Friday, March 28, 2014

သင်္ကန်းကျွန်းမြို့နယ်ပြည်သူလူထု ခြေဥပြင်ဆင်ေ၇းဆန္ဒပြပွဲ

ဝှီးချဲပေါ်ကခြေရာတစုံ

Expire Date ဖျက်တဲ့အဖွဲ့


Lin Aung

Carlsberg beer ကိုငယ်ငယ်ထဲက တော်တော်ကြိုက်ခဲ့တာ။အခုစတိုးဆိုင်တွေမှာပြန်ဝယ်လို့ရလာတော့ဝမ်းမြောက်ဝမ်းသာဝယ်သောက်ဖြစ်တာကြာပီ။မနေ့ကအိမ်ဘေးကABC စတိုးဆိုင်မှာဝယ်ရင်း Manufacture date ကိုမထင်မှတ်ဘဲလက်နဲ့ပွတ်မိတော့2014 ရဲ့နောက်ဆုံးက4 ကပျက်သွားတယ်။ တခြားဘူးတွေယူပြီးဖျက်ကြည့်တော့လဲ အဲဒီ4 တလုံးဘဲလွယ်လွယ်ကူကူပျက်ပြီးကျန်စာလုံးတွေကလက်သည်းနဲ့ခြစ်တာတောင်မပျက်ဘူး။ငယ်ငယ်ကမင်္ဂလာဈေးမှာဆေးရောင်းတုံးကကြားဘူးတဲ့အဖြစ်နဲ့တူနေလို့။အဲဒီတုံးကဈေးထဲမှာ Expire Date ဖျက်တဲ့အဖွဲ့ရှိတယ်။ရှိသမျှ Date တွေဖျက်ပေးလိုက်တယ် ကိုကြိုက်တာပြန်ရိုက်ရုံဘဲ။ အဲဒီတုံးကလူတယောက်က expire ဖြစ်နေတဲ့ condom တွေဝယ် ၊Date တွေပြင်ရိုက်၊ ပြီးတော့ဘူးခွံမှာ Sexy မိန်းမပုံတွေရိုက်ပြီးရောင်းလိုက်တာအတော်ချမ်းသာသွားတယ်လို့ကြားဘူးတယ်။ ကျွန်တော်ပေးချင်တဲ့Messageကကျွန်တော်တို့ဆီမှာ ဒီကိစ္စမျိုးတွေဟာ အရင်ကလဲရှိတယ်အခုအချိန်ထိလဲရှိနေပြီး ဘယ်သူကမှ တိတိပပအရေးယူဆောင်ရွက်နိုင်ခြင်းမသေးပါဘူး။ ကိုယ့်ကျမ်းမာရေးကိုကိုယ့်ဟာကိုယ်ဂရုစိုက်ပီး စားသတိရှိကြပါလို့။

ရန်ကုန်မြို့လက်ထပ်ပွဲအတွက်ဖိတ်ကြား

ဒီနေ့ကာတွန်း

ကလေးမြို့ကလက်ထပ်ပွဲအမှတ်တယများ

WFP - UNHCR - Unicef ပိုင် ကား/ဂိုဒေါင်/အဆောက်အဦးများ ဖျက်ဆီးခံရ



ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က
 Eleven Media
“မင်းဘာကြီးလမ်းမှာ INGO အဖွဲ့က ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့် ထားတာရှိတယ်။ အဲဒီမှာ နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက် တယ်။ အဲဒီလို ဖြုတ်လိုက်တာကို လမ်းသွား လမ်းလာတွေ က မြင်တယ်။ အဲဒါကို ပြောကြဆိုကြတော့ လူတွေများ လာတယ်။ နောက်တော့ အဲဒီ ဂိုဒေါင်မှာ ရှိတဲ့ နိုင်ငံခြားသူနဲ့ သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ ပေါက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင် တခြားရုံးတွေ ကိုလည်း ခဲနဲ့ ပစ်ပေါက်မှုတွေ ဖြစ်လာ ခဲ့တယ်။ နောက်ပိုင်းမှာ လူအုပ်က များလာတော့ ရဲတွေက အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး လူစုခွဲ ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို ကြည့်ရ တာတော့ သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG ကိုထွက်သွား ဆိုတာလည်း ရှိနေတယ်။

အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ အိမ်ရှင်က သူ့အိမ်မို့ သာသနာ့ အလံထောင်တာ ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။ နိုင်ငံခြားသူကလည်း သာသနာ့အလံကို ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို မေးမြန်း ရဦးမယ်” ဟု ပြောကြားသည်။