Thursday, March 20, 2014

မောင်တောမြို့နယ်၊လေယာဉ်ကွင်းကျေးရွာ၌စက်လှေနှင့်နေအိမ်ပေါ်မှသေနတ်၊ကျည်ဆံများတွေ့ရှိ



ရဲဇာနည်
နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရခိုင်ပြည်နယ်၊ အမှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် နှာခေါင်းတိုရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော လှည့်ကင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လယ်ကမ်းစပ်တစ်လျှောက် စက်လှေဝင်/ထွက်မှုများအား စစ်ဆေးနေစဉ် မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအ၀င် ချောင်းကမ်းစပ်၌ စက်လှေတစ်စီး ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂလီလူမျိုး(၅)ဦး စက်လှေပေါ်မှ ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။ အဆိုပါစက်လှေမှာ လေယာဉ်ကွင်းကျေးရွာနေ မော်ဂျူ၏စက်လှေဖြစ်ကြောင်းသိရှိရပြီး စက်လှေပေါ်ကျန်ရှိသည့် မော်ဂျူ၏အနွေးထည်အင်္ကျီအိတ်ကပ်အတွင်းမှ ငွေရောင်ကျည်(၉)တောင့်၊ ဓါးရှည်(၄)ချောင်း၊ ငါးဖမ်းဆွဲပိုက်(၆)ခု၊ လေးခွ(၃)လက်၊ ဓါတ်မီး (၂)လက်တို့အား သိမ်းဆည်း ရမိခဲ့သည်။ စက်လှေအစောင့်ဖြစ်သူ ကညင်တန်းကျေးရွာနေ မာမောက်ဆာဒီဒ်နှင့် စက်လှေအနီးဆိပ်ကမ်းတွင် မသင်္ကာဖွယ်တွေ့ရှိရသည့် နှာခေါင်းတိုကျေးရွာနေ အေရှားဒူလာ(၁၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မာမောက်ဆာဒီဒ်၊ အေရှားဒူလာနှင့် ထွက်ပြေးတိမ်းရှောင်နေသူ(၅)ဦးတို့အား မောင်တောမြို့မရဲစခန်း (ပ)၅၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး သက်သေများနှင့်အတူ ၎င်းစက်လှေအား အသေးစိတ်ရှာဖွေခဲ့ရာ ပွိုင့် ၃၈ Special (၅)လုံးပြူးဆုံလည်သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ သေနတ်အိတ် ၁ လုံးနှင့် သေနတ်အားထုပ်ပိုးထားသည့် တဘက် ၁ ထည်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ စက်လှေပေါ်မှထွက်ပြေးသွားသူ(၅)ဦးအနက် မသင်္ကာသူများဖြစ်သည့် မောင်တောမြို့နယ်၊ လေယာဉ်ကွင်းကျေးရွာနေသူများဖြစ်သော လာလူး(ခ)ရောဟီးရာမောက်နှင့် ဘာဘူကြီး(ခ)အာယာဒူလာတို့ ၂ ဦးမှာ ၎င်းရွာအစွန်ရှိ လာလူး၏သမီးဖြစ်သူ မဟာရီဂျီနာ၏ နေအိမ် တွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ်သံကျော်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ သွားရောက်ရှာဖွေရာ နေအိမ်၌ မဟာရီဂျီနာနှင့်အတူ လာလူး၏ဇနီး မဇိုက်တူအားတွေ့ရှိရပြီး နေအိမ်အနောက်ဘက် ခြံဝင်းအတွင်းရှိ မြေကြီးထဲမှ အ၀တ်စပတ်၍မြှုပ်ထားသော ပွိုင့် ၃၈ Special (၅)လုံးပြူး ဆုံလည် သေနတ် ၁ လက်၊ ငွေရောင်ကျည် ၁ တောင့်နှင့် သေနတ်ထည့် အမဲရောင်သားရေအိတ် ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပွိုင့် ၃၈ Special (၅)လုံးပြူး ဆုံလည်သေနတ် ၂ လက်နှင့် ကျည် ၁၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုမှထွက်ပြေးတိမ်းရှောင်နေသူများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှနိုင်ငံတကာသို့ပေးရန် US$ ၉.၅ ဘီလီယံကျော်ကြွေးကျန်ရှိနေ၊


Eleven Media Group
၂၀၁၃ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံမှနိုင်ငံတကာသို့ပေးရန်
US$ ၉.၅ ဘီလီယံကျော်ကြွေးကျန်ရှိနေ၊
တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း (၄၀၀၀)ကျော်နှင့် အများဆုံးပေးရန်ရှိ

ဧပြီ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်ဆုံးဖြတ်



Eleven Media Group

အစိုးရ ဘယ်လဲ၊ လွှတ်တော် ဘာလဲ၊
====================
ဧပြီ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်ဆုံးဖြတ်၊ နှုန်းထားအရ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များ အများဆုံးထိခိုက်ပြီး ခရိုနီများ၏ လုပ်ငန်းကြီးများ သက်သာမည်

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက် မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်ကောက်ခံရန် အစိုးရ၏ တင်ပြမှုကို မတ် ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အစိုးရက လက်ရှိကောက်ခံနေသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက်မှစ၍ သတ်မှတ်ထားသည့် ပြင်ဆင်နှုန်းထားများအတိုင်း ကောက်ခံရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ အစိုးရက တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် NLD အပါအ၀င် အတိုက်အခံပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးသာ မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြရာ ကန့်ကွက်သူနည်းသဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ၈၀ ရာခိုင်နှုန်းရှိကြောင်း၊ အရင်းမှာ ၁၅ ကျပ်ခန့်သာရှိကြောင်း၊ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ စက်မှုသုံးတစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းနှင့် ရောင်းချနေသည့်အတွက် မည်သည့်အတွက်မှ အရှုံးမပေါ်နိုင်ကြောင်း၊ နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေရခြင်းဟုဆိုကာ သုံးစွဲခ တိုးမြှင့်ကောက်ခံရခြင်းသည် ပြည်သူများရေရှည်တွင် အကျိုးရှိစေရန် ဆိုသည်ထက် နောင်လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများအား အကာအကွယ်ပေးခြင်းသာ ဖြစ်သည်ဟု အတိုက်အခံ ပါတီဝင် ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဓာတ်အားသုံးစွဲခမှာ များပြားနေသေးသဖြင့် ကုန်ထုတ်လုပ်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်းလည်း ဝေဖန်ပြောကြားသည်။

“ကျွန်မတို့လူဦးရေ ၃၀ ရာခိုင်နှုန်း လောက်ကစတဲ့ SME လုပ်ငန်းတွေအားလုံးဟာ ယူနစ် ၁၀၀၀၀ ကျော်ကနေ ၅၀၀၀၀ ကြားမှာ ရှိပါတယ်။ ဒါဆိုရင် ၁၂၅ ကျပ် ဆောင်ရတော့မှာပါ။ ဒါဆိုရင် ကုန်ပစ္စည်းတွေဟာ နှစ်ဆနီးပါးတော့ တက်ရပါလိမ့်မယ်။ ဒီလိုပါပဲ စက်မှုလုပ်ငန်းသုံးတွေအတွက် ၁၂၅ ကို ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းဟာ တိုးလာတဲ့ဝင်ငွေနဲ့ နိုင်ငံနဲ့တစ်ဝန်း တစ်ပြေးညီ လျှပ်စစ်ဓာတ်အားတွေကို ခံစားရမယ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ ကန့်ကွက်ဖို့ မရှိပါဘူး။ သို့သော် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအနေနဲ့ ဒီရလဒ်တွေကို တကယ်ခံစားခွင့် ရှိမှာလားဆိုတာကို ၀န်ကြီးဌာန အနေနဲ့ အာမခံဖို့ လိုအပ်ပါတယ်။ အမှန်တကယ် ဒီမိုကရေစီ အစိုးရဆိုရင် နိုင်ငံသားအားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ Public Service တွေကို အရှုံးခံပြီး ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ကနေ လျှပ်စစ်ဓာတ်အားခတွေကို လစဉ်အရှုံးခံပြီးတော့ ဖြန့််ဖြူးနေရပါတယ်လို့ အမြဲတမ်း ပြောနေမယ်ဆိုရင် အမြတ်အစွန်းကို မရရှိနိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုး၊ သာသနာရေးဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကိုလည်း ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်” ဟု အတိုက်အခံပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးစဉ်ပြောကြားသည်။

ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း ထိုသို့ဓာတ်အားခများ တိုးမြှင့်လိုက်မှုအပေါ် ပြည်သူများကျေနပ်အောင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ မလုပ်ဆောင်ပေးနိုင်ပါက နောက်ဆက်တွဲ ပြဿနာများသည် ထိုသို့တိုးမြှင့်လိုက်သည့် သူများတွင် တာဝန်ရှိသည်ဟု ဝေဖန်ပြောကြားသည်။

ဒေါ်ခင်စန်းလှိုင်က “ကျွန်မတို့နိုင်ငံရဲ့ သယံဇာတကို ကျွန်မတို့ပြည်သူတွေကိုယ်တိုင် မသုံးရဘဲနဲ့ ပြင်ပကိုထုတ်လုပ် ရောင်းစားနေတဲ့အတွက်ကြောင့် ဒါတွေရဲ့အပေါ်မှာ ၀န်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ ပြည်သူက ခံစားနေရတာ ဖြစ်တယ်။ မီတာခကိုသာ တိုးမြှင့်ပြီးတော့ ကောက်ခံလိုက်တယ်။ ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အပေါ် ကျွန်မတို့က ကန့်ကွက်ခြင်းဖြစ်တယ်” ဟု မီဒီယာများကို ပြောကြားသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားခ နှုန်းထားများအတိုင်း တိုးမြှင့်ကောက်ခံရန်နှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုနှင့် တရားမ၀င် သုံးစွဲမှုများ လျော့နည်းပပျောက်ရေးအတွက် အစီအမံချမှတ်ပြီး အလေးထားဆောင်ရွက်ရေးနှင့် ဆောင်ရွက်မှု အခြေအနေများအား လွှတ်တော်သို့ ပြန်လည်တင်ပြရန် လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့သည်။

အစိုးရက လျှပ်စစ်ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံရန် နည်းလမ်းသုံးခုဖြင့် တင်ပြခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေးကာ ပြင်ဆင်သတ်မှတ်သည့် နည်းလမ်းအတိုင်း လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား အများအပြား သုံးစွဲရသော နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အစိုးရနှင့်နီးစပ်သော လုပ်ငန်းရှင်ကြီးများ၊ နယ်ပယ်စုံ လုပ်ကိုင်နေသော ကုမ္ပဏီအုပ်စုကြီးများကသာ အများစုရယူ လုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့အတွက် ယခုအတည်ပြုလိုက်သော နှုန်းထားများအရဆိုလျှင် အရင်းအနှီး၊ အခြေခံအဆောက်အအုံ၊ နည်းပညာလုံလောက်မှုမရှိဘဲ ကိုယ်စွမ်းကိုယ်စနှင့် ရုန်းကန်ရပ်တည်နေရသော အသေးစားအလတ်စား စက်မှုလုပ်ငန်းများသာ ပိုမိုထိခိုက်မည်ဖြစ်ပြီး လုပ်ငန်းရှင်ကြီးများ၊ စက်ရုံအလုပ်ရုံများစွာ ရယူလုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စုကြီးများသာလျှင် ပိုမိုသက်သာခွင့် ရရှိဦးမည်ဖြစ်သည်။

ဒီနေ့ကာတွန်း

မန္တလေးမြို့  ကျဆုံးသွားပြီလား???



Ponnya Swe

မန္တလေးမြို့ ၊ လမ်း၆၀၊ ၂၉-၃၀လမ်းကြားရှိ Cafe ရှေ့ တွင် မနေ့ညက ကျွန်တော့်မိတ်ဆွေ၏ သားကို ဗမာစကားမပြောသောလူ (၂၀)လောက်က ၀ိုင်းဝန်းထိုးကြိတ်ပြီး ကားကို ဖျက်ဆီးခဲ့ကြတယ်....

ရဲများရာက်ရှိ ထိန်းသိမ်းနေတာတောင် ဂရုမစိုက်ပဲ ဆက်လက်ထိုးကြိတ်ပြီး လာရောက်ထိန်းသိမ်းသော ရဲများကိုပါ ဆဲဆိုနေကြတယ်...

ဒီလူတွေ ဘာကြောင့်ဒီလောက် အတင့်ရဲတာလဲ???

မန္တလေးမြို့ ပာာ မြန်မာတွေနေတဲ့ မြို့  မပာုတ်တော့ဘူးလား???

မန္တလေးမြို့ ပာာ တရားဥပဒေစိုးမိုးမှုရှိသောမြို့  မပာုတ်တော့ဘူးလား???

MH 370 ပျောက်ဆုံးမှုသတင်းစာရှင်းလင်းပွဲဘီဘီစီ သတင်းထောက်ဝင်မရ

Kayan Times
MH 370 ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မတ်လ ၂၀၊ ၂၀၁၄ ရက်နေ့က Sama-sama ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ဘီဘီစီ သတင်းထောက်ဝင်မရ

ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်နိုင်ခြေရှိသော အပျက်အစီး အစိတ်အပိုင်းအစနှစ်ခု



 Mar 20, 2014
ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်နိုင်ခြေရှိသော အပျက်အစီး အစိတ်အပိုင်းအစနှစ်ခုကို သြစတြေးလျ ရှာဖွေတွေ့ရှိ၊
လေယာဉ်၏ အပိုင်းအစများ ဟုတ်၊မဟုတ် စစ်ဆေးရမည်ဖြစ်သောကြောင့် အချိန်ယူရမည်ဖြစ်




DVB TV News


နော်ဝေ ကားတင်ကာဂိုသဘောင်္ HOEGH ST. PETERSBURG ဟာ ပျောက်ဆုံးလေယာဉ် #MH370 နဲ့ဆက်စပ်နိုင်ဖွယ်ယူဆရတဲ့ အပိုင်းအစ၂ခုကို သြဇီဂြိုလ်တုက တွေ့ရှိထားတဲ့ ဧရိယာကို ပထမဆုံး ရောက်ရှိလာတဲ့ သဘောင်္ဖြစ်ပါတယ်။ အဲဒီ့သင်္ဘောဟာ မက်ဒက်ဂစ်စ်ကာကနေ မဲလ်ဘုန်းကို သွားနေရာကနေ သြစတြေးလျ ရေကြောင်းအာဏာပိုင်တွေရဲ့ အကူညီတောင်းခံမှုနဲ့ ၀၈၀၀ GMT မှာ အဲဒီ့ဧရိယာနားကို ရောက်ရှိခဲ့ပါတယ်။ အခုလက်ရှိမှာ ရာသီဥတု အခြေအနေအရနဲ့ ညပိုင်းရောက်နေတာကြောင့် ရှာဖွေရေး မစတင်နိုင်သေးဘူးလို့ သိရပါတယ်။
ဆက်သွယ်ရေးဂြိုလ်တုကနေ ဖမ်းယူတွေ့ရှိတဲ့ သြစတြေးလျ အနောက်ကမ်းခြေဘက် ရေပြင်ထဲက ၂၄မီတာနဲ့ ၅မီတာလောက်စီ အရှည်ရှိတဲ့ အရာဝထ္ထု (၂)ခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် #MH370 နဲ့ ဆက်စပ်နိုင်ခြေရှိတယ်လို့ သြဇီဝန်ကြီးချုပ် တိုနီအဘော့က ကြာသာပတေးနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ Perth မြို့နဲ့ အနောင်တောင်ဘက် ကီလိုမီတာ ၂၅၀၀လောက်မှာ တွေ့ရှိရတဲ့ အဲဒီ့အရာဝထ္ထုကို အတည်ပြုနိုင်ဖို့အတွက် သြစတြေးလျ စစ်လေယာဉ် ၂စင်း၊ အမေရိကန်နဲ့ နယူးဇီလန် လေယာဉ် တစ်စင်းစီ သွားခဲ့ပေမယ့် ပင်လယ်ပြင်ရာသီဥတုအခြေအနေအရ ရှာမတွေ့ဖြစ်ပဲ ညနေပိုင်းမှာ ပြန်လှည့်လာခဲ့ကြပြီး ရှာဖွေရေး လုပ်ငန်းတွေကို သောကြာမနက်မှ ပြန်လည်စတင်ပါမယ်။

မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ


နိုင်ငံတ၀န်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြောင်း သိရသည်။ ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လှည်းကူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေသည့် မဲဆန္ဒနယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် ရှိမရှိ မေးမြန်းရာ ကျင်းပပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်တွင် ကျင်းပ မည် ဆိုသည်ကို တိကျစွာ ဖြေဆိုမှု မရှိခဲ့ပေ။
ဧရာဝတီ သတင်းဌာန


ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်မြေ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင် သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက် ပါတယ်။
RFA Burmese


သိက္ခာ ရှိတဲ့ နိုင်ငံရေး ( ဒေါ်အောင်ဆန်းစုကြည်)



ဒီမိုကရေစီနိုင်ငံမှာဆိုရင် ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ် တာဝန်ယူရမယ်။ နောက်ဆုံးကိုယ်ပဲ တာဝန်ယူရမယ်၊ ကိုယ်ရွေးလိုက်တဲ့ သူကို လည်း ကိုယ်ရွေးလိုက်ခြင်းအားဖြင့် တာဝန်ပေးတာပဲ။ ကိုယ့်ရွေးတဲ့သူကို ဘယ်လို လူမျိုး ရွေးတယ် ဆိုတာ ကိုယ့်မှာတာဝန်ရှိတယ်။

ကိုယ်ရွေးပြီးမှ မကြိုက်ပါဘူးလို့ ပြောနေလို့ရှိရင် ဒါလည်းပြောပိုင်ခွင့် ရှိပါတယ် ။ ရွေးတာတော့ မှားနိုင်တာပေါ့။ နောက်တစ်ခါ မမှားစေနဲ့ပေါ့။ ဒီလိုပဲ လုပ်ရမှာပေါ့။

ဟိုဘက်က နိုင်လို့နိုင်တဲ့သူ ကို ချော်လဲအောင် လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာ ရှိတဲ့ နိုင်ငံရေး မဟုတ်ဘူး။

သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်း တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။

ဒေါ်အောင်ဆန်းစုကြည်
၁၉-၃-၂၀၁၄ ၊ နေပြည်တော်
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်

မျိုးစောင့်အပေါ် မြန်‌မာ့အမျိုးသမီးများ တုန့်‌ပြန်‌မှု