Sunday, April 6, 2014

ကချင်ပြည်နယ်မှာကျဆုံးတဲ့ဗိုလ်မှူးးမျိုးညွှန့် စိုး

နေပြည်တော်ကတဲဘန်ဂလို



Cynthia Aye

ဒီနေ့ကာတွန်း

မချိ ပြုံး.....

ဦးကိုကိုကြီးမင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော အနုပညာရှင်များ



 Aung Thu Ra

တရုတ်သင်္ဘောက အချက်ပေးသင်္ကတတွေ ထပ်ဖမ်းမိ



6 ဧပြီလ 2014 - 16:22
bbc.co.uk/burmese
တရုတ်သင်္ဘောက နောက်ထပ်အချက်ပေးသံ ထပ်ဖမ်းမိပျောက်နေတာ တလ လောက်ကြာလာပြီဖြစ်တဲ့ မလေးရှားလေယာဉ်ရှာဖွေရေးမှာ ပါဝင်တဲ့ တရုတ်သင်္ဘောတစင်းက မနေ့က ဒုတိယအကြိမ်ထပ်ပြီး အချက်ပေးသင်္ကတကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။အခု ဒုတိယအကြိမ် အချက်ပေးသင်္ကတ ဖမ်းမိတဲ့နေရာက ပထမ ဖမ်းမိတဲ့နေရာနဲ့ ၁ မိုင် ကျော်ကျော်လောက်မှာလို့ ရှာဖွေရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်နေတဲ သြစတြေးလျ တာဝန်ခံတွေက ပြောပါတယ်။ဒုတိယသင်္ကေတက စက္ကန့် ၉၀ လောက်ကြာတယ်လို့ ဆိုပါတယ်။ဒီလို အချက်ပေးသင်္ကတ ထပ်ပြီး ဖမ်းမိခဲ့တာဟာ ရှာဖွေရေးမှာ အရေးပါပြီး အားတက်စရာကောင်းတယ် အခုတွေ့ရှိချက်ကို အရေးတကြီး သဘောထား ဆောင်ရွက်သွားမယ်၊ တရုတ်သင်္ကတတွေရှိခဲ့တဲ့ နေရာကို နောက်ထပ် စုံစမ်းစစ်ဆေးဖို့ သြစတြေးလျ တော်ဝင်လေတပ်က ကူညီဆောင်ရွက်နေပါတယ်လို့ လေတပ်အကြီးအကဲ မာရှယ် Angus Houston က ပြောခဲ့ပါတယ်။ဒါပေမယ့် ရတဲ့ ဒီလို ဖမ်းမိတဲ့ အချက်ပေးသင်္ကတနဲ့ပတ်သက်လို့ ဘာမှ အတည်ပြု ပြောလို့ မရနိုင်သေးဘူးလို့ သူက သတိပေးပြောကြားခဲ့ပါတယ်။အဲဒီနေရာကို သြစတြေးလျလေယာဉ် တစင်းသွားနေသလို သြစတြေးလျ ရေတပ်သင်္ဘော ADB Ocean Shield လဲ အဲဒီကို ဦးတည်ခုတ်မောင်းနေတယ်လို့ ဆိုပါတယ်။ဗြိတိသျှရေတပ်သင်္ဘောHMS Echo လဲ အဲဒီနေရာကို နောက်ထပ်စုံစမ်းစစ်ဆေးဖို့ သွားရောက်နေပြီး မနက်ဖြန်မနက်ပိုင်းလောက်မှာ ရောက်မယ်လို့မျှော်လင့်ရပါတယ်။HMS Echo နဲ့ ADB Ocean Shield သင်္ဘော ၂စင်းလုံးမှာ ဘလက်ဘောက်စ်လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင် ကိရိယာက ထုတ်လွှတ်တဲ့ အချက်ပြသင်္ကတတွေကို ဖမ်းယူနိုင်တဲ့ နည်းပညာတွေ ပါရှိပါတယ်။သြစတြေးလျ ရေတပ်သင်္ဘော ADB Ocean Shield သင်္ဘော  ဟာ ပတ်သ်မြို့ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မဖေါ်နိုင်တဲ့ တတိယမြောက် အချက်ပေး သင်္ကတ တခုကိုလည်း စောစောပိုင်းက ဖမ်းမိခဲ့ပါသေးတယ်မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှာ လေကြောင်းပိုင်လေယာဉ်မှာ လူ ၂၃၉ ဦးပါပြီး နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အိန္ဒိယသမုဒ္ဒရာ ထဲမှာ ပျက်ကျသွာခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ကြပါတယ်။ဒါပေမယ့် လေယာဉ်ပျက်အပိုင်းအစ ဘာတခုမှ အခုထိ ရှာမတွေ့သေးလို့ ထူးဆန်းတဲ့ ပျောက်ဆုံးမှု ဖြစ်နေပါတယ်။လေယာဉ်မှာပါတဲ့ ဘက်ဘောက်စ်ရဲ့ ဘက်ထရီဟာ ရက် ၃၀ ကျော်လာရင် အားနည်းလာတော့မှာ ဖြစ်တဲ့အတွက် ရှာဖွေရေးကို အားသွန်လုပ်နေကြပါတယ်။

ဘင်္ဂလီရွှေမောင်က နိုင်ငံသား စီစစ်ရေးကဒ် ပန်းရောင်တောင်း

တောင်သူမှတောင်းသူ


Thein Aung Myint

တောင်သူမှ-တောင်းသူဘဝ (အုန်တုန်ပင်)

၂၀၁၄ ဧပါယ်၆-ရက် မနက်၁၀နာရီမှာ အုန်တုန်ပင်ဘုန်းကြီးကျောင်းမှာ ရွာသားတွေကို ယင်းမာပင်ခရိုင် ဒုဦးစီးမှူးက လာရောက်တွေ့ ဆုံပီ ထန်းပင်ရော်ကြေး တစ်သောင်းခွဲ ထန်လှေကားတစ်ခု ၃သောင်း ပေးမည်ဟုပြောဆို။ ခုကိစ္စသူတို့ သိမ်းတာမဟုတ် တိုင်းရဲမှူးလုပ်တာ မြို့ သစ်ဆောက်ဘို့ ဟု ရှင်းပြ
ထန်တောင်သူများမှလည်း ခုရော်ကြေးကိုလက်မခံ ခုထန်ပင်တစ်ပင် တစ်သောင်းခွဲသည် လူကြီးတို့ စားသောက်ဆိုင်ထိုင်တဲ့ ငွေရှင်းခလောက်တောင်မရှိပါဟု ဒေါ်ကြည်လေးမှထပြောရာ စာရေးမမှအဲလိုမပြောနဲ့ ဟု ဝင်ရောက်တစ်မြစ်သည်။ ထိုသို့ တားမြစ်၍ ဒေါ်ကြည်လေးမှ ကျွန်မတို့ ကို လူကြီးတို့ က လူလိုရော ထင်သေးလားဟု မေးခွန်ထုပ်ရာ ဒုဦးစည်းမှူးက ထင်ပါတယ်ဟု ပြန်ဖြေသည်။ ထိုအခါ ဒေါ်ကြည်လေးမှ လူဟုထင်ရင် လူလိုလုပ်ပါဟု ပြန်ပြောသည်။ ရော်ကြေးတစ်ကယ်ပေးခြင်ရင် ငွေးမပေးပါနဲ့ ထန်ပင်တွေရှိတဲ့ ထန်းတောသာပြန်ဝယ်ပေးပါဟု ပြောဆိုရာ မဖြစ်နိုင်ဟုပြောပြီး ပြန်သွားကြသည်ဟု အုန်တုန်ပင်ရွာမှ ကျွန်တော့စီ နေ့ လည် ၁နာရီ၃၅က အုန်တုန်ပင်ရွာမှ ဖုန်းဆက်ပြော၍ သိရပါသည်။
သင်္ကြန်ပီးရင် နေပြည်တော်သို့ သွားရောက်တိုင်ကြားမည်ဟုလည်းပြောပါသည်။ စားရေးသောက်ရေးလည်း ခက်ခဲ့လာ၍ စရိတ်ရှာပီ မန္တလေးသို့ တက်လာပီး စားရေးအတွက် တောင်းရမ်းစားသောက်ပါအုန်းမည်ဟုလည်း ပြောပြသွားပါသည်


ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းအတွက် ပေးအပ်သည့် နစ်နာကြေးငွေ လယ်သမားများ လက်မခံ

ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းများတွင် လယ်မြေများအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တစ်ဧက ငွေကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ နစ်နာကြေး ပေးအပ်ခဲ့သောလည်း ဖြူးမြို့နယ်ရှိ လယ်သမားများနှင့် တောင်ငူမြို့နယ် အတွင်းရှိ လယ်သမားအချို့ နစ်နာကြေးငွေ လက်မခံခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားသည်။
အမြန်လမ်းစီမံကိန်း စတင် တည်ဆောက်သည့် ၂၀၀၄-၀၅ ခုနှစ်ခန့်ကတည်းက လယ်မြေတစ်ဧက ပေါက်ဈေးမှာ တောင်ငူမြို့နယ် အတွင်း ကျပ်လေးသိန်းခန့် အနည်းဆုံး ရှိနေသည့်အတွက် ယခုလက်ရှိ ပေးလျော်သော နစ်နာကြေး တစ်ဧက ကျပ်သုံသိန်းခွဲကို မယူနိုင်ကြောင်း တောင်ငူမြို့နယ်အတွင်း ဘိုကတော်ကျေးရွာမှ ဒေသခံတောင်သူများက ပြောကြားသည်။
ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များကို မြို့နယ်အတွင်းမှာ ရှိသော လယ်ယာမြေ ကာလပေါက်ဈေးအတိုင်း ပြန်လည် တင်ပြပေးရန် လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်က ညွှန်ကြားခဲ့သော်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်း ဆောင်ရွက်ပေးမှု မတူညီခြင်းကြောင့် လျော်ကြေးငွေ ရရှိမှု မတူညီခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စုံစမ်းလေ့လာရေး ကော်မတီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ကျောက်တံခါးမှာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး ကောင်းတယ်။ ကျန်တဲ့ မြို့နယ်တချို့မှာ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မှု နည်းတဲ့အပြင် ဒေသခံတောင်သူတွေရဲ့ အသံကို နားထောင်တာ မရှိတော့ အခုလိုမျိုး ပြဿနာတွေ ပေါ်ပေါက်လာတာပါ” ဟု ပဲခူးတိုင်းဒေသကြီး လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာဖော်ထုတ်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ပဲခူးခရိုင် ကျောက်တံခါး မြို့နယ်အတွင်း လယ်ယာမြေဧက ၇၁၅ ဒသမ ၀၈ ဧကအတွက် လယ်မြေ တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းနှုန်း၊ ယာမြေ တစ်ဧကကို ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ဒေသခံတောင်သူ ၂၂၈ ဦးအား လျော်ကြေးငွေ စုစုပေါင်း ကျပ် ၇၉၃၂ ဒသမ ၃၂ သိန်းကို မတ်လ နောက်ဆုံးပတ်တွင် ပေးလျော်ခဲ့သော်လည်း ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ရေတာရှည် မြို့နယ်တို့တွင် လယ်မြေအတွက် ငွေကျပ်လေးသိန်းနှင့် ယာမြေအတွက် သုံးသိန်းအထိသာ ပေးလျော်ခဲ့သည့် အတွက် မိမိတို့ ဒေသခံတောင်သူများ အနေနှင့် လျော်ကြေးငွေ မယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာမှ ဦးအောင်မြင့်က ပြောကြားသည်။
“လယ်ယာမြေ လျော်ကြေးငွေ မတူညီတာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးသွားပါမယ်။ မရရင်တော့ လွှတ်တော်မှာ မေးခွန်းများ မေးမြန်းပြီး ဒေသခံတောင်သူတွေရဲ့ နစ်နာမှုများကို တင်ပြပေးသွားပါမယ်” ဟု ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်က ဆိုသည်။
တောင်ငူမြို့နယ်အတွင်းရှိ အမြန်လမ်းစီမံကိန်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော လယ်ယာမြေများ အတွက် မတ်လ ၃၀ ရက်နေ့တွင် ဒေသခံတောင်သူများအား တစ်ဧကလျှင် ငွေကျပ် သုံးသိန်းခွဲဖြင့် လျော်ကြေးငွေ ကျပ်တစ်ထောင့်သုံးရာ ငါးဆယ့်ခုနစ်သိန်းကို ထုတ်ပေးခဲ့ပြီး လက်ရှိတွင် တောင်သူ ၁၆ ဦးသာ ထုတ်ယူရန် ကျန်ရှိကြောင်း အမြန်လမ်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

သမီးလေးအတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့ ပညာရေးတွေကူညီမယ်လို့ DKBA ပြော




သမီးကလေးကျေးရွာသားတွေရှေ့ရေး ဒီကေဘီအေ တာဝန်ယူ

မူလရွာတွေကို စစ်တပ်က သိမ်းလိုက်လို့ နေထိုင်လုပ်ကိုင် စားသောက် စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည် နယ်ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီး နဲ့ ဒေါ်ကာလီ ရွာ သားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေး အတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့ ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီး ဆန်းအောင်က RFA ကိုပြောပါတယ်။

လှည်းကူးမြို့နယ်ကနေ မြဝတီမြို့နယ် ကျောက်ခက်ရွာထိ တစ်ရက် နဲ့ရောက်မယ့်ခရီးကိုလေး ရက် လောက် ကျန့်ကြာ ခဲ့တဲ့အတွက် ရွာသားတွေ ထဲက သက်ကြီး ရွယ်အို တချို့ခရီး ပမ်းနေကြပေမယ့် ကျန်းမာရေးကောင်း မွန်နေကြပြီး၊ နယ်ပယ်သစ်မှာ အခြေချဖို့ အဆင်သင့်ဖြစ်နေကြ တယ် လို့ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ နေအိမ်တွေဆောက်ဖို့ မြေညှိတာ၊ သစ်ဝါးခုတ် တာတွေစတင်တော့မှာဖြစ်ပြီး၊ အလုပ်အကိုင် အတွက်လဲ ရွာသားတွေကို ရှင်းလင်းပြောဆိုမယ်လို့ဆိုပါတယ်။

တိုက်စားပေးလိုက်မယ်

စက်သုံးဆီကလည်းလျော့တွက်လို့မရပါ။

NLD ကလည်းဒါကိုလက်မခံပါ။

ပုသိမ် ခလရ ၃၈ တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ အငြိမ်းစား တပ်မိသားစုများအား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ


 Eleven Media Group
(ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရသော စစ်သည်တစ်ဦး၏နေအိမ်အား တွေ့ရစဉ်)

*************************************************************
ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မိသားစု(၅)စုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ မိသားစု(၁)စု အား အမှတ် ၃၈ ခြေလျင်တပ်ရင်းပိုင်မြေ အတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။

“အဘွားက ဒီမြေမှာမွေးပြီး ဒီမြေမှာပဲ ကြီးခဲ့တာပါ။ အဘွားခင်ပွန်း ရှိတုန်းကတော့ စိုက်ပျိုးစားသောက်ခဲ့တယ်။ နောက် အမျိုးတွေကို လုပ်ကိုင်ခိုင်းတယ်။ ခုတော့ ရောင်းသင့်တာရောင်းပြီး ကျန်တဲ့မြေလေးမှာ စိုက်ပျိုးစားနေတာ ခုတပ်ပိုင်မြေဆိုပြီးသိမ်းတော့ နေစရာတောင် နေရာမရှိတော့ဘူး။ စိုက်ပျိုးတုန်းကလည်း မြေစာရင်းမှာ ဥယာဉ်မြေအဖြစ် အခွန်ဆောင်ပြီး စိုက်ပျိုးခဲ့တာပါ။ တစ်ရွာလုံးကလည်း ဥယာဉ်မြေပါပဲ” ဟု ကွယ်လွန်သူ အငြိမ်းစား စစ်မှုထမ်းဟောင်း၏ဇနီးဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်အေးသွဲ့က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ အဆိုပါမြေနေရာများအား ၃၈ တပ်ပိုင်မြေများဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြေယာများပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက်စာတိုင်များအား လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွာသစ်ကုန်းကျေးရွာသည် အမှတ် ၃၈ ခြေမြန်တပ်ရင်း၏ ရှေ့ကားလမ်းတစ်ဘက်တွင်ရှိပြီး၊ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိရာမှ တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဆိုသည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေများအား ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။

ဖယ်ရှားဖျက်သိမ်းခံရသည့် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသားစုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့သူ၏မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်မိသားစုများ ပါဝင်သည်။

“ကျန်ခဲ့တဲ့လ ၃၁ ရက်နေ့ နေလယ်ပိုင်း အမှတ် ၃၈ တပ်က အင်အားသုံးပြီး အိမ်တွေကို ဖျက်ဖို့လာတာပါ၊ သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေ၊ အစုံနဲ့လာတာ အိမ်တွေကို စဖျက်နေတုန်း ဘာကြောင့်လဲ မသိဘူး၊ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် ကြိုးတွေဆွဲပြီး ပြန်သွားတယ်၊ ကျွန်တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲ ယူတားတယ် အမှုဖွင့်မပေးဘူး” ဟု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံထားရသူ တပ်ကြပ် သိန်းလှအောင်က ပြောပြသည်။

“ကျွန်တော်တို့မှာ ဖျက်ရမယ်ဆိုရင် နေစရာလည်း မရှိပါဘူး။ ၀ယ်စရာလည်း ပိုက်ဆံမရှိပါဘူး။ ကျွန်တော်တို့ကို ဒုဗိုလ်မှူးကြီး သက်ထွန်းက ခေါ်တွေ့တုန်းက ပြောလိုက်တယ်။ ရှေ့နေငှားတိုင်ရင် ရှေ့နေကို စစ်တပ်အမိန့်နဲ့ ထောင်ချမယ်။ ယခုအစိုးရက စစ်တပ်၊ စစ်တပ်ကလည်း အစိုးရ၊ အုတ်နံရံကို ခေါင်းနဲ့တိုက်ရင် နင်တို့ပဲခေါင်းကွဲမယ်။ ငါ့ နာမည်သက်ထွန်း စမ်းကြည့်လို့ပြောလိုက်တယ်။ ကျွန်မတို့လည်း ကြောက်လို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဆီကို တိုင်ကြားစာတွေ ပို့ထားတယ်” ဟု ကွယ်လွန်သူ စစ်မှုထမ်းဟောင်းတစ်ဦး၏ ဇနီးက ပြောကြားသည်။

အဆိုပါ မိသားစုခြောက်ဦးအနက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် ခလရ ၃၈ မှ တပ်ထောက်ဗိုလ်ကြီး ဘော်နီစိုး က တရားလိုလုပ်ကာ အမှတ်(၂) ရဲစခန်းမှ (ပ) ၅၃/၂၀၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် ဧပြီ ၃ ရက်က တရားစွဲဆိုထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဦး ကို ကို ကြီး နှင့် မ ခင် သူ သူ ဝင်း တို့ ၏ မင်္ဂလာ ဧည့် ခံ ပွဲ



(6/4/2014)
Photo-SUNNY

မြစ်ကြီးနားလမ်းလျှောက်ကော်မတီများနုတ်ထွက်