Tuesday, March 18, 2014

အုံးအင် လယ်ယာမြေများအား ဝန်ကြီးချူပ်ဦးရဲမြင့်နှင့် ထူး မှ ဦးတေဇတို့မှ လက်ဝါးကြီးအုပ်သိမ်းပိုက်နေ



ကိုရဲရင့်ငယ်ရှင့်။။

မန္တလေးတိုင်း လေယာဉ်ကွင်းဟောင်း အနော်ဘက် , အဆင့်မြင့်အားကစားကွင်းအနီးရှိ လယ်သမားများ ပိုင်ဆိုင်သော
 အုံးအင် လယ်ယာမြေများအား ဝန်ကြီးချူပ်ဦးရဲမြင့်နှင့် ထူး မှ ဦးတေဇတို့မှ လက်ဝါးကြီးအုပ်သိမ်းပိုက်နေပါသည် ။
လျော်ကြေးပေးမည်ဟု အချိုသတ်ပြီး ခြံစည်းရိုးခတ်ခဲ့ ပါသည်။
အဲဒီနောက် လယ်သမားများက လျော်ကြေးပေးဖို့တောင်းခဲ့သော်လည်း တောင်းဆိုချက်များအား မသိကျိုးကျွန်ပြု၍
ယခုအခါ အဆောက်အဦးများတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပါသည်။
အဆိုပါ လယ်မြေများမှာ ကာလပေါက်ဈေးဖြင့်တွက်မည်ဆိုပါက တစ်ဧကလျင် ကျပ်ငွေ သိန်းပေါင်းငါးသောင်းကျော်
 တန်သောလယ်မြေများဖြစ်ပါသည်ရှင် ။
ကိုရဲရင့်မှ လယ်သမားများကိုယ်စား တနိုင်ငံလုံးသိအောင်တင်ပေးပါနော် ၊
မတရားလုပ်ရပ်တွေရပ်တန်းကရပ်အောင်တင်ပေးပါနော်၊
မှတ်တမ်းဓာတ်ပုံများတင်ထားပါသည်။

ရဲများကစောင့်ပေးနေ၊

ဝီဒီယာသင်တန်း



သူထောင်ကထွက်လာတော့ပိတ်ဖြူတွေပတ်ပြီးရုံထဲဝင်လာ...
သံဃာတွေကနောက်ကရံလာ....အဲ့ထဲကပုံမှန်မဟုတ်မှန်းတော့
ထင်သား.။။။။
မဲရဖို့အသုံးချခံလိုက်ရတာသူကိုယ်သူတောင်သိရဲ့လားမသိပါဖူး.....။

ဒီနေ့ကာတွန်း

အွန်လိုင်း၌ပျံနှံနေသည့်ပြန်ပေးဆွဲခံရသည့် တပ်မတော်သားများကယ်တင်ရန်လိုက်သွားခဲ့သော်လ­ည်းမမီလိုက်


 Published on Mar 18, 2014

Eleven Myanmar
အွန်လိုင်း၌ပျံနှံနေသည့်ပြန်ပေးဆွဲခံရသည့် တပ်မတော်သားများပုံမှာ ၂၀၁၂ကဖြစ်ခဲ့သည့်ပုံများဟုသမ္မတရုံးအကြီးတန­်းအရာရှိပြော၊
ထိုစဉ်ကပြန်လည်ကယ်တင်ရန်လိုက်သွားခဲ့သော်လ­ည်းမမီလိုက်ဟုဆို

ပျောက်ဆုံးမလေးရှားလေယာဉ် မြန်မာ့ဝေဟင်ပိုင်နက်တွင်ရှာဖွေမှုရပ်ဆိုင်­း


Eleven Myanma
 Published on Mar 18, 2014

ပျောက်ဆုံးမလေးရှားလေယာဉ်တွင် လိုက်ပါသွားသော တရုတ်ခရီးသည် အားလုံးမှာ အကြမ်းဖက်မှုနှင့် ဆက်နွှယ်မှုမရှိဟုထုတ်ပြန်၊
ထူးခြားမှုတစုံတစ်ရာမတွေ့ရှိခြင်းကြောင့် မြန်မာ့ဝေဟင်ပိုင်နက်တွင်ရှာဖွေမှုရပ်ဆိုင်­း

ပြည်သူကကြီးပဲချွေတာအငတ်ခံပြီးနေစရာပါရွှေ့ပေးနေရတဲ့ခေတ်




ပြည်သူတွေ အနေနဲ့ လျှပ်စစ်ဓါတ်အားကို အလျှံပယ် သုံးစွဲနေမူမှ ခြိုးခြုံချွေတာသုံးစွဲဖို့
သမ္မတ သဝဏ်လွှာမှာ ပြောထားတယ် ။

အခြားနေရာတွေမှာ လျှပ်စစ်ဓါတ်အား လိုအပ်နေပေမယ့် နေပြည်တော်လို လူမရှိတဲ့
နေရာတွေမှာတောင် သုံးထားတဲ့ လျှပ်စစ်မီးက အလျှံပယ်ဖြစ်နေတယ် ။ ဒါတွေကို ပြန်သုံးသပ်သင့်ပါတယ် ။

ဒေါက်တာမြတ်ဥာဏစိုး (NLD)

ခရိုင်းမီးယားနဲ့ ရုရှားအရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့



bbc.co.uk/burmese
18 မတ်လ 2014

ပိတ်ဆို့ အရေးယူရခြင်း အကြောင်း ရှင်းပြတဲ့ အီးယူ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်

ခရိုင်းမီးယားဒေသကို ရုရှားအောက်မှာ တရားဝင်ပူးပေါင်းဖို့ လုပ်နေတဲ့ ကြားကာလမှာ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံတခု အဖြစ် အသိအမှတ်ပြုကြောင်း အမိန့်တရပ်ကို ရုရှား သမ္မတ ပူတင်က လက်မှတ်ရေးထိုး လိုက်ပါတယ်။ခရိုင်းမီးယား ဒေသကို ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့ ဆက်စပ်နေတဲ့ ရုရှားနဲ့ ယူကရိန်းက အရေးပါတဲ့ အရာရှိတွေကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အခုလို သမ္မတ ပူတင်က လုပ်ဆောင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ခွဲထွက်ရေး ဖြစ်အောင် လှုံဆော် ရန်စမှု လုပ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရလိမ့်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း သတိပေးလိုတယ်လို့ သမ္မတ အိုဘားမား ကပြောပြီး နောက်ထပ် အရေးယူမှုတွေကို ကြေညာကောင်း ကြေညာလိမ့်မယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီပဋိပက္ခကို သံတမန် နည်းအရ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိပါတယ်လို့လည်း သူက ပြောပါတယ်။ရုရှား လက်ထောက် နိုင်ငံခြားရေး ဆာဂေး ရာကော့ဗ် ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ တဖက်သတ် ကျပြီး မျှတမှု မရှိဘူးလို့ ပြောပါတယ်။အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ပိတ်ဆို့ အရေးယူသူတွေထဲမှာ ခရိုင်းမီးယား ထိပ်တန်း အရာရှိတွေ ၊ ဒုဝန်ကြီးချုပ်နဲ့ ရုရှား ပါလီမန် အဖွဲ့ဝင်တွေ အပြင် ခရိုင်းမီးယားမှာ တပ်စွဲ တာဝန် ယူနေရတဲ့ ရုရှားပိုင် ပင်လယ်နက် ဒေသ နဲ့ ရုရှား အနောက်ဖက်နဲ့ တောင်ဖက် စစ်ဒေသတွေက တပ်မှူးတွေ ပါဝင်ပါတယ်။အခုလို ခရီးသွားလာခွင့် နဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ပင် တားမြစ် ခံရသူတွေဟာ ယူကရိန်းရဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက် အန္တရာယ်ပေးတဲ့ အတွက် အရေးယူတာလို့ ဥရောပ သမဂ္ဂ နိုင်ငံခြား ပေါ်လာစီ ရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်က ဆိုပါတယ်။ယူကရိန်း ယာယီ ဝန်ကြီးချုပ် အိုလက်ဇန်းဒါး တိုချီနော့ဗ် ကလည်း သူ့အစိုးရ အနေနဲ့ စစ်မက် ဖြစ်ပွားမှု ရှောင်ရှားနိုင်အောင် တက်နိုင်သမျှ အကုန်လုပ်သွားမှာ ဖြစ်ပြီး ညှိနှိုင်း ဆွေးနွေးဖို့ အသင့်ဘဲ ဒါပေမယ့် ခရိုင်းမီးယား ဒေသ ပြန်ရရေးအတွက် လက်လျော့သွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

လုပ်စားကြလေရော့......

တိုင်းရင်းသားများရဲ့ ဖယ်ဒရယ်တပ်မတော်ကိစ္စ လက်တွေ့မဆန်ဘူး ဘာတေးလစ်တနာ ရှုမြင်



 Kamayut Media on March 18, 2014 at 4:23 pm
kamayutmedia.com

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်တပ်မတော် အယူအဆ လက်တွေ့မဆန်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေး လစ်တနာက ယူဆပါတယ်။ ဘာ့ကြောင့် လက်တွေ့မဆန်ဘူးလို့ မြင်တာလဲ။

တပ်မတော်တစ်ခုတည်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ရင်းတွေ အစုအဖွဲ့လိုက် ရှိနေနိုင်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဆုံးဖြတ်နိုင်တဲ့ စစ်တပ်ငယ်လေးတွေမျိုး ဘယ်တိုင်းပြည်မှာမှ မရှိနိုင်တာကြောင့် ဘယ်လိုဖယ်ဒရယ်မျိုးလဲဆိုတာ သူနားမလည်ဘူးလို့ ဆိုပါတယ်။

ဘယ်လိုစနစ်မျိုး ထူထောင်မလဲစဉ်းစားတဲ့အခါ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ခပ်ဆင်ဆင်တူညီတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ငြိမ်းချမ်းရေးကဏ္ဍမှာ တရုတ်နိုင်ငံက အဓိကကူညီပေးနေပြီး တရုတ်စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတဲ့ ဝတပ်ဟာ မြန်မာပြည်ထဲမှာ ရှိနေတယ်ဆိုတာ သတိပြုစဉ်းစားရမယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့လက်ရှိ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် ဖွံ့စည်းပုံပြုပြင်ပြောင်းလဲရေး လိုအပ်နေတယ်လို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကနေ ဦးဆောင်စီစဉ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြာခဲ့တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေထောက်ပံ့မှုတွေ အများကြီးယူထားတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာဟာ ရည်မှန်းချက်ရောက်အောင် မလုပ်နိုင်သလို လုပ်ခွင့်လည်း မရှိတာကြောင့် ငြိမ်းချမ်းရေးအဖြေကို ရှာမပေးနိုင်ဘူးလို့ ဘာတေးက ဆိုပါတယ်။





(( ဧရာဝတီ ))
ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ ဆောင်ရွက်မှု များသည် စနစ်ပြောင်းပြန် ဖြစ်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တ်နာက ဝေဖန် ပြောဆို လိုက်သည်။

“အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကြည့်မယ် ဆိုရင် တကယ်တမ်း ဖြစ်သင့်တာက စကား ပြောပြီးမှ သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမှာပါ၊ အခုတော့ အရင် လက်မှတ် ထိုးမယ်၊ ပြီးမှ နိုင်ငံရေးအရ စကားပြောမယ် ဆိုတဲ့ ကိစ္စက စကားပုံ အနေနဲ့ပြောမယ် ဆိုရင် နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက်နေသလို ဖြစ်နေပါတယ်”ဟု ၄င်းက ပြောဆိုသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ယမန်နေ့က ကျင်းပသည့် “ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ” ဟောပြောပွဲတွင် ဘာတေးလ် လင့်တ်နာ(Bertil Lintner)က အထက်ပါ အတိုင်း မြန်မာ စကားပုံ တချို့နှင့် ခိုင်းနှိုင်း၍ ဝေဖန် ပြောကြားခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အခြေအနေကို ကြည့်မယ် ဆိုရင် သူတို့ အနေနဲ့ ရွေးကောက်ပွဲတွေ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်၊ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံး သွားပေမယ့် အဲဒီ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေနဲ့ ထိုး စစ် ဆင်တာတွေ တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အဲဒီအပေါ် ယုံကြည်ဖွယ် မရှိဘူးဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး”ဟု ဘာတေးလ် လင့်တ်နာက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လက်ရှိ လုပ်ငန်းများတွင် စီးပွားရေးဇုန် တခု ကဲ့သို့ သဘောထားပြီး အသုံးချနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုတဲ့ ကိစ္စက တကယ့် စီးပွားရေးကြီး တခုလို ဖြစ်လာပါတယ်၊ ဘာဖြစ်လို့လည်း ဆိုရင် နိုင်ငံတကာ အဖွဲ့တွေ အများကြီး ရောက်လာ ကြတယ်၊ အဲဒီ အဖွဲ့တွေက တိုးဝှေ့ ပြီးတော့ နေရာ ရအောင် လုပ်နေကြတယ်၊ ရေရှည်မှာ ဘာဖြစ်လာမလဲ ဆိုရင် သူတို့တွေဟာ မြန်မာပြည်ကိုထားပြီး တခြားနေရာ အသီးသီးကို ဆက်လက် သွားကြမှာပါ၊ ဒီမှာ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေ ရှုပ်ထွေးမှုတွေ ကျန်နေခဲ့ပါမယ်၊ ကျနော်တို့ အနေနဲ့ ဒီအပေါ် ခွဲခြမ်း စိတ်ဖြာပြီး ပြန်လည် သုံးသပ်ဖို့ လိုပါတယ်”ဟု ဘာတေးလ် လင့်တ်နာ က ထောက်ပြသည်။


နိုးနိုးကြားကြားလေးရှိကြဖို့....။


Thiha Thwe

မိဘပြည်သုများ ခင်ဗျား ဆိုတဲ့အသံကြားပြီး ဒီ သနားကမားရုပ်ကြီးမြင်လိုက်တိုင်း ၊
အော် ၊ လူမျိုးဘာသာ မခွဲခြား ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာကို ဝဍ်ကျေတန်းကျေ ပြောပြီး မျိုးစောင့်ဥပဒေ မဖြစ်မနေပြဋ္ဌန်းပေး ဖို့ လွှတ်တော်ကို ဂျစ်တိုက်တာ ဒီလူကြီး မှ ဒီလူကြီး ။

အော် ၊ အကျင့်ပျက်ခြစား နေတဲ့ ဗျူရိုကရေစီ ယန္တရား ရဲ့ နှိပ်စက် တဲ့ဒဏ် ကလွတ်တော့မလားလို့ ပြည်သူတွေက စိတ်ကူးယဉ် ကာစ ရှိသေး ငွေကျပ် ၃ သိန်းနဲ့ အောက် လွတ်လပ်စွာ လဘ်ပေးလဘ်ယူ လုပ်ဖို့ တရားဝင်ဈေးဖွင့်ပေး လိုက်တာ သူ မှ သူ အစစ် ။

အော် ၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီ တွေ ကို လုံးဝ လက်မခံ နိုင်ပါဘူး လို့ လူသိရှင်ကြား ငြင်းပြီး ရောက်နှင့် နေပြီးသား
၊ ယာယီသက်သေခံကဒ်ပြားတွေ လက်လွန်ခြေလွန်ထုတ်ပေးထားပြီးသား ဘင်္ဂါလီတွေ ကို သူတို့ အလိုကျ ရိုဟင်ဂျာ အဖြစ်လက်ခံပေး ဖို့ လဝက ဝန်ကြီး ကို အမိန့်ပေးခဲ့ တာ ဒင်း မှ ဒင်း ။

အော် ၊ စစ်ပွဲတွေမှာ ဘယ်ဖက်ကကျဆုံး၊ ကျဆုံး တိုင်းပြည်ရဲ့ ဆုံးရှုံး မှုပါပဲ လို့ သံဝေဂ စကား တွေ ဒီနေ့ပြောကြားနေပေမယ့် မနေ့ တစ်နေ့က
ခရစ်စမတ်နေ့ မှာ ခရစ်ယာန်ဘာသာဝင်ကချင်လက်နှက်ကိုင် KIA စခန်းတွေ ကို ဝင်တိုက်ပြီး ၊လေယာဉ်နဲ့ ဗုံးပါကျဲ ခဲ့တဲ့ လုပ်ရပ်မှာ တာဝန်မကင်းတဲ့သူ ဟာဒီ လူ ။
အော် ၊ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ မျက်နှာချင်းဆိုင်ဖို့ နိုင်ငံရပ်ခြား သွားခါနီးတိုင်း လှောင်အိမ်ထဲ ငုံ့ ကြည့်ပြီး ငါသွား တာနဲ့ ဒီ အထဲက ဘယ်နှစ်ကောင်လွှတ်လိုက်၊ နာမည်ကြီးတွေလည်းနဲနဲပါးပါး ပါပစေ ဆိုပြီး မှာပြီး မှသွား တာ သူရေးခြာသူ ။

အော် ၊ နိုင်ငံ့ ဘဏ္ဍာ အမြောက်အများ ဆုံးရှုံး နေရမှု တွေ ကို ဖေါ်ထုတ်ချပြခဲ့တဲ့ စာရင်းစစ်ချုပ်ကို ဖြုတ်ပြီး အဲဒီ ဆုံးရှုံးမှု အချို့ မှာ တာဝန်ရှိနေတဲ့ ဝန်ကြီး ကို စာရင်းစစ်ချုပ်ပြန်ခန့် ခဲ့တာ ဒီ ဘဲ မှ ဒီဘဲ ။

အော် ၊ပြည်နယ်အုပ်ချုပ်ရေး ကို ထိထိရောက်ရောက် ဖိအားပေး၊ မိခင်ပါတီ ရဲ့ခေါင်းဆောင်အချို့ ကိုပါ အာခံ ခဲ့ ပြီး လူထု အတွက်ပြတ်ပြတ်သားသားရပ်တည်ခဲ့ တဲ့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ တစ်ရောက် ကို ဝန်ကြီးနေရာ ခန့် စာနဲ့ လွှတ်တော်ထဲ က ကော်ထုတ်ပြီး အနီး မှာ ခေါ်အုပ်ထား တာလည်း ဒီ ကိုယ်တော်ချော မှ ဒီ ကိုယ်တော်ချော။

အော် ၊ပြည်သူလူထု ဆန္ဒ အရ မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းတယ် လို့ ပြော ပြီး ကျူပ်ပြောတာ ဒီသက်တမ်းငါးနှစ် အတွင်းမှာပဲပြောတာနော်ဆိုပြီး တရုတ်ဖက်ကို လှည့်ုပြီး မျက်စိမှိတ်ပြ ထားလို့ ၅ နှစ်တာ နစ်နာကြေး ပါထပ်ဆောင်းပြီးတောင်းဖို့ အပြီးထွက်မသွားပဲ တရုတ်ကို Wait and See လုပ်ခိုင်းထားသော ထို အသင်လူသားဟာ သူ မှ သူ ။

သူ သူ သူ သူ ဆိုပြီး မနည်း ကိုယ့်ကိုယ်ကို ဆုံးမ နားချနေရပါ့၊ အော်ငါ့နှယ် ၊ ရုပ်ခံနဲ့ လုပ်ကြံ ခံ ရတော့ မလို့ ၊ တော်သေး ။


“ ဒီမျိုးစောင့်ဥပဒေက မလိုအပ်ပါဘူး ” (ဒေါ်စန္ဒာမင်း)




ကိုယ့်အမျိုးကိုယ် စောင့်ထိန်းရမယ်ဆိုတာမွေးရာပါစိတ်ထဲက သိပြီးသား ။ လောက နီတိ ၊ အရွယ်ရောက်လာတဲ့ အသိစိတ်အရရော ကျမတို့က ဒါကို ဥပဒေ တခုအနေနဲ့ ကျမတို့ ငယ်ငယ်လေးကတည်းက သိခဲ့တာ မဟုတ်ဘူး။ ကိုယ့်အမျိုး ကိုယ်စောင့် ထိန်းခြင်းဆိုတာ လောကနီတိအရ တတ်မြောက်လာတာပါ။ ဥပဒေ ပြဋ္ဌာန်း ရလောက်အောင် ကျမတို့ အမျိုးသမီးတွေ က ဖြစ်နေလို့လားလို့ မေးချင်တယ်။

ကျမပြောချင်တာက ကျမလို အမျိုးသမီးလိုအတွက်ဆိုရင်တော့ ဒီမျိုးစောင့်ဥပဒေက မလိုအပ်ပါဘူး။ ကျမတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို အသုံးချ ပြီးတော့ နိုင်ငံရေး မလုပ်ရဆိုတာ ပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့ အတွက် အခုအချိန်ကျမှ ကိုမျိုးချစ်တို့ ၊ မျိုးချစ်လူငယ်တို့ အမျိုးသားရေးတို့ ဗန်းပြ ပြီးတော့ ၁ ဒသမ ၃ သန်းသော ပြည်သူတွေရဲ့ မဲကို ယူတာလို့ ကျမ ထင်ပါတယ်။

ဒေါ်စန္ဒာမင်း
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်



သူထောင်ကထွက်လာတော့ပိတ်ဖြူတွေပတ်ပြီးရုံထဲဝင်လာ...
သံဃာတွေကနောက်ကရံလာ....အဲ့ထဲကပုံမှန်မဟုတ်မှန်းတော့
ထင်သား.။။။။
မစန္ဒာမင်းပြောသလိုမဲရဖို့အသုံးချခံလိုက်ရတာသူကိုယ်သူတောင်
သိရဲ့လားမသိပါဖူး.....။