Friday, April 11, 2014

၁၁၅မိုင်မှာ ကား၂စီးတိုက်ပြီး မီးလောင်ပေါက်ကွဲ


Yan Aung Myat Thu

စစ်ပြေး ရှောင်လူထု ၇၀၀၀ ထက်မနည်း


သျှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်စပ်ဘက် ပြင်းထန်လာသော တိုက်ပွဲကြောင့် ဒေသတွင်းမှ စစ်ပြေး ရှောင်လူထု ၇၀၀၀ ထက်မနည်း သျှမ်းမြောက် နမ့်ခမ်းမြို့သို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရ သည်။

အဆိုပါစစ်ပြေးရှောင်များအား မူစယ်အခြေစိုက် UNHCR အဖွဲ့ နှင့် ဒေသတွင်း ခရစ်ယာန်ဘာသာ ဝင်များက ဦးဆောင်ကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ စစ်ပြေးရှောင် ၂၀၀၀ ဦးကို ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုတွင် ထားရှိပြီး ၅၀၀၀ ဦးကို မူစယ်နှင့် နမ့်ခမ်းမြို့တို့တွင် ခေတ္တ ထားရှိ ကြောင်း စစ်ပြေးရှောင်ကူညီရေးအဖွဲ့မှ လူငယ်တစ်ဦးကဆိုသည်။
______________________
သျှမ်းသံတော်ဆင့်
ဧပြီလ ၁၁ ရက် ၂၀၁၄

ပြည်တွင်း သတင်းစာ ဂျာနယ်များက သတင်းလွတ်လပ်ခွင့်အတွက် မျက်နှာဖုံးတင်

ဆုပန်ထွာနဲ့ ဥက္ကာကျော် ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်း

သမ္မတအိုဘားမား မြန်မာနိုင်ငံ သွားမယ်


RFA

အမေရိကန် သမ္မတအိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။

နယူးယောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ (Asia Society Policy Institute) အာရှလူ့ဘောင်မူဝါဒသိပ္ပံ တရားဝင် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က လာ မယ့် ဆောင်းဦး ရာသီမှာ သမ္မတအိုဘားမားဟာ APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီလာခံ အပါအဝင် ဒေသဆိုင်ရာညီလာခံတချို့ကို တက်ရောက်ဖို့အတွက် မြန်မာ၊ တရုတ်နဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ RFA ကရတဲ့ သတင်းအရ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ လာမယ့် နိုဝင်ဘာ ၉ ရက် သို့မဟုတ် ၁ဝ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် ရင်း မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ APEC ထိပ်သီးညီလာခံကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပဖို့ ရှိပါတယ်။

သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို ၂ဝ၁၂ ခုနှစ်နိုဝင်ဘာလက ပထမအကြိမ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။
အခုလာမယ့် နိုဝင်ဘာလ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာတော့ လတ်တလောဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ မငြိမ်မသက်မှုတွေအပါအဝင် လူ့အခွင့်ရေးဆိုင်ရာပြသနာတွေကို အဓိက ထားဆွေးနွေး ပြောကြားမယ် လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာပြည်က မငြိမ်မသက်မှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြသနာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်း နယူးယောက်မြို့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

မကွေးတိုင်း၊မြိုင်မြို့မှာခြေဥပြင်ဆင်ဆန္ဒဖော်ထုတ်ပွဲ

ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆုကို ဒီကနေ့ လက်ခံရယူ


(11-04-2014)
**********
ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ်ပါတီ SPD က အပ်နှင်းတဲ့ Willy Brandt ဆုကို ဒီကနေ့ မနက်ပိုင်းက လက်ခံရယူခဲ့ပါတယ်။

 BBC

" သင်္ကြန်ကဗျာ "





မြန်မာမှာ သင်္ကြန်ကျပြီ။
တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။

မြန်မာမှာ ရိုးရာသင်္ကြန် ရှိတယ်။
တရုတ်မှာ ရိုးရာသင်္ကြန် မရှိဘူး။

မြန်မာမှာ ရေပြွတ် မထုတ်နိုင်ဘူး။
တရုတ်က ရေပြွတ် ထုတ်ရောင်းပေးတယ်။

မြန်မာက ရေပန့် မထုတ်နိုင်ဘူး။
တရုတ်က ရေပန့်ထုတ်ရောင်းပေးတယ်။

မြန်မာက ပိတောက်ကို ချစ်တယ်။
တရုတ်က ပိတောက်ကို မသိဘူး။

မြန်မာက ပိတောက်တု မထုတ်နိုင်ဘူး။
တရုတ်က ပိတောက်တု ထုတ်ရောင်းပေးတယ်။

မြန်မာက ရေလုံဖုန်းအိတ် မထုတ်နိုင်ဘူး။
တရုတ်က ရေလုံဖုန်းအိတ် ထုတ်ရောင်းပေးတယ်။

မြန်မာက ဈေးပေါတဲ့ ရေစိုခံ မိတ်ကပ် မထုတ်နိုင်ဘူး။
တရုတ်က သင်္ကြန်အတွက် ရေစိုခံ မိတ်ကပ် ဈေးပေါပေါနဲ့ ထုတ်ပေးတယ်။

မြန်မာက ဆံပင် အရောင်ဆိုးဆေး မထုတ်နိုင်ဘူး။
တရုတ်က ဆံပင်ကာလာ အမျိုးမျိုးထုတ်ပေးတယ်။

မြန်မာက ရာဘာ မျက်နှာဖုံး မထုတ်နိုင်ဘူး။
တရုတ်က ရာဘာမျက်နှာဖုံး ထုတ်ပေးတယ်။

မြန်မာ ဆေးခန်းတွေက မကျွမ်းကျင်ဘူး။
တရုတ်ဆေးခန်းတွေက လာဖွင့်ပြီး ကုသကြတယ်။

မြန်မာတွေက သင်္ကြန်မှာ အလုပ်မလုပ်ကြဘူး။
တရုတ်တွေက မြန်မာကို ပစ္စည်း ပို့ဖို့ အလုပ်လုပ်နေကြတယ်။

မြန်မာတွေက သင်္ကြန်မှာ ပိုက်ဆံကုန်တယ်။
တရုတ်တွေက သင်္ကြန်ကြောင့် ပိုက်ဆံရတယ်။

မြန်မာတွေက သင်္ကြန်မှာ ပျော်သည်။
တရုတ်တွေက သင်္ကြန်ကြောင့် ပိုပျော်သည်။

မြန်မာမှာ သင်္ကြန်ကျပြီ။
တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။

လေးစားစွာဖြင့်
ကိုဇော်
11/4/2014

စစ်တွေ အာဏာပိုင်များ၏ မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်

စစ်တွေ အာဏာပိုင်များ၏ မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒါဏ်ရာအခြေ အနေက ရန်ကုန်ဆေးရုံတစ်ခုခုတွင် ကု သရတော့မည့် အခြေအနေ ။
"""""""""""""""""""""""""""""


NGO နေအိမ်များ တိုက်ခိုက်ခံခဲ့ရ ခြင်းနဲ့စပ်လျဉ်း၍ စစ်တွေ ဓညဝတီရပ် ကွက် အုပ်ချုပ်ရေးမှူး၏ စွပ်စွဲတိုင်ကြား ချက်ဖြင့် မှားယွင်းစွာဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ အာဏာပိုက်များ၏ ညမအိပ် စေရဘဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ဦး ဏှောက်တွင် ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ရ သည် ။
၎င်းကိစ္စအပေါ် သက်ဆိုင်ရာ အာ ဏာပိုင်များမှ သူတို့နဲ့မသက်ဆိုင်သလို မျိုး ပြုမူနေကြကြောင်း ယခုလက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် တက်ရောက်ကုသခံနေရပြီး ဒါဏ်ရာအ ခြေအနေမှာ စိုးရိမ်င်္ဖယ်ရာ ရှိနေသည် ။
သို့ဖြစ်သောကြောင့် ဦးမောင်သိန်း အား မိသားစုဝင်များအနေဖြင့် ရန်ကုန် ပုဂ္ဂလိကဆေးရုံတစ်ခုခုသို့ သွားရောက် ကုသလိုကြောင်း ဆန္ဒရှိနေကြသည် ။ အဆိုပါ ဦးမောင်သိန်းသည် ရခိုင်အ မျိုးသားပါတီ၏ ဗဟိုအရံကော်မတီဝင်တ ဦးဖြစ်ပြီး ၎င်း၏အခြေအနေအရ ရန်ကု န်သို့ သွားရောက်ကုသခွင့်ရရှိရေးကို ရခိုင်အမျိုးသားများအနေဖြင့် တတ်အား သရွေ့ ကူညီဆောင်ရွက်ပေးစေလိုကြောင်း မိသားစုဝင်များက အကူအညီတော င်းခံနေကြောင်း သိရှိရသည် ။

သာလီစွ လခြမ်းမြီ


စစ်တွေ ပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးခံရသူ ငါးရက်ကြာ သတိလစ်လျှက်ရှိ

မဇ္ဈိမ

စစ်တွေ ပဋိပက္ခတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ အရံ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမောင်သိန်းသည် သတိလစ်နေသည်မှာ ငါးရက်ခန့်ကြာမြင့်ပြီးဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရမည်ဟု ၎င်း၏ သားဖြစ်သူ ကိုနိုင်စိုးက ဧပြီ ၁၁ ရက်တွင် မဇ္ဈိမကိုပြောသည်။
မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့တွင်းရှိ NGO ရုံးများကို ရခိုင်ဒေသခံ လူအုပ်စုက တိုက်ခိုက်ခဲ့သဖြင့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးရာတွင် ANPပါတီ ၏ အရံဗဟိုအလုပ်အမှုဆောင် ဦးမောင်သိန်းကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်ကြောရေးကာလတွင် ဦးနောက်သွေးကြောပေါက် ရောဂါဖြင့် သတိလစ်လျှက် ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။
“စစ်တွေဆေးရုံက ဆရာဝန်ကြီးကတော့ ၈၅ရာခိုင်နှုန်း အခြေအနေမကောင်းဘူးလို့ ပြောတယ်”ဟု ကိုနိုင်စိုးက ပြောသည်။
ဦးမောင်သိန်းသည် ဧပြီ ၇ ရက်မှ စ၍ ဧပြီ ၁၁ ရက်အထိ ငါးရက်ကြာ သတိလစ်မေ့မြော လျှက်ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။
ငါးရက်ကြာ မေ့မြောနေသည့် ဦးမောင်သိန်းကို ရန်ကုန်ဆေးရုံကြီးတွင် ကုသရန်အတွက် ဧပြီ ၁၂ရက် နံနက်တွင် ANP ပါတီ၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ လာရောက်မည်ဟု အဆိုပါ ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခိုင်ပြည်စိုးက ပြောသည်။
“ဒီမှာက ပစ္စည်းမပြည့်စုံဘူး၊ လူနာက အသက်လုနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ရန်ကုန်ကိုပို့တာပါ”ဟု ဦးခိုင်ပြည်စိုးကပြောသည်။
ဦးမောင်သိန်းသည် မတ် ၃၁ရက်က ညပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ကြောရေးကာလတွင် မိသားစုနှင့် တွေ့ခွင့်မပေးခဲ့ပေ။
ဧပြီ ၇ ရက်တွင် ဇနီးဖြစ်သူက တွေ့ခွင့်တောင်းရာမှ သတိလစ်နေသည်ကို တွေ့ရပြီး စစ်တွေဆေးရုံသို့ တင်ခဲ့ရခြင်းဖြစ်ကာ ယနေ့အချိန်ထိ သတိမရသေးဟု ၎င်း၏ မိသားစုဝင်များကပြောသည်။
ဦးမောင်သိန်း၏ ညီမ ဒေါ်ခင်မြ၀င်းသည်လည်း ဖမ်းဆီးစစ်ဆေးခံရပြီး ဧပြီလ ၁၁ရက် နေ့လည် ၂ နာရီခန့်က စစ်တွေ ဆေးရုံသို့ သတိလစ်ကာ ထပ်မံရောက်ရှိလာသည်ဟု ကိုနိုင်စိုးက ပြောသည်။
စစ်တွေမြို့NGOများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့နယ်မှ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၆)ဦး ပေါင်း(၁၂)ဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
စစ်တွေ ပဋိပက္ခနှင့်ပတ်သက်၍ မတ်လ ၃၁ရက်နေ့ နောက်ပိုင်းတွင် ထပ်မံဖမ်းဆီးမှုများပြုလုပ်ခြင်းများ မရှိသေးဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်မြင့်ကပြောသည်။