Wednesday, March 12, 2014

24.3.2014 ရက်နေ့အင်းစိန်မှာပွဲကြီးပွဲကောင်းလုပ်မည်



ဦး ခင်မောင်ရွှေ

24.3.2014 ရက်နေ့အင်းစိန်မှာပွဲကြီးပွဲကောင်းလုပ်မည်
၄၃၆ ကိုအဝေးဆုံးရောက်အောင်မောင်းထုတ်ကျပါမည်
မပြောမရှိနဲ့နော်ခွင့်ပြုချက်တင်ပြီးပါပြီ

MH370 ထူးဆန်းစွာပျောက်ဆုံးမှုမှာ မလေးရှားအစိုးရ ပါဝင်ပတ်သတ်နေခဲ့ပြီလား



သက်တန့်ချို

လေးရက်ကျော်ပြီး ငါးရက်နီးပါးရှာဖွေနေကြသည့်တိုင် ဘယ်လို အဖြေမှ ရေရေရာရာ မတွေ့ရသေးတဲ့အတွက် အတွေးတွေအားလုံးကို ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြန်ပါပြီ ။

ပထမဆုံး Yahoo News မှာတင်ထားတဲ့ MH370 detected above Malacca Straits at 2.40am ဆိုတဲ့သတင်းကိုအကြမ်းဖျဉ်းတင်ဆက်ပေးချင်ပါတယ် ။

ရှာဖွေမှုကို Sumatran ရေပြင် ၊ Malacca Straits မြောက်ဖက်ပိုင်းမှာ ရှာဖွေအပြီးမှာ Pulau Perak အနီးဝန်းကျင်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရေဒါမှာဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ။

Air Force Chief Rodzali Daud ပြောကြားချက်အရ သူ့အခြေစိုက်စခန်း Butterworth က ဌာနမှာ MH370 ဟာ Kota Bahru ကိုကျော်ဖြတ်ပြီးနောက် အနောက်ဖက်ကို ကွေ့သွားတာဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ့အပြင် East coast နဲ့ Kedah မှာလည်း အနည်းငယ်ပျံသန်းခဲ့တယ်လို့လည်းဆိုပါတယ် ။

“ နောက်ဆုံးအချိန်လေယာဉ်ကို ခြေရာခံမိတာကတော့ Pulau Perak အနီး Straits of Malacca မှာ မနက် ၂း ၄၀ မိနစ်တုန်းက ဖြစ်တယ်လို့ Berita Harian ကပြောခဲ့တာဖြစ်ပါတယ် ။ Berita Harian ကနောက်ထပ်ပြောဆိုခဲ့တာကတော့ စစ်ဖက်သုံးဆိုင်ရာ ရေဒါတွေက ခြေရာခံမိတာတွေအရတော့ လေယာဉ်ဟာ ပုံမှန် altitude မီတာ တစ်သောင်းထက်ကို မီတာ တစ်ထောင်ခန့်နိမ့်ပြီးပျံသန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

http://my.news.yahoo.com/mh370-detected-above-malacca-straits-2-40am-062617741.html

====================================

ဒီသတင်းတွေကလည်း တိကျတဲ့အဖြေတော့မဟုတ်သေးပါဘူး ။ ဒီမနက် ကျွန်တော်စဉ်းစားမိတဲ့အချက်တွေကို ထုတ်နှုတ်သုံးသပ်ရရင်တော့

၁ ။ ဒီ MH370 ထူးဆန်းစွာ ပျောက်ဆုံးမှုမှာ နိုင်ငံရေးဆက်နွယ်မှုတွေအရ မလေးရှားအစိုးရတကယ်ပဲ ပါဝင်ပတ်သတ်မှုရှိနေခဲ့ပြီလား ။

၂ ။ Black box ဆိုတာ လေယာဉ်ပျက်ကျပြီးလို့ ရက်ပေါင်း ၃၀ ထိတိုင်အောင် ဆက်သွယ်ရေး စခန်းတွေဆီကို signal တွေလွှင့်ပေးနိုင်ပါတယ် ။ ဒါဆို Black box ကို ဖျက်ဆီးပစ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ ။

၃ ။ လေယာဉ်မှူးတွေက လေယာဉ်ခေါင်းအတွင်းပိုင်းက ဖွင့်မှပွင့်တဲ့စနစ်နဲ့တံခါးကိုပိတ်ထားကြတယ်ဆိုတာမှန်ပေမယ့် အကြမ်းဖက်သူတစ်ဦးဦးက ကလေးငယ်ဖြစ်စေ လူတွေဖြစ်စေ ခေါင်းကို သေနတ်နဲ့တေ့ပြီး ဖွင့်ခိုင်းရရင်ရော မဖွင့်ပဲနေမှာလား ။ အထူးသဖြင့် သူတို့ပြောတဲ့ emergency code တွေ မပို့နိုင်လိုက်ခင်အခြေအနေမှာပေါ့ ။

၎ ။ အင်တာနက်စာမျက်နှာတွေအပေါ်လိုက်ဖတ်ရင်း သတင်းတစ်ခုရေးထားတာဖတ်မိလိုက်တယ် ။ ဒီလေယာဉ်ဟာ ဥရောပနိုင်ငံတစ်ခုကို လှို့ဝှက်စွာ ဆင်းသွားပြီဖြစ်တဲ့အကြောင်းနဲ့ ဒါကို အမလေးရှားအစိုးရက အကြမ်းဖျဉ်းသိထားသည့်တိုင် မီဒီယာတွေကို ဖွင့်မပြောတဲ့အတွက် မီဒီယာတွေနဲ့မလေးအစိုးရကြားမှာ တင်းမာမှုတွေဖြစ်ပေါ်နေတဲ့အကြောင်း ။

၅ ။ လေယာဉ်တကယ်ပဲ ပျက်ကျဆယ်ဆိုရင်အခုအချိန်က ရှာဖွေတွေ့ရှိနေလောက်သင့်တဲ့အချိန်ဖြစ်ပါတယ် ။ တရုတ်က ဂြိုလ်တု ဆယ်လုံးနဲ့အမေရိကန်ရဲ့အကူအညီတွေနဲ့ လေတပ်ရေတပ်အင်အားနဲ့ရှာတောင်အခုထိမတွေ့သေးပုံထောက်ရင် ဒီကြားထဲလှည့်ကွက် တွေရှိနေနိုင်တယ်လို့ သုံးသပ်သူတွေကပြောဆိုကြတယ် ။

======================================

ကဲ ဒါဆို ကျွန်တော့်အမြင်ကို ထပ်ပြီးသုံးသပ်ပြပါ့မယ် ။

၁ ။ လေယာဉ် ပျက်ကျမှု လုံးဝမဖြစ်နိုင်တော့ပါဘူး

အပျက်အစီးအပိုင်းအစတွေရှာမတွေ့နိုင်တာရယ်၊ ရေဒါတွေက ခြေရာခံမမိတာရယ် ၊ Technical false ဆိုပြီးမယ်မယ်ရရထောက်ပြလို့မရကြတာတွေရယ် ၊ Explosion လို့သက်သေပြနိုင်တဲ့အရာတွေ တစ်ခုမှ မပြနိုင်သေးတာရယ် ၊ Black box လုံးဝပျောက်ဆုံးနေတာရယ်ကိုထောက်ပြီး ပြောရခြင်းဖြစ်ပါတယ် ။ ဒုံးကျည်နဲ့ဖျက်ဆီးခံရတယ်ဆိုရင်လည်း ရေဒါကနေမမိနိုင်စရာမရှိပါဘူး ။ ဒါ့အပြင် Black box ဟာ ဘယ်လို on-board exlposion မဆို signal လွှင့်နိုင်တဲ့အရာဖြစ်တာကြောင့် ဒီအချက်ကိုစဉ်းစားရခြင်းဖြစ်ပါတယ် ။ လေယာဉ်ဟာ ဟိုးပင်လယ် အောက်ခြေကြမ်းပြင်အထိနစ်မြုပ်သွားပြီး Black box က Signal မလွှင့်နိုင်တဲ့အနေအထားထိရောက်အောင် ကျသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးစရာရှိပါတယ် ။ ဒါကလည်းဖြစ်နိုင်ခြေတော့သိပ်မရှိပါဘူး အဲဒီလို လေယာဉ်တစ်စင်းလုံး ပင်လယ်ထဲထိုးစိုက်ကျသွားတာကို ဂြိုလ်တုတွေ ဆက်သွယ်ရေးစခန်းတွေက မမြင်နိုင်စရာအကြောင်းမရှိပါဘူး ။ ဒါဆို လောလောဆယ် ဒီ Aircrafft ကို ဖယ်ထုတ်ထားလိုက်ကြစို့ ။

၂ ။ Hijack ဖြစ်နိုင်ရဲ့လား

မနေ့တုန်းက Hijack ဖြစ်နိုင်တယ်ဆိုပြီး ကျနော့်တွက်ဆမှုအပေါ် ကွန်းမန့်တွေ အပြန်အလှန်လာဆွေးနွေးကြတာတွေ့ရတယ် ။ မှန်ပါတယ် ပါ့စ်ပို့အတု ကိုင်ဆောင်ထားသူ အီရန် နိုင်ငံသား ၂ယောက်အနက်က တစ်ယောက်ဟာအသက် ၁၉ နှစ်ပဲရှိတဲ့လူငယ်လေးတစ်ဦး ပါ ။ သူ့မိခင်အပါအ၀င်နောက်ကြောင်းစုံစမ်းပြီးတဲ့အခါ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်မှုမရှိပါဘူးလို့အဖြေထွက်လာခဲ့တယ် ။ ကဲဒါဆို မေးခွန်းလေးတွေထုတ်ပါရစေ ။ လူဆိုးဆိုတာ ဂျိုနဲ့လား ဆိုတဲ့မေးခွန်းပါပဲ ။ အပြင်ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး လူဆိုးမဟုတ်ဘူးလို့တပ်အပ်မပြောနိုင်ကြပါဘူး ။ ပါ့စပို့ခိုးကိုင်ကတည်းက ရာဇ၀တ်မှု ကျူးလွန်သူပါ ။ သူ့ပါ့စ်ပို့အစစ်က ဘယ်ရောက်နေလို့လဲ ။ မရှိဘူးဆိုရင် သူဘာလို့မလျှောက်တာလဲ ရှိရင်လည်း ban ခံထားရတာလား စိတ်ဝင်စားစရာပါပဲ ။

၃ ။ မလေးရှားအစိုးရရဲ့ တရုတ်တွေအပေါ်လက်စားချေမှုလား

တချိန်လုံးမျက်စောင်းတည်းတည်းဖြစ်နေကြတဲ့ အမေရိကန်နဲ့တရုတ်က ဒိကိစ္စမှာ ပူးပေါင်းလုပ်ဆောင်လာကြတာတွေ့ရတယ် ။ မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ မလေးရှားနဲ့ တရုတ်တို့ရဲ့နိုင်ငံရေးအခြေအနေတွေ ကို တချို့လည်းသိသင့်သလောက်သိကြမှာပါ ။ တရုတ်လူမျိုး တစ်ရာကျော်ပါဝင်တဲ့လေယာဉ်ကို အခုလို လေထဲမှာ ဥုံဖွဆိုပြီး တစ်ကမ္ဘာလုံးမျက်စိကနေဖျောက်ပြလိုက်ခြင်းဟာ သာမန် ဂိုဏ်းလောက်ကတော့မလုပ်နိုင်လောက်ပါဘူး ။ ဒီအတွက်ကြောင့် နိုင်ငံရေးလက်စားချေမှုအပါအ၀င် မလေးရှားအစိုးရလုပ်ဆောင်ချက်တွေကို သူတို့ပြည်သူတွေကိုယ်တိုင်က မေးခွန်းပြန်ထုတ်လာကြတာတွေ့ရတယ် ။ ဥပမာ မလေးရှားက အကြားအမြင်ဆရာလိုလိုတစ်ယောက်ကိုအသုံးပြုပြီး လေယာဉ်ပျောက်ရှာနေတဲ့အခိုက်တရုတ်က ဂြိုတ်တု ဆယ်လုံးနဲ့ရှာနေပုံကို နှိုင်းပြရင်းမလေးရှားအစိုးရရဲ့ လုပ်ငန်းနှေးကွေးမှုနဲ့ မယောင်ရာဆီလူးတဲ့ပုံစံတွေကို မလေးလူမျိုးတွေကိုယ်တိုင်ဝေဖန်လာကြတာတွေ့ရပါတယ် ။

ခရီးသည်တွေအားလုံးအသက်ရှင်ဖို့တော့ အခုထိ မျှော်လင့်ချက်ရှိနေပါသေးတယ် ။ တရုတ်ဖက်ကလည်း အခုအချိန်ပိုင်းအတွင်းမှာ ဖိအားပေးလုပ်ဆောင်လာတာတွေ့ရပါတယ် ။ ဘာပဲပြောပြော မကြာခင် အဖြေတစ်ခုတော့တိတိကျကျထွက်လာတော့မှာပါ ။

အမှန်တရားကို ဘယ်အရာကမှ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး ။

မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား




ပြည်သူ့အာဏာ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေး ရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသော MH 370 လေယာဉ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေချိန်တွင် ရှေ့ဖြစ် နောက်ဖြစ်များကို ဟောကြားလေ့ရှိသော မြန်မာနို်င်ငံမှ ဗေဒင်ဆရာများလည်း ပါဝင်လာခဲ့သည်။

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့ အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုး ရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

လေယာဉ်မှာ အနောက်တောင်အရပ်တွင် ရောက်ရှိနေကြောင်း၊ ပါဝင်သွားသည့် ခရီးသည်များ ဘေးကင်း လုံခြုံကြောင်း၊ လေယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းလည်း ၄င်းက ပြောသည်။

သို့သော် အခြားသော နာမည်ကြီး နက္ခတ္တပညာရှင် ဦးဇေယျာကိုကမူ စံ(ဇာဏီဘို)၏ ဟောကြားချက်ကို ငြင်း၍ ပယ်ချလိုက်သည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေးဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

နှစ်ဦးစလုံးမှာ လေယာဉ် ဘာမှမဖြစ်သေး၊ ခရီးသည်များ အသက်ရှင်နေသေးသည် ဟူသောအချက်များတွင် တူညီနေသော်လည်း အကြီးအကျယ် ကွဲလွဲနေသည်။

"ဗေဒင်ဆရာတွေ တစ်ကယ်မှန်သလား၊ လျှောက်ပြောနေတာလား။ ဒီကိစ္စက ဖော်ပြမှာ ဖြစ်တဲ့အတွက် ကြာကြာ မစောင့်ရတော့ပါဘူး။ ဦးဇေယျာကို ဟောတာ မှန်သလား။ ကျွန်တော်ပြောတာ မှန်သလား ဆိုတာ မကြာခင်မှာ အဖြေထွက်တာပါ။ ကျွန်တော်တို့ ဟောတာက အတွေ့အကြုံနဲ့ နိမိတ်အယူတွေကိုပါ အခြေခံတာ ပါ။ စောင့်ကြည့်ပြီး အဖြေမှန်ထွက်လာမှာပါ" ဟု စံ(ဇာဏီဘို) က ပြောသည်။

"ကျွန်တော်တို့က ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး ပြောတာ။ သူများတွေလို စိတ်ထင်နဲ့ ခန့်မှန်းပြီး ပြောတာ မဟုတ်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ မှန်းဆထားသလို ကြိုက်သလို ပြော။ မှားတယ် ဆိုရင် ဒီတစ်သက် ဗေဒင်မဟောတော့ဘူး။ သူ့ဘက်ကလည်း မှားရင် ဗေဒင် မဟောတော့ပါဘူး ဆိုတဲ့ ကတိ ပေးဖို့ လိုတယ်" ဟု ဦးဇေယျာကိုက ရှင်းလင်း ပြောကြားသည်။

ဗေဒင်ဆရာများ ဤသို့ အဖြေမှန် မြန်မြန်ထွက်နိုင်သည့် ရှေ့ဖြစ်မျိုးကို ဟောကြားသည်မှာ ကောင်း မွန်ကြော င်း၊ အချိန်တန်လျှင် မည်သူမှန်၍ မည်သူမှားသည်ကို သိရှိလာတေ့မည့် ဖြစ်၍ ကောင်းမွန်ကြောင်း၊ အခြားေ သာ ဗေဒင်ဆရာများလည်း မိမိတို့ ဟောကိန်းများကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြော ကြားသင့်ကြောင်း ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မလေးရှားလေယဉ်ပျောက်သွားလို့  ရိုးရာအရ အစီမံများပြုလုပ်နေပုံ

မလေးရှား လေကြောင်းလိုင်း တာဝန်ရှိသူတွေကို သတင်းစာရှင်းလင်းပွဲအတွင်း ရေပုလင်းနဲ့ ပေါက်



မလေးရှား အာဏာပိုင်တွေ အနေနဲ့ ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 နဲ့ ပါတ်သက်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ထား တယ်လို့ အားလုံးက ယုံကြည်နေကြပါပြီ။

လေယာဉ်ဟာ စထွက်ပြီး မကြာခင်မှာပဲ နောက်ပြန်ကွေ့ခဲ့ကာ ထိုင်း နဲ့ မလေးရှား နယ်စပ်တစ်လျှောက် အနိမ့်ပျံန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေ ထွက်ပေါ်လာခဲ့တယ်။ (အနိမ့်ပျံတယ်ဆိုတာ ရေဒါဖမ်းမမိအောင်ပါ)

အခုအချိန်မှာ ခရီးသည်တွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်မှု အဆင့်ကနေ ဒေါသအဆင့်ကို ပြောင်းလဲလာနေပြီး တရုတ်လူမျိုး ဆွေမျိုးတွေက မလေးရှား လေကြောင်းလိုင်း တာဝန်ရှိသူတွေကို သတင်းစာရှင်းလင်းပွဲအတွင်း ရေပုလင်းနဲ့ ပေါက်ခဲ့သည်အထိ အဖြစ်ဆိုးခဲ့ပါပြီ...

နှာဗူးလေယာဉ်မှူးကြီး နောက်ဆုံး ပြောခဲ့တဲ့ စကားလုံးကိုလည်း အားလုံး သိအောင် ဖွင့်ချခဲ့ပါပြီ။

လေယာဉ်တက်ချိန် သူ နောက်ဆုံးပြောခဲ့တာက "All right, good night " ပါတဲ့...

Myawady news

မြန်မာ အိမ် ဖော် များ နှစ်စဉ် စတေးရှောင်ရ မည် ဆိုသည် ကို ဟောင်ကောင် ရောက် မှ သိ



FNG

မြန်မာ အစိုးရ ဌာန များ မှ ဦးစီးပြီး ဟောင်ကောင် သို့  စေလွှတ် ခဲ့သည့် အိမ် ဖော် များ သည် နှစ်စဉ် တရုတ် နိုင်ငံ ၊ မကာ အို စသည့် ဒေသ များ သို့  အထွက် ပြ ပြီး ဗီဇာ သက်တမ်း တိုးရ မည် ဆို သည် ကို ဟောင်ကောင်ရောက် မှ သိရှိရသည် ဟု ဟောင်ကောင် ရောက် မြန်မာ အိမ် ဖော် တစ် ဦး က အပိုလို သတင်း အုပ်စု သို့  ပြောသည်။

စတေးရှောင် ရာ တွင် ကုန်ကျ စရိတ် များ ကို အလုပ်ရှင် က တစ်ဝက်သာ ကျ ခံ မည် ဖြစ် ပြီး ကျန် တစ်ဝက် ကို အိမ်အကူ တာဝန် ထမ်းဆောင်သူ က ကျ ခံ ရ မည် ဟု ဆိုသည်။

" တစ်ဝက် စိုက် ရမယ် ဆိုရင် တော့ နှစ် လ နီးပါးစာ လခ ပါသွားမှာ ပဲ ဒါဆို ရင် စုမိ ဖို့  မလွယ် ဖူး လို့  အိမ် အကူ တစ်ဦး " ပြောသည်။

ဟောင်ကောင် ရောက် မြန်မာ အိမ် ဖော် များ အနက် အချို့  မှာ လုပ်ငန်းခွင် စ၀င် နေ ပြီး အချို့  မှာ အိမ် ဖော် သီးသန့်  သာ မဟုပ် ပဲ အလုပ် ရှင် ၏ စက်ရုံ ၊ ဆိုင် စသည့် လုပ် ငန်းများ တွင် ပါ တွဲ ဖက် တာ ၀န် ထမ်းဆောင်ရသည်။

ဟောင်ကောင် ရှိ မြန်မာ အိမ် ဖော် ၂၀၀ အနက် အချို့  မှာ တရုတ် ပြည် သို့  စတေးရှောင် သွား ရန် အတွက် ကြောက် ရွံ့  လျှက် ရှိသည်။

အင်းစိန်မီးလောင်မှုစာမေးပွဲဖြေဆိုရန်စာအုပ်များအခက်အခဲဖြစ်နေ



ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ဖေါ့ကန်ရပ်ကွက်တွင်ယနေ့12.3.2014 ရက်
ညနေမီးလောင်မှုတစ်ခုဖြစ်ပွါးခဲ့ရာအိမ်ခြေ ၁၆ လုံးဆုံးရှုံးခဲ့ပြီးမိ
သားစု၂၅စုဒုက္ခရောက်နေကြပါသည်။အဆိုးဆုံးမှာလက်ရှိဆယ်တန်း
စာမေးပွဲဖြေဆိုနေဆဲကျောင်းသားငါးဦး Bio သုံးဦးနှင့် Eco နှစ်ဦး
စာမေးပွဲဖြေဆိုရန်စာအုပ်များအခက်အခဲဖြစ်နေပါသဖြင့်ကူညီပေး
နိုင်မည့်သူများဆက်သွယ်ကူညီကြပါရန်မေတ္တရပ်ခံအပ်ပါသည်။
နောက်ဆုံးသတင်းအရဆယ်တန်းကျောင်သားကိုးဦးရှိပါသည်။
ဆက်သွယ်ရန်
Ph 0931297940 ကိုသန့်ဇင်ဦး
ph 0931306551 ကိုဇင်မင်းဦး —


အင်းစိန်မြို့နယ်တွင် ဆေးလိပ်မီးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်

၁၂.၃.၂၀၁၄ရက်နေ့ ၁၇၁၅အချိန် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်း၊ အမှတ်(၇၈)ရှိအိမ်ရှင်ဦးစိန်ဝင်းမြင့်၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် (၁၆)လုံးကို မီးကူး စက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၈၀၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုအားစစ်ဆေးရာ ဦးစိန်ဝင်းမြင့်၏သားဖြစ်သူ ဖိုးသကြား (ခ)နိုင်ဝင်းထွန်း(၂၆)နှစ်မှ နေအိမ်အပေါ်ထပ်တွင် သောက်လက်စ ဆေးလိပ်ကိုမီးမငြှိမ်းဘဲ ခြင်ဆေးခွေထွန်းသည့် ကော်ဖြင့်ပြုလုပ်ထား သော အခံခွက်အတွင်းထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ် (၈၈)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မီးပေါ့ဆစွာသုံးစွဲသူ ဖိုးသကြား(ခ)နိုင်ဝင်ထွန်းအား အင်းစိန်မြို့မရဲစခန်း(ပ)၂၃၈/၂၀၁၄၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်သည့် နေအိမ်(၁၆)လုံးမှ မိသားစုဝင်များအား ၀ါဦးပရိယတ္တိစာသင်တိုက်တွင်ကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ်ကာ နေရာချထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက် ရှိသလဲ



ရွှေသံလွင်အပါအဝင် အင်အားကြီး စီးပွားရေးကုမ္ပဏီကြီးများ က နိုင်ငံအတွင်း သို့ မှောင်ခို လမ်းကြောင်းမှ စက်သုံးဆီများခိုးသွင်းနေကြောင်း သက်သေ အထောက်အထား များနှင့်တကွ ၂၀၁၂ နိုဝင်ဘာ အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က လွှတ်တော်တွင် ဖော်ထုတ်ခဲ့သည်။

သို့သော် စက်သုံးဆီမှောင်ခိုမှုဖြင့် သံသယရှိသည့် ကုမ္ပဏီများကို အစိုးရက တရားရုံးရှေ့ ပို့ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ၎င်းတို့တင်သွင်းလာသည့် ဆီတင်သင်္ဘောများ ကိုပင် ရဲတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးပိုင်ခွင့်မရှိကြောင်း အကြောင်းပြန်ခဲ့သည်။

စက်သုံးဆီ ဂါလန်ထောင်သောင်းချီ မှောင်ခိုတင်သွင်းလာသည့် စီးပွားရေး လုပ်ငန်းကြီးများကို မတို့မထိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၁၆ လခန့်အကြာ ၂၀၁၄ မတ်လဆန်း တွင် ရေနံစိမ်းဂါလန် ၈၀၀ ခန့် သယ်ဆောင်လာသူများကို မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့် အရေးယူ ခဲ့သည်။ အကြောင်းပြချက်က ခွင့်ပြုချက်တစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ သယ်ဆောင် လာသည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

တရားမဝင် စက်သုံးဆီမှောင်ခိုပြုလုပ်ကြောင်း စွပ်စွဲခံရပြီး သာမန်လူများ အချုပ်ထောင်များအတွင်း ရောက်ရှိနေချိန်တွင် အလားတူ စွပ်စွဲမှုများနှင့် ရင်ဆိုင် ခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကမူ နိုင်ငံတော်သမ္မတ၏ သီးသန့်လေယာဉ် ဖြင့် နိုင်ငံတကာခရီးစဉ်များသို့ လိုက်ပါခွင့်ရလျက်ရှိသည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

ပြည်သူများကို တရားဥပဒေစိုးမိုးရေး အကြောင်း ပြောနေသည့် သမ္မတနှင့် သူ၏ အစိုးရ အဖွဲ့ကိုယ်တိုင်ကော အပြောနှင့်အလုပ် ထပ်တူကျပါရဲ့လား။ ပြီးခဲ့သည့်နှစ် များအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အချို့ကို နှိုင်းယှဉ်ကြည့်ကြပါစို့။

အာဏာရ ပြည်ခိုင်ဖြိုး ပါတီ၏ ညီလာခံကျင်းပရန် အတွက် နေပြည်တော်တွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၂ နိုဝင်ဘာ အတွင်း စုဝေးရောက်ရှိခဲ့ကြသည်။ တိုင်းပြည်၏ ထိပ်တန်းအာဏာပိုင်များ တက်ရောက်ခဲ့ကြသည့် အဆိုပါပွဲ တွင် နိုင်ငံတော်အလံ ပြောင်းပြန် လွှင့်ထူမှုဖြစ်ပေါ် ခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး ၁၈၉ ရက်အကြာ ၂၀၁၃ မေလ ၂၂ ရက်တွင် နောက်ထပ် အလံပြောင်းပြန် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန် အထက်လွှတ်တော်ဥက္ကဋ္ဌ တို့ နေပြည်တော် တွင်တွေ့ဆုံရာ၌ မြန်မာနိုင်ငံအလံ ပြောင်းပြန်အနေအထားဖြစ်နေသည့်ပုံကို နောက်တစ်နေ့ သတင်းစာများ၌ ရောင်စုံဓာတ်ပုံဖြင့် ဖော်ပြထားသည်။

အလံပြောင်းပြန် လွှင့်ထူမှုနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထိပ်သီးအရာရှိကြီး များနှင့် တာဝန်ရှိသူများကို အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း ရှိ၊ မရှိ အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။

သို့သော် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆူးကလပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် သာမန်ပြည်သူတစ်ဦးကို အလံပြောင်းပြန် လွှင့်ထူမှုနှင့် ပတ်သက်ပြီး အစိုးရက အရေးယူခဲ့သည်။ ၂၀၁၃ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၌ အလံပြောင်းပြန် လွှင့်ထူ ခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည့် ၎င်းတို့နှစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော် ကြာသည်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

တနင်္သာရီ ခရီးစဉ်အတွင်း ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်း လမ်းအစား ကွန်ကရစ် လမ်းခင်းပေးဖို့ တောင်းဆိုရာ ပြည်ထောင်စုဝန်ကြီးက ‘‘ယခင် အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်။ ဘာမှထော်လော် ကန့်လန့်မလုပ်နဲ့ ပါးရိုက်ခံရမယ်၊ မကျေနပ် ရင် တောခို’’ ဟု လည်းကောင်း မကွေးခရီးစဉ် အတွင်းက ‘‘ဘာနိုင်ငံရေးသမားကိုမှ ဂရု မစိုက်ဘူး။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြော လာတာ၊ ကျွန်တော်ပြော တာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး’’ စသည့် အသုံး အနှုန်းများကို ဖြေရှင်းပေးရန် NLD အမတ်တစ်ဦး ဦးအောင်စိုးက ဖေဖော်ဝါရီလဆန်းတွင် လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။

ပြည်သူလူထုအပေါ် ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောကြား ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးကို အစိုးရက အရေးယူခြင်းမပြသည့်အပြင် အကာအကွယ် ပင်ပေးခဲ့သည်။

တစ်ချိန်တည်းတွင် လယ်ယာမြေအရေးဆောင်ရွက်သူများ၊ အစိုးရနှင့် အတိုက်အခံ ပြုလုပ်သူများ၏ ကြမ်းတမ်းသည့်စကားများကိုတော့ အမှုဖွင့် အရေးယူရန် အစိုးရက အမြဲလိုလိုအဆင်သင့် ဖြစ်နေခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ အတွင်းက ဒေသခံများအား ရဲတပ်ဖွဲ့ဝင်များ၏ လာဘ်စားမှုကို ထုတ်ဖော်ပြောကြားသဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုဖြင့် အချိန်မ ဆိုင်းဘဲ ဖမ်းဆီးထောင်ချခဲ့သော်လည်း ဝန်ကြီးဦးအုန်းမြင့်၏ ပြောဆိုချက်များ အတွက်မူ အစိုးရက ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပျက်ကွက်နေကြောင်း တပ်မတော် အရာရှိဟောင်း ဦးနေမျိုးဇင်ကပြောသည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

ခွေးစာဖြစ်မှာတော့ လူတိုင်းကြောက်

အသက် ရှူ လို့ တောင် ရ ပါ အုံး မ လား



Mike Tee
ကျွန်တော်ရောက်ဖူးတဲ့ အနှိပ်ခန်းမှာ မိန်းကလေးအယောက် ၇၀ ရှိတယ်ဗျ ၊

နိုက်ကလပ်ကတော့ တော်တော်များများ ရောက်တယ် ၊ နိုက်ကလပ်တစ်ခုမှာ အနဲဆုံး မရှိဘူးဆို ကောင်မလေး အယောက် ၅၀ တော့ရှိတယ် ၊

ကာရာအိုကေ တစ်ခုမှာ ဗျမ်းမျှ အယောက် ၄၀ ထား ၊

နောက် - စင်တင်မှာက ၄၀ ပေါ့ဗျာ

နောက် - ခေါင်းလျှော်ဆိုင်ကို ၁၀ ယောက်နှူံ့းထား - အဲ. . ပြီးတော့

. . . .ဘိ ။
နောက်ပိုင်းက တနိုင်တပိုင်တွေများတော့ ဗျမ်းမျှ ၅ ယောက်နှုံးထား
(ဆရာကြီးလေသံဖြစ်သွားလို့ အထင်တော့မကြီးလိုက်နဲ့အုံးနော် ဒါတော့ ကြားဖူးနားဝ ဗျ)

အဲ - နောက်တဆက်ထဲက
ပါဆယ် ဂျိုင့်ဆွဲ DHL များ
( ဒါလည်းမြင်ဖူးတာ ၊ နည်းပညာတွေကတိုးတက်လာတော့ အရွေးမမှားဖို့အရေး ဖုံးထဲကနေ ဓါတ်ပုံလေးပါပို့ပေးသေးတာဗျာ၊ ဝန်ဆောင်မှူ့တွေက အဲ့လို ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတာ )
ဒါကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဆိုတော့ ... ထားပါ . .ဗျမ်းမျှ ၅ ယောက်ပဲထားအုံး ၊

ကဲ -
ရန်ကုန်တမြို့ထဲမှာပဲ အဲဒီမိန်းကလေးတွေ အားလုံးဘယ်နှစ်ယောက်တောင်ရှိမလဲ ပေါင်းကြည့်စမ်းပါဗျာ ၊

အယောက် ၄၀၀၀၀ ဆိုများမယ်ထင်လား !
ကာရာအိုကေ တခုထဲနဲ့တင် ၅၀၀၀ ရှိတယ်နော် ၊
ဟ င်းးးးး !!!

အဲဒါ အသက် ၁၆ နှစ် ကနေ ၃၀ အတွင်း မိန်းကလေးတွေဗျ ၊ အမျိုးသမီးရေးရာ ဘာပြောမှာလဲ !
လူမှူ့ဝန်ကြီး ဘာပြောမလဲ !!
အစိုးရ ဘာလုပ်ပေးမလဲ !
ဘာလုပ်ပေးခဲ့လဲ !

နောင်တခေတ် လွှတ်တော်ထဲလား ?
အမျိုးသမီးများရဲ့နိုင်ငံရေးဦးဆောင်မှူ့အခမ်းကဏ္ဍလား ?

ကဲဘယ်လိုလုပ်မလဲ ?

ဒါက တိတိကျကျ ဝမ်းရေးအတွက်ရှာဖွေစားသောက်နေကြရှာတဲ့ ကလေးတွေ နော် ၊
ဒိုင်ရှိုအကြီးစားတွေမပါသေးဘူး -
ကုမ္ပဏီတောက်တိုမယ်ရနဲ့ အိမ်ဖေါ်မပါသေးဘူး ၊
ပြီးတော့ အဆိုးဆုံးက -
မခိုင်းသင့်မခိုင်းအပ်ရာ မတန်မရာကို လူ့ဂုဏ်သိက္ခာမဲ့စွာအလုပ်လုပ်ပေးနေကြရတဲ့ . . .
လမ်းဘေး အရက်ဘီယာဆိုင်တွေမှာ စီးကရက် အရက် လိုက်ကြော်ငြာပေးနေရသူလေးများ မပါသေးဘူး ၊
( အရှင်လတ်လတ် လူညွှန့်တုံးကာ ဘဝပျက်စေတာ )

ကဲ - အဲဒါ ရန်ကုန်တစ်မြို့ထဲဗျ
ပြီးရင် တတိုင်းပြည်လုံးကို တွက်. . .
နောက် ပြည်ပမှာ ထွက်လုပ်နေကြရတဲ့ သူလေးတွေကိုတွက် -
ဟာာာ !!!
ဒါ ဖါ နိုင် ငံ မှ ဟုတ် ရဲ့ လား ¿¿
. . . . . . .
ပြီးတော့ အဲဒါတွေ အားလုံးအတွက် အကျိုးဆက် . . . . .
. . .

နောက် . . .
နောက် . . .
နောက် . . . အာ့  ¡¡

အသက် ရှူ လို့ တောင် ရ ပါ အုံး မ လား ဗျာ

ပျောက်ဆုံးလေယာဉ်ကို ပြန်ခေါ်