Sunday, March 9, 2014

လယ်တီသိမ်ဖျက်ယာဉ်များ

ဓါတ်ပုံ-ဧရာဝတီ

ဝန်ကြီးတင်မက ရပ်ကွက်အုပ်ချုပ်ရေးမှူးကတောင်ပါးရိုက်လို့ရတဲ့အစိုးရ

စုဖောင်ဒေးရှင်းရဲ့ နာယကများ

ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက မျိုးစောင့်ဥပဒေ ကို ပယ်ချ



(( The Voice Weekly ))

ဦးသိန်းစိန်က ဥပဒေကြမ်း ရေးဆွဲရန် ညွှန်ကြားထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေများကို အစိုးရက ပြဋ္ဌာန်းခြင်း မပြုရန် ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက ထုတ်ပြန် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (KWEG) တို့က မတ်လ ၈ ရက်နေ့ တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေများမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံးကို ပြက်ရယ်ပြု ထားခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအားလုံး မိမိလက်ထပ်မည့် သူကို ရွေးချယ်ရာ ၌ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ယင်းအတွက် အဆိုပါ ဥပဒေကြမ်းများကို ပယ်ချ ရန် လိုအပ်ကြောင်း ကရင်အမျိုးသမီး အဖွဲ့များက ထည့်သွင်း တောင်းဆို ထားသည်။

သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင်သင့်


ဆရာတော် Ven Candima

သံဃ အဖွဲ့အစည်းကြီးဟာ အောက်ခြေကနေ ခေါင်အထိ ပျက်စီးချင်တိုင်း ပျက်စီးနေတာတွေ အများကြီးပါ။ လူပုဂ္ဂိုလ်တွေ မသိမမြင်ဘဲ ရဟန်းတော်ချင်းသာ သိမြင်တဲ့ ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ ထင်ရှားတဲ့ ပြုပြင်စရာတွေကတော့ ရဟန်းတု ရဟန်းယောင်တွေ ပေါများလာတာ၊ လက်ဖက်ရည်ဆိုင်၊ ဈေး၊ ကားဂိတ်၊ ရထား ဘူတာ၊ ကားပေါ်၊ ရထားပေါ်တို့ကို သင်္ကန်းဝတ် အများအပြား အရက်ခိုးတွေ ဝေ့နေတဲ့ မျက်နှာတွေနဲ့ ဓားပြတိုက်သလို ပိုက်ဆံ အလှူခံနေတာ၊ မလှူရင်ပဲ ဖြစ်ဖြစ် လှူတာ နည်းရင်ပဲ ဖြစ်ဖြစ် ညစ်ညမ်းစွာ ဆဲဆို ကြိမ်းမောင်း သွား တာ၊ ဘောလုံးပွဲဒိုင်၊ ချဲဒိုင်ခံတာ၊ လူမြင်ကွင်း လက်ဖက်ရည်ဆိုင်တွေမှာ နေ့လွဲ ညစာတွေ ထိုင်စားတာ၊ အရက်သေစာ သောက်စားနေကြတာ၊ နယ်စပ်က သယ်ဆောင် လာတဲ့ ကားမှောင်ခိုသမားတွေဆီက ခေါက်ကြေး ပိုက်ဆံရ ယူပြီး မှောင်ခိုကားတွေ သယ်ပေး နေကြတာတွေ ဖြစ်ပါတယ်။..........

ဘုန်းတော်ကြီးတွေ အနေနဲ့ သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင် ပြီးခါမှ လူ့အဖွဲ့အစည်းကို ပြုပြင်သင့်ပါတယ်.........


အမျိုးသားရေးတရားတော်ဆိုတာဘုရားဟောထဲပါလား......


((( ရခိုင်ပြည်နယ် ၊ စစ်တွေမြို့သို့ ကြွရောက်လာမည့် ဆရာတော် ဦးဝီရသူအား ကြိုဆိုမည့် အစီအစဉ် ။ )))
************************
( 10 . 3 . 2014 ) တနင်္လာနေ့လေကြောင်းခရီးဖြင့် ကြွရောက်လာမည့်ဆရာတော် ဦးဝီရသူအား ရခိုင်စည်တေ
ာ်မင်္ဂလာ ( 6 ) ဝိုင်းနှင့်ရခိုင့်ရိုးရာဘာသာရေး ယဉ်ကျေးမှု ရခိုင့်အမျိုးသမီး ဝတ်ရွတ်အဖွဲ့မှလည်းကောင်း ၊ ရခိုင်အမျိုး
သားများအနေဖြင့် ဘာသာရေးယဉ်ကျေးမှုဖြစ်သော တိုက်ပုံအကျီင်္ ( သို့ ) လည်ကတုံးအကျီင်္များဖြင့် ကြိုဆိုပင့်ဆောင်
ခြင်းအားဖြင့် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုဖြင့်လည်းကောင်း ၊ ရခိုင်အမျိုးသမီးဟူသမျှ လုံချည်များကိုသာ ဝတ်ဆင်လာ
ကြပါရန်လည်း အထူးလိုအပ်ပါသည် ။
ဆရာတော် ဦးဝီရသူအနေဖြင့်စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် နှစ်ညတိုင်တိုင်ပင်
အမျိုးသားရေးတရားတော်များဟောကြားမည်ဖြစ်ကြောင်း သိရှိရသည် ။ ဆရာတော်အား ကြိုဆိုပင့်ဆောင်ရေးတွင်
လိုက်ပါမည် ဆိုပါက အောက်ပါအစီအစဉ်အတိုင်း စုရပ်နေရာသို့ လာရောက်နိုင်ကြပါရန် အသိပေးအပ်ပါသည် ။

အချိန် = နေ့လည် ၁၂ နာရီ အရောက်
နေ့ရက် = ၁၀ . ၃ . ၂၀၁၄ တနင်္လာနေ့
နေရာ = အတုလမာရဇိန် ပြည်လုံးချမ်း
သာ ဘုရားကြီး ဗိဗ္မာန်တော် ။

၎င်း စုရပ်နေရာမှတစ်ဆင့် ကြိုဆိုပင့်
ဆောင်မည့် စစ်တွေလေဆိပ်သို့ ကား
ဖြင့် ထွက်ခွါပါမည် ။

Arakan Thu Chay
9 . 3 . 2014
7 : 00 PM

ဦးသိန်းစိန်နှင့်ဒေါ်စုတွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည် နှင်သမ္မတဦးသိန်းစိန်.တွေဆုံ (၉.၃.၂၀၁၄)
***********************************************

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင် သမ္မတ ဦးသိန်းစိန် တို.သည် နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်၏ လယ်တောအိမ် တွင် ယနေ.ညနေ(၅း၀၀နာရီမှ၅း၅၀နာရီ)အထိ တွေ.ဆုံဆွေးနွေးခဲကြကြောင်းသတင်းရရှိပါသည် ၊ အဆိုပါကိစ္စနှင်.ပါတသက်ရ်ျ ဗဟိုအလုပ်အမှု.ဆောင် ဦးဝင်းမြင်. (တရားဥပဒေစိုးမိုးရေးနှင်.တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး) ထံသို.မေးမြန်းနိုင်ပါသည်။

National League for Democracy


ဟန်နာဘိခ်ျမလာဖို့ဒုဝန်ဦးရဲထွဋ်ကဗီဇာပိတ်

၎လနဲ့အပြီးလုပ်ဖို့ဦးသိန်းစိန်ညွန်ကြား



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

သမ္မတအတွက်ချက်ချင်းဆိုသလို National Agenda ဖြစ်သွားတာ ဘာကြောင့်ပါလိမ့် ။ ----------နေလို့လားတောင် ထင်ရလောက်အောင် တက်ကြွမြန်ဆန်လွန်းလို့ပါ။


မျိုးစောင့်ကို ဦးသိန်းစိန်က အပြီး ဆွဲစားလိုက်ပြီ ဆိုတော့ စာဖတ်သူနေသူကြီး ရဲ့ ၂၀၁၅ line-up ကို ဦးသိန်းစိန် ကို ပဲ ပြန်လည်ရွေး ချယ်လိုက်ပြီ ဆိုတာ သေခြာသလောက်ရှိသွားပါပြီ။ ဒီလောက် ဆို မသီတာထွေး ဖြစ်စဉ်က စလို့ ရခိုင်ပြည်နယ် က နေ နိုင်ငံ အနှံ့ အပြား မှာ ဖြစ်ပေါ် ခဲ့ တဲ့ လူမျိုးရေး ဘာသာရေး သွေးခွဲ မှိုင်းတိုက်မှုတွေ၊ အကြမ်းဖက် သွေးချောင်းစီး သတ်ဖြတ်မှုတွေ ရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ လက်သည်ကို မြင်လောက်ကြပါပြီ။ မကြာခင်မှာ ကာလ အတော်ကြာ အနားရနေပြီ ဖြစ်တဲ့ စွမ်းအားရှင်တွေ အမျိုးဘာသာကိုစောင့်ရှောက် ဖို့ တာဝန်အသီးသီးပြန်လည်ထမ်းဆောင် ကြတော့မှာပါ။

(( Thiha Thwe ))


ပြည်သူပိုင်အဆောက်အဦးကောင်းကောင်းမဆောက်ရင်အရေးယူဖို့အမေစုပြော


ယနေ့ 7Day မျက်နှာဖုံးသတင်း

IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကိုကန့်ကွက်



Eleven Media Group

IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြောင်း ပြောကြားကြသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ EGAT နှင့်တရုတ်ကုမ္ပဏီ (Sinohydro Corporation) ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး မီဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဟု သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁၀ ရှိသည့် အထက်သံလွင်(မိုင်းတုံ)စီမံကိန်း၊ မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိမည့် ဟက်ကြီးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ရှိသည့် နောင်ဖစီမံကိန်း စသည့် စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အိတုထဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်နော်သာရှီးက “ဒီရေအားလျှပ်စစ်စီမံကိန်းဖြစ်သွားရင် အသက်မွေးဝမ်းကျောင်း ထိခိုက်ရုံသာမကဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရေကာတာ ကျိုးပေါက်မှုဖြစ်လာခဲ့ရင် တစ်ရွာလုံးရေမြုပ်သွားမှာ သေချာတယ်။ ဒီမှာရှိနေတဲ့ သူတွေက စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး လာနေ နေရတာ။ ဒီကနေ ရေကာတာကြောင့် ထွက်ပြေးရမယ်ဆိုတာမျိုး မကြုံတွေ့ချင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဟက်ကြီးရေကာတာစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် DKBA နှင့် KNU တို့ကလည်း ရေကာတာစီမံကိန်းကို အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးသည့်အချိန် ငြိမ်းချမ်းရေး သဘောတူညီချက် မသေချာသေးသည့်အချိန်တွင် တည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်းလည်း ပြောကြားကြသည်။

KNU ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသော်သီဘွယ်က “ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းက ကျွန်တော်တို့ နယ်မြေထဲမှာပါ ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်မရှိမချင်း ဒီလိုကြီးကျယ်တဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး။ နိုင်ငံရေးအာမခံချက် ရှိလာပြီးနောက်ပိုင်းမှပဲ ပြည်သူ့အကျိုးကြည့်ပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲ့ဒီနောက်ပိုင်းမှပဲ ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်။ လက်ရှိကာလမှာ အပစ်အခတ်ရပ်စဲရေးကလည်း တိကျသေချာမှု မရှိသေးဘူး။ နိုင်ငံရေးကလည်း ဘာတစ်ခုမှ မဆွေးနွေးရသေးဘူး။ အာမခံချက်ဆို ဝေးရော။အဲ့ဒီလို အချိန်ကာလမှာ ခွင့်ပြုလိုက်မယ်ဆိုရင် အစိုးရလောက်ပဲ ကောင်းကျိုးခံစားရပြီး ကျွန်တော်တို့ ကရင်ဒေသခံတွေက ဘာတစ်ခုမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို လက်မခံနိုင်ဘူး”ဟု ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ ထူးဘောအခြေ စိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာ က “ဒီရေကာတာစီမံကိန်းကို ကျွန်တော်တို့ DKBA ရဲ့ရပ်တည်ချက်ကတော့ ဟက်ကြီး ရေကာတာစီမံကိန်းကို လုံးဝ ခွင့်မပြုပါဘူး။ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေတိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင်တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏ လာညှိတယ်။ ထိုင်းပါတယ်။ တရုတ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ပါဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်”ဟု ပြောကြားသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေကာတာကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးမှု၊ စိုက်ပျိုးရေ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းအပါအ၀င် ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် ခံစားရပြီး ကုမ္ပဏီများ၊ ပါဝင်သူပုဂ္ဂိုလ်များအနေဖြင့် ရေကာတာစီမံကိန်းကြောင့် အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လက်ရှိအချိန်တွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးကြောင်း ကရင်မြစ်ချောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့KRW (Karen Rivers Watch ) အဖွဲ့မှ ကို စောသာဘိုးက ဆိုသည်။

ကိုစောသာဘိုးက “ဒီရေကာတာ ဆောက်မယ်ဆိုတာ ပြည်သူတွေကို အစိုးရက ခုထိ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိသေးဘူး။ နောက်တစ်ခုက ဒီရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာ။ ဒီသံလွင်မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေမြို့တွေက သံလွင်မြစ်ရဲ့ နုန်းတင်မြေနုတွေနဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြတာ။ ရေကာတာဆောက်လိုက်လို့ ရေနည်းသွားရင် ဒီစိုက်ပျိုးမြေတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ နောက်ပြီး ရေကာတာကျိုးပေါက်လို့ ရေကြီးမယ်ဆိုရင် သံလွင်မြစ်အောက်ပိုင်းက မြို့တွေ၊ ရွာတွေအကုန် ရေမြုပ်သွားမှာ သေချာတယ်။ ဒီရေကာတာစီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို ကျွန်တော်တို့ စုဆောင်းကောက်ခံနေတယ်။ ဘယ်လောက်အတိုင်းအတာထိ ရပြီလဲဆိုတာတော့ မသိသေးဘူး။ ရလာရင် သတင်းထုတ်ပြန်သွားမှာပါ”ဟု ပြောကြားသည်။

ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းသန်းက “ကျွန်မတို့ ရွာကတော့ အဓိက စိုက်ပျိုးရေးလုပ်တာပါ။ ပဲ၊ ပြောင်း၊ စပါး အဓိကစိုက်တယ်။ မိုးရာသီဆိုရင် သံလွင်မြစ်က ရေကြီးလာတယ်။ ရေပြန်ကျသွားလို့ တင်ကျန်နေ တဲ့ နုန်းတင်မြေတွေမှာ မြေပဲစိုက်တယ်။ ဒီရေကာတာစီမံကိန်းလုပ်လို့ နုန်းမြေတွေ မရရှိတော့ဘူးဆိုရင် စိုက်ပျိုးမြေတွေကို ထိခိုက်လာနိုင်တယ်။ ကျွန်မတို့က ဒီကိုင်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Karen Environm- ental and Social Action Network (KESAN) မှ သုတေသီနှင့်ပညာပေးတာဝန်ခံဖြစ်သူ SteveThompson က“ဒီရေကာတာစီမံကိန်း ဆောက်မယ်ဆိုရင် ပြောင်းရွှေ့နိုင်ရတဲ့ ရွာတွေကလည်း အမြောက်အမြား ရှိနေပါတယ်။နောက်ပြီး ဒီရေကာတာစီမံကိန်းကြောင့် နောက်ဆက်တွဲအနေနဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ သာဓကတစ်ခုက ကချင်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်လာ တယ်။ နောက်တစ်ခုက ဒီဟက်ကြီး ရေကာတာဆောက်မယ့်နေရာက ငလျင်ကြောရှိတဲ့ နေရာလည်းဖြစ်တယ်။ ဒီရေကာတာ ဆောက်လိုက်ပါပြီတဲ့။ မပြိုနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ တကယ်လို့ အဲ့လိုဖြစ်လာခဲ့လို့ ရွာတွေ၊ မြို့တွေ ရေလွှမ်းမိုးခံရပြီး လူ့အသက်တွေ သေကြေပျက်စီးပြီဆိုရင် ဘယ်သူ့မှာ တာဝန်ရှိနိုင်မှာလဲ။ အစိုးရလား၊ ကုမ္ပဏီတွေလား။ ဒါကို သေချာစဉ်းစားသင့်တယ်”ဟု သုံးသပ်သည်။

((၀ဲကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် လျာထားဧရိယာတွင် ပါဝင်သည့် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သံလွင်မြစ်ကြောင်းတစ်နေရာ (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)))

စုဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


 Popular Myanmar News Journal

East-West Center မှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံအကြို အဖြစ် "စု"ဖောင်ဒေးရှင်း စတင်ခြင်းအခမ်းအနားနှင့် နေ့လည်စာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

မီဒီယာညီလာခံအကြို အဖြစ် "စု"ဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာရှိ သမ၀ါယမစီးပွားရေးဗဟိုခန်းမတွင် ယနေ့နံနက် ၁၁နာရီခွဲက ကျင်းပခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတကာမှ မီဒီယာသမားများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသလို၊ "စု"ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်းတက်ရောက်ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည့် ဟီလာရီကလင်တန်နှင့် လော်ရာဘုရှ်တို့ကလည်း "စု"ဖောင်ဒေးရှင်းအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ဗီဒီယို သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

"စု"ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။

ဟိုနိုလူလူအခြေစိုက် East-West Center မှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ မီဒီယာသမားများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။




Mizzima မဇ္ဈိမ

စုဖောင်ဒေးရှင်းဖွင့်ပွဲကို ဟောလိဝုဒ်မင်းသမီး မီရှဲယို တက်ရောက်

Written by ဝေမာသိမ့်၊ သိင်္ဂီထွန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်သည့် စုဖောင်ဒေးရှင်းဖွင့်ပွဲ အခမ်းအနားကို စုဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟောလိဝုဒ် မင်းသမီး မီရှဲယိုးက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

စုဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Co-Oporative Business center (ယခင်ဆရာစံပလာဇာ)ခန်းမတွင် မတ်လ ၉ရက်က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဟောလိဝုဒ်မင်းသမီး မီရှဲယိုးတို့ တက်ရောက် မိန့်ခွန်း ပြောခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီ ကလင်တန်နှင့် အမေရိကန်သမ္မတဟောင်း ဂျော့ဒလယူဘုစ်၏ ကတော် လော်ရာဘုစ်တို့ကလည်း ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။

"စုဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးပါပဲ။ ပညာရေးနဲ့ ကျန်းမာရေး ချို့တဲ့မှုတွေကို စုဖောင်ဒေးရှင်းက Project by Project (အစီအစဉ်အလိုက်) အခြေခံစီမံကိန်းတစခုချင်း ကိုင်တွယ် လုပ်ဆောင် သွားဖို့ အစီအစဉ်ရှိပါတယ်"ဟု ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်ကို ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟောလိဝုဒ် မင်းသမီး မီရှဲယိုးက သူမ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။

စုဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည်က" နိုင်ငံသားလူထုတွေကို ပြုစုပျိုးထောင်ရာမှာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးက အရေးကြီးတဲ့အခန်းက ပါလာပါတယ်"ဟု ပြောသည်။

စုဖောင်ဒေးရှင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ပြန်လည်မြှင့်တင်ရေး၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ဆေးဝါးထောက်ပံ့ရေးများအတွက် ကြိုးပမ်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တွဲဖက်ဥက္ကဋ္ဌအဖြစ် အမေရိကန် သမ္မတဟောင်း ဂျော့ဒလယူဘုစ်၏ ကတော် လော်ရာဘုစ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီ ကလင်တန်တို့က တာဝန်ယူထားပြီး ဟောလိဝုဒ် မင်းသမီး မီရှဲယိုးကလည်း ဘုတ်အဖွဲ့အဝင်အဖြစ် ပါဝင်သည်။

စုဖောင်ဒေးရှင်းအနေဖြင့် နှစ်ငါးဆယ်လုံးလုံး လျစ်လျူရှုခံခဲ့ရပြီး အဆင့်အတန်းနိမ့်ကျနေသည့် ရန်ကုန်တက္ကသိုလ်ကို ပြန်လည် မြှင့်တင်ရန် ငွေကြေးနှင့် ပညာရေးအထောက်အပံ့လိုအပ်နေသည်ဟု မီရှဲယိုက ပြောသည်။

ထို့အပြင် နေ့စဉ် လူနာထောင်ပေါင်းများစွာကို ဆေးကုသနေသည့် ရန်ကုန်ဆေးရုံကြီးတွင် ငှက်ဖျားရောဂါအတွက် ဆေးဝါး လုံလောက်မှု မရှိသလို၊ တီဘီရောဂါ ပျံ့နှံ့မှုသည်လည်း ကမ္ဘာပေါ်တွင် ဖြစ်ပွားသည့် နှုန်းထက် သုံးဆရှိနေသည်ဟု ဆိုသည်။



'စု' ဖောင် ဒေး ရှင်း
**************
မတ်လ ၉ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သော စုဖောင် ဒေး ရှင်း ဖွင့် ပွဲ အခမ်းအနားကို စုဖောင်ဒေးရှင်း၏ နာယက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒါ ရိုက် တာ အ ဖွဲ့ ဝင် ဖြစ်သော မီရှယ်လ်ယို တို့ တက် ရောက် ခဲ့ကြပြီး ဂုဏ် ပြု စ ကားများ အသီးသီး ပြော ကြား ခဲ့ ကြပါသည်။ စုဖောင်ဒေးရှင်း၏ ဒါ ရိုက် တာ အ ဖွဲ့ ဝင် များ ဖြစ် ကြ သော ဟီလာရီကလင်တန် နှင့် လော်ရာဘုရ် တို့ မှ လည်း ဂုဏ်ယူဝမ်းမြောက် ကြောင်း ဗွီဒီယို သဝဏ်လွှာ များ အသီးသီး ပေး ပို့ ခဲ့ ကြပါသည်။

NLD Chairperson