Wednesday, April 9, 2014

“အထူးမိတ်ဆက်ပေးခြင်း”( အောင်ဆန်းစုကြည်)


Tun Wai
(ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဟံသာဝတီဦးဝင်းတင်အကြောင်း အထူးမိတ်ဆက်ပေးခြင်း ဆောင်းပါးဖြစ်ပါသည်။)


၁၉၃၀ ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ ဦးဝင်းတင်ဟာ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင်တို့နဲ့ မတူတဲ့အချက်ကတော့ သူဟာ ဘယ်တုန်းကမှ တပ်မတော်သားမဖြစ်ခဲ့တာပါပဲ။ သူကျင်လည်ကျက်စားရာ နေရာကတော့ စာပေကမ္ဘာကြီးထဲမှာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကနေ ဘွဲ့မရခင်ကတည်းက သူဟာ မြန်မာနိုင်ငံ ဘာသာပြန် အသင်းကြီးမှာ လက်ထောက်အယ်ဒီတာဘ၀နဲ့ အလုပ်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ သူဟာ ဒတ်ခ်ျသတင်းစာကုမ္ပဏီတစ်ခုရဲ့ အကြံပေးအယ်ဒီတာအဖြစ်ကို ရောက်ခဲ့ပါတယ်။ ဒီအယ်ဒီတာနေရာကို ရခဲ့ခြင်းဟာ သူ့ရဲ့ ရှည်လျားလှတဲ့ စာနယ်ဇင်းလောကလုပ်သက်ထဲမှာ အမြင့်ဆုံးနေရာဖြစ်တဲ့၊ တစ်ခါက မြန်မာနိုင်ငံမှာ ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်ခဲ့တဲ့ ဟံသာဝတီ သတင်းစာရဲ့ အယ်ဒီတာချုပ် ရာထူး ကိုရရှိဖို့အတွက် အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။
ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာအယ်ဒီတာချုပ် လုပ်ခဲ့တဲ့ နှစ်တွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အင်အားခိုင်မြဲလာတဲ့နှစ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်ကာလတုန်းက လွတ်လပ်စွာပြောဆိုခွင့်၊ ကိုယ့်ရဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့် စတာတွေကို ပိုလို့ပိုလို့ တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ခဲ့ပေမယ့်လည်း အနည်းငယ်မျှသော စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေဟာ သူတို့တစ်တွေရဲ့ လွတ်လပ်စွာ တွေးခေါ်မြော်မြင် ပိုင်ခွင့်ကို တိုးတိုးတိတ်တိတ်နဲ့ ဆက်ပြီး ထိန်းသိမ်းခဲ့ကြပါတယ်။

Page - 1
Eternal Light Magazine
April 2014

သူ.အမည် ဘူဒိုဇာ




အစိုးရက
ဘုဒိုဇာနှင့် ပြည်သူ၊ သူတို.အိမ်ရာ
ဖျက်တယ်။

DKBAက
ဘူဒိုဇာနှင့်ပြည်သူ၊ သူတို.အိမ်ရာ
ဆောက်ဖို့လုပ်တယ်။

(Ba Gyi Aung)

ရှင် ပြု အလှူမှာ ပန်း ကြဲ ပေးတဲ့ မိုး စက်ဝိုင်

ပြင်သစ်နှင့်ဂျာမနီနိုင်ငံသိုထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်

မေလမှာအင်းစိန်ဂျီတီအိုင်စတင်သင်ကြားရန်စီစဉ်


စံတော်ချိန် ဂျာနယ်

ဘိန်းအထွက် အများဆုံး (၅)နိုင်ငံထဲမှာ ကမ္ဘာ့ထိပ်သီး(၅)နိုင်ငံ စာရင်းဝင်တယ် ဆိုပဲ။



Ye Min Tun

အမေရိကန်ပြည်ထောင်စုက DEA နှင့် United Nations Office on Drugs and Crime (UNODC) ပူးပေါင်းပြီး တကမ္ဘာလုံး မူးယစ်ဆေးဝါးပြဿနာနှင့် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ညီလာခံကို ၂၀၀၈ ခုနှစ်တုန်းက တူရကီနိုင်ငံ ISTANBUL မြို့မှာကျင်းပခဲ့စဉ် တကမ္ဘာလုံးက ဘိန်းအထွက် အများဆုံး ငါးနိုင်ငံမှာ
(1) AFGHANISTAN
(2) MYANMAR
(3) LAO PDR
(4) MEXICO
(5) COLOMBIA တို့ဖြစ်ကြောင်းဖေါ်ပြပြီး။ မြန်မာနိုင်ငံက ဒုတိယ အထွက်ဆုံးနိုင်ငံဖြစ်နေပြီး။ လာအို့နိုင်ငံနှင့် မြန်မာနိုင်ငံ ဘိန်းအထွက်နှုန်း ကျဆင်းရေးလုပ်တဲ့အခါ လာအို့နိုင်ငံက အပြီးသတ်နီးပါးကျဆင်းသွားပြီး မြန်မာနိုင်ငံမှ ၂၀၀၀ ခုနှစ်မှ တဖြေးဖြေးကျဆင်းလာသည့် ဘိန်းထွက်စိုက်ခင်းဧကနှုန်းမှာ ၂၀၀၆ ခုနှစ်မှစပြီး အထွက်နှုန်း ပြန်လည် တိုးတက်လာကြောင်း ရည်ညွှန်းပြဇယား နှင့်တကွ ပြထားတာတွေ့လို့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။

Source: DEA

သူမအတွက်ခွဲစိတ်ပေးဖို့အလူရှင် ကို ကျမရှာနေပါပြီ



Eh Phaw
ပိုးကရင်မလေး အသက်က ၈နှစ်ဝန်းကျင် မသောင်းမြတဲ့ အစည်းအဝေးသွားတုန်း လမ်းမှာ တွေ့ခဲ့တာ တွေ့တုန်း ပါတဲ့ငွေ တစ်သောင်းကျော်ပဲ ပေးလိုက်ရတယ် အခုတော့ သူ့အတွက် ခွဲစိတ်ပေးဖို့အလူရှင် ကို ကျမရှာနေပါပြီ
ဒီမြေးအဖွားနှစ်ယောက်က ဘားအံမြို့နယ် ဂျိုင်းတံတားနားက ပန်းဗေဒါ ထမင်းဆိုင် နားမှာ တွေ့ခဲ့တယ် ကူညီမဲ့သူမရှိဘူး ပိုးကရင်မလေး အသက်က ၈နှစ်ဝန်းကျင် မသောင်းမြတဲ့ အစည်းအဝေးသွား တုန်းလမ်းမှာ တွေ့ခဲ့တာ တွေ့တုန်း ပါတဲ့ငွေ တစ်သောင်းကျော်ပဲ ပေးလိုက်ရတယ် အခုတော့ သူ့မအတွက်ခွဲစိတ်ပေးဖို့အလူရှင် ကို ကျမရှာနေပါပြီ ၀ိုင်းဆုတောင်းပေးပါ

အဆိုပါ နိုင်ငံခြားသူသည်သာသနာ့ အလံ ကို မဖွယ်မရာ ပြုလုပ်လိုသော စိတ်ဆန္ဒအလျဉ်း မရှိကြောင်းပေါ်ပေါက်



အဆိုပါ နိုင်ငံခြားသူသည် မြန်မာနိုင်ငံသို့  ၁၉၉၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးကို ကူညီပေးလိုသောကြောင့် ဆန္ဒပြု၍ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။ ၎င်းကိုယ်တိုင် လွန်ခဲ့သည့် နှစ် ၂၀ ခန့် မှ၍ ဗုဒ္ဓဘာသာတရားတော်ကို ယုံကြည်စွာ လေ့လာစည်းပူးနေသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် သာသနာ့ အလံ ကို မဖွယ်မရာ ပြုလုပ်လိုသော စိတ်ဆန္ဒအလျဉ်း မရှိကြောင်းပေါ်ပေါက်သည်။

ဧပြီ ၉ ၊ ၂၀၁၄ နေ့ ထုတ် ကြေးမုံသတင်းစာပါ
စစ်တွေ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရသတင်းထုတ်ပြန်ချက်

သည်မိုးနဲ့သည်လေထဲ သည်လူတွေနဲ့ ခရီးဆက်ရဖို့


http://7daydaily.com
Tuesday, April 8, 2014
သင်းရီ

နှစ်ပေါင်း ၃၀ အကြာတွင်မှ တစ်ကျော့ပြန်ပြီး ကောက်ခံလာသော မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်မှစတင်ကောက်ခံခဲ့ရာသည်နေ့ ဧပြီလ ၇ ရက်ဆိုလျှင် ၉ရက် တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ နောက်ထပ် သုံးရက်အကြာ ဧပြီလ ၁၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စာရင်းကောက်ယူမှုတွေပြီး ဆုံးတော့မည်ဖြစ်၏။

သန်းခေါင်စာရင်းဆိုသည်က တိုင်းပြည်တစ်ပြည်တိုးတက်အောင် ဆောင်ရွက်ရေးမှာ မည်မျှပင်အရေးပါလှပါကြောင်း၊  သန်းခေါင်စာရင်းကောက်ယူရာမှ ရရှိလာသည့်အချက်အလက်များကို အခြေခံလျက် နိုင်ငံတော်၏ စီမံကိန်းအရပ်ရပ်ကိုရေးဆွဲ အကောင်အထည် ဖော်ရမှာဖြစ်သည့်အကြောင်း၊  ထို့ကြောင့်လည်း ပြည်သူများက  အချက်အလက်များကိုတိကျအောင်  ကူညီဖြေဆိုပေးကြစေလိုပါကြောင်း စသည်များကို သတင်းစာတွေထဲမှတစ်မျိုး၊ ရုပ်သံလှိုင်းတွေထဲမှတစ်ဖုံ နည်းမျိုးစုံအသွင်မျိုးစုံဖြင့်နိုင်ငံတော်အစိုးရနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က  အကြိမ်ကြိမ်အထပ်ထပ် အာပေါက်လောက်အောင်လွှင့်ထုတ် ကြေညာနေခဲ့သည်မှာ လနှင့်ပင် ချီ၍ကြာခဲ့ပြီဖြစ်၏။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်  စာရင်းဇယားတိတိကျကျ ရအောင်ကောက်ယူရမည်ဖြစ်၍ လည်း   စာရင်းစစ်နှင့်စာရင်း ကောက်အင်အားပေါင်း တစ်သိန်းတစ်သောင်းကျော်ကို တိုင်းပြည် နှင့်အဝန်း အနယ်နယ်အရပ်ရပ်၌ ကြိုတင်သင်တန်းတွေပေးခဲ့သည်။

ထိုသို့သင်တန်းပေး၍ စာရင်းကောက်စာရင်းစစ်များအဖြစ် ဆောင်ရွက်စေရာ၌ပင် စေတနာ့ဝန်ထမ်းလုပ်အားပေး အဖြစ်နှင့် တာဝန်ပေးခိုင်းစေသည်မဟုတ်။ စာရင်းကောက်နှင့်စာရင်းစစ်များအားလုံးကို သင်တန်းရက်များတွင် တစ်ရက်တစ်သောင်းကျပ်နှင့် စာရင်းကောက်ရက်များတွင် တစ်ရက်ခုနစ်ထောင်ကျပ်အပြင် တူညီဝတ်စုံများပေးကာ တာဝန်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ သည်သန်းခေါင် စာရင်းကောက်ယူရေးစီမံကိန်း၏ ကုန်ကျစရိတ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဆိုလျှင် နည်းနည်းနောနောကုန်ကျခဲ့လေမည်မဟုတ်ဟု ခန့်မှန်းကြည့်မိသည်။

ထိုသို့ငွေကုန်ကြေးကျများသည့်  စီမံကိန်းဖြစ်သော်လည်း တိုင်းပြည်တစ်ပြည်တိုးတက်ရေးအတွက် အလွန်အရေးပါလှသော အခြေခံစာရင်းအချက်အလက် ဖြစ်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ  ကမ္ဘာ့လူဦးရေ ရန်ပုံငွေ အဖွဲ့အစည်းလို အဖွဲ့အစည်းမျိုးအပါအဝင်နိုင်ငံတကာက မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ရန်ပုံငွေတွေအမြောက်အမြားထည့်ဝင် ကူညီလှူဒါန်းခဲ့ကြသည်။

ထိုသို့သောစာရင်းဇယား တစ်ခုကို နိုင်ငံနှင့်အဝန်း ကောက်ယူပြုစုရာတွင် ဘာသာရေး၊ လူမျိုးရေးအမည်ပြဿနာအချို့ ရှိနေသဖြင့် စာရင်းအတိအကျရနိုင်ရေး ကောက်ခံရန် အခက်အခဲရှိနေသောရခိုင်ပြည်နယ်အတွင်းမှ ဒေသအချို့လို ကချင်ပြည်နယ်မှ ဒေသအချို့လိုနေရာမျိုးတွေမှာ စာရင်းကောက်ယူရန် အခက်အခဲအချို့ရှိနေသည်ဟု သတင်းတွေထဲတွင် ကြားနေ ဖတ်နေရသည့်တိုင် တစ်နိုင်ငံလုံး အတိုင်းအတာတွင်မူ  အခက်အခဲရှိလှသည်ဟုမကြားခဲ့ရ။

လိုအပ်သည့်စာရင်းဇယားတွေ အပြည့်အဝရရှိအောင်မြင်ပါစေဟုလည်း စိတ်ဝင်တစားနှင့် စောင့်ကြည့်နေမိသည်။ ဟိုဟိုသည်သည် နားစွင့်ကြည့်မိတော့ ပြည်သူတွေကလည်း ကောက်ယူမည့် သန်းခေါင်စာရင်းအပေါ် စိတ်ဝင်တစားဖြင့်  ဖြေဆိုပေးရန် အသင့်ရှိနေကြကြောင်း လက်လှမ်းမီရာ မိတ်ဆွေများထံမှ ကြားနေရသည်။

အခြားသူတွေကိုထား၊ ကျွန်တော်နှင့်ကျွန်တော်နေထိုင်ရာခုနစ်ထပ်တိုက်ရှိ ဘယ်ညာ ၁၄ ခန်းကမူ စိတ်ပါလက်ပါပင် စောင့်မျှော်နေခဲ့ကြသည်ကတော့ သေချာသည်။

‘‘...နေ့...ရက်...အချိန်တွင် လာရောက်၍ စာရင်းကောက်ယူပါမည်။ ဖြေဆိုနိုင်သူအိမ်ထောင်ဦးစီး(သို့မဟုတ်) အိမ်ထောင်စု၏ အကြောင်းအရာများကို  ဖြေဆိုပေးနိုင်မည့်  အိမ်ထောင်စုသား တစ်ဦးဦး  စောင့်နေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့မဟုတ် လူကြီးမင်း၏အိမ်သို့ မည်သည့်အချိန်တွင်  လာရောက် ကောက်ယူရမည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်’’ ဆိုသည့် အကြောင်းကြားစာလေးကို ရက်ကြိုပြီး အိမ်တိုင်းစေ့အရောက်လာပေးထားသည်ကြောင့်လည်း ဘဝင်ခွေ့မိရ သေး၏။ သည်တော့လည်း ရောင်းသူဝယ်သူအသံတူဆိုသလို သူတို့စာရင်းကောက်ယူရေးအဖွဲ့ တွေလာမည်ဆိုသည့်နေ့ နေ့လယ်မှာ ဘယ်ကိုမျှခြေမဆန့်တော့ဘဲ အိမ်မှာအသင့်အနေအထားဖြင့် စောင့်ရသည်။  ရေနွေးကြမ်းနှင့် အမြည်းလေးပင်  စာရင်းကောက်သူတွေအမောပြေဖို့  ပြင်ထားမိလိုက်သေး။

 မှတ်မှတ်ရရ အဲသည်နေ့ နေ့လယ်က ရေးဖော်ရေးဖက် စာရေးဆရာမတစ်ယောက် အိမ်ကိုအလည်လာသဖြင့် စကားစမြည်ပြောရင်း စောင့်ရတော့ တမင်ထိုင်စောင့်ရသလိုမျိုး ပျင်းစရာမကောင်းဘဲတောင် ရှိနေခဲ့သေးသည်။

 ‘‘ဒီနေ့ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေလာမယ်ဆိုလို့ သူတို့ကိုလည်း မျှော်နေရသေးတယ် ဆရာမရေ...’’ကျွန်တော် ပြောတော့ ဧည့်သည်ဆရာမက ‘‘ကျွန်မတို့ဘက်ကိုတော့ တမြန်နေ့က လာသွားပြီ။  ကျွန်မရဲ့ အခန်းတံခါးမှာက ကျွန်မရဲ့သင်တန်းဆိုင်းဘုတ်ပြားလေးချိတ်ထားတော့ ဦးဆောင်လာတဲ့ စာရင်းကောက်ဆရာမက ဒီအခန်း လူမရှိဘူးဆိုပြီးတော့ မကောက်ခဲ့ဘဲ ကျော်သွားလို့ ကပျာကသီ ဆင်းပြေးလိုက်သွားပြီး ကျွန်မ ကျန်နေခဲ့ပါတယ် ကောက်သွားပါဦးလို့ ပြောရသေးတယ်’’ပြောသဖြင့် ‘‘သည်လိုတော့ နမော်နမဲ့ မလုပ်သင့်ဘူး၊ သည်အတိုင်းသာ ဟိုမှာကျန်၊ သည်မှာကျန်ဆိုရင် စာရင်းအမှန်ဘယ်ရတော့မှာလဲ’’ ဟု နှစ်ယောက်သားမှတ်ချက်ပေး မိရသေး၏။

နေအတော်စောင်း၍ ဧည့်သည်ဆရာမပြန်သွားသည့်တိုင် ကျွန်တော့်မှာဖြင့် စာရင်းကောက်အဖွဲ့ကို ၀တ္တရားအတိုင်းထိုင်စောင့်နေရဆဲရှိရသည်။ ခုလာနိုး ခဏနေလာနိုးနှင့် ဘာအလုပ်မှ မလုပ်နိုင်ဘဲစောင့်ရသည်မှာ နေလုံးပင်ပျောက်ချိန်ထိ။

စာရင်းကောက်သူတွေကတော့ မှောင်သည်ထိ ရောက်မလာခဲ့ကြတော့။

  နောက်နေ့ရောက်မှ ဟိုဘက်ခန်း၊ သည်ဘက်ခန်းတွေဆီ စနည်းနာတော့ သူတို့အခန်းတွေ ကိုတော့ကောက်သွားသည်တဲ့။ ကျွန်တော့်အခန်းကိုတော့ လူမရှိဘူးထင်လို့ ကောက်မသွားခဲ့တာ ဖြစ်မယ်ထင်ရဲ့နှင့် ပြောသံဆိုသံတွေကြားတော့ ကျွန်တော့်စိတ်ထဲ ပိုပြီးမကျေမလည်ဖြစ်မိရသည်။

ကျွန်တော့်အိမ်မှာက မိသားစုဝင် ခုနစ်ဦးရှိသည်။ ထိုနေ့လယ်တုန်းက  သူတို့ကို  တမင်ထိုင်စောင့်နေသည့် ကျွန်တော်နှင့်အတူ   မိသားစုဝင်သုံးဦးလည်းရှိ နေသည်။ ဧည့်သည်ဆရာမရောဆို  အိမ်မှာလူငါးယောက်ရှိနေသည်။  တံခါးလည်းမခေါက်၊ ဘဲလ်လည်းမတီးနှင့် လူမရှိဘူးဟု မည်ကဲ့သို့သောကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်သွားသဖြင့် ကျွန်တော့်အခန်းကျန်နေခဲ့ရပါသလဲ။ ကျွန်တော့်စိတ်ထဲမှာ မကျေမလည်ဖြစ်မိရသည်။

တိတိကျကျရရှိရန်လိုအပ်နေသော သည်စာရင်းဇယားအတွက် အဘယ်ကြောင့်များ ပေါ့ပေါ့တန်တန် နမော်နမဲ့လုပ်ရပါသလဲ။ စိတ်ထဲမှာမကျေနပ်။

 ယခု ကျွန်တော့်လက်တစ်ကမ်းအတွင်းမှာပင်  စာရင်းကောက်သူများ၏ တာဝန်မကျေမှုက ကျွန်တော့်အိမ်ထောင်စုတစ်ခု။ ဧည့်သည်ဆရာမ၏ အိမ်ထောင်စုတစ်ခု။ နှစ်ခုရှိနေပြီ။ တစ်တိုင်းပြည်လုံးမှာများ ခုအတိုင်းသာ နမော်နမဲ့တွေလုပ်နေကြမည်ဆိုလျှင် လူပင်ပန်းရကျိုး၊ ငွေကုန်ရကျိုးနပ်ပါတော့မလားတွေးပြီး စိတ်မကောင်းဖြစ်မိရသည်။ ရလာသည့်စာရင်းအမှားတွေနှင့် တိုင်းပြည်တိုးတက်ရေးစီမံကိန်းကို ဘယ်လို  တွက်ချက်ကြပါမလဲ တွေးမိတော့လည်း  ရင်မောရသည်။

သို့နှင့်သည်မနက်တော့ ကျွန်တော်၏ နိစ္စဓူဝစတိုင်အတိုင်း အင်တာနက်မှာထိုင်ပြီး သတင်းဌာနသုံးလေးခုမှာ တက်လာနေသည့်သတင်းတွေကို ထိုင်ဖတ်မိတော့ တမြန်နေ့ကတည်းကပင် စတင်၍ ရင်ထဲမှာဖြစ်ပေါ် နေခဲ့သည့် စာရင်းကောက်တွေအပေါ် ကျွန်တော့်မကျေလည်မှုသည် ကျွန်တော့်ဘက်ကအလွန်မဟုတ်ကြောင်း ပို၍ပင် ထင်ရှားသွားသည်။

ကချင်၊ ရှမ်း၊  တနင်္သာရီ စသည့်ဒေသများတွင်  အချို့စာရင်းကောက်ယူသူများက တိုင်းရင်းသားလူမျိုးအမည်များထည့်သွင်းရာ၌ တိကျမှန်ကန်မှုမရှိကြသည့်အကြောင်း၊ ရေးသွင်းရမည့် ကုတ်နံပါတ်များကို ခပ်ပေါ့ပေါ့ပင် အမှားမှားအယွင်းယွင်းဖြင့် ရေးသွင်းနေကြကြောင်းတွေ သတင်းတွေထဲမှာဖတ်ရတော့ စိတ်မကောင်းဖြစ်မိရသည်။

ပြည်နယ်တွေလို ဝေးဝေးလံလံမဟုတ်သော ရန်ကုန်လိုမြို့ ကြီးပေါ်မှာပင် ပြီးပြီးရောသဘော ဆောင်ရွက်နေမှုတွေရှိနေကြောင်းလည်း သတင်းထဲမှာဖတ်ရသည်။

အမျိုးသမီးလေးတွေနေသည့်အဆောင်တစ်ခုသို့  လာရောက်စာရင်းကောက်ယူသည့်အဖွဲ့က လူများလွန်းသည်။ ထို့ ကြောင့် သက်ဆိုင်ရာနေရပ်များသို့ပြန်ပြီးတော့သာ စာရင်းပေးကြရန်ပြောလျက် စာရင်းမကောက်ဘဲ ပြန်သွားကြသည်တဲ့...။

နောက်အမျိုးသမီးအဆောင်တစ်ခုတွင်လည်း နေထိုင်သူ ၁၂ ဦး ရှိသည့်အနက်  လောလောဆယ်တွင်  နှစ်ဦးသာရှိသဖြင့် လူစုံသည့်အချိန်တွင် လာရောက် ကောက်ယူပေးရန်  ပြောသော်လည်းစာရင်းကောက်အဖွဲ့က နောက်တစ်ကြိမ်မလာလိုတော့သဖြင့် ရှိနေသည့်သူတွေကိုပင် ကျန်လူများအတွက်ပါမေးကာ ပြီးပြီးရော စာရင်းထည့်သွားကြသည်တဲ့...။

အချက်အလက်မှန်မှန်ကန်ကန်ရရေးထက် မြန်မြန်ဆန်ဆန်ပြီးရေးကိုသာ လောပြီး ပြီးစလွယ်လုပ်နေကြသည်တဲ့။  ဆိုသည့်အခါ စိတ်ထဲအတော်မကောင်း ဖြစ်မိရသည်။

တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် စာရင်းဇယားတစ်ခု အလွဲလွဲအချော်ချော်ဖြစ်သွားမည်ကို စိတ်မကောင်းဖြစ်ရသည်ဆိုခြင်းထက်  အဲသည်စာရင်းကို  လိုက်လံကောက်ယူနေကြသည့် စာရင်းကောက်တွေ၏ စိတ်အခြေခံစရိုက်တွေအတွက် စိတ်မကောင်းဖြစ်မိရခြင်းဖြစ်၏။

အဲသည်စာရင်းကောက်တာ ဝန်ယူထားကြသူများသည် မိမိယူထားသောတာဝန်အပေါ် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန်နှင့်ပြီးပြီးရော ထမ်းဆောင်နေကြပါသနည်း။ ငါ့လက်ထဲရှိတာ ငါလုပ်ချင်သလိုလုပ်လို့ရသည်အတွေးမျိုးတွေ ဘာကြောင့်ဖြစ်ပေါ်နေကြပါသနည်း။ မိမိတာဝန်ယူထားပြီးသည့် အလုပ်တစ်ခုအပေါ် အဘယ့်ကြောင့် စေတနာမပါနိုင်ဘဲဖြစ်နေကြပါသနည်း။ အဲသည်လိုမျိုး ဓလေ့စရိုက်တွေနှင့် တိုင်းပြည်ဘာညာကြီးကြီးကျယ်ကျယ်တွေထိ ခဏထား ၎င်းတို့၏ တစ်ကိုယ်ရေဘဝများကိုပင် မည်သို့စနစ်တကျကောင်းမွန်အောင် တည်ဆောက်နိုင်ကြပါမည်လဲ။

စာရင်းဆိုသည်က ခုမှားလည်း နောက်အမှန်ရအောင် ကောက်ဖို့လွယ်သည်။ စိတ်အခြေခံစရိုက်ဆိုသည်က ပြင်ဖို့ခက်ပါဘိ။ တိုင်းပြည်တစ်ပြည် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဆိုသည်မှာ အဲသည်တိုင်းပြည်ထဲမှာ မှီတင်းနေထိုင်ကြသည့် တိုင်းသူပြည်သားတွေရဲ့ အရည်အချင်း၊ စိတ်နေ၊  ဓလေ့စရိုက်တွေပေါ်မှာ လုံးဝမှီတည်နေတာမျိုးသာဖြစ်ကြောင်း ဖတ်ထားမှတ်ထားဖူးသည်။

သို့ဆိုလျှင် ...ဟု အတွေးကို ခပ်ရှည်ရှည်ဆက်မိတော့ ရင်ထဲမှာနင်သည်။

သင်းရီ

ရဲတိုက်ကို ထောင်ခြောက်နှစ် ချမှတ်ခြင်းအပေါ် အယူခံဝင်မည်


 Wednesday, April 9, 2014
ဇွဲဉာဏ်
ရန်ကုန်
http://7daydaily.com

သရုပ်ဆောင် ရဲတိုက်ကို ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ဖြင့် ချမှတ်လိုက်သော ပြစ်ဒဏ် နှင့်ပတ်သက်၍ အယူခံဝင်သွား မည်ဖြစ်ကြောင်း ဆာတိုရီ ရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ  ရီဇော်ကပြောသည်။

ယင်းအမှုကို  ဧပြီ ၇ ရက်က အဆိုပါတရားရုံးတွင် အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး သရုပ်ဆောင် ရဲတိုက် ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ် သည်။

‘‘ရုပ်ရှင်သရုပ်ဆောင် မင်း သားတစ်ယောက်ဖြစ်တဲ့အတွက် သက်သေတွေက ရဲတိုက်ဘက်က လွယ်လွယ်ကူကူထောက်ခံထွက် ဆိုနေတာကို တွေ့ရတယ်လို့ တရားသူကြီးက သူရဲ့ သုံးသပ် ချက်မှာ ပြောသွားတယ်။ အဲဒါက သက်သေတွေရဲ့ ထွက်ချက်ကိုအ လေးထားပြီး မစဉ်းစားသလို ဖြစ် နေတော့ စိတ်မကောင်းဖြစ်ရ တယ်။ ဒါကြောင့် တရားသူကြီး ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အယူခံ ၀င်သွားမယ်’’ ဟု ဒါရိုက်တာ ရီဇော်ကပြောသည်။

သရုပ်ဆောင်ရဲတိုက်ကို ပြီး ခဲ့သည့်နှစ် ဇူလိုင် ၄ ရက်က ပဲ ခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက်ဟု ယူ ဆသော အရွက်ခြောက်တစ်ကျပ် သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် စတင်ဖမ်းဆီး စစ်ဆေးခဲ့ပြီး ကျောက်တံခါးမြို့နယ် တရားရုံး တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါး များ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆/ (ဂ)ဖြင့် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

သို့သော်ဆေးစစ်ရာတွင် အောင်မြင်ခဲ့သောကြောင့် ပုဒ်မ ၁၆(က)(မူးယစ်ဆေးဝါးလက် ၀ယ်တွေ့ရှိမှု)ဖြင့်သာ ဆက်လက် စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒါရိုက် တာ ရီဇော်ကပြောသည်။

ရဲတိုက်သည် တောင်ငူ ထောင်၌ အပြစ်ဒဏ်ကျခံလျက်ရှိ ပြီး အယူခံဝင်ရန် သတ်မှတ်ထား သည့် တစ်လအတွင်း အမြန် ဆုံးအယူခံဝင်မည်ဟု ၎င်းက ပြောသည်။

ဧပြီ ၇ ရက် အမိန့်ချမှတ် သည့် ရုံးချိန်းအပါအ၀င် စုစုပေါင်းရုံးချိန်း ၂၀ ကျော်ရှိခဲ့ပြီး အချိန် ကာလ ကိုးလနီးပါး ကြာမြင့်ခဲ့ သည်။

အာဏာပိုင်နှင့် သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်

rအောင်ဇော်ထူး
(Popular Myanmar News Journal)

ဖယ်ရှားမပေးလျှင် ဆွဲချဖမ်းဆီး ခြင်းများ ပြုလုပ်လာမည့် နေပြည်တော် မှ ဘုန်းကြီးကျောင်းကိစ္စရပ်ကြောင့် မကြာမီ အာဏာပိုင်နှင့် ယင်းကျောင်း သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်ကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သတိပေးပြောကြားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ နေပြည်တော် အာဏာပိုင်များက နေပြည်တော်ကောင်စီ အတွင်းရှိ ဘုန်းကြီးကျောင်း ၃ဝ ကို ကျူးကျော်ဝင်ရောက်ဆောက် လုပ် နေထိုင်သည်ဟု ဆိုကာ ဖယ်ရှားခိုင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် အမိန့် မလိုက်နာသူ သံဃာအချို့အားလူဝတ်လဲစေကာ ထောင်ချခြင်းများ ပြုလုပ် ခဲ့မှု၏ နောက်ဆက်တွဲသက်ရောက်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
''ကျန်နေတဲ့ သံဃာတွေကလည်း မဖယ်ပေးဘူး။ လုပ်ချင်တာလုပ်၊ အာဏာပိုင်တွေ လည်း သူတို့ဝတ္တရားအတိုင်း ဖမ်းတာဆီးတာတွေတော့ လုပ်မှာပဲ။ အဲဒီအခါမှာ ဘာတွေ ဆက်ဖြစ်မလဲ ကျွန်မ တော်တော် စိုးရိမ်နေတယ်'' ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထွက်ခွာပေးရန် ကျူးကျော် ဘုန်းကြီးကျောင်းများကို ညွှန်ကြားလွှာပေးပို့ခြင်းများ၊ ရှောင်တိမ်းပြေးခွာသူများကို ဝရမ်းပြေးအဖြစ် သတ်မှတ်ကြောင်းကို အာဏာပိုင်များက အမိန့်စာကပ်ခြင်းများ ပြုလုပ်လျက်ရှိနေ ကြသည်။

သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုပြုမည့် ကျောင်း အချို့မှာ နှစ်ကျောင်း သုံးကျောင်းသာ ရှိနေကြောင်း သိရသည်။ လူဝတ်လဲကာ ထောင်ချခြင်း ခံလိုက် ရသည့် ကျောင်းထိုင် နှစ်ပါးကို တရားရုံးက ထောင်ဒဏ်ခြောက်လ အပြစ်ပေး လိုက်ပြီး ကျန်ဘုန်းကြီး ကျောင်းအချို့ကိုဝရမ်းစာကပ်၍ ကြေညာထားခဲ့သည်။

ရန်ကုန်မှာရှိတဲ့ အစ်ကိုဖြစ်သူအား လာရှာရာမှ မျက်စိလည်၊လမ်းမှား ။



အရှင် အရိယဝံသ

ဘယ်ဆီသွားရမယ်မှန်းမသိသော အဝတ်တစ်ထည်ကိုယ်တစ်လုံးဖြင့်
ခလေးမလေးတစ်ယောက်ကို သဇင်ဂုဏ်ရောင်အသင်းကြီးမှ ခေါ်ယူ
စောင့်ရှောက်ထားပါတယ် ။
ဓာတ်ပုံရှင် ခလေးမလေးနာမည်မှာ မဆောင်းသဇင် ၊အသက်( ၁၆)နှစ်
အဖ=ဦးဝင်းနိုင်+အမိ ဒေါ်မဝင်းနိုင်၊ သင်းကနက်ရွာ၊မင်းပြားမြို့နယ် ၊ ရခိုင်ပြည်
မှ ဖြစ်ကြောင်းသိရှိရသည် ။
အစ်ကိုဖြစ်သူ ဦးဝင်းမောင်(စစ်သား)အား တွေ့ဆုံရန် အဒေါ်ဖြစ်သူမှ ရန်ကုန်ကား
 ပေါ်တင်ပေးလိုက်ရာမှ စတင်ခဲ့သော ကမ်းမမြင်သော ရှာပုံတော်ခရီးသည်
ဤ ခလေးမလေးအား ဒုက္ခတရားများကိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်လေသည် ။
ထို့ကြောင့် ရန်ကုန်ရောက် ရခိုင်သူ၊ရခိုင်သား ၊မင်းပြားမြို့နယ်သူ၊မြို့နယ်သား ။
 သင်းကနက်ရွာသူ ၊ရွာသားများသည် ဝေးကွာပျောက်ဆုံးနေသော သူ၏
 အစ်ကိုဖြစ်သူ နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆောင်းကျည်းပေးနိုင်ကြလိမ့်မယ်
ဟု ယုံကြည်ရင်း ဤpost ကိုတင်ပေးလိုက်ခြင်းဖြစ်ပါသည် ။
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းရှိကြပါစေ ။

မေတ္တာဖြင့်အရှင်အရိယဝံသ ။
ဆက်သွယ်မေးမြန်းစုံစမ်းရန် ဖုံး .။ ၀၉ ၂၅၀၃၈၀၄၄၇
သိရီဂန္ဓာရုံကျောင်း (အမှတ် ၁ ဝိုင်း) ပါရီမီလမ်းမ၊ ၅ ရပ်ကွက်၊တောင်ဥက္ကလာ ။

ဒီနေ့ကာတွန်း