင် ခွပ်ဒေါင်း ပါရှိသည့် အောင်လံကို ခပ်မြင့်မြင့် လွှင့်ထူ၍ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်လျက် ရှိသည်။ လမ်းတလျှောက်တွင် လုံချည် စိမ်းဝတ် ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသူ၊ ကျောင်းသား များက ချီတက် လာသော ကျောင်းသားထု ထဲသို့ ဝင်ရောက် လက်တွဲ ခဲ့ကြသည်။ ကျောင်းသား ထုကြီးမှာ လူပင်လယ် အလား ကြီးထွား တိုးပွား လာကာ လမ်းတစ်လျှောက်တွင် လှိုင်းလုံးကြီးများ ပမာ တလိမ့်လိမ့် တက်လာပြီး ကြွေးကြော်သံများကို လည်း စည်းချက် ညီညီ သံပြိုင် ချီ၍ ကြွေးကြော် နေကြသည်။ အခြေအနေမှာ အားတက် ကြည်နူးဖွယ်ရာပင်။ ဆန္ဒပြသူ အားလုံး နီးပါးမှာ နုနယ် ငယ်ရွယ်သူများ ဖြစ်ကြသည့် အလျှောက်၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလက ဖြစ်ပေါ်ခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကိုပင် သေချာစွာ သိရှိပုံ မရကြပေ။

ထွန်းဦးက ဆက်၍ ပြောသည်မှာ -

“ အင်းလျား ကန်ဘောင်နဲ့ ပြည်လမ်းမ ကြားမှာ ‘တံတားဖြူ’ ရယ်လို့ လူသိများတဲ့ မြောင်းကူးတံတား ရှိတယ်။ တံတားဖြူ ကို ကျော်တယ် ဆိုတာနဲ့ ကျွန်တော်တို့ အားလုံး ဗြုန်းစားကြီး ရပ်တန့်သွားတယ်။ သံဆူးကြိုး ခွေတွေကို ကျွန်တော်တို့ ရှေ့ လမ်းမပေါ်မှာ ဖြတ်ပြီး ကာထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီနောက်မှာ စစ်သားတွေက ကျွန်တော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတယ်။ ဘရင်းကယ်ရီယာ (စက်သေနတ် တပ်ဆင်ထားတဲ့ သံချက်ကာကား) ကိုတော့ တပ်ဖွဲ့ရဲ့ နောက် လမ်းခလယ်မှာ ရပ်ထားတယ်။ ကျွန်တော်တို့ အတော်ကို ထိတ်လန့် သွားကြတယ်”

“တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ အားလုံး အမျိုးသား သီချင်းကို ရော၊ စစ် သီချင်းကို ရော တပြိုင်ထဲ ဝိုင်းဆိုကြတယ်။ ‘ပြည်သူ့ တပ်မတော်၊ တို့ တပ်မတော်’ လို့ တစ်ချို့က အော်ကြတယ်။ နောက်လှည့်ကြည့် လိုက်တဲ့ အခါမှာ အသက်ရှု ရပ်သွား သလား အောက်မေ့ လိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ဘယ်ဘက်မှာ ဆိုရင် အိမ် ခြံစည်းရိုး အမြင့်ကြီး တွေက ကာရံ ထားတယ်။ ညာဘက်မှာ တော့ အင်းလျား ကန်ဘောင်ရိုးပဲ ရှိတော့တယ်။ ကျွန်တော်တို့ အားလုံးပိတ်မိ နေပြီ ဆိုတာကို နားလည် လိုက်ကြတယ်”

အမိန့်ပေးသံ တစ်ခု ထွက်လာပြီး လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက် ကြတော့သည်။ နံပါတ်တုတ်များ ဝီခေါ် နေသည်။ အရိုးတွင်တွင် ကျိုးအက်သံများ အတိုင်းသား ကြားနေရသည်။ သွေးများ လူးနေသည့် ကျောင်းသားများ၏ ညီးတွားသံများ၊ ငယ်သံပါအောင် အော်ဟစ်နေသံများ ပွက်လော ရိုက်သွားသည်။ ကန်ဘောင်ရိုး လှေခါးများ အပေါ် ပြေးတက် တိမ်းရှောင်ရန် ကြိုးစားကြသည့် တုန်လှုပ် ခြောက်ခြားနေသော ကျောင်းသားများမှာ ကျွဲအုပ် နွားအုပ် အလား အတုန်းအရုန်း ပိတ်၍ အရိုက်ခံ ရလေတော့သည်။ တစ်ချို့ လုံထိန်းများက ကျောင်းသူလေးများကို မဲ၍ ရိုက်ကြပြီး လက်ဝတ် တန်ဆာများ နာရီများကို ချွတ်ယူ ကြပြန်သည်။

တစ်ချို့က ပြေးလွှားနေသော ကျောင်းသားများကို အင်းလျားကန်ထဲသို့ မောင်းချကာ ခေါင်းကို ရေထဲနှစ်၍ မသေမချင်း သတ်ကြသည်။ ကံသီ၍ လွတ်မြောက် လာခဲ့သော ဆန္ဒပြကျောင်းသားများထဲတွင် ထွန်းဦးလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ထွန်းဦးမှာ လမ်း ဘယ်ဘက်ရှိ ခြံစည်းရိုးကို ကျော်၍ ခြံဝင်း အတွင်းသို့ ပြေးဝင် နိုင်ခဲ့သည်။ ထို လူသတ်ပွဲကြီးကို မျက်ဝါးထင်ထင် တွေ့မြင် နေရ၍ ဒေါသ ထွက်နေသည့် ပြည်သူတို့က ခြံထဲ ပြေးဝင် လာကြသော ကျောင်းသားများကို မိမိတို့ အိမ်များတွင် ပုန်းအောင်းခွင့် ပေးခဲ့သည်။

လူသတ်ပွဲများ တစ်နာရီခန့် ကြာသွားသည်။ လမ်းမ တစ်လျှောက် သွေးအိုင် များတွင် တုံးလုံးပက်လက် လဲ နေသော အလောင်းများမှာ ဖရိုဖရဲ ဖြင့် ပြန့်ကျဲလျက် ရှိသည်။ ‘တံတားဖြူ’ သည် လည်း မဖြူနိုင်တော့။ တံတားနီ ဘဝသို့ ရုတ်ခြည်း ကူးပြောင်း သွားခဲ့ရသည်။ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသော ကျောင်းသူ ကျောင်းသားလေး များ၏ အရေအတွက် မှာ နှစ်ဆယ် ဟူ၍ လည်းကောင်း၊ ခုနှစ်ဆယ် ဟူ၍ လည်းကောင်း၊ တစ်ရာကျော် ဟူ၍ လည်းကောင်း အမျိုးမျိုး ခန့်မှန်း နေကြသည်။ လုံထိန်း တပ်ဖွဲ့ နောက်တွင် ရှိသော လော်ရီ ကားကြီးများ ရှေ့သို့ မောင်းထွက်လာပြီး သေဆုံး သူများနှင့် ဒဏ်ရာရ၍ လဲနေသူများကို ကားပေါ်သို့ ပစ်တင်လိုက်ကြသည်။ ယင်းလော်ရီ ကားများ ထွက်ခွာ သွားပြီးသည့်နောက် အသင့် စောင့်နေသော မီးသတ်ကားများ ရောက်ရှိ လာပြီး လမ်းမကြီး ပေါ်၌ လည်းကောင်း၊ တံတားဖြူ ၌ လည်းကောင်း၊ အင်းလျား ကန်ဘောင်ရိုး လှေခါးထစ်များ ပေါ်တွင် လည်းကောင်း ကျန်ရှိခဲ့သော သွေးအိုင် များကို မီးသတ်ပိုက်ဖြင့် ပက်ဖြန်း ဆေးကြော လိုက်ကြသည်။ မီးသတ်ကားများ ထွက်ခွာ သွားသော အခါ အရာရာတိုင်းမှာ ဘာမှ မဖြစ်ခဲ့ သကဲ့သို့ နေခြည်အောက်တွင် နဂို အတိုင်း ကျန်ရစ် ခဲ့သည်။

သိသာ ထင်ရှား သည်မှာ ဤ သတ်ဖြတ်မှု ကြီးသည် ကျောင်းသားများ အတွက် ပြစ်ဒဏ်ပေး သင်ခန်းစာ တစ်ခု အနေဖြင့် အသေးစိတ် သေချာစွာ စီစဉ် ထားသော အစီအစဉ် တစ်ခုသာ ဖြစ်ပေသည်။ ဤ အစီအစဉ် အတွက် ပြည်လမ်း ရှိ မြန်မာ့ အသံ အဆောက်အဦး မှ နေ၍ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီစဉ် ညွှန်ကြားခဲ့သူမှာ ဦးနေဝင်း၏ ညာလက်ရုံးလည်း ဖြစ်၊ မဆလ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပြီး လုံထိန်း တို့၏ အကြီးအကဲလည်း ဖြစ်သူ ဦးစိန်လွင် ပင်တည်း။

မျက်မြင် သက်သေများ၏ ပြောပြချက် ကြောင့် တံတားဖြူ သွေးချောင်းစီး လူသတ်ပွဲကြီး သတင်းသည် ရန်ကုန်မြို့ တစ်မြို့လုံး တစ်မုဟုတ်ချင်း ပျံ့နှံ့ သွားခဲ့သည်။ တစ်ချို့က မယုံချင် ကြသေးပေ။ အထူးသဖြင့် မြန်မာပြည်သည် ရွှေစေတီ များ အစီအရီဖြင့် ပြုံးပန်း ကြည်လင်ပြီး ယဉ်ကျေး သိမ်မွေ့သည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် နားလည် ထားသော ရန်ကုန်မြို့တော် ရှိ နိုင်ငံခြားသားတို့ အဖို့ ပို၍ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ သို့သော် စစ်အစိုးရ လက်အောက်တွင် ၂၆ နှစ် တိုင်တိုင် နေထိုင် လာခဲ့ရသော ရန်ကုန် မြို့သူမြို့သား အများစုမှာ ၁၉၆၂ ခုနှစ် နှင့် ၁၉၇၀ ခုနှစ်များတွင် ဖြစ်ပွား ခဲ့သော ကျောင်းသား အုံကြွ မှု ကြီးများကို အစိုးရ၏ ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည့် သာဓက များကြောင့် ထိုသတင်းကို သံသယ ကင်းစွာဖြင့် လက်ခံ ယုံကြည် ခဲ့ကြသည်။ အစိုးရသည် ယခင် အခါများထက် ပိုမို ရက်စက်စွာ နှိပ်ကွပ်ရန် ပြင်ဆင် ထားသောကြောင့် ပြည်သူတို့ ထိတ်လန့် တုန်လှုပ် ခဲ့ရသည်။

ညဥ့်နက်ပိုင်းတွင် ကိုလင်းသည် တုန်လှုပ် ခြောက်ခြားမှု ဝေဒနာများကို သက်သာစေရန် ပြည်လမ်းမရှိ လက်ဘက်ရည်ဆိုင် တစ်ဆိုင် သို့ ထွက်လာ ခဲ့သည်။ တုန်လှုပ် ခြောက်ခြားစရာ အတွေ့အကြုံ များကို ကိုလင်းက အောက်ပါအတိုင်း ဝမ်းနည်းကြေကွဲစွာ ပြန်ပြောပြရှာသည်။

“၁၆ ရက် နေ့ ည သန်းခေါင်ယံ မတိုင်မီ အချိန်လေး မှာ လုံထိန်းတွေ ပါလာတဲ့ အနီရောင် ‘ဒက်ဆန်း ပစ်ကပ်’ ကားတစ်စီး ကျွန်တော်တို့ဘက် လာနေတာ တွေ့ရတယ်။ ကားကို အင်းလျားကန် နဘေးမှာ ရပ်လိုက်ပြီး ကားပေါ်က မိန်းကလေး သုံးယောက်ကို ကန်ဘောင်ရိုးပေါ် ဆွဲခေါ် သွားကြတယ်။ ကျွန်တော်တို့လည်း အပြင် မထွက်ရဲ ကြဘူး။ ခဏ အကြာမှာ အဲဒီကား ပြန်ထွက်သွားတယ်။ သူတို့ ခေါ်လာတဲ့ မိန်းကလေး သုံးယောက် ပြန်ပါ မသွားဘူး။ ဒါနဲ့ ကျွန်တော် ကန်ဘောင်ရိုးပေါ် တက်ကြည့်တော့ ကိုယ်အောက်ပိုင်း သွေးတွေ တသွင်သွင် စီးနေပြီး သတိ မေ့သလို ဖြစ်နေတဲ့ မိန်းကလေး သုံးယောက်ကို တွေ့ရတယ်။ သူတို့ကို ကျွန်တော်တို့ လက်ဘက်ရည် ဆိုင်ထဲ သယ်လာခဲ့ကြတယ်။ သူတို့ ညီးညူ နေကြတာ တစ်ညလုံး လိုလို ပါပဲ။ သွေးလွန်ပြီး သေသွားမယ်လို့တောင် ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ ညဥ့်အမှောင်ကြီးထဲ မထွက်ရဲ ကြလို့ မိုးလင်းတဲ့ အထိ စောင့် နေခဲ့ရတယ်”။

မတ်လ ၁၇ ရက် ကြာသာပတေးနေ့။

“မနက် ၅နာရီလောက် မိန်းခလေးတွေကို ရန်ကုန် ဆေးရုံကြီးသို့ ကျွန်တော်တို့ ပို့ပေးလိုက်တယ်။ သူနာပြု ဆရာမ တစ်ယောက်က ဒီလို အမှုမျိုး အများကြီး ဆေးရုံ ရောက်နေတယ်လို့ ပြောတယ်။ မိန်းခလေး တစ်ဦး ဆိုရင် အုပ်စုလိုက် မတရား ပြုကျင့် ခံရလို့ သားအိမ်ကွဲ ပြီး သေဆုံး သွားတယ်လို့ သိလိုက်ရတယ်”

ပြည်သူများ အနေနှင့် မခံမရပ် ဖြစ်လာပြီး အမျက်ဒေါသ ပိုမို ကြီးထွား လာသည်ကို ဂရု ပြုမိ၍ လားမသိ။ ထိုနေ့တွင် အစိုးရက ဖြစ်ပွားခဲ့သော အရေးအခင်း ပြဿနာ များကို စစ်ဆေးရန် ‘စုံစမ်း စစ်ဆေးရေး ကော်မရှင်’ တစ်ခု ဖွဲ့စည်း ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ပထမဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော် ကိစ္စကိုသာ စုံစမ်း စစ်ဆေးမည်ဟု ဆို၏။ မောင်ဖုန်းမော်သည် ဓားထိုးခံရပြီး သေဆုံးခြင်း မဟုတ်၊ သေနတ် ဒဏ်ရာကြောင့် သေရခြင်း ဖြစ်ကြောင်း စသည်ဖြင့် မမျှော်လင့်ဘဲ အစိုးရက ဝန်ခံလာခဲ့သည်။ သို့ရာတွင် တံတားဖြူ ပစ်ခတ် သတ်ဖြတ်မှုကိုမူ တစ်ခွန်းတစ်ပါဒမျှ မဟခဲ့ပေ။

စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် အတွက် ပြည်သူ့ တရားသူကြီး အဖွဲ့ဝင် ဦးဘမော် ဦးစီးပြီး ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့မှ ဦးလှတင့် နှင့် ပြည်သူ့ လုပ်ငန်း စစ်ဆေးရေး အဖွဲ့မှ ဒေါက်တာ မောင်ရှိန် တို့ ပါဝင်သော ၃ဦး ကော်မရှင်ကို အစိုးရက ဖွဲ့စည်း ပေးလိုက်သည်။ အခြား တိုင်းပြည် များတွင် နိုင်ငံတော် တရားရုံးချုပ် ဟူ၍ လည်းကောင်း၊ နိုင်ငံတော် လုပ်ငန်း စစ်ဆေးရေး ဌာနချုပ် ဟူ၍လည်းကောင်း ခေါ်ကြမည် ဖြစ်သည်။ အဖွဲ့အစည်း အသီးသီး၏ ရှေ့မှ ‘ပြည်သူ့’ ဟူသော ဝေါဟာရကို သုံးထားခြင်းမှာ ဦးနေဝင်း အစိုးရ၏ ထွင်လုံး တစ်ခု ဖြစ်ပြီး သူ၏ စစ်အာဏာရှင် စနစ်ကို ‘ဆိုရှယ်လစ် ဒီမိုကရေစီ’ အဖြစ် လှည့်စား ထားသော အသုံးအနှုန်း ဖြစ်သည်။

မည်သို့ဆိုစေ စစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးလိုက်သည့် ကိစ္စမှာ မကြုံဘူးသော ဖြစ်ရပ် တစ်ခုပင် ဖြစ်သည်။ ကျောင်းသားများ အဖို့ အောင်ပွဲ တစ်ရပ်လည်း ဖြစ်သည်။ ဤကဲ့သို့ ဖွဲ့စည်း ပေးလိုက်ခြင်းသည် ကျောင်းသားများကို မငြိမ်သက် သွားစေသည့် အပြင် ရှေ့ဆက် တိုက်ပွဲ ဝင်ရန် တွန်းအား ပေးသကဲ့သို့ ဖြစ်နေသည်။

ပင်မ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ရှေ့တွင် ကျောင်းသား နှစ်ထောင်ကျော် ထပ်မံ စုဝေးကြပြီး လွတ်လပ်သော ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ကျောင်းသား တစ်ဦးပြီး တစ်ဦး တက္ကသိုလ် အပန်းဖြေ ရိပ်သာ နားရှိ စင်မြင့်ပေါ်မှ နေ၍ အစိုးရကို ဆန့်ကျင် ရှုတ်ချကြောင်း ဟောပြောကြလေသည်။ တတိယနှစ် (သင်္ချာ) မှ ကျောင်းသား တစ်ဦး ဖြစ်သူ မောင်မောင်ကျော် သည်လည်း ပထမဦးဆုံး ဟောပြော ကြသည့် ပုဂ္ဂိုလ် များထဲတွင် ပါဝင်သည်။ ထို့နောက် အာဝဇ္ဇန်း ရွှင် သော မင်းဇေယျာ ဆိုသူ လူငယ် တစ်ဦးနှင့် ရဲရဲတောက် သတ္တိခဲမလေး ယုယုမော် တို့ကလည်း ဟောပြော ကြသည်။

တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ တိုက်မောင်းကလည်း သူပါဝင်ခဲ့သော ၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှု အရေးတော်ပုံ ကြီးတွင် ကျောင်းသားများက ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဈာပနကို ခမ်းနားစွာ ဂုဏ်ပြု ကျင်းပလိုခဲ့ကြပုံ၊ ဦးသန့်၏ ရုပ်အလောင်း ထားရှိရာ ရန်ကုန် တက္ကသိုလ် နယ်မြေ သို့ စစ်သားများ ဝင်စီးကာ ရုပ်အလောင်းကို သိမ်းပိုက် လိုက်ကြပုံ၊ ကျောင်းသား ကျောင်းသူ အမြောက်အမြား သေဆုံး ခဲ့ရပုံ များကို ပြန်လည် ပြောကြားခဲ့သည်။ အခြား ဟောပြောသူများ၏ မီးမောင်းထိုး ရှင်းလင်း တင်ပြချက် များတွင် ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ချုပ် မှ မြန်မာ နိုင်ငံအား ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ တစ်ခု အဖြစ် အဆင့် ချ သတ်မှတ် လိုက်ပုံ၊ အာရှနှင့် ပစိဖိတ် ဒေသတွင် သယံဇာတ အလွန်ကြွယ်ဝသော နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံ အဖြစ်သို့ ရောက်လာခဲ့ရပုံ ဤသို့ ဖြစ်ရသည်မှာလည်း ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဟု အယောင်ဆောင် လိမ်လည်မှု အောက်တွင် စစ်တပ်က ၂၆ နှစ်တိုင်တိုင် အမှားမှား အယွင်းယွင်း အုပ်ချုပ် ခဲ့မှုကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ပါဝင်သည်။

၁၇ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် ဖြစ် ရပ် တစ်ခုသည်လည်း ကျောင်းသား များကို ခံပြင်း ဒေါသ ထွက် စေခဲ့သည်။

အသက် ၂၅ နှစ် ရှိ ဓာတုဗေဒ ဘွဲ့လွန် ကျောင်းသား ရန်နောင်က ပြန်ပြောပြသည်မှာ-

“အဲဒီ မနက်က မောင်ဖုန်းမော် ကို ကြံတော သုဿန်မှာ မီးသင်္ဂြိုလ် မယ်လို့ ကျွန်တော်တို့ ကြားသိ ရတယ်။ ကျွန်တော်တို့ တစ်တွေ ထောင် နဲ့ ချီ ပြီး ကြံတော သုဿာန်မှာ သွားစောင့် နေကြတယ်။ လုံထိန်းလက်ချက်ကြောင့် ပထမဦးဆုံး သေဆုံး ရတဲ့ ကျောင်းသားကို နောက်ဆုံး အနေနဲ့ ဂါရဝ ပြုချင် ကြလို့ပါ။ ကျွန်တော်တို့ နာရီပေါင်း မြောက်များစွာ စောင့် နေခဲ့ရတယ်။ မွန်းလွဲ တစ်နာရီလောက် ကျတော့ မောင်ဖုန်းမော် အလောင်းကို မထင်မရှား အခေါင်း တစ်ခုထဲမှာ ထည့်ပြီး သယ်ဆောင် လာတဲ့ ကားကို ပုလိပ် အစောင့်အရှောက် အပြည့်နဲ့ မောင်းယူ သွားပြီး တာမွေ သင်္ချိုင်းမှာ မီးသင်္ဂြိုလ် လိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ အရမ်း ဒေါသထွက် ခဲ့ကြတယ်။

ရန်နောင် ကျောင်းဆောင် သို့ ပြန်ရောက်သည့် အခါ ရန်ကုန် ပင်မ တက္ကသိုလ်ဝင်း ပတ်ပတ်လည် ၌ ကွန်မန်ဒို တပ်သားများ က နေရာယူ စောင့်ကြပ် နေသည်ကို တွေ့ရသည်။ သူတို့ လည်ပင်းတွင် စည်းထားသော လည်စည်း အနီများကို ကြည့်ခြင်းအားဖြင့် အထူး တပ်ရင်း မှ ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်း နိုင်သည်။ တက္ကသိုလ် နယ်မြေ ပတ်လည်ကို စစ်သားပေါင်း တစ်ထောင်ကျော်၊ လုံထိန်း တစ်ထောင်ကျော် ဖြင့် ဝိုင်းရံ ပိတ်ဆို့ ထားပြီး ဘရင်း ကယ်ရီယာများ၊ မီးသတ်ကား များလည်း ဝင်း အပြင်ဘက်တွင် အသင့် ရပ်ဆိုင်း ထားသည်။ မွန်းတည့် ချိန်တွင် ဒေါက်တာ ချစ်ဆွေ က ကျောင်းသား များကို မိန့်ခွန်း ချွေပြန်၏။ ကျောင်းဝင်း အတွင်း၌ ကျောင်းသားများအတွက် လုံခြုံ မှု ရှိပါသည်တဲ့။

“ဒါပေမဲ့ အပြင် တော့ မထွက်ကြနဲ့” ဟု သူက ထပ်၍ ကွန့်သည်။

မည်သို့ ဆိုစေ ထိုအချိန် ကာလတွင် တက္ကသိုလ် ဆရာ တစ်ဦး၏ ဂတိ စကားမှာ အရေးမပါ အရာ မရောက် လှပေ။

မွန်းလွဲ ၂ နာရီတွင် စစ်သားများက သေနတ် ကိုင်ဆောင်၍ လည်းကောင်း၊ လုံထိန်းများက နံပါတ်တုတ် ကိုင်ဆောင်၍ လည်းကောင်း၊ ပင်မ တက္ကသိုလ် နယ်မြေ ကို ဝင်စီး ကြတော့သည်။ မျက်ရည်ယို ဗုံးများ ကျောင်းသားထု အတွင်းသို့ ပစ်ခွဲ ခဲ့ကြသည်။

“စစ်သားတွေ ဝင်လာတဲ့ အချိန် ကျွန်တော် အင်းလျား ဆောင်မှာ ရှိနေတယ်။ အလုံပိတ် အချုပ်ကားတွေ စစ်သားနဲ့ လုံထိန်းတွေ နောက်ကနေ ကျောင်းထဲ မောင်းဝင်လာတယ်။ ရဲချုပ် ဦးသိန်းအောင် ကိုယ်တိုင် ပါလာတယ်။ သူက ကျွန်တော်တို့ကို အဆောင်ထဲက ထွက်လာ ကြဖို့၊ မင်းတို့ကို မဖမ်းဘူးလို့ ပြောပေမဲ့ ကျွန်တော်တို့ ထွက်လာ ကြတဲ့ အချိန် မှာတော့ အချုပ်ကား တွေထဲ အတင်းဝင်ခိုင်းပြီး မောင်းထွက် တော့တာဘဲ။ ကျွန်တော်တို့ အဆောင် တစ်ခုထဲမှာပဲ ကျောင်းသား ၁၅၀ တောင် အဖမ်း ခံလိုက်ရတယ်။ ဒီ အထဲမှာ ကျောင်းသူ ၄၀ လည်း ပါတယ်” ဟု ရန်နောင်က ပြန်ပြောပြသည်။

ရဲများက ကျောင်းဆောင်များ ထဲသို့ ဝင်မွှေပြီး ကျောင်းသူ ကျောင်းသား စုစုပေါင်း တစ်ထောင်ခန့် ဖမ်းဆီး ခေါ်ဆောင် သွားသည်။ အဖမ်း ခံရသည့် အထဲတွင် ရန်ကုန် ပင်မ တက္ကသိုလ်မှ သမိုင်း အဓိက တတိယနှစ် ကျောင်းသား မောင်မောင်သွင် လည်း ပါဝင် ခဲ့လေသည်။

“ကျွန်တော် ခန့်မှန်း တတ်သလောက် ဆိုရင် ကျွန်တော်တို့ ဖမ်းလာခဲ့တဲ့ အချုပ်ကား ဟာ လူတစ်ယောက် ၂၀ လောက်ပဲ ဆန့်တယ်။ ဒါပေမဲ့ ဖမ်း ထည့် လာတာက အယောက် ၁၀၀ နီးပါး ရှိတယ်။ ပူလိုက် အိုက်လိုက် တာလည်း လွန်ပါရော။ အသက်ရှု မဝလို့ ကျွန်တော်တို့ ခေါင်းတွေ မူးပြီး လူက ယိုင်ထိုး ချင် သလို ဖြစ်နေတယ်။ အများစု ဆိုရင် မျက်ရည်ယို ဗုံးကြောင့် ခံစား နေရတဲ့ ဝေဒနာ၊ အရိုက်ခံရတဲ့ ဒဏ်ရာ တွေကြောင့် နုံးချည့် နေကြတယ်။ ကျွန်တော်တို့နဲ့ အတူ ပါလာတဲ့ မိန်းကလေး တွေကို ရှေ့ပိုင်း က လေဝင်ပေါက် သေးသေးလေးတွေ နား ရွှေ့ပေးလိုက်လို့ သူတို့ လေရှု နိုင်သေးတယ်။ ကျွန်တော် ဘာမှ မမြင်ရဘူး။ ဒါပေမဲ့ တလျှောက်လုံး ကွေ့ကောက်ပြီး မောင်းနေလို့ ထောင်ကို တော်တော်နဲ့ မရောက်နိုင်ဘူး။ ကြည့်ရတာ လူတွေ အာရုံ မစိုက်မိအောင် ဟိုကွေ့ ဒီပတ်နဲ့ မောင်းလာပုံ ရတယ်”

အချုပ် ကားထဲ၌ ကျောင်းသား အချို့ မွန်းပိတ်၍ အသက်ရှု ကြပ်ပြီး သေဆုံး ခဲ့ရသည်။ အသက် ၁၂ နှစ် အရွယ် ကလေး ငယ် တစ်ဦး မှာ လူများ ပြွတ်သိပ် နေသည့် အချုပ်ကား တစ်စီးထဲတွင် ညှပ်ပိတ်၍ သေဆုံး သွားရသည်။ ထိုသို့ ခွေးတင်ဝက်တင် တင်၍ ကျောင်းသူ ကျောင်းသား တစ်ထောင်ခန့် ကို ဖမ်းဆီး ခေါ်ဆောင်ကာ ရန်ကုန်မြို့ မြောက်ဘက်ရှိ နာမည် ဆိုးလှသော အင်းစိန်ထောင် သို့ ထည့်သွင်း လိုက်တော့သည်။ ဆန္ဒပြ သော ကျောင်းသား များ ပျော့ညံ့ ဒူးထောက် လာစေရန် အစိုးရသည် သံလက်သီး ဖြင့် စတင် ထိုးနှက် လေပြီ။

“ဒီ့နောက်မှာ တော့ ကျွန်တော်တို့ တစ်တွေ မစည်းရုံးလို့ မဖြစ်တော့ဘူး ဆိုတာ သိလိုက်တယ်လေ”

“အသက်ပေါင်းများစွာ စတေးထားပြီး ဖြစ်လို့ လက်လျော့ လို့တော့ မဖြစ်ဘူး။ ဒါ့အပြင် ကျွန်တော်တို့က အထက်စီး ရနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျွန်တော်တို့ကို ကိုယ်ချင်းစာ ပြီး အားပေး ကြပါတယ်။ တက္ကသိုလ် အတွင်း ဆန္ဒပြပွဲ တိုင်းလိုလို ထမင်းထုပ်တွေ၊ ငွေတွေ၊ ဆေးပေါ့လိပ်တွေ ပို့ပေး ကြတယ်။ မဟုတ်မဟတ် အုပ်ချုပ်နေတဲ့ အစိုးရကို လူတွေက စိတ်ကုန် နေကြတယ် ဆိုတော့လဲ ကျွန်တော်တို့ကို ဆက်လက် ဆန္ဒပြ ကြဖို့ အားပေးကြတယ်။ ကြောက်စိတ်ဝင်ဖို့ နေနေသာသာ ဆန့်ကျင် လှုပ်ရှားမှုတွေမှာ လူထုက ပိုမို အားပေးလာတယ်”

ရန်ကုန် တက္ကသိုလ် ပင်မ နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တစ်ထောင် နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ စသည့် ကျောင်းဝင်း လေးခု၊ ဆေး တက္ကသိုလ် ၂ ခု၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် တို့အပြင် အထက်တန်းကျောင်း များနှင့် ပါ ဆက်သွယ်ရေး လုပ်ငန်းများကို လျှို့လျှို့ဝှက်ဝှက် တိတိကျကျ ဖြစ်ရေးအတွက် အောင်ဝင်းနှင့် ကျောင်းသား တစ်စု ကလည်း ဆောင်ရွက် ခဲ့ကြသည်။

ဆန္ဒပြဖို့ လမ်းမပေါ် ပထမ ဦးဆုံး ထွက်လာကြတုန်းက ကျွန်တော်တို့ အတွေ့အကြုံ မှ မရှိကြဘဲ။ ဒါနဲ့ ကျွန်တော်တို့ ၁၉၇၄ ခုနှစ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လှုပ်ရှား ခဲ့တဲ့ ကျောင်းသား ဟောင်းတွေနဲ့ ဆက်သွယ်ပြီး အကြံဥာဏ် တောင်းခဲ့ကြတယ်။ သူတို့ အတွေ့အကြုံ တွေကို ကျွန်တော်တို့ လေ့လာ ခဲ့ကြတယ်”

ကျောင်းသား လှုပ်ရှားမှု အဖွဲ့အစည်း သဏ္ဍာန်ကို စစ်တပ်နှင့် မဆလ ပါတီ၏ ပုံစံမျိုး အတုယူ ဖွဲ့စည်း ကြခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း စစ်တပ်နှင့် မဆလ ပါတီ အဖွဲ့အစည်း များ၏ ဖွဲ့စည်းပုံ တို့နှင့်သာ ထိတွေ့ နားလည်ခဲ့ကြရသောကြောင့် ဖြစ်သည်။ ပြန်ကြားရေး ဌာန တစ်ခု ဖွင့်ပြီး၊ စာရွက် စာတမ်းနှင့် ပိုစတာများ ထုတ်ဝေ ဖြန့်ချီရေး၊ ကျောင်းသား များ၏ တောင်းဆိုချက်များကို လူထုအား အသိပေး ဖြန့်ချီရေး တို့ကို တာဝန်ယူ လုပ်ကိုင် ခဲ့ကြသည်။

ဘဏ္ဍာရေးဌာန တစ်ခု ဖွင့်ပြီး အလှူငွေ ကောက်ခံ၍ ထမင်းထုပ်နှင့် ရေ တို့ကို တက္ကသိုလ် နယ်မြေရှိ ဆန္ဒပြ ကျောင်းသားများထံ ဝေငှ ဖြန့်ဖြူး ပေးကြသည်။ ကြက်ခြေနီ အဖွဲ့ဝင် ကျောင်းသား ကျောင်းသူများက ဆေးဝါးများ ကောက်ခံ စုဆောင်းကာ ရှေးဦး သူနာပြု တာဝန်များကို ဆောင်ရွက် ကြသည်။

လုံခြုံရေး ဌာနဟု ခေါ်သော အဖွဲ့ တစ်ခု ဖွဲ့စည်းပြီး စစ်တပ်နှင့် ရဲများ၏ လှုပ်ရှားမှုများကို အထဲတွင် စိမ့်ဝင် နေသော အစိုးရ သတင်းပေးများကို စီစစ် ဖော်ထုတ်ခြင်း ဖြစ်သည်။ အစပိုင်း ကတည်းက ပြည်သူများသည် သတင်းပေးနှင့် ထောက်လှမ်းရေး များကို လွန်စွာ မုန်းတီး ခဲ့ကြသည်။ သို့သော် ကျွမ်းကျင် ထက်မြက်လှသော စစ်ထောက်လှမ်းရေး ယန္တရား၏ ဘေးအန္တရာယ်ကို ကျောင်းသားများက ကောင်းစွာ သဘောပေါက် ကြသည်။

“ကျောင်းဆောင် တစ်ခုမှာ ကျွန်တော်တို့ရဲ့ အကျဉ်းထောင် ကိုတောင် ဖွင့်လှစ် နိုင်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ မသင်္ကာတဲ့ သတင်းပေးတွေကို စစ်ဆေး ကြတယ်။ ကျောင်းသား သုံးယောက် အပြစ် ရှိတာ တွေ့ရလို့ သတ်ပစ် ခဲ့ကြတယ်” ဟူ၍ အောင်ဝင်းက ပြောပြသည်။

မတ်လ ၁၈ ရက် သောကြာနေ့။

တစ်ဖြေးဖြေး ရုပ်လုံးပေါ်လာသော ကျောင်းသား အဖွဲ့အစည်း သည် မြေစမ်း ခရမ်း ပျိုး တိုက်ပွဲ ဝင်လေတော့သည်။ အသစ်တဖန် ဖွဲ့စည်း လိုက်သော ကျောင်းသား သမဂ္ဂ က ၁၇ ရက် နေ့ကို နောက်ဆုံးထားပြီး လက်ဘက်ရည်ဆိုင် အရေးအခင်းနှင့် ဆက်စပ် ဖြစ်ပွား ခဲ့သော ပြဿနာများ၏ ဖြစ်ရပ်မှန် များကို သက်ဆိုင်ရာက ကြေညာ ပေးရမည် ဟု အစိုးရအား ရာဇသံ ပေးခဲ့သည်။

အာဏာပိုင်တို့က ကျောင်းသားများ၏ တောင်းဆိုချက်ကို ဥပေက္ခာ ပြုပြီး သူတို့ ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ကျောင်းသား တစ်ဦး သေဆုံး ရခြင်း ကိစ္စ နှင့် ထိုကဲ့သို့သော အမှု ကိစ္စမျိုး ထပ်မံ မဖြစ်ပွား စေရန်၊ လိုအပ်သော တရားဝင် အစီရင်ခံစာကို တစ်လအတွင်း ပြုစု တင်ပြရန် တာဝန်ပေးလိုက်သည်။ (နောက်ဆက်တွဲ (၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များကို ကြည့်ရန်၊ မှတ်ချက် စုဆောင်း တင်ပြသူ)

“ဒီအချက်ကို မူတည်ပြီးတော့ ကျွန်တော်တို့ဟာ တက္ကသိုလ် နယ်မြေများနဲ့ အင်းလျား တစ်ဝိုက်ကနေ အပြင်ထွက် မြို့ထဲ ဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြဖို့ ဆုံးဖြတ် ကြတယ်” ဟု ထွန်းဦးက ပြန်ပြောပြသည်။

“ကျောင်းသူ ကျောင်းသား တွေဟာ အဖွဲ့လေးတွေ ခွဲပြီး ဆိုင်ရာ တက္ကသိုလ်များနဲ့ ကျောင်းဆောင် များ ကနေ ထွက်လာခဲ့ကြတယ်။ တစ်ယောက် စကား တစ်ယောက်နားရောက်အောင် သတင်း ဖြန့်ကြတယ်။ ကျွန်တော်နဲ့ နောက် ၅ယောက်ဟာ ကားစီးပြီး ဆူးလေ ဘုရားလမ်း ကို ချိန်းဆို ထားတဲ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ရောက်လာကြတယ်။ ဒီနောက်တော့ စောင့် နေတဲ့ လူအားလုံး စုစည်း ပြီး တန်းစီ လှည့်လည် ကြတော့တာပဲ”

အံ့သြ တုန်လှုပ် သွားသော မြို့သူမြို့သားများက ကျောင်းသားများကို ကြည့်ရှု နေကြစဉ် ကျောင်းသား ၃၀၀ ခန့်သည် လက်သီး လက်မောင်း တန်းကာ ကြွေးကြော် သံများ ဟစ်ပြီး မြို့လည်ခေါင်ရှိ ဆူးလေ ဘုရားကို ပတ်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။ အတွေဝေဆုံး အထိတ်လန့်ဆုံး ဖြစ်သွားခဲ့သူများမှာ နိုင်ငံခြားသား ခရီးသည် လူငယ်တစ်စုပင် ဖြစ်သည်။ သူတို့ လက်ထဲရှိ လမ်းညွှန် စာအုပ်များ၊ မြေပုံများကို ပစ်ချပြီး စိတ်ရှုပ်သွား ကြသည်။ ဤ နိုင်ငံသည် ငြိမ်းချမ်းသာယာသော မြန်မာ ရွှေပြည်မှ ဟုတ်ပါလေစ။

ထိုရုံးမှ မိန်းကလေး များသည် သံဘာဂျာ တံခါးကို အလျင်အမြန် ပိတ်လိုက်ကြသည်။ နိုင်ငံခြား ခရီးသည် လူငယ် တစ်ဦးက သံတံခါး ပေါက်ကြားမှ နေ၍ သူ၏ ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူ လိုက်သည်။ ထိုဓာတ်ပုံ များသည် နောင်တွင် ကမ္ဘာ့ သတင်းများက ဖော်ပြခဲ့သော မြန်မာပြည် မှ မတ်လ ဆန္ဒပြပွဲ ဓာတ်ပုံများပင် ဖြစ်သည်။ ကမ္ဘာ့သတင်း ဓာတ်ပုံ များတွင် အခြား ကမ္ဘာလှည့် ခရီးသည် တစ်ဦးက တည်းခိုခန်း တစ်ခု အပေါ်မှ ရိုက်ယူ သွားသော ဓာတ်ပုံ အချို့ကိုလည်း တွေ့မြင် ရသည်။

“ဘာဖြစ်တာလဲဗျ”

စိုးရိမ် သွားသည့် ကမ္ဘာလှည့် ခရီးသည် တစ်ဦးက မေးလာခဲ့သည်။

“အဲ့ဒါ ကျောင်းသား တွေပေါ့။ သူတို့ အစိုးရကို ဆန္ဒပြပြီး ဆန့်ကျင် နေတာလေ” အမျိုးသမီး စာရေးမငယ် တစ်ဦးက တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။

“ခင်ဗျား သူတို့ကို ထောက်ခံ သလား”

“ထောက်ခံတာ ပေါ့ရှင်။ ဒီအစိုးရကို လူတိုင်းက စိတ်ကုန် နေပြီ။ ဒါပေမဲ့ ကျွန်မတို့ ဘာတတ်နိုင် မှာလဲ။ သူတို့မှာ သေနတ်ရှိတယ်။ ကျွန်မ လက်ထဲမှာ ဘာမှ မရှိဘူး”

“တစ်နာရီ အတွင်းမှာ ပြည်သူ ၁၂၀၀၀ ကနေ ၁၅၀၀၀ အထိ ကျောင်းသား တွေနဲ့ ပူးပေါင်း လာကြတယ်။ တစ်ချို့ ပြတင်းပေါက်ကနေ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော် သံတိုင်းကို လက်ခုပ် တီးပြီး အားပေးကြတယ်။ ကျောင်းသား တွေက အစိုးရပိုင် ပစ္စည်းတွေကို ဖျက်ဆီး ကြပြီး နိုင်ငံပိုင် ကားတွေကို မီးရှို့ကြတော့ ပြတင်းပေါက်မှာ ရှိတဲ့ လူတွေက အားရပါးရ အော်ဟစ် အားပေးကြတယ်” ဟူ၍ ထိုနေ့က ဟိုတယ်နှင့် ခရီး သွား လာရေးရုံး အတွင်း ရှိနေခဲ့သော ဘာလင်မြို့မှ အနောက် ဂျာမန်ကျောင်းသား တစ်ဦးဖြစ်သူ သောမတ်စ်က သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ သူက ဆက်၍ “လူတွေက အသေအချာ ရွေးပြီးမှ လုပ်တာ။ မီးပွိုင့် တွေကို ရိုက်ချိုး၊ အစိုးရ ကားတွေကို မီးရှို့နဲ့ အစိုးရပိုင် ပစ္စည်းတွေကိုပဲ ဖျက်ဆီး ကြတာပါ။ ပုဂ္ဂလိက ပိုင် ပစ္စည်းတွေကို ဖျက်တာမျိုး ဗရမ်းဗတာ လုယက် ကြတာမျိုး တစ်ခုမှ ကျွန်တော် မမြင်ခဲ့ပါဘူး” ဟု ဆိုသည်။

ဆူးလေ ဘုရား အနီး ရှိ မဟာ ဗန္ဓုလ ပန်းခြံ၌ တာဝန်ကျနေသော ပြည်သူ့ ရဲတပ်ဖွဲ့မှ တပ်သား ၅၀ခန့် သည် ဒေါသ ထွက်နေသော လူအုပ်ကြီး ကိုမြင်၍ ထိတ်လန့်တကြား ဖြစ်ပြီး ထွက်ပြေး ကုန်ကြသည်။

သို့သော် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်းများ မိနစ် အနည်း ငယ် အတွင်း ရောက်ရှိ လာပြီး နံပါတ် တုတ်များဖြင့် ဝင်ရိုက်ကာ လူစုပေးတော့သည်။ ဤနေရာသည် ရန်ကုန်မြို့လယ်ရှိ နိုင်ငံခြား သံရုံး များ၏ ရှေ့တွင် ဖြစ်သောကြောင့် အခြေအနေမှာ လွန်ခဲ့သော တံတားဖြူတွင် ဖြစ်ပွားခဲ့သည့် အနေအထားမျိုး မဟုတ်တော့ပေ။ အချုပ်ကား များ၊ စစ်ကားများ တစ်ဝုန်းဝုန်း တစ်ဂျုံးဂျုံး ထိုးဆိုက်လာကာ ရာပေါင်းများစွာသော ဆန္ဒပြ သူများကို ဖမ်းဆီးပြီး အချုပ်ကားပေါ်သို့ တင်၍ အင်းစိန်ထောင် သို့ ဦးတည် မောင်းလေ တော့သည်။

“ကျွန်တော် ပလီတွေကို အသွား အော်ဟစ် သံတွေနဲ့ အတူ သေနတ် ပစ်ဖောက်တဲ့ အသံတွေကိုပါ ကြားလိုက် ရတယ်။ အချိန်ကတော့ ၂နာရီ ခွဲလောက် ရှိမယ်။ ရွှေတိဂုံ ဘုရားလမ်း သိမ်ကြီးဈေး ညာဘက် ပြည်သူ့ ကုန်တိုက်ကြီး ရှေ့မှာ လူအုပ်ကြီး က မနည်းဘူး။ အဲဒီ လူအုပ်ကြီး ထဲက တစ်ချို့ ကုန်တိုက် အောက်ထပ်ကို မီးရှို့ ကြတော့ ဘေးမှာ ရှိတဲ့ လူထုကြီးက လက်ခုပ်တီးပြီး အားပေးကြ၊ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ကြနဲ့ တကယ့် ပွဲကြီးပွဲကောင်း ပါဘဲ” ဟု ရန်ကုန်မြို့မှ အသက် ၂၃နှစ် အရွယ် မူဆလင် ကျောင်းသား တစ်ဦးဖြစ်သူ ဇော်ဇော်က ပြန်ပြောပြသည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ရပ်ကွက် အလိုက် ‘အုံကြွမှုကြီးများ’ ဖြစ်ပွား လာလေပြီ။ လုံထိန်းများလည်း ဟိုမှ သည်ပြေးကာ လူစုခွဲရန် ကြိုးစား ခဲ့ကြသည်။ သို့သော် အချည်းနှီးပင်။ အခြေအနေကား ထိန်း၍ မရနိုင်တော့ပြီ။

ပြည်သူ့ ကုန်တိုက်ကြီး မီးစွဲလောင် နေသည်။ မီးငြိမ်း သတ်ရန် ဗိုလ်ချုပ် အောင်ဆန်း လမ်းတလျှောက် မောင်းနှင် လာသော မီးသတ်ကား ၃စီးကို ဒေါသမီး တောက်လောင်နေသည့် လူအုပ်ကြီးက ပိတ်ဆို့ကာ ကားတစ်စီးကို စတင်၍ မီးရှို့ လိုက်ကြသည်။ နောက်မှ လိုက်လာသော ကျန် မီးသတ်ကားနှစ်စီးမှာ အမြန် ပြန်ကွေ့ပြီး မောင်းပြေးတော့သည်။ လူအုပ်ကြီးက တယ်လီဖုန်း ကြိုးများကို ဖြတ်တောက် ပစ်၍ မီးပွိုင့် များကိုလည်း ပိုမို ရိုက်ခွဲ ခဲ့ကြသည်။ ချက်ချင်းပင် မြို့တော် နေရာ အနှံ့ အပြားမှ မီးခိုးလုံး မဲကြီးများ တလူလူ တက်လာသည်။

ထိုနေ့ မွန်းလွဲပိုင်း ၌ ကရင်ပြည်နယ် မြို့တော် ဖားအံ မြို့တွင် စခန်းချထားသော တပ်မ ၂၂ မှ တပ်သား အမြောက်အမြား သည် ကားများနှင့် ရောက်ရှိလာကြသည်။ ထို့နောက် ယင်းမြို့တွင် အခြေစိုက်သော တပ်မ ၄၄ မှ လည်းကောင်း၊ ရန်ကုန်မြောက်ဘက် မှော်ဘီ လေတပ်စခန်း ရှိ တပ်မ ၇၇ မှ လည်းကောင်း၊ အထူး တပ်သားများ ရောက်ရှိ လာကြသည်။ သံချပ်ကာ ကားများမှာ သမ္မတ နေအိမ်တော် နှင့် ဦး နေဝင်း၏ အေဒီလမ်းရှိ အင်းလျား ကန် အနီးမှ နေအိမ် တို့ကို စောင့်ကြပ် နေရာယူထားသည်။ မြို့လယ်သို့ ကျောင်းသားများ ထပ်မံ၍ အင်အား မဖြည့်ဆည်း နိုင်ရန် ရွှေတိဂုံ ဘုရားလမ်း တလျှောက်တွင် ဘရင်း ကယ်ရီယာများဖြင့် စောင့်ကြပ် ပိတ်ဆို့ထားသည်။

အနောက် ဂျာမန် ကမ္ဘာလှည့် ခရီးသည် တစ်ဦးဖြစ်သူ သောမတ်စ်သည် ရွှေတိဂုံ ရင်ပြင်၌ အင်္ဂလိပ်လို ရေးထားသော စာတမ်းတစ်ခုကို တွေ့ရှိ၍ သူ့မှတ်စု စာအုပ်တွင် ကူးယူ လာခဲ့သည်။ ထိုစာတမ်းတွင် တက္ကသိုလ် ကျောင်းသားများ က ကမ္ဘာ့ကုလသမဂ္ဂ မှ တဆင့် တိုင်းမ် မဂ္ဂဇင်း အယ်ဒီတာ ထံသို့ အကူအညီ တောင်းခံထားသည်။

S.O.S To Editor Time

c/o UN

Help us!

Burma University Students

မြင်မြင်သမျှ လူများကို ဖမ်းဆီးရန် အာဏာပိုင် များက အမိန့် ပေးထားပုံ ရသည်။ သောကြာနေ့ မွန်းလွဲပိုင်း ဖြစ်သည့် အတွက် ထောင်နှင့် ချီသော မူဆလင် များသည် ဆူးလေ ဘုရား အနောက်ဘက် ကုန်သည်လမ်း တစ်ဝိုက်ရှိ ပလီများတွင် ‘ဂျူမ’ ဘုရား ရှိခိုးပြီး ပြန်လာချိန် ဖြစ်သည်။ ဘုရား ရှိခိုးပြီး ပြန်လာ သူများကို အချုပ်ကား၊ လော်ရီကား များနှင့် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အင်းစိန်ထောင် မဆန့်တော့သည့် အခါ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် လမ်းပေါ်မှ ပြည်သူများကို ရန်ကုန်မြို့ မြောက်ဘက် ကီလိုမီတာ ၁၀၀ ဝေးသော သာယာဝတီထောင်သို့ ပို့ဆောင် ချုပ်နှောင် ထားလိုက်သည်။

အုံကြွမှု ကြီးကို ဦးဆောင် သည်ဟု သံသယ ရှိသူများအား မင်္ဂလာဒုံရှိ နာမည်ကြီး အကျဉ်းထောင် ‘ရေကြည်အိုင်’ သို့ အပို့ခံ ရပြီး ခရီး ဆုံး ကြရသည်။ ယင်း ထောင်မှာ ကြောက်မက်ဖွယ် သူရဲဖြစ်သော စစ်ထောက်လှမ်းရေး အဖွဲ့၏ ကြီးစိုးရာ နေရာ ဖြစ်သည်။

ရန်ကုန်မြို့တွင် တာဝန်ကျနေသော မူဆလင် နိုင်ငံတစ်ခုမှ သံတမန် တစ်ဦးက သူ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ အစီရင် ခံရာတွင် ပြည်သူများကို ဖမ်းဆီးရန် အမိန့် ပေးပုံ ကို ဤသို့ကောက်ချက်ချ ထားသည်။

“လူစု လူဝေးဟူသော ဝေါဟာရသည် တောင် အာရှတိုက် နွယ်ဖွား များကို ဆိုလိုရာရောက်နေသည်။ ထိုသူများ အားလုံးလိုလိုသည် နိုင်ငံခြားသားမှတ်ပုံတင် ကဒ်ပြားများ ကိုင်ဆောင် ထားသည့် နှိမ်ထားခြင်း ခံရသူများ ဖြစ်ကြသည်။ ၁၉၈၂ ခုနှစ်တွင် အတည်ပြုသော နိုင်ငံသား ဥပဒေ ပုဒ်မ အရ ဧည့်နိုင်ငံသား ဟု ဆိုကာ စွန့်ပယ်ခြင်း ခံရသော မြန်မာ ပြည်သူများ ဖြစ်ကြသည်။ အများစုမှာ ရန်ကုန် မြို့လယ် တဝိုက်တွင် လမ်းဘေး ဈေးသည် အဖြစ်ဖြစ်စေ၊ နေ့စား အလုပ်သမား အဖြစ်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပြုကြရသည်။ မြို့တွင်း၌ ဖြစ်ပေါ်နေသော လှုပ်ရှားမှု တို့က မူဆလင်များ အတွက် ပြဿနာ တစ်ရပ် တိုးလာစေသည်။ အဘယ့်ကြောင့် ဆိုသော် သောကြာနေ့ ဘုရားရှိခိုး အပြီးတွင် လမ်းမပေါ်သို့ စုပြုံ ထွက်လာသော မူဆလင်များသည် အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံ များဖြင့် ညံနေသော ဆန္ဒပြပွဲများ အလယ်တွင် အမှတ်မထင် ရောနှောကာ ချောင် ပိတ်မိ၍ ဖြစ်သည်။”

ဆန္ဒပြပွဲများတွင် ပါဝင် လှုပ်ရှားရန် မြို့တော် ရန်ကုန်သို့ ရရာ ကားကြုံ၊ ရထားကြုံ စီးပြီး ဆင်းလာ ကြသော အထက် အညာ တက္ကသိုလ် များမှ ကျောင်းသားများ မှာ ကုသိုလ်ကံ ကောင်းသည်ဟု ဆိုရမည်။ မန္တလေး တက္ကသိုလ်မှ ကျောင်းသား ၇၀ နှင့် ပျဉ်းမနား ရေဆင်း တက္ကသိုလ်မှ ကျောင်းသား ၂၀ တို့ကို သက်ဆိုင်ရာက ရန်ကုန်မြို့ အနီးရှိ လှည်းကူး ဘူတာ မှ တားဆီး၍ နေရပ်သို့ ပြန်ပို့ လိုက်ကြသည်။

အဓိကရုဏ်း ၇ရက် မြောက်သောနေ့ ဖြစ်သည့် သောကြာနေ့ ညပိုင်းတွင် ရန်ကုန်မြို့သည် စိတ်တုန်လှုပ် ချောက်ခြားဖွယ် တိတ်ဆိတ် ငြိမ်သက်နေသည်။ မြန်မာ့ အသံ အဆောက်အဦး အနောက်ဘက် ရှိ ကြံတော သုဿန် မီးသင်္ဂြိုလ်စက်၏ မီးခိုး ခေါင်းတိုင်မှ မီးခိုးလုံးကြီးများမှာ အဆက်မပြတ် တလူလူ ထွက်လျက် ရှိသည်။ ပစ်ခတ် သတ်ဖြတ်ပွဲမှ လူသေ အလောင်းများကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်၏။ ထောင်နှင့် ချီပြီး အဖမ်း ခံခဲ့ရသောကြောင့် လမ်းတကာတွင် လူသူ ကင်းရှင်း နေသည်။ ညမထွက်ရ အမိန့်ကို တရားဝင် ကြေညာခြင်း မရှိဘဲ အစိုးရကားများက တစ်လမ်းဝင် တစ်လမ်းထွက် အသံချဲ့စက် ဖြင့် မြို့နေ လူအပေါင်း တို့အား လမ်းပေါ်သို့ မထွက် ကြရန် အမိန့်ပေး ကြေညာလျက် ရှိသည်။ ပြည်သူများက လမ်းပေါ်သို့ မထွက် ကြတော့ သော်လည်း ပထမဆုံး လူထု အုံကြွမှုကြီးမှာ ရန်ကုန်တစ်မြို့လုံးကို ကိုင်လှုပ် နိုင်ခဲ့သည်။ အမျက်ဒေါသ ထွက်နေသော ပြည်သူ တစ်ရပ်လုံး၏ ပစ်မှတ် မှာ လုံထိန်းများ၏ အကြီးအကဲ လည်း ဖြစ်၊ ဦးနေဝင်း၏ လူယုံလည်း ဖြစ်နေသော ဦးစိန်လွင် သာ ဖြစ်တော့သည်။ တိုက်ဆိုင်မှု သက်သက်ဟု ဆိုရမည်မှာ အရေးအခင်း စတင်ခဲ့ရာ ကြို့ကုန်း အနောက်ပိုင်းရှိ လက်ဘက်ရည်ဆိုင် အမည်သည် ‘စန္ဒာဝင်း’ ဖြစ်ပြီး ဦးနေဝင်း အချစ်ဆုံး သမီး၏ အမည်သည်လည်း ‘စန္ဒာဝင်း’ ဖြစ်နေခြင်း ဖြစ်သည်။


ပြည်ပတွင် ထုတ်ဝေ ဖြန့်ချီခဲ့တဲ့ (၁၇) နှစ်မြောက် အာဇာနည် ဖုန်းမော်နေ့ လက်ကမ်း စာစောင်မှ ကောက်နှုတ်ချက်များ။

၁။ မောင်ဖုန်းမော်- ၂၅နှစ် (ဆေးရုံ မရောက်မီ သေဆုံး) ပဉ္စမနှစ် ရန်ကုန် စက်မှု တက္ကသိုလ်-ဓာတု အင်ဂျင်နီယာကျောင်းသား။

၂။ မောင်စိုးနိုင်- ၂၂နှစ် ( ဆေးရုံတွင် ခွဲစိတ် ကုသမှု ခံယူပြီးနော် ၅-၄-၈၈ နေ့တွင် သေဆုံးသည်) ပဉ္စမနှစ် စက်မှု တက္ကသိုလ်- သတ္တု တူးဖော်ရေး ကျောင်းသား။

၃။ မောင်မြအောင် - ၂၃နှစ်၊ တတိယနှစ် ရူပဗေဒ ကျောင်းသား၊ အိုအေစစ် အဆောင်၊ အနောက်ကြို့ကုန်း။

၎။ မောင်မြသင်း-၁၉နှစ်၊ ပထမနှစ် စက်မှု တက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှု တက္ကသိုလ် ကျောင်းသား။

၅။ မောင်မြင့်ဦး- ၂၃နှစ်၊ နောက်ဆုံးနှစ် စက်မှု တက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှု တက္ကသိုလ်ဝင်း။

၆။ မောင်ဌေးဝင်း-၂၁ နှစ် ဒုတိယနှစ် စက်မှု တက္ကသိုလ် ကျောင်းသား။

၇။ မောင်သန်းဝင်း -၂၂နှစ်၊ နောက်ဆုံးနှစ် စက်မှု တက္ကသိုလ် ကျောင်းသား။

၈။ မောင်ဇော်ဝင်း- ၂၈နှစ်၊ အရပ်သား၊ ဘီ ၉၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။


(၂) စိုးနိုင်- ဒဏ်ရာ ရပြီးနောက် မကျဆုံးမီ ပြောဆိုသွားသော စကားများ

“ကျနော်တို့ ထွက်ပြေးသည့် နောက်ဘက်မှ လှမ်းပစ်သည်ကို ခံလိုက်ရသဖြင့် ကျောတွင် ပူကနဲ ဖြစ်သွားပါသည်။ နောက်မှ ပြေးရင်း အောင့် လာ သဖြင့် လက်ဖြင့် စမ်းကြည့် ရာ လက်တွင် သွေးများ ပေနေပါသည်။ သွေးများ ယိုစီးလာ ပြီးနောက် နာကျင်လာသဖြင့် ငါတော့ ထိသွားပြီလို့ ပြောသည့် အခါ သူငယ်ချင်းများက ဆရာ တစ်ယောက် အိမ်သို့ ပွေ့သွားပါသည်။

ဆေးကုသ ခံနေရစဉ် အတွင်း ခြေထောက်ကို လက်ထိပ်ဖြင့် ခတ်ထားသဖြင့် စိတ်မချမ်းမြေ့ ဖွယ်ရာများ ခံစား နေရပါသည်”

(စိုးနိုင်သည် ၁၄.၃.၈၈ နေ့ နံနက် ၁:၂၅ နာရီတွင် ဆေးရုံသို့ တက်ရောက်ခဲ့ပြီး ၅.၄.၈၈ ညနေ ၆း၃၀ နာရီတွင် ကွယ်လွန်သည်။)


(၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များ

အချို့ တပ်ဖွဲ့ဝင်များ၏ အပြုအမူနှင့် အမူအရာ များမှာ ကျောင်းသားများ ကိုသာ ဦးတည် နှိမ်နင်းသည့် အမူအရာကို ပြသ သည်ဟု ယူဆဖွယ် ရှိပါသည်။ အနီးအနားတွင် ရှိနေသော ဆရာ အချို့၏ အဆိုအရ လုံထိန်း တပ်ဖွဲ့ဝင် များသည် ကျောင်းသား အုပ်စုကိုသာ အဓိက ဦးတည် လိုက်ခြင်းကြောင့် မူလက မျှော်မှန်းထားသကဲ့သို့ အရပ်သားများ ကိုရော၊ ကျောင်းသားများကိုပါ လူစု ခွဲလိမ့်မည်ဟု အထင် ရှိ နေသည့် ကျောင်းသားများ သည် လုံထိန်း တပ်ဖွဲ့ဝင် များ အပေါ် ဒေါသ ဖြစ်ကာ ကျောင်းသားနှင့် လုံထိန်း အပြန်အလှန် ခဲပေါက် သည်ကို တွေ့ရပါသည်။

ထို့ကြောင့်လည်း ကျောင်းသားများက စတင်၍ ခဲများဖြင့် ပစ်ပေါက်ကြ၍ လုံထိန်း တပ်ဖွဲ့ဝင်များ ကလည်း ကျောင်းသားများ ပစ်သော ခဲများဖြင့် ပြန်လှန် ပစ်ခတ်ခြင်း ပြုရာမှ အစ ကျောင်းသားများ နှင့် အရပ်သား အဓိကရုဏ်း အသွင် မှ ကျောင်းသားများနှင့် လုံထိန်း တပ်ဖွဲ့ဝင်များ အဓိကရုဏ်း အသွင် သို့ ကူးပြောင်း သွားသည်ဟု ကော်မရှင် က သုံးသပ်ပါသည်။

လူစု ခွဲရာ၌ မျက်ရည်ယို ဗုံးများဖြင့် စတင် ပစ်ခတ်ကြောင်း၊ လေ တိုက်ခတ်မှုကြောင့် မျက်ရည်ယိုဗုံးများမှာ ထိရောက်မှု မရှိဘဲ လူစု ကွဲ မသွားသဖြင့် ၁၂ ဘိုး ရီမင်တန် ပြောင်းချော သေနတ်များဖြင့် ပစ်ခတ်ကာ လူစု ခွဲ လိုက်ရကြောင်း၊ ထိုသို့ မဆောင်ရွက်မီ လူစု ခွဲကြရန်နှင့် လူစု မခွဲလျှင် အင်အား သုံး၍ လူစု ခွဲရပါမည်ဟု လည်းကောင်း၊ ၁၀ မိနစ် ခြား နောက်ထပ်မံ၍ လူစု ခွဲကြရန်နှင့် လူစု မခွဲလျှင် မျက်ရည်ယိုဗုံး ပစ်၍ လူစု ခွဲမည်။ လူစု မကွဲလျှင် သေနတ်ဖြင့် ပစ်ခတ်မည် ဟူ၍ လည်းကောင်း၊ ၃ကြိမ်စီ သတိပေး ကြေညာကြောင်း အဓိကရုဏ်း နှိမ်နင်းရေး တပ်စုမှူးက ဆိုပါသည်။ လူစုခွဲရန် အမိန့်ကို လိုက်နာရန် တာဝန် ရှိသည့် ကျောင်းသားများ ကမူ ယင်းသို့ ကြေညာ သည်ကို မကြား ရကြောင်း ထွက်ဆိုသည့်အပြင် ပတ်ဝန်းကျင် ရှိ ဆရာ အချို့ကလည်း ထိုကဲ့သို့ သတိပေး ကြေညာသည့် အသံကို မကြားရကြောင်း လက်ပစ်ဗုံး ပစ်သံနှင့် တစ်ဆက်တည်း သေနတ်သံ ကဲ့သို့ အသံများ ကြားရသည့် သဘော ထွက်ဆို ထားကြပါသည်။ ထိုကြောင့် လူစုခွဲသည့် ပုဂ္ဂိုလ်က သေနတ် မပစ်မီ ကြိုတင် သတိပေး ကြေညာရာ၌ လိုက်နာရန် တာဝန်ရှိသော ကျောင်းသားများ ကြားနိုင်အောင် ကြေညာ သင့်သည်ဟု ကော်မရှင်က သုံးသပ် ခဲ့သည်။

ယခု အရေးအခင်း၌ အဓိကရုဏ်း နှိမ်နင်းရာတွင် ပါဝင် ကွပ်ကဲ ဆောင်ရွက် သည့် ပုဂ္ဂိုလ်များမှာ တပ်မတော် မှ ပြည်သူ့ ရဲတပ်ဖွဲ့ သို့ အသွင် ကူးပြောင်းလာသည့် ပုဂ္ဂိုလ် များ ဖြစ်ကြောင်း တွေ့ရှိ ရသည်။ ထို့ပြင် အဓိကရုဏ်း နှိမ်နင်းသည့် အတွေ့အကြုံ မရှိခဲ့သေးကြောင်းလည်း ကော်မရှင်မှ မေးမြန်း၍ သိရပါသည်။ ထို့ကြောင့် အဓိကရုဏ်း နှိမ်နင်းရာတွင် မြို့ပြ အင်အားကို အသုံးပြု ဆောင်ရွက် ရာ၌ လိုက်နာ ရမည့် အဆင့်ဆင့်သော အချက်များကို တပ်အင်အား ဖြင့် နှိမ်နင်းသည့် နည်းလမ်းများဖြင့် ရောထွေးကာ ကိုင်တွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်နိုင်သည် ဟုလည်း ကော်မရှင် က သုံးသပ် ပါသည်။

အမိန့်ပေးသူ- ရန်ကုန်တိုင်း ပြည်သူ့ ရဲတပ်ဖွဲ့ မှူး ဦးဖေကြည်။

Field commander မှာ အဓိကရုဏ်း နှိမ်နင်းရေး တပ်စုမှူး ဦးအောင်မြင့်။

သေနတ်ဒဏ်ရာနှင့် လဲနေသော မောင်မြသင်း၊ သေနတ် မှန်မည် စိုး၍ ပုန်းကွယ်ဝပ်နေကြသော မောင်ဇော်ဝင်း၊ မောင်ဌေးဝင်း၊ မောင်သန်းဝင်း တို့ ကဲ့သို့သော အန္တရာယ် မပြုနိုင်တော့သည့် သူများကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင် လူငယ် အချို့က တုတ်ဖြင့် ရိုက်ခြင်း၊ ခြေဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်ခြင်း စသည်တို့ကို ဆက်လက် ပြုမူခြင်းမှာ မပြုလုပ်သင့် ဟု ဆိုခဲ့ပါသည်။

* * * * * * * * *

ဘာတီးလင့်တနာ Bertil Lintner- "Outrage Burma struggle for Democracy" first Burmese edition published in the UK in 1990 by Peacock press, Edinburgh. Scotland စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၁) “ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်” ကို မူရင်းအတိုင်း မျှဝေပါသည်။
လင့်-https://www.box.com/shared/6mn6mkbn7h

ဓာတ်ပုံ- အင်းလျားကန်ဘောင် အောက်မေ့ဖွယ် အခမ်းအနားတွင် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူခဲ့ကြပုံ (၁၉၈၈ စက်တင်ဘာ ၅ရက်)

ဆက်လက် ဖော်ပြပါဦးမည်။
လေးစားစွာဖြင့်
ကျော်နိုင်
June/29/2013




စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံ လိုက်ရ တာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။
တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေး အသု ဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေး ရဲ့အကိုက မသေပါဘူး။
သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)
ဧရာဝတီ

ခရိုင်မီးယား ရောဂါ မြန်မာပြည်သို့ ရောက်လာလေမည်



Minmaha Bagan

ယနေ့ နိုင်ငံတကာမှ လူမှု့ အသိုင်းဝိုင်းတခုလုံး ပြောနေကြသော အကြောင်းမှာ ရုရှားတပ်များ အဓမ္မ၀င်ရောက်လာသော ယူကရိန်းတိုင်းပြည်အကြောင်းဖြစ်သည်။
ရုရှားတပ်များ ယူကရိန်းနိုင်ငံ နယ်စပ် ပြည်နယ်တခုဖြစ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်မီးယားသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းမှာ အချုပ်ခြာအာဏာ အာ ထိပါး ဖဲ့ချွေမှုတခုဖြစ်ကြောင်း အမေရိကန်အစိုးရမှ လေလုံးကြီးများဖြင့် ပင့်ပေးနေလေသည်။

လက်ရှိ မြန်မာ နိုင်ငံတွင်းနေထိုင်ကြသူများ သိသာရန် စာရေးသူ ထောက်ပြရသော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ဒေသနှင့် တထပ်တည်းနည်းပါးမျှ တူနေသော အခြေနေဖြစ်လေ၏။ အကြောင်းမှာ ယူကရိန်းလက်ရှိနိုင်ငံသည် တချိန်က ရုရှားခေါ် ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တခုဖြစ်ခဲ့လေသည်။ သို့သော် ၁၉၉၀ ခုနှစ် ဂျူလိုင်လ ၁၆ ရက်နေ့တွင် Declaration of State Sovereignty of Ukraine ကိုယ်ပိုင်အချုပ်ချာပိုင် အုပ်ချုပ်ရ ဒေသအဖြစ် ယူကရိန်းမှ ရုရှားက ခွဲထွက်ရန် ပထမဆုံး ကြေငြာနိုင်ခဲ့လေသည်။ တထပ်တည်းဆိုရသော် ၂၀၀၀ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်နယ်ချင်းထိစပ်နေသော ၀ ဒေသအား အထူးအုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ကြေငြာခဲ့သော အနေထားနှင့် ထပ်တူနီးပါးမျှ ဆင်တူနေလေသည်။

သို့သော် ယူကရိန်းမှာ ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် Act of Independence လွတ်လပ်ရေး ဆိုင်ရားကိုယ်ပိုင်ပြဌာန်းခြင်း ဥပဒ အား အသက်ဝင်အောင် ဆောင်ရွက်ခဲ့ကြပြီး ရှုရှားနိုင်ငံရေး အတွင်းပိုင်း ရှေးရိုးစွဲဝါဒီများ၏ အာဏာသိမ်းရန် ရုရှားသမ္မတ မီခေးလ် ဂေါဘာချောပ့်အား ကြံစည်ကြိုးပမ်းကြသော အရှုပ်ထွေးကာလမှာပင် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာပင် လုံးဝလွတ်လပ်သော အချုပ်ခြာပိုင်နိုင်ငံအဖြစ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ခရိုင်မီးယား ဒေသတွင်းမှ အနည်းငယ် ကန့်ကွက်သည်မှလွဲ၍ ၉၀ ရာနုံန်းကျော်ဖြင့် လကရှိ ယူကရိန်းလက်ရှိနိုင်ငံသည် ကိုယ်ပိုင်အချုပ်ချာ ပိုင်နိုင်ငံတခု ဖြစ်ကြောင်း နှင့် ပထမဆုံး ယူကရိန်း သမ္မတ Leonid Kravchuk to serve as the first President of the country လီအိုနက် ကရာချေ့က ကုလသမဂ္ဂ တွင် အတည်ပြုခံရပြီး နိုင်ငံတခုအဖြစ်သို့ ခွဲထွက်ရောက်ရှိခဲ့လေ၏။

ယနေ့ ယူကရိန်းနိုင်ငံတွင် လူဦးရေ ၅၁ သန်းခန့်၇ှိပြီး အဆိုပါလူဦးရေ၏ ၁၇ ရာနုံန်းမှာ ရုရှား လူမျိုးစု ရုရှားစကားပြောသူများဖြစ်ကြ၏။ မြန်မာနိုင်ငံတွင်လည်း ယနေ့ လူဦးရေ သန်းပေါင်း ၅၀ ခန့်ဟု ခန့်မှန်းပြောဆိုထားသော်လည်း လက်ရှိ ကိုယ်ပိုင် ၀ အထူးအုပ်ချုပ်ရေးဒေသမှ ၄င်းတို့၏ ထုတ်ပြန်ချက်အတိကျအရ ၀ လူမျိုးများ ၅ သိန်းမျှလောက်ရှိသောကြောင့် လက်ရှိတိုင်းပြည်၏ (မြန်မာပြည်) ၏ ၁၀ ရာနုန်းမျှ လူဦးရေဖြစ်ရပြီး ၄င်း ၀ ဒေသ၏ လူဦးရေ ၉၆ ရာနုံန်းမှာ တရုတ်ဘာသာစကားနှင့် တရုတ် စာပေးများ သင်ကြားရေးဖတ်ပြောဆိုကြောင်း ဖေါ်ပြထားလေသည်။

လက်ရှိ ယူကရိန်းတွင် ဖြစ်ပေါ်ခဲ့သော အရေးခင်းမှာ ရက်ပေါင်း ၄၀ မျှအကြာ အပြင်းထန် လူထုမှ ဆန္ဒပြတောင်းဆိုခဲ့ရသော အခြေနေတွင်း ရုရှားအစိုးရမှ နောက်ကွယ်တွင် ကြိုးကိုင် မောင်းနှင် ထိန်းကျောင်းနေသော သမ္မတ ယာနူကိုဗစ်ခ်ျက ယူကရိန်အကျိုးစီးပွါးတွေထက် ရုရှားအကျိုးစီးပွါးကို ဦးစားပေးလွန်နေတာကြောင့် ယူကရိန်နိုင်ငံ၏ အနာဂတ်တွင် ဥရောပ သမ၈္ဂ နိုင်ငံများနှင့် ပူးပေါင်းနိုင်ဖို့ရော နေတိုး စစ်မဟာမိတ်နိုင်ငံတခုအဖြစ် အဖွဲ့ဝင်ဖြစ်လာနိုင်ဖို့ကိုရော နောက်နှေးအောင် ကန့်သတ်ချုပ်ချယ်ထားပြီး ရုရှား ထောက်လှမ်းရေးများဖြင့် တတိုင်းတပြည်လုံးအား ချုပ်ကိုင်ချယ်လှယ်နေတာကြောင့်လို့ ဖေါ်ပြကြပါတယ်။

သို့တင်မက သမ္မတ ယာနူကိုဗစ်ခ်ျက ယူကရိန်းအစိုးရရဲ့ အများပြည်သူပိုင်ဆိုင်တဲ့ ငွေပေါင်း အမေရိကန်ဒေါ်လာ (၇၅) ဘီလီယံကျော်ကို ရုရှား အစိုးရပိုင် ဘဏ်တွေထဲမှာ လွဲပြောင်းထည့်သွင်းထားကြောင်းကို လက်ရှိ ယူကရိန်း အစိုးရသစ်၏ ၀န်ကြီးချုပ် မစ္စတာ ရာဆန်ယွတ်က အတိလင်းထုတ်ဖေါ်ပြောဆိုပြီး တရားစွဲဆိုထားခဲ့ပါတယ်။ ထို့အပြင် တိုင်းပြည်မှ ရစရာရှိ၍ ရရှိလာသော နိုင်ငံခြားအကြွေးမြီ အမေ၇ိကန်ဒေါ်လာ ၃၇ ဘီလီယံကိုလဲ ရှုရားရုပ်သေး အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ထွက်ပြေးသွားသော သမ္မတ ယာနူကိုဗစ်ခ်ျက တပါတည်း ယူသွားကြောင်း သက်သေခံထားကြပါတယ်။ မြန်မာပြည်မှာလဲ မြန်မာစစ်အာဏာရှင်နှင့် ၄င်းမိသားစုအပြင် အဆင့်မြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတစုမှာလည်း နိုင်ငံတော်ပိုင် ငွေကြေးအတော်များများနဲ့ အဖိုးကြီးမားသော တွင်းထွက် ကျောက်မြက်ရတနာများကို တရုတ်ပြည်မှာ အဓိက အပ်နှံထားကြတယ်ဆိုတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုပင် ဆင်တူလွန်းလှပါတယ်။

ရုရှားရဲ့ ရုပ်သေးလေးဖြစ်ခဲ့သော ယူကရိန်း သမ္မတ ယာနူကိုဗစ်ခ်ျက ၄င်း အာဏာမစွန့်လွှတ်ရေးအတွက် ရုရှားလက်ဖြောင့်စနိုက်ဘာသမားများကိုခေါ်ယူပြီး ဆန္ဒပြနေကြတဲ့ ပြည်သူများကို အမှည့်ကြွေ ပစ်ခတ် ချွေချခဲ့တဲ့ လူဦးရေမှာ (၅၀၀) ကျော်မျှလောက် ရှိနေပါတယ်လို့ ယနေ့တက်လာတဲ့ ယူကရိန်း အစိုးရရဲ့ ယာယီ စုံစမ်းစစ်ဆေးမှုတွေက သက်သေခံထားကြပါတယ်။ မြန်မာနိုင်ငံမှာလဲ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများကို ချေမှုန်းဖို့ရာမှာလည်း မြန်မာ့တပ်မတော်က တရုတ်ပြည်မှ လက်နက်ခဲယမ်း ယာဉ် ပစ္စည်း ကရိယာများကို အသုံးပြု နေခဲ့ကြတာတင်မက ၀ ဒေသမှ ၀ လက်နက်ကိုင် အင်းအားများကိုပါခေါ်ယူပြီး ရှမ်းပြည် လက်နက်ကိုင် အဖွဲ့စည်းများကို တိုက်ခိုက် ချေမှုန်းရာမှာ အသုံးပြုခဲ့ကြပုံများနှင့် ထပ်တူနီးပါးမျှ တူနေပြန်ပါတယ်။

မနက်ဖြန်တွင် ဆက်လက်၍ နိဂုံး ဒုတိယပိုင်းအား လက်ရှိ မြန်မာ့တပ်မတော်နှင့် ၀ တပ်မတော်တို့၏ သတင်းအချက်လက်များနှင့်အတူ တင်ဆက် နိုင်ယှဉ် တင်ပြပေးပါမည်

ဆက်လက် စောင့်မျှော် ဖတ်ရှု့မည်ဟု ယုံကြည်ပါသည်

ဂိုလ်ရှယ်လေး



ခရိုင်မီးယား ရောဂါ မြန်မာပြည်သို့ ရောက်လာလေမည်
=============================

နိဂုံးပိုင်း

ဂိုလ်ရှယ်လေး

တပ်မတော် အကြီးကဲများ ဖြစ်ခဲ့သော ထောက်လှမ်းရေး ဗိုလ်ချုပ် ယခု (ဦးခင်ညွန့်)မှ ၀ ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သော ကြောင့် ယနေ့တိုင် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ ခေါင်းဆောင်များ သဘောကျ နှစ်သက်နေလျက် ရှိနေသည့်အပြင် ဦးခင်ညွန့်ထံသို့ ပုံမှန် ၀င်ထွက်လျက်၇ှိနေသည်ကို စာရေးသူ သိရသည်။

တချိန်က အာဏာသိမ်းခဲ့သော န၀တ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) ပြီးနောက် နအဖ (နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့) တို့မှ ၄င်းတို့ အနေဖြင့် အပြစ်မဲ့သော ကျောင်းသားပြည်သူ ရဟန်း တို့ပေါ် ကြူးလွန်ထားသော ရာဇ၀တ်မှုမြောက်သည့် ဖိနှိပ်ရက်စက်မှုတို့အား နိုင်ငံတကာမှ အရေးယူ ဒဏ်ခတ် ၀င်ရောက်ပတ်သက်လာလျှင်..တရုတ်ပြည်အစိုးရ၏ စစ်ရေး နိုင်ငံရေးအထောက်ပံ့များ လွယ်လင့်တကူ ရယူနိုင်ရန်အလို့ငှာ ယခင် ကချင်၊ ရှမ်းနှင့်တင်မက တရုတ် မြန်မာ နယ်ခြား ၀န်းကျင်မှ အခြားသော တိုင်းရင်းသားတို့နှင့် တဖက်လှည့် ငြိမ်းချမ်းရေးလုပ်ငန်းများလုပ်ခဲ့ပြီး တရုတ်ပြည်ကြီးနှင့် ရွှေလမ်းငွေလမ်းဖေါက်နိုင်ရန် ၀ ဒေသတခုလုံးအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်မြေအဖြစ် သတ်မှတ်ပြထားပေးထားပြီး အနှောက်ယှက် မရှိအောင် ယာယီ ချွေးသိပ်ခဲ့ရာမှ ယနေ့ ၀ တို့၏ ပြင်ဆင်မှုသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်သွားသော မြန်မာပြည်ကွန်မြူနစ်ပါတီ၏ ချုပ်ကိုင်ထားမှု နောက်ပိုင်း ကြီးမားသော တရုတ်ပြည်မှ ကျားကန် အထောက်ပံပေးထားသည် အဖွဲ့ကြီးဖြစ်နေလေသည်။

လက်ရှိ ယနေ့ ၀ ဒေသ၏ စစ်အင်အားမှာ တဖြေးဖြေးနှင့် ကြီးသထက် ကြီးလာနေလေပြီ…လက်ရှိအခြေနေမှာပင် ၀ တပ်မတော်၏ စွမ်အင်အပြည့် လက်နက်အပြည့်စုံဖြင့် အဆင်သင့်ရှိနေသော အင်အားမှာ လေးသောင်း ငါးထောင်မျှ ရှိသည်ဟု အမေရိကန် စိအိုင်အေမှ တင်သွင်ထားသော အစီ၇င်ခံစာတွင် ဖေါ်ပြထားလေသည်။

ဝဒေသ တွင်းရှိ နေထိုင်နေသော လူမျိုးများမှာ မြန်မာနိုင်ငံ ၀ လူမျိုးများအဖြစ်ဟု ပြောဆိုနေကြသော်လည် တကယ့်လက်တွေ့မှာ ၀ဒေသမှတ်ထုတ်ပေးထားသော ၀ လူမျိုးရေး၇ာ မှတ်ပုံတင် နှင့် တရုတ်ပြည် မှတ်ပုံတင်များကိုင်ဆောင်ထားကြသော နိုင်ငံနှစ်ခု လူမျိုးတခုအဖြစ် လက်ရှိတည်၇ှိနေသော အခြေနေမှာ ၀ ဒေသ တခုလုံး၏ ၅၇ ရာနုံန်း ခန့်၇ှိသည်ဟု သိရ၏။

ဝ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသမှ လက်ရှိ စစ်အင်အား လေးသောင်း ငါးထောင်အပြင် ပြည်သူ့စစ် နှင့် နယ်မြေလုံခြုံရေးအရံတပ်ဖွဲ့များလည်း ရှိသေးသည်ဟု သိရပြန်သည်။ အဆိုပါ အရံတပ်ဖွဲ့ ဆိုသော ပြည်သူ့စစ် နှင့် နယ်မြေလုံခြုံရေးအင်းအားမှာ တစ်သောင်းဝန်းကျင်မျှ ရှိကြောင်း ၀ ဘက်ဆိုင်ရာ စစ်ရေးထောက်လှမ်းမှုများ ပြုလုပ်ခဲ့သော မြန်မာ နဆက မှ နောက်ဆုံး ၄င်းတို့ ဌာန ဖျက်သိမ်းခြင်း မပြုခင် တင်သွင်းသော အစီရင်ခံချက်တွင် ဖေါ်ပြထားလေသည်။

ဝ ဒေသတလျောက်တွင် လုံခြုံရေးနှင့် ခံစစ်စခန်းပေါင်း ၂၄၈ ခုအား ခေတ်မှီ ခိုင်မာစွာ တည်ဆောက်ထားသည့်အပြင် ၀ ဒေသ စစ်ရေးဆိုင်ရာ အရာ၇ှိများ၏ ၈၀ ရာနုံန်းမှာ တရုတ်ပြည်မှ တရုတ်ပြည်သူ့တပ်မတော်မှ အသွင်ပြောင်းလာသူများပါဝင်ပြီး တရုတ်ပြည်ဘက်တွင် စစ်ဘက်ဆိုင်ရာ အရာရှိသင်တန်းများ တက်ရောက်ထားသူများ ဖြစ်ကြောင်း ..လက်ရှိ ၀ဒေသ ဗဟိုနှင့် (၃) မိုင်မျှလောက် ဝေးသော တရုတ်ပြည်ဘက်မှ လာရောက်ပို့ချပေးနေသော အရာ၇ှိ အရာခံ စစ်ဗိုလ်လောင်းတက္ကသိုလ်ဟု ခေါ်ဆိုနိုင်သော ကျောင်းတခု အခိုင်မာ ၇ှိနေလေသည်။

ထို့အပြင် ၀ ဒေသ တွင် တရုတ်ပြည်မှ လာရောက်သင်ကြားပေးသော အထက်တန်းကျောင်း များထိပင်ရှိနေပြီး ထိုအထက်တန်းကျောင်းမှ အောင်မြင်သွားသူများ၏ ၅၀ ရာနုန်းကျော်မှာ တရုတ်ပြည်ဘက်သို့ ၀င်သွားကာ တရုတ် ကောလိပ်ကျောင်းများသို့ အလုပ်လုပ်ရင်း ကျောင်းဆက်လက် တက်ေ၇ာက်သင်ယူနေကြလေ၏။

ထိုထက် ပိုထူးခြားသော သတင်းတပုဒ်မှာ ၀ ဒေသမှ ထူးချွန်သော သူများ ၁၂၀၀ ကျော်လောက်သည် တရုတ်ပြည် ဘရင်ကျင်းမြို့ထိသို့ပင် သွားရောက်ကာ နိုင်ငံတကာဆက်ဆံရေးနှင့် အဆင်မြင့်နည်းပညာများအပါဝင် အုပ်ချုပ်စီမံခန့်ခွဲရေးဆိုင် သင်တန်းကျောင်းများ ကောလိပ်များတွင် တက်ရောက်သင်ကြားနေကြပြီး ၀ ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး (သို့မဟုတ်) တနေ့တချိန်တွင် ၀ ပြည်သွေးစည်းညီညွတ်သော ဒီမိုခရက်တစ်နိုင်ငံ ထူထောင်နိုင်၇န် လုံးပမ်း အားစိုက်နေကြောင်း India Time သတင်းစာကြီးတွင် ရေးသားဖေါ်ပြထားလေသည်။

လက်ရှိ နေပြည်တော်တွင် ၇ှိနေသော အစိုးရသည် ၀ ဒေသတွင်းသို့ ၀င်ရောက် စီမံခန့်ခွဲပိုင်ခွင့် ရှိသော ဥပဒေ အာဏာအကျိုးသက်ရောက်မှု လုံးလုံးမျှ ရ၇ှိ ဆောင်ရွက်ခွင့် ရှိသော ဥပဒေ၀န်ထမ်းများ တရားရုံးများ ကိုပင် ထားရှိခွင့် ဆုံးရှုံးနေ၇ပြီး ၀ ဒေသဘက်မှ တင်ပြလာသည့် အချို့သော ဘတ်ဂျက်ကိစ္စများကိုပါ ထပ်ဆောင်းပေးနေရသည်ဟု နေပြည်တော် မှ အကြီးတန်းဝန်ထမ်းတဦးက စာရေးသူအားပြောပြလေသည်။

လက်ရှိမြန်မာ့တပ်မတော်မှ အင်စတီးကျူးရှင်း ခေါ် တပ်မတော် မဏ္ဏိုင်တခုလုံးတွင် ဌာနခွဲပေါင်း ( ၂၆) ခု၇ှိသည်ဟု သိရသည်။ အဆိုပါဌာနခွဲများတွင် လိုအပ်သမျှ အရာအားလုံးတို့၏ (၈၀)ရာနုံန်းမျှသော အရာအားလုံးတို့အတွက် တရုတ်ပြည်အစိုးရကို အဓိက အားကိုးအားထားပြုနေရသော တပ်မတော် ဖြစ်နေလေသည်။ လက်ရှိတပ်မတော်မှ စီမံဆောင်ရွက်နေသော ဦးပိုင် ကုမ္မဏီ၏ ဖက်ဆပ် လုပ်ကိုင်မှုဆိုင်ရာ ကုမ္မဏီလုပ်ငန်းပေါင်း အမျိုးစားခွဲ (၃၆) ခုသည် တရုတ်ပြည်နှင့် ၆၈ ရာနုံန်းထိ တွဲဖက်လုပ်ကိုင်နေပြည် တရုတ်ပြည်မကို တိုက်ရိုက် အမှီသဟဲပြုကာ တိုင်းပြည်စီးပွါးရေးအား လက်ဝါးကြီး အုပ်ထားကြောင်း တွေ့၇ှိရသည်။

ယနေ့တပ်မတော်၏ တိုင်းပြည်အပေါ် စီမံကိုင်တွယ်နေသော အခြေနေများအား အသေးစိတ် လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ အနောက်ဘက်နှင့် တောင်ဘက်ဒေသတို့တွင်ရှိသော တိုင်းရင်းသား လက်နက်ကိုင်များအား တိုက်ခိုက်ချေမှုန်းခြင်း အပျော့ဆွဲဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းများ တည်ခင်းခြင်းဖြင့် တဖက်ကို ငြိမ်သက်အောင် လုပ်နေစေကာမူ ၀ ဒေသအား ၀ိုင်းပတ်ထိန်းချုပ်ထားရန် ရည်ရွယ်ချက်ဖြင့် မြန်မာပြည်၏ အရှေ့မြောက်ဒေသ ပိုင်းတွင် ရှိသော တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့များအား နာရီမလပ် နေစဉ် စစ်ခင်းခြင်း အင်အားသုံးသတ်ဖြတ်နေခြင်းများပြုလုပ်နေသောကြောင့် ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် ကယာပြည်နယ်အထက်ပိုင်းတို့မှ သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက်ပိုင်း ပြည်တွင်းစစ်ပြေး ဒုက္ခသယ် တသိန်း သုံးသောင်းမျှ ၇ှိနေကြောင်း ကုလသမဂ္ဂ ကူညီထောက်ပံရေးအဖွဲ့မှ လေ့လာကောက်ယူ စောင့်ကြည့်နေသော မှတ်တမ်းများက ဖေါ်ပြထား၏။

သို့သော် ယနေ့ မြန်မာ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်မှ ခေတ်မှီတိုးတက်သော တပ်မတော်အဖြစ် တည်ဆောက်ရန် အမေရိကန် အပါဝင် အခြားသော အနောက်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ အတော်သင့် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်နေလာပြီး မကြာသော ကာလတခုတွင် ကုလသမ၈္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာ့တပ်မတော်မှ ပါဝင်တာဝန်ထမ်းဆောင်နိုင်ရန် ခြေလှမ်းပြင်ဆင်နေခြင်းမှာ တရုတ်တို့ထံမှ စစ်လက်နက်အထောက်ပံများဖြင့် ၀ ဒေသမှ ကြီးမားသောလက်နက်ကိုင် အင်အားကို ထိမ်းချုပ်ကွပ်ကဲနိုင်ရန်ဆိုသော အမြင်ဖြင့် ကြိုးပမ်းနေရကာ ၀ ဒေသမှ တရုတ်တို့၏ အကာကွယ် အထောက်ပံ့ဖြင့် တိုင်းပြည်ထူထောင် ခွဲထွက်လာမည်ဆိုပါက နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ၀င်ရောက် ဖြေရှင်းပေးနိုင်ရန် နောက်ကျသော ဆင်ကြံ ဖြင့် လုပ်ဆောင်နေကြောင်း တွေ့နိုင်ပါသည်။ သို့သော် တရုတ်ပြည်အစိုးရ၏ ပြင်းထန်သော ဗီဒိုအာဏာကျင့်သုံးမှုအား မြန်မာစစ်ဘက်ဆိုင်ရာများ အလူးလဲ ခံရဖွယ် မမြင်ကြောင်း တွေ့ရသည်။

သို့တင်မက ၂၀၀၈ အခြေခံဖွဲ့စည်းပုံတွင်လည်း နိုင်ငံတော်၏ အရေးပေါ် ဖြစ်ပေါ်လာသော အခြေနေတရပ်အရ နိုင်ငံသားအားလုံး စစ်မှု မဖြစ်မနေ ၀င်ရောက်ထမ်းဆောင်ရမည်ဟု ပြဌာန်းထားသော အချက်မှာ သမာရိုးကျ မြင်နိုင်သော်လည်း ဖင်မနိုင်ပဲ ပဲဟင်းစားသကဲ့သို့ပင် အာဏာတည်မြဲရေးနှင့် မိမိ တို့ချမ်းသာကြွယ်ဝရေးကိုသာ ဦးတည်လုပ်ဆောင် ခဲ့သော ၂၃ နှစ်ကြာ စစ်အာဏာရှင် စနစ်၏ မှားယွင်းသော လုပ်ရပ်ကြောင့် နိုင်ငံတော် ရေရှည် လုံခြုံရေးနှင့် တည်တံ့ ခိုင်မြဲရေးဟု အကြောင်းပြထားသော ၄င်းဥပဒေ ၂၀၀၈ ပြဌာန်းထားချက်ထဲတွင် ထည့်သွင်းရခြင်းဖြစ်နေပြီး ၀ တို့ ခွဲထွက် ကာ တိုင်းပြည်ထူထောင်ရန် ကြိုးပမ်းလာပါက မြန်မာ စစ်ဘက်ခေါင်းဆောင်များ မိမိတို့ ကြီးပွားရေးကိုသာ အာရုံထားခဲ့သောအမှားယွင်းကြီး တခုအတွက် ဖာထေးပြင်ဆင်ရန်အတွက် လက်ရှိ ဆင်းရဲဒုက္ခ နေ့တဓူဝကြုံတွေ့နေရသော အရပ်သူ အရပ်သားများ၏ အင်အားကို အသုံးချကာ ၀ ဒေသ ပြန်လည် ရရှိရေးအတွက် အသက်ပေါင်းများစွာတို့ စတေးပေးဆပ် တိုက်ပွဲဝင်လာကြရန် အမျိုးသားရေး အသွင် မျိုးချစ် မာန်ကြွများအဖြင့် ၀ါဒမှိုင်းတိုက်ကာ ပြည်သူများအား ၀ ဒေသအတွက် တပ်မတော် မှ အသုံးချရန် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားကြောင်း စာရေးသူ တွေ့ရသည်။

အားလုံးကိုခြုံကြည့်သော် ယနေ့ ၀ ဒေသမှ ခေါင်းဆောင်များ ပြည်တွင်ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်ရှိနေသော တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့ အသီးသီးတို့၏ ကိုယ်စား (UNFC) ဟု ခေါ်သော ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီသို့ ၀င်ရောက်ပူးပေါင် နိုင်မှု မရှိရခြင်းမှာ ၀ တို့တွင် စနစ်တချ တရုတ်ပြည်မှ ချမှတ်ပေးထားသော လမ်းစဉ် အခိုင်မာပင် ရှိနေပြီ ဖြစ်ကြောင်း တွေ့ရပေမည်။

ထို့အပြင် ဖေါ်ပြပါ (UNFC) မှတောင်းဆိုနေသော ဖယ်ဒရယ် တပ်မတော်တခု ဖွဲ့စည်းရေးအား မြန်မာစစ်ဘက်မှ လက်ခံနိုင်ခြင်းမရှိသလို ၀ ဒေသ စစ်ဘက်ခေါင်းဆောင်များမှလည်း ပယ်ချထားသော အကြောင်းမှာ အဆိုပါ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် တခု ဖွဲ့စည်းပါက လက်ရှိ တပ်မတော်တွင်း ပြန်လည် စီမံဖွဲ့စည်းမှုနှင့် အကျိုးမြတ်များအား ခွဲဝေခံစားပေးရမှုတို့အား မြန်မာ့တပ်မတော်ဘက်မှ မလိုလားခြင်းနှင့် ၀ ဒေသ စစ်ဘက်ခေါင်းဆောင်များအနေဖြင့် ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော် ဖြစ်ပေါ်လာပြီး အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်ပါက ၄င်းတပ်မတော်၏ စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်နေရမည်ဖြစ်ပြီး ခွဲထွက်ကာ တိုင်းပြည်တခု ထူထောင်ရန်ဆိုသော အခြေနေတခု ပြက်ပြားသွားစေနိုင်ကြောင်း ရှင်းလင်းစွာ တွေ့မြင်၍ ပယ်ချထားခြင်းဖြစ်ကြောင်း သိသာပါသည်။

သို့ကြောင့် ယနေ့ ခရိုင်မီးယာပြသနာသည် လွယ်လွယ်နှင့် ဖြေရှင်း၍ မရအောင် ရုရှားတို့မှ ၀င်ရောက်ပတ်သက်ထားသကဲ့သို့ မြန်မာပြည်တွင်လည်း လွယ်လွယ်နှင့် ဖြေရှင်းမရသော စစ်အာဏာရှင်တို့၏ ခေတ်အဆက်ဆက် မိုက်မဲ မှားယွင်းမှုများအား အပြစ်မဲ့သော တိုင်းသူ ပြည်သားများ စတေးခံ အနာခံ၍ အနာဂတ်တွင် ဖြေရှင်းပေးရစရာများ ပေါ်ပေါက်လာနိုင်ကြောင်းပါ………

စာဖတ်သူများအား အထူးကျေးဇူးတင်ပါသည်

စာရေးသူ၏ စာလုံးပေါင်း မှားယွင်းချွတ်ချော်မှုများသည် စာရေးသူမှ အသဲသန်လုထားရသော အချိန်ကလေးဖြင့် ရေးသားတင်ပြနေရသောကြောင့် မှားယွင်းမှုများ ဖြစ်ပေါ်နေရကြောင်း ၀န်ခံပါသည်။

ဂိုလ်ရှယ်လေး