Monday, April 7, 2014

တစညပါတီဥက္ကဋ္ဌရဲ့နောက်ဆုံးခရီး



ကွယ်လွန်သူဦးထွန်းရီ(ဥက္ကဋ္ဌ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီ)၏ဈာပနအခမ်းအနားအားယနေ့ ဧပြီ၆ရက်နေ့ နံနက်၁၀က
ရေဝေးသုသာန်၌ပြူလုပ်ခဲ့ရာကွယ်လွန်သူ၏လုပ်ဖော်ကိုင်ဖက်များ
ရဲဘော်ရဲဘက်များမိသားစုများနောက်ဆုံးဂါရ၀ပြုနှတ်ဆက်ခဲ့ကြပါ
သည်။၁၉၄၃-၄၅ ခုနှစ် ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်
ဘီဒီအေသို့ ဝင်ရောက်၍ မင်္ဂလာဒုံစစ်တက္ကသိုလ် အပတ်စဉ်(၃)ကို
တက်ရောက်အောင်မြင်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁)၊
 တပ်ရင်း(၁ဝ၆)၌ တော်လှန်ရေးပြီးဆုံးသည်အထိ ပါဝင် ခဲ့ကာမြန်မာ့
လွတ်လပ်ရေးတိုက်ပွဲများစွာကာကွယ်ရေးတာဝန်များစွာထမ်းရွက်ခဲ့
သူတစ်ဦးဖြစ်သည့်အသက် (၈၈)နှစ်အရွယ်ရှိဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ
(ငြိမ်း)သည်၂ဝ၁၄ ခုနှစ် ဧပြီလ ၄ ရက် နံနက် ၂ နာရီ၌ ကွယ်လွန်အနိစ္စ
ရောက်ခဲ့ခြင်းဖြစ်ပြီးအမှတ်(၇ဝ/ဏ)ငွေဝတ်မှုန်၊ရွှေတောင်ကြား(၁)
ရပ်ကွက် ဗဟန်းမြို့နယ်တွင်နေထိုင်ခဲ့ကာကွယ်လွန်ချိန်၌ဇနီး ဒေါ်တင်တင်
အေးနှင့်သားသမီးများဖြစ်သည့် ဒေါ်ခင်အေးရီ၊ဒေါ် အေးမြင့်ရီ၊ ဦးဇော်ထွန်း၊
ဒေါ်ဥမ္မာထွန်း၊ ဦးကျော်သူ၊ဦးအောင်သူတို့ကျန်ရစ်ကြောင်းသိရသည်။
တစညပါတီဥက္ကဋ္ဌကြီးနောက်ဆုံးခရီးကိုလုပ်ဖော်ကိုင်ဖက်၊ရဲဘော်ရဲဘက်
ဟောင်းတစ်ဦးဖြစ်သည့်NLDပါတီနာယကကြီးသူရဦးတင်ဦးလည်း တက်ရောက်
နှတ်ဆက်ခဲ့ကြောင်းသိရသည်။

ဆက်စပ်မရသော ရှုမျှော်ခင်းများ

r Aung Ko Ko

အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို့သည် ရှု မျှော်ခင်းများဖြစ်ကြသည်။ တောက်ပသော မွဲခြောက်သော၊ စိမ်းလန်းသော စသည်ဖြင့် ထို ရှုမျှော်ခင်းတို့သည် ဆက်စပ်မရသော ပန်းချီကားတို့လည်း ဖြစ်ချင်ဖြစ်ပေလိမ့်မည်။
သူ့ အခန်းထဲတွင် သတင်းစာအဟောင်းတစ် ချို့ရှိသည်။ အဘိုးထို သတင်းစာတို့ကိုဘာ ကြောင့်သိမ်းဆည်းထားခဲ့မှန်း သူမသိပါ။ အဖေကတော့ ပုံမှန်ဂျာနယ်ဖတ်သူဖြစ်၏ ...
ဂျာနယ်၊ သတင်းစာတို့သည် ခေတ်၏ ပုံရိပ် များဖြစ်၏ ... ရှုမျှော်ခင်းများဖြစ်၏ ... ထို ရှုမျှော်ခင်းများထဲတွင် သူကြည့်ငေးရန် အသင့်ထိုင်နေလိုက်မိ၏ ...
Alfred Nobel ကွယ်လွန်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ နိုဘယ်လ်ဆုကို ၂မျိုးပေးသည်ဟု သူလည်းမကြားဖူးပါ။ သို့သော် နောင်လာနောင်သားတို့ကို ပညာသင်လျှင် ၂မျိုး သင်သင့်ပါသည်။ ၁၉၈၈ မှ ၂၀၁၀ အထိ နိုဘယ်လ်ဆုသည် ၂ပြားမတန်သောဆု တစ်ဆု ဖြစ်၍ ၂၀၁၀ နောင်ပိုင်းတွင် ချက်ချင်း တန်ဖိုးမြင့်သွားသောဆု ဖြစ်၏။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ရစဉ်က အနောက်အုပ်စု၏ ချည်ကြိုးအဖြစ် ၂ပြားမ တန်အောင်ဖော်ပြခဲ့သော သတင်းစာတို့သည် သမ္မတကြီး ဆန်ကာတင်ဝင်သောအခါ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြပြန်၏
ထို့ကြောင့် နိုဘယ်လ်ဆု ( ဒေါ်စု ) သည် ၂ပြားမတန် ၊ သမ္မတဦးသိန်စိန် နိုဘယ်လ်ဆု တန်ဖိုးကြီး ဟူ၍ အစိုးရသတင်းစာ များ အရ သိရပါသည်။ နိုဘယ်လ် ဆု၂မျိုးပေးခဲ့ ဟန်တူပါသည်။
ဦးသိန်းစိန် သမ္မတဖြစ်လာသောအခါ ဆင်းရဲ မွဲတေမှု ပပျောက်ရေးကို ဦးတည်ချက်ထား ခဲ့ပါသည်။ သူစီးနေကျဆိုက်ကားဆရာသည် ဇေ သောက်ရင်း ဘဝကူးသွားပြီဖြစ်သည်။ ပဲပြုတ်သည် သည်လည်း ငါးပိရည်စားရင်း လုံးပါးပါး ကာ ဘဝအသစ်ရသွားပြီဖြစ်သည် ယူရီးယား သည်လူစားရန်မဟုတ်လောက်ပါ။ သွေးလွန်တုတ်ကွေး ဖြင့်ဆင်းရဲသော ကလေးငယ်များ မြန်မြန်ဝဋ်ကျွတ်သွားကြ၏ ဆင်းရဲသားများ အကုန်သေသွားလျှင် ဆင်း ရဲမွဲတေမှု ပပျောက်သွားမည်ဟုတော့ သမ္မတကြီး တွေးခဲ့မည်လား ဟု သူမတွေးမိပါ။ မတွေးသင့်သောကြောင့်ဖြစ်ပါသည်။ ဝါသနာပါလျှင် လူတစ်ချို့ကဲ့သို့ သင်လည်း အော်နိုင်ပါသည်။ " သမ္မတကြီးကို ကျေးဇူးတင်ပါသည် " ဟူ ၍ ဖြစ်ပါသည်။ သည်းခြေကောင်းရန်တော့ လိုပါသည်။ မဟုတ်လျှင် ပျို့အန်တတ်ပါသည်။
တရုတ်စာဖြင့်ရေးထားသော နို့မှုန့်များ၌ မယ် လမင်းဓာတ်ပါသဖြင့် ကလေးငယ်များ အသက်အန္တရာယ်ရကြ၏ ... တရုတ်စာဖြင့်ရေးထားသော အရုပ်များ၌ အရည်အသွေးညံ့၍ ကလေးငယ်များ တီဘီ ရောဂါ ဖြစ်ကြ၏ ... တရုတ်စာဖြင့်ရေးထားသော မီးခိုးဗုံးကိုသုံးစွဲ လိုက်သဖြင့် လက်ပံတောင်းမှ သံဃာတော် များ သေရာပါဒဏ်ရာများရကုန်ကြ၏ ... ဝန်ကြီးတစ်ပါးမှ တရုတ်သည် ကျေးဇူးရှင်ဖြစ်ကြောင်း၊ ကြောက်ရကြောင်းပြော၏ ... သမ္မတကြီးအား ကျေးဇူးတင်ပါသည်။
သတင်းစာအဟောင်းတစ်ခုထဲတွင် လော်စစ်ဟန် သည်လူယုတ်မာ ဘိန်းဘုရင်ဖြစ်၏ ... သတင်းစာအသစ်တစ်ခုထဲတွင် ဦးလော်စစ်ဟန် နာရေးအတွက် ဝမ်းနည်းကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးမှဝမ်းနည်းကြောင်း နာရေးကြော်ငြာထည့်၏ ...
ဘိန်းရာဇာ နှင့် ဗိုလ်ချုပ် ဘိန်းစိုက်ပျိုးရေး နှင့် လယ်ဆည်ဝန်ကြီး သူ မတွေးတတ်ပါ။ ဆက်စပ်မရသော ရှုခင်း တစ်ခုဖြစ်ပါလိမ့်မည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားမိသားစုများသည် ထိုနာရေးကြော်ငြာအတွက် မျက်ရည်ကျရပါလိမ့် မည်။ သမ္မတကြီးကို ကျေးဇူးတင်ပါသည်။
၂၀၀၈ ခြေဥ ရေးဆွဲသော ဥက္ကဌမှာ ဗိုလ်ချုပ် ကြီးသိန်းစိန် ဖြစ်ပါသည်။ မြစ်ဆုံ ကို ရောင်းရန် လက်မှတ်ထိုးခဲ့သူမှာ ဝန်ကြီးချုပ် သိန်းစိန် ဖြစ်ပါသည်။ သံလွင်မြစ်၊ စစ်တောင်း၊ ချင်းတွင်းမြစ်များကို ရောင်းမစားခဲ့၍ ကျေးဇူးတင်မိကြောင်း Facebook သုံးစွဲသူ စစ်တပ်အရာရှိတစ်ဦး မှပြောပါသည်။ မျက်ရည်များပင် လည်လာ မိပါသည် ...
သမ္မတသည် သောကြာနံဖြစ်ပါသည် ...
ဦးသိန်းစိန် သည်လည်း သောကြာနံဖြစ်ပါ သည်။
အဖျက်ခံရသော သိမ် တော်သည်လည်း ကောင်း၊
ညှိုးမှိန်လာသော သာသနာသည် လည်းကောင်း၊
ကျူးကျော်ဟု နှိမ်နင်းခံရ သော သံဃာ သည်လည်းကောင်း ...
ဘူဒိုဇာဖြင့် အထိုးခံရသော သမီးကလေးရွာ သည် လည်းကောင်း ...
ဘုန်းကြီးကျောင်းကို ဖျက်ကာ စိုက်ပျိုးလိုက် သော သရက်စိုက်ခင်း သည်လည်းကောင်း
သောကြာနံများသာ ဖြစ်ပါသည်။
ဆင်းရဲမွဲတေမှုကို ဘူဒိုဇာဖြင့် တိုက်ဖျက်ရ ကြောင်း သင်ပေးလျှင် အာဖရိက နိုင်ငံများ လည်း သမ္မတကြီးအား ကျေးဇူးတင်ပါလိမ့် မည်။
၁၉၉၀ နောက်ပိုင်း သတင်းစာတစ်စောင်ကိုသူယူလိုက်မိ၏။ ၉၀နှစ်လွန်ပိုင်း သတင်းစာ များတွင် ဒီမိုကရေစီသည် မြန်မာ့ယဉ်ကျေး မှုနှင့် မအပ်စပ်ရာမစားကောင်းသောအသီး အဖြစ် နေ့စဉ်ရေးသားကြ၏။ ယခုအခါ ထိုသူတို့သည် ဘောင်းဘီဝတ်ရာမှခေါင်းပေါင်း တပ်ကာဒီမိုကရေစီကို ဥုံ ခံရွတ်ဆို စီးပွားတိုးနေကြပြန်၏ ...
၁ ဒဿမ ၅ ဒေါ်လာ တန် sim card ကို ဒေါ်လာ ၁၅၀၀ ဖြင့်ရောင်းချခဲ့ရာမှ ကျပ်ငွေ ၁၅၀၀ အထိလျော့ချပေးခဲ့၍ ကျေးဇူးတင် ကြောင်း ပြောနေကြ၏ ...
သည်းခြေမကောင်း၍ ခဏခဏ ပျို့အန်တတ်ပါသည်။ ဧပြီ ၁၂မှစ၍ ငွေတစ်သောင်း ဖြည့်လျှင် ငွေ ၁၂၀၀၀ ကျပ် ရနိုင်ကြောင်း MPT မှ message ပို့ပါသည်။ ငွေ ၂၀၀၀ မက်၍ များများဖြည့်မိသူများသည် ... တစ်မိနစ် ၁၀ကျပ်နှင့် ၂၅ ကျပ်တန် sim card များ ထွက်လာသောအခါ MPT၏ တစ်မိနစ်ကို ၅၀ ပေးပြောရင်း မျက်ရည်များဖြင့် သမ္မတ ကြီးကို ကျေးဇူးတင်ကြောင်းဆက်ပြောသင့် ပါသည်။
ဒေါသထွက်နေသောလူတစ်စု၊နောက်ကွယ်မှ လက်မည်းကြီး တို့သည် သမ္မတကြီး၏ ဖွားဘက်တော်ဖြစ်၏ ... Sea Game တွင် သမ္မတကြီးတို့ မီးပန်းများဖောက်မည်ကိုအား ကျသဖြင့် ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ လှည်းကူး မြို့သည် အားကျမခံ မီးဆော့ ကြပါ၏ ... တစ်ပြည်လုံး မကုန်သေးသည်မှာ ကံကောင်းလွန်းပါသည်။
ဘွဲ့ရများပင် အိမ်အကူထွက်လုပ်ကြရ၏။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကျော်သံများ ကြားရသောအခါ မကြာမှီတွင် အိမ်ဖော် အထွက်ဆုံး ဖိလစ်ပိုင်၊ အင်ဒို တို့ကို မြန်မာ ကျော်ဖြတ်တော့မလားဟု အားရမိပါသည်။ သမ္မတကြီးအား ကျေးဇူးတင်ပါသည်။
ဘုရင့်နောင်လမ်းပေါ်တွင် သစ်လုံးကားကြီး များ ဖြတ်သန်းသွားကြ၏ ... ၁၉၉၀ ခန့်က ရဟတ်ယာဉ်ဖြင့် ရိုက်ထားသော သီချင်းတွင် မြန်မာပြည်ကြီး စိမ်းလန်း နေဆဲဖြစ်ပါသည်။ မယုံရင် မြဝတီမှန်မှန် ကြည့်ပါ။ ကျေးဇူးတင်ပါသည်အစား သမ္မတကြီးအား ဝ ရှဲရှဲနိ ဝမ်စွေ့ဝမ်စွေ့ဟုလည်းပြောနိုင်ပါ သည်။
ငိုချင်စိတ်ကို ထိန်းမရသောကြောင့် သတင်း စာ၊ ဂျာနယ်အဟောင်းများကို အမှိုက်သိမ်း သူအား ရောင်းစားရန် ပေးလိုက်ပါသည်။ ထိုသူသည်လည်း ရောင်းစားရန်အပြင် သိမ်း ထားရန်မလိုသောသတင်း များအတွက် ကျေးဇူးတင်ပေလိမ့်မည် ...
Update အဖြစ်ဆုံး ၂၀၁၄ မိုးရာသီရန်ကုန် မြို့ ရေမလျံရန် သမ္မတအထူးခွင့်ပြုချက်ဖြင့် ၁၂ဘီလီယံ သုံးစွဲမည့် ဂျာ နယ်အဖုံးအား နံရံတွင်ကပ်ထားပါသည်။ မိုးတွင်း ရေကူးနေကြသော မျက်နှာဖုံးများ ပါလာသော အခါ ယှဉ်ကပ်ထားလျှင်အလွန် ရယ်ရပါလိမ့်မည် ........

သမ္မတကြီးအားကျေးဇူးအကြီးကြီး တင်ပါသည်။


ဘယ်မှာရပ်ပါဆိုတဲ့ ဖြေရှင်းချက်ကိုမပေးပဲ ရပ်တဲ့သူဖမ်းမယ်ဆိုတာကတော့ တရားနည်းလမ်းမကျ



"လွဲနေတဲ့ မူဝါဒတစ်ခု"
Thet Swe Win

ဒီနေ့ ကျနော့်ကား လှည်းတန်းမှာရပ်ထားတုန်း ကရိန်းကားနဲ့ အဆွဲခံလိုက်ရတယ်။ လှည်းတန်းနားတ၀ိုက်မှာ ရပ်ထားတဲ့ကားတွေကို ကရိန်းနဲ့ဆွဲဆွဲသွားတာတွေကို မကြာခန တွေ့နေမြင်နေရပေမယ့် ကိုယ့်မထိသေးတော့ ဖာသိဖာသာပဲ နေဖြစ်ခဲ့တယ်။ လူတွေထုံးစံအတိုင်း ကိုယ့်မထိသ၍ သူများတွေ ဖြစ်ချင်တာဖြစ်ဆိုပြီး အတ္တကြီးခဲ့မိတယ်ဆိုတာ ၀န်ခံပါရစေ။ စာရေးမယ်လို့တွေးပေမယ့် လက်တွေ့ချရေးဖို့ ပျင်းနေတာကြောင့်လည်း ရေးသင့်ပြောသင့်တာတွေ မပြောဖြစ်ခဲ့တာတွေ ရှိပါတယ်။

ကျနော့်ရုံးက လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှာ။ လှည်းတန်းဆိုတာကလည်း သိတဲ့အတိုင်း ကားရပ်စရာနေရာ တော်တော်ရှားတာ။ ကားမှတ်တိုင်နဲ့ မီးပွိုင့်နဲ့က အရမ်းနီးနေပြီး ဘတ်စ်ကားတွေက စည်းကမ်းမဲ့ပြီး ခနခနလမ်းပိတ်ရပ်တော့ လှည်းတန်းတစ်ဝိုက်က ကားတွေအမြဲကျပ်နေလေ့ရှိတယ်။ မနက် ၉နာရီ ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်တွေမှာ လူတွေရော ကားတွေရော အရမ်းရှုပ်နေလေ့ရှိတယ်။ ညနေဘက်ဆိုရင် လမ်းဘေးဆိုင်တွေပါ လာဖွင့်ကြတော့ တော်တော်ကိုဆိုးဆိုးရွားရွားကားပိတ်တတ်တယ်။

ကျနော်အရင်အလုပ် MICT Park မှာတုန်းက အလုပ်သွားရင် ဘတ်စ်ကားနဲ့သွားတယ်။ တာမွေကနေ MICT Park ကိုဘတ်စ်ကားနဲ့ သွားရင် ပုံမှန် ၂နာရီကြာတယ်။ မနှစ်က သမီးလေးကိုယ်ဝန်စရှိတော့ မားသားကြီးက ကားလေးတစ်စီးဝယ်ပေးလို့ ကိုယ့်ကားနဲ့ကိုယ် အလုပ်သွားဖြစ်တယ်။ မိန်းမကလည်းအလုပ်လုပ်နေတော့ မနက် ၈နာရီခွဲလောက်ဆို သမီးကို ယောက်ခမအိမ်သွားပို့၊ ပြီးရင် မိန်းမကို အလုပ်သွားပို့ ပြီးတော့မှ လှည်းတန်းက ကျနော့်အလုပ်ကိုလာ။ လှည်းတန်းရောက်ရင် မနက် ၉နာရီခွဲပြီ။ ညနေဆိုရင်လည်း မိန်းမအလုပ်က ၇နာရီမှပြီးတော့ သူ့ကိုဝင်ကြို ၊ ပြီးရင် တစ်ဆိုင်ဆိုင်မှာ ထမင်းဝင်စား၊ ပြီးရင် သမီးလေးကို သွားခေါ်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်ရင် ည၁၀နာရီထိုးနေပြီ။ ဒါတွေက ကျနော်တို့မိသားစု နိစ္စဒူဝအလုပ်။

ဒီနှစ်ဇန်န၀ါရီလလောက်ကတည်းကစပြီး လှည်းတန်းမှာ ရပ်ထားတဲ့ကားတွေကို စီမံချက်နဲ့ ဆွဲဆွဲသွားတာကို ကြားနေ မြင်နေရတော့ ကိုယ့်ကားလေးလည်း ဆွဲသွားခံထိမှာ စိုးရိမ်တယ်။ ဒါပေမယ့် လှည်းတန်းတ၀ိုက်မှာ ကားတစ်စီးရပ်စရာနေရာဆိုတာ တော်တော်ရှားတဲ့အတွက်ကြောင့် ရင်တထိပ်ထိပ်နဲ့ပဲ အဆင်ပြေတဲ့ အင်းစိန်လမ်းမပေါ်မှာ ရပ်ရလေ့ရှိတယ်။ လမ်းကြိုလမ်းကြားထဲဝင်ရပ်ရင်လည်း အဲဒီနားကလမ်းလေးတွေက ကျဉ်းကျဉ်းလေးတွေဖြစ်ပြီး တစ်ဖက်ပိတ်လမ်းလည်းဖြစ်တော့ ကားရပ်လို့ လုံးဝအဆင်မပြေဘူး။ နေ့လည်ဘက် ထမင်းစားထွက်ချိန်ဆိုရင် လမ်းမမှာရပ်ထားတဲ့ ကိုယ့်ကားလေးရှိသေးရဲ့လားလို့ မကြာမကြာ သွားကြည့်ဖြစ်တယ်။ ဒီနေ့လည်း ထမင်းစားဆင်းတုန်းက ကားလေးရှိသေးလားလို့ ကြည့်ဖြစ်သေးတယ်။

ညနေရုံးဆင်းချိန် မိန်းမအလုပ်ကို သွားကြိုမယ်ဆိုပြီး လမ်းထိပ်ထွက်တော့ ကားမရှိတော့ဘူး။ မေးမြန်းကြည့်တော့ နေ့လည်က လာဆွဲသွားတယ်လို့ပြောတယ်။ အိမ်သော့က ကားထဲမှာ။ လင်မယား၂ယောက် ခလေးခေါ်ပြီး အိမ်ပြန်ရောက်တော့မှ အိမ်သော့က ကားထဲကျန်ခဲ့မှန်းသိလို့ မြေနီကုန်း ကားဝင်းထဲလိုက်သွားပြီး ကားသော့ဖွင့်ပြီးပြန်ယူခဲ့ရတယ်။ ကားကတော့ မြေနီကုန်းကားဝင်းထဲမှာပဲ။ မနက်ကျမှ ဒဏ်ငွေသွားဆောင်ရမှာ။ ကားဆွဲခ ၅သောင်းပေးရမယ်။ ပြီးရင် သူတို့ဆီက ချလံယူပြီး လှိုင်မြို့နယ် စည်ပင်သာယာမှာ နောက်ထပ် ၂သောင်းခွဲပေးပြီး မှ ကားထုတ်လို့ရမယ်။ ကျနော့်ရဲ့ ချွေးနှဲစာလေးထဲက မသထာရေစာ ဖဲ့ပေးရမယ့်အပြင် မနက်ဖြန်တစ်မနက်လုံး အချိန်ကုန်ဦးမှာပေါ့။

ဒီနေရာမှာ ကျနော်ထောက်ပြချင်တာတချို့ရှိပါတယ်။ ကားတွေကို စည်းကမ်းမဲ့ရပ်လို့ဖမ်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် စည်းနဲ့ကမ်းနဲ့ ရပ်လို့ရအောင် ကားရပ်စရာနေရာတွေ စီစဉ်ထားပေးဖို့လိုတယ်။ လှည်းတန်းလိုမျိုး လူဦးရေ သိန်းချီပြီး နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့နေရာမှာ ကိုယ်ပိုင်ကားတွေအတွက် ရပ်စရာနေရာ အရမ်းခက်ခဲပါတယ်။ အဲဒီနားမှာနေတဲ့သူတွေ၊ ဆိုင်ဖွင့်တဲ့သူတွေရဲ့ ကားတွေအတွက်လည်း ရပ်စရာနေရာ ခက်ခဲလှပါတယ်။ YCDC အနေနဲ့ လမ်းမဘေးမှာ ကားတွေမရပ်စေချင်ဘူးဆိုရင် ကားရပ်ဖို့အတွက် ယဉ်ရပ်နားစခန်းတွေ အဲဒီအနီးတ၀ိုက်မှာ ဆောက်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း လူစည်ကားတဲ့နေရာတွေမှာ ကားပါကင်တွေ ဆောက်ပေးပြီး နာရီနဲ့ ပိုက်ဆံကောက်ပါတယ်။ အခုဟာက ဘယ်မှာရပ်ပါဆိုတဲ့ ဖြေရှင်းချက်ကိုမပေးပဲ ရပ်တဲ့သူဖမ်းမယ်ဆိုတာကတော့ တရားနည်းလမ်းမကျဘူးလို့မြင်ပါတယ်။

အမေရိကားမှာဆိုရင် လူစည်ကားတဲ့နေရာတွေမှာ ကားရပ်ရင် ၁နာရီထပ်ပိုရပ်ခွင့်မရှိပါဘူး။ ၁နာရီထက် ကျော်ရပ်ရင် ဒဏ်ကြေး ဒေါ်လာ ၁၀၀ ကျော်ဆောင်ရပါတယ်။ နောက်ပြီး သတ်မှတ်နေရာမှာ မရပ်တဲ့ကားတွေကို Wheel Clam လို့ခေါ်တဲ့ ဘီးကိုသော့ခတ်သွားပြီး ဒဏ်ငွေဆောင်မှ လာဖြုတ်ပေးတာမျိုးတွေ လုပ်လေ့လုပ်ထရှိပါတယ်။ လမ်းဘေးက ကားပါကင်တိုင်းမှာ ဆိုင်းဘုတ်တွေရေးထားပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ အင်းစိန်လမ်းမှာ အဲဒီလို ဆိုင်းဘုတ်မျိုး တစ်ခုမှရေးပြီး ကြေငြာထားတာ မတွေ့ပါဘူး။

ကျနော်သိရသလောက် အင်းစိန်လမ်းမကြီးတောက်လျှောက် ပလက်ဖောင်းဘေးမှာ ယဉ်ရပ်နားခွင့် မပေးထားပါဘူး။ ဒါပေမယ့် ကားတွေက အမြဲတမ်းရပ်နေကြတာပါပဲ။ ကားလာဆွဲတုန်းခနပဲ ကားတွေရှင်းသွားပြီး နောက်တော့ ပြန်ရပ်တာပါပဲ။ ဒါကို အဖြေမှန်လို့ YCDC က ရွှေညဏ်တော် စူးရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေက ထင်များထင်နေလားမသိဘူး။ ဘတ်စ်ကားတွေလမ်းမကိုပိတ်ပြီး စည်းမဲ့ကမ်းမဲ့ရပ်တာကျတော့ ပါးစပ်တွေပိတ်ပြီး မမြင်ချင်ယောင်ဆောင်နေကြတယ်။ လမ်းဘေးဈေးသည်တွေ လမ်းမပေါ်တက်ပြီး ဈေးရောင်းတာကို မမြင်ချင်ယောင်ဆောင်နေကြတယ်။

ပေါ်လစီဆိုတာ စဉ်းစားရင် တစ်ပါတ်လည်အောင်စဉ်းစားရတယ်ဆိုတဲ့ စကားက သိပ်မှန်တယ်။ လမ်းမပေါ်ကားတွေရပ်လို့ လမ်းပိတ်တယ်ဆိုပြီး ရပ်တဲ့ကားတွေကို ဖမ်းတယ်။ ကားတွေရပ်ဖို့ ကားပါကင် မဆောက်ပေးထားတော့ ကားတွေက လမ်းကြိုလမ်းကြားဝင်ရပ်တယ်။ လမ်းမပေါ်ကားမပိတ်တော့ပေမယ့် လမ်းကြားတွေထဲ ကားပိတ်တယ်။ လမ်းတွေမကောင်းလို့ဆိုပြီး ကွန်ကရစ်တွေ တစ်ပေလောက်မြှင့်ပြီးခင်းလိုက်တယ်။ မိုးရွာတော့ အိမ်တွေရေမြုပ်ကုန်တယ်။ လမ်းဘေးမှာ ဈေးရောင်းလို့ဆိုပြီးဖမ်းတယ်။ သူတို့ဈေးရောင်းဖို့အတွက် နေရာတစ်ခုလောက်ကျတော့ မဖန်တီးပေးချင်ကြဘူး။ ကျုပ်တို့နိုင်ငံမှာ ဦးနင်းပဲ့ထောင်ပေါ်လစီတွေများနေတယ်။

နိုင်ငံတကာမှာ မြို့တော်ဝန်ဆိုတာ ပြည်သူက တိုက်ရိုက်ရွေးချယ်ခန့်ထားတဲ့ သူတွေပဲခန့်လေ့ရှိတယ်။ အများအားဖြင့် ပြည်သူ့အသံနားထောင်ပြီး ပြည်သူတွေလိုအပ်တာကို အကျိုးပြုနိုင်မယ့် အစေခံကောင်းတစ်ယောက်ဆိုရင်လည်း မမှားဘူး။ ကျနော်တို့ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဟာပညာယှိကြီးများကို ဒီထက်ပိုပြီး ရွှေညဏ်တော်မစူးရောက်ဖို့အတွက် ပြည်သူု့ရေးရာမူဝါဒ (Public Policy) လိုမျိုး၊ ပြည်သူ့အုပ်ချုပ်ရေးပညာ (Public Administration) လိုမျိုးတွေ အများကြီးသင်ပေးဖို့လိုဦးမယ်။

နောက်တစ်ခုက ပြည်သူတွေကို အသိပညာပေးတဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူဖို့လိုအပ်တယ်။ အစိုးရဘာလုပ်လုပ်၊ ဘာပြောပြော ပြည်သူတွေက အယုံအကြည်မရှိနေတဲ့အခါကျတော့ တချို့သော တကယ်ကောင်းတဲ့ ပေါ်လစီတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်မှု အားနည်းတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေမှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေပါပြီ။ ဒါပေမယ့် ရန်ကုန်တိုင်းမှာ အဲဒီလိုမျိုး ထိတွေ့ဆက်ဆံမှုတွေလိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပေါ်လစီတွေ ချမှတ်တော့မယ်ဆိုရင်လည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့လည်း တိုက်တွန်းချင်ပါတယ်။

အိမ်ရှေ့ရောက်သံချပ်အဖွဲ့အမေစုမှဆုချီးမြှင့်

“တန်ခူးရင်ခွင်”သံချပ်အဖွဲ့ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာဖျော်ဖြေ
***************************************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး လူငယ်များအဖွဲ့ရဲ့ “တန်ခူးရင်ခွင်” အမည်နဲ့ သံချပ်ထိုးဖျော်ဖြေနေပါတယ်။ သံချပ်စာသားတွေမှာ လယ်ယာမြေ၊ ကျန်းမာရေးနဲ့ အားကစားကိစ္စတွေကို အဓိကထား သံချပ်ထိုး ဖျော်ဖြေနေကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်အချိန်အတွင်းမှာ ဂျာမနီနိုင်ငံနဲ့ ဥရောပ ခရီးစဉ်ရှိတယ်လို့ သိရပါတယ်။
Photo: Kyaw Htoon Naing, Kyaw Zaw Win/RFA

၇.၄.၂၀၁၄ မကွေးတိုင်းချောက်မြို့ ၂၀၀၈အခြခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒပြပွဲမြင်ကွင်း



Photo by Myo ko

ေ ရွှဝါမြိုင်ဘုန်းကြီးကျောင်းအား(ဖမ်းဝရမ်းထပ်မံထုတ်)ဖယ်ရှားပြီး စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်



တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်းထပ်မံ ထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာများတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ပြီးနောက် ဘုန်းကြီးကျောင်းမြေနေရာများတွင် အချို့ဘုန်းကြီးကျောင်း နေရာများအား လျော်ကြေးပေး ၀ယ်ယူခြင်းများပြုလုပ်ပြီး ခြံစည်းရိုးများခတ်ကာ သရက်ဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဝါမြိုင်ကျောင်းဆရာတော် ဦးပညာလင်္ကာရက “ဘုန်းဘုန်းက မနေ့က ရုံးချိန်းမှာမပါဘူး။ ဓမ္မာစရိယလည်း အောင်ထားပြီးပါပြီ။ ဒီနေ့ ၀ရမ်းလာကပ်တယ်။ သူတို့ အင်အားသုံးဖယ်ရှားမယ့်နေ့ကို စောင့်ပြီးရင်ဆိုင်မယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဲတွေလာပြောတယ်။ ဖယ်ပေးရင်ပေး မပေးရင် ဖမ်းဆိုပြီး ၀ရမ်းလည်းကပ်သွားတယ်”ဟု မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ ဖယ်ရှားခိုင်းသည့် ဘုန်းကြီးကျောင်းများအနီးရှိ ဘုန်းကြီးကျောင်းများအား ခွင့်ပြုချက်နှင့်အညီ ဆက်နေခွင့်ရထားသည့် ဘုန်းကြီးကျောင်းများမှာ သုခမြင့်မိုရ်ကျောင်း၊ ရွှေရတနာလကျောင်း၊ ကောသိကာရုံကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သာသနာ့ဝေပုဏ္ဏကျောင်းများဖြစ်ကြောင်း သိရသည်။

“အဲဒီကျောင်းတွေကိုကျတော့ ဘာလို့ခွင့်ပြုချက်နဲ့အညီဆိုပြီး နေခွင့်ပေးထားတာလဲ။ အဲဒီကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းဘုန်းတို့နဲ့က ဓမ္မာစရိယဘွဲ့ ရထားတာအတူတူပဲ။ အချို့ကျောင်းထိုင်တွေက အသက်ကြီးမှဝတ်တဲ့ ဘုန်းကြီးတွေတောင်ပါတယ်။ မနေ့က ရုံးချိန်းနေ့မှာ ဘုန်းဘုန်းက ဓမ္မာစရိယဂုဏ်ထူးတန်း ဖြေဆိုနေတာ။ ကျမ်းရင်းသုံးခုက အောင်ပြီးသွားပါပြီ။ ဒီနေ့ ရုံးချိန်းအဖြစ် ၀ရမ်းလာကပ်သွားတယ်။ ဘုန်းကြီးကတော့ မသွားတော့ဘူး။ သူတို့လာ ဖမ်းရင်လည်း ရင်ဆိုင်သွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်က “သတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေက စာမတတ်၊ ပေမတတ်လို့ ဖော်ပြထားတာတွေက အမှားတွေပါ။ ဒကာ၊ ဒကာမ တွေ အကြည်ညိုပျက်အောင် ဖော်ပြထားတာဖြစ်တယ်။ ဦးဇင်းတို့မှာ အောင်လက်မှတ်တွေလည်း ရှိတယ်။ ဒီနေရာတွေက အရင်ကတောင်သူတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်။ တောင်သူတွေလှူခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

နေပြည်တော်တိုင်း သံဃမဟာနာယက အဖွဲ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နေထိုင်ရန် အကျိုးတော်ဆောင်ဆရာတော်က မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတော်သံဃနာယကအဖွဲ့၏ စာအမှတ်များအရ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှ စိစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်အရ ဆောင်ရွက်မှု မပြီးဆုံးသေးသောကြောင့်လည်းကောင်း၊ မြို့နယ်သီးခြား သံဃ၀ိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုသေးခြင်း ဖြစ်ကြောင်း၊ လေးစားလိုက်နာမှု မပြုခြင်းမဟုတ်ကြောင်း တရားသူကြီးမင်းထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း ရွှေဝါမြိုင်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ကျူးကျော်ဘုန်းကြီးကျောင်းဟု သတ်မှတ်ပြီး တရားရင်ဆိုင်ခဲ့သည့် ဘုန်းကြီးကျောင်း သုံးခုဖြစ်သည့် သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းများမှ ကျောင်းထိုင်ဘုန်းကြီး သုံးပါး အား လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း အား ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ၂၄ ကျောင်းမှာ ဓမ္မရက္ခိတကျောင်း၊ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ရာမညကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ နန္ဒာရာမကျောင်း၊ သပြေညိုကျောင်း၊ လှမေတ္တာကျောင်း၊ ရတနာ့သိဒ္ဓိကျောင်း၊ ဝေဠုဝန်ကျောင်း(ဥတ္တရသီရိမြို့)၊ ဇေယျာမြိုင်ကျောင်း၊ အဓိဋ္ဌာန်ကျောင်း၊ မဟာမြိုင်ကျောင်း၊ ပဏ္ဍိတာရာမကျောင်း၊ နန္ဒာရာမကျောင်း (ဥတ္တရသီရိမြို့)၊ ငှက်ပျောတောကျောင်း၊ ဝေဠုဝန်ကျောင်း(ဇမ္ဗူ/ဒက္ခိဏသီရိ)၊ လှေဆွဲမြှောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်း၊ မိတ္ထီလာကျောင်း၊ သာသနာ့အောင်လံကျောင်း၊ ဗုဒ္ဓရတနာကျောင်းများဖြစ်ကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အဆိုပါဘုန်းကြီးကျောင်းများသည် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်းတွင် တည်ရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ဖို့ဆိုတာ ရေစက်ချပြီး လှူရတယ်။ ပြီးတော့ ကျောင်းသိမ်သမုတ်ရတယ်။ကျောင်းသိမ်သမုတ်တဲ့အခါမှာလည်း အရည်အချင်းရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး သိမ်သမုတ်ရတယ်။
သိမ်သမုတ်ပြီးလို့ ကျောင်းဖြစ်သွားရင် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ နိုင်ငံတော်ကလည်း မပိုင်တော့ဘူး။ အဲဒီလိုဘာသာသာသနာပိုင်ကျောင်းဖြစ်သွားရင် ကျောင်းတို့၊ မြေတို့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံဃ၀ိနိစ္ဆယ(တစ်နည်း) (သံဃာ့တရားရုံး) တရားရုံးတွေနဲ့သာ ဖြေရှင်းရတယ်။ သံဃနာယက ဆရာတော်တွေနဲ့သာ အရေးယူဆောင်ရွက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုလို ရာဇ၀တ်မှုမျိုးတွေကို သံဃာတွေက ကျူးလွန်ရင်သာ ရာဇ၀တ်တရားရုံးတွေမှာ ဖြေရှင်းရတာပါ။ ”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ တာဝန်ခံအမှုဆောင်တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။

(နေပြည်တော် စိန်တလုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန် လုပ်ကွက် ၁ နယ်မြေအား တွေ့ရစဉ်)

Eleven Media Group

မြန်မာ့အပြောင်းအလဲအပေါ် အမေရိကန် အကောင်းမြင်မျှော်လင့်ချက်များ လျော့ကျ




Sunday 2014-04-06 ခင်မေဇော် (ဝါရှင်တန်ဒီစီ)
ကိုးကား-အေပီ 7Day Daily
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြစဉ် မြန်မာနိုင်ငံနှင့်ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် အမေရိကန်က ကြေညာလိုက်ပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်နေမှုများအပေါ် ဝါရှင်တန်၏ မျှော်လင့်ချက်များ ကျဆင်းလာနေသလို လူနည်းစုအရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုး၍လာနေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲနှုန်း နှေးကွေးနေပြီး အမေရိကန်လွှတ်တော်က ဝေဖန် မှုများ ပြင်းထန်လာနေသဖြင့် အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတစ်ခုအနေနှင့် ယူဆထားခဲ့သော ဒီမိုကရက်ရော ရီပက်ဘလေကန်ကပါ ထောက်ခံအားပေးထားသည့်မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒ၏ ရှေ့ဆက်သွားရမည့်လမ်းက ချောမွေ့မည့်ပုံ မတွေ့ရပေ။ အစိုးရအဖွဲ့က မြန်မာစစ်တပ်နှင့် ဆက်ဆံရန်ကြိုးပမ်းမှုအပေါ် လွှတ်တော်အမတ်များက လက်မခံလိုကြပါ။ အကယ်၍ လာမည့်နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသမ္မတ ရွေးခံခွင့်မရရှိလျှင် မနှစ်မြို့မှုများ က ပို၍ပင်တိုးလာနိုင်ဖွယ်ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မျှော်လင့်နိုင်သေးကြောင်း အမေရိကန်အစိုးရက ပြောဆိုနေသော်လည်း နှစ် ၅၀ စစ် အာဏာရှင်အုပ်ချုပ်မှုမှတစ်ကွေ့ ချိုးကြားကာလ၏ အရေးပါသည့် ၂၀၁၅ ခုနှစ်အကုန် အထွေထွေရွေးကောက်ပွဲမတိုင်မီ ယင်းပြင်ဆင်ချက်ဖြစ်လာနိုင်မှုအပေါ် အမေရိကန်အစိုးရအဖွဲ့က သံသယရှိနေကြောင်း အစိုးရအဖွဲ့အကြံပေးများက ပြောဆိုသည်။ အိုဘားမားအစိုးရအဖွဲ့နှင့် ဥပဒေပြုအမတ်များ အများဆုံး ထုတ်ဖော်ပြောဆိုနေသည့် အဓိ က စိုးရိမ်ပူပန်မှုတစ်ခုမှာ ဗုဒ္ဓဘာ သာနှင့် အစ္စလာမ်ဘာသာဝင် လူအုပ်စုများအကြားက အကြမ်းဖက်မှုများဖြစ်ပြီး လာမည့်ရွေးကောက်ပွဲအထိပင် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒက အရှိန်မြင့်လာနိုင်သည့်အချက်ဖြစ်သည်။ အောက်လွှတ်တော်နိုင်ငံ ခြားရေးရာကော်မတီက ပြီးခဲ့သည့် သီတင်းပတ်တွင် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းသည် ယခုအချိန်အထိ မြန်မာအစိုးရသစ် အပေါ် ဝေဖန်ချက်များထဲ၌ အပြင်းထန်ဆုံးဖြစ်သည်။ မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေဆိုးရွားနေချိန်၌ အမေရိကန်အနေနှင့် သံတမန်ဆက်ဆံရေး ပြန်လုပ်သင့်၊ မသင့်ဆိုသည်ကို ကော်မတီ၏ ရီပက်ဘလေကန် ဥက္ကဋ္ဌအဒ်ရွိုက်စ်က မေးခွန်းထုတ်လိုက်သည်။ နိုင်ငံခြားဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဟာ့ဖ်ကလည်း လူသားချင်းစာနာထောက်ထားမှုကပ်ဆိုးကြီးအေ ပါ် အလွန် စိုးရိမ်ကြောင်း ဧပြီ ၂ ရက်က ပြောဆိုလိုက်သည်။ ‘‘လတ်တလောမှာ လူအတော်များများက ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာ၊ အစားအစာတွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ပံ့ပိုးမှုတွေမရကြဘူး။ လူသားချင်းစာနာထောက်ထားမှုအတွက် အကူအညီပေးနေတဲ့ လုပ်သားတွေ သူတို့ရဲ့အသက်ကယ်တဲ့အလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် အစိုးရကလည်း အခုအချိန်ထိ လုံလောက်တဲ့လုံခြုံရေးနဲ့ ခရီးသွားလာခွင့်တွေကို ပေးဖို့ပျက်ကွက်နေပါတယ်’’ဟု ပြောဆိုလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကိုခန့်အပ်လိုက်ပြီး နှစ် ၂၀ ကြာ မြန်မာနိုင်ငံအား ဖယ်ကြဉ်ထားမှုကို ရပ်တန့်လိုက်ကြောင်း ကြေညာခဲ့ပြီး ၂ နှစ်အကြာတွင် ဤသို့ ပြင်းထန်သော ဝေဖန်ပြောကြားမှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်လွှတ်တော်တွင် အမတ်နေရာ ရရှိစေခဲ့သည့် မျှတသော အထူးရွေးကောက်ပွဲအတွက်ဖြေလျှော့ ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် အမေရိကန်က ကူညီပံ့ပိုးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပိတ်ပင်မှုအများစုကို ဖယ်ရှားပေးခဲ့ပြီး သမ္မတအိုဘားမားမှာ မြန်မာ နိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သည့် အမေရိကန်သမ္မတဖြစ်ခဲ့သည်။ အလျင်အမြန်ပြောင်းလဲလာနေသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် သမ္မတအိုဘားမား၏ လာရောက်လည်ပတ်မှုက သရဖူဆောင်းပေးလိုက်ပြီး အမေရိကန်အရာရှိများက မြန်မာနိုင်ငံအပေါ် အကောင်းမြင်မျှော်လင့်ချက်များရှိနေသေးကြော င်း ပြောဆိုကြသည်။ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းနှင့် မီဒီယာနှင့် အလုပ်သမားသမဂ္ဂများအပေါ် ကန့်သတ်မှုလျှော့ချခဲ့ခြင်းတို့ကို ထောက်ပြခဲ့ကြသည်။ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်ကတည်းက ဗဟိုအစိုးရအုပ်ချုပ်မှုကို တော်လှန်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးရအောင် အစိုးရက ကြိုးစားနေသည်။ အမေရိကန်နိုင်ငံ နိုင်ငံတကာ ရီပက်ဘလေကန်အဖွဲ့က ကမကထပြုလုပ်ကာ မြန်မာနိုင်ငံတစ်ဝန်းကောက်ခံခဲ့ပြီး ဧပြီ ၃ရက်က ထုတ်ပြန်လိုက်သည့် စစ်တမ်းတစ်ခုအရ ဖြေကြားသူ ၈၈ ရာခိုင် နှုန်းက မြန်မာနိုင်ငံတွင်းဖြစ်ပေါ် နေမှုများသည် မှန်ကန်သည့်လမ်းကို ဦးတည်သွားနေသည်ဟု ယူဆကြသည်။ ၅၇ ရာခိုင်နှုန်းက လာမည့်နှစ်အနည်းငယ်တွင် ၎င်းတို့၏ စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြသည်။ ယင်းစစ်တမ်းတွင် အမှားအယွင်းက အတိုးအလျှော့ ၂ ရာခိုင်နှုန်းမျှ ရှိနိုင်သည်။ နောက်ဆုံး သံတမန်တိုးတက်မှုတစ်ခုက ယခုသီတင်းပတ်အတွင်း ကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးကို အရှေ့တောင်အာရှ နိုင်ငံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံသည့် ဟာဝိုင်အီတွင် ကြို ဆိုဧည့်ခံခြင်းဖြစ်သည်။ အစိုးရပိုင်းအမြင်အရ စစ်ရေးဆက်ဆံမှုအားဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာစံနှုန်းကို လက်ခံကျင့်သုံးလာရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ကာကွယ်ရေးမူဝါဒများကို ကြီးကြပ်သော လွှတ်တော်အမတ်များအကြားတွင်လည်း ယင်းသို့ ချဉ်းကပ်မှု အပေါ် ထောက်ခံအားပေးမှုများရှိ နေရာ မြန်မာစစ်တပ်ကို လူ့အခွင့် အရေး၊ ဥပဒေစိုးမိုးရေးနှင့် အရေး ပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် လေ့ကျင့်သင်ကြားပေး ခြင်းတို့ပါဝင်သည်။ သို့သော်လည်း ယင်းလုပ်ရပ်တို့မှာ နိုင်ငံခြားရေးရာမူဝါဒကို ကြီးကြပ်သော လွှတ်တော်အမတ်များကြောင့် အဟန့်အတားဖြစ်နေသည်။ သတ်မှတ်ထားသည့် လိုအပ်သောအဆင့်တစ်ခုရောက်aအာင် မြန်မာနိုင်ငံဘက်က ပြုပြင်နိုင်ခြင်းမရှိသေးဘဲ တရားဝင်သင်တန်းများပေးမည်ဆိုလျှင် စစ်တပ်ချင်းဆက်ဆံမှုကို တဖြည်းဖြည်းတိုးချဲ့သကဲ့သို့ ဖြစ်နိုင်ပြီး မုဒိမ်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ စသည့် ဖိနှိပ်မှုများကျူးလွန်ရာတွင် ပါဝင်နေဆဲဖြစ်သည့် မြန်မာစစ်တပ်ကို ဂုဏ်မြှင့်ပေးရာရောက်မည်ကို စိုးရိမ်နေကြသည်။ စစ်အုပ်ချုပ်မှုအောက်က အချိန်နှင့်နှိုင်းယှဉ်လျှင် မြန်မာ နိုင်ငံက များစွာပွင့်လင်းလာနေaသ်ာလည်း သမ္မတအိုဘားမား လာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာက ကတိပြုခဲ့သလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဖွင့်လှစ်ခွင့်မပြုသေးပါ။ ယင်းအတွက်ကြောင့် အီရန် နှင့် မြောက်ကိုရီးယားကို စောင့်ကြည့်နေသလိုပင် မြန်မာနိုင်ငံကို စောင့်ကြည့်ရန် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်အတွက် ကုလသမဂ္ဂကလည်း ပြီးခဲ့သည့် သီတင်းပတ်ကပင်မဲပေးဆုံးဖြတ် လိုက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ




FLOWER NEWS JOURNAL Vol.10, No.15
မင်းအောင်ခိုင် ၊ရန်ကုန်၊ ဧပြီ ၅-

ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံသူများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးမင်း(ခ)ဂျာဟင်ကီးရ် သည် မောင်တောမြို့ ရပ်ကွက်(၂)တွင် နေ ထိုင်သူဖြစ်ပြီး သန်းခေါင်စာရင်းသွားကောက် သူများ လာသောအခါ အတွေ့မခံဘဲရှောင် နေကြောင်း၊ ယင်း၏အမျိုးသမီးက မိမိတို့ သည် ရိုဟင်ဂျာလူမျိုးများဖြစ်သည်ဟုလည်း သန်းခေါင်စာရင်း လာကောက်သူများကို ပြောဆိုကြောင်း၊ ယင်းကြောင့် သန်းခေါင် စာရင်းကောက်ခံသူများ ယင်းတို့အိမ်မှ ပြန် ထွက်လာကြောင်း ဒေသခံများကပြောသည်။

''ကျွန်တော်က အဲဒီအနီးက ရွာ တွေကိုကောက်ဖို့ တာဝန်ကျတယ်။ အချင်း ချင်းတွေ့လို့ မေးကြည့်တော့ သူကရှောင် နေတဲ့သဘောနဲ့ အိမ်ထဲမှာနေတယ်။ ထွက် မလာဘူး။ အမျိုးသမီးကပဲထွက်ပြီး ရိုဟင်ဂျာလူမျိုးလို့ပြောလို့ ပြန်ထွက်လာကြတယ် လို့ ပြန်ပြောပြတယ်။ အဲဒီရွာက လူတွေ အားလုံးက မကျေနပ်တဲ့မျက်လုံးတွေနဲ့ ကြည့် ကြတယ်။ အကောက်မခံဘူး''ဟု သန်းခေါင် စာရင်းကောက်ခံရေးအဖွဲ့တွင် ပါဝင်သူ မောင် တောမြို့ခံ ဦးစိုးဝင်းကပြောသည်။

ယူနတီအမှုတွဲဒီနေ့ရုံးချိန်း ၁၁ နာရီမှ စတယ်။

Ma Lwin


ယူနတီမိသားစုတွေအတွက် ထောက်ပံ့ပေးကြတဲ့ ချစ်တဲ့မိတ်ဆွေတွေကို ကျေးဇူးအထူးတင်ပါတယ်။

MGN က ယူနတီအတွက် ပံ့ပိုးပစ္စည်းတွေပါ။ ကျေးဇူးအထူးတင်ပါတယ်။

ဘုရားထီးတင်လှူပွဲ၌ အမျိုးသမီးများအား နဂါးသိုက်နန်းမှ ဝင်ရောက်ပူးကပ်မှုဖြစ်



 Myanmaalinn


မြစ်ငယ်မြို့  ဓနုံးကျေးရွာအုပ်စုအေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းအတွင်း
မဏိရတနာမုနိဆုတောင်းပြည့် စေတီတော် အား ဘုရား
ဒါယိကာ ဦးကျော်နိုင်+ ဒေါ်သန္တာ မိသားစု နှင့်  (၇ ) ရက်သားသမီးများစုပေါင်း၍ ပင်းဇင်းဆရာတော်
ဦးစန္တိမာ အားအမှူးထားပြီးစိန်ဖူးတော်နှင့်  ရွှေထီးတော်တင်လှူပူဇော်ပွဲအား ၁၃၇၅ခုတန်ခူးလဆန်း(၇)ရက်
၆.၄.၂၀၁၄ (တနင်္ဂနွေနေ့ )နံနက် မင်္ဂလာအချိန်၌ ကျင်းပခဲ့သည်။
စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပူဇော်နေချိန်အမျိုးသမီး အကြီး အလတ်အငယ် အများစုအား
 နဂါးသိုက်နန်းမှ ဝင်ရောက်ပူးကပ်မူ့ ဖြစ်ကာ ဘုရားရင်ပြင်တွင် လက်အုပ်ချီလျက် လိမ့် ကာလိမ့် ကာ
မြွေနဂါး သွားသကဲ့သို့ အင်မတန်အံသြစရာအဖြစ်အပျက်အားမြင်တွေ့ခဲ့ရသည်။
ဆရာတော်ဦးစန္တိမာ မှနဂါးသိုက်နန်း၏ ဝင်ရောက်ပူးကပ်မူ့ ကိုခံရ သောအမျိုးသမီး အများစုအား
မေတ္တာပို ၍ အမျှပေး ကာအမွေးနံ့သာပက်ဖြန်းပေးခဲ့သည်။ဆရာတော်အားမေးမြန်းလျောက်ထားကြည့် 
ရာ နဂါးသိုက်နန်းအနွယ်တော်များ ယခုလိုဘုရားတည်ဒါန အလှူကို ပါဝင်လှူဒါန်းရခြင်းအတွက် ဝမ်းသာ
ဝမ်းနဲဖြစ်ကာ နဂါးသိုက်နန်းမှဝင်ရောက်ပူးကပ်တာ့ဖြစ်ကြောင်းသိရသည်။
ရှမ်းအိုးစည်မတီးတော့ဘူးထိန်းမနိုင်မှာစိုးလို့  အခုတောင်တော်တော် ပူးနေကြပြီ ရှမ်းအိုးစည်သာ
တီးလိုက်ရင် ဒီ့ထက်ပိုဆိုးကုန်လိမ့် မယ်ဟုမိန့် ကြားခဲ့ သည်။
ထို့ နောက် ဘုရားအားအနေကဇာတင်ပူဇော်ပြီးမင်္ဂလာရွှေမိုး ငွေမိုးများ
ရွာသွန်းကာ မဏိရတနာမုနိဆုတောင်းပြည့် စေတီတော်စိန်ဖူးတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ
အား သာဓု ၃ ကြိမ် ရွတ်ဆိုကာအောင်မြင်စွာကျင်းပခဲ့သည်။့

ဖိုးသူတော်

ထွေးချင်တိုင်းထွေး

လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူဆယ်ဦးကျော် ဖမ်းဆီး



Author: ငြိမ်းချမ်း
http://www.7daydaily.com/story/8508#.U0IVolfTlG5
လှည်းကူးပဋိပက္ခတွင်ပါဝင်သူများကို ရဲတပ်ဖွဲ့ဝင်များက ဧပြီ ၄ ရက်ညက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ) လှည်းကူးမြို့ပဋိပက္ခတွင်ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှရဲမှူးခင်မြင့်က ပြောသည်။ ဧပြီ ၄ ရက် ညနေ ၃ နာရီ ခန့်တွင် လှည်းကူးမြို့နယ် မြို့မ ဈေးအတွင်း အမိုးအကာကူရှင်ပြု လုပ်သည့် အရောင်းဆိုင်နှစ်ဆိုင် ဈေးအပြိုင်အဆိုင် ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ လူငယ်သုံးဦးက အခြားဆိုင်ရှိ လူငယ်တစ်ဦးအား ကတ်ကြေးဖြင့် ထိုးခဲ့ရာ အမျိုးသားတစ်ဦး မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းကို မကျေနပ်သော မြို့ခံအချို့က လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ လှည်းကူးပဋိပက္ခ ပြဿနာ စတင်ဖြစ်ပွားရာတွင် ပါဝင်သူ ဘာသာခြားသုံးဦးအား ရဲတပ်ဖွဲ့ က ချက်ချင်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့သော်လည်း မြို့ခံလူ အချို့က ကျေနပ်မှုမရှိသောကြောင့် လူစုလူဝေးများဖြစ်ပေါ်ကာ မြို့လူထုက အကြမ်းဖက်မှု အသွင်ဆောင်လာခဲ့သည်။ ထို့နောက် ဗန်ဒါပင်လမ်းရှိ ကတ်ကြေးဖြင့်ထိုးသော လူငယ်၏ ဦးလေးပိုင် ဟူစင်အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုနေ့ညဦးပိုင်းအချိန်တွင် ဆူပူအကြမ်းဖက်ရန် ကြိုးစားနေ သော လူအုပ်ကြီးက ရဲတပ်ဖွဲ့များ ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ လေးခွ တွင် သံလုံးများထည့်၍ ပစ်ပေါက် ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် အဆိုပါ လူအုပ် ကြီးသည် ရဲကားများ၊ လမ်းဘေး ရှိ အိမ်များကိုဖျက်ဆီးခြင်း၊ ခဲ များဖြင့် ပစ်ပေါက်ခြင်းများ ပြု လုပ်လာသောကြောင့် ရဲတပ်ဖွဲ့ က ထိုလူအုပ်ကြီးကို လိုက်လံဖြိုခွင်းကာ ဖမ်းဆီးခဲ့သည်။ ထို သို့ဖြိုခွင်းဖမ်းဆီးမှု နှစ်ကြိမ်ပြု လုပ်ရာ ဆူပူအကြမ်းဖက်သူများ ဒဏ်ရာရရှိ၍ ဖမ်းဆီးခံခဲ့ရသူ အ နည်းဆုံးငါးဦးထက်မနည်း ရှိခဲ့ သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ည ၁၀ နာရီခွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် အရေး ပေါ် ဒေသန္တရအမိန့်အဖြစ် ည ၆ နာရီမှ နံနက် ၆ နာရီထိ လူငါးဦးထက်စုဝေး၍ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်လိုက်သောကြောင့် ည၁၁ နာရီအချိန်တွင် တည်ငြိမ်သွားခဲ့သည်။ သို့သော် ည ၁၂ နာရီတွင် လုံခြုံရေးယူထားသော ရဲအချို့ ပြန်သွားသောကြောင့်ဆူပူရန်လှုံ့ ဆော်သူ အမျိုးသား ၃၀ ခန့်သည် လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ပစ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ လေးဦး ဖမ်းဆီးနိုင်ခဲ့သည်။ လှည်းကူး ပဋိပက္ခဖြစ်စဉ်တွင် စုစုပေါင်း ဖမ်းဆီးရမိသူ ၁၃ ဦးထက်မနည်း ဖမ်းဆီးရမိသည်။ ‘‘လူဦးရေ ဘယ်နှယောက် ဖမ်းမိတယ်ဆိုတာတော့ သေချာ မသိသေးပါဘူး။ ဖမ်းဆီးထားသူတော့ ရှိပါတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရုံးမှဒုရဲမှူးကြီးမင်း အောင်က ပြောသည်။ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြဿနာစတင်ဖြစ်ပွားသော လှည်းကူးမြို့ ဈေးကြီးပုံမှန်အတိုင်း အရောင်းအ၀ယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ ‘‘ဒီနေ့တော့ ဘာဖြစ်သံမှမကြားပါဘူး။ ရဲတပ်ဖွဲ့တွေက တော့ ဈေးကြီးနားတွေမှာ လုံခြုံ ရေးယူထားပါတယ်။ မြို့ထဲမှာ လည်း ပုံမှန်အတိုင်းဖြစ်နေပါတယ်’’ ဟု လှည်းကူးမြို့မှ ကိုကျော်သီဟက ပြောသည်။ ညပိုင်းတွင်လည်း ပုဒ်မ ၁၈၈ ကို ဆက်လက်ထုတ်ပြန်ထားပြီး အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

ဒီနေ့ကာတွန်း