Saturday, March 15, 2014

ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို



 မလေးရှားလေကြောင်းအမှတ်စဉ် MH370 အကြောင်း သတင်းထုတ်ပြန်စဉ်။ (မတ် ၁၅၊ ၂၀၁၄)

ဗွီအိုအေ (မြန်မာဌာန)

15.03.2014
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာ လေယာဉ်ပျံသန်းမှု အချက်ပေးစက်ကို
ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

မလေးရှား တော်ဝင်လေတပ်က ရရှိတဲ့
ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကို ပြန်လှည့်သွားခဲ့ပြီး
အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။

Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။

တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။

အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဆီအသွား Boeing 777 လေယာဉ်ပျောက်သွားတာ ဒီကနေ့ ၇ ရက်ရှိသွားပါပြီ။

ခြေဥပြင်ဖို့ကနေဒါနိုင်ငံ၊တိုရန်တိုမြို့မှာဆန္ဒဖေါ်ထုတ်



"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပတ္တမြားထွက်ရှိနေသည်ဟူသည့် သတင်းများအပေါ် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူငြင်းဆို "



Tomorrow

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ တူးဖော်လိုက်သော မြေကြီး များအတွင်းတွင် ပါလာသော စကျင် ကျောက်များအတွင်း ထိုးစိုက် နေသောပတ္တမြားပုံဆောင်ခဲများကို တွေ့ရှိရသည်ဟူသော ဓာတ်ပုံများ ၊ သတင်းများနှင့်ပတ်သက်၍ ဦးပိုင်ကုမ္ပဏီမှ လက်ပံတောင်း တောင်စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်တင်မှ အဆိုပါ သတင်းသည် မဟုတ်မှန်ကြောင်း၊ ကောလဟလ သက်သက်သာဖြစ်ကြောင်း Tomorrowဂျာနယ်၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသွားခဲ့သည်။

အဆိုပါ သတင်းဓါတ်ပုံမှာ သတင်းရပ်ကွက်အတွင်းအလွန် စိတ် ၀င်စားစရာကောင်းနေကာ ယင်း ကိစ္စ ရပ်နှင့်ပါတ်သတ်၍တရုတ်ဝမ်ပေါင် ကုမဏ္ဍီသို့ဆက်သွယ်မေးမြန်းခဲ့သော် လည်းဖြေကြားခဲ့ခြင်းမရှိသောကြောင့် ဦးပိုင်ကုမ္ပဏီမှ လက်ပံတောင်း တောင်စီမံကိန်း ဒါရိုက်တာဦးမောင် မောင်တင်အားဆက်သွယ် မေးမြန်းခဲ့ ရာလုံးဝမဟုတ် ကြောင်း ငြင်းဆို သွား ခဲ့သည်။

“ဒီဓာတ်ပုံသတင်းများတွေက ပြဿနာကို နောက်တစ်မျိုးနဲ့ ကြီးထွားစေအောင်မသမာသူများက လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်၊ လက်ပံတောင်း တောင်မှာ စကျင် ကျောက်မရှိသလို မည်သည့် ပတ္တမြားမှလည်း တူးဖော်မရ ရှိခဲ့ပါဘူး၊ တူးဖော်ရရှိတဲ့မြေကြီးများကို စုပုံပြီး အက်ဆစ်နဲ့ဓာတ်ပြုစေကာကြေးနီ နဲ့ ရေရောနှောနေတဲ့ အရေတွေထဲကနေ သန့်စင်တဲ့ကြေးနီ ချောင်းများကိုသာ ထုတ်လုပ်နေခြင်း ဖြစ်ပါတယ်” ဟု Tomorrow ဂျာနယ်သို့ ဖြေကြား သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံကို မြင်တွေ့ခဲ့ရသော မီဒီယာ သမားတစ်ဦးကမူ “ တစ်ခြား နေရာ ကဓာတ်ပုံကို ဒီနေရာကပါဆို ပြီး လုပ်ကြံထားသလား၊ တကယ် လားဆိုတာတော့ ကျွန်တော် မခွဲခြား တတ်ဘူး၊ ဒါပေမယ့် ကျွန်တော့်မျက်စိ နဲ့ အဲဒီဓာတ်ပုံကိုတော့ မြင်ခဲ့ရတယ် ” ဟု ပြောခဲ့သည်။

ဘူမိဗေဒပညာရှင်တစ်ဦးက “ကြေးနီနဲ့ပတ္တမြားရောနှောတွေ့စရာ အကြောင်းမရှိပါဘူး။ ပတ္တမြားဟာ သက်ရင့်အော်ဂဲနစ်ကျောက်မှာပဲ တွေ့ရတဲ့အတွက်ကြောင့် မိုးကုတ်နဲ့ မြန်မာပြည်အထက်ပိုင်းမှာပဲ တွေ့နိုင်ပါတယ်။ ကြေးနီစီမံကိန်းတွေမှာ ရွှေနဲ့ငွေကို သီးခြားခွဲထုတ်ယူလေ့ရှိကြပါတယ်”ဟု ရှင်းလင်းပြောကြားသွားသည်။

ဒေါ်ကြိုင်ကြိုင်နှင့် သမီးများ"အောင်စုယူအေး" ရှေးဟောင်းဘုရားကို ထီးတော်တင်လှူ



ဒီမို ဖက်တီး

ဦးသန်းရွှေ မိသားစု၏ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု၊ စိတ္တရ ကျေးရွာရှိ "အောင်စုယူအေး" ရှေးဟောင်းဘုရားကို မတ်လ ၁၅ ရက် ၉နာရီ ၂၆ မိနစ်တွင် ထီးတော်တင်လှူပွဲကျင်းပခဲ့ပြီး ထီးတော်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် သမီးများကို တွေ့ရစဉ်။

ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ မိသားစု၏ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု၊ စိတ္တရ ကျေးရွာရှိ အောင်စုယူအေးရှေးဟောင်းဘုရားကို မတ်လ ၁၅ ရက် ၉နာရီ ၂၆ မိနစ်တွင် ထီးတော်တင်လှူပွဲကျင်းပခဲ့ပြီး ထီးတော်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကို တွေ့ရစဉ်။ အဆိုပါ စေတီတော်ကို ဗိုလ်ချုပ်မှူးကြီး(ဟောင်း) မိသားစုက၂၀၁၃ခုနှစ် ၂၀၁၃ခုနှစ် အောက်တိုဘာလ ၁၀ရက်မှ စတင်ပြုပြင်ခဲ့ပြီး ၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်တွင် ပြုပြင်မှုအားလုံး ပြီးစီးခဲ့သည်။ စိတ္တရ ကျေးရွာသည် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ၏ ဖခင် နေထိုင်ခဲ့သည့် ကျေးရွာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Mizzima - News in Burmese

မလေးရှားလေယဉ် ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်




Burma-Newselite


မလေးရှားလေယာဉ် ၃၇၀ ဟာ လေယာဉ်တွင်း လိုက်ပါသူ တယောက်ယောက်ရဲ့ တမင်လုပ်ဆောင်မှုနဲ့ မူလမောင်းနှင်ရာ လမ်းကြောင်းကနေ လုံးဝပြောင်းလဲသွားတာဖြစ်ပြီး ဆက်သွယ်မှုကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို လေယဉ်မှူးနဲ့ လေယာဉ်ပေါ်ပါတဲ့ ၀န်ထမ်းတွေနဲ့ပတ်သက်တဲ့ဘက်ကို အာရုံထားစစ်ဆေးနေကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်ကြောင့် လေယာဉ်ခရီးသည်ရဲ့ မိသားစုဝင်တွေက လေယဉ်ပြန်ပေးဆွဲတာဆိုရင် ခရီးသည်တွေ အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိနေသေးတာမို့် သတင်းကောင်းလို့ ယူဆကြောင်းပြောပါတယ်။

ဒါပေမဲ့ဒီလိုယူဆချက်ကြောင့် ရှာဖွေရေးကို မြောက်ပိုင်း ကာဇာခ်စတန်၊ တာမန်နစ္စတန်နယ်စပ်ကနေ ထိုင်းမြောက်ပိုင်းအထိရှာရမဲ့ သဘောဖြစ်နေပြီး ဒါဟာ တောင်အာရှတခုလုံးမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ အပါအ၀င်ဖြစ်နေပါတယ်။ တောင်ပိုင်းမှာတော့ အင်ဒိုနီးရှားကနေ အိန္ဒိယသမုဒ္ဒရာအထိဖြစ်ပါတယ်။

ဆက်သွယ်မှုနောက်ဆုံးရခဲ့ပြီးတဲ့နောက် လေယဉ် ၃၇၀ ဟာ လေယာဉ် လမ်းကြောင်းကနေ အနောက်ဖက်ကို ပြန်လှည့်ပြီး နောက်ထပ် နာရီအတော်ကြာ အိန္ဒိယသမုဒ္ဒရာဘက်ကို ပျံသန်းသွားကြောင်း မလေး၇ှားစစ်တပ်ရေဒါမှတ်တမ်းအရ တွေ့ရှိရပါတယ်။ မြေပြင်ထိန်းချုပ်မှုနဲ့ အဆက်အသွယ်ပြတ်ပြီးနောက် ၅ နာရီကျော်ကြာတဲ့အထိ လေယဉ်နဲ့ စက်တလိုက်ဂြိုလ်တုနဲ့ အဆက်အသွယ်ရှိနေတုန်းပဲလို့ ၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအချိန်ဟာ မိုင်ထောင်ချီပြီး ပျံသန်းနိုင်တာဖြစ်ပါတယ။်

လေယဉ်ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ယူဆချက်ထွက်ပေါ်လာတဲ့ အတွက် နိုင်ငံတကာရဲ့ ပါဝင်မှုက ပိုပြီးလိုအပ်လာနေကြောင်း သိရပါတယ်။
ကိုးကား- NBC news

များများဝါးရဖို့ သူ့ရဲ့ဝန်ထမ်းတွေကို ဆော်သြနေတဲ့ ပုံစံ

၅၉ ( စ ) ကို ပြင်ရင် ဘာဖြစ်မလဲ



 ဒေါက်တာခင်နိုင်ဦး

၅၉ ( စ) ကိုပြင်ရင် ဘာမှ မဖြစ်ပါဘူး ။ တရုတ် ၊ ကုလား လဲ သမ္မတ
လာလုပ်လို့မရပါဘူး ။

အဘယ့်ကြောင့် ဆိုသော် ၅၉ ( ခ) ရှိနေ သည့်အတွက်ကြောင့်ပါ။

၅၉ ( ခ ) တွင် မိမိ ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်
အတွင်း၌ မွေးဖွားသောတိုင်းရင်းသားမှ ဖြစ်သည့် မြန်မာ နိုင်ငံသား
ဖြစ်ရမည်။

ကဲ ဒီအချက်အလက် နှင့် ပဲ ဘယ်ကုလား ဘယ်တရုတ်က သမ္မတဖြစ်
နိုင်မှာလဲ ။

၅၉ ( စ ) ဟာ လူတဦးတယောက် အတွက် ရည်ရွယ် ချက် ရှိရှိ ရေးဆွဲ
ထာတဲ့ ဥပဒေပါ ။ ၅၉ ( စ ) ပြင် လိုက်တာနှင့် နိုင်ငံတော် ၏ အချုပ်
အချာ အာဏာ ကိုလဲ မထိပါးပါ ။

အကယ်၍ မိတ်ဆွေ သင်ဟာ မပြင် လိုပါဘူး ဆိုလျှင် သေချာတွေး
စေလိုပါတယ်။ သင်ရဲ့နောင်လာ နောင်သား မျိုးဆက် ထဲမှ သမ္မတ
မဖြစ် နိုင်ဘူး သင်ပြော နိုင်မလား ။ ထိုနည်းတူ သူတို့က လဲ တခြား
နိုင်ငံသားနှင့် မယူပါဘူး အာမ ခံနိုင်မလား။

ဥပမာ လေ့လာကြည့်မယ်ဆို စကာင်္ပူ ၊ မလေးရှား ဘာသာခြား
လူမျိုးခြားတွေ စုဝေးနေထိုင်တဲ့ နိုင်ငံ ။

မလေးရှား နိုင်ငံ ၏ အုပ်ချုပ်မှုအား လေ့လာကြည့်ပါ။ မလေးရှား
နိုင်ငံတွင် ဘာသာ မတူ လူမျိုး မတူ တရုတ် ၊ဟိန္ဒူ မလေးလူမျိုး
များနေထိုင် ကြပါတယ် ။ ကိုးကွယ် သည့်ဘာသာ က မွတ်စလင် ၊
ဟိန္ဒူ ၊ ဗုဒ္ဓ ၊ ခရစ်ယာန် ဘာသာ များ ရှိကြတာ တွေ့ရတယ် ။

မလေးအစိုးရဟာ ကိုးကွယ်မှု ကို အပြည့်ဝ လွတ်လပ်ခွင့်ပေးထား
တယ်။ စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရတယ် ။ သို့သော် အစိုး
ရ ၏ စီမံခန့်ခွဲ မှု မည်သို့ လုပ်ဆောင် သည် ကို လေ့လာ မည်ဆိုရင်
မလေးနိုင်ငံသား လူမျိုးခြားများ ရဲ့ လွတ်လပ်စွာ စီးပွားရေး ၊ ဘာသာ
ရေး လုပ်ဆောင်မှု ပေးထားသော်လည်း အုပ်ချုပ်မှု စီမံခန့် ခွဲမှု လေ့
လာမယ် ဆိုရင် လူမျိုးခြား နိုင်ငံသားများ စီးပွားရေး လုပ်ငန်းရှင် များ
၏ ကိုယ်ပိုင် ငွေဟာ ဘဏ်မှာ အပ်နှံထားရပါတယ် ။ အုပ်ချုပ်မှု
လူမျိုးခြား ၊ ဘာသာခြား များ ပါတီထောင် ဝင်ရောက် ရွေးချယ် ခံပေ
မယ့် ။ တကယ့် ထိပ်သီးပိုင်း အဆင့် ဟာ မလေးလူမျိုးများသာ ဖြစ်
ပါတယ် ။

နိုင်ငံတော် ရဲ့အကြီးဆုံး ဝန်ကြီးဟာ လဲ မလေးလူမျိုးပဲ ဖြစ် တယ်။

ထို့ကြောင့် ကျုပ်တို့ နိုင်ငံ မှာ လဲ ၅၉ ( ခ ) ရှိ လျှင် ထိုနည်းတူ မည်
သည့် လူမျိုးခြားမှ အုပ်ချုပ်၍ မရနိုင်ပါ ။

ဒေါ်အောင်ဆန်းစုကြည် အားရည်ရွယ် ရေးဆွဲထားသော ၅၉ ( စ )
ဟာ ယခုချိန်မှာ ကျွန်ုပ်တို့ အတွက် ဘာမှ မဟုတ်ခဲ့ဘူး ထင်န်ုင်
ပေမယ့် နောင် တချိန်မှာ သင့်ရဲ့မျိုးဆက် အတွက် အဟန့်အတား
တခုဖြစ်နိုင်ပါတယ်။

ပြည်ပ ရောက် မြန်မာ နိုင်ငံသား အချို့အား ပြော လိုသည်မှာ
မိမိတို့ ရောက်ရှိနေသည့် နိုင်ငံနှင့် ကျုပ်တို့ မြန်မာ နိုင်ငံ ဘာတွေ
ကွာခြားလဲ။ တိုးတက်မှု ၊ ထုတ်ကုန် ၊ အုပ်ချုပ်မှု အစ ရှိသည်
တို့ကို လေ့လာပါ ။ တချိန်က မြန်မာဟာ အာရှမှာ မော်ကြွားခဲ့
ရဘူးတယ် ။ ပညာရေး ၊ စီးပွားရေး ၊ ဖွံ့ဖြိုးတိုးတက်မှု့ဟာ ယခု
ဘာကြောင့်နိမ့်ကျ လာသလဲ ။ ဒီနိုင်ငံတွေ နဲ့ ဘာတွေ ကွာခြားနေလဲ
ဆိုတာ ရောက်တဲ့ အရပ်မှာ နှိုင်းယှဉ်ပြီး တိုင်းပြည် နှင့် လူမျိုး အကျိုး
စီးပွား တိုးတက် ရာ တိုးတက်ကြောင်း ကို မှန်ကန် ရဲဝံ့စွာ ဆုံးဖြတ်ကြ
ပါ လို့ တိုက်တွန်းပါရစေ။

စာရေးသူ၏ post ကို ဖတ်ပြီး ကုလားမ ၊ ကုလားမယား ဟု ဝေဖန်
သွားလျှင် လဲ ဂရုစိုက်နေမည် မဟုတ်ပါ။တိုင်းပြည်နှင့် လူမျိုး အတွက်
မှန်ကန် သည့် ဘက်မှသာ ရပ်တည်ပါမည်။

 ဒေါက်တာခင်နိုင်ဦး