Wednesday, March 19, 2014

မလက္ကာရေလက်ကြားသို့ဦးလှည့်ခဲ့ကြောင်း ရေဒါအချက်ပြမှုတစ်ခုရရှိဟုဆို



Eleven Media Group

မလေးရှားလေယာဉ်ပျောက်ဆုံးပြီးနောက် (၁၀)ရက်အကြာတွင် ထိုင်းစစ်တပ်က ရေဒါအချက်အလက်များထုတ်ပြန်၊
မလက္ကာရေလက်ကြားသို့ဦးလှည့်ခဲ့ကြောင်း ရေဒါအချက်ပြမှုတစ်ခုရရှိဟုဆို

ပဲခူးမြို့တွင် ပိုက်ဆံရှိလျှင် လူသတ်၍ရနေပြီလောဟု မေးခွန်းထုတ်စရာများဖြစ်




by ပြစ်မှုများကိုဖော်ပြပေးမည်

ကျွန်တော်အခုပြောပြတဲ့ ပြစ်မှုတစ်ခုကိုဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။ ပဲခူးမြို့မှာအမှတ် (၁)ရဲစခန်းအပိုင်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး တာဝန်ခံ ရဲစခန်းမှူး၏ ပ လပ်ခြင်းခံထားရသည့် လူသတ်မှုတစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က ပဲခူးမြို့ အင်းဝင်(၁၀)လမ်းမှာနေထိုင်သော နေခြည်လင်းနိုင် (ခ)အိတုံ အား ခဲအိုဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းကို သွားရောက်တိုင်တန်းအမှုဖွင့်ထားသော်လည်း မည့်သည့်တစ်စုံတစ်ရာမှ မထူးခြားသည့်အပြင် တရားလိုမိသားစုကိုပါ ခြိမ်းခြောက်မှုများ ပြုလုပ်လာ သဖြင့် သက်ဆိုင်ရာမှ ကူညီပေးစေချင်ပါသည် ။

ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ အိတုံ၏ခဲအို (အစ်မ ယောက်ျားဖြစ်သူ )၀င်းနိုင်ဦးသည် အရက်မူးလာတိုင်း သူ့အစ်မအား မတရား နှိပ်စက်လွန်းလို့ မခံနိုင်ဖြစ်ကာ အိမ်ပေါ်မှဆင်းခဲ့ပါသည်။ လွန်ခဲ့သောတစ်ပတ်ခန့်က ၀င်းနိုင်ဦးသည် အိတုံနေထိုင်ရာအိမ်သို့ သွားရောက်ကာ သောင်းကျန်းသဖြင့် မိခင်ဖြစ်သူမှ ၀င်ရောက်တားဆီးရာမှ အသင့်ပါလာသော ဓားဖြင့် ထိုးရာ ရှပ်ထိပီးလဲကျခဲ့ပါသည်။ အမေလဲသည်ကိုမြင်သော အိတုံမှ ၀င်ရောက်ဆွဲရာမှ အိတုံအား ဓားဖြင့်ထိုးချလိုက်ပါသည်။ အိတုံမှာ ဓားဒဏ်ရာဖြင့် ပဲခူးမြို့ဆေးရုံကြီးပေါ်သို့ တင်ဆောင်ခဲ့ရပါသည် နောက်တစ်နေ့မနက်တွင် ဓားဖြင့်အထိုးခံရသူ အိတုံမှာ ဓားဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ရပါသည်။

ဝင်းနိုင်ဦးသည် ပဲခူးမြို့တွင် ထိပ်တန်းဆေးလိပ်ခုံ၊ ကြယ်တာရာဆေးလိပ်ခုံနှင့် ထိပ်တန်းစတိုးပေါင်းများစွာကို ပိုင်ဆိုင်သူဖြစ်ပြီး လူချမ်းသာစာရင်းဝင်ပါဝင်ပြီး မိသားစုတွင် အငယ်ဆုံးသားဖြစ်ပါသည်။ ထိုအဖြစ်အပျက်အား အမှတ်(၁)ရဲစခန်းသို့ မိခင်မှ တရားလိုအဖြစ်တိုင်ကြားရာ ရဲစခန်းမှ မည်သည့်စုံစမ်းမှုများမှ မလုပ်သည့်အပြင် အမှုဖွင့် အရေးယူမှုမျိုးလဲမလုပ်ပေးခဲ့ပါ။ ထို့အပြင် အမှတ်(၁)ရဲစခန်းမှူးမှာ တရားခံဖြစ်သူ ဝင်းနိုင်ဦးနှင့် အတူလဖ္ဘက်ရည်အတူသောက်သုံးနေကြောင်း မျက်မြင်များမှ ပြောကြားချက်အရသိရှိရပါသည်။

ထိုသို့ဆိုလျှင် ပဲခူးမြို့တွင် ပိုက်ဆံရှိလျှင် လူသတ်၍ရနေပြီလောဟု မေးခွန်းထုတ်စရာများဖြစ်ပေါ်လာပါသည်။ တရားခံဖြစ်သူ ဝင်းနိုင်ဦးမှလည်း ဖုန်းဖြင့် မိသားစုအား ထပ်သတ်ဦးမည်ဟု ကြိမ်းဝါးခဲ့ပါသေးသည်။ တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံတွင် ထိုသို့သောကိစ္စရပ်များမှာ အနှံ့တစ်ပြားဖြစ်ပေါ်နေပြီး နစ်နာသူမိသားစုများမှာ ခိုကိုးရာမဲ့နေကြပါသည်။ လူ့အသက်တစ်ချောင်းကို ကြက်ကလေး ငှက်ကလေးလို သတ်ပြီးပိုက်ဆံပုံပေးတာနဲ့ပြီးရော ဆိုလျှင်ဖြင့် ကျွန်တော်တို့လို နစ်နာသူမိသားစုများမှာ မည်သူ့ကို အားကိုးရမည်မှန်းမသိတော့ပါဘူးခင်ဗျား...။

လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .




Sai Naing Soe Win

လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .
လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .

ကျောင်းပေါ်မှာ ဝေဒနာ ကဲရင်း မေးနေ တက်တဲ့ လက်ပံတောင်းဒေသ ၁၄၄ အထုတ်
 ခံထားရတဲ့ ဆည်းတည်းကျေးရွာရဲ့ ကျောင်းထိုင်ဆရာတော်ကြီး အခုတော့ ဒီမနက်
၅ နာရီကျော်မှာ စိတ်ဖိစီးမှုများစွာ နဲ့ ပျံလွန်တော် မူသွားခဲ့ပါပြီ ။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နုယ် ၊ လက်ပန်တောင်းတောင်
ဒေသမှ ပြောင်းရွှေ့ခံ ရွာတစ်ရွာဖြစ်သော ဆည်တည်းကျေးရွာမှ နှစ်ပေါင်းတစ်ရာကျော်
ပြီဖြစ်သော အောင်မြေမြင်သာ ကျောင်းဆရာတော် ဦးပညာဝံသ သက်တော်(၆၀) နှစ်
သည် လယ်တီသိမ် မဖြစ်မနေ ပြောင်းရွှေ့ရမည် ဆိုသည့် သတင်းကြားပြီးချိန်မှ စ၍
 နှလုံးရောဂါ သိသိသာသာ တိုးလာပြီး ယနေ့နံနက် ၅နာရီခန့်တွင် သာသနာ့မြေပျက်
စီးပျောက်ဆုံးရတော့မည့်အရေး၊ ဒေသ၊သဘာဝ၊ရေ ၊ မြေ ၊ တောတောင် နှင့် ဒကာ
 ဒကာမများ၏ အဖြစ်ဆိုးများအရေး စိတ်ဖိစီးမှု များစွာဖြင့်
ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သတင်းပေးပို့လာပါသည် ။

ဆရာတော်သည် ဒေသခံတောင်သူလယ်သမားများနှင့်အတူလက်ပတောင်းတောင်ကြီး
အားကာကွယ်စောင့်ရှောက်နေကြသောလက်ပတောင်းတောင်ဒေသပြည်သူ့အကျိုး
စီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ ကြီးအား တတ်အားသမျှကူညီပံ့ပိုးခဲ့သော
ဆရာတော်တစ်ပါးဖြစ်ပါသည်။

သာသနာ့အမွေအနှစ်ကိုတန်ဖိုးထားပြီးမည်သည့်အခွင့်အရေးမျှမယူဘဲအောင်မြေမြင်
သာကျောင်းကြီး မပြောင်းရွှေ့ရေးအတွက် ကြံ့ကြံ့ခံရပ်တည်ခဲ့သော သာသနာ့
အာဇာနည် သံဃာတော်မြတ်တစ်ပါးလည်းဖြစ်ပါသည်။

ရပ်နီး ရပ်ဝေး ရဟန်း ရှင်လူ ကျောင်းသား ကျောင်းသူ အများပြည်သူများမှ ဆရာတော်
ဘုရားကြီး၏ ဘုန်းကြီးပျံ နှင့် လယ်တီသိမ်၏ နောက်ဆုံး အချိန်များအတွက် ကြွရောက်
ဝိုင်းကူ ကြပါရန် ဖိတ်ကြား အပ်ပါသည် ။

လယ်တီသိမ်ကြီး ၂၆ ရက်နေ့ ရွှေ့မယ်ကြားရပါသည် အရှင်ဘုရား လို့ မလျှောက်တင် ရက်ခဲ့လို့သာ . . .

ရွာသူ ရွာသားများ ပြောဆိုလာမှု နှင့် ဆရာတော်ဘုရားကြီး ၏ နောက်ဆုံးအချိန်များကို
 ဆက်လက် ရေးသားဖော်ပြ သွားပါမည် ။

လက်ပံတောင်းတောင်ဒေသအကျိုးစီးပွား နှင့် လယ်တီသိမ် ကာကွယ်ရေးကော်မတီ ယာယီ (ရန်ကုန်)

ကုဒ်နံပါတ် ၉၁၄ နေရာ၌ လူမျိုးအမည်ကို လိမ်လည်လှည့်ဖျား၍ ထည့်သွင်းပါက သန်းခေါင်စာရင်းဥပဒေနှင့်ငြိစွန်းမည်



 myitmakha media group
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် အခြားလူမျိုးများဖြည့်သွင်းရမည့် ကုဒ်နံပါတ် ၉၁၄ နေရာ၌ လူမျိုးအား လိမ်လည် လှည့်ဖျား၍မှားယွင်းစွာ ထည့်သွင်းပါက သန်းခေါင်စာရင်းဥပဒေနှင့်ငြိစွန်းနိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရာတွင် လူမျိုးစုအတွက် အခြားဟု သတ်မှတ်ထားပေးသည့် ကုဒ်နံပါတ် ၉၁၄ တွင် ရိုဟင်ဂျာလူမျိုးအဖြစ် ဖြည့်စွက်ထည့်သွင်းခွင့်ရှိမရှိ ပြည်သူများအများကြား ထင်ကြေးပေးနေမှုအပေါ် ယခုကဲ့သို့ ရှင်းလင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ နေထိုင်ကြတာက နိုင်ငံခြားသားတွေလည်းပါပါတယ်။တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံခြားသား တခြားလူမျိုးဆိုရင် ၉၁၄ဘေးက ကွက်လပ်မှာရေးပါ။ပြည်ပကလူမျိုးဆိုရင်နိုင်ငံရှိရမယ်၊နိုင်ငံမရှိတဲ့လူမျိုး ကိုကျနော်ဘာလူမျိုးပါဆိုပြီး မရှိတဲ့လူမျိုးကို လိမ်လည်လှည့်ဖြားပြီး ထည့်လို့မရပါဘူး။ ဥပဒေတွေ ရှိပါတယ်”ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဥပဒေ အခန်း(၅)၊ ပုဒ်မ၁၆။(ခ)တွင်သန်းခေါင်စာရင်းဆိုင်ရာ မေးမြန်းသော မေးခွန်းများအား ဖြေဆိုရာ၌ ဖြည့်သွင်းရန်ငြင်းဆိုခြင်းနှင့် သိလျက်နှင့်မှားယွင်းစွာဖြေဆိုခြင်း(သို့) မှားယွင်းစွာဖြည့်သွင်းခြင်း မပြုရဟုပါရှိပြီး ကျုးလွန်ဖောက်ဖျက်ပါက တစ်လထက်မပိုသောထောင်ဒဏ်နှင့် ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သန်းခေါင်စာရင်းမေးခွန်းများကို ဖြေဆိုရာတွင် နိုင်ငံအတွင်းနေထိုင်သောတိုင်းရင်းသားဖြစ်ပါက မျိုးနွယ်စု လူမျိုးပေါ်တွင် အခြေခံကာ ဖြေဆိုရမည်ဖြစ်ပြီး ပြည်ပမှနိုင်ငံခြားသားများဖြစ်ပါက ၎င်းတို့နေထိုင်ခဲ့သည့် သက်ဆိုင်ရာနိုင်ငံ၏အမည်ကို အခြေခံကာ ဘေးကွက်လပ်တွင် ဖြည့်သွင်းရမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအရမြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် ဘင်္ဂါလီများလူမျိုးများ အနေဖြင့်သတ်မှတ်ချက် ပြည့်မီလျှင် နိုင်ငံသားဖြစ်သွားနိုင်သော်လည်း တိုင်းရင်းသားမဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရက လည်းမြန်မာနိုင်ငံတွင် ရိုဟင်ဂျာလုံးဝမရှိဟူ၍ ကြေညာထားကြောင်း ဒေါ်ခိုင်ခိုင်စိုးကပြောသည်။

“ပြည်တွင်းက လူက ၁၃၅ မျိုးထဲမှာ ပါတဲ့တိုင်းရင်းသားကိုအခြေခံတယ်။ပြည်ပကလူမျိုးဆိုရင် နိုင်ငံကို အခြေခံတယ်။ သူတို့အနေနဲ့ကိုယ်နေထိုင်နေတဲ့ နိုင်ငံအပေါ်မှာသစ္စာရှိဖို့လိုပါတယ်။သန်းခေါင်စာရင်းမှာ ဘယ်လိုပဲ ထည့်ထည့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘင်္ဂါလီမှန်ရင် နိုင်ငံသားဖြစ်သွားနိုင်ပေမယ့် ဘယ်တော့မှ တိုင်းရင်းသားမဖြစ်နိုင်ဘူး”ဟု ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် သန်ခေါင်စာရင်းကောက်ရာ၌ရိုဟင်ဂျာ ဆိုသည့်အမည်ကို ထည့်သွင်းကောက်ခံခြင်းမပြုရန် လူအင်အားတစ်သိန်းကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဒီနေ့ကာတွန်း

တောင်သူများ လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးနံဘေးတွင် တောင်းရမ်းစားသောက်



 Eleven Media Group
မြေသိမ်းခံ အုံတုံပင်ကျေးရွာမှ ထန်းတက်တောင်သူများ လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးနံဘေးတွင် တောင်းရမ်းစားသောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူ ၂၀ ခန့်သည် မြို့ပြစီမံကိန်းဖော်ထုတ်ရန်နှင့် ရဲတပ်ရင်း ၂၈ တည်ဆောက်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်သော မြေယာများ သိမ်းဆည်းခံရခြင်း၊ ထန်းပင်များအား မြေကော်စက်များနှင့် ထိုးလှဲခံရခြင်းတို့ကြောင့် လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးဘေးတွင် မတ် ၁၇ ရက် နံနက်မှ စတင်၍ တောင်းရမ်းစားသောက်နေကြောင်း သတင်းရရှိသည်။

"ရွာကိုလာပြီးကြည့်ပါ။ တကယ်ကို လုပ်စားစရာမရှိတော့ပါဘူး။ တောသူတောင်သားဆိုတာ တောင်ယာလုပ်ငန်းခွင်ကလွဲရင် ဘာတစ်ခုမှလုပ်မစားတတ်သလို ထန်းတက်တောင်သူဆိုတာကလည်း ထန်းတက်ပြီး ထန်းလျက်ချက်ရောင်းစားတဲ့ အတတ်ပညာကလွဲလို့ ဘာအတတ်ပညာမှ မတတ်တော့ ငတ်သေဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် အခုလိုတောင်းစားကြရတာပါ။ အုပ်စုဖွဲ့တောင်းကြပြီး ညနေရောက်ရင် တစ်နေ့တာတောင်းရသမျှကို ညီတူညီမျှ ခွဲဝေယူကြမယ်။ ရတာလေးနဲ့ မိသားစုချက်ပြုတ်စားသောက်ကြမယ်" ဟု အုံတုံပင်ရွာသူတစ်ဦးက ပြောကြားသည်။

သက်ဆိုင်ရာတာဝန်ရှိသူအချို့ကလည်း မိမိတို့၏ ဆုံးရှုံးသွားသည့် ထန်းပင်များအား စာရင်းပြုစုပေးပို့ရန်နှင့် ပေးပို့ပြီးပါကလျော်ကြေးများ ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တောင်းရမ်းစားသောက်ချိန်ကာလမှာ အလောင်းတော်ကဿပ ဘုရားဖူးများ စည်ကားချိန်နှင့် အနောက်အမေကြီးပွဲတော်သို့ သွားလာကြသည့် ဘုရားဖူးများဖြင့် အထူးစည်ကားနေချိန်လည်းဖြစ်သည်။

(မတ် ၁၇ ရက်က ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှ တောင်သူများ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်၌ တောင်းရမ်းနေစဉ်)

အစိုးရ၏ တာဝန်မဲ့မှုကို ဖွင့်ချပြီ



( ၀ံသာနု မြတ်သိန်းထွန်း )

ပြန်ပေးဆွဲခံခဲ့ရတဲ့ တပ်မတော်သား ၃ ယောက်နဲ့ ပတ်သက်ပြီး ပြောပြမယ်။
သူတို့ ကို ပြန်ပေးဆွဲရတဲ့ အကြောင်းရင်းက ဖမ်းခံထားရတဲ့ ဘင်္ဂလီထွန်းအောင်နဲ့ အလဲအလှယ် လုပ်ချင်လို့။ အဲလိုဖမ်းသွားပြီးနောက်ပိုင်း ဒီလူတွေအသက်ရှင်လား သတ်လိုက်ပြီလား ဆိုတာ မြန်မာအစိုးရဖက်က မသိသေးဘူး။ ဘင်္ဂလားဖက်က သတင်းပေးတွေဆီက ဒီလူတွေကို မသတ်ရသေးဘူးဆိုတဲ့ ခိုင်လုံတဲ့ မျက်မြင် သက်သေပေးတဲ့ သတင်း ၀ံသာနုဆီရောက်လာတယ်။ သိသိချင်းပဲ ၀ံသာနုက အစိုးရကို အကြောင်းကြားတယ်။ ဒါပေမယ့် ဒီလူတွေကို ချုပ်ထားတဲ့နေရာက ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲမှာ။ အစိုးရဖက်က ဘာမှတုန့်ပြန်သံ မကြားရဘူး ။ နောက်ပြီးတော့ အဲဒီအကြမ်းဖက်ဘင်္ဂလီအဖွဲ့ကို ဘင်္ဂလားစစ်တပ်ထဲက အရာရှိ အဆင့် ပုဂ္ဂိုလ်တချို့က နောက်ကွယ်ကနေ အကူအညီပေးနေတာတွေ ရှိတယ်။ သူတို့ ၀တ်တဲ့ယူနီဖောင်းနဲ့ လက်နက်တချို့ဟာ ဘင်္ဂလားစစ်ဖက်ကနေ ရထားတာ။ ဘင်္ဂလား အစိုးရဖက်က အစွန်းရောက်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပေ မယ့် အစိုးရအဖွဲ့ထဲမှာရော၊ အတိုက်အခံပါတီတွေထဲမှာပါ အစွန်းရောက်တွေ ကို ထောက်ခံနေတဲ့လူတွေ ရှိတယ်။ မြန်မာဖက်ကို တစ်ချက် စဉ်းစားစရာရှိနေတာက ခုလက်ရှိအချိန်မှာ ထောင်ချခံထားရတဲ့ ဒေါက်တာထွန်းအောင် ဘယ်ကိုရောက်နေလဲ ၀ံသာနုက ခုချိန်ထိမသိသေးဘူး။ တော်တော်များများလည်း မသိကြဘူး။ ပြန်ပေး ဆွဲမှုဖြစ်ပွားတဲ့အချိန်တုန်းကသာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားနဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒီအကြမ်းဖက်စခန်းကို ၀င်စီးချင်တယ်ဆိုရင် ၀ံသာနုအနေနဲ့ တတ်နိုင်တဲ့ ဖက်က ချိတ်ဆက်ကူညီပေးလို့ရတယ်။ အဲအတိုင်းပဲ ကမ်းလှမ်းခဲ့တယ်။ အဲဒီ သတင်းအချက်အလက်တွေရဖို့ ၀ံသာနုဝိုင်းတော်သားတွေ ဘယ်လောက် ထိ ငွေကုန်ကြေးကျခံခဲ့တယ်ဆိုတာ အဲတုန်းကပါဝင်ခဲ့တဲ့လူတွေ အသိဆုံးပဲ။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။

အစိုးရအနေနဲ့ တခြားနိုင်ငံ ပိုင်နက် ထဲရောက်သွားတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပေမယ့် ဒီကိစ္စကို ဒီထက်ပိုပြီး အလေးအနက်ထား စိတ် ပူပန်တဲ့ အရိပ်အရောင် မပြခဲ့တာ ကိုတော့ ဘယ်လိုမှနားလည်ပေးလို့မရဘူး။ ဒီ တပ်မတော်သား သုံးဦးဟာ တာဝန် ထမ်းဆောင်တာမှာတောင် ရိုးရိုးတာဝန် ထမ်းဆောင်တာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အနောက်စည်းရိုးကို ကာကွယ်ဖို့ ခြံစည်း ရိုးခတ်နေတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတယ်။

ဒီလူတွေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်တယ်။ ဘာမဟုတ် တဲ့ ပြည်သူတွေ ကတောင် ဒီလောက်ထိ အလေးအနက်ထားတဲ့ ကိစ္စကို နိုင်ငံတော် အနေနဲ့ ပိုပြီးတော့တောင် အလေးအနက်ထားသင့်တယ်။ ဒီအကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်သူမှမသိသေးတဲ့ အချက်တစ်ခုကတော့ ခု သူတို့ ၀တ်ပြနေ တဲ့ ပျောက်ကြားယူနီဖောင်းဆိုတာ ဓာတ်ပုံရိုက်ခံဖို့ရယ်၊ ရွာထဲသွားရင် ဘင်္ဂလား စစ်သားလိုပုံစံ ဟန်ဆောင်ဖို့ဝတ်တာလောက်ပဲ သုံးတယ်။ တောထဲမှာနေရင် အရင် ကာကီရောင်ယူနီဖောင်းပဲ ၀တ်တယ်။ လက်ရှိအင်အား လေ့ကျင့်ပြီး ရာဂဏန်းနဲ့ စုဆောင်းထားတာ ထောင်ဂဏန်းနီးပါးရှိတယ်။ ၀ံသာနုဆီမှာ တင်ပေးလို့မရတဲ့ ဓာတ်ပုံ အထောက်အထားတွေရှိတယ်။

အဓိကပြောချင်တာက နိုင်ငံတော်ရဲ့ ပြည်သူတွေအပေါ် အလေးအနက် မထားတဲ့ အချက်ပဲ။ အဲဒီအချိုးတွေနဲ့ ပြည်သူဆီကမေတ္တာကို ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီလောက်ပဲ ပြောချင်တယ်။


ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူသွားမည်


EMG
တရားမ၀င် ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို
ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွား
သည်အထိ အရေးယူမှုစီမံချက် စတင်

ပြည်တွင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင်မည်သည့်ရာထူးဖြစ်စေကာမူ ငွေကြေး
တောင်းခံပါက အဆိုပါဝန်ထမ်းအား ဥပဒေအရ အရေးယူသွားမည့်အပြင်
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှု စီမံချက်ကို
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက
မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းမဲ့ယာဉ်များကို
ဖမ်းဆီးစစ်ဆေးအရေးယူရာ၌ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ
ထံမှ ဥပဒေနှင့်အညီ စနစ်တကျပညာပေးခြင်း၊ အရေးယူခြင်းမျိုး
မပြုလုပ်ဘဲ ငွေကြေးရယူကာ စည်းကမ်းမဲ့ငွေတောင်းခံနေမှုများကို
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော့်ရဲ့တပ်ဖွဲ့ဝင်တွေအများစုက အနိမ့်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်ပြီးသားသူတွေဖြစ်တယ်။ ၀န်ထမ်းတွေအနေနဲ့ မိမိရဲတပ်ဖွဲ့ရဲ့
ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ လိုအပ်တယ်။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်
လိုက်တွေဆီက တရားမ၀င်ငွေကြေးတွေ တောင်းခံ
နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူ
သွားပါမယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုစည်းကမ်းမဲ့ ၀န်ထမ်းတွေကို
တိုင်ကြားဖို့ လိုအပ်ပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ
တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူရဲမှူးကြီး ကျော်ထွေး
က ပြောကြားသည်။

ထို့အပြင် ယခုနှစ်အတွင်း ယာဉ်ထိန်းရဲအယောင်ဆောင်ကာ ငွေတောင်းခံ
နေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

"ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ မနက်ရော၊ ညပိုင်းတွေပါ
ယာဉ်တွေကိုစစ်ဆေးပြီး အရေးယူဆောင်ရွက်တဲ့ အချိန်တိုင်း
မှာ အနည်းဆုံး ၀န်ထမ်းသုံးဦးကနေ ငါးဦးပါဝင်တယ်။ ၀န်ထမ်း
ယူနီဖောင်းကလည်း အပြည့်အစုံ ၀တ်ဆင်ရတယ်။ တစ်ယောက်တည်း
 ယာဉ်တွေစစ်နေပြီး ငွေကြေးတောင်းခံနေရင်တော့ ဒီဝန်ထမ်းက
 အယောင်ဆောင်ဖြစ်ဖို့များတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့
သတိထားဖို့လိုသလို သက်ဆိုင်ရာရဲစခန်းကိုလည်း အကြောင်းကြားဖို့
လိုအပ်တယ်။ အဲဒီလိုယာဉ်ထိန်းအတုယောင်ဆောင်ခဲ့တဲ့ သူတွေ
ကိုလည်း အရေးယူထားပါတယ်" ဟု အမှတ် (၂) ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။


ကိုကိုကြီး+ခင်သူသူအောင် တို့၏ကလေးမြို့ဧည့်ခံပွဲ

ဆရာ မ မိချမ်းဝေ သို့ အိတ် ဖွင့်ပေးစာ



မှ..
ပိုပြည့် သူ (ပြင်ဦးလွင် NLD လူငယ်)
( စာရေးဆရာမ တစ်ယောက် အ နေနဲ့ NLD အဖွဲ့ ဝင် တွေကို နှိမ့် ချ ပြော ဆို မယ့် အစား ကလေး တွေ အပေါ် ကောင်း မွန် တဲ့လမ်း ကြောင်း တစ် ခု တည် ဆောက် ပေးသင့်တယ်)

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့ သမီး ချန်ချန်နဲ့ မော်ဒယ်ရှိုင်းတို့ မင်္ဂလာညစာစားပွဲ


 မတ် ၁၆ ရက်၊ ညနေ ၆ နာရီအချိန်က ရန်ကုန်မြို့ရှိုkandawgyi palace hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးကြံ့ခိုင်ရေး ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ တွေ့ဆုံ



RFA
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွေမှာ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးပမ်းရာမှာလဲ ဂုဏ်သိက္ခာရှိစွာ ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေကို နားလည်ကြဖို့လိုအပ်ကြောင်း ပြောခဲ့သလို ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံသားတိုင်းက ကိုယ်တိုင်တာဝန်ယူကြတာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေကို အခုလိုလက်ခံတွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်

RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ ၂၂ ရက်နေ့ စနေနေ့ မနက်ပိုင်း နေပြည်တော်ကနေ ထွက်ခွာမယ်၊ ညနေပိုင်းမှာ မိုးကုတ်မြို့က ဘောလုံးကွင်းမှာ လူထုဟောပြောပွဲလုပ်ပါမယ်၊ မိုးကုတ်မှာညအိပ်ပြီး နောက်တစ်နေ့မနက်ပိုင်းမှာ ကျပ်ပြင်မှာ ဟောပြောပွဲတခါလုပ်ပါမယ်၊ အခြေခံဥပဒေပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာပါ၊ ပြီးတာနဲ့ ပြင်ဦးလွင်က တော်ဝင်နှင်းဆီခြံမှာ ပြီးခဲ့တဲ့ ဧရာဝတီစာပေပွဲတော်တုန်းက အကြောင်းကြောင်းကြောင့် မတွေ့ဆုံလိုက်ရတဲ့ မန္တလေးကစာပေအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့ပွဲပါ၊ ပြီးတာနဲ့ နေပြည်တော်ပြန်မှာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ အခြားပါတီ အလုပ်အမှုဆောင်တွေလည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပူးပေါင်းပြင်ဆင်သွားဖို့ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘာကြီး အမှန်ကို သိစေဖို့ ဖေ့ဘုတ် ကိုယ်စီ သုံးကြစို့(ဝီဒီယာသင်တန်း)



သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဝီဒီယာသင်တန်းပို့ချနေစဉ်
(၁၉-၃-၂၀၁၄)