Tuesday, April 1, 2014

ခရိုနီတွေ ၀ါးမျို သွားတဲ့ မန္တလေးက ဥယျာဉ်များ



 Kyaw Swar Myint


==========================
ပြီးခဲ့တဲ့ အပတ်က “သတိ - ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မကျူးကျော်ရ”ဆိုပြီး
စစ်တပ်တွေ တပ်ဆွဲပြီး သိမ်းထားတဲ့ မန္တလေးမြို့က နန်းတော်ကြီးကို အများပြည်သူ
အနားယူအပန်းဖြေ လေ့လာစရာ နေရာအဖြစ် ပြန်လည် ပြုလုပ်ကြဖို့ ဆောင်းပါးလေး
aရးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်မိတဲ့ မန္တလေးသား တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အစ်ကိုရေ၊ မန္တလေးက သမိုင်းဝင် ယဉ်ကျေးမှု နေရာတွေ အများ ပြည်သူတွေ အနားယူ အပန်းဖြေဖို့ နေရာတွေကို အုပ်ချုပ်သူ အာဏာပိုင်တွေက အသိဉာဏ်မဲ့စွာ လုပ်ဆောင်ခဲ့လို့ ပျက်စီးပျောက်ကွယ် ခဲ့ရတဲ့ အကြောင်းလေး ရေးစမ်းပါ ဦးဗျာတဲ့...

သူပြောတာ သေချာစဉ်းစား ကြည့်မှပဲ ဟုတ်သားပဲဗျ။ ကျွန်တော်တို့ မြို့သူမြို့သား အခြေခံ လူတန်းစားတွေ အခမဲ့ အနားယူ အပန်းဖြေနိုင်တဲ့ နေရာတွေ၊ ပွဲလမ်းသဘင်တွေ
ကျင်းပရာ လူထု ကွင်းကြီးတွေ လုံးဝ မရှိတော့တာ စဉ်းစားမိတယ်ဗျ...

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာက ဟိုအရင်တုန်းကဆိုရင် လည်ပတ် လေ့လာစရာ
aရှးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ၊ လူထု အပန်းဖြေ အနားယူစရာ
ဥယျာဉ်တွေ၊ ပွဲလမ်း သဘင်တွေ ကျင်းပတဲ့ လူထုကွင်းပြင်ကြီးတွေ အင်မတန် ပေါများတဲ့
မြို့ဗျ။

ရတနာ ပုံမန္တလေးမြို့ကို တည်ထားခဲ့တဲ့ မင်းတုန်းဘုရင် ဆိုရင် သူ့ပြည်သူပြည်သားတွေ
အတွက် ဥယျာဉ် ၂၀တောင် တည်ဆောက်ခဲ့တာ။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက်ကျမှ ဒီယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ်တွေ ဥယျာဉ် ပန်းခြံတွေက မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ ၀ါးမျိုဖျက်စီး ခံလိုက်ရတာပဲ။ အရင်က အိမ်ဝန်း ခြံဝန်းကြီးတွေနဲ့ စိမ်းစိုသာယာတဲ့ ဥယျာဉ်မြို့တော်ကြီးဟာ အခုဆိုရင် ခြောက်သွေ့ပူပြင်းပြီး
နေလို့ ပျော်စရာ မကောင်းတဲ့ ကွန်ကရစ်မြို့ကြီး ဖြစ်သွားပါပြီ။

ဟိုး အရင်တုန်းကဆို မန္တလေး တောင်ခြေ၊ ကျုံးမြောက်ဘက်မှာ ရဟန်းရှင်လူ၊ မြို့ခံ
လူထုကြီး စုဝေး ပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီး ဆိုပြီး ရှိပါတယ်။ ထိုကွင်းထဲမှာပဲ မန္တလေးမြို့တည် နှစ်တစ်ရာပြည့်ပွဲကို ကျင်းပခဲ့လို့ မန်းရာပြည့်ကွင်းလို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီကွင်းထဲမှာ ပြည်ထောင်စုနေ့လို လူထု အစည်းအဝေးပွဲတွေ၊ လွတ်လပ်ရေးပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပကြပါတယ်။ မန္တလေးမှာ ဘာပွဲလမ်း သဘင်လုပ်လုပ် အဲဒီ
ကွင်းကြီးထဲမှာပဲ ကျင်းပခဲ့ပါတယ်။ မန္တလေးရဲ့ ပြည်သူ့ ရင်ပြင်ကြီးလို့တောင် ပြောလို့
ရပါတယ်။

စစ်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်မှာတော့ အဲဒီ မန်းရာပြည့် ကွင်းကြီးကို အစိုးရက
ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့လို့ မန်းရာပြည့်ကွင်းကြီး ပျောက်ကွယ် ခဲ့ရပါတယ်။ ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့ပေမဲ့လည်း မြို့နေလူထု
အတွက် အပန်းဖြေ အနားယူနိုင်တဲ့ နေရာ အစစ်အမှန် မဖြစ်ခဲ့ပါဘူး။

အခုချိန်မှာဆိုရင် တိရစ္ဆာန် ဥယျာဉ်ကြီးကို စီးပွားရေး လုပ်ငန် ရှင်တစ်ဦး လက်ထဲ လွှဲအပ်
လိုက်တော့ ပိုဆိုးသွားခဲ့ပါတယ်။ ၀င်ကြေး တစ်ယောက်တစ်ထောင် သတ်မှတ်လိုက်တော့ မိသားစု ငါးယောက် သွားလည်ရင် ငါးထောင် ကုန်ကြမှာဆိုတော့ အခြေခံ လူတန်းစားတွေ အနား မကပ်နိုင်တော့ပါဘူး။ ၁၉၅၄ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရဲ့
နာမည်ကြီး အနားယူ အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ မန်းသီတာ ဥယျာဉ်ဟာလည်း
၁၉၉၃ ခုနှစ်မှာ ကျုံးကြီး ပြန်လည် တူးဖော် ပြုပြင်တာကနေ ဖျက်သိမ်းပစ်ခဲ့ လိုက်ပါတယ်။
နောက်နန်းတွင်း ထဲမှာရှိတဲ့ မြိုင်ဟေ၀န် ဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်များ
ဟာလည်း နန်းတွင်းကို အများ ပြည်သူ ၀င်ထွက်ခွင့် တင်းကြပ် လိုက်တာကနေ မှေးမှိန်
ပျောက်ကွယ် ခဲ့ရပြန်ပါတယ်။

မန္တလေးမြို့ပြ ဖွံ့ဖြိုးလာတော့ ၃၅လမ်း တောင်ဘက်နဲ့ မြောက်ဘက်မှာမှာရှိတဲ့ ဂေါ်ရာ
သင်္ချိုင်း တွေကို မြို့ပြင် ထုတ်လိုက်တော့လည်း ၃၅လမ်း တောင်ဘက်မှာ ရှိတဲ့ မြေနေရာ
ကို ဘောလုံးကွင်း လုပ်ခဲ့ပြီး မြောက်ဘက်မှာရှိတဲ့ မြေကွက်လပ်ကို မန်းမန္တလာ ဥယျာဉ်
အဖြစ် လုပ်ခဲ့ပါသေးတယ်။ အခုတော့ မန်းမန္တလာ ဥယျာဉ်ကို ဖျက်သိမ်းပြီး အကွက်တွေ
ရိုက် လုံးချင်းအိမ်ရာတွေ အဖြစ် ပြောင်းလဲ ပစ်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်လောက်မှာ မြို့တောင်ဘက်၊ သိပ္ပံလမ်းနဲ့ ရန်ကုန် မန္တလေး လမ်းထောင့်မှာ
ရှိတဲ့ ဆင်ဖြူကန် သင်္ချိုင်းကို ဖျက်သိမ်းပြီး အဲဒီနေရာကို ပွဲလမ်း သဘင်တွေ ကျင်းပရာ နေရာအဖြစ် ပြုလုပ် ခဲ့ပါတယ်။

အဲဒီကွင်းထဲမှာပဲ အထက် မြန်မာပြည် နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲတွေ၊ ပန်းဆယ်မျိုး ပြပွဲ ပြိုင်ပွဲတွေ၊ သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲတွေစတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာပါ။

မန်းရာပြည့်ကွင်းကြီး မရှိတော့တဲ့ နောက်ပိုင်း မန္တလေးမြို့ရဲ့ ဒုတိယ လူထု ရင်ပြင်ကွင်းကြီး တစ်ခုလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဆင်ဖြူကန် ကွင်းကြီးဟာလည်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စည်ပင်သာယာ အာဏာရှိတွေ ပေါင်းပြီး စင်တင် တေးဂီတ
တွေဖွင့်၊ စားသောက်ဆိုင်တွေဖွင့်၊ ဂေါက်သီး လေ့ကျင့်ရေးကွင်းတွေ၊ ကားမောင်းသင်
ကွင်းတွေ ဖွင့်ဖို့ ငှားရမ်းလိုက်လို့ ပျောက်ကွယ် ခဲ့ရပါတယ်။

မန္တလေးသူ မန္တလေးသားတွေ အားလုံး ပိုင်ဆိုင်တဲ့ ဒီကွင်းကြီးကို ကိုယ့်အကျိုးစီးပွား
အတွက် အမြော်အမြင် ကင်းမဲ့စွာ လုပ်ဆောင်ခဲ့တဲ့ တာဝန်ရှိ လူကြီးမင်းတွေကိုလည်း
တော်တော် အံ့သြမိပါတယ်။ မန္တလေးမြို့ အတွက် တစ်ခုတည်းသော ကျန်ခဲ့တဲ့ ဒီဆင်ဖြူကန် ကွင်းကြီးကို အများပြည်သူတွေ အတွက် ပြန်လည် အသုံးပြုနိုင်ဖို့ မန္တလေးရဲ့ ပြည်သူ့
ရင်ပြင် အဖြစ် ထားရှိနိုင်ဖို့ အထူးတောင်းဆို လိုပါတယ်။

မန္တလေးမြို့ အနောက်တောင် ဘက်မှာရှိတဲ့ တက်သေးအင်းကို မန္တလေး ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းခဲ့ပေမယ့် အင်းထဲမှာ ငါးမွေးမြူရေး လုပ်ငန်းတွေလုပ်ကြ၊ စားသောက်ဆိုင်တွေ၊ စင်တင် တေးဂီတတွေ၊ ကာရာအိုကေဆိုင်တွေ၊ ကော်ဖီဆိုင်တွေ
အဖြစ် ဖွင့်လှစ်ခဲ့တာကြောင့် လူအများစု ဖြစ်တဲ့ အခြေခံ လူတန်းစား မြို့နေလူထု အတွက် အပန်းဖြေ နေရာ မဖြစ်ခဲ့ဘဲ လူကုံတန်တွေ အတွက် ပျော်ရွှင် အပန်းဖြေစရာ နေရာတစ်ခု
ဖြစ်နေပါတယ်။ အဲဒီလို အရင်က မင်းတုန်းမင်း လက်ထက်မှာ တည်ခဲ့တဲ့ ၆၂လမ်းမပေါ်က မနောရမံ ဥယျာဉ်ဟာလည်း အခပေး ဂိမ်းကစားကွင်း ဖြစ်သွားခဲ့ပါတယ်။

တော်သေးတာပေါ့ဗျာ။ ကျွန်တော်တို့ မြို့သူ၊ မြို့သားတွေ မဟာမြတ်မုနိဘုရားတောင် ပိုက်ဆံမပေးဘဲ ဖူးမျှော်ခွင့်ရနေတာ ကံကောင်းနေပြီလို့ အောက်မေ့ရမှာပဲဗျ။

ဒီလို ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အခမဲ့ လူထု အပန်းဖြေ ဥယျာဉ်တွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ လူထုကွင်းကြီးတွေ ကွယ်ပျောက် ခဲ့ရတာဟာ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကြောင့် လုံးဝ မဟုတ်ဘူးဗျ။ စစ်အစိုးရ လက်ထက် ခေတ်အဆက်ဆက် မန္တလေးကို အုပ်ချုပ်ခဲ့တဲ့ မန္တလေးသားတွေ မဟုတ်တဲ့ အာဏာပိုင် လူကြီးတွေ၊ မြို့တော်ဝန်တွေက မြို့နေလူထု အတွက် မကြည့်ဘဲ လာဘ်လာဘနဲ့ ကိုယ်ကျိုးစီးပွား
ရှေ့တန်းတင်ပြီး အသိ ဉာဏ်ကင်းမဲ့စွာ ဖျက်စီးပစ်ခဲ့လို့ မှေးမှိန် ပျောက်ကွယ် ခဲ့ရတာပါ။

ကျွန်တော်ပြောတာ ဟုတ်၊ မဟုတ် စဉ်းစား ကြည့်ပေါ့ဗျာ။ မန္တလေးမြို့ရဲ့ မြို့တော်ဝန် တာဝန်
ကို ထမ်းဆောင်ခဲ့တဲ့ လူကြီး တော်တော်များများဟာ အကျင့် ပျက်ခြစားလို့ အပြစ်ပေး
အရေးယူ ခံခဲ့ရတာ ချည်းပါပဲ။ ဒီလိုလူတွေ တာဝန်ယူခဲ့တဲ့ မြို့ ခုလိုဖြစ်ခဲ့တာ မဆန်းဘူး
လို့တောင် ပြောရမလိုပါပဲ။ စစ်အာဏာရှင် အုပ်ချုပ်မှု ပြီးဆုံးလို့ ဒီဘက် ဒီမိုကရေစီခေတ်
ရောက်တော့လည်း ကောင်းအောင်လုပ် ဆောင်ကြလားဆိုတော့ ပိုတောင်
ဆိုးသွားသေးပါတယ်။

အခု အစိုးရသစ် လက်ထက် မြို့တော်ဝန် အသစ် လက်ထက်မှာ မန္တလေး ချမ်းမြသာစည်
လေယာဉ်ကွင်း အရှေ့ဘက်မှာရှိတဲ့ အရင် စစ်အစိုးရ လက်ထက်တုန်းက ပဲဖြူကုန်း ရွာသူ၊ ရွာသားတွေဆီက သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ မင်္ဂလာ မန္တလေး စီမံကိန်း ဆိုပြီး ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုတဲ့ စီးပွားရေးသမားတွေနဲ့ မန္တလေး စည်ပင်
သာယာနဲ့ အကျိုးတူ ပူးပေါင်းပြီး လုံးချင်း အိမ်ရာတွေ၊ ကွန်ဒိုတွေ၊ ဟိုတယ် စီမံကိန်းတွေ
ဆောင်ရွက်ပစ်ခဲ့တယ်။ လက်ရှိ မန္တလေး မြို့တော်ဝန်ကို မေးချင်တာက ဒီနေရာမှာ မြို့နေ
လူထုတွေ အနားယူ အပန်းဖြေနိုင်တဲ့ ဥယျာဉ် ပန်းခြံတွေ တည်ဆောက်လို့ မရဘူးလား။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးတူ ဆောင်ရွက်ခဲ့တယ် ဆိုတာတောင် ပွင့်လင်း
မြင်သာစွာ မထုတ်ပြန်ခဲ့ပါဘူး။

ဒီနေ့အထိ အစိုးရသစ် သက်တမ်း(၄)နှစ် နီးပါးရှိခဲ့ပေမဲ့ ကျွန်တော်တို့ မန္တလေး ပြည်သူ၊
ပြည်သားတွေ ရွေးချယ် ခန့်အပ်ခဲ့တယ်လို့ ပြောတဲ့ အုပ်ချုပ်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း မန္တလေး မြို့ကြီး အတွက် မြို့သူ၊ မြို့သားတွေ အတွက်
ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တာ၊ လုပ်ဆောင်ခဲ့တာ၊ လွှတ်တော်မှာ တင်ပြ ဆွေးနွေး
တောင်းဆိုခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီနေရာမှာ နိုင်ငံခေါင်းဆောင်တွေကို ကျွန်တော် ပြောချင်တာက မန္တလေးမြို့ကို အုပ်ချုပ်ဖို့ အတွက် တိုင်းဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့ လုပ်ဖို့ဆိုတာက ဘယ်သူလာလာ လုပ်လို့
မရဘူး ဆိုတာပါပဲ။ မန္တလေးဟာ ရန်ကုန်နဲ့ မတူသလို နေပြည်တော်နဲ့လည်း မတူပါဘူး။ မန္တလေးရဲ့ သမိုင်း၊ ယဉ်ကျေးမှုတွေ၊ လူမှုရေး၊ စီးပွားရေး၊ နေထိုင်မှု ဓလေ့စရိုက်တွေ ခံစားနားလည်ဖို့ မန္တလေးကို တကယ်ချစ်တဲ့၊ စေတနာထားနိုင်တဲ့ လူဖြစ်မှရမယ် ဆိုတာ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကို ပြောချင်တာက
ဖြစ်ပြီးခဲ့တာတွေ အတွက် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ပေမဲ့ တစ်ချိန်မှာ မန္တလေးမြို့ကို
ပြန်လည် ကယ်တင်ဖို့ မန္တလေး အစစ် ပြန်ဖြစ်ဖို့အတွက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်
ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကျင့်သီလ လည်းကောင်း၊ အသိဉာဏ်လည်း ရှိပြီး၊ လူထုအပေါ်ကို စေတနာထားတဲ့ မန္တလေးမြို့ကို တကယ်ချစ်တဲ့ ကိုယ်စားလှယ်တွေကို
ရွေးချယ် ခန့်အပ်ကြဖို့ နှိုးဆော် တိုက်တွန်း လိုက်ပါတယ်။

ကျော်ကြီး (MDY)
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ် အမှတ်(၆) မှဆောင်းပါး )

ဒီနေ့ကာတွန်း


ဆီထိုးရေထိုးဖြင့်ဘီလျံနာဖြစ်နည်း

ရန်ကုန်မှာလူထုဟစ်တိုင်ဆောက်လုပ်ရန် နေရာရှာဖွေ



ရန်ကုန်မှာလူထုဟစ်တိုင်ဆောက်လုပ်ရန် နေရာရှာဖွေနေပြီး နေရာအနေအထား
အကျယ်အ၀န်း စိတ်ကြိုက်တွေ့ပါ က လူအများအပြားနှင့် စိတ်ကြိုက်ပြော ဆိုနိုင်သော ဟစ်တိုင်တစ်ခုပြုလုပ်ပေးမည်။
........လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးတင်ဝင်း.........

(ရန်ကုန်တော့ရန်ကုန်...လှည်းကူးအထွက်လယ်ကွင်းထဲဆိုဒွတ်ခ.....) :P

အယောက် လေးဆယ်မှာ ခြောက်ယောက်သာပြီး



Ma Lwin

သိပ်ပူလွန်းတဲ့ ပခုက္ကူ ရဲ့ နေရောင်အောက်မှာ ခင်ပွန်းဖြစ်သူရဲ့ရုံးချိန်းကို မလာမဖြစ်လာ ရတယ်။ လိုပြသက်သေ ၆ ယောက်တော့ စစ်ပြီးသွားပြီ။ အယောက် လေးဆယ်မှာ ခြောက်ယောက်သာပြီးသေးတယ်။ အချိန်ဘယ်လောက်ထိယူ နေအုံးမှာလဲ။ အားလုံးပင်ပန်းကြတယ်။ တရားလိုဖြစ်သူတွေလဲ ပင်ပန်းသလို စွပ်စွဲခံရသူတွေဘက်ကလဲ ပင်ပန်းတယ်။ နေရောင်အောက်ကို ခဏထွက်မိရင်ကိုပဲ ပူလောင်တဲ့ဒဏ်က မသေးဘူးလေ။
အမုန်းတရားတွေကိုလျှော်ကြပါစို့။ အမုန်းကြောင့်ဖြစ်လာတဲ့စွပ်စွဲမှုက ပူလောင်မှာပါပဲ။ ဘယ်သူ့အတွက်အကျိုးရှိစေနိုင်လို့လဲ။

ဒီနေ့ Heart ထိတဲ့ဓါတ်ပုံ...
(ယူနတီဂျာနယ်မှကိုလူမော်နှင့်သမီးငယ်)
ဓါတ်ပုံ. .. Ma Lwin

့မြို့တော်ခန်းမ တွင်မိချောင်းကန်သပိတ်စခန်းမှကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး



Khaing Min
မိချောင်းကန်သပိတ်စခန်းကိစ္စနှင့်ပါတ်သက်၍ဒီနေ့မြို့တော်ခန်းမတွင် ရန်ကုန်တိုင်းအစိုးရမှတာဝန် ရှိသူများ
သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊မိချောင်းကန်သပိတ်စခန်းမှကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ပြေလည်မှုမရရှိသေးဟုသိရှိရပါသည်။
ယ နေ့ညနေတွင် သင်္ဃန်ကျွန်းလွှတ်တော်ကိုယ်စားလှယ်မှကြေငြာချက်ထုတ်ြပန်မည်ဟုသိရှိရပါသည်။

ဦးဝင်းချိုနှင့် ဦး နေမျိုး ဇင်ပုဒ် မ ၁၈ ဖြင့် ထောင်၃လစီရင်ချက်တရား ရုံး မှ ချမှတ်


" ဦး ဝင်း ချို အား ပုဒ် မ ၁၈ ဖြင့် ထောင်3လစီရင်ချက် ဦး နေမျိုး ဇင် အပါ ဝင် ယနေ့ တရား ရုံး မှ ချမှတ်လိုက်ပါကြောငိး။"
ဦးဝင်း ချို fb အံတီသုံး ပေး နေပါသည်။


ဦးဝင်းချိုဖေ့ဘွတ်မှာဇနီးဖြစ်သူကတင်ပေးထားတဲ့စတေးတပ်လေးပါ။


Ma Nandar

လောဘ၊ ဒေါသ၊ အငြှိုးအာဃာတများ၊ နိုင်လိုမင်းထက်မှုများ ကြီးမားလှသော ဤအစိုးရအသိုင်းအဝိုင်းကြောင့် နစ်နာသူ၊ ချို့ငဲ့သူ၊ ဘုမသိ ဘမသိ ဒုက္ခရောက်ရရှာသူများအတွက် မိမိတို့ရဲ့ဘဝ တစိတ်တပိုင်းကို ပေးဆပ်ထားကြတဲ့ အန်ကယ် U Win Cho နဲ့ ကို Nay Myo Zin ကို ထောင်(၃)လချလိုက်ရုံနဲ့ ကြောက်လန့်ပြီး ယုံကြည်ချက်တွေပျောက်၊ နောက်ဆုတ်သွားမယ် ထင်လို့လား။


လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းချိုနှင့် ဦးနေမျိုးဇင် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
**********************************************************

သူဇာ ( ဧရာဝတီ ) April 1, 2014

“ဒီအမှုက ဒဏ်ငွေလည်း ချမှတ်လို့ရတဲ့ အမှုပဲ ။ အခုက ဒဏ်ငွေမဆောင်ခိုင်းဘဲ တခါတည်း ထောင်ချ ပစ်လိုက်တာ။ ကျောက်တံတားတရားရုံးက အမိန့်ချပြီးပြီးချင်း အင်းစိန်ထောင်ကို တခါတည်း ခေါ်သွားပါပြီ”
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြေယာသိမ်းခံ လယ်သမားများနှင့်အတူ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သော လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ ၂ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးတွင် လယ်သမား ၅၀၀ ကျော်နှင့်အတူ သိမ်းဆည်း ခံ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ပိုင်နက်ကျူးလွန်မှု ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူခံနေရသော လယ်သမား များ ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ၂ ဦးကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တရားရုံးက ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့ ၂ ဦးကို ရုံးချိန်း လေးကြိမ်မြောက်တွင် ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးဝင်းချို၏ ဇနီး ဒေါ်အေးအေးသန်းက ပြောဆိုသည်။
“ဒီအမှုက ဒဏ်ငွေလည်း ချမှတ်လို့ရတဲ့ အမှုပဲ ။ အခုက ဒဏ်ငွေမဆောင်ခိုင်းဘဲ တခါတည်း ထောင်ချ ပစ်လိုက်တာ။ ကျောက်တံတားတရားရုံးက အမိန့်ချပြီးပြီးချင်း အင်းစိန်ထောင်ကို တခါတည်း ခေါ်သွားပါပြီ” ဟု ဒေါ်အေးအေးသန်းက ပြောသည်။
အလားတူ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မိုးထိ မိုးမိ ရွှေလုပ်သားများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက် မရဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဝေဠုကိုလည်း အာဏာပိုင်များက ကျောက်တံတား မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၈ ရက်နေ့တွင် အမိန့်ချမှတ် မည်ဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေသည့် ဦးဝင်းချိုနှင့် ဦးနေမျိုးဇင် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)




ကိုနေမျိုးဇင်နဲ့ ဦးဝင်းချိုကို ထောင်ဒဏ် ၃ လစီချ

*************************************
နော်နိုရင်း (ဒီဗွီဘီ) 1 April 2014
အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ ဆန္ဒပြခဲ့လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ ၂ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်း ဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို့  ဧပြီ ၁ ရက် နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေပြီး ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံတာဖြစ်ပါတယ်။
အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိဘူးလို့ အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လယ်သမား အရေးအတွက် ခွင့်ပြုချက်မရဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာလို့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ နေခင်းပိုင်းမှာတော့ သူတို့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ဒီဗွီဘီကို ပြောပါတယ်။

DVB

ဖြိုးငွေစိုးနှင့်မဇင်ဇင်သန့် မြရိပ်ညိုဟော်တယ်တွင်မင်္ဂလာလက်မှတ်ေ၇းထိုး



သရုပ်ဆောင်ဖြိုးငွေစိုးနှင့်မဇင်ဇင်သန့်တို့ ဧပြီ၁၇က် မနက်၈နာ၇ီက မြရိပ်ညိုဟော်တယ်တွင် အသိသက်သေများရှေ့မှောက်တွင်နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ေ၇းထိုးခဲ့...

ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေ



လတ်တလောဖြေရှင်းပေးရန်လိုနေသည့် ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေမှု မေးခွန်းထုတ်ခံရပြီ
*******************************************************
လတ်တလော ဖြေရှင်းရန်လိုနေသည့် ရွှေ့ပြောင်းခံ အိမ်ခြေယာခြေမဲ့များ၏ အရေးကို လွှတ်တော်နှင့် အစိုးရက လျင်မြန်စွာ ဖြေရှင်းမပေးဘဲ ကြန့်ကြာနေခြင်း အ ပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက မေးခွန်း ထုတ်သည်။

ဒီမိုကရေစီ ၁ဝ ပါတီစုစည်းထားသည့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက

”အပြန်အလှန် ထိန်း ကျောင်းမှုစနစ်ဆိုတာ အပြောပဲရှိတာလားလို့ ကျွန်တော် မေးကြည့်ချင်တယ်”ဟု ပြောသည်။

နေရာ အစားပြန်မပေးဘဲ အင်အားသုံးကာ ဖယ်ရှားသည့် နည်းလမ်းကိုသာ လုပ်ဆောင်နေသော အစိုးရနှင့် အစိုးရကို ထောက်ပြ ရမည့် လွှတ်တော် က ယနေ့အချိန်ထိ နှုတ်ဆိတ်နေမှုအပေါ် ၄င်းက မေးခွန်းထုတ် လိုက်ခြင်း ဖြစ်သည်။

ကျူးကျော်အိမ်ခြေတစ်သိန်းခန့် ရှိနေသည့် ရန်ကုန်တိုင်း ဒေသကြီးတစ်ခု တည်းမှာပင် ပြဿနာများအား အစိုးရက မဖြေရှင်းနိုင်သေးမှု အပေါ် လွှတ်တော် က ယနေ့ အချိန် အထိ ထောက်ပြမှုမရှိသေး ကြောင်း ၄င်းက ဆက်ပြောသည်။

ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံ မှန် အစည်းအဝေးတွင် အခြေအနေမဲ့နေ ထိုင်သူများ အရေးနှင့် ပတ်သက်၍ ပြည် ခိုင်ဖြိုး ပါတီမှ ရွှေပြည်သာ လွှတ်တော် ကိုယ် စားလှယ်၏ အမေးကို အစိုးရ၏ စီမံချက် များဖြင့် နောင်တွင် ပပျောက်သွားလိမ့်မည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာန က ဖြေ ရှင်းချက်ပြုခဲ့သည်။

သို့သော်လည်း ထိုဖြေရှင်းချက် အ ပြီး သင်္ဃန်းကျွန်း မိကျောင်း ကန်နှင့်လှည်း ကူးမြို့နယ် သမီးကလေး ကျေးရွာ ကျူး ကျော်မြေ ပြဿနာကို အစိုးရက အင်အား သုံး ၍ ဖြေရှင်းမှုသာ ပြုခဲ့သည်။

ထို့အပြင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က အခြေအနေမဲ့ များနှင့်ပတ်သက်၍ မေးခွန်းမေးရန် ယခု လွှတ်တော် အစ လွန်ခဲ့ သည့် တစ်လကျော်က တင်ထားသော်လည်း ထိုမေးခွန်းမှာ ယခုအထိ မကျ၍ လွှတ် တော်အတွင်း ယခုလွှတ်တော် ကာလအ တွင်း မမေးနိုင်တော့ဟု ၄င်းက ပြောပြ သည်။

”ပထမတော့ အဆိုအနေနဲ့ပါပဲ။ နောက် မေးခွန်းပြောင်း ဆိုလို့ ပြောင်း လိုက်တာ မကျသေးဘူး” ဟု ဒေါက်တာ မျိုးအောင်က ဆက်ပြောသည်။

NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေကမူ ”လွှတ်တော်နည်း ဥပဒေ ၁၉ အရဆိုရင် လွှတ်တော် ဥက္ကဋ္ဌက မသင့် တော်ရင် ပယ်ချခွင့် ရှိတယ်။ ဒါကိုလည်း စောဒက တက် ခွင့်မရှိဘူးလို့ ဆိုထား တယ်။ ဒါဆို ဒီမေးခွန်းက လွှတ်တော်မှာ အရေး သိပ်မပါလို့ လက်မခံတာလား” ဟု သူ့အမြင်ကို ပြောသည်။

ဆက်လက်ပြီး ၄င်းက လယ်ယာ မြေများ ပြန်ပေးရန် အစိုးရနှင့် လွှတ်တော်က ပြောနေသော်လည်း အမှန်တကယ် အောက်ခြေတွင် လက်တွေ့မရ သေးသည့် ဥပမာ များရှိနေရာ တစ်ဖက်နှင့် တစ်ဖက်က လွှဲချနေသည် ဟုထင်ရကြောင်း မှတ်ချက်ပြုသည်။

”ပြည်သူတွေက ခံပြီးရင်းခံနေရတယ်လို့ပဲ ပြောချင်တော့တယ်”ဟု ဦးခင် မောင်ဆွေက ထပ်လောင်း ဆိုသည်။

 Popular Myanmar News Journal

ကျဉ်းတာကိုကျယ်အောင်လုပ်သူ


သမ္မတရုံးကအဆိုပြုထားသော ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဗုဒ္ဓဘာသာဝင် အမျိုးသားနှင့်သာ လက်ထပ် ရမည်။ ဘာသာခြားအမျိုးသားများ အနေဖြင့် လက်မထပ်မီ ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် လိုအပ်ပြီး ပျက် ကွက်ပါက ထောင်ဒဏ် ၁ဝ နှစ်နှင့် ပိုင် ဆိုင်သည့် ပစ္စည်းဥစ္စာအားလုံး သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဆိုထားသည်။

အမှန်ကအစ္စလာမ်ဘာသာဝင်ကုလားတွေကိုရည်စူးတယ်ဆိုတာမြန်မာပြည်က...ကုလားရော
မြန်မာပါသိကြပါတယ်...
တကယ်လက်တွေ့မှာတိုက်ရိုက်ထိနေတာကဗုဒ္ဒဘာသာ+ခရစ်ယာန်ဘာသာလက်ထပ်
သူတွေပါ။ဥပမာအဆိုတော်ရေဗက္ကာဝင်းတို့လက်ထပ်တယ်...ယောကျာင်္းကဗုဒ္ဒဘာသာ
ဆိုတော့ဆွမ်းကပ်တော့လဲကန်တော့လိုက်တာပဲ...ဘုရားကျောင်းမှာလက်ထပ်တော့လည်း
သတို့သားက(အာမင်)လိုက်တာပဲ....အဆင်ကိုပြေနေတာပဲ...ဘယ်သူမှနစ်နာတယ်မထင်
ရဖူး။

ကုလားနဲ့မရစေချင်ရင်ကုလားမယူရပြဌာန်းလိုက်ပေါ့။
တရုတ်နဲ့ပါမရစေချင်ရင်တိုင်းရင်းသားအချင်းချင်းသာယူရမည်ဟုတဆင့်မြှင့်လိုက်ပေါ့။

ကျဉ်းရမှာကျယ်အောင်မလုပ်ပါနဲ့ ၀ီဝီစိန်ရယ်....



ဒီမို ဖက်တီး

"တစ်ကယ်တော့ 'မျိုးချစ်စိတ်' ဆိုတဲ့ စကားလုံးက နှာခေါင်းရှုံ့ပြီး ပြန်လည် တုန့်ပြန် ရမဲ့ စကားလုံးတော့ မဟုတ်ပါဘူး။ ထိုစကားလုံးကို သုံးစွဲသူတွေရဲ့ အမူအကျင့်ကြောင့် မျိုးချစ်စိတ်ဟာ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားရတာပါ။ တနည်းပြော ရလျှင် လူကြောင့် မူဟာ နာမည် ပျက်သွားရတဲ့ သဘောပါ"

မောင်ကြည် (The Daily Eleven)


မျိုးချစ်စိတ် ဆိုတဲ့ စကားကို ဥပဒေထုတ်ပြန်ပြီး ကိုက်ညီမှ သုံးစွဲခွင့် ပြုရမဲ့ သဘောပါ။ မျိုးချစ်စိတ် ဘာသာ သာသာနာ ချစ်စိတ်ရှိတယ် ဆိုပြီး အမျိုး ဘာသာ သာသနာကို မီးကုန်ယမ်းကုန် ဖျက်ဆီးနေကြလို့ပါ ခင်ဗျာ။

( ကောင်းနိုင် )



မြန်မာနိုင်ငံမှာ ဘင်္ဂလီ ရှိတယ်ဆိုတာသက်သေပြစရာ မလိုတော့



ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်......

(“သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ ” )

အခုတော့ပြောင်းပြန်...ဘင်္ဂလီကသပိတ်မှောက်တော့ မြန်မာနိုင်ငံမှာ ဘင်္ဂလီ ရှိတယ်ဆိုတာ ဘာနဲ့မှ သက်သေပြစရာ မလိုတော့ဖူးပေါ့....

နိုင်ငံတော်သမ္မတကြီး ခွင့်ပြုပေးတာလား


Shwe Su

နိုင်ငံတော်သမ္မတကြီး သိရှိပါရဲ့လား...?
နိုင်ငံတော်သမ္မတကြီး ခွင့်ပြုပေးတာလား ရှင့်...?
================================

ပုဂံဘုရားအမှတ်/၁၆၅ ပရိဝုဏ်နယ်မြေတွင် မြေကွက်ရိုက်ခြင်းများ နှင့် ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်၌ ကော်ဖီစိုက်ခင်းများပါမကျန် ဂရန်မြေပေါက်၍ လူမျိုးခြားများလက်သို့ ဆင်းသက်ရောက်ရှိသွားခြင်းများ...။

လွန်စွာအံ့ဩမိသည်မှာ ယခင် တပ်မတော်အစိုးရလက်ထပ် ဗိုလ်ချူပ်မူးကြီးသန်းရွှေ ကိုယ်တိုင်တောင်မှ မပြုလုပ်ခဲ့ခြင်းများ။

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမြို့နယ် ငှက်ပစ်တောင်ရပ် အမှတ် ၃ နယ်မြေရှိ ဘုရားအမှတ် ၁၆၅ ရှင်ပင်ပွင့်လင်းဘုရားနှင့် လှိုဏ်ဂူပေါင်း ၉၉ ခုရှိရာ ပရိဝုဏ်နေရာမြေနေရာတွင် ဟိုတယ်များ ဆောက်လုပ်ရန်နှင့် လူနေအိမ်များ ဆောက်လုပ်ရန်အတွက် မြေနေရာများကို အကွက်ရိုက်နေ၍ ဖြစ်ပါတယ် ရှင့်။
မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၏ အသဲနှလုံးဟု ကမ္ဘာကတင်စားထားသည့် ပုဂံရှေးဟောင်းနယ်မြေတွင် စေတီပုထိုးပေါင်း ၃၁၂၂ ဆူရှိပြီး စေတီများအနီးရှိ မြေလွတ်မြေရိုင်းများကို အကွက်ရိုက်ကာ မြေနေရာချထားခြင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အရုပ်ဆိုးအကျည်းတန် မဖြစ်စေဘူးလား ရှင့် ။
ပုဂံမြို့မှ အသိမိတ်ဆွေများနှင့် ဒေသခံများ၏ ပြောစကားများအရ ယခင်တုန်းက ဗိုလ်ချူပ်မှူးကြီးသန်းရွှေတောင် ယခုလိုမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ ၂၀၁၂ ခုနှစ်မှစတင်၍ ဟိုတယ်နှင့် လူနေအိမ်များဆောက်လုပ်ရန် ပေ၂၀၀ စီ မြေကွက်ရိုက်ကာ လမ်းများပါ ဖောက်လုပ်နေသဖြင့် ယာဉ်အသွားအလာ တုန်ခါမှုကြောင့် စေတီပုထိုးများ ၊ လှိုဏ်ဂူများ ပြိုကျပျက်စီးနိုင်ကြောင်းကို ဒေသခံ ကလေးများမှအစ သိရှိကြပါတယ် ရှင့်။
ညောင်ဦးမြို့နှင့် ပုဂံမြို့အနီးတဝိုက် ဟိုတယ်ဇုန်စီမံကိန်းများကြောင့် လူမျိုးခြားများလက်ဝယ် ရောက်ရှိပြီးမှ မြေကွက်ဈေး သိန်းပေါင်း သောင်ဂဏာန်းအထက် တန်ကြေးရောက်ရှိ နေသည်မှာလည်း ပြည်သူများအတွက် အကျိုးရှိပါရဲ့လား ရှင့်။
ထို့ပြင် ပြင်ဦးလွင်မြို့သို လွန်ခဲ့သော အပတ်က အလည်ရောက်ရှိစဉ် အခါကလည်း.....
တစ်ချိန်က အရှေ့တောင်အာရှမှာ အလှဆုံး ဥယျာဉ်မြို့တော် ဖြစ်ခဲ့တဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူစရာမြို့တော် ၊ တောင်လှေကားမြို့တော် ပြင်ဦးလွင်မှာလည်း ကော်ဖီစိုက်ခင်းများပါမကျန် ဂရန်မြေပေါက်၍ လူမျိုးခြားများလက်ဝယ် ရောက်ရှိနေပါတော့တယ် ရှင့် ။
လွန်စွာ အံ့ဩမိတာက ရှေးယခင် ဗိုလ်ချုပ်အောင်ဆန်း မေမြိုသို့ရောက်စဉ် ခေတ္တတည်းခိုလေ့ရှိသော ပြင်ဦးလွင်မြို့ အဝင် ဗိုလ်ချုပ်ကုန်းဟု ခေါ်ဆိုကြသော ကော်ဖီစိုက်ခင်းများနှင့် စိမ်းလန်းသာယာခဲ့သည့် ထိုနေရာ၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျှင် ချန်လှပ် လှပစေခဲ့သည်များကို ယခု သမ္မကြီးလက်ထပ်တော် အခါမှာဖြင့် ကိုယ်တော်တိုင် ကြွမြန်း၍ ရှုစားစေလိုပါကြောင်း ရိုးသားစွာ တင်ပြချင်ပါတယ် ရှင့်။