Tuesday, March 11, 2014

၁သိန်း၆သောင်းကျော်ရရှိတဲ့ ၀န်ထမ်းအားလုံး အခွန်ဆောင်ဖို့အတည်ပြု


DVB
မတ်လ ၁၁ရက်နေ့က အတည်ပြုလိုက်တဲ့ ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအရ လစာ ၁သိန်း၆သောင်းကျော်ရရှိတဲ့ ၀န်ထမ်းအားလုံး တနည်းအားဖြင့် ၁ နှစ်လစာငွေ သိန်း ၂၀ နှင့်အထပ် ရရှိသူတွေအားလုံး အခွန်ဆောင်ဖို့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်ပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ အခွန်နှုန်းထားတွေကတော့ တစ်နှစ်တာလာစာငွေ စုစုပေါင်း သိန်း ၂၀ ကနေ သိန်း ၅၀ကြားကို ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြားကို၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ကြားကို ၁၅ ရာခိုင်နှုန်း သိန်း ၂၀၀ ကနေ သိန်း ၃၀၀ ကြားကို ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀ နှင့် အထပ်ကို ၂၅ ရာခိုင်နှုန်းအဖြစ် သက်မှတ်လိုက်ပါတယ်။

ငွေမည်းလို့ခေါ်တဲ့ ၀င်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေ နဲ့ အခြေပစ္စည်းတစ်ရပ်ရပ် ကိုဝယ်ယူတာ၊တည်ဆောက်တာ ၊ရယူတာအတွက်ကတော့ ၁ ကျပ်ကနေ သိန်း ၅၀၀ အတွင်း အတွက် ၃ ရာခိုင်နှုန်း သိန်း၅၀၀ ကနေ သိန်း ၁၅၀၀ အတွင်းအတွက် ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀၀ ကနေ သိန်း ၃၀၀၀ ထောင်အတွင်းအတွက် ၂၀ ရာခိုင်နှုန်း နဲ့သိန်း ၃ ထောင်နဲ့အထပ်ကိုတော့ ၃၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမှာပါ။

ဒီဥပဒေကို ၂၀၁၄ ဘားဂျက် နှစ်အမှီ ပြဌာန်းနိုင်ဖို့အတွက် မတ်လ ၁၀ ရက်နေ့က ည ၈ နာရီဝန်းကျင်အထိ ပြည်ထောင်စုလွှတ်တော်မှာ စံချိန်တင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းကိုအတည်ပြုဖို့အတွက် နိုင်ငံတော်သမ္မတထံ ပေးပို့ရမှာဖြစ်ပါတယ်။


“Chinese Martyrs’ Brigade” အဖွဲ့ က နေ သူတို့ လက်ချက်ဆိုပြီး အီးမေးတွေ ပေးပို့ ခဲ့



Nik Nayman

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 နဲ့  ပတ်သက်ပြီး “Chinese Martyrs’ Brigade” အဖွဲ့ က နေ သူတို့ လက်ချက်ဆိုပြီး တရုတ်သတင်းဂျာနယ်လစ်တွေဆီကို မနေ့ ညက အီးမေးတွေ ပေးပို့ ခဲ့တာကို တရုတ်သတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။ PDF ဖိုင်နဲ့  ပေးပို့ ခဲ့တဲ့ ဒီစာထဲမှာ "China Martyrs Brigade" to tell the Chinese government, "one person you kill my family, we will kill you one hundred people to pay." လို့  ဖေါ်ပြထားပါတယ်။
မနေ. ညနေကသြစီသတင်းချန်နယ်7ကလဲ အဲဒီစာနဲ.ပတ်သက်လို.ပြောသွားပါတယ် တရုပ်အစိုးရဒီစာရတာတော.သေချာနေပါပြီ

ရခိုင် အရေးမှာ လက်သီးလက်မောင်း တန်းသွားတဲ့ ဒေါက်တာမ တစ်ယောက်



Melvin Moe
ရခိုင် အရေးမှာ လက်သီးလက်မောင်း တန်းသွားတဲ့ ဒေါက်တာမ တစ်ယောက် ကို မိတ်ဆွေ တို့ မှတ်မိအုံးမလားမသိဘူး။

အဲ့ ကိစ္စ ဖြစ်ပြီး နောက် ပိုင်း မှာ၊ ဘ ပြောင် နဲ့ တော် တော် အ ပေး အယူ တည့် သွားပြီး၊ အခု အ တော် အဆင် ပြေ နေ တယ် ဆို တာ သိတဲ့ လူ ရှားပါတယ်။

အဲ..... ဒီ့ထက် ပိုပြီး လူမသိတဲ့ ကိစ္စ ကို ကျွန်တော် ဖော်ထုတ်လိုက် အုံးမယ်ဗျ။ မယုံရင် ကိုယ့်ဟာကိုယ်လဲ စုံစမ်းကြည့် အုံး နော့။

အဲ့ ဒေါက်တာမ က၊ ဦးနေ၀င်း ရဲ့ သား ဦး ဖြိုးေ၀၀င်း နဲ့ အိမ်ထောင် ကျခဲ့ ဖူး ပြီး ၊သား တစ်ယောက် ထွန်းကား ခဲ့တယ်ဆိုတာရယ်..... ဦးနေ၀င်းသား နဲ့ ကွဲသွား တော့ ဦးကျော်ငြိမ်း ရဲ့ သားတစ်ယောက် နဲ့ လဲ.. ဘာလိုလိုပါ ဖြစ်ခဲ့ သေး တယ် ဆိုတာ လေး ကို ပါ။

သူမ ဟာ နိုင်ငံရေး မျှော် မှန်း ချက် အလွန်ကြီးမား ခဲ့ပါ ကြောင်း.....

ဦးအောင်သိန်းလင်း သမ္မတ ဖြစ်တဲ့ အခါ ကျ ရင် စဉ်းစား ထားတာ က ...............


FNG

သမ္မတ ဖြစ်ရင် လဲ နိုင်ငံ ကို နိုင်နိုင်နင်းနင်း အုပ် ချုပ် နိုင်တယ်။ဘာဖြစ်လို့  လဲ ဆို တော့ အဘ က ရန်ကုန် လို မြို့  ကြီး ကို တောင် အုပ်ချုပ် ခဲ့ သေးတာ ကိုး ၊
 သမ္မတ ဖြစ်တဲ့ အခါ ကျ ရင် စဉ်းစား ထားတာ က အမေရိကန် က ဘီဂိတ်လို လူတွေ ဒီမှာ ပေါ်လာအောင် လုပ်ပေး ရ မယ်။ ဆော့ဖ် ၀ဲ တို့  ၊ လေယာဉ် တို့ 
က အစ နိုင်ငံ ခြား က ၀ယ် မသုံးရ ပဲ ဒီမှာ အကုန်ထုတ် နိုင်အောင် စီစဉ် မယ် လို့  အဘ ရည်မှန်းထားတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီ ၏ ပဲခူးတိုင်း ထုတ် ဂျာနယ် တွင် ပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ၏ ပြောစကား

အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိ


EMG

အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

အခွန်စည်းကြပ်မှု မပြုရသေးသော၊ အခွန်ရုံးသို့ ဆက်သွယ်ရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်နေသော ကုမ္ပဏီများစာရင်းကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ခြင်း မရှိသေးသည့် ကုမ္ပဏီများကို ဖော်ထုတ်အရေးယူရန်ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ အခွန်ကိုပေးဆောင်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီအသီးသီးသည် ၂၀၁၄ ခုနှစ် မတ် ၂၀ ရက် နောက်ဆုံးထားကာ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အကြောင်းအရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြရန် အသိပေးထားကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Myanmar Brewery Ltd.၊ Rothmans of Pall Mall Myanmar Pte.Ltd၊ Dagon Beverages Co.,Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ City Mart Holding Co.,Ltd၊ Premier Coffee Co.,Ltd၊ Yathar Cho Industry Ltd၊ Max(Myanmar) Manufacturing Co.,Ltd၊ Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd.၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
http://www.irdmyanmar.gov.mm/?q=node%2F407

၁၉ နှစ်အရွယ် အီရန် လူမျိုးတစ်ဦး ခိုးယူထားသော ပတ်စ်ပို့စ်ဖြင့် ပျောက်ဆုံးနေသော မလေးရှား လေယာဉ်တွင် လိုက်ပါခဲ့


မြန်မာ့ခေတ်

မတ်လ ၁၁ ရက်၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော မီဒီယာ ရှင်းလင်းပွဲ၌ မလေးရှား ရဲတပ်ဖွဲ့ဝင် အမျိုးသမီးမှ အီရန် လူမျိုးတစ်ဦး၏ ဓာတ်ပုံကို ကိုင်ဆောင်ပြသခဲ့သည်။ ၎င်းပုဂ္ဂိုလ်မှာ ခိုးယူထားသော ပတ်စ်ပို့ဖြင့် ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် အမှတ် MH370 တွင် လိုက်ပါသွားကြောင်း အာဏာပိုင်များမှ ပြောဆိုခဲ့သည်။လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခိုးယူထားသော ပတ်စ်ပို့စ် နှစ်ခု အသုံးပြုသည့် လူနှစ်ယောက်အနက် တစ်ယောက်မှာ အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှု ရှိ၊ မရှိ မသိရှိရသေးသော ၁၉ နှစ်အရွယ် အီရန်လူမျိုး ပိုရီယာ နော မိုဟာမက် မယ်ရာဒက် ဟု သိရှိရကြောင်း အာဏာပိုင်များမှ မီဒီယာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မယ်ရာဒက်မှာ ဂျာမနီ၏ ကာကွယ်စောင့်ရှောက်မှု ခံယူရန် ကြိုးစားသည့် ပုံပေါ်လျက် ရှိကြောင်းနှင့် မိခင်ဖြစ်သူမှ မယ်ရာဒက် ရောက်ရှိမလာခဲ့သည့်အတွက် ဖရန့်ဖွတ်ရှိ အာဏာပိုင်များကို အကြောင်းကြားခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်အဘူဘက္ကာမှ ပြောဆိုခဲ့သည်။ အခြား ခိုးယူထားသော ပတ်စ်ပို့စ်ဖြင့် လိုက်ပါသွားသူကို အသိအမှတ် မပြုနိုင်သေးပေ။ပျောက်ဆုံးနေသော လေယာဉ်နှင့် ပတ်သက်ပြီး ကောလဟာလများ ထွက်ပေါ်နေသည့်ကြားမှ ယခု ကြေငြာချက်မှာ ပထမဆုံး သေချာသည့် သတင်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အာဏာပိုင်များမှ လူပေါင်း ၂၃၉ ယောက် ပါဝင်သည့် ပျောက်ဆုံးသွားသည့် ဘိုးအင်း 777 ကို ပျောက်ဆုံးသွားသော နေရာအပြင် အခြားသော ဆန့်ကျင်ဘက် နေရာများကိုလည်း တိုးချဲ့ရှာဖွေလျက် ရှိသည် ။

လေယာဉ် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုနှင့် အခြားသော ဖြစ်နိုင်ဖွယ်ရာ အကြောင်းအရာများကို လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များထံတွင် မည်သည့် အကြောင်းအရာကိုမှ စုံစမ်းစစ်ဆေးသူများမှ ရှာဖွေတွေ့ရှိမှု မရှိကြောင်း ခါလစ်မှ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်ကိုမှ ရရှိခဲ့မှု မရှိကြောင်းလည်း ပြောဆိုခဲ့သည်။ပျောက်ဆုံးနေသော လေယာဉ်မှာ စနေနေ့ အစောပိုင်းတွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ မလေးရှားကို ကျော်ဖြတ်ခဲ့ပြီး ထိုင်းပင်လယ်ကွေ့ အရှေ့ပိုင်းသို့ ပျံသန်းနေစဉ်တွင် ရေဒါ မျက်နှာပြင်ပေါ်မှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ လေယာဉ် မောင်းသူများမှလည်း ရုတ်တရက် ကြုံတွေ့နိုင်သည့် ဘေးအန္တရယ်များအတွက် မည်သည့် သတင်းအချက်အလက် ပေးပို့မှုမျှ မပြုလုပ်ခဲ့ကြောင်းကိုလည်း လေကြောင်းလိုင်းမှ ပြောဆိုခဲ့သည်။

လေယာဉ် အနေဖြင့် ကွာလာလမ်ပူသို့ ပြန်လည် ဦးလှည့်နိုင်သည့် ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်များမှ လေ့လာခဲ့ကြသည်။ အကယ်၍သာ လေယာဉ်အနေဖြင့် ဦးပြန်လှည့် မောင်းနှင်ခဲ့ပါက ဖြစ်နိုင်ဖွယ်ရာ ပျက်ကျမှုမှာ အနောက်ပိုင်း ကမ်းခြေနားတွင် ဖြစ်ပြီး ပျောက်ဆုံးခဲ့သည့် နေရာ၏ အခြားတစ်ဘက် ဖြစ်သည်။ သို့ရာတွင် ၎င်းကဲ့သို့ လေယာဉ် ပြန်လှည့် မောင်းနှင်ခဲ့ပါက မည်သည့် အတွက်ကြောင့် ရေဒါပေါ်တွင် ဆက်လက် မပေါ်ခဲ့ကြောင်းကို အာဏာပိုင်များနှင့် လေကြောင်းလိုင်းမှ ဖြေရှင်းမှု မပေးနိုင်ခဲ့ပေ။ “ အကုန်လုံးကို လိုက်ပြီး ကြည့်ရှုနေပါတယ်။ ကျွန်တော်တို့ ဘယ်လို ဖြစ်နိုင်ဖွယ်ရာမျိုးကိုမှ မသက်မှတ်ထားရသေးပါဘူး ” ဟု မလေးရှား လေကြောင်းလိုင်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။
လေယာဉ် အနေဖြင့် နောက်ပြန်လှည့်ဖွယ် ရှိခဲ့ကြောင်းကို စစ်တပ်သုံး ရေဒါတွင် တွေ့ရှိရသည်ဟု မလေးရှား လေတပ်မှ အကြီးအကဲက ပြောဆိုခဲ့သည်။
ဖြစ်နိုင်ဖွယ်ရာ သဲလွန်စများမှလည်း ပျောက်ဆုံးနေသည့် လေယာဉ်ဆီသို့ ရောက်ရှိမှု မရှိကြောင်း၊ ဆီကွက် နမူနာ၊ သမုဒ္ဒရာတွင် တွေ့ရှိရသည့် အဝါရောင် အရာများ စသည်တို့မှာလည်း လေယာဉ် ပျောက်ဆုံးမှုနှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်းကို အာဏာပိုင်များမှ ပြောဆိုခဲ့သည်။

REF: ABC News


)

လက်နက်ကိုမကြောက်၊မီဒီယာကိုမှကြောက်သူ



The Flower News Journal

Vol-10 , No-11

March 11 - 17 , 2014

ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးကပြော


ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံ စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မျိုးမင်းထွန်း(မြစ်မခ) ၊ ကန်ကြီးထောင့်၊ မတ် ၇


စေတနာမှန်ကို နားလည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာမဟုတ် ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်တို့ဆို

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။
မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရှုံးတဲ့အတွက် ပြည်သူ ကို ဂရုမစိုက်ဘဲမလုပ်တော့ ဘူးလား။ နိုင်မှပဲလုပ်မှာလား၊ ကျွန်တော့်အ နေနဲ့ ပြောမယ်ဆိုရင် ရှုံးတဲ့နေရာ လဲ ကျွန်တော်လုပ်မယ်''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးကပြောသည်။
၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း ¤င်းနေရာ ဖြစ်သော မရမ်းကုန်းမြို့နယ်တွင် ရှုံးနိမ့်သော်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အချို့မှာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ကြသော်လည်း အရေး ကြီးသည်မှာ ပါတီသည် ပြည်သူ့အ တွက်သာဖြစ်သင့်ကြောင်း ၄င်းက ဆက်ပြောသည်။
''ပြည်သူအတွက်အကျိုး ရှိတဲ့လုပ်ငန်းတွေကို ရွေးကောက် ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော်တို့လုပ်ရမယ်။ စေတနာ မှန်တယ်ဆိုတာကို ပြည်သူနားလည် လာလို့ရှိရင် ၂ဝ၁၅ဆိုတာ ဂရုစိုက် စရာမလိုဘူး''ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။
သို့သော် ရွေးကောက်ပွဲ သည် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက် ရွေးကောက်ပွဲနီးလာသော အကြိုကာလတွင် မိမိအားမဲထည့် ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း အမြဲတမ်းလုပ်ရမည်မှာ ပြည်သူကို အကျိုးရှိမည့်လုပ်ငန်းများ စဉ်းစား ပြီး လုပ်ရမည်သာဖြစ်ကြောင်းကို လည်း ¤င်းကဆက်ပြောသည်။
အလားတူ မတ် ၆ရက် က ပြည်ထောင်စုလွှတ်တော် နာယက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်မီဒီယာများ နေပြည်တော်၌တွေ့ ဆုံစဉ်ကလည်း ယခုကဲ့သို့ပြောကြား ထားသည်။
''ရွေးကောက်ပွဲကျလို့ရှိ ရင် သူတို့ကလဲ အနိုင်လုပ်မှာပဲ။ ကိုယ်တို့ကလဲ အနိုင်လုပ်မှာပဲ။ ဒီ လိုလုပ်တဲ့အခါ တရားမျှတတဲ့ သန့် ရှင်းတဲ့ ပြိုင်ဆိုင်မှု ဒီလိုပဲဖြစ်ရမှာ၊ တရားသဖြင့် ဥပဒေနဲ့အညီဆောင် ရွက်ရမယ်၊ ဒါနိုင်ငံရေးပဲ''ဟု သူရ ဦးရွှေမန်းကပြောသည်။
The Flower News Journal

ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့်လိုက်ပါသွားခဲ့သူ သူတို.(၂) ဦး



ခိုးယူခံထားရသည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ်
လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာKazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု
ထိုင်းရဲအရာရှိများက ပြောကြားခဲ့သည်။

Ali က ဥရောပ ရှိနေအိမ်များသို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက်
ဟုဆိုကာ လေ ယာဉ်လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊
ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်
ပေးချေသွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
 Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့
ဘယ်လို ဆက်စပ်နေကြသည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာ
စောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း
database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း
ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ်စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)
၏ အတွင်းရေးမှူးချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

Source: CNN
http://www.dawnmanhon.com/2014/03/mh370-kazem-ali.html#sthash.2iaPKker.dpuf

မုတ်ဆိတ်နှင့်သူမှာအီတလီစာအုပ်ကိုင်သူဖြစ်ပြီးအခြားတဦးမှာသြစတြီးယားစာအုပ်ကိုင်သူဖြစ်သည်။
လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ
သားဖြစ်ပြီးကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

အိရန်နိုင်ငံရဲ့အခြေအနေက Asylum ခံဖို့လွယ်တော့ အိရန်နိုင်ငံသားတွေဘန်
ကောက်မှာထိုင်ပြီးလုပ်စားလို့ကောင်းတဲ့နေအချိန်မှာအာရှတိုက်သား
ရုပ်ရည်များမဟုတ်ဆိုတဲ့စကားကရယ်စရာပါ၊အာရပ်တွေထဲမှာဒီလိုရုပ်တွေမှ
အများကြီးပါ၊ Terrorists မဟုတ်ရင် CNN မှာပါသလိုဂျာမဏီမှာနေဖို့သွားတာ
ဖြစ်နိုင်ပါတယ်၊

ဥရောပသားသူ့နိုင်ငံပြန်ချင်ရင်သံရုံးထောက်ခံစာရွက်တခုထဲနဲ့ပြန်လို့ရတယ်၊
CNN မှာပါသလိုလေယာဉ်ကပင်လယ်အော်တခုကိုကျော်လာပြီးနောက်ပင်လယ်
အော်အလယ်လောက်ရောက်မှခုနကဖြတ်လာတဲ့ပင်လယ်အော်ဆီကိုတြိဂံပုံ၃၀ဒီ
ဂရီလောက်နဲ့နောက်ပြန်လှည့်လာပြီးပထမပင်လယ်အော်အလယ်လောက်အ
ရောက်မှပျောက်သွားတာ၊နောက်ပြန်လှည့်လာတာတော်တော်ကြာတာတောင်
ဘာကြောင့်ပြန်လှည့်လာတယ်ဆိုတာမြေပြင်ကိုအကြောင်းမကြားတာတော့
Mystery ပါပဲ၊

(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)

စီးကရက်နှင့်အရက်လွှတ်တော်ကိုအနိုင်ရ

ရန်ကုန်ဆေးရုံကြီးပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဒေါ်စုတက်ရောက်


 National League for Democracy