Friday, March 14, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံများ



National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့
၁။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ
၂။ ဦးဥာဏ်ဝင်း အဖွဲ့ဝင်
၃။ ဦးဟံသာမြင့် အဖွဲ့ဝင်
၎။ ဦးအုန်းကြိုင် အဖွဲ့ဝင်
၅။ ဦးဝင်းမြင့် အဖွဲ့ဝင်
၆။ ဦးထွန်းထွန်းဟိန် အဖွဲ့ဝင်
၇။ ဒေါက်တာမေ၀င်းမြင့် အဖွဲ့ဝင်
၈။ ဦးဝင်းထိန် အဖွဲ့ဝင်
၉။ ဒေါက်တာဇော်မြင့်မောင် အဖွဲ့ဝင်
၁၀။ ဒေါက်တာအောင်မိုးညို အဖွဲ့ဝင်
၁၁။ ဒေါက်တာမျိုးအောင် အဖွဲ့ဝင်
၁၂။ ဒေါ်ခင်ဌေးကြွယ် အဖွဲ့ဝင်
၁၃။ ဒေါ်နန်းခင်ထွေးမြင့် အဖွဲ့ဝင်
၁၄။ ဦးကျော်ခင် အဖွဲ့ဝင်
၁၅။ ဦးညီပု အဖွဲ့ဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူများ
၁။ ဦးဥာဏ်ဝင်း(၀၉-၅၁၇၉ ၂၄၇)
၂။ ဦးအုန်းကြိုင်(၀၉-၄၃၀၂ ၇၃၇၆)
၃။ ဦးဝင်းမြင့်(၀၉-၄၃၁၄ ၀၉၈၀)
၎။ဒေါ်နန်းခင်ထွေးမြင့်(၀၉-၇၃၇၆ ၀၀၇၂)

အဖွဲ့ချုပ်၊ ဥက္ကဌရုံးအဖွဲ့တာဝန်ခံ- ဒေါက်တာတင်မာအောင်(၀၉-၅၁၅၉ ၄၅၇)
အဖွဲ့ချုပ်၊ဥက္ကဌ၏လုံခြုံရေးတာဝန်ခံ-ဦးဝင်းထိန်(၀၉-၄၉၃၀ ၆၁၅၅)
အဖွဲ့ချုပ်၊ ဥက္ကဌ၏ လွှတ်တော်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ-ဦးဖြိုးဇေယျာသော်(၀၉-၂၀၀၀ ၄၇၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ဗဟိုအဆင့်ရေးရာကော်မတီတာဝန်ခံများ
၁။ ပညာရေးရာကော်မတီ- ဦးဟံသာမြင့်(၀၉-၇၃၁၂ ၄၃၄၇)
၂။ ဥပဒေရေးရာကော်မတီ-ဦးဥာဏ်ဝင်း(၀၉-၅၁၇၉ ၂၄၇)
၃။ အလုပ်သမားရေးရာကော်မတီ-ဦးဝင်းထိန်(၀၉-၄၉၃၀ ၆၁၅၅)
၎။တောင်သူလယ်သမားရေးရာကော်မတီ-ဦးညီပု(၀၉-၄၂၅၃ ၂၆ ၇၃၂)
၅။စီးပွားလုပ်ငန်းကော်မတီ-ဦးဟံသာမြင့်(၀၉-၇၃၁၂ ၄၃၄၇)
၆။ကျန်းမာရေးရာကော်မတီ-ဒေါက်တာတင်မျိုးဝင်း(၀၉-၇၃၁၀ ၂၂၅၀)
၇။တိုင်းရင်းသားအဖွဲ့အစည်းများနှုင့်ဆက်ဆံရေးကော်မတီ-ဒေါ်အောင်ဆန်းစုကြည်
၈။အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီ-ဦးဥာဏ်ဝင်း(၀၉-၅၁၇၉ ၂၄၇)
၉။ပြန်ကြားရေးကော်မတီ-ဦးအေးကြူ(၀၉-၄၂၀၁ ၁၀ ၁၁၀)
၁၀။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ-ဦးထွန်းထွန်းဟိန်(၀၉-၄၇၃၀ ၉၇၉၅)
၁၁။ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ-ဦးထွန်းထွန်းဟိန်(၀၉-၄၇၃၀ ၉၇၉၅)
၁၂။လွှတ်တော်ရေးရာကော်မတီ-ဦးဥာဏ်ဝင်း(၀၉-၅၁၇၉ ၂၄၇)

ပြည်နယ်/တိုင်းဒေသကြီးအဆင့်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌများ
၁။ ရန်ကုန်တိုင်း ဦးမြင့်ဌေး 09-4201 22 966
၂။ မန္တလေးတိုင်း ဦးတင်ထွဋ်ဦး 09-4713 2433
၃။ ပဲခူးတိုင်း ဦးသိန်းဒန် 052-23097(Office)
၎။ မကွေးတိုင်း ဦးသိန်းဇော် 09-2562 44 427
၅။ စစ်ကိုင်းတိုင်း ဒေါက်တာမြင့်နိုင် 09-4200 29 063
၆။ ဧရာဝတီတိုင်း ဒေါက်တာမျိုးညွန့် 09-49325379
၇။ တနင်္သာရီတိုင်း ဦးအောင်စိုး 09-7321 6471
၈။ရှမ်းပြည်နယ် ဒေါ်ခင်မိုးမိုး 09-5210 156
၉။ မွန်ပြည်နယ် ဒေါက်တာခင်ဆောင် 09-8723 296
၁၀။ ရခိုင်ပြည်နယ် ဦးညီပု 09-4253 26 732
၁၁။ ချင်းပြည်နယ် ဦးဇိုဘွဲ 09-4310 4661
၁၂။ ကရင်ပြည်နယ် ဒေါ်နန်းခင်ထွေးမြင့် 09-7376 0072
၁၃။ကယားပြည်နယ် ဒေါက်တာခင်စည်သူ 09-5601 456
၁၄။ ကချင်ပြည်နယ် ဦးဇော်လွင် 09-2401 558

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရုံးချုပ် ရုံးအဖွဲ့မှုး-ဦးသိန်းဦး (၀၁ ၅၅၅၁၅၆)

သမ္မတ၏ ခွင့်ပြုချက်ဖြင့် ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ကျော် အစိုးရအဖွဲ့ ထုတ်သုံး



The Voice weekly


ဘဏ္ဍာငွေ မလုံလောက်ခြင်းနှင့် နှစ်စဉ် ကြုံတွေ့နေရသော မြန်မာနိုင်ငံ အစိုးရ အဖွဲ့သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ၁၆၇၃၂ ဒသမ ၂၁၉ သန်း ထုတ်ယူ သုံးစွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ သုံးစွဲငွေ စာရင်းကို အတည်ပြု မှတ်တမ်း တင်ပေးရန် နိုင်ငံတော် သမ္မတက မတ် ၁၃ နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

သုံးစွဲငွေတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တောင်ငူခရိုင် ပဲခူး-စစ်တောင်း တူးမြောင်း ပြန်လည် တူးဖော်ရေး အတွက် ကျပ် ၁၁၂၅၀ သန်း၊ လက်ပံတန်း ဆည်မြောင်း၊ တာတမံ၊ ရေကာတာများ မိုးရာသီ လုံခြုံရေးအတွက် ကျပ် ၆၈ ဒသမ ၈၀၀ သန်း၊ မန္တလေးတိုင်းရှိ ထီးလှိုင်ကန် ပြုပြင်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း ၂၀၀၀၊ တောင်သာမြို့နယ် ဇဂျမ်း၊ ကန်မြဲ နယ်မြေရှိ သောက်ရေနှင့် စိုက်ပျိုးရေ ရရှိရေး အတွက် ကျပ်သန်း ၃၉၀ နှင့် ပဲခူးတိုင်း တောင်ငူခရိုင် အတွင်း စစ်တောင်းမြစ်ရေ လွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အတွက် ကျပ် ၈၀၃ ဒသမ ၃၅၀ သန်းတို့ကို ထုတ်ယူ သုံးစွဲထားကြောင်း သမ္မတ၏ အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျပ် ၁၀၇ ဒသမ ၁၀၄ သန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ၂၁၇ ဒသမ ၂၀၀ သန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ကမ်းပြိုမှုအတွက် ၃၂၇ ဒသမ ၃၄၀ သန်း၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ကမ်းပြိုခြင်း အတွက် ၁၆၇ ဒသမ ၂၀၀ သန်း၊ ဧရာဝတီတိုင်း၊ ကန်ကြီးဒေါင့်မြို့ ကမ်းပါးပြိုခြင်း အတွက် ၂၀၆ ဒသမ ၃၀၀ သန်း၊ လပွတ္တာ-သင်္ကန်းကြီး ကားလမ်း ကမ်းပါးပြိုကျမှု အတွက် ၂၇၅ ဒသမ ၉၀၀ သန်းကို ထုတ်ယူ သုံးစွဲထားခြင်း ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာ အရ သိရှိရသည်။

ယင်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းတံတား အရေးပေါ် ပြုပြင်ခြင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အရေးပေါ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

အခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတက နိုင်ငံအတွင်း အရေးပေါ် ကိစ္စများနှင့် လိုအပ်ချက်များ ရှိပါက ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ သီးသန့် ထုတ်ယူ သုံးစွဲနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းသုံးစွဲငွေ စာရင်းကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ထားမည် ဖြစ်ကြောင်း နာယက သူရ ဦးရွှေမန်းက ကြေညာခဲ့သည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်


The Voice weekly
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာ ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် The Voice နှင့် တွေ့ဆုံစဉ်၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ကူးပြောင်းမှု ဖြစ်စဉ်များတွင် လစ်လပ်နေသော နေရာများကို ဝင်ရောက် ဖြည့်ဆည်း ပေးနိုင်ရန်အတွက် လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ဒါပေမဲ့ ဒီ ၂၀၁၅ ကို ဝင်ပြိုင်မှာလား၊ ဘယ်လို ပုံစံနဲ့ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ အမည်ကိုလည်း ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဦးကိုကိုကြီးသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဟောပြော ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံထားသည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ရေးရာ ကိစ္စရပ်များတွင် ဝင်ရောက် ပါဝင်လာရန် ကမ်းလှမ်းခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။

ဒီနေ့ကာတွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှစ၍ ပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



Eleven Media Group

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်သည့်အချက်မှစ၍ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၃ ရက်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးစားပေးစာရင်းတွင် အရေးကြီးပုဒ်မဖြစ်သော ၄၃၆၊ ၅၉(စ)နှင့် တပ်မတော်အခန်းကဏ္ဍတို့ မပါဝင်ဘဲ ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများကိုသာ ဦးစားပေးသုံးသပ်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီက ဆုံးဖြတ်ခဲ့မှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြင်နိုင်တဲ့နေရာကတော့ စပြင်ရမှာပေါ့။ အားလုံး ကိုယ်လိုချင်တဲ့အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်ချင်မှဖြစ်မယ်။ နောက်ပြီးတော့ တင်လိုက်တဲ့ဟာလည်း လွှတ်တော်မှာ ဆွေးနွေးဦးမှာပဲ။ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ”ဟု အတိုက်အခံခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုသဘောထားရယူပွဲများကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲများတွင် ပါတီဝင်ဥပဒေပညာရှင်များက ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉၊ နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍတို့နှင့် ရှေ့နောက်မညီညွတ်သည့် အချက်အလက်များသည် ဒီမိုကရေစီနှင့် မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီနှင့်မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောထားကို လျစ်လျူရှု၍မရကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် တပ်မတော်တို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရမည်ကိုကြောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို မပြင်ဆင်လိုခြင်းဖြစ်ကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်က ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်၊ မဆောင်ရွက်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း မီဒီယာများသို့ ဖေဖော်ဝါရီ ၃ ရက်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် မတ် ၉ ရက် ညနေ ၅ နာရီခန့်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ငါးကြိမ်မြောက် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက တွေ့ဆုံမှု အသေးစိတ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုသို့တွေ့ဆုံပြီး မတ် ၁၂ ရက်တွင်လည်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ရာတွင် အဆိုပါတွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီအကြံပေးများ တွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရပြီး ထိုတွေ့ဆုံမှုတွင် မိမိမပါဝင်ကြောင်း သတင်းထောက်များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်ရမည်ဟု မူဝါဒချမှတ်ထားသည်။

(မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်)

မလေးရှားလေယာဉ် MH370 ဘာဖြစ်ခဲ့သလဲ



Eleven Media Group

(Written by - ကိုနေ(မန်း))

စနေ မနက်ကြီး ကွာလာလမ်ပူ-ပေကျင်းခရီးနှင်ချိန်ကနေ ခြောက်ရက်မြောက် နီးနီးကြာလာချိန်မှာ မလေးရှားလေယာဉ် MH370 ရဲ့အစအနတောင် မတွေ့ရသေးဘူး။ တရုတ်က တွေ့တယ်ဆိုတာကလည်း မဟုတ်ပြန်ဘူးတဲ့။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သတင်းတွေ၊ မှားယွင်းနေတဲ့ ဆီကွက်၊ အစအနတွေ၊ အဖြေထက် မေးခွန်းတွေကသာ ပိုများပြီး ရှာဖွေမှုအပေါ် အာရုံစိုက်မှု ပိုမိုရှုပ်ထွေးလာစေတယ်။လုံခြုံမှုအကောင်းဆုံး မှတ်တမ်းရှိထားတဲ့ ဘိုးအင်းလေယာဉ်ကြီးရဲ့ကံကြမ္မာနဲ့ သဲလွန်စတွေကို ကမ္ဘာကစောင့်ကြည့်နေစဉ် ဆိုင်ရာလုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကိုကိုးကားပြီး စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပုံဖော်ကြည့်ရအောင်။

(၁)သီအိုရိ( လေယာဉ်ပေါ်တွင် ဖောက်ခွဲခြင်း)

ဘာကြောင့်လဲ။ ။

မလေးရှားအာဏာပိုင်တို့ရဲ့ အဆိုအရ လေယာဉ်ဟာ နောက်ဆုံးအဆက်အသွယ်ရချိန်မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၃၅၀၀၀ မှာ ပျံသန်းနေပြီး နောက်ထပ် ဘာကြားဖြတ်ခေါ်ဆို ဆက်သွယ်မှုမှမရှိဘဲ ရုတ်တရက် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခြင်းက လေယာဉ်ဟာ ရုတ်တရက် ဘေးဆိုးအဖြစ်အပျက်နဲ့ ကြုံရနိုင်ခြေကို ထောက်ပြနေတယ်။ အခိုးခံ ပတ်စ်ပို့ကိုင်ခရီးသည်နှစ်ဦး လေယာဉ်ပေါ်မှာပါနေတော့ အကြမ်းဖက်ခံရမှုသံသယ ပိုမိုကြီးထွားလာတယ်။ ဒါပေမဲ့ အင်္ဂါမနက်မှာ ထုတ်ဖော်ချက်အရ ဒီအီရန်သားနှစ်ဦးဟာ ဥရောပကို ခိုးဝင်ဖို့ ကြိုးစားရုံဖြစ်နိုင်ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်တာ မတွေ့ရဘူးလို့ စီအိုင်အေဒါရိုက်တာ ဂျွန်ဘရီနန်က ပြောတယ်။

အခြားအကြမ်းဖက်မှုဖြစ်နိုင်ခြေကတော့ ဒုံးပျံနဲ့အပစ်ခံရတာ သို့မဟုတ် တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခံရတာ။

ကျွမ်းကျင်သူအမြင် -“ဒီလိုလေယာဉ်ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မျိုးအရ ဒါတွေဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး”လို့ ထိပ်တန်း သြစတြေးလျလေကြောင်းအကြံပေးကုမ္ပဏီ SAS မှ ဥက္ကဋ္ဌ နေးလ်ဟန်းစ်ဖို့ဒ် ကပြောတယ်။ “ကျွန်တော်မြင်တာက အချက်သုံးချက်ရှိတယ်။ (၁) လေယာဉ်ပေါ်မှာ ဗုံးပါတာ။ (၂) လေယာဉ်ကို ဒုံးပျံ သို့မဟုတ် စစ်တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာ။ (ဒေသတွင်းတင်းမာမှုများကြောင့် မှားယွင်းပစ်ချခံရခြင်းလည်း စဉ်းစားနိုင်)။(၃) ကက်ပတိန်က စက်ခန်းကိုစွန့်ခွာသွားလို့ လေယာဉ် ဒိုင်ဗင်ထိုးဆင်းတာ။

(၂) သီအိုရီ (စက်ချွတ်ယွင်းမှု)

ဘာကြောင့်လဲ။ ။

ရုတ်တရက်ပျောက်ဆုံးမှုဟာ (စက်ချွတ်ယွင်းမှုကြောင့်) အလျင်အမြန် နိမ့်ဆင်းသွားမှုကြောင့်ဆိုတာ ဖြစ်နိုင်ခြေတစ်ခုပါ။ မလေးရှားအာဏာပိုင်တွေရဲ့ အစီရင်ခံစာအရ လေယာဉ်ဟာ အဆက်အသွယ် မပြတ်တောက်မီ အနောက်ကိုနည်းနည်း ပြန်လှည့်ခဲ့ဖွယ်ရှိတယ်တဲ့။ ပိုင်းလော့က ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့ ညွှန်းဆိုချက်တစ်ခု ဖြစ်နိုင်တယ်။ သီအိုရီကို အားပေးထောက်ခံတဲ့အချက်ပေါ့။

ကျွမ်းကျင်သူအမြင် -“ကျွန်မအမြင်မှာတော့(ပြန်ကွေ့တယ်ဆိုတာ) ရုတ်တရက် ပြဿနာရှိလို့ပဲ။ စက်ရပ်သွားလို့ပဲ”လို့ အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ်ဟောင်းနဲ့ လေကြောင်းဆိုင်ရာရှေ့နေ မေရီဆချီယာဗို က ပြောတယ်။
“ဒါက သင့်လေယာဉ်အင်ဂျင်တွေကို ဆုံးရှုံးသွားတယ်လို့ ဆိုလိုတာမဟုတ်ဘူး။သင့်လေယာဉ်တောင်ပံတွေပေါ်မှာ လေစီးဆင်းမှု ဆုံးရှုံးသွားတာကို ဆိုလိုတာ။ သင့်လေယာဉ်ကို လေထဲမှာ လုံလောက်တဲ့အမြန်နှုန်းနဲ့ ဆက်ထိန်းနိုင်မှု ဆုံးရှုံးတာကိုဆိုလိုတာ။
ဒါဆိုရင် လေယာဉ်ရဲ့ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်က ရုတ်ခြည်းထိုးကျသွားရော” သူမရဲ့စိတ်မှန်းဖြစ်နိုင်ခြေကို အဲယားဖရန့်စ် -၄၄၇ ကံကြမ္မာနဲ့ နှိုင်းယှဉ်ပြတယ်။ ၂၀၀၉ တုန်းက လေယာဉ်ရဲ့မြန်နှုန်း အာရုံခံကိရိယာ ချွတ်ယွင်းမှုကြောင့် အန္တလန်တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့တာပါ။ သြစတြေးလျရုပ်သံ အေဘီစီနဲ့အင်တာဗျူးမှာ ပြောခဲ့တယ်။

တကယ်လို့သာ စက်ချွတ်ယွင်းမှုနဲ့ ပိုင်းလော့ရဲ့အမှားအယွင်းပေါင်းစပ်ပြီး လေယာဉ်ပျက်ကျတာလို့ဆိုရင် ဒါဟာနီးစပ်တဲ့ စိတ်မှန်းဖြစ်နိုင်ခြေပဲလို့ “ဖရော့စ် အင်န်ဆူလီဗန်”အာရှနဲ့ ပစိဖိတ်လေကြောင်းနဲ့ အာကာသအတိုင်ပင်ခံအကြံပေး ရာဗီမာဒါဗာရမ်က ပြောတယ်။

“လေယာဉ်တစ်စင်း ပျက်ကျရေးဆီဦးတည်တဲ့အချက်က သာမန်အားဖြင့် တစ်ချက်တည်း မဟုတ်ပါဘူး။ စက်ချွတ်ယွင်းမှုနဲ့ ပိုင်းလော့ ဆုံးဖြတ်ချက် ပေါင်းစပ်ပြီးမှဖြစ်တာပါ။ အဲဒီချွတ်ယွင်းမှုနဲ့ ဆုံးဖြတ်ချက်တွေဟာ သီးခြားစီနဲ့ အန္တရာယ်ကင်းစွာနဲ့ မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းရင်းတွေ ပေါင်းစပ်မိပြီဆိုရင်တော့ ဘေးဆိုးဆီ ဦးတည်တော့တာပဲ”လို့ ဆိုတယ်။

(၃)သီအိုရီ (အစိတ်စိတ်အမြွှာမြွှာတစ်စစီဖြစ်သွားခြင်း)

ဘာကြောင့်လဲ။ ။

လေယာဉ်အပျက်အစီးအပိုင်းအစမျှပင် မတွေ့ရခြင်း၊ သေတ္တာနက်မှ ထုတ်လွှင့် အချက်ပေးမှု မရရှိခြင်းတို့ကြောင့် လေယာဉ်သည် လေထဲမှာပင် တစ်စစီပေါက်ကွဲ လွင့်စဉ်သွားပြီဟူသော ထင်မြင်ချက်များ ဖြစ်ပေါ်စေပါတယ်။

ကျွမ်းကျင်သူအမြင် - ယခင်က လေယာဉ်တွေ ပျောက်ဆုံးမှုအချို့နောက်မှာ တစ်စစီပေါက်ကွဲမှု ရှိခဲ့ပေမယ့် ဒီနေ့ခေတ် ဒီလိုလေယာဉ်တွေဟာ ပိုကောင်းတဲ့ စက်ကိရိယာ၊ နည်းပညာနဲ့ အချိန်မှန်ပြုပြင်ထိန်းသိမ်းရေးစနစ်တွေ ရှိနေတယ်လို့ မာဒါဗာရမ် ကပြောတယ်။

“တရုတ်လေကြောင်းလိုင်းမှာ နောက်ဆုံး ဖြစ်ပျက်ခဲ့တာကိုကြည့်ပါ။ ၂၀၀၂ က ခရီးစဉ်အမှတ် ၆၁၁ လေယာဉ်ဟာအမြင့်ပေ ၃၅၀၀၀ မှာဖြစ်ခဲ့တာပါ။ အဲဒီလေယာဉ်က ဘိုးအင်း-၇၄၇ ပျက်ကျရတဲ့ အကြောင်းရင်းက မှားယွင်းပြင်ဆင်မှုကြောင့်”

ဒါပေမဲ့ ၇၄၇ နည်းပညာဟာ ယခု ၇၇၇ ထက် နှစ်၂၀ လောက် ခေတ်နောက်ကျကျန်ခဲ့ပြီလို့ သူကပြောတယ်။

(၄)သီအိုရီ (လေယာဉ်အပိုင်စီးခံရခြင်း)

ဘာကြောင့်လဲ။ ။

လေယာဉ် ဦးတည်လမ်းကြောင်းတစ်လျှောက်မှာ အကျိုးအပဲ့အပျက်အစီးများ ရှာဖွေမတွေ့ရခြင်းကြောင့် လေယာဉ်ဟာ အနည်းငယ်နောက်ပြန်လှည့်ခဲ့တယ်ဆိုတာကြောင့် ဖြစ်နိုင်ခြေရှိတယ်။ လမ်းကြောင်းပြောင်းသွားတယ်ဆိုတဲ့ မလေးရှားစစ်ဘက်က သတင်းတွေကလည်း ဆန့်ကျင်ဘက်သတင်းတွေ ဖြစ်တာကြောင့် အပိုင်စီးခံရတယ်လို့ ထင်ကြတယ်။ စုံစမ်းစစ်ဆေးသူတွေက ခုထိ ဒီအချက်ကို ငြင်းပယ်မထားဘူး။

မလေးရှားလေကြောင်းကပြောရာမှာ သူတို့လေယာဉ်မှာ ခေတ်မီလေယာဉ် ဆက်သွယ်ရေး၊ အကြောင်းကြားရေး၊ အစီရင်ခံရေးစနစ် Aircraft Communications Addressing and Reporting System (ACARS) စနစ် တပ်ဆင်ထားတယ်လို့ ဆိုတယ်။
အဲဒီစနစ်က လေယာဉ်ဘယ်လောက် အမြန်နှုန်းနဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကအစ အလိုအလျောက် ပြန်လည်သတင်းပို့တယ်လို့ဆိုပေမယ့် flight MH370 ရဲ့ ဘာဒေတာကိုမျှ ခုထိထုတ်ပြန် မပေးသေးဘူး။

ကျွမ်းကျင်သူအမြင်။ ။

ပြန်လှည့်တယ်ဆိုတဲ့ သတင်းက မေးခွန်းများစွာကို ဖြစ်ပေါ်စေတယ်လို့ အမေရိကန်အခြေစိုက် လေကြောင်းအတိုင်ပင်ခံကုမ္ပဏီLeeham Co. မှ MD ဖြစ်သူ စကော့ဟာမီတန်က ပြောတယ်။

“တကယ်လို့သာ ဒါဟာ ဗီယက်နမ်ကမ်းခြေအနီးမှာ ဖြစ်ခဲ့တာဆိုရင် အရေးပေါ်အခြေအနေမှာ ဘာကြောင့် အနီးဆုံးလေဆိပ်ကို ဆင်းသင့်လျက်နဲ့ ပြန်လှည့်ရတာလဲ”လို့ သူ့ ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးတယ်။

ပိုကြီးမားတဲ့မေးခွန်းကတော့ ပြန်လှည့်မှုဟာ ပိုင်းလော့ (သို့မဟုတ် အပိုင်စီးသူတွေ) ရဲ့ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးမှုအောက်မှာလား။ သို့မဟုတ် အင်ဂျင်ပြဿနာ သို့ မဟုတ် ပေါက်ကွဲမှုကြောင့်လား။

သို့သော်Frost & Sullivan မှ မာဒါဗာရန်က အကြောင်းများစွာကြောင့် အပိုင်စီးမှုကို ပယ်ချပါတယ်။ ဘယ်သူတွေက သူတို့လက်ချက်ပါ၊ ဘာပေးပါလို့ ပြောတာမရှိသလို ခေတ်မီရေဒါတွေ မျက်မြင်သက်သေတွေကို ရှောင်လွှဲဖို့ခက်တာကြောင့်တဲ့။

(၅)သီအိုရီ (ပိုင်းလော့သေကြောင်းကြံခြင်း)

ဘာကြောင့်လဲ။ ။

သူတို့ကိုယ်တိုင်ရဲ့ အသက်တွေပါဝင်တဲ့ လေယာဉ်ကို ပိုင်းလော့တွေက ပျက်စီးစေခြင်းဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ အမေရိကန်ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာန US Federal Aviation Administration အဆိုအရ ပိုင်းလော့တွေ ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံမှုဟာ လေကြောင်းမတော်တဆမှု စုစုပေါင်းရဲ့ သုညဒသမငါး (၀.၅) ရာခိုင်နှုန်းတောင် မရှိဘူးတဲ့။

ကျွမ်းကျင်သူအမြင်။ ။

“ကိုယ်ကိုယ် ကိုယ်သေကြောင်းကြံမှုဆိုတာလည်း ဖြစ်နိုင်ခြေတစ်ခုပါ။ တကယ်လို့သာ အပျက်အစီးအပိုင်းအစ များများစားစား မတွေ့ဘူးဆိုရင် လေယာဉ်ဟာ အလုံးလိုက်ပြုတ်ကျတာ ဖြစ်နိုင်လို့ပဲ”လို့ SMU Singapore Management University မှ လေကြောင်းဆိုင်ရာကျွမ်းကျင်သူ တာရင့်စ်ဖန်း ကပြောတယ်။ “လေယာဉ်ကတော့ ပင်လယ်ရေထဲမှာ ပေါလောပေါ်နေမှာ မဟုတ်ဘူး။ တကယ်လို့ လေယာဉ် ရေထဲစိုက်ကျနစ်မြုပ်သွားပြီဆိုရင် ရေတွေက အတွင်းကိုဝင်လာမှာပဲ။ ဘာကြောင့်ဆိုရင် လေယာဉ်တံခါးတွေက ရေမလုံဘူးလေ”တဲ့။

မလေးရှားလေယာဉ်ပေါ်က ၂၃၉ ဦးစလုံး ဘေးကင်းကြပါစေ။

(ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ရှာဖွေရေး၌ ပါဝင်သည့် RSS Steadfast မှ အရာရှိတစ်ဦး မတ် ၁၃ ရက်က ညွှန်ကြားမှုများ ပြုလုပ်နေစဉ်)



ဗဟန်းကလဲ ခြေဥ ပြင်ဖို့ကြေငြာလိုက်ပြီ

မလေးရှားလေယာဉ်ပျောက်ဆုံးမှုပိုပြီးရှုပ်ကုန်ပြီ



 Sai Sheng Hein
    မလေးရှားလေယာဉ်သတင်း
    CNN ပီကင်းစံတော်ချိန် မတ်လ ၁၃ ရက်နေ့  ၁၀ နာရီ၄၈မိနစ် မှာမလေးရှားလေယဉ်ပျောက်ဆုံးမှူနှင့် ပတ်သက်ပြီးသတင်းတစ်ခု ဖွင့် ဟခဲ့ ပါတယ်…အမေရိကန် CIA ပါဝင်လာပြီးစုံစမ်းစစ်ဆေးချက်အရ MH-370 ဘိုရင်း 777 ဟာ ၂၀၁၄ မတ် လ ၈ရက်နေ့  ၂ နာရီ ၂၁ မိနစ် မှာပီနန် အနောက်မြောက်ဖက် မာလက္ကာပင်လယ်နားမှာမလေးရှားလေတပ် ကပစ်ချလိုက်တာပါ ..နောက်ဆုံးပစ်မိန့် ပေးခဲ့ သူ က မလေးရှားတော်ဝင်လေတပ်မှ commander Madezhali – Daud ဖြစ်ပါတယ် .CNN ဂျာနယ်လစ်ဖက်မှာတော့ဒီကိစ္စနဲ့ ပတ်သက်ပြီးခိုင်လုံတဲ့ အထောက်ထားမရှိပေမဲ့  စုံစမ်းထောက်လမ်းပြီးတင်ပြပေးသွာမယ်လို့ ဆိုပါတယ်. CNN အထူးသတင်းထောက် ONEJOYO ရဲ့ ကွာလာလမ်ပူမှပေးပို့ လာတဲ့ သတင်းအရမလေးMH 370 နှင့်ပတ်သက်ပြီးသတင်းရထားပြီဖြစ်ကြောင်းနှင့်  AirAsia CEO ရဲ့ Twitter မှ လေယဉ်ဟာမာလက္ကာရေလက်ကြား အနီးတစ်ဝိုက်ရှိလေယာဉ် ကွင်းငယ် တစ်ခုတွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ သည်ဟုရေးသားခဲ့ ပြီးမကြာမီတွင် ထိုစာသားကိုပြန်ဖျက်ခဲ့ ပါတယ်.. ပီနန်အနီးမှာလေယာဉ်ကွင်းငယ်လေးတစ်ခုရှိပါတယ်. မလေးရှားစစ်ဖက်ရေဒါမှနောက်ဆုံးထောက်လမ်းနိုင်ခဲ့ တဲ့  Radar (A) ပွိုင့်  ကလဲပီနန်နဲ့ တော်တော်နီးပါတယ်…ပျောက်ဆုံးနေတဲ့  MH 370 captain pilot Zaharie Ahmad Shah (၅၃)နှစ် ကလည်းပီနန်သားဖြစ်ပါတယ်.

    Mh 370 ဟာပျံသန်းနေရင်း ဆက်သွယ်မှုပျက်တောက်မှုဖြစ်ပွားခဲ့ တာကြောင့် လေယာဉ်ဟာရှေ့ ဆက်မသွားတော့ပဲနောက်ကိုပြန်လှည့် ပြီးပျံသန်းခဲ့ တာပါ..ဆက်သွယ်မှူစနစ်ချို့ ယွင်းသွားတာကြောင့်  Manually Landing စနစ် ကိုပဲကျင့် သုံးရတော့မှာပါ . လေယာဉ်မှူးကပီနန်ရဲ့ naning လေဆိပ် မှာဆင်းသက်ဖို့ ဖြစ်နိုင်ပြီးဆင်းသက်ဖို့ ကြိုးစားနေချိန်မှာ မလေးရှားစစ်တပ်ရေဒါမှ အမျိုးအမည်မသိတဲ့ ပျံသန်းနေသောအရာဝတ္ထကိုတွေ့ မြင်ရပြီးဆက်သွယ်သတိပေးခဲ့ သော်လည်းပြန်လည်ဖြေကြားခြင်းမပြုသောကြောင့် ပစ်ချလိုက်တာပါ. အဖြစ်မှန်ကိုဖုန်းကွယ်ဖို့ အတွက် စစ်တပ်ကအပျက်စီးအပိုင်းစများကို၅နာရီကြာရှင်းလင်းခဲ့ ရပြီးနောက်မတ်လ၈ရက်နေ့ ညနေရနာရီမှ လေယာဉ်ပျောက်ဆုံးကြောင်းကြေငြာတာပါ.လေယာဉ်ရဲ့ နောက်ဆုံးရေဒါမှတွေ့ရှိခဲ့တာကိုတော့
ဗီယမ်နမ်ဖြစ်ပါတယ်.နိုင်ငံပေါင်းမြောက်များစွာကယ်ဆယ်ရေးအတွက်ပါဝင်ခဲ့ ပြီးရှာဖွေခဲ့ သော်လည်းလေယာဉ်ရေဒါမှပျောက်ဆုံးသွားသောရေပြင်တစ်ဝိုက်တွင်မတွေ့ ချေ.လိမ်ညာမှုတွေဟာတစ်စစပေါ်
လွင်လာပါတယ်..စစ်တပ်ရဲ့ဖိအားပေးမှုကြောင့် မလေးရှားလေကြောင်းလိုင်းဟာစစ်တပ်ရဲ့စစ်ဆေးအတည်ပြုချက်ကိုရယူပြီးမှသာ ပြည်သူတွေ ကို သတင်းတင်ပြနိုင်တာပါ.အဲ့ ဒါကြောင့် ပဲ မလေးရှားလေကြောင်းလိုင်းကိုလူတွေ ကအမြင်စောင်းနေကြတာပါ.

    အတတ်နိုင်ဆုံးဘာသာပြန်ထားခြင်းပါ

ကို ဖုန်း မော် နှင့် ကို စိုး နိုင်သို့ ပေး ပို့ သော ဒေါ် အောင် ဆန်း စု ကြည် ၏ သ ဝဏ် လွှာ

Khin Maung Lwin

မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ


RFA
15.3.2014

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။

"မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေ ပေါင်းပြီးတော့ လုပ်ကြတာပေါ့"

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေကိုလည်း ဆန္ဒပြပွဲမှာ တက်ရောက်လာသူတွေကို ဟောပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ဆုံစီမံကိန်းနေရာအပြင် အောင်မြင်သာကျေးရွာနဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CPI ကုမ္ပဏီရုံးရှေ့တွေကိုလည်း သွားရောက်ပြီး CPI ကုမ္ပဏီ အလိုမရှိကြောင်း၊ CPI ကုမ္ပဏီထွက်သွားဖို့နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးစတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာမြစ်ချောင်းများကွန်ရက် BRN အဖွဲ့က သံလွင်ရေကာတာ စီမံကိန်းတွေရပ်တန့်ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်နဲ့ တိုင်းရင်းသားသုံးသောင်းကျော် လက်မှတ်ထိုးပြီး ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆောက်လုပ်မှု ဆန့်ကျင်ရေးနေ့မှာ ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရက တရုတ်၊ ထိုင်းနို်င်ငံတို့နဲ့ ရင်းနှီးမြုပ်နှံပြီး သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်သွားမယ့် ရှမ်းပြည်နယ်ထဲက ကွမ်းလုံ၊ နောင်ဖါနဲ့ တာဆန်း ရေကာတာ၊ ကရင်နီပြည်နယ်ထဲက ရွာသစ်နဲ့ ကရင်ပြည်နယ်ထဲက ဟတ်ကြီးရေကာတာတွေဟာ သံလွင်မြစ်ပေါ်မှာမှီခိုနေကြတဲ့ သန်းပေါင်းများစွာသော လူသတ္တ၀ါတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့လည်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က တာဝန်ခံ စိုင်းခေးဆိုင်က ပြောပါတယ်။

ဒီရေကာတာ ၆ ခုကနေရရှိမယ့် လျှပ်စစ်ဓါတ်အား ၁၅၀၀၀ မီဂါဝပ်ဟာလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိမှာမဟုတ်ဘဲ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အတွက်သာ အကျိုးခံစားခွင့်ရမှာဖြစ်ပြီး လက်ရှိ ရေကာတာတည်ဆောက်မှုမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံကိန်းအကျိုးသက်ရောက်မှုကို ခံစားရမယ့် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးတာတွေမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြပြောဆိုထားပါတယ်။

၄၁ကိုခိုးလို့၁၆ကိုအမှုဖွင့်




ယနေ့ 7Day နေ့စဉ်သတင်းစာပါ သတင်း

ပါတီနဲ့ တည်ငြိမ်တာနဲ့ ဘာဆိုင်သလဲ


ဒီမို ဖက်တီး

စကားပြောတာ အတော်ကို တန်ဖိုးနည်းတယ်လို့ ပြော၇မယ် ။ ပါတီနဲ့ တည်ငြိမ်တာနဲ့ ဘာဆိုင်သလဲ ။
၂၀၀၈ ကို အတည်ပြုပြီးမှ လူမူရေးအသင်းကနေ နိုင်ငံရေး ပါတီ အဖြစ် ၂၀၁၀ မှာ မှတ်ပုံတင်ပြီး
ဖာကျသွားတဲ့ ကိစ္စမှာ ဘယ်လိုမျိုးများ ပါတီကြောင့် တည်ငြိမ်နေရတာလဲ ကိုရွှေမန်းရယ်

ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ



U Tun Wai
(Written By ဟံသာဝတီ ဦးဝင်းတင်)
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၃) အမှတ်(၃)။

ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသားခေါင်းဆောင်ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ်ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေရေးဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီးတည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။

စာန...ယ်ဇင်းလောကမှာ ကျုပ်ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေးတော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်းသမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။

မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီး တစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။ ကြီးမြတ်တယ်တဲ့။

အတော်ခက်တဲ့လူပဲ။ ကျုပ်က ဘာပြောလို့လဲ။ နိုင်ငံရေးသမား အလကားလို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ကိုယ်ကျိုးရှာလို့ ပြောတာမှမဟုတ်တာ။ နိုင်ငံရေးသမား ဘေးတွေ့ပြေးရှောင်လို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ထောင်သံကြား နားပိတ်တယ် ပြောတာမှ မဟုတ်တာ။ ကျုပ်နိုင်ငံရေးသမား မဟုတ်ဘူးလို့ ပြောရုံပြောတာပဲ။ သတင်းသမားပါလို့ ပြောရုံပြောတာပဲ။

ကျုပ်က သတင်းသမားလုပ်တဲ့အခါ နိုင်ငံရေးကြမ်းခင်းလုပ်တာ။ ကျုပ်ရဲ့ သတင်းသမားဘဝက နိုင်ငံရေးဉာဏ်နဲ့။ နိုင်ငံရေးမာန်နဲ့၊ နိုင်ငံရေးဟန်နဲ့၊ နိုင်ငံရေးဈာန်နဲ့ ကုန်းရုန်းကြုံးစုန်းခဲတဲ့ ဘဝဗျ။ နိုင်ငံရေးကို လျှော့ဈေး၊ အပျော့ဈေးနဲ့ ဖွဖွလေး လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီတော့လဲ မင်းဘာကောင်လဲမေးလာလို့ကတော့ သတင်းသမားပါလို့ ဖြေမှာပေါ့။

နိုင်ငံရေးသမားလို့ မပြောတာ ဘာကြောင့်လဲသိလား။ ကျုပ်က နိုင်ငံရေးသမားကို လေးစားလို့။ ကျုပ်ကိုယ်ကျုပ်နိုင်ငံရေးသမားလို့ လက်မထောင်ရမှာ အားနာလို့။ ရှက်ရွံ့လို့။

ကျုပ်က နိုင်ငံရေးသမားရယ်လို့ မကြွားဝံ့ဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူရယ်လို့ပဲ ဝန်ခံတယ်။

ကျုပ်ကို ဒီချုပ်တည်ထောင်ရာမှာ ပါဝင်ဖို့ဖိတ်တော့ ကျုပ်ငြင်းခဲ့တယ်။ “ကျွန်တော် နိုင်ငံရေးနားမလည်ဘူးဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပါ” လို့ ကျုပ်တို့ ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ ဒီချုပ်ထဲ မလွဲမရှောင်သာ ပါဝင်လာရတော့လည်း ကျုပ်ရဲ့နိုင်ငံရေး နဖူးတွေ့ဒူးတွေ့သက်တမ်းက လပိုင်းလောက်ပါဗျာ။ ငါးပုံလေးပုံက ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားခဲ့ရတာ။ ဒါ့ကြောင့် နိုင်ငံရေးလှုပ်ရှားသူရယ်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်တာပါ။

ဒီလိုပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ သြဂုတ် ၈ ရက်မနက် ဆန္ဒပြချီတက်ပွဲမှာ ကျုပ်ပါဝင်ခဲ့တယ်။ ကျုပ်ကိုယ်ကျုပ် အရေးတော်ပုံတပ်သားလို့သာ တံဆိပ်ကပ်ခဲ့တယ်။ အညတြ လူထုထဲက လူတစ်ယောက် (အရေးတော်ပုံ တပ်သားတစ်ယောက်) အဖြစ် သတ်မှတ်ခဲ့တယ်။

ကျုပ်က ကျုပ်ထက်ပိုပြီး ဒေါင်ဒေါင်မြည်တဲ့သူတွေကို အားနာလို့ နိုင်ငံရေးသမား တံဆိပ်မကပ်ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူရယ်လို့ တံဆိပ်ကပ်ပေမယ့် နိုင်ငံရေးသမားထိရင် မချိအောင်နာတတ်တယ်ဗျ။

တစ်လောက “မြန်မာသံတော်ဆင့် ဂျာနယ်” မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်ကြီးဦးအောင်သောင်း (ဦးသန်းရွှေရဲ့ ညာလက်ရုံး) ရဲ့အင်တာဗျူးပါလာတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်ရှုပ်ချ အမနာပ ပြောတယ်။ ကျုပ်နှုတ်ကြမ်းလျှာကြမ်း ခွန်းတုံ့ပြန်လိုက်တယ်။ တစ်နေ့ကတော့ “မက်ဆင်ဂျာ ဂျာနယ်” မှာ ဦးအောင်သောင်း အင်တာဗျူးပါလာပြန်တယ်။ ကျုပ်နာမည်သုံးပြီး ပြေရာပြေကြောင်းစကားကောင်းတွေ ပြောတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်မပြောပါဘူးတဲ့။ သတင်းထောက် မှားရေးတာ ပါတဲ့။

ဦးအောင်သောင်းရဲ့ အင်တာဗျူးတစ်ခုလုံးက လူကြီးပီသကြောင်းကျိုးမျှတယ်။ ကျုပ်ခမျာ ဘာများကော တတ်နိုင်ဦးတော့မှာလဲ။ ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ ဒါမျိုးပဲပေါ့ဗျာ။

ကျုပ်သဘောကတော့ နိုင်ငံရေးကိုလည်း ဦးထိပ်ထားတယ်။ နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ရှေ့တန်းတင်တယ်။ နိုင်ငံရေး စိတ်ဓါတ်ကိုလည်း ကြည်ညိုတယ်။ နိုင်ငံရေးသမားကိုလည်း လေးစားတယ်။ နိုင်ငံရေးစကားကိုလည်း တန်ဖိုးထားတယ်။

ဒီခေတ်ဒီအခါမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများကြီးလိုတယ်။ လူငယ်အားသစ်တွေ နိုင်ငံရေး လုပ်ကြရမယ်။ ချက်ချင်းလက်ငင်း နိုင်ငံရေးသမားတွေကွ ဟေ့ လို့ လက်မ မထောင်ကြပါနဲ့။ ခြ တစ်ပုံ ပျားတစ်အုံလိုပဲ နိုင်ငံရေးပါတီတွေကို ဝန်းရံရမယ်။ နိုင်ငံရေးအဖွဲ့အစည်းမှာလည်း လှုပ်ရှားသူတွေ အများကြီးရှိဖို့လိုပါတယ်။

ကျုပ်တို့တစ်တွေ သေချိန်လည်း နီးကြပါပြီ။ လူငယ်အားသစ်တွေဆီ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးကျင့်ဝတ်၊ နိုင်ငံရေး သိက္ခာဆိုတဲ့ နိုင်ငံရေး ဂုဏ်ရည်တွေ လက်ဆင့်ကမ်းခဲ့ကြစို့လားဗျာ။

ကျုပ်ကတော့ ကျုပ်ရဲ့နိုင်ငံရေး ကိုယ်ကျင့် အဘိဓမ္မာလို့ဆိုရမယ် တရားတွေကို ဆင့်ကမ်းခဲ့ချင်သဗျာ။

၁။ ပါတီရဲ့လမ်းညွန်မှုဝါဒတွေကို ယုံကြည်စွဲမြဲပါ။

၂။ ပါတီရဲ့ ခေါင်းဆောင်ကို သစ္စာမြဲမြံပါ။

၃။ ပါတီရဲ့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်များဆိုတဲ့ ဘုံစိတ်ဓာတ်၊ ဘုံဉာဏ်ပညာ၊ ဘုံပြဌာန်းချက်တွေကို နာခံပုံဖော်ပါ။

၎။ ပါတီဝင်ချင်း ရဲဘော်ရဲဘက် စိတ်ဓါတ်ခိုင်မာပါ။

၅။ ကိုယ့်နိုင်ငံရေးအသိ၊ ကိုယ့်နိုင်ငံရေးအမြင်ကို ပွင့်လင်းမြင်သာပါစေ။

ဟံသာဝတီဦးဝင်းတင်



NLD ပညာရေးကွန် ရက်သတင်းစာရှင်းလင်းပွဲပြုလုပ်



 Ohmar Saw
14-3-2014 ရက်နေ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်
ပညာရေးကွန် ရက်၃ နှစ်ပြည့် ရံပုံငွေ ရှာဖွေပွဲနှင့်
တေးဂီတ ဖျော်ဖြေပွဲ ကျင်းပ ရေးအတွက် အားပေးကူညီသူ
အနုပညာရှင် များတွေ့ဆုံပွဲနှင့် သတင်းစာရှင်းလင်းပွဲ ဒီက နေ့
နေ့လည် ၁ နာရီအချိန်တွင် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ
ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

NLD ပညာရေးကွန် ရက်တွင် ရန်ကုန်တိုင်းမှာ ကျောင်းပေါင်း
၁၀၃ ကျောင်းနှင့် ပြည်နယ်တိုင်းမှာ ကျောင်းပေါင်း ၁၁၉ ကျောင်းရှိပါတယ်
ရန်ကုန်တိုင်းမှာ အခမဲ့ သင်ကြားပေးသော ဆရာ ဆရာမ
၁၁၆၈ ဦးနှင့် ပြည်နယ်တိုင်းတွင် ၁၂၁၇ ဦးရှိပါသည်
ရန်ကုန်တိုင်းတွင် nld ပညာရေးကွန် ရက် ကျောင်းများတွင်
တက်ရောက်နေ သော ကျောင်းသားဦးရေမှာ ၁၀၇၂၇ ဦးနှင့်
ပြည်နယ်တိုင်းတွင် ၁၂၈၁၂ ဦး တက်ရောက် ပညာသင်ကြား
နေပါသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား
၇၂ ယောက်ကို ပညာသင် ထောက်ပံ့ကြေးများ ထောက်ပံ့ခဲ့ပါသည်။

ကျောင်းပေါင်း၂၂၂ ကျောင်းနှင့် ကျောင်းသားပေါင်း ၂၂၅၃၉ ဦး နှင့်
နယ်စပ်ဒေသ ကျောင်းများ စစ်ဘေးရှောင် ကျောင်းသား
လေးမျာကိုလည်းကူညီထောက် ပံ့မှုများပေးနိုင် ခဲ့ပါတယ်။

ဒါအတွက် ၃ နှစ်ပြည့် ရံပုံငွေ ရှာဖွေပွဲကို လည်း အရင်နှစ်ထက် ထူးခြားတဲ့
 အစီအစဉ်များထည့်ထားတဲ့ အတွက် လာရောက်အားပေးကြပါရန်

NLD ပညာရေးကွန် ရက်