Monday, March 10, 2014

မလေးလေယာဉ်ပေါ်စာအုပ်အတုနဲ့လိုက်သွားသူတွေဟာရိုက်တင်လိုက်တာမဟုတ်ပါစေနဲ့



မလေးလေယာဉ်ပေါ်စာအုပ်အတုနဲ့လိုက်သွားသူတွေဟာအာရှလူမျိုးတွေလို့
ဆိုပါတယ်၊စာအုပ်ကထိုင်းမှာပျောက်ပြီးလေယာဉ်လက်မှတ်ကိုလဲထိုင်းမှာထဲ
ကအပြီးဝယ်ခဲ့တယ်၊China  က Transit အဆင့်သာရှိပြီးဥရောပကိုပါလေယာဉ်
လက်မှတ်တခါထဲဝယ်ပြီးသားဆိုတော့အင်္ဂလန်သွားချင်တဲ့မြန်မာတွေကိုထိုင်း
ကနေရိုက်တင်လိုက်တာမဟုတ်ပါစေနဲ့.. ဘုရား၊ဘုရား........၊

AMS က Amsterdam , Netherlands
အဲ့ကိုရောက်ပြီးရင်ကျန်တဲ့ဥရောပနိုင်ငံတွေကရထားနဲ့သွားရုံပါပဲ၊

စိုးရိမ်တာပြောတာပါ၊မြန်မာမဟုတ်မှန်းတော့သိပါတယ်ဘာလို့လည်းဆိုတော့၂၀၀၃လောက်က
စပြီးစာအုပ်ကပ်ခွာခေတ်မရှိတော့ပဲရုပ်တူတဲ့စာအုပ်ကိုပဲစောင့်ပြီးတက်ရတာဖြစ်တဲ့အတွက်
အချိန်ပေးရသလိုပိုက်ဆံလဲပိုပေးရပါတယ်၊
အမ်စတာဒမ်ကိုသွားဖို့လက်မှတ်ကို ၀ယ်ခဲ့တဲ့သူက အီရန်လူမျိုးလို့ ဆိုပါတယ်။အာရှလို့ပဲသိပြီးရုပ်မတွေ့ရသေးလို့ပါ၊
ဗုံးခွဲဖို့အကြံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အဲ့လိုဝယ်ရမှာပဲ၊
အီရန်လူမျိုးဆိုရင်သူတိုရုပ်ကအငိုက် ဖမ်းလို့ရတယ်၊လေယာဉ်လက်မှတ်ရောင်းတဲ့ဆိုင်ကိုတီဗွီမှာပြတော့ဆိုင်တံခါးပိတ်သူကလည်းဆာရီခြုံအမျိုးသမီးတယောက်ပါ.

ဒီနောက်ပိုင်းစာအုပ်တွေကဘားကုဒ်ကိုScanဖြတ်လေ့ရှိတယ်၊အီတလီစာအုပ်ကLockလုပ်ထားတာမပြတာဟာထူးခြားချက်ပါ၊
ဒီအတွက်လေဆိပ်လ၀ကလည်းအစစ်ခံရမှာပါ၊
လေယာဉ်မှုး၂ယောက်ကိုမြေပြင်အကြောင်းကြားချိန်မရအောင်လုပ်ကြံပြီးလေယာဉ်ကိုအပျက်အစီးမရှိရေအောက်ကိုမောင်းယူသွားတဲ့
ပုံမျိုးဖြစ်တဲ့အတွက်အရမ်းနက်ရင် Black Box ကအလုပ်မလုပ်ဖူးလို့ဆိုပါတယ်၊ဖြစ်ဖြစ်ခြင်းနာရီပိုင်းတွေမှာဖုန်းခေါ်လို့ရနေသေးတယ်ဆိုပါတယ်၊
လူတွေကအောက်စီဂျင်မလောက်လို့ဖုန်းမကိုင်နိုင်တော့ပေမယ့်ရေမ၀င်လို့ဖုန်းကအလုပ်လုပ်တဲ့သဘောမျိုးပါ။ ။ မှတ်ချက်။ ။ရဲရင့်ငယ်ကောက်ချက်သာဖြစ်သည်။

ဖြည့်စွက်
====
အောင် မင်း CNN ကကြေညာသွားတာ စာအုပ်အတု ကိုင်ဆောင်သူတွေဟာ အာရှသားတွေ လုံးဝမဟုတ်ဘူးတဲ့ ။
ဘန်ကောက်မှာ လေယာဉ်လက်မှတ် ဝယ်ပေးလိုက်သူဟာ အီရန်နိုင်ငံသားတဲ့ ။
ဒီည လန်ဒန် စံတော်ချိန် (၇)နာရီမှာ စီအင်အင်က အင်မာဘူးနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ် တို့
ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်အတုနဲ့ လေယာဉ်လက်မှတ် ဝယ်သွားတဲ့အကြောင်း အင်တာဗျူးလိမ့်မယ်


ဦးတင်ဦးနှင့် ၈၈ မျိုးဆက်တို့ ရွှေညဝါဆရာတော် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

r

The 88 Generation Peace and Open Society
NLD နာယက ဦးတင်ဦးနှင့် ၈၈ မျိုးဆက်တို့ ရွှေညဝါဆရာတော် ဘုရားကြီးဦးစီးသော ရဋ္ဌပါလရွှေပြည်အေးစေတီ တော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပူဇော်
===================================
ယနေ့ မတ်လ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ရွှေညဝါတောရသာသနာ့ရိပ်သာတွင် ပြု လုပ်သော ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး နှင့် မှော်ဘီမြို့နယ် NLD အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး၊ မစန်းစန်းမော်၊ မသဉ္ဇာခိုင်၊ မမာယာ၊ မတင်ဉ္ဇာဦးတို့ သွားရောက် ပူဇော်ခဲ့ကြသည်။

ထိုနောက် ရွေညဝါဆရာတော်အား ဖူးမြော် ကန်တော့ခဲ့ကြပြီး နေ့လည် ၁၁ နာရီတွင် ထီးတော်တင် အခမ်းအနားမှတစ်ဆင့် မှော်ဘီမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မြို့နယ်ရုံးသို့ သွားရောက်ခဲ့ကြပြီး မှော်ဘီမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းကြောင်း အတွေ့အကြုံနှင့် အခြေခံဥပဒေပြင်ဆင်ရေး အတွက် အရေးကြီးသော ပုဒ်မ (၄၃၆) နှင့်စပ်လျဉ်းပြီး နာယက ဦးတင်ဦး၊ ၈၈မျိုးဆက် ကိုကိုကြီးတို့မှ ရှင်းပြဆွေးနွေးခဲ့ကြသည်

Dee Do အချိုရည်တစ်လီတာမှာမှိုခြောက်သိန်းတွေ့



Kumudra

Dee Do အချိုရည်နဲ့ OiShi အာလူးချောင်းကြော်တွေမှာ
လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ
တွေ့ရှိတယ်လို့ ယနေ့စားသုံးသူကာကွယ်ရေးအသင်းရဲ့သတင်းစာရှင်း
ပွဲကသိရပါတယ်။
``Dee Do အချိုရည်တစ်လီတာမှာမှိုခြောက်သိန်းတွေ့
ရှိထားတယ်။´´လို့ စားသုံးသူကာကွယ်
ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြော
ပါတယ်။
Author ကိုရွှေဇင်

မော်ဒယ်လ်ကောင်းမြတ်ဟိန်းသေဆုံးမှုတရားခံပေါ်ပေါက်တော့မည်ဟုစီအိုင်ဒီမှပြော



Yangon Media Group
မော်ဒယ်လ်ကောင်းမြတ်ဟိန်းသေဆုံးမှုတရားခံပေါ်ပေါက်တော့မည်ဟု
စီအိုင်ဒီမှ အဆင့်မြင့်အရာရှိကြီးပြော
********************************************

[ ကျော်စွာ ၊ ရန်ကုန်၊ မတ် ၈ ]

မော်ဒယ်လ်ကောင်းမြတ်ဟိန်းသေဆုံးမှု စီအိုင်ဒီ ကိုင်တွယ်ရာ တရားခံပေါ်ပေါက်ရန်နီးစပ်ပြီဖြစ်ကြောင်း စီအိုင်ဒီမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့ တရားခံပေါ်ပေါက်ရန်နီးစပ်လာမှုကို စီအိုင်ဒီ မှ အဆင့်မြင့်အရာရှိက''ဆရာဝန်ဆေးစစ်ချက်ထွက်လာပြီး စီအိုင်ဒီ က ကိုင်တွယ်စစ်ဆေးနေတယ်။ ဒီအမှုက တိမ်မယောင်နဲ့နက်ပေ မယ့် သေဆုံးမှုရဲ့အဓိကတရားခံသဲလွန်စကို ရထားပါပြီ။ မကြာခင် မှာ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောပါမယ်''ဟု ပြောသည်။

အဆိုပါအမှုရုံးချိန်းကို မတ်၎ရက်က အင်းစိန်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ အမှုအခြေအနေရှုပ်ထွေးမှုကြောင့် စီအိုင်ဒီကို အကူအညီ တောင်းခဲ့သောကြောင့် စီအိုင်ဒီက စစ်ဆေးရခြင်းဖြစ်ကြောင်း သိရ သည်။

အင်းစိန်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ''ဒီအမှုကို အင်း စိန်တရားရုံးမှာပဲ စစ်ဆေးပြီး ဆောင်ရွက်နေတယ်။ လောလောဆယ် တော့ အမှုအခြေအနေနဲ့ပတ်သက်ပြီး ဘာမှကွဲကွဲပြားပြားမသိသေး ပေမယ့် မှုခင်းဆရာဝန်ရဲ့ဆေးစစ်ချက်တွေနဲ့ အင်းစိန်ရဲစခန်း စီအိုင်ဒီ တို့ရဲ့ စစ်ချက်တွေအရတော့ ဒီကိစ္စက သွေးရိုးသားရိုးသေဆုံးတာ တော့ လုံးဝမဟုတ်ဘူး''ဟုပြောသည်။

မော်ဒယ်ကောင်းမြတ်ဟိန်းသည် ငျြအနမ့ ညငလနမျငအပ ပြိုင်ပွဲဝင်ရန် ဇန်နဝါရီ၂၁ရက်က မြို့တော်ဂေါက်ကွင်းဟိုတယ်၌ ပြိုင် ပွဲဝင်များနှင့်အတူ ရေဆင်းကူးရာမှ ပျောက်ဆုံးနေခဲ့ပြီး ယင်းနေ့ည ၁၂နာရီတွင် ¤င်း၏အလောင်းကို လုံခြုံရေးဝန်ထမ်းတစ်ဦးကတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

*************************

The Flower News Journal

Vol 10 , No.11

March 11 -17 , 2014

*************************

မိသားစုလိုက်အလစ်သုတ်နည်းစီစီတီဗွီမှတ်တမ်း

ရွှေတိဂုံဘုရားကြီးသို.လာရောက်ဖူးမြော်နေသော မီရှဲလ်



Kyaw Swar Myint

မလေးလေယာဉ်ကိုအာကာသမှမြင်ရပုံ




Kyaw Swar Myint

ပျောက်ဆုံးနေတဲ့ လေယာဉ် မှ Passport အတု(၂)ခုဖြင့်လိုက်ပါသွားသူ
(၂) ယောက်သည် MH370 လေယာဉ်လက်မှတ်အား ထိုင်းဘတ်ငွေဖြင့်
ထိုင်းမှတဆင့်ဝယ်ယူခဲ့ကြောင်း စစ်ဆေးတွေ.ရှိရပြီး
၊ မူလ Passport ပိုင်ရှင်(၂)ဦးမှာလည်းထိုင်းနိုင်ငံတွင်လွန်ခဲ့သော
(၂)နှစ်ခန်.က ပျောက်ဆုံးခဲ့သည် ဆိုလေသောအခါ
=======================================
Images of the two tickets purchased for MH370 with stolen Austrian and Italian passports.