Saturday, April 5, 2014

သမီးလေးရွာသားတွေ ကျောက်ခက်ကို ရောက်မှပဲ သက်ပြင်းချနိုင်တဲ့ ဗိုလ်ဆန်းအောင်




“သမီးလေး ရွာသားတွေကို သယ်လာခဲ့ရတဲ့ လမ်းတလျာက်က ပြည်သူလူထု ကူညီခဲ့လို့ အခုလို့ ရည်မှန်းချက်ကို ရောက်လာတာပါ”

“ဖြတ်သန်းခဲ့ရတဲ့ ဘဝ တလျောက် အခုလို သမီးလေး ရွာသားတွေကို သယ်လာခဲ့ရတဲ့ အခက်အခဲကျော်ဖြတ်ရတာတွေ ရည်မှန်းချက်ရောက်တော့ ပျော်ရွှင်မှုတွေ ဒီလို ခံစားမှုမျိုးက ဒါ ပထမဆုံးပဲ”

Photo by Y a m o u n n a r
5 April 2014, ကျောက်ခက်ရွာ

မအူပင်မြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်



The Myanma Age

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခုဆန္ဒထုတ်ဖော်မှုမှာ ဒုတိယအကြိမ်ဖြစ်ကာ ခွင့်ပြုချက် မရရှိထားကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများသည် မအူပင်မြို့နယ် NLD ပါတီရုံးမှ မင်းလမ်းအတိုင်း စီတန်းလှည့်လည်၍ ကမ်းနားလမ်းမှတဆင့် ရေလဲလမ်း၊ ခိုင်သစ္စာလမ်းထိပ်မှ ၉ လမ်း NLD ပါတီရုံးသို့ နံနက် ၁၁ နာရီ ၃ဝ မိနစ်တွင် ပြန်လည်ဝင်ရောက်ခဲ့ပြီး စီတန်းလှည့်လည်ခြင်းကို ရပ်နားခဲ့သည်။

ယင်းစီတန်းလှည့်လည်ခွင့်အား ကြိုတင်ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှ သံဃာတော်များ စာဖြေပွဲ ရှိသည်ဟုဆိုကာ ခွင့်ပြုမိန့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ၅၉ (ဃ) (စ)၊ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ စီတန်းလှည့် လည်ခဲ့ကြသည်။

မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြီးခဲ့သည့် မတ် ၂၈ ကလည်း လူအင်အား ၆ဝဝကျော် က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်



7Day Daily

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။

ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်းရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

ဖွဲ့စည်းပုံပြင်ရန် ပုသိမ်တွင် လူတစ်ထောင်ကျော် ဆန္ဒပြ



 Mizzima
*******
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဧပြီလ ၅ ရက်က ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဒေသခံ တစ်ထောင်ကျော်တို့ ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ-စည်သူမောင်မောင်)။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၆လ အလိုတွင် အခြေခံဥပဒေပါ ပြင်သင့်သည့်အချက်များအား လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကောင်အထည်ဖော်မှုကော်မတီကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ညွှန်ကြားထားသည်။


လှည်းကူးမှ ဒဏ်ရာရရှိသူ ဆေးကုသမှုမှတ်တမ်း



Coko Dmoe

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သောဖြစ်စဉ်မှ
ဒဏ်ရာရရှိသူ သက်ပိုင်ဦး၏ ဆေးကုသမှုမှတ်တမ်းများဖော်ပြခြင်း

၎.၄.၂၀၁၄ရက်နေ့ ၁၅၄၅အချိန်တွင် လှည်းကူးမြို့နယ်၊မြို့မဈေးအရှေ့ဘက်
အမိုးအကာကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉)ဆိုင်ခန်း(၃)ခုမှ
 ဦးကိုကိုနိုင်၏သားများဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို(ခ)အွစ္စမန်ပါ
(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ် (၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့်
အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်
ဖြစ်ပွားခဲ့ရာမှ သက်ပိုင်ဦးတွင်ဒဏ်ရာရရှိခဲ့သဖြင့် ရန်နိုင်(ခ)ရန်အောင်ကိုကို
(ခ)အွစ္စမန်ပါ(၃)ဦးကို လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ
-၃၂၄/၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်မှဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့်
တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပို့အပ်ကုသ
ခဲ့ရာ ၎င်း၏ဒဏ်ရာအခြေအနေမှာ ဆေးမှတ်တမ်းများအရ“ယာဘက်
မျက်လုံးအောက်မျက်ခမ်း 1.4 cm x 0.3 cm အဆီပြင်ထိနက် ပေါက်ပြဲ
ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ပါးရိုး 2 x 1.5 cm ရှိ ဖူးရောင်ဒဏ်ရာ(၁)ချက်
၊ မျက်စိအတွင်းမျက်ဖြူသားပွန်းပဲ့၊ မျက်ကြည်လွှာပွန်းဒဏ်ရာ၊အောက်မျက်ခမ်း
ရောင်၊ ယခုစစ်ဆေးချက်အရ မျက်စိအမြင်အားလုံးကောင်းမွန်နေ၊ မျက်စိ
အမြင် ဆိုးဆိုးဝါးဝါးထိခိုက်မှုမရှိနိုင်ပါ၊ တစ်ခုခုဖြစ်ပါက မျက်စိဆေးရုံ
အမှောင်ခန်းသို့ပြန်ပြရန်နှင့် ချုပ်ရိုးဖြေရန်အတွက် ဗုဒ္ဓဟူး(သို့မဟုတ်)
ကြာသပတေးနေ့တွင် မျက်စိဆေးရုံသို့ ပြသရန်” တို့ဖြစ်ကြောင်း သိရှိရပါသည်။

" ကယ်တော်မူပါ အရှင် ၀ီရသူ..ဘုရား...."



=======================
ရေး-ဆရာ ဆယ် (5-4-2014)

အခုရက်ပိုင်း အတွင်း နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကျူးကျော်
ဘုန်းကြီး ကျောင်းဆိုပြီး ရဟန်း၊သံဃာ တော်တွေကို နှင်ထုတ်၊ ဖမ်းဆီး၊
ဝရမ်းပြေး ကပ်...နဲ့ ကြားရတာ နားမသက်သာလို့ ၀ီရသူကို ဦးထိပ်ထား
မဘသ အပေါင်းနဲ့ 0ff လိုင်း on လိုင်းမှာရှိတဲ့ ၉၆၉ အပေါင်းကို တိုင်
တည်လိုက်ရပါတယ်...။

ကြားလို့မှာ ကောင်းပါရဲ့ လား..ဘုရား .။တပည့်တော် တော့ ရှက်မိပါတယ်။
နေပြည်တော်ကောင်စီမှာ ရဟန်း ၃ပါး ချက်ချင်း၊လူဝတ်လဲ ကျူးကျော် ဆိုပြီး
ထောင်၆လချသတဲ့..။နောက်ကွယ်ကကြိုးကိုင် တာကတော့ သမ္မတရုံးက ၀န်
ကြီး ဦးသိန်းညွှန်တဲ့...ဘာကြောင့်လဲ..ဆိုတော့ ဒီမြေတွေဟာ နောင်မှာ ၀န်
ကြီးတွေ မြေ ဖြစ်တော့မှာ ဆိုပဲ။ဒါကြောင့် အရှုပ်ထှုပ်တွေကို ရှင်းရတာ ဆိုပဲ။
ဘုရား..ဘုရား..သံဃာ့ မြေတောင်လုယူနေကြပါလား..။

ဒါပယ်မဲ့..ကိုယ်တွေက မစိုးရိမ်ပါဘူး..ဘုရား..ဒီနိုင်ငံမှာ အမျိုးဘာသာ၊သာသနာ
အတွက်ဆို ရှေ့ ဆုံးကရပ်တည်မဲ့ ဆရာတော် ၀ီရသူနဲ့ ၉၆၉ အပေါင်းပါ တွေ
အုံလိုက်၊ကျင်းလိုက်ရှိနေတာ သိရ တော့ တစ်မျိုး အားတက်ရပြန်တယ်..ဘုရား..။
ဒီလိုကိစ္စ မျိုး ဆို အရှင်ဘုရားတို့ အပေါင်းအပါအဖွဲ့ ဘာလုပ်မလဲ ဆိုတာ တစ်
နိုင်ငံလုံးက စောင့်ကြည့်နေပါတယ်ဘုရား..။ပြည်သူတင် မကပါဘူး..မီဒီယာ
တွေ လည်း ပါတယ်...ဘုရား..။အထူးသဖြင့် DAILY ELEVEN ဆို မဖုံးနိုင်၊မ
ဖိနိုင် ..အရှင်ဘုရား တို့ကို ဘာလုပ်နေကြသလဲ ဆိုပြီး မျက်နှာဖုံးပါ တင်တဲ့အ
ထိ ဒေါသတကြီး ရေးနေကြပါတယ် ဘုရား..။သည်းခံပါဘုရား...။ပညာရှိ အမျက်
အပြင်မထွက် ဆိုသလို ဆရာတော်တို့ မ.ဘ.သ ဘတ်ကအနေနဲ့ ဘယ်လိုတုန့်
ပြန်မယ်ဆိုတာကို အားလုံးက သိချင်နေကြပါတယ်...ဘုရား..။

ဒါနဲ့..စကားမစပ်..ဘုရား...ဒီကိစ္စကို သမ္မတရုံးက ကိုင်တွယ်တယ် ဆိုတော့..နောက်
ကွယ်မှာ သမ္မ တကြီး ရှိနေပြီ ဆိုတာ ငြင်းမရတော့ပါဘူး..။ဒီသမ္မ တကြီး ဆိုတာလည်း
သိပ်တောင်မကြာသေးပါဘူး...ဟိုတလောက လွှတ်တော်ကို မျိုးစောင့် ဥပဒေ
ဆိုတဲ့ ဟာကြီး တင်ထားဖူးတဲ့ လူကြီးပါဘုရား..။သူ့ဆီ စာတင်ပြီး အကူအညီ
တောင်းစေချင်ပါတယ်...ဘုရား..။ဒါပယ်မဲ့ ..အကူအညီတော့ ရမယ်ထင်တော့
ပါဝူး..ဘုရား...။လာဘ် မစားတဲ့ ဒီသမ္မ တကြီး ဟာ အခုချိန်ဆို ရာဇဌာနီ လမ်း
ဟောင်းနားမှာ ရှိတဲ့ ဧက ၅၀၀ ကျယ်တဲ့ သူရဲ့ ခြံဝန်း ကြီးထဲက နွားတင်းကုပ်ဘေး
မှာ နွားနို့ သောက်ပြီး အပန်းဖြေနေလောက်ပီ ထင်ပါရဲ့ ဘုရား..။နွားတင်ကုပ်
ဆိုပယ်မဲ့ အထင်မသေးပါနဲ့ ဘုရား ...ဆောက်ထားတာကတော့ အရှင်ဘုရား
တို့ မစိုးရိမ် ကျောင်းတိုက် နီးပါး ဟင်ဂလန်၊အလူမီနီယံ ၊ရောင်စုံ သွပ်တွေနဲ့ပါ
ဘုရား..။

မပြော၊မပြီး၊မတီးမမြည် ဆိုသလို ထောင်အကျမခံရသေးတဲ့ ကျန်ကျောင်းထိုင် ဆ
ရာတော် တွေကိုလည်း ပြစ်မှု့ ဆိုင်ရာ ပုဒ်မ ၅၁၂ နဲ့ ထပ်မံ တရားစွဲထားပြီး..၀ရမ်း
ပြေးအဖြစ် ကြေညာသွားမှာပါတဲ့..ဘုရား...ဘုရား..မတွေးဝံ့ပါဘူ.း.။ဓမ္မ၀ိနိယနဲ့
လည်း မညီ၊ သံဃာ ၀ိနိ စ္ဆ လက်စွဲမှာလည်းမပါ...ဒီအစိုးရ လက်ထက် အဓမ္မ ပြု
အနိုင်ကျင့်နေတာကို အရှင် ၀ီရသူ အပါအ၀င် ၊မ.ဘ.သ အပေါင်း ၉၆၉ များတို့
ထိုင်မကြည့်နေပဲ ၀ိုင်းဝန်းကူညီ ကြပါလို့ အမျိုး၊ဘာသာ၊သာသနာ..အကျိုးး မျှော်
ကိုးပြီး နှိုး ဆော်ပြီး တိုက်တွန်း လိုက်ရပါတယ်....ဘုရား......။

NLD ပညာရေးကွန်ယက် ၃ နှစ်ပြည့်ဂုဏ်ပြုပွဲနှင့်ရန်ပုံငွေဂီတပွဲတော်

popular


အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပညာရေးကွန်ယက် ၃ နှစ်ပြည့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ဧပြီလ ၄ ရက်၊ ညနေ ၄ နာရီ MCC ခန်းမမှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဆရာ၊ဆရာမများအားဂုဏ်ပြုခြင်း၊ ကူညီပံ့ပိုးပေးကြတဲ့ အနုပညာရှင်များအားဂုဏ်ပြုခြင်း ၊ အလှူရှင်များအား ဂုဏ်ပြုခြင်းနှင့် အမေ့အိမ် ပညာဒါနကျောင်းမှ ကျောင်းသူ/သား ရဲ့ဧည့်ခံဖျော်ဖြေခြင်း အစီအစဉ်များကို ကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ည ၇ နာရီအချိန် တွင် နိုင်ငံကျော်တေးသံရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ပြီး နာရေးကူညီမှုအသင်း

(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူကလည်း လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့နှင့်အတူ ကိုယ်တိုင်ရေးစပ်ထားတဲ့ " အမေ့ကျေးဇူး " ကဗျာကိုရွတ်ဖတ်ဂုဏ်ပြုခဲ့ပါတယ်။
ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဧပြီ ၅ ရက်နေ့မှာ ဆက်လက်ပြုလုပ်ကျင်းပမှာဖြစ်ပြီး ပွဲတော်ရက် ၂ ရကါလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
အနုပညာရှင်များလက်မှတ်ထိုးထားတဲ့ T.Shirt နှစ်ထည်ကို တစ်ရက်လျှင်တစ်ထည်နှုန်း ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။

ဂျပန်ကူမှ နလန်ထူရ ပုဂံမြေအလှ

မူရင်းလင့်
or
Read below


Ma Nandar

- ပြီးခဲ့တဲ့(၂)ပါတ်ကျော်ကျော်လောက်တုန်းက ဆိုပါတော့။  အတိအကျပြောရရင်တော့ (၂၀၁၄.မတ်လ.၁၉)နေ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ အဆာဟိ ( ASAHI) သတင်းစာရဲ့  မျက်နှာဖုံးနေရာ အလယ်တည့်တည့်လောက်မှာ မြန်မာနိုင်ငံက ပုဂံဘုရားပုံတော်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။



ရင်ထဲ ဒိတ်ကနဲ နေသွားတယ်။ စိတ်ထဲမလည်း ဘုရား ဘုရား ပုဂံဘုရားတွေကို ဘာလုပ်ဦးမလို့ပါလိမ့်၊ ရောင်းစားတော့မှာလား၊ ပေါင်စားတော့မှာလား၊ လဲစားတော့မှာလား၊ ငှားစားတော့မှာလား၊ ပြစားတော့မှာလား...စသဖြင့် ကိုယ့်လူများအကြောင်း ကိုယ်အသိဆုံးပါ ဆိုသလိုပဲပေါ့။

မြန်မာတို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓအမွေအနှစ်လည်းဖြစ်၊ ရှေးဟောင်းအမွေအနှစ်လည်း ဖြစ်တဲ့ ဒီပုဂံမြေနဲ့ ပုဂံဘုရားတွေကိုဘာများ လုပ်ကြဦးမလို့လဲ၊ ဘာများ ဖြစ်ပြီလဲပေါ့။

ဂျပန်တို့ရဲ့ သဘောသဘာဝအရ ဒီလို သတင်းစာရဲ့ အဓိက နေရာကြီးမျိုးမှာ ဂျပန်မဟုတ်တဲ့ ပြည်ပသတင်းကို ဖေါ်ပြတယ်ဆိုတာဟာ သူတို့ အလွန်အမင်း အထင်ကြီးသော(သို့) သူတို့အတွက် အကျိုးရှိသော (သို့) အင်မတန်မှ ထူးဆန်းသောကိစ္စရပ် (သို့) ကမ္ဘာနဲ့ချီပြီး နာမည်ကြီးနေတဲ့ သတင်း...စသဖြင့်သော ကိစ္စရပ်များကလွဲလို့ ပြည်ပသတင်းတခုကို သတင်းစာရဲ့ အခုလိုနေရာမျိုးမှာ ဖေါ်ပြလေ့မရှိဘူး။ အထူးသဖြင့် သူတို့အထင်သေးနေကျဖြစ်တဲ့ အာရှက နိုင်ငံတွေထဲမှာမှ အာရှအချင်းချင်းတောင် အထင်သေးခြင်းခံနိုင်နေရတဲ့ မြန်မာနိုင်ငံက သတင်းမျိုးကို အခုလို ဦးစားပေးနေရာက ဖေါ်ပြထားတယ်ဆိုတော့ အတော်လေး စိတ်ဝင်စားမိတယ်။

ဒါနဲ့ပဲ အလုပ်ချိန်အတွင်းကနေပဲ ကမန်းကတမ်း ကောက်ဖတ်လိုက်တော့ အကြမ်းအားဖြင့်တော့ အထက်က စိုးရိမ်နေတာတွေ တခုမှ မဟုတ်မှန်း သိလိုက်ရတယ်။ သူတို့ရေးထားတဲ့ သတင်းဆောင်းပါးရဲ့ သတင်းခေါင်းစဉ်အကြောင်းအရာက အခုလို အစချီထားပါတယ်။

 " ဟောင်းနွမ်းသွားသော နံရံဆေးရေးပန်းချီများ"

အာရှ၏ ဗုဒ္ဓဘာသာဆိုင်ရာ အကြီးဆုံးဖြစ်သော အဆောက်အဦများတည်ရှိရာ နေရာ(၃)နေရာထဲမှ တစ်ခု။

မြန်မာပြည်အလယ်ပိုင်းရှိ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိရာနေရာ။

(၁၁) ရာစုမှ (၁၃) ရာစုအတွင်းရှိ ရောင်စုံနံရံဆေးရေးပန်းချီတို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသော ပုဂံမြေ။ လို့ အစချီထားပါတယ်။

ဆက်လက်ပြီးတော့ ဆောင်းပါးရှင်က သည်မြေမှာ ရှိနေတဲ့ ရှေးဟောင်းနံရံဆေးရေး ပန်းချီလက်ရာများဟာ ငလျင်အစရှိတဲ့ရာသီဥတုဒဏ်များကြောင့် ပန်းချီရုပ်ပုံများ တည်ရှိရာ အောက်ခံအင်္ဂတေများ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရပြီး၊ယင်းအက်ကြောင်းများမှတဆင့် မိုးရေ အစရှိသည်တို့ ယိုစီးဝင်မှုကြောင့် ရှေးဟောင်းလက်ရာများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိသည် ဟုဆိုပါတယ်။



ယင်းဖြစ်စဉ်အတွက် ဂျပန်နိုင်ငံ " အမျိုးသားယဉ်ကျေးမှုဆိုင်ရာသုတေသနအဖွဲ့အစည်း(တိုကျို) (Tokyo Research Institute for Cultural Properties ) " မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှုပေးအပ်မည်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ဝမ်းသာစရာ သတင်းပါတကား။

ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင်က သူ့ဆောင်းပါးတခုလုံးမှာ ပုဂံမြေနဲ့ ပုဂံဘုရားများကို နာမဝိသသေန အမျိုးမျိုးနဲ့ မရိုးနိုင်အောင် ညွှန်းဆိုသွားတဲ့အလျောက် ပုဂံမြေကို အခုလို ဖေါ်ပြပါတယ်။

" အရှေ့တောင်အာရှ၏ အကောင်းဆုံးနေရာများထဲတွင် တခုအပါအဝင်ဖြစ်သော၊ မြတ်စွာဘုရား၏ သာသနာ့ အဆောက်အအုံများတည်ရှိရာ မြင့်မြတ်သော နယ်မြေဒေသတခုဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပုဂံမြေ " တဲ့။

ဆက်လက်ရေးသားထားတာကတော့ ဤဒေသတွင် အဖိုးတန်ရောင်စုံနံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးသော်လည်း ရာသီဥတုဒဏ်ကြောင့် အက်ကြောင်းတို့နှင့်တကွ၊ စနစ်တကျမဟုတ်သောပြုပြင်မှုများဖြင့် တကယ့်ကို ပျက်စီးယိုယွင်းလျက်ရှိသည်မှာ ခံပြင်းစရာ၊ အသဲယားစရာပင် ကောင်းလှပါသည်ဟု ဆိုပါတယ်။

ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာ့သမိုင်းဝင် မှတ်တမ်းစာရင်းအဆင့်ရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဒီလိုပဲ ပစ်စလက်ခတ် ပစ်ထားခြင်းအပေါ် ဘယ်လောက်တောင် အသဲယားနေလဲ၊ဘယ်လောက်တောင် နှမြောနေလဲ ဆိုတာကို ဆောင်းပါးတခုလုံးကို ခြုံကြည့်ရင် သူ့ရဲ့ စိတ်ခံစားချက်ကို ဖေါ်ပြနေတဲ့ သူ့အရေးအသားတွေကို တွေ့နိုင်ပါတယ်။

သူက အခုလိုဆက်ပြီး ရေးပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနေပြီဖြစ်သော မြန်မာနိုင်ငံအစိုးရသည် ဂျပန်နိုင်ငံရှိ နံရံဆေးရေးပန်းချီများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်နေသောအမျိုးသားယဉ်ကျေးမှုဆိုင်ရာ သုတေသနအဖွဲ့အစည်း(တိုကျို) ၊ အတိုကောက်အခေါ်အဝေါ်…(တိုယဉ်သု)၏ ပံ့ပိုးကူညီမှုကို ရယူလျက်၊ တင်းပြည့်ကျပ်ပြည့် ထိန်းသိမ်းမှုလုပ်ငန်းဆောင်တာများကို စီမံကိန်းများချ၍ စတင်ဆောင်ရွက်နေပါပြီ။

(တိုယဉ်သု)သည် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကိုရယူပြီး (၁၁)ရာစုအစပိုင်းတွင် တည်ဆောက်ထားခဲ့သော ဘုရားအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။ သက်ဆိုင်ရာ စေတီပုထိုးများရဲ့ အဝင်အထွက်ပေါက်ကိုသော့ခတ်ထားပြီး၊ ဒေသခံများပင် ဝင်ခွင့်မရပါဘူး လို့ဆိုပါတယ်။

ဒီနေရာမှာ ဆောင်းပါးရှင်ရဲ့ လေသံက အားရဝမ်းသာနဲ့ ဂုဏ်ယူနေဟန်ရှိပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) နီးပါးက တည်ဆောက်ထားခဲ့တဲ့ ဒီလိုရှေးဟောင်း အဆောက်အဦထဲကို ဝင်ခွင့်ရတာကို သူ့အနေနဲ့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူပုံရပါတယ်။

ဆက်လက်ပြီး သူက စေတီပုထိုးအတွင်းရှိ အခန်းအနေအထားနဲ့ သူမြင်ရပုံကို အခုလို ဖေါ်ပြပါတယ်

" လုံးဝကို မှောင်မိုက်နေတဲ့ အခန်းမှာတော့ အမြင့်(၁၀)မီတာလောက် အတိုင်းအတာရှိတဲ့ အမိုးလုံးရဲ့ထိပ်ဖျားကိုဗဟိုပြုပြီး နီ၊ဝါ၊ပြာအရောင်စုံ တောက်တောက်ပပတို့ဖြင့် ပတ်ပတ်လည်လည် ရေးဆွဲထားသော မြတ်စွာဘုရားပုံတော်များ၊ ဗုဒ္ဓဝင်ပုံတော်များကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း မြတ်စွာဘုရားရဲ့ မျက်နှာတော်များ၊ ခန္ဓာကိုယ်များပေါ်မှာတော့ ကန့်လန့်ဖြတ် အရေးအကြောင်းများဟာ ဟိုမှသည် သည်မှဟိုသို့ ပြေးလွှားနေသလိုမျိုး မြင်နေရပါတယ်။ အချို့သော နံရံဆေးရေးပန်းချီများရဲ့ အောက်ခံအင်္ဂတေများဟာ အဖတ်လိုက် ကွာကျလျက်ရှိပြီး၊ အောက်ခံအုတ်နံရံကို အတိုင်းသား မြင်နေရတဲ့ နေရာများကိုလည်း အများအပြားတွေ့လိုက်ရပါတယ်။



မြန်မာနိုင်ငံရှေးဟောင်းသုတေသနဝန်ကြီးဌာန၏ ပြောကြားချက်အရ ငလျင်အစရှိသော သဘာဝဘေးအန္တရာယ်တို့ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ရပြီး၊ အဆိုပါ အက်ကွဲကြောင်းများမှ မိုးရေအစရှိသည်တို့ကြောင့် အင်္ဂတေများ ကွာကျခြင်း၊ ဘောင်များကျွတ်ထွက်ခြင်း အများအပြားရှိတယ်လို့ သိရပါတယ်။ ရေ၊လေ၊ဖုန်စသည်တို့ ဒလောဟော ဝင်နိုင်တဲ့ တံခါးရွက်မရှိတော့သော အဝင်အထွက်ပေါက်များနဲ့ ပြတင်းပေါက်များကိုလည်း အများအပြားတွေ့ရပါတယ်။

ခြောက်သွေ့တဲ့ရာသီဥတုကြောင့် မှိုတက်ခြင်းသိပ်မရှိပေမယ့်၊ ဆေးရေးပန်းချီများပေါ်သို့ တိုက်ရိုက် ကျရောက်နေသော လင်းနို့အညစ်အကြေးများ၊ ပင့်ကူအိမ်များ၊ လူတို့လျှောက်ခြစ်ထားသော ခြစ်ရာများဟာ တကယ့်ကိုပါပဲဗျာ " တဲ့။

" ဒီလောက် အဖိုးအနဂ္ဂထိုက်တန်တဲ့ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်တွေ ငါတို့ဆီမှာသာရှိရင် ဖူးဖူးကို မှုတ်ထားဦးမှာ" လို့ ပြောချင်နေပုံရပါတယ်။ ခေတ်အဆက်ဆက် မင်းနဲ့ပြည်သူ တန်ဖိုးမထား၊ ဂရုမစိုက်ပုံတွေကိုတော့ ခမြာ စုတ်တသပ်သပ်နဲ့ တော်တော်အသဲယားနေပုံပါပဲ။

ဆက်လက်ပြီး သူက

" မျက်နှာပြင်ကို မော့ကြည့်လိုက်ရင် အရင်က ပြုပြင်ဖာထေးတဲ့အနေနဲ့ သုံးခဲ့တဲ့ အဖြူရောင်ထုံးများဟာ အရည်ပျော်ပြီး ပန်းချီကားများပေါ် ဖုံးကွယ်နေပြီ။ နံရံဆေးရေးပန်းချီကားများကို ထုံးသုတ်ခြင်း၊ အပေါ်မှထပ်ဆွဲခြင်းများဟာလည်း မနည်းဘူး။

ဒီနေရာအပြင် (၁၁)ရာစု လောက်က တည်ထားတဲ့ ပုဂံမြို့ဟောင်းတောင်ဘက်ပိုင်း ရှေးဟောင်းမြင်းကပါအရပ်ရှိ  အပါယ်ရတနာဘုရားမှာလည်း အိန္ဒိယပြည်ရဲ့ ဟိန္ဒူဗုဒ္ဓဘာသာနှင့်စပ်လျဉ်းတဲ့အကြောင်းအရာများကို ရေးဆွဲထားတဲ့ ဆေးရေးပန်းချီများ ရှိကြောင်းကိုလည်း သိခဲ့ရတယ်" လို့ ဆိုပါတယ်။

ဒီမှာတင်ပဲ ဆောင်းပါးရှင် ဂျပန်လူမျိုးမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ဗုဒ္ဓဘာသာနဲ့ စပ်လျဉ်းတဲ့ သဘောထားကို သူ့အမြင်အတိုင်း အခုလို ရေးထားတာတွေ့ရပါတယ်။

" မြန်မာတို့သည် ဘုရားစေတီကျောင်းကန်ပုထိုးများကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်း တန်ဖိုးထားခြင်းထက်၊ နေ့စဉ် ပုံမှန် ဘုရားရှိခိုး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများမှာ ပိုမိုအားသန်ကြောင်း တွေ့ရတယ်။ အများစုသည် မိမိကိုယ်ပိုင် လုပ်အားဖြင့် ဘုရားတည် ကျောင်းဆောက်ခြင်း၊ စေတီပုထိုးများကို တပိုင်တနိုင် ပြုပြင်ထိန်းသိမ်းခြင်းများဟာ ဘဝမှာအမွန်မြတ်ဆုံးကောင်းမွန်သော အလုပ်လို့ ယူဆထားသူများ ဖြစ်ကြကြောင်းသိရတယ်။ "

ရှေးဟောင်း စေတီပုထိုးများအပေါ် မြန်မာတို့ ထားရှိသော အပြုအမူနဲ့သဘောထားကို သူ့အမြင်အတိုင်း အခုလို ရေးပြီးတဲ့နောက်မှာတော့ သူက ပုဂံရဲ့ တန်ဖိုးကို အခုလို ထပ်မံဖေါ်ကျူးပြန်တယ်။

" ပုဂံဆိုသည်မှာ ကမ္ဘာပေါ်တွင် ကမ်ပူးချားမှ အန်ကောဝတ် (Angkor Wat) ၊ အင်ဒိုနီးရှားမှ ဘိုရိုဘူဒါ (Borobudur) ပြီးလျှင် တတိယရှေးဟောင်းအကျဆုံး ဗုဒ္ဓဘာသာဆိုင်ရာယဉ်ကျေးမှု အဆောက်အအုံများ တည်ရှိရာနေရာဖြစ်ပြီး (၁၁) ရာစုမှ(၁၃) ရာစုအတွင်း ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနှင့် ကောင်းစားခဲ့သော၊ ဗမာဆိုသည်ကို စတင်ခဲ့သောနေရာဖြစ်သည် " လို့ဆိုပါတယ်။ ကျွန်ုပ်တို့သင်ခဲ့ရတာကတော့ ဗမာအစ တကောင်းက တဲ့နော်။ သူကတော့ ဘယ်သမိုင်းစာအုပ်ထဲက အဲ့လိုတွေ့တယ်မသိပါဘူး။ ယနေ့အချိန်ထိ ဘုရား၊ စေတီ၊ ပုထိုးပေါင်းမှာ ၃၁၂၂ဆူနှင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံပေါင်း(၄၈၆)ကျောင်းတွင် ဆေးရောင်စုံ နံရံဆေးရေးပန်းချီများရှိနေကြောင်း သိရှိရပါတယ် တဲ့။

တော်ဝင်နန်းတော်တည်ရှိရာ ရှေးဟောင်းပုဂံမြေသည် ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရပ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် အကောင်းဆုံး နယ်မြေတခုအဖြစ် ညွှန်ပြနေသကဲ့သို့ရှိ၏ လို့လည်း ဆိုပါတယ်။

ယခုနောက်ပိုင်းနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စပြုလာပြီးသောကြောင့် ပုဂံမြေသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များ လာရောက်လည်ပတ်မှုသည်လည်း တိုးတက်များပြားခဲ့လာပါတယ်။ ဤတွင် မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနသည် နံရံဆေးရေးပန်းချီလက်ရာများ ဟောင်းနွမ်းယိုယွင်းမှု အရှိန်အဟုန်မြင့်မားလာခြင်း အန္တရာယ်ကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။

လွန်ခဲ့သော (၃)နှစ်ခန့်စပြီး တကယ့်ကို ထဲထဲဝင်ဝင်ပျက်စီးနေတဲ့ နေရာပေါင်း(၁၀၀)ခန့်ကို ပြုပြင်ထိန်းသိမ်းမှုများစတင်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အက်ကြောင်းရာများကို အချိန်မီမှန်ကန်တိကျတဲ့ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခြင်းများ နောက်ကျခြင်းကြောင့်လည်း ယခုဆိုလျှင် စေတီပုထိုးများမှ အက်ကြောင်းရာများမှာ  လက်ချိုး၍ပင် ရေတွက်၍ မကုန်နိုင်ပါ။

(ဆောင်းပါးရှင် ပြောချင်တဲ့ သဘောကတော့ ငလျင်လှုပ်လို့ အက်ကြောင်းဖြစ်သွားခဲ့ရင်လည်း အချိန်မီသာ ပြုပြင်ဖားထေးလိုက်မယ်ဆိုရင် အက်ကြောင်းတွေဟာ ရှေ့ဆက်တိုးလို့လို့မရတော့တာကြောင့် အခုလောက်မရေမတွက်နိုင်လောက်အောင် များပြားလာစရာမရှိဘူးလို့ ဆိုလိုတာပါ။)

(၁၉၉၀) လောက်မှာတော့ ရောမအခြေစိုက် Cultural Heritage Conservation Research International Centreမှ နည်းပညာများဖြင့် နံရံဆေးရေးပန်းချီများအား ပြုပြင်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။သည့်နောက်မှာတော့စစ်အစိုးရလက်အောက်မှာ အပြည်ပြည်ဆိုင်နှင့် ဆက်သွယ်မှုများ ပြိုပျက်ခဲ့တယ်။(၂၀၁၁) ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာမှ စီးပွားရေးကဏ္ဍ တခုတည်းသာမဟုတ်ဘဲ၊ ရှေးဟောင်းယဉ်ကျေးမှုများ ပြုပြင်ထိန်းသိမ်းရေးဘက်နေ၍ နောက်တကြိမ်ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး နာမည်ကြီးစေတီတဆူဖြစ်သော အာနန္ဒာစေတီရှိ နံရံဆေးရေးပန်းချီများရှဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို အိန္ဒိယနိုင်ငံမှ (၇)နှစ်စီမံကိန်းဖြင့် စတင်အကောင်အထည်ဖေါ်ခဲ့ပါတယ်။

မျက်နှာပြင်တွင် သုတ်ထားတဲ့ အဖြူရောင်ထုံးများကို လက်နဲ့ အသေးစိတ် ဂရုတစိုက် ခြစ်ချပြီးနောက်မှာတော့ ထုံးအောက်မှာရှိတဲ့ ပန်းချီလက်ရာများဟာ အပျက်အစီးမရှိ ပေါ်လွင်စေခဲ့ပါတယ်။

ယခုဆိုလျှင် တရုတ်နဲ့ကိုရီးယားတို့မှလည်းပြုပြင်ထိန်းသိမ်းမှုများအတွက် ပူးပေါင်းပါဝင်မယ့် အရိပ်အယောင်များပြလျက်ပါတယ် လို့ရေးထားပါတယ်။ ဒီနေရာမှာ ကျွန်ုပ်သဘောထားကို ပြောရရင်တော့ တရုတ်ကူညီမှုဆို ကြောက်လွန်းလို့ပါ လို့ပဲပြောချင်ပါတယ်။

ဂျပန်အနေနဲ့ကတော့ (၂၀၁၃)ခုနှစ် ဝသန်လောက်စပြီး "အမျိုးသားယဉ်ကျေးမှုဆိုင်ရာသုတေသနအဖွဲ့အစည်း(တိုကျို) " မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာနှင့်နည်းပညာများ မျှဝေပေးရေး ပရောဂျက်တခုကို ပုဂံမြေတွင် စတင်ခဲ့ပါတယ်။

သည်လိုစတင်နိုင်ခဲ့ခြင်းဟာ  " Agency for Cultural Affairs (Japan) "ရဲ့အပြည်ပြည်ဆိုင်ရာရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှုတခုပါပဲ။



Agency for Cultural Affairs (Japan) သည် စေတီပုထိုးများ ပတ်ဝန်းကျင်ရှိ အပူချိန်၊ စိုထိုင်းစ၊ မိုးရေပမာဏ၊ လေတိုက်နှုန်း စတဲ့ မိုးလေဝသဆိုင်ရာလေ့လာတိုင်းနိုင်သော စက်ကိရိယာတန်ဆာပလာများကို တပ်ဆင်ပေးခြင်းများ၊ လက်ရှိပြုပြင်ထားသော အခြေအနေများကိုလိုက်၍ ရှေးဟောင်းသုတေသနဌာန၏ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား နည်းပညာ ဗဟုသုတများကိုဦးဆောင်လမ်းပြပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်(၂၀၁၄) ဖေဖေါ်ဝါရီလမှစ၍ ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်းအချို့ကိုလည်း တိုကျိုမြို့သို့ ဖိတ်ခေါ်၍ ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းများကို လေ့လာစေခဲ့ပါတယ်။

Japan Center for International Cooperation in Conservation မှ ဌာနမှုး မစ္စတာ KAWANOBE WATARU ကတော့" မြန်မာတို့အနေနဲ့ လက်ရှိဒေသမှာ သုံးစွဲလုပ်ကိုင်နေကြတဲ့ ပစ္စည်းကိရိယာများကို ဆက်လက်သုံးစွဲပြီး ကိုယ့်ခွန်ကိုယ့်အားနဲ့ဆက်လက်ထိန်းသိမ်းနိုင်မယ့် ပုဂံမြေအဖြစ် တိုးတက်ပြောင်းလဲခြင်း ဖြစ်လာအောင် ကျနော်တို့အနေနဲ့ မြန်မာတို့နဲ့ အတူပူးပေါင်းကူညီမှုများပေးချင်ပါတယ် " လို့ဆိုပါတယ်။

" မကြာဘူးဆိုရင်တောင် အနည်းဆုံး(၁၀)နှစ်လောက် ဂျပန်-မြန်မာနှစ်နိုင်ငံ ကူးလူးဆက်ဆံပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက် သွားချင်ပါတယ် " လို့လည်း ပြောကြားခဲ့ပါတယ်။

ရှေးဟောင်းပုဂံယဉ်ကျေးမှုဌာနရဲ့ ဌာနခွဲမှုး ဦးနိုင်ဝင်းမှလည်း " ပုဂံရဲ့အားလုံးသော နံရံဆေးရေးပန်းချီများရဲ့ ဟောင်းနွမ်းမှုများ၊ အပျက်အစီးများရဲ့အသေးစိတ် မှတ်တမ်းပြုလုပ်ထားတဲ့ စာရင်းသည် မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဒီနံရံဆေးရေးပန်းချီများဟာ မြန်မာတို့ရဲ့ အသဲနှလုံးပါ။ ဂျပန်တို့၏သေသပ်လှပသော ပြုပြင်ထိန်းသိမ်းရေး နည်းပညာများကိုလည်းလေ့လာသင်ယူချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်" လို့ ပြောကြားခဲ့ကြောင်း သိရပါတယ် လို့ ဆောင်းပါးရှင်က ဖေါ်ပြထားပါတယ်။

မူရင်းဆောင်းပါးရှင် (森井英二郎 さん. MORIIEIJIRO SAN)

ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာ (အားကစားသီးသန့် သတင်းစာမပါ) နေ့စဉ် မနက်ပိုင်းထုတ် သတင်းစာများဖြစ်ကြသော

(1) Asahi Shimbun(2) Yomiuri Shimbun(3) Mainichi Shimbun(4) Sankei Shimbun(5) Nikkei Shimbun(6) Tokyo Shimbun  တို့တွင် Asahi သတင်းစာမှာ ဂျပန်နိုင်ငံတွင် လူဖတ်အများဆုံး သတင်းစာလည်း ဖြစ်သလို၊ ကမ္ဘာပေါ်တွင်လည်း အဋ္ဌမမြောက် လူဖတ်အများဆုံး သတင်းစာလည်း ဖြစ်ပါတယ်။

ဒီလို သတင်းစာမျိုးထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသရဲ့ အဖိုးမဖြတ်နိုင်လှတဲ့ ရှေးဟောင်းအမွေအနှစ်အကြောင်းကို သတင်းစာရဲ့ ရှေ့မျက်နှာဖုံးအလယ်နေရာနဲ့၊အတွင်းဘက်မှာလည်း စာမျက်နှာရဲ့ သုံးပုံတစ်ပုံခန့်အထိ



နေရာယူ ဖေါ်ပြထားခြင်း ခံရတာကို မြန်မာတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပေမယ့်၊

တဖက်မှာလည်း ဒို့များ မြန်မာပြည်မှာ အနှစ်(၅၀)လောက် ပြည်သူလူထုဟာ မိမိတို့ရဲ့ စားဝတ်နေရေး ဆင်းရဲကျပ်တည်းမှုများနဲ့အတူ၊ တိုင်းပြည်ဟာလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ ကျရောက်ခဲ့ရခြင်းတွေကြောင့် အူမတောင့်မှ သီလစောင့် နိုင်မယ်ဆိုသလိုပဲ၊ ဗုဒ္ဓဘာသာထွန်းကားရာ တိုင်းပြည်တပြည်ဖြစ်ပါလျက်နဲ့ မိမိတို့ရဲ့ ဗုဒ္ဓအမွေအနှစ်များ အဖြစ်လည်းကောင်း၊ ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များအဖြစ် လည်းကောင်း အဖိုးထိုက်တန်စွာ တည်ရှိနေသော နိုင်ငံ့ရတနာများကို စနစ်တကျ၊ ဂရုတစိုက် မပြုပြင် မထိန်းသိမ်းနိုင်ခဲ့ခြင်းများအတွက်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း.....

နန္ဒာ

ဒီနေ့ကာတွန်း

သခင်မျိုးဟေ့ဒို့ဗမာလို့အော်နေတာထင်တယ်(ရုပ်သံ)


RFA Myanmar

မီဒီယာ လောက ထဲ အထိ စွမ်းအားရှင်တွေ ရောက်လာ



Thiha Thwe
ဒီ နေ့ MPC မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်းသွား ယူတုန်း ၊ သတင်းထောက် တွေကြားမှာ လူကြီး တစ်ယောက် ကို တွေ့ဖူးပါတယ်ဆိုပြီးကြည့်နေတာ။ ဘယ်ဟုတ်မလဲ ။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်း အကြိုကာလ တွေ မှာ စွမ်းအားရှင် အဖွဲ့ တွေ ကို အနီးကပ် ကြီးကြပ် ခဲ့ ပြီး အပီအပြင် လှုပ်ရှား ခဲ့ တဲ့ ရန်ကုန်တိုင်း စစ်ဒေသ က ဗိုလ်မှုး ဖြစ်နေလေရဲ့။ မှတ်မိသေး တယ်။ ပထမဆုံး ပွဲဦးထွက် ချီတက်လာတဲ့ သံဃာ တွေ ကို ရွှေတိဂုန် အရှေ့ မုဍ် မှာ တားဆီး ပြီးအခြေအတင်ဖြစ်နေတော့ အနီး အနား မှာ ဗီဒီယို ရိုက်နေတဲ့ ကျွန်တော့ မိတ်ဆွေ သတင်းထောက် တယောက် ရဲ့ ကင်မရာ ကို ဆွဲယူပြီး ၊ မင်း ကင်မရာ အကောင်းတိုင်းပြန်လိုချင်ရင် အေးအေးဆေးဆေး ပေး လိုက်ဆိုပြီးသိမ်း လိုက်တာ။ တချို့ ၈၈ အဖွဲ့ တွေ နဲ့ လမ်းပေါ်မှာ ထိပ် တိုက်တွေ့ တဲ့ ပွဲစဉ်တွေ မှာ သူ ကိုယ်တိုင် အရပ်ဝတ် နဲ့ ပုဆိုး တိုတို ဝတ်ပြီး စွမ်းအားရှင် တွေ ကို ရှေ့ က ဦးဆောင် လို့ နင်တို့ တွေ ငါတို့ ရပ်ကွက်မှာ လာမရှုပ်ကြ နဲ့ ဆို ပြီး ကြိမ်းမောင်းပွဲကြမ်းခဲ့တာ ။ ဒါနဲ့ ကိုယ့်ဆရာ MPC ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ကို ဘာ တာဝန် နဲ့ များလာ သလဲ လို့စုံစမ်းကြည့်တော့ ၊ လားလား ၊ ကိုယ့်ဆရာ က ယူနီဖေါင်းချွတ်ပြီး နာမည်ကြီး ပုဂ္ဂလိက ရုပ်သံဌာန ကြီး တခုမှာ အကောင်ဖြစ်နေတယ် ဆိုပါ့လား။ အောင်မလေး၊ ကျုပ်တို့ မီဒီယာ လောက ထဲ အထိ စွမ်းအားရှင်တွေ ရောက်လာပါပေါ့လား၊ အရပ်ကတို့ရေ ။

ဘဘ ဦး ဝင်း တင်စာ ရေး ပြီး ပြော



ဒီနေ့မနက် ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေက အတော်ကောင်းနေပါပြီ။ အသက်ရှုစက် ဖြုတ်လိုက်တာမို့ စကားပြောနိုင်နေပါတယ်။ စက်ကို တစ်ပတ်လောက် တပ်ခဲ့တာမို့ အာခေါင်နာနေတာတော့ ရှိပါတယ်။ ဗိုက်လည်း နာနေသေးပေမဲ့သွေးဝမ်းသွားတာ လုံးလုံးမရှိတော့ပါဘူး။

ဆရာက “အာနာ တာ ဆိုးတယ်။ အာနာ မကောင်းဘူး” လို့ အာဏာနဲ့ အသံတူကို ဟာသလုပ်ပြီး ပြောနေပါသေးတယ်။ ကျွန်တော် မသေဘူးတဲ့။ ဟုတ်ကဲ့ဆရာ။
ဆရာက မာဆဲပါ။

(( မသီတာ - စမ်းချောင်း ))

 Kyaw Swar Myint


ဘဘ ဦး ဝင်း တင် အ ခု ည ကျ မ တို ကို စာ ရေး ပြီး ပြော တယ် ။
" လော က ဟာ ထာ ဝ ရ လူ ဝီ သံ နဲ့ စ တယ် "
ဘဘ ဘာ ပြော ချင် တာ လဲ တော့ မ သိ ဘူး ။

May Linn

" လော က ဟာ ထာ ဝ ရ လူ ဝီ (ငို)သံ နဲ့ စ တယ် "ဖြစ်နိုင်ပါတယ်။


သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်



Eleven Media Group

အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်

နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံးရုံးချိန်းအဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျူးကျော်ကျောင်းဟု သတ်မှတ်ခံထားရသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက "ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးလာတာ ခြောက်နှစ်ရှိသွားပါပြီ။ သက်တော် ၄၀၊ ၀ါတော် ၂၀ ရှိပါပြီ။ ဦးဇင်းအနေနဲ့က အစိုးရ သတင်းစာမှာ ဖော်ပြသလို ဘုန်းကြီးတု၊ ဘုန်းကြီးယောင် မဟုတ်ပါဘူး။ သံဃနာယက အဖွဲ့က အသိအမှတ်ပြုထားတဲ့ သံဃာမှတ်ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို ပြထားပါတယ်။ ဦးဇင်းတွေအနေနဲ့ တရားရင်ဆိုင်ရင် ထောင်ခြောက်လ ကျမယ်ဆိုတာ သိနေကြတယ်။ အခုဟာက တရားရင်ဆိုင်ရင် ထောင်ကျမယ်။ မရင်ဆိုင်ရင် တရားခံပြေး သတ်မှတ်ခံရမယ်။ ဘယ်လိုဖြစ်ဖြစ် အနာဘက်ကချည်းပဲ။ သွားရောက် ရင်ဆိုင်တဲ့ ဘုန်းကြီးသုံးပါးက ထောင်ကျသွားပြီ။ ကျန်တဲ့ကိုယ်တော်တွေလည်း ရှောင်သွားကြပြီ" ဟု မိန့်ကြားသည်။

ဆက်လက်ပြီး "ဦးဇင်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဘယ်ခေတ်မှာမှ ဒီလိုမလုပ်ခဲ့ပါဘူး။ စစ်အစိုးရခေတ်တောင် ဒီလိုမလုပ်ခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေကို အခြားနေရာမှာ အစားပေးရင်တောင် တော်သေးတယ်။ အခုတော့ အတင်းဖယ်ခိုင်းတယ်။ မဖယ်ရင် ၀ရမ်းကပ်တယ်။ ဦးဇင်းကျောင်းမှာဆိုရင် စာသင်နေတဲ့ကိုယ်တော် ၂၈ ပါးရှိတယ်။ ပြန်ဖို့စရိတ်မရှိလို့ မီးစက်ရောင်းပြီး ပြန်ခိုင်းလိုက်ရတယ်။ ဦးဇင်းရဲ့ ကျောင်းနေရာကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာက ဒကာတစ်ဦးက လှူခဲ့တာပါ" ဟု မိန့်ကြားသည်။

ဘုန်းကြီးကျောင်းများအား ကျူးကျော်ဆိုပါက စတင်ဆောက်လုပ် ကတည်းက တားသင့်ကြောင်း၊ ဘုန်းကြီးကျောင်းများ အခိုင်အမာ တည်ဆောက်ပြီးမှ လာရောက် တားမြစ်နေခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမ များကလည်း နိုင်ငံတော်ကို ပုန်ကန်နေခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ ကိုယ့်ရပ်ရွာသို့ပြန်ကြွရန် ဒကာ၊ ဒကာမများက တိုက်တွန်းကြောင်း အဆိုပါဦးဇင်းက မိန့်ကြားသည်။

ဧပြီ ၁ ရက်ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းရှိကြောင်း၊ တရားရင်ဆိုင်သည့် ကျောင်းထိုင်ဘုန်းကြီး သုံးပါးအား လူဝတ်လဲစေပြီး ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေသည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းအား စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်ကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့်နှင့် တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား ဘုန်းကြီးကျောင်းများအဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းအား တရားစွဲဆိုနိုင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင်စစ်ဆေးရာ ဥတ္တရသီရိမြို့နယ်မှ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်းများမှ သံဃာတော်များသည် ထွက်ခွာသွားကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာ ကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်း၊ မိတ္တီလာကျောင်းများသည် တရားရုံးတွင် ရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရာမညကျောင်း၊ အဓိဋ္ဌာန်တောရကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ ငှက်ပျောတောလျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာသိဒ္ဓိကျောင်း၊ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းများ တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ကျောင်းဟု သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်း များအတွင်း ရှိနေကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား နိုင်ငံတော် သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများ ဖြစ်သည့်အတွက် အသိအမှတ်မပြုရန် ဆုံးဖြတ်ထားသည့်အတွက် နေပြည်တော်ကောင်စီ အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများ၌ ဖမ်းဆီးမိန့်ကပ်ထားသည့် အမိန့်စာတွင် ချိန်းဆိုထားသည့်ရက်တွင် လာရောက်ရန်နှင့် ဤရုံးက အခြားနည်း အမိန့်ချမှတ်ခြင်း မရှိမီအတွင်း လာရောက်မည်ဟု ကိုယ်တိုင်ငွေကျပ်ငါးသိန်း ခံဝန်ပြုလျှင်ဖြစ်စေ၊ ငွေငါးသိန်းတန် ခံဝန်နှစ်ယောက်ကို အာမခံပေးလျှင်ဖြစ်စေ၊ ၎င်းအား လွှတ်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်မှုအပေါ် အမြင်အချို့

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)

အခုလို လုပ်တာမျိုးကတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးထက် နှစ်ဖက်မျှမျှတတ လုပ်ဆောင်တာ ပိုသင့်လျော်ပါတယ်။ အရင်အာဏာရှင်စနစ် ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ သံဃာတော်တွေကို တရားခံပြေးအဖြစ် သတ်မှတ်တာမျိုးတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ ဘာကြောင့် အခုလောက်အထိ လုပ်နေရသလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေလို့လဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)

သံဃနာယက,က စာနဲ့ပေနဲ့ခေါ်ရင် သွားရမယ်။ အဲဒီလိုခေါ်လို့ မလာဘူးဆိုရင် တိုင်းသာသနာရေးမှူးကနေပြီး တရားလိုပြုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲလို့ရတယ် ဆိုတာကတော့ နိုင်ငံတော် သံဃနာယက,က တစ်ချိန်တုန်းက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတို့ သံဃာဝိနိစ္ဆရလက်စွဲတို့ အဲဒီလိုစာအုပ်တွေကြည့်ပြီးတော့ တရားစွဲလို့ရတယ်။ ဒီအမှုကတော့ တရားစွဲလို့ ရလောက်အောင် မဖြစ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် မိမိတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာ မဖြစ်သင့်ပါဘူး။

သာသနာ့မြေ ကျပြီးသား ကျောင်းတွေကို ဖျက်တယ်ဆိုရင်တော့ ဓမ္မ၀ိနိယနဲ့ မညီညွတ်ဘူးပေါ့။ သူတို့က တစ်ချိန်တုန်းက န၀တ၊ နအဖ လက်ထက်တုန်းကလိုပဲ လက်နက်ရှိတော့ အာဏာရှိတယ်။ အာဏာရှိတော့ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးပေါ့။ ယခုအချိန်မှာတော့ သံဃမဟာနာယက ကလည်း လက်နက်မဲ့ အာဏာရှင်တွေပဲ ဖြစ်နေခြင်းကြောင့် သူတို့လုပ်ချင်သလိုလုပ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။

(အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ်ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ်)

နိုင်ငံခြားမှာ ဘွဲ့ယူ အခြေချ နေပေမယ့် မြန်မာနိုင်ငံအတွက် ရင်သားကင်ဆာ အထူးကု ဒေါက်တာ ဒေါ်အေးမိုးသူမ



 eduGlobal Village's photo.

========

ဒေါက်တာအေးမိုးသူမ သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှ ထွက်ခွာလာခဲ့သူ တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က မြို့တော်ရန်ကုန်တွင် မိသားစုနှင့် အတူ နေထိုင်ခဲ့သည့် ဒေါက်တာအေးမိုးသူမ က “၈၈ တုန်းက အရေးအခင်းတွေ ဖြစ်တယ်။ ပြီးတော့ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။” ဟု ဆိုသည်။

ဒေါက်တာအေးမိုးသူမ ၏ ဆွေမျိုးများမှာ လန်ဒန်နှင့် သြစတြေးလျတို့တွင် အခြေချနေထိုင်ကြသည်။ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း သူမ၏ မိသားစု က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုသို့ ဦးစွာပြောင်းရွှေ့ခဲ့ပြီးနောက် နယူးယောက်ပြည်နယ် ဘရွတ်ကလင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အနှစ် ၂၀ ကျော်ခန့် ကြာပြီးနောက် စတုန်နီဘရွတ် တက္ကသိုလ် ဆေးပညာကျောင်းမှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည့် ဒေါက်တာအေးမိုးသူမ သည် စိန့်လုခ်ရိုစီဝတ် ဆေးရုံတွင် ရင်သားကင်ဆာ အထူးကုဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

အမေရိကန်နိုင်ငံတွင် နေထိုင်နေသော်လည်း ဒေါက်တာအေးမိုးသူမ ၏ စိတ်အာရုံများသည် မြန်မာနိုင်ငံထံသို့ ပျံလွင့်နေတတ်သည်။ ယနေ့အချိန်ထိ ဘားမား ဟု သူမကခေါ်ဆိုနေသည့် ဇာတိနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အခြေအနေအား သိရှိထားသည့် ဒေါက်တာအေးမိုးသူမ က မြန်မာနိုင်ငံတွင် ဆေးပညာ အတွေ့အကြုံများ ပြန်လည်ဝေမျှရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲလာ သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံဖွားများလည်း တဖွဲဖွဲ ပြန်လာနေ ချိန်တွင် ဒေါက်တာအေးမိုးသူမ လည်း အမိမြေကို ပြန်လည်အကျိုးပြုနိုင်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ဇန်န၀ါရီလအတွင်း က ဒေါက်တာအေးမိုးသူမသည် ၄င်း၏ မိတ်ဆွေ သူငယ်ချင်း ခွဲစိတ် ဆရာဝန်များ၊ မေ့ဆေး ဆရာဝန်များ၊ သူနာပြု များပါဝင်သည့် လူ ၁၅ ဦးပါ အဖွဲ့တစ် ခုအား ဖွဲ့စည်းကာ မြန်မာနိုင်ငံရှိ ဆေးရုံများတွင် တစ်ပတ်ကျော်ကြာ ကုသမှုပြုလုပ်ခဲ့သည်။

သူမ၏ အဖွဲ့သည် လူနာများအား ကုသပေးခဲ့ပြီး ရင်သား ကင်ဆာခွဲစိတ် ကုသခြင်း၊ အသားစ စစ်ဆေးခြင်းနှင့် လည်ပင်ကြီးရောဂါ ခွဲစိတ် ကုသခြင်း များ ပြုလုပ်ပေးခဲ့သည်။ ဒေါက်တာ အေးမိုးသူမ
နှင့် အဖွဲ့ မန္တလေးအထွေထွေဆေးရုံ ကြီးသို့ ရောက်ရှိလာချိန်တွင် လူနာ ၃၀၀ ကျော် က မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။ မန္တလေးမှ မိနစ် ၃၀ ခန့် ခရီးအကွာအဝေးရှိ ၀ါးချက် ဆေးရုံတွင်လည်း လူနာများ ထို ပမာဏခန့် စောင့်ဆိုင်းနေပြီး အချို့လူနာများမှာ ၃ နာရီကျော် လာရသည့် ရွာများမှ လာခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးမိုးသူ က မြန်မာနိုင်ငံသည် ဆင်းရဲသည့်နိုင်ငံ တစ်ခုဖြစ်ပြီး အစိုးရမှ ကျန်းမာရေးကဏ္ဍ အတွက် ငွေသုံးဆွဲမှု အလွန်နည်းပါး ပါတယ် ။ ဆေးရုံကို ဆေးလာကုတဲ့ လူနာတွေ ဟာ လိုအပ်တဲ့ဆေးဝါးတွေကို ကိုယ်တိုင် ၀ယ်ယူနေရပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါက်တာအေးမိုးသူမ၏ အဖွဲ့ဝင်အား လုံးမှာ ကိုယ့်စရိတ်နှင့် ကိုယ် လာရောက် ကုသသည့် လုပ်အားပေးများ ဖြစ်သည်။ ကုသမှုအတွက် လိုအပ်သည့် ဆေးဝါးနှင့် ကိရိယာများအား ယူဆောင်လာသည့်အပြင် မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားများ အား နောက်ဆုံးပေါ် ခွဲစိတ်နည်း စနစ်များ သင်ကြားပို့ချပေးခဲ့သည်။

ထိုအဖွဲ့တွင် ပါဝင်လာသည့် စတန်းဖို့ဒ်ကျန်းမာရေးဌာန ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဒေးဗစ်ရိဒ် က လူနာ၏ ခန္ဓာကိုယ် တွင် Key-Hole Sugery အပေါက်ငယ်များ ဖောက်ခြင်းဖြင့်သာ ခွဲစိတ် ကုသနည်းကို သင်ကြားပြသခဲ့ သည်။

“မြန်မာလို ဆင်းရဲတဲ့နိုင်ငံမှာ ခွဲစိတ်ကုသရာကနေရောဂါ ၀င်ရောက် နိုင်ခြေ က ပြဿနာ တစ်ခုဖြစ်ပါတယ်။ ခွဲစိတ်တဲ့ ပမာဏကို သေးနိုင် သမျှ သေးအောင် လုပ်နိုင်ပါက ရောဂါပိုးဝင်ရောက် နိုင်ခြေကို လျှော့ချနိုင်တဲ့ အတွက် ဒီနည်းပညာက အရေးပါပါတယ်” ဟု ဒေါက်တာရိဒ်က ဆိုသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသည့် အ မျိုးသမီးများသည် ဆေးကုသစရိတ် မတတ်နိုင် သဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည်ဟု ဒေါက်တာ အေးမိုးသူမ က ဆိုသည်။ ““ကျွန်မ ကုပေးရတဲ့ လူနာ အမျိုးသမီး တစ်ယောက်ဆို ရင်သားမှာ အကြိတ်တွေ့တာ ၃နှစ် လောက်ရှိ နေပြီဖြစ်ပေမဲ့ ပိုက်ဆံမရှိလို့ ဆေးကုသမှု မခံယူခဲ့ဘူး”” ဟု ပြောကြားသည်။ ထိုလူနာသည် ခွဲစိတ်ကုသ ပြီး ၂ ရက်အကြာ တွင် ဆေးရုံမှ ပြန်ဆင်းခွင့်ရကာ ကျန်းမာသည့် ဘ၀အား ပြန်လည်ရရှိ ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါအတွက် ရေဒီယိုဓာတ်ကင်သည့် စက် ၂ ခု သာ ရှိသေးပြီး ရင်သားကင်ဆာရောဂါ ဝေဒနာရှင်များအား ရင်သားဖြုတ်ထုတ် ခွဲစိတ်သည့် နည်းကိုသာ အဓိကထား ကုသလျက်ရှိသည်။

ဒေါက်တာ အေးမိုးသူမ၏ ဆေးကုသပေးသည့်အဖွဲ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာချိန်တွင် ကုသရေး ကိရိယာများအား ပေးအပ်ခဲ့သည်။ “မြန်မာနိုင်ငံ အတွက် ကုန်ကျစရိတ်မများဘဲ ကျွန်မတို့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။” ဟု ဒေါက်တာအေးမိုးသူမ က ပြောကြားခဲ့သည်။

ဒေါက်တာအေးမိုးသူမ နှင့်အဖွဲ့ဟာ မြန်မာနိုင်ငံကို နှစ်စဉ်လာရောက်ပြီး ကုသမှုများ ၊ ပညာပေးမှုများကို ပြုလုပ်သွားမည်လို့ သိရပါတယ်။

==================
ဘာသာပြန် - KHTun
အက်မင် - eduGlobal Village
 www.facebook.com/eduGlobalVillage

ရေငုပ်သဘောင်္ကို ရုရှားရေတပ်မှ မြန်မာ့ရေတပ်သို့ လွှဲပြောင်းပေး



 မြန်မာ့ရေတပ်မတော်အတွက် ကီလိုအတန်းစား ရေငုပ်သဘောင်္ကို ရုရှားရေတပ်မှ မြန်မာ့ရေတပ်သို့ လွှဲပြောင်းပေးလိုက်ကြောင်းသိရ။

မြန်မာ့တပ်မတော်အတွက် ဝယ်ယူထားသော Kilo class (project 636) ပထမ တစ်စီး ရုရှားနိုင်ငံ စိန့်ပီတာစပတ် မြို့မှ စတင်ထွက်ခွာ။
၂၀၁၃ခုနှစ် နှစ်လည်ခန့်က မြန်မာ့ရေတပ်အတွက် ရေငုပ်သင်္ဘော ဝယ်ယူရန် ရုရှားနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၆၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာဘက်မှ ရုရှားယဉ်ကျေးမှု စင်တာ တည်ဆောက်နိုင်ရန် ခွင့်ပြုခဲ့ပြီး ရုရှားနိုင်ငံမှ မြန်မာတပ်မတော်အတွက် ကီလို အမျိုးအစား ရေငုပ်သင်္ဘော တစ်စီးကို ပေးအပ်ခဲ့သည်။ ကီလို အမျိုးအစား ရေငုပ်သင်္ဘောများမှာ project 877 နှင့် project 636 အဖြစ် ထုတ်လုပ်ခဲ့ပြီး API စနစ်များပါဝင်ခြင်း၊ ရေပြင်၊ ဝေဟင်ပစ် ဒုံးကျည်များ ပစ်လွှတ်နိုင်ခြင်း အသံတိတ်ဆိတ်ငြိမ်သက်ခြင်းတို့ကြောင့် နာမည်ကျော် ရေငုပ်သင်္ဘော အမျိုးအစားဖြစ်သည်။ Project 877 များကို ရုရှားရေတပ်မတော်က အဓိက အသုံးပြုခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် လည်ပတ်ထိမ်းသိမ်းစားရိတ်များလျော့ချနိုင်ရန် အရန်အဖြစ် သိမ်းဆည်းထားခဲ့ကြသည်။ ပြည်ပနိုင်ငံများသို့ ထို Project 877 များကို EKM အဆင့်သို့ အဆင့်မြင့်တင် ရောင်းချခဲ့ပြီး ပိုမို အဆင့်မြင့်သော စနစ်ဖြစ်သည့် Project636 ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ ရုရှားမြန်မာ ချစ်ကြည်ရေးအဖြစ် ၂၀၁၁ခုနှစ်ကတည်းက လွန်းတင်ပြင်ဆင်ထားသော ရုရှားရေတပ်၏ B-237 Rostov-on-Don ကီလို၆၃၆ အမျိုးအစား ရေငုပ်သင်္ဘောကို လက်နှက်များနှင့် တကွ မြန်မာ့တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောကို မြန်မာ့ရေတပ်မတော် အရောင်အတိုင်း ပြောင်းလဲ ဆေးခြယ်ခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် စိန့်ပီတာ စပတ် သင်္ဘောကျင်းမှ မြန်မာနိုင်ငံသို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။
မြန်မာ့တပ်မတော်ရေအတွက် ကီလိုအမျိုးအစား ရေငုပ်သင်္ဘော ၂စီးအထိ အသုံးပြုမည်ဖြစ်ရာ ရုရှားရေတပ်မှ B-394 Komsomolsk Tadjikistana project877 အမျိုးအစားကို ထပ်မံ ဝယ်ယူထားပြီး ထိုသင်္ဘောကို EKM အဆင့်မြင့်တင်နိုင်ရန် စိန့်ပီတာစပတ်မြို့တွင် လွန်းတင် ပြင်ဆင်ထားပြီးဖြစ်သည်။ ဝယ်ယူထားသော Project877 ကီလို အမျိုးအစား ရေငုပ်သင်္ဘောသည် ရုရှားရေတပ်မတော်မှ ၁၉၈၀ပြည့်လွန်နှစ်များ ကတည်းက အသုံးပြုခဲ့သော သင်္ဘောဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် အရန်အဖြစ် သိမ်းဆည်းထားခဲ့သည်။ ၂စင်းလုံး API စနစ်အဟောင်းကိုသာ အသုံးပြုထားသည်။

Very first kilo class submarine was delivered to Myanmar
Myanmar tried to buy modern submarines from Russian in 2013. At 65th anniversary diplomatic relation between Russia and Myanmar, Myanmar agreed to build strong relationship with Russian and open a Russian Cultural center in Yangon. And Russia gave a kilo class submarine and accessories for Myanmar navy. A project636 kilo class submarine (named B-237 Rostov-on-Don) which was docked since 2011 was transfered to Myanmar navy. Overhauling, changing some systems and painting were done in Saint Petersburg. On 1st April 2014 , She started the way to her new home, Myanmar, from her native Saint Petersburg. We believe that Myanmar had been signed $2billion contract to get another second handed Kilo,(named B-394 Komsomolsk Tadjikistana) project877, and submarine accessories from Russia. B-394 is an old project 877 k-class kilo and now she is docking in Saint Petersburg to upgrade as EKM.

Source: Myanmar Defence Weapons