Wednesday, March 26, 2014

တီဗီ မှာ presenter လုပ်နေတဲ့ကောင်မလေး ကို လက်ထိပ်ခတ်ရုံမကသံကြိုးနဲ့ပါထပ်ချီထား



တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်အကြောင်းကို
 ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။
ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခုပေးလိုက်တယ်။
 ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။.
 အဲအချိန်မှာ ဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း မေ့နေလောက်ရောပေါ့...
သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကော
ကျောက်တံတားရဲစခန်းက ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။
ဘာကိစ္စမှန်းရေရေရာရာ မသိပဲသူတို့လည်းသွားလိုက်ပါတယ်..
စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော..
သူတို့လည်းဘာကိစ္စကြောင့်သူ့ကိုဖမ်းလည်း လို့လည်းမေးကော
စခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို့ဖမ်းတယ်လို့ပြောတယ်...
ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့
အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး
 သူ့အမေကလည်းမသိပဲ ပစ်လိုက်မိတယ်...
အကျိုးအကြောင်းလည်း သူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူး
တကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..
သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...
တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ..
ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ
အာမခံလည်းမရပါဘူး
ကျွန်တော်နဲ့ကျွန်တော်တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်
သူ့ သူဌေးပြောပုံက ” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့...
တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး
ရော်ကြေးယူရင်လည်းယူ..
မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်..
ဒီလိုအသက်အရွယ်မှာ အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေ
နောက်ဆုံးမတတ်နိုင်တဲ့အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်း
သူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်း
နောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထားရပါတယ်
ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက...
လက်ထိပ်ခတ်ရုံမကပါဘူး သံကြိုးနဲ့ပါထပ်ချီထားပါသေးတယ်
မိန်းကလေးတစ်ယောက်ကိုထိန်းတာကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်
အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူး
နိုင်ငံရေးလုပ်တာလည်းမဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူး
ဒါကိုဒီလောက်အငြိုးကြီးကြီးလုပ်ပုံထောက်တော့
သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ..
တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး
ကျွန်တော်သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီး တစ်ခါထည်းဖမ်းချုပ်လို့မရပါဘူး
သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲ
ဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ..
ဒီကိစ္စကို အသေအချာသိချင်တဲ့ Media သမား တွေ လည်း ကျွန်တော်ဆီလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်
လက်ရှိတော့ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ်

ဒိုင်း ခင်ခင်

မြောက်ကိုရီးယားနိုင်ငံတွင် အစိုးရမှ တရားဝင်ခွင့်ပြုထားသည့် အမျိုးသမီး ဆံပင်ပုံစံ ၁၈ ခု


ဒီမို ဖက်တီး
မြောက်ကိုရီးယားနိုင်ငံတွင် အစိုးရမှ တရားဝင်ခွင့်ပြုထားသည့် အမျိုးသမီး ဆံပင်ပုံစံ ၁၈ ခုကို ဆံပင်ညှပ်ဆိုင်တိုင်းတွင် ချိတ်ဆွဲထားပုံ ....

Source : TIME


Burma-Newselite
မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးသားတွေကို အာဏာရှင်ကင်ဂျု့ အွန်ဆံပင်ပုံစံအတိုင်းညှပ်ရမယ်ဆိုတဲ့ အတွက် အမျိုးသားတွေ သိပ်မပျော်ကြဘူးလို့ သိရပါတယ်
အစကတော့ ပြုံယမ်းမြိဲု့ တော်က ကအမျိုးသားတွေသာလိုက်ညှပ်ဖို့ လုပ်ရာကနေ ယခုအခါ တပြည်လုံး က အမျိုးသားတွေ လိုက်ညှပ်ရမှာဖြစ်ပါတယ်
ကင်ဂျုံအွန်းရဲ့ မျက်နှာက ပုံစံရှားတဲ့ အတွက် သူနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံက ကတခြားသူတွေနဲ့ လိုက်ဖက်ချင်မှ လိုက်မယ်လို့ လူတွေက ပြောကြပါတယ်။

မြ၀တီ ၊ ကော့ကရိတ်တို့မှာ ဒီချုပ်ရုံးတွေ ဖွင့်ပြီ

လူမှုဖူလုံရေးဥပဒေသစ် မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးတွေရှိလဲ



 by Kamayut Media on March 22, 2014 at 7:34 pm

အသစ်ပြဌာန်းလိုက်တဲ့ လူမှုဖူလုံရေးအာမခံ ဥပဒေသစ်ရဲ့ အကျိုးခံစားခွင့်တွေဟာ လာမယ့် ဧပြီ ၁ရက်နေ့မှာ စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁%ကျော်လောက်ပဲ လူမှုဖူလုံရေးအာမခံစနစ်မှာ ပါဝင်နေတာကြောင့် ပြည်သူတွေကို အစိုးရက ဘယ်လိုမက်လုံးပေးပြီး ဆွဲဆောင်ဖို့ ပြင်ဆင်ထားပါသလဲ။

ကျန်းမာရေးစောင့်ရှောက်မှု အာမခံအတွက် အကျိုးခံစားခွင့် တိုးမြင့်လာသလို အသုဘစားရိတ်ကလည်း အရင် ကျပ် ၄သောင်းကနေ အခုဆို လစာရဲ့ ၅ဆအထိ တိုးမြှင့်ထားတယ်လို့ အစိုးရက ပြောလိုက်ပါပြီ။ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးခဲ့မယ်ဆိုရင် လက်ရှိရနေကြ ကျပ် ၂သောင်းအစား လစာရဲ့ အဆ ၃ဝကနေ အဆ ၈ဝထိ အာမခံကြေးထည့်ဝင်တဲ့ကာအပေါ် မူတည်ပြီး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

UMFCCI မှာ ကျင်းပတဲ့ လူမှုဖူလုံရေးဥပဒေသစ်ထဲ အလုပ်သမား၊ အလုပ်ရှင် အကျိုးခံစားခွင့်အကြောင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်ရှင်တွေကလည်း အာမခံထားဖို့ ငြင်းဆန်ရှောင်ရှားကြသလို အလုပ်သမားတွေဘက်ကလည်း သူတို့အတွက်အကျိုးရှိတယ်ဆိုတာ နားမလည်ကြလို့ အားလုံးမပါမနေရဖြစ်အောင် မျှော်မှန်းတယ်လို့ ဆိုပါတယ်။

၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေနဲ့ နှိုင်းယှဉ်ရင် အခု ဥပဒေသစ်မှာ အထွေထွေအာမခံစနစ်တွေ ကောင်းလာပြီး ကျန်းမာရေးအာမခံမှုကို လူမှုဖူလုံရေးဝန်ကြီးဌာနတစ်ခုတည်းက သီးခြားလုပ်ကိုင်တာ ထက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းရင် ပိုကောင်းမယ်လို့ ရွှေသံလွင်မီဒီယာက ဆိုပါတယ်။

၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေဟာ ၁၉၅၆မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ချင်းပြည်နယ်ကလွဲလို့ ကျန် ပြည်နယ်တိုင်းတွေက မြို့နယ် ၁ဝဝကျော်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။
http://bcove.me/myl19wq1

ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ လူနှစ်ထောင်ကျော် စုရုံးဆန္ဒပြ



RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ လူပေါင်း ၂ ထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အိတ်ဖွင့်ပေးစာပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေနဲ့ မောင်တောမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ်ထဲထည့်သွင်း ဖို့ အဲဒီ Dhaka Tribune က ရေးသားတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးရက္ခဝံသက မိန့်ပါတယ်။

"ဦးဇင်းတို့ နိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးကလွဲလို့ နိုင်ငံခြားသားဆိုတာ လုံးဝမရှိဘူး၊ အဲဒါကြောင့် ထည့်ပေးစရာအကြောင်း မရှိဘူးပေါ့၊ ဘူးသီးတောင်ရယ်၊ မောင်တောရယ် ရခိုင်ပြည်နယ် မှာရှိတဲ့ ဒီမြို့နှစ်မြို့ကို ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာ ထည့်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေရှိတယ်၊ အဲဒီအချက်နှစ်ချက်ကို ဦးဇင်းတို့က ငါတို့ ရခိုင်မြေတွေ တစ်လက်မမှ ဦးဇင်းတို့မပေးနိုင်ဘူး၊ အဲဒီအချက်နှစ်ချက် ဦးဇင်းတို့က ဆန္ဒပြတာပါ"

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောစတဲ့ မြို့တွေမှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်သူတွေများကြောင်းနဲ့ ရုရှနဲ့ ခရိုင်းမီးယား ပြည်နယ်အရေးလို ရခိုင်ပြည်နယ်က အဲဒီလူတွေကို ဆန္ဒခံယူပွဲကျင်းပပြီး မွတ်စလင်တွေနေထိုင်တဲ့ အဲဒီမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်ထဲ ပေါင်းလိုက်လို့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhakha Tribune သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြန်လည်တောင်းပန်ဖို့ လိုအပ်ကြောင်း ဆန္ဒပြသူတွေပေးအပ်တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။

ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကနေ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ ပြည်သူ့ရင်ပြင်ရှေ့ထိ ရိုဟင်ဂျာ အလိုမရှိကြောင်း ကြွေးကြော်သံတွေ အော်ဟစ်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို အစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် White Card ကိစ္စနဲပပတ်သက်တဲ့ ပြည်ထောင်စုအစိုးရရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ကိုလည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

သမ္မတကြီးက အရေးအကြီးဆုံးလို့ ထင်လို့ တိုက်ရိုက်စာပို့တာ ဖြစ်


“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက နိုင်ငံရေးအကျပ်အတည်း ကို ဦးတည်စရာ မရှိပါဘူး၊ ဘယ်ပြဿနာ မှာဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာကို အမြဲတောင်းဆိုပါတယ်၊ တွေ့ဆုံညှိနှိုင်းရေးသည် အရေးကြီးပါတယ်။ နိုင်ငံရေးမှာ သဘောမတူတာတွေ ရှိတာတွေ အကျပ်အတည်းတွေ မဖြစ်စေချင်လို့ လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုတာပါ။ ပေါ်လာတဲ့ အခက်အခဲ ညှိနှိုင်းဖို့ လိုပါတယ်။"

“NLD က တပ်မတော်ကို လေးစားတယ်။ အားကိုးတယ်။ တကယ့် အဆင့်မြင့်ပြီး နိုင်ငံတကာအဆင့်မီတဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ ကိစ္စမှာ ရေရှည် တည်တံ့ခိုင်မြဲရေး ဖြစ်တဲ့ နိုင်ငံရေးဖြစ်အောင်၊ တကယ် ဒီမိုကရေစီကို တည်ဆောက်ရမှာ ဖြစ်တယ်။ တပ်မတော်ဆိုတာ ပြည်သူ့လူထု လိုလားတဲ့ နိုင်ငံရေး စနစ်ပေါ်ပေါက်လာအောင် မားမား မတ်မတ် ရပ်တည်ဖို့လိုပါတယ်။ တပ်မတော်က လွှတ်တော်ကို အများကြီး ပံ့ပိုးဖို့လိုတယ်"

“လေးဦးလုံးဆုံဖို့ တွေ့ဆုံဖို့ ကိစ္စမှာ သမ္မတကြီးက အရေးအကြီးဆုံးလို့ ထင်လို့ တိုက်ရိုက်စာပို့တာ ဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့သူကလည်း သမ္မတကြီး ကိုယ်တိုင် ပါတယ်လေ။ ဒါပေမယ့် NLD အနေနဲ့ ဖွဲ့စည်းပုံ စတင်ရေးဆွဲ ခဲ့ကတည်းက တစိုက်မတ်မတ် ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံကို သဘောမတူလို့ တခုလုံးကို ပြောင်းမယ် လို့တော့ ပြောတာမဟုတ်ပါဘူး"

“ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် က မပြေလည်တာတွေ ရှိပါတယ်။ ဒါဟာ ကြောက်စရာ မဟုတ်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ အရေးကြီး တာပါ။ ဒါကြောင့် ကျမကတော့ ပြတ်ပြတ်သားသားကို လွှတ်တော်ဘက်က ပါမှာပါ၊ ကျမ အမြင်မှာလည်း နာယကကြီးက ဖြောင်ဖြောင့်မတ်မတ်ပါပဲ"

ဒေါ်အောင်ဆန်းစုကြည်
၂၆-၃-၂၀၁၄ ၊ နေပြည်တော် ။


ချုပ်ရရင်တော့ ကြီးလေးကြီး တွေ့ဆုံရေးဟာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအထဲက တချို့ဟာ တိုင်းပြည်အတွက်အလုပ်လုပ်ပေးချင်တဲ့၊ ပြည်သူက ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တွေ မဟုတ်သလို နိုင်ငံရေးအာသီသ (Political Will) လည်း မရှိပါဘူး။ ကျရောက်လာနိုင်တဲ့ အန္တရာယ် (Risk) လည်း မယူရဲသလို လုပ်ရဲတဲ့ Courage လည်း မရှိတာ တွေ့ရပါတယ်။

ဒီ ကြီးလေးကြီးမှာ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူဟာ လူထုထောက်ခံမူရော နိုင်ငံ တကာရဲ့ ပံ့ပိုးမှုရော အရှိဆုံးသူ ဖြစ်ပါတယ်။ သူရဲ့ နောက်တဆင့် ခြေလှမ်းဟာ ပိုအရေးကြီးပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် တွေအကြား ပြန်ပြီးနွေးထွေး လာတာ တွေ့ရပါတယ်။ (တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုလည်း လိုပါသေး တယ်)။

မြန်မာ့နိုင်ငံရေး ဝဲဂယက်ထဲက ကြီးလေးကြီး ဆောင်းပါးမှ
အောင်ဇော် ၊ ဧရာဝတီ ဂျာနယ်

အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟုကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ကပြော



မွန်းလွဲ ၁း၀၀ နာရီတွင် ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ပခုက္ကူရဲစခန်းမှာ ရောက်နေပါသည်။

စခန်းမှူးက ပုဒ်မ ၁၈ ဖြင့် တရားဆွဲမည်ဟု ပြောပါသည်။ တရားဆွဲပြီးလျှင် အာမခံပေးမည် ဟု ပြောပါသည်။ ပြီးလျှင် ခံဝန်လက်မှတ်ထိုးရမည်ဟု ပြောပါသည်။

ကိုပြုံးချိုအပါအ၀င် ၅ ဦးစလုံးက ခံဝန်မထိုးပါ။ အာမခံမယူပါ။ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟု ပြန်ပြောပါသည်။

(မွန်းလွဲ ၁း၁၅ နာရီ)

နောက်ဆုံးမှာတော့
===========
ကိုပြုံးချို၊ မမီးမီး၊ နီလာသိန်းနှင့် ဒေသခံတို့ ပခုက္ကူ ခရိုင်ရုံးထဲမှ ယခု ပြန်ထွက်လာကြပြီဟု သိရ။

( မွန်းလွဲ ၃း၃၀ နာရီ)

by Ant Bwe Kyaw.


၈၈ မျိုးဆက် ကျောင်းသားများမှ ကိုပြုံးချို၊ မနီလာသိန်း နှင့် မမီးမီးတို့ ၃ ဦးအား ပခုက္ကူရဲစခန်းမှ ပုဒ်မ၁၈ ဖြင့် ယနေ့အမှုဖွင့် တရားစွဲဆိုလိုက်သည် ဟု သတင်းရရှိပါသည်။

(မ မေမီဦး)

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို အပါအ၀င် ရှစ်ဦး သည်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးမြို့၊ ဒေသခံများ၏ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ပခုက္ကူမြို့က ဘစ်ကား ၂ စီးစာ မဘသများ ကြီးမှုးသည့် ခြေဥထောက်ခံပွဲ

ဒေါ်အောင်ဆန်းစုကြည်အား ကိုကိုကြီးတို့ ဇနီးမောင်နှံမှ ရန်ကုန် မင်္ဂလာဧည့်ခံပွဲအတွက် သွားရောက် ဖိတ်ကြား



လူထုကြားထဲက KKK


ကလေးမြို့ကအလှု