Tuesday, March 25, 2014
ဒုသမ္မတအား ကျေးဇူးတင်....
Lynn Bobo
ရန်ကုန်၊ မတ် (၂၄)။
ယမန်နေ့က ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ခဲ့သည့် ဒုတိယသမ္မတအား ဆေးရုံတက်ရောက် ကုသနေသူများက ကျေးဇူးတင်နေကြကြောင်း သိရသည်။
ရန်ကုန် လသာမြို့နယ်အတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သွားရောက် စစ်ဆေးကြည့်ရှုခဲ့ခြင်းကို ဆေးရုံတက်နေသူများက ကျေးဇူးတင်ခြင်းဖြစ်သည်။
အံ့မခန်း ကျေနပ်ဖွယ်ဖြစ်သည့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို နာရီပိုင်းမျှ ရရှိခဲ့သဖြင့် ဆေးရုံတက်နေသူများက ကျေနပ်ကြောင်း ပြောဆိုသည်။
"ဘက်ရှိ (bed sheet) တွေ ထုတ်ပေးတော့ ရောင်းတယ်ထင်လို့ မဝယ်ဘူးတောင် ပြောလိုက်သေးတယ်။ ဆေးရုံက ပေးတာ ခင်းရမယ်လို့ ပြောတော့ ပေသွားရင် ဆရာမတွေ အော်နေဦးမယ်ဆိုပြီး ကုတင်ပေါ်ခင်းပြီး လူနာကို ဘေးဆင်းထိုင်ခိုင်းထားတာ" ဟု ဦးဏှောက်နှင့် အာရုံကြော လာရောက်ကုသသူ လူနာ ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ဆိုသည်။
ဆေးရုံကြီးအတွင်းရှိ လူအသွားအလာ နည်းပါးသည့် စင်္ကြန်လမ်းများက အစ ကြမ်းတိုက်ထားသည့်အပြင် ယခင်က ပိတ်ထား၊ တဝက်တပျက်ဟထား သည့် တံခါးများလည်း ဖွင့်ထားသည့်အတွက် ကျေနပ်မိကြောင်း လူနာစောင့်များက ဆိုသည်။
"ဆေးရုံအဝင်ဝက တံခါးသေးသေးလေးကို နှစ်ဘက်ညှပ်ပိတ်ထားတဲ့ လ္ဘက်ရည်ကြိုက်တဲ့ အကိုကြီးနဲ့ ဆေးလိပ်ကြိုက်တဲ့ အကိုကြီးလဲ ဒီနေ့မရှိဘူး။ မမြင်ဖူးတာတွေ လျှောက်ကြည့်နေလို့ မိန်းမဆေးတိုက်ချိန်တောင် ကျော်သွားတယ်။" ဟု လူနာစောင့် မောင်သိန်းစိန်က ဆိုသည်။
အံ့သြဘနန်းဖြစ်နေသည့် သူများထဲတွင် ဆေးရုံဝန်ထမ်းများပါ အပါအဝင်ဖြစ်သည်။
"ဆေးရုံမှာ တာဝန်ကျတာကြာပြီ ဒီလို ဘက်ရှိတွေ ခေါင်းအုံးစွပ်တွေ ရှိတယ်ဆိုတာ သိတောင်မသိဘူး။ လှလို့ဆိုပြီး ကျမတို့တောင် ကုတင်တွေကြားမှာ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ် တင်လိုက်သေးတယ်။ အဟိ...။" ဟု လုပ်သက်ရင့် သူနာပြု မခင်ဝင့်ဝါက ပြောသည်။
ယခုကဲ့သို့ အမျိုးသားကျန်းမာရေးပြုစုစောင့်ရှောက်မှု အနေအထားကို မျက်ဝါးထင်ထင် မြင်တွေ့ရသဖြင့် အားရဝမ်းသာမိကြောင်း အပေါ်
"တနာရီပဲပြောင်းပြောင်း၊ တမိနစ်ပဲ ကောင်းကောင်း ဒါကောင်းတာပါပဲ။ ဒီကိစ္စ ကြိုကိုကြိုဆိုပါတယ်။ ကျနော်လဲ ဓါတ်ပုံရိုက်ထားတယ်။ ဖေ့စ်ဘွတ်ခ်တင်ဦးမှာ။ ခင်ဗျားလဲ သတင်းရေးပြီးရင် ကျနော့်ကို ရှဲဖို့ လင့်ခ်ပေးနော်။" ဟု လေဖျဉ်းရောဂါဖြင့် ဆေးရုံတက်ရောက်နေသူ ဦးရဲထွဋ်က မှတ်ချက်ပြုသည်။
Photo taken by - လူတဦး
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်းဌာန ဆီကဲ့ပုံက....
ဌာနအတွင်း အဂိတိလိုက်စားပြီး မိမိအတွက် ကိုယ်ကျိုးရှာနေသော အရာရှိများအား ထိရောက်စွာ အရေးယူပေးပါရန် တင်ပြတိုင်ကြားခြင်း
ကျွန်တော်များ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်းဌာနတွင် ယခင်က ပျက်စီးနေသော ရေဘုတ်အား အနဲငယ်ပြန်လည် ပြုပြင်ပြီး
ဆီဘုတ် လိုင်စင် မရှိဘဲ ဘုတ်အမှတ် (537)ဟု နံမည်တပ်၍ ဌာနအတွင်း သင်္ဘောကြီးများအတွက်တစ်လ (၁)ကြိမ်ရရှိသော
 ဒီဇယ်ဆီဂါလံ (၁၅၀၀၀) အားထည့်ပြီး ဌာနတွင်း လုပ်ငန်းသုံးသင်္ဘောလေးများအား ဂါလံ(၅၀) တစ်ပေပါတွင် (၅)ဂါလံ အလျှော့ထည့်ပေးပြီး
 ပိုလျှံဆီနှင့် ဌာနအတွင်း ခွဲတမ်းမှ လစဉ်ကျန်ရှိသော ဒီဇယ်များအား ပေါင်းပြီးလျှင် ၄င်း (537) ဘုတ်မှ လစဉ် ဒီဇယ်ပေပါ (၅၀)လုံးမှ (၆၀)လုံးထိ
 ပြင်ပမှ ဆီပွဲစားအား ရောင်းစားပြီး ၄င်းဆီပွဲစားမှာလဲ မြစ်တွင်းရှိ မူခင်းလုံခြုံရေးဘုတ်အား လိုင်းကြေးငွေပေးကာ စက် သမ္ဘန်ကြီးများဖြင့်
 နေ့လည်တွင် ပြောင်းတင်းစွာ လမ်းမတော် ဆီဒိုင်သို့ သယ်ဆောင်နေပါသည်။
ဌာနအတွင်း တစ်လတကြိမ်စာရင်း စစ်များဝင်ရောက် စစ်ဆေးသော်လည်း လဒ်စားပြီး ဆီစာရင်းအလိမ်များအား အထက်သို့ တင်ပြပြီး
လိမ်လည်နေကြပါသည် ထိုဖြစ်ရမ်များသည် ခေတ်မှီသော ဒီမိုကရေစီလမ်းစဉ်နှင့်လုံးဝမကိုက်ညီပါ နိုင်ငံအတွက်လဲ အထူးနှစ်နာလျှက် ရှိပါသည်။
သာ တူးခိုင်းပြီး (၇) ခေါက်စာဆီစာရင်း အထက်သို့တင်ပြ၍ သောင်းတူးတစ်ခေါက် စာ ဒီဇယ်ဂါလံ (၈၀)အား ရေကြောင်း ဌာနမူး
ချုပ်မှာ ယူပြီးလျှင် သောင်းတူး(၄)စီးတွင် တစ်စီးလျှင် ဒီဇယ်ဆီဂါလံ(၁၀၀) အားလဲ လစဉ်ကြေးအဖြစ်ပေးနေရပါသည်။ သင်္ဘောရှိ အရာရှိများနှင့်
 သောင်းတူးအင်ချပ်တို့သည်လဲ သောင်ကို အပေါ်ရံကြောသာ တူးလိုက် မတူးလိုက်လုပ်ပြီး တစ်လလျှင် ဒီဇယ် ဆီဂါလံ (၃၀၀၀) မှ (၃၅၀၀) ဂါလံ
ထိရောင်းချပြီး အရာရှိတစ်ဦးလျှင် သဘောင်္ာ (၂) ဆီး (၃) ဆီးတွဲစီးကာ ကိုယ်ကျိုးစီးပွား ရှာနေပါသောကြောင့် နိုင်ငံတော် သမ္မတကြီးနှင့်
အထက်မှ တာဝန်ရှိကြီးများ အား ထင်သာမြင်သာရှိပြီး အမြန်ဆုံးထိရောက်စွာ အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။
ရထားကြီး ပြေး ပြေး
r
ကွန်းဇော် အညာမြေ
ရထားကြီး ပြေး ပြေး
*** *** *** ***
မြို့လေး၏ ဘောလုံးကွင်းထဲတွင် ဆိုင်ကယ်များ၊ ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ ဗီနိုင်းများ နှင့် လူအချို့စုဝေးမိကြပြီ။ သူတို့သည် နာရီကိုကြည့်ကြ၊ ၀င်ပေါက်ဝ ကို လှမ်းမျှော်ကြ လုပ်နေကြသည်။ သို့သော် တစ်ယောက်စ နှစ်ယောက်စမှလွဲ၍ ထပ်ရောက်မလာကြပေ။ လူအင်အားကား မီဒီယာ များထဲတွင် ကြိုတင်ထည့်ထားသည့် အရေအတွက် ထက်ဝက်ပင် ရောက်မလာ။
နံနက်ခင်း အပြေးလေ့ကျင့်ရင်း ရောက်လာသော ကျနော်သည် ၄င်းတို့အား လှမ်းကြည့်နေရင်း ငယ်ရွယ်စဉ်ကလေးဘ၀မှ အဖြစ်အပျက်တစ်ခုအား ပြန်အောက်မေ့မိပါတော့သည်။
ဒီအချိန်က ကုလားပဲ ရိတ်ချိန်၊ မြေပဲနှုတ်ချိန်၊ တောင်သူသီးနှံတို့ ရိတ်သိမ်းချိန်။ ကျနော့် ဖခင်သည် သူ၏ မိဘများရှိရာ ရွာလေးတစ်ရွာသို့ တောင်သူသိမ်းလုပ်ငန်းများကို သွားရောက် ကူညီလုပ်ကိုင်ပေးရသည်။ ကျနော့်ဖခင်သွားရောက် လုပ်ကိုင်ပေးရာ ယာခင်းများရှိသောကွင်းပြင်ကြီးအစပ်နားတွင် မီးရထားသံလမ်း တစ်ခုရှိသည်။ နံနက်ခင်း ၉ နာရီခန့်တွင် မီးရထားကြီးတစ်စင်း ဥသြသံဆွဲပြီး ဂျုံးဂျုံး ဂျုံးဂျုံး နှင့် ခုတ်မောင်းလာသည်ကို မြင်ရသောအခါ မီးရထားကို မမြင်ဖူးသေးသော ငယ်ရွယ်စဉ်ကလေးတစ်ဦးမျှသာ ဖြစ်သူ ကျနော့်မှာ ရန်တုန် ပန်းတုန် ကြောက်မိပါတော့သည်။
“အေး ဒါပေမယ့် ငါတို့ ထွက်တော့မယ်။ အချိန်ကလဲ တော်တော်လေး နောက်ကျနေပြီ .မင်းတို့က . . .. . . .. . . ..” ကျနော့်အနား လူတစ်ဦးမှ ဖုန်းလာဆက်သဖြင့် အတွေးစတို့ ခေတ္တပြတ်တောက်သွားသည်။ လှမ်းကြည့်လိုက်တော့ ဆန္ဒပြမည့်သူများမှာ ဆိုင်းဘုတ်များ ထောင်၍ တန်းစီ ထွက်ကြပြီ။ ဘေးနားGym အားကစားရုံမှ ၀ိတ်သမားများသည် အံကိုကြိတ်၍ ၀ိတ်ပြားများမနေကြသည်။ လမ်းပေါ်မှ ဆိုက္ကားသမားက သူ့ဆိုက္ကားပေါ်တွင် အိတ်များကို အထပ်လိုက် စီတင်ပြီး ကျားကန်တွန်းလျှက် ရှိသည်။ ဆီချေးအထပ်ထပ်ပေကျံနေသော အင်္ကျီကို ၀တ်ဆင်ထားသည့် ဆိုင်ကယ်ဝယ်ရှော့ အလုပ်သမားလေးသည် ဆိုင်ကယ်တစ်စီး၏ ကာဗာ များ ကို ဂရုတစိုက်ခွာလျှက်ရှိသည်။ သူတို့သည် အသံထွက်လာရာ ဆန္ဒပြသမားများဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ အချို့ ထွက်ကြည့်ကြသေးသည်။ ပြီးသော် မူလနေရာ သို့ ပြန်လာပြီး လုပ်မြဲအလုပ်ကို ဆက်လုပ်နေကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး . . ဒို့အရေး . .၅၉ (စ) . .ဒို့အရေး . .အပစ်အခတ်ရပ်စဲရေး . လေးပွင့်ဆိုင်အရေး . . .၄၃၆ . .အရေး . .ဒို့အရေး . . . ဆန္ဒပြသူတို့ အော်နေကြရှာသည်။ သို့သော် ဆိုက္ကားသမားအတွက်တော့ ဒီအိတ်တွေ ပွဲရုံမြန်မြန်ရောက်ပြီး ပိုက်ဆံရဖို့ အရေးကြီးနေလေသည်။ ၀ပ်ရှော့ သမားအတွက်တော့ ဒီဆိုင်ကယ်ကို မြန်မြန်ပြင်ပြီး လက်ခရဖို့ . .အားကစားရုံမှ ၀ိတ်သမားအတွက်တော့ . .အဆီမြန်မြန်ကျပြီး ကြွက်သားတွေ ရှိလာဖို့က ပထမ ဖြစ်လေရာ .သူတို့ မဖတ်ဖူးသော စာအုပ်စိမ်းကြီးထဲက ဥပဒေပုဒ်မတွေကိုပြင်ဖို့ ကြွေးကျော်သံများက သူတို့နှင့် တစိမ်းဆန်လျှက်ရှိလေတော့သတည်း။ . .
သူတို့အတန်ငယ်ဝေးသွားသောအခါ တွေးလက်စအတွေးတို့က ပြန်ရောက်လာသည်။ ကျနော်သည် မီးရထားကြီး မောင်းလာသည်ကို မြင်ရသောအခါ ကြောက်ရွံ့သောကြောင့် အော်ဟစ်ငိုယိုမိပါတော့သည်။ ထိုအခါ ကျနော့်၏ ဖခင်ဖြစ်သူရောက်လာပီး တုတ်တစ်ချောင်းကို ကိုင်ဆွဲ၍
“ လာ .. . သား . .ဒီမီးရထားကြီးကို ဖေဖေတို့ မောင်းထုတ်လိုက်ကြရအောင်”
ကျနော် ပျော်သွားသည်။ ကျနော့်ဖေဖေသည် လူစွမ်းကောင်း၊ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်ကြောက်ရွံ့သော ရထားကြီးကို ကျနော်တို့ မောင်းထုတ်နိုင်တော့မည်။ ကျနော်နှင့် ရွယ်တူ ညိအကိုဝမ်းကွဲများလဲ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်လာသဖြင့် ကျနော်တို့ အဖွဲ့သည် အင်အားအတော် တောင့်သွားပါတော့သည်။
ကျနော်တို့သည် တုတ်ချောင်းလေးများ ကိုယ်စီ ကိုင်ဆွဲ၍ သံလမ်းနှင့် ခပ်လှမ်းလှမ်းနေရာထိ ပြေးသွားကြပါသည်။ ရထားကြီးလာသောအခါ ကျနော့် ဖခင်က ရှေ့မှ တိုင်ပေးပြီး ကျနော်တို့က တုတ်ချောင်းလေးများဖြင့် ရထားကြီးဆီသို့ ချိန်ရွယ်ကာ လိုက်ဆိုကြရသည်။
“ ရထားကြီး . ပြေး . .ပြေး . .
မင်းကို ငါ မောင်းထုတ်တယ်ဟေး
ရထားကြီး အဝေး ပြေး
ဒီနေရာမှာ မနေနဲ့ဟေး “
ကျနော်တို့ ဤကဲ့သို့ ရွတ်ဆိုမောင်းထုတ်နေစဉ်သကာလ . . . ရထားကြီးမှာ ကျနော်တို့နှင့် ဝေးရာဆီသို့ တရွေ့ရွေ့ခုတ်မောင်း ထွက်ပြေးသွားလေတော့ရာ ကျနော်တို့မှာ များစွာပျော်ရွှင် ကျေနပ်အားရမိလေတော့သတည်း။
လေကြောင်းသင့်သဖြင့် ဆန္ဒပြလူတန်းရှေ့ ဆိုက္ကားပေါ် လော်စပီကာမှ ဖွဲစည်းပုံ ပြင်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး . .ဒို့အရေး . .၅၉ (ဃ) (စ) ပြင်ဆင်ပေးရေး ဒို့အရေး လေးပွင့်ဆိုင် ဆွေးနွေးရေး ဒို့အရေး . ..အစရှိသော အသံများ လွင့်လာသည်။ တကယ်တမ်းတော့ ကျနော်တို့ တိုင်းပြည်သည် လွတ်လပ်ရေးနောက်ဆက်တွဲ ဆိုးမွေများ နင့်နေအောင် ခံစားခဲ့ရသည်။
မအောင်မြင်သော ပါလီမန်ဒီမန်ကရေစီခေတ်၊ မအောင်မြင်သော ဆိုရှယ်လစ်ခေတ်၊ ဘယ်တော့မှ မငြိမ်းချမ်းခဲ့သည့် ပြည်တွင်းစစ်၊ ကျပ်တည်းလှသည့် စစ်အုပ်ချုပ်ရေးခေတ် . .အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ကျပ်တည်းလှသော အာဏာရှင်ခေတ်မှ ရုန်းကန်ထွက်ခဲ့ရသည့် ရထားကြီးတစ်စင်း။ သူ့တွင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ကောင်းမွေဆိုးမွေများ တစ်နင့်တပိုးပါဝင်သည်။
လက်တွေ့တွင်လည်း စာအုပ်စိမ်းကြီးနှင့် အတူ ရွေးကောက်ပွဲတွေဖြစ်လာခဲ့သည်။ လွတ်လပ်မှုတွေ ဖူးပွင့်လာခဲ့သည်။ အကျိုးခံစားခွင့်တွေ အတိုင်းတာတစ်ခုထိ ရရှိလာခဲ့သည်။
မျက်နှာလွှဲခဲ့သဖြင့် ခမောက်တစ်လုံး ဆုံးခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်မှာ မှီရာဘူတာမှ နေ၍ ကြားဖြတ်လိုက်ပါခဲ့ရသည်။
စာအုပ်စိမ်းကြီးသည် ဘယ်လောက်ပဲ ရှုပ်အောင် ဆွဲထားသည်ဖြစ်စေ . .အဓိကအချက်ကတော့ တပ်မတော် အင်အားစုနှင့် နားလည်မှု ရယူပါဟူသော အချက်မှလွဲ၍ တစ်ခြားမရှိပေ။
ဆန္ဒပြခြင်းနည်းလမ်းအား ၈ လေးလုံးတွင် မိုးလုံးခြိမ့်ညံအောင် သုံးခဲ့ကြပြီ။ အကျပ်ကိုင်ခြင်း၊ ပိတ်ဆို့ခြင်းတွေကို မျိုးဆက်တွေ စတေးပီး လုပ်ခဲ့ကြပြီးပြီ။ စာအုပ်စိမ်းကြီး မွေးဖွားလာခြင်းကို လေလှိုင်းတစ်ခွင် သောသောညံအောင် ကန့်ကွက်ခဲ့ကြပြီးပြီ။ ဘာတွေများဖြစ်လာခဲ့ပါသနည်း။ ဘာအပြောင်းလဲတွေများ ဆောင်ကြဉ်းနိုင်ခဲ့ကြပါသနည်း။
ဆန္ဒပြခြင်းဖြင့် ခေတ်မီနိုင်ငံတော်တစ်ခု ထူထောင်နိုင်သည်လား . ကျနော်ကောင်းကောင်းအဖြေမရှာတတ် . တရုတ် နှင့် ဗီယက်နမ်တော့ ခေတ်မီသွားခဲ့ကြပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းဖြင့် ပြည့်ဝလျှင် တိုင်းပြည် ဆီကိုရေချိုး ဆေးရိုးမီးလှုံနိုင်မည်လော . .ကောင်းလှပါသည်ဟု နိုင်ငံတကာက ချီးကျူးခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပိုင်ရှင် ကင်ညာမှာ ပြည်တွင်းစစ်တွေနှင့် နပန်းလုံးနေခဲ့ရသည်။
ရထားကြီးနှင့် တူသော မြန်မာ့နိုင်ငံရေး အပြောင်းလဲမှာ အရှိန်အဟုန်နှင့် ခုတ်မောင်းခရီးနှင် လျှက်ရှိသည်။ ယခုဆန္ဒပြပွဲများမှာ အပြောင်းအလဲကို ကောင်းကျိုးပြုနိုင် မပြုနိုင် . . ကျနော်မသုံးသပ်တတ်ပါ . .
သို့သော် . .ရထားကြီးကို ပြေးအောင် ငါတို့ မောင်းထုတ်နေတာဟူသော ကျနော့်ငယ်ရွယ်စဉ်ကလေးဘ၀ကို သတိရမိပါသည်။
အနည်းဆုံးတော့ ဆန္ဒပြပွဲများသည် ပါဝင်သူတို့၏ အတ္တကို တစ်စုံတစ်ခုသော အတိုင်းတာထိ ကျေနပ်နှစ်သိမ့်မှု ရရှိစေပါလိမ့်မည်။ . .
“ ဖွဲ့စည်းပုံ ပြင်ဆင်ပေး . .သို့မဟုတ် . ရထား ကြီး . .ပြေး . .ပြေး” . . .ပေါ့
ကွန်းဇော် အညာမြေ
ရိုဟင်ဂျာ ဟု ထည့်သွင်းမည်ကို ဒေသခံမာန်အောင်ရခိုင်တိုင်းရင်းသားများကကန့်ကွက်
မာန်အောင် မတ်လ ၂၄ ရက်
ရခိုင်ပြည်နယ် မာန်အောင်မြို့ တွင် ဘင်္ဂလီကုလားများနေရာတွင် ရိုဟင်ဂျာ ဟု ထည့်သွင်းမည်ကို ဒေသခံရခိုင်တိုင်းရင်းသားများက ယနေ့နေ့လည် ၂ နာရီ က အင်အား ၅၀၀ ကျော်က ကန့်ကွက်ခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူမှု ကို သပိတ်မှောက်ပြသည့်အနေဖြင့်လည်း အိမ်တိုင်းတွင် သာသနာ အလံများလွင့်ထူထားကြောင်းသိရှိရသည် ။
ဓါတ်ပုံ - cheduba
တံတားဦးဟော်တယ်ဇုံစီမံကိန်းကမြေယာကုလားဖန်ထိုးပွဲလေးတစ်ခု
နတ်မောက် သားလေး
တံတားဦးဟော်တယ်ဇုံစီမံကိန်းကမြေယာကုလားဖန်ထိုးပွဲလေးတစ်ခုကို
မတ်လ(၂၃)နေ့ကဟော်တယ်ဇုံဧရိယာအတွင်းက ကူတို့ဆိပ်ကျေးရွာမှာလုပ်သွားခဲ့ပါတယ်။ ဖဲ(၃)ချပ်သမား(ခရီုနီတွေ)အလန်ရှူးသမား(ပွဲစားတွေက)အများကြီးနဲ့ရိုးသားတဲ့ ဒေသခံတောင်သူများကိုတွေ့ဆုံခဲ့ပါတယ်။
(၃)ဧကအပ်ရင်(၄၀×၆၀)မြေတစ်ကွက်
(၄၀×၆၀)မြေတစ်ကွက်=သိန်း(၃၀၀)(သူတို့နှုတ်မှထုတ်ဖေါ်ပြော)
တောင်သူမြေ(၁)ဧက=သိန်း(၇၀)
(သိန်း၅၀ပေးပြီးကျန်သိန်း၂၀ကိုစီမံကိန်းရာထားဧကရဲ့တစ်ဝက်ကျော်မှပေးမည်)
(၁)ဧက = (၄၀×၆၀) ၁၈ ကွက်ရှိပါတယ်
သူတို့ပြောသလို(၁)ကွက်သိန်း(၃၀၀)တန်ရင်
၃၀၀×၁၈=၅၄၀၀ သိန်း
တောင်သူပေးငွေနဲ့ပြန်ရောင်းစားငွေရောပြောရင်းပေါ်နေပြီနော်ခရိုနီကြီးတွေရေ . . .
သိန်း(၅၄၀၀)နဲ့သိန်း(၇၀)ညီမျှခြင်းတူညီပါရဲ့လား။
တရားမျှတပါရဲ့လား ???????????
ပြည်သူဒေသခံများဘက်ကတရားမျှတမှု??? ရှိ/ မရှိ ဆိုတာ စဉ်းပေးကြပါအုံးဗျာ တာဝန်ရှိလူကြီးမင်းတို့ခင်မျာ။
ပြည်သူများကိုလည်း ငဲ့ညှာ သနားပေးရင်တော့ကျေးဇူးတင်ပါတယ် နော်။
NLD ကိုမဲမပေးဘဲ USDP ကိုမဲပေးကြမယ်ဆိုပါစို့
ကနောင် မင်း'
ကုလားကိစ္စကြောင့် NLD ကိုမဲမပေးဘဲ
USDP ကိုမဲပေးကြမယ်ဆိုပါစို့
(တခြားပါတီ မဲပေးမယ့်လူလည်းရှိကောင်းရှိမည်)
-------
* ကုလားကိုမြန်မာပြည်ထဲခေါ်သွင်းခဲ့တာ NLD လား
အင်္ဂလိပ်နယ်ချဲ့တွေလား?
* ဘင်္ဂလီတွေကို သိန်းနဲ့ချီပြီးခေါ်သွင်းခဲ့တာ NLD လား စစ်အစိုးရလား?
* နိုင်ငံသားမဟုတ်တဲ့ လူတွေကို လွှတ်တော်ထဲ
ဝင်နိုင်အောင် ဥပဒေပြုပေးခဲ့တာ NLD လား စစ်အစိုးရလား?
* ကုလားနဲ့ဘင်္ဂလီတွေမြန်မာပြည်ထဲရောက်အောင်
လုပ်ခဲ့တာ NLD ပါတီနဲ့ဒေါ်စုလုပ်တာလား?
အားလုံးရဲ့သမိုင်းတရားခံကဘယ်သူလည်းဆိုတာဒီလောက်နဲ့တင် ရှင်းနေပါပြီ။
ဟုတ်ပြီဒေါ်စုမှာကုလားနဲ့ပတ်သက်တဲ့အားနည်းချက်
ရှိနေအုံးတော့ NLD ပါတီဟာ ဒေါ်စုတစ်ယောက်
တည်းနဲ့တည်ထောင်ထားတာမဟုတ်ပါဘူး။
အရပ်သားစစ်စစ်တွေ ၊ အမှန်တရားကိုမြတ်နိုး
တန်ဖိုးထားတဲ့စစ်သားဟောင်းကြီးတွေ ၊ တခြားအဖွဲ့အစည်းက
လူတော်တွေနဲ့တည်ထောင်ထားတာပါ။
ဒေါ်စုအနေနဲ့ကုလားကိုအပစားပေးတာမှန်ပေမယ့်
သူ့မှာလည်းအခက်အခဲရှိနေနိုင်ကြောင်း ရှင်းပြပါရစေ
- ဒေါ်စုဟာအမှန်တရားကိုမြတ်နိုးတဲ့ ဗိုလ်ချူပ်
သမီးဖြစ်တယ်။
- ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာက
လေးစားရတဲ့မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တယ်
- ခေါင်းမာတဲ့အကျင့်ဖအေဆီကအပြည့်ရထားတယ်(မှားသည်မှန်သည်မဆိုလို)
မြန်မာပြည်မှာ ဒီလိုလူမျိုးတစ်ယောက်ရှိနေပါလျှက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့
 ကိစ္စတစ်ခုကိုဖောက်ဖြတ်လိုက်ရင်
သူမတစ်ဦးတည်းမဟုတ်ဘူး ကျနော်တိုမြန်မာ
တွေအားလုံးမှာပါနစ်နာစရာတွေအများကြီးရှိလာ
နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။(ရထားတဲ့ဆုတွေရဲ့မျက်နှာလည်းပါချင်ပါမှာပေါ့)
ဥပမာ - မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံ
တကာရဲ့ အထောက်အပန့်တွေဟာ သူ့မျက်နှာတစ်
ခုတည်းကြောင့်လို့မပြောနိုင်ပေမယ့် သူမပါရင်
ဒီအခြေအနေထိရောက်လာမှာမဟုတ်ပါဘူး။
ကျနော်ဘက်လိုက်ပြောတာမဟုတ်ဘူးဆိုတာအား
လုံးသိမှာပါ။ဒီတော့ဒေါ်စုအနေနဲ့ မဲရရှိရေးအတွက်
ပြည်သူ့အကြိုက်လိုက်မယ်ထားအုံးတော့ လက်ရှိအခြေအနေအရပ်
ရပ်တွေကြောင့် (မချစ်သော်လည်းအောင့်ကာနမ်း
) ရမယ့်အခြေအနေပါ။ဘေးကျပ်နံကျပ်ဖြစ်သွား
ပုံပေါ်ပါတယ်။
ဒီလိုအချိန်မျိုးဟာပြိုင်ဘက်ပါတီရဲ့ အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။
တကယ်တော့ကျနော်တို့ပြည်သူတွေအနေနဲ့အရပ်သားခေါင်းဆောင်အပေါ်နားလည်ပေးရ
မယ့်အချိန်မှာ စစ်အာဏာရှင်လော်ဘီတွေရဲ့ ဝါဒအောက်မှာအငိုက်ဖမ်းခြင်းခံခဲ့ရတယ်လို့မြင်ပါတယ်။
ဒါကြောင့် သင့်ကိုမေးခွန်းနှစ်ခုမေးပါမယ်။
၁။ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်ခံဘဝကလာတာလား?
၂။ ဖိနှိပ်တဲ့စစ်အာဏာရှင်အသိုင်းအဝိုင်းကလာတာလား?
(၁)အဖိနှိပ်ခံဘဝကလာတယ်ဆို ရင်ဘဝမမေ့ပါနဲ့။ကျနော်တို့အားလုံး
အရပ်သားအစိုးရပေါ်ထွန်းလာရေးအတွက် သင့်ယူစချက် ရပ်တည်ချက်တွေ
 မှားနေရင်တောင် တိုင်းပြည်ချစ်တဲ့စိတ်နဲ့ NLDနဲ့ဒေါ်စုကိုဝင်းရံသင့်ပါတယ်
ခုတော့ဖွဲ့စည်းပုံပြင်သင့်တာတွေလည်းမပြင်ရ ဘဲအချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလိုနေပါတယ်။
ဒီလိုပြောလို NLDပါတီကလို့မထင်ပါနဲ့ အရပ်သား
ပါတီကြီးကို ဝန်းရံပေးနေတဲ့ သာမန်လူတစ်ယောက်ပါခမျ။
ကနောင်မင်း
အစိုးရက Reform လုပ်နေတာသိပ်မကြာသေးဘူး လို့ချည်းပဲပြောနေလို့မရဘူး