Thursday, March 27, 2014

အလုံမြို့နယ်ရှိလျှပ်စစ်ရုံးသို့ချီတက် ဆန္ဒပြ



ဧပြီလ ၁ ၇က်နေ့တွင် လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံခြင်းကိုကန့်ကွက်သော ဆန္ဒပြပွဲကို ဒုတိယနေ့အဖြစ် ၂၇.၃.၂၀၁၄ ည၇နာ၇ီက၇န်ကုန်တိုင်းမြေနီကုန်းမှအလုံမြို့နယ်ရှိလျှပ်စစ်ရုံးသို့ချီတက် ဆန္ဒပြနေစဉ်။

ဒိုင်းမွန်းပလာဇာနားမှာ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတွေက ဖမ်းဆီး



လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ မတ်လ ၂၇ရက် အခုညနေပိုင်းက ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ မခက်ခက်ဇော်နဲ့ ကိုကျော်မျိုးထွန်းတို့က ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ယခု အမှတ်၈ မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - စူပါ (DVB)

အမျိုးဘာသာသာသ နာသမားတွေက ဘယ်ပုဒ်မကို ထောက်ခံခိုင်းနေ တာလဲ



 Zarni Thway
ကျတော်မနေ့ကတော့ ၅၉ (စ)ကိုပြင်သည်ဖြစ်စေ
မပြင်သည်ဖြစ်စေ ဘာသာခြားတွေ သမ္မတလုပ်ရ
တယ်ဆိုတာကို ကျတော်အမြင်အနေဖြင့်ထောက်
ပြဝေဖန်ခဲ့ပါတယ်✏ ✏ ✏ ✏ ✏

ယခုလည်း ကျတော်ကပဲစေ့စေ့ပေါက်ပေါက်
လိုက်ကြည့်နေလို့လားတော့မသိဘူးဗျ………
ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ မှာ ပုဒ်မခွဲတွေဖြစ်တဲ့
၅၉ (က)၅၉(ခ)၅၉(ဂ) ဃ၊င၊စ၊ဆ၊ အစရှိသဖြင့်
ပေါ့ဗျာ အဲဒီလိုရှိတဲ့ အနက် အမျိုးဘာသာသာသ
နာသမားတွေက ဘယ်ပုဒ်မကို ထောက်ခံခိုင်းနေ
တာလည်း။
ကျတော်ဒီလိုပြောရခြင်းဟာ ၂၆-၃-၂၀၁၄ ရက်
နေ့ ပုဂံ-ညောင်ဦးမှာ ပြုလုပ်တဲ့ အမျိုးဘာသာ
အဖွဲ့အစည်းကြီးရဲ့ ၅၉ ထောက်ခံပွဲကြီးကြောင့်ပါ။
အဲဒီညောင်ဦးမှာပြုလုပ်တဲ့ပွဲမှာ
ပုဒ်ခွဲများဖြစ်တဲ့ ၅၉ (စ) ၅၉ (က)အစရှိသဖြင့်မပါ
ပဲနဲ့ ၅၉ ထောက်ခံပွဲဆိုပြီး ထောက်ခံမဲဆွယ်သွား
ပါတယ်။
၅၉ ထောက်ခံပွဲဆိုတော့ ၅၉ ရဲ့ ပုဒ်ခွဲတွေပါထောက်
ခံခိုင်းတဲ့ အနေအထားဖြစ်နေတာကိုတွေ့ရပါတယ်။
ဒါဆိုရင် ကျတော်တို့လူတိုင်းသမ္မတဖြစ်လို့မရတဲ့
၅၉(ဃ)ကိုပါ ထောက်ခံခိုင်းသလိုဖြစ်နေပါတယ်။
၅၉(ဃ)မှာ သမ္မတ တစ်ယောက်ဟာ စစ်ရေးအမြင်
ရှိရမယ်လို့ပါပါတယ်။
ဒါဆိုရင် အမျိုးဘာသာသာသနာသမားတွေဟာ
ဦးသိန်းစိန်၊ဦးရွှေမန်း၊မင်းအောင်လှိုင်တို့ကိုပဲ
ထောက်ခံခိုင်းနေတာလား???
ဒါဟာ စဉ်းစားစရာတစ်ချက်ဖြစ်သလို
ဥပဒေနားမလည်သေးတဲ့ ပြည်သူကို နားလှည့်ပါး
ရိုက်နေတာများလား??ကျတော်တို့ပြည်သူတွေ
ဥပဒေနဲ့ ယဉ်ပါးမှုမရှိသေးပါဘူး…✔ ✔ ✔

နောက်ထပ်စဉ်းစားစရာကတော့
၂၆-၃-၂၀၁၄ ပုဂံ-ညောင်ဦး ငြမ်းကြည့်ကုန်းကွင်း
မှာ ပြုလုပ်သွားတဲ့ ၅၉ ထောက်ခံပွဲမှာ တက်
ရောက်သူတွေဟာ ညောင်ဦးသူ ညောင်ဦးသား
တွေ မဟုတ်ကြပဲ ရွာဘက်ကလူအချို့နဲ့ ပခုက္ကူ
ဘက်မှ လူတွေသာဖြစ်နေပါတယ် ညောင်ဦးသူ
ညောင်ဦးသား အယောက် ၂၀ လောက်တော့
တက်ရောက်ပါတယ်။
ကဲဒါဆို ပခုက္ကူဘက်ကို လှည့်လိုက်ရအောင်။
တက်ရောက်သူတွေဟာ
(1)ပခုက္ကူ ဘုမ္မရပ်ကွက်မှ မာဃ လူငယ်အဖွဲ့
ဖြစ်ပါတယ်။
(2)ပခုက္ကူ ဇက်ဆိပ်မှာ ကုန်တင်ကုန်ချပြုလုပ်နေ
သော အလုပ်သမားများဖြစ်ပါတယ်။
(3)အာယုသုခ နာရေးကူညီမှုအသင်းဖြစ်နေပါ
တယ်။
ထို ပခုက္ကူအဖွဲ့အစည်းကို တစ်ယောက် ၅၀၀၀
နှုန်းဖြင့် အဓိက ပံ့ပိုးသူမှာ အာယုသုခ အသင်းကို
တည်ထောင်ခဲ့သော နေနတ်သားဆေးတိုက်ပိုင်
ရှင် ကိုလှဝင်းနိုင် ကြံ့ခိုင်ရေး ဖြစ်ပါတယ်။
ထပ်မံပံ့ပိုးသူ မော်ပဒေသာစတိုး မှ ကိုဇာနည်
ကြံ့ခိုင်ရေးဖြစ်ပါတယ်။
အာယုသုခ အသင်းတည်ထောင်သူ နေနတ်သား
ဆေးတိုက်ပိုင်ရှင် ကိုလှဝင်းနိုင်မှာ ယခင် ၂၀၀၇
ရွှေဝါရောင်အရေးအခင်း ကာလ၌ ဗောဓိမဏ္ဍိုင်
ကျောင်းတိုက်မှ ချင်းဘုန်းကြီးကို ရေခဲစက်အတွင်း
မှ ဆွဲထုတ်၍ သတ်ဖြတ်ခဲ့သူဖြစ်နေပါတယ်။

ဘာတွေဖြစ်နေပြီလဲ မြန်မာပြည်ရဲ့နိုင်ငံရေးရယ်။

တာမွေမှာ တော်တော်စိတ်ပျက်နေကြပြီ

ဘယ်မြို့နယ်မှ ဒီလိုဂုဏ်ဖော်ပြီး ကျောက်တိုင်မစိုက်ဘူး။
ကေကေတီ

ပွင့်ဖြူမြို့နယ်၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး


၂၇.၃.၂၀၁၄ရက်နေ့မကွေးတိုင်းပွင့်ဖြူမြို့နယ်၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးမြို့နယ်ရဲစခန်းရှေ့မြင်ကွင်း
 Aung Ko Latt

ညောင်ဦးမြို့နယ်ပြည်သူလူထု၏ ခြေဥပြင်ဆင်ရေး ဆန္ဒထုတ်ဖော်



၂၄.၃.၂၀၁၄ မနက်၉း၃၀နာ၇ီကပွဲ
Michael Riyo

စစ်တွေလည်းအ၀ီခံရပြီးတာနဲ့ကြွတက်လာတော့တာပဲ။


စစ်တွေ မတည်ငြိမ်မှု ညမထွက်ရအမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဂျာမနီနိုင်ငံက Malteser International လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ အမည်မဖေါ်လိုသူတစ်ဦးက မနေ့က အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

"လူတွေက အဲဒီအလံကို ဘာဖြစ်လို့ဖြုတ်တာလဲ၊ သူကပြောပြတယ်ပေါ့၊ အလံကိုဖြုတ်ရခြင်းက တစ်ခုတည်းပဲ၊ ငါတို့အဖွဲ့အစည်း NGO က Non-Political မို့လို့ ထောင်လိုက်လို့ရှိရင် အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာစိုးလို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေအရ မထောင်တာပေါ့နော်၊ လူတွေက လက်မခံဘူးပေါ့နော်၊ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ လွှင့်ထူထားကြတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကလည်း အလားတူ သာသနာ့အလံတွေ လွှင့်ထူကြတယ်လို့ သိရပါတယ်။

မနေ့က ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦးက သူတို့ရုံးစိုက်တဲ့အိမ်မှာ ၀န်ထမ်းတစ်ချို့က သာသနာ့အလံ လွှင့်ထူထားတာကို အဖွဲ့အစည်း စည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြုတ်ချခဲ့ရာက စစ်တွေမြို့ ဒေသခံတွေနဲ့ အဖွဲ့အကြား ပဋိပက္ခစတင်ခဲ့ပြီး ဒီနေ့ညပိုင်းအထိ တခြားရုံးခန်းတွေကိုပါ လူအုပ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ရုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။

မနေ့ည သန်းခေါင်အချိန်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ အရင်က ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းတွေအထိ ကူးစက်ဖြစ်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။

Aungmin Khant

 မနေ့ညက စစ်တွေမြို.မှာရာနဲ့ချီတဲ့ရခိုင်တွေဟာ "မာတေဇာ" ဆိုတဲ့အင်ဂျီအိုရုံးကိုဝိုင်းပြီး သာသနာ့အလံကို မဖွယ်မရာ လုပ်တယ်လို(့စွတ်စွဲခံရတဲ့ )အမေရိကန်နိုင်ငံသူတစ်ယောက်ကိုထုတ်ပေးဖို့တောင်းဆိုရာက ရဲကနေ သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်ရတယ်။ဒီလို စွတ်စွဲခံရတဲ့အမျိုးသမီးတစ်ဦးကို အခုလို လူအုပ်နဲ့ဝိုင်းပြီး ထုတ်ပေးဖို့တောင်းဆိုလို့ ရဲတပ်ဖွဲ.က ထုတ်ပေးလိုက်ရင် အဲဒီအမျိုးသမီးရဲ.ကံကြမ္မာဘယ်လိုဖြစ်သွားနိုင်မလဲ? ဒီလို အမျိုးသမီးတစ်ယောက်ကို လူတွေရာချီပြီးတော့ ဝိုင်းတဲ့လုပ်ရပ်ကရော ဘယ်လိုအတွေးအခေါ် ဘယ်လို အဆင့်အတန်းလည်းဆိုတာလည်း စဉ်းစားစရာပါ။



Kyaw Min Swe

ကျနော်ပြောလို့မှ မဆုံးသေးဘူး။ စစ်တွေမှာ ပြဿနာဖြစ်ပြီ။ ဘယ်သူက အရင် စစ၊ ဘယ်ဖက်က အရင်လုပ်လုပ် ပြဿနာဖြစ်ရင် ဘယ်သူနစ်နာမယ်ဆိုတာ ပြောဖို့ လိုမယ်မထင်ဘူး။ ပြဿနာတက်နိုင်တဲ့ အရိပ်အယောင် တစ်ခုခုမြင်တာနဲ့ အတတ်နိုင်ဆုံး ပြေပြေလည်လည်ဖြစ်အောင်၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်၊ ပြဿနာပိုကြီးမသွားအောင် ခေါင်းအေးအေးထား တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ လိုမယ်။

ကျနော် အဆုံးစွန်ပြောလိုက်မယ်။ ဒီ ၂၀၁၄ခုနှစ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အတောအတွင်း ပြဿနာ မတက်တက်အောင် ဆီလိုအပေါက်ရှာပြီး ဇာတ်လမ်းဆင်၊ ဇာတ်ကွက်ရိုက်ဖို့ ချောင်းနေတဲ့သူတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ အားလုံး သတိရှိကြစေချင်တယ်။ သွေးဆူဆူ၊ ဒေါသပူပူ၊ စိတ်ခံစားမှုပြင်းပြင်းနဲ့ တုံ့ပြန်ကြရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်တာနဲ့ ကြုံကြလိမ့်မယ်။ နိုင်ငံတကာအလယ်မှာ မျက်နှာပျက်စရာ၊ အရှက်ရစရာ အဖြစ်တွေနဲ့ ထပ်တိုးနိုင်တယ်။ နိုင်ငံတကာမီဒီယာတွေမှာ အင်္ဂလိပ်လို ကြိုက်သလိုပြောနိုင် ဆိုနိုင်တဲ့သူတွေရဲ့ စကားနဲ့ လိုသလို ပုံဖော်တံဆိပ်ကပ်တာတွေနဲ့ တွေ့ရနိုင်တယ်။ ကျနော်တို့ သမိုင်းမှာ ဘယ်လောက် နစ်နာခဲ့ နစ်နာခံ လတ်တလော စိတ်ခံစားမှုနဲ့ တုံ့ပြန်လိုက်တာ တစ်ခုတည်းနဲ့ နာမည်ပျက်သွားတာမျိုး ဖြစ်သွားမယ်။ သိပ်ပြီး ရန်လို၊ အမျက်သိုတဲ့ အမြင်နဲ့ အရာအားလုံးကို မကြည့်ကြဖို့၊ အဓိပ္ပါယ်မကောက်ကြဖို့၊ ဘာသာမပြန်ကြဖို့ မေတ္တာရပ်ခံချင်တယ်။ ဒေါသထွက်လေ ရှုံးလေ ဖြစ်မယ်။

စနစ်တကျ ရေးထားတဲ့ ဇာတ်လမ်းတွေ နောက်ထပ် လာစရာရှိနေသေးတယ်လို့ အောက်မေ့ထားပြီး ကြုံလာတဲ့ ပြဿနာတိုင်းကို ဉာဏ်မျက်စိနဲ့ မြင်အောင်ကြည့်၊ သတိချွန်းအုပ်ပြီး အငြိမ်းချမ်းဆုံး၊ အပြေလည်ဆုံးနည်းနဲ့ ဖြေရှင်းကြဖို့ မေတ္တာရှေ့ထား သတိပေးပါရစေ။

ဒီနေ့ ညနေ(4)နာရီခွဲခန့် ကစစ်တွေမြို့ ရှိ ဒုက္ခသည်စခန်းများသို့ ရိက္ခာထောက်ပံ့ သော WFP ရုံအားမကျေနပ်သော၇ခိုင်များမှ ဥပဒေမဲ့ဝင်ရောက်ဖျက် ဆီးသဖြင့်ဥပဒေနှင့်အညီဝင်ရောက်ဖြေ ရှင်းပေးခဲ့ရပါသည် စစ်တွေမြို့ ရှိNGO အ ဖွဲ့အစည်းများအားဥပဒေမဲ့စွာလိုက်လံ ဖျက်ဆီးလုယက်မှု့ များအတင့်ရဲလာသဖြ င့်ဒီနေ့ ညကစတင်ပီးညနေ(6) နာရီ144 ထုတ်လိုက်ရ

မြန်မာနိုင်ငံတွင် တရုတ်များ အထူးအခွင့်အရေး ရနေမှုမှာ အစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်



ဧရာဝတီမြစ်ဆုံကိစ္စအ ပါအ၀င် ပြည်တွင်း၌ တရုတ် ကုမ္ပဏီများ အထူးအခွင့်အရေး ရရှိနေခြင်းသည် အစိုးရ၏ တာဝန်မဲ့မှုများကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

အစိုးရသည် ပြည်သူလူထု ၏ အခွင့်အရေးကို ကာကွယ်ပေး မှုမရှိခဲ့ဘဲ ဧရာဝတီမြစ်ဆုံကိစ္စ အပါအ၀င် တရုတ်ကုမ္ပဏီများ အား အထူးအခွင့်အရေးများ ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုခု၏ လက် အောက်သို့ ကိုလိုနီသဖွယ် ကျ မသွားစေရေးအတွက် လက်ရှိအ ချိန်တွင် နိုင်ငံ၏ အကျိုးကို ပီပီပြင် ပြင် တာဝန်သိသိနှင့် ထမ်းဆောင်မည့်

အစိုးရတစ်ရပ် လိုအပ်နေ ကြောင်း မတ်လ ၂၃ ရက်က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်မှ စာရေးဆရာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

ဧရာဝတီမြစ်ဆုံကိစ္စနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့သဘောရှိသည် ကို သိရှိလိုကြောင်း စာရေးဆရာများက မေးမြန်းခဲ့ပြီး မန္တလေးမြို့သည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကတည်းက ကျဆုံးခဲ့ပြီးဖြစ် ကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။

ယင်းမေးခွန်းများမှာ ဖြေဆို ရန်ခက်ခဲသည့် မေးခွန်းများဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီး ‘‘ဒါပေမဲ့ ကျွန်မ ဒီကိစ္စကို ရိုးရိုးသားသားနဲ့ ပြတ် ပြတ်သားသား ဖြေပါရစေ။ ဒီ နိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံအောက်ပဲ ဖြစ်ဖြစ် ကိုလိုနီသဖွယ် မကျသွား ချင်ဘူးဆိုရင် ဒီနိုင်ငံအတွက် အ လိုအပ်ဆုံးက ဘာလဲဆိုတော့ နိုင်ငံရဲ့ အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ ထမ်းဆောင်မယ့် အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်’’ ဟု ဆို သည်။

စီးပွားရေးကိစ္စများ အပါအ ၀င် အခြားကိစ္စရပ်များတွင် တ ရုတ်ကုမ္ပဏီများကအထူးအခွင့်အ ရေးများ မတော်မတရား ရယူနေ ကြပြီး ဖြေရှင်းပေးရန် ပြည်သူလူ ထုက လာရောက်ပြောဆိုမှုများ ရှိနေသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

‘‘ကျွန်မကမေးတယ်။ ဘယ် သူက ဒီအခွင့်အရေးတွေ ပေး ထားတာလဲ။ ဒီမေးခွန်းကို မေးရ မယ်။ ကျွန်မတို့ သတ္တိရှိရှိနဲ့ မေးရ မယ်။ ဒီနိုင်ငံရဲ့ အခွင့်အရေးတွေ၊ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့ အခွင့်အရေးတွေကို ကာကွယ် ဖို့ တာဝန်ဟာ ဘယ်သူ့မှာအရှိ ဆုံးလဲ။ ဒါ အစိုးရမှာ အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက မကာကွယ် ခဲ့သလဲ။ ကိုယ့်အစိုးရကမှ ကိုယ့် ကို မကာကွယ်ရင် တခြားအစိုးရ တွေက ဘာကိစ္စကိုယ့်ကို ကြည့် နေရမှာလဲ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် သူ့အနေဖြင့် တ ရုတ်နိုင်ငံဟု တပ်၍ မပြောကြား လိုကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာ လုံးနှင့် အဆင်ပြေအောင် နေရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းများနှင့် အဆင်ပြေပြေ နေရန်လိုအပ်မည်ဖြစ်ပြီး နှစ်ဖက် လုံးမှ တာဝန်ယူမှု၊ တာဝန်သိမှုရှိရန်လိုကြောင်း ဒေါ်အောင် ဆန်းစုကြည်က သတိပေး ပြော ကြားသည်။

သို့သော် ပြည်သူလူထုအနေ ဖြင့်လည်း နိုင်ငံကာကွယ်ရေး ကိုယ်တိုင်တာဝန်ရှိပြီး ၎င်းတာဝန် ကို ခံယူနိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်တိုင်တာဝန်မယူဘဲ လူများ ကို လက်ညှိုးထိုးသည့် အလေ့အ ကျင့်ဖြစ်ပေါ်လာမည်ကိုမူ စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Author: မောင်တာ

7Day News Journal

၆၉နှစ်မြောက် တော်လှန်ေ၇းနေ့အခမ်းအနားသို့ ၈၈မျိုးဆက်မှသဝဏ်လွှာပေးပို့

အရပ်(၇)ပေ (၁၀)လက်မရှိ ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံဖိနပ်ကုမ္ပဏီတစ်ခုမှဖိနပ်များလာရောက်လှူဒါန်း



 Published on Mar 26, 2014

ကမ္ဘာပေါ်ရှိ အရပ်အရှည်ဆုံးလူသားများအတွက် ဖိနပ်များကိုချုပ်လုပ်လှူဒါန်းလေ့ရှိသည့်က­ုမ္ပဏီဖြစ်

(၆၉) နှစ်မြောက် စစ်ရေးပြ အခမ်းအနား သို့  ဒေါ်အောင်ဆန်းစုကြည် ကြွရောက် ချီးမြှင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၇ ရက်နေ့ တွင် ကျရောက်သော (၆၉) နှစ်မြောက် စစ်ရေးပြ အခမ်းအနား သို့  ကြွရောက် ချီးမြှင့်ခဲ့ပါသည်။

NLD Chairperson
27.3.2014

Thaw Nyain
 ဒေါ်စုကို ကြိုဆိုနှုတ်ဆက်နေသူက၊ နောင်မှာ တပ်ချုပ်ဖြစ်လာမယ်လို့ တစ်ပေးထားခြင်းခံရသူ ဗိုလ်ချုပ်မြတ်ထွန်းဦး (စစ်ဦးစီးအရာရှိချုပ် - ကြည်း DSA 25) ဖြစ်ပါတယ်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ ဈာပနအခမ်းအနားကို အဲဒီတုံးက စရခ ရုံးက စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးအနေနဲ့ တက်ရောက်ခဲ့သူ၊ ဆက်ဆံရေးကောင်းသူလို့ လူသိများသူပါ။