Sunday, April 13, 2014

မက်စ်မြန်မာ မဏ္ဍပ်

grand royal whisky's dancers

ADMA Media မန္တလေးအလှူ

ရိုဟင်ဂျာမဟုတ်ဘဲ အခြားလူမျိုးစုအမည်ဖြင့် ထည့်သွင်းခံက " ၈ "ပတ်အတွင်း သန်းခေါင်းစာရင်းကောက်ယူပေးမည်


သူရိယနေဝန်း

ရန်ကုန် ဧပြီ ၁၁

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု အမည်စာရင်းပေးသွင်းခြင်းကြောင့်
ထည့်သွင်းကောက်ခံခြင်းမပြုခဲ့သူများကို အခြားလူမျိုးစုအမည်ဖြင့်
သန်းခေါင်စာရင်းတွင်ထည့်သွင်းကောက်ခံမည်ဆိုပါက ၈ ပတ်အတွင်း
အချိန်မရွေး ကောက်ခံပေးသွားမည်ဟုလူဝင်မှုကြည့်ကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီကပြောသည်။

ယခုနှစ် မတ်လ ၃၀ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ ထိ သန်းခေါင်စာရင်း
ကောက်ခံရာတွင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာဟု ပြောဆိုထည့်သွင်း
ခိုင်းသူများကို ကောက်ခံခြင်းမပြုခဲ့ပေ။ ထိုကောက်ခံခြင်းမခံရသူများသည်
အခြားသန်းခေါင်စာရင်းကောက်ခံရာတွင်ပါဝင်သည့် လူမျိုး၊ လက်ခံသည့်
လူမျိုးစာရင်းကို ထည့်သွင်းမည်ဆိုပါကအချိန်မရွေးအကြောင်းကြားပေး
ခြင်းဖြင့် ၈ ပတ်အတွင်းလာရောက်ကောက်ခံပေးမည်ဖြစ်သည်။

"ရိုဟင်ဂျာကိုလက်မခံဘူး၊အခြားလူမျိုးထည့်မယ်ဆိုရင်အချိန်မရွေးလာ
ပြောပါ။ ၈ပတ်အတွင်း ကောက်ပေးပါ့မယ်"ဟု၎င်းကပြောသည်။

သန်းခေါင်စာရင်းကာက်ခံရာတွင်ရိုဟင်ဂျာအမည်ကို မထည့်သွင်းရခြင်းမှာ
၎င်းရိုဟင်ဂျာဟုဆိုသူများသည် ယခင်သန်းခေါင်စာရင်းကောက်ခံချိန်
ကာလသက်တမ်းတစ်လျှောက်တွင်ဘင်္ဂါလီဟုသာထွက်ဆိုခဲ့၍ ယခု
အချိန်မှသာရိုဟင်ဂျာဟုပြောဆိုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၄င်းတို့ ၏
မျိုးရိုးစဉ်ဆက်အထ္တိုပတ္တိ များမှာလည်း လ၀က ရုံးတွင် ရှိကြောင်း ဦးခင်ရီ
ကဆက်ပြောသည်။

ဇေဝေယံ




သန်းခေါင်စာရင်းမှာ ချန်လှပ်ထားခဲ့သူတွေကို ဆက်လက်ကောက်ခံမည်
--------------------------------------------------------------------------

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံစဉ် နိုင်ငံတော်က တရားမ၀င်သတ်မှတ်ထားတဲ့ လူမျိုးနာမည်ကို ပြောဆိုတာကြောင့် ကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့သူတွေကို လာမယ့်နှစ်လအတွင်း နိုင်ငံတော်က တရားဝင်လက်ခံထားတဲ့ တခြားလူမျိုးစုအမည်နဲ့ ပြန်လည်ထည့်သွင်းမယ်ဆိုရင် ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်က တရားမ၀င်လို့ သတ်မှတ်ထားတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအမည်ကို ထည့်သွင်းလိုသူတွေကို စာရင်းကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့တာကို အခွင့်အရေးပြန်ပေးတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။
"ခင်ဗျားတို့ လက်ရှိ လူမျိုးအမည်မှန်ကို ရေးရင်ရေး၊ မရေးရင် ကျနော်တို့ မရေးသွင်းဘူးလို့ပြောတယ်၊ လူမျိုးအမည်မှန်ကို တကယ်လို့ သူတို့ကမရေးရင် သန်းခေါင်စာရင်းဥပဒေအရ အရေးယူရတော့မယ်၊ အရေးယူရတော့မည်ဆိုရင် ကျနော်တို့ တိုင်းသူပြည်သားတွေအများကြီး အရေးယူခံရမည့် အနေအထားရှိတယ်၊ ဒါ့ကြောင့် ရိုဟင်ဂျာလို့ ပြောတဲ့လူတွေကို ကျနော်တို့က ကျော်သွားခဲ့တယ်၊ အဲဒီဟာတွေကို သူတို့ကို ပြန်ပြီးစဉ်းစားဖို့ အချိန်ပေးထားတယ်၊ တချို့လည်း သန်းခေါင်စာရင်းကောက်ပြီးသွားပေမဲ့ သန်းခေါင်စာရင်း ကွပ်ကဲမှုရုံးတွေမှာလာပြီးတော့ သူတို့ကို ဘင်္ဂါလီအနေနဲ့ပဲ ကောက်ခံပါဆိုပြီး သူတို့ရဲ့အထောက်အထားတွေပြပြီး ဘင်္ဂါလီအနေနဲ့ စာရင်းသွင်းနေတဲ့ အိမ်ထောင်စုတွေလည်း သွင်းနေတယ်၊ အဲဒါကို ကျနော်တို့ ၆ ပတ်ကနေ၊ ဂ ပတ်အထိ သည်းခြင်းခံပြီး စောင့်ပြီးယူနေတယ်"
အလားတူ တချို့ပြည်နယ်တွေမှာ လုံခြုံရေးအရ စာရင်းကောက်ခံခြင်းမပြုနိုင်တဲ့ ဒေသတွေအတွက်လည်း သန်းခေါင်စာရင်း ဆက်လက်ကောက်ခံနိုင်ဖို့ အချိန်ပေးထားတယ်လို့ သိရပါတယ်။
RFA

အဖွဲ့အစည်း တစ်ခုတည်းကသာ အရေးပါသည်ဟု အထူးပြုရည်ညွှန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဖွဲ့အစည်း တစ်ခုတည်းကသာ အရေးပါသည်ဟု အထူးပြုရည်ညွှန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 EMG
ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် မွတ်ဆလင် လူမျိုးစုများနှင့် ကချင်လက်နက်ကိုင်များ ကဲ့သို့သော အဖွဲ့အစည်းများကိုသာ အရေးပါသည်ဟု အထူးပြုညွှန်ပြနေမျှဖြင့် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဘာလင်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မျိုးနွယ်စုပဋိပက္ခများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် မျိုးနွယ်စုတစ်ခု၊ အဖွဲ့အစည်း တစ်ခုကိုသာ ဥပမာအဖြစ် ပြောဆိုခဲ့ခြင်း မရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရှိ မျိုးနွယ်စုပေါင်းစုံ ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာတွေထဲမှာမှ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေ အနေနဲ့ အဖြစ်အပျက် တစ်ခုနှစ်ခုအပေါ်မှာပဲ အာရုံစိုက်နေတာ ကျွန်မစိတ်အနှောင့်အယှက် ဖြစ်ရပါတယ်” ဟု ဘင်္ဂါလီနှင့် ကချင်လက်နက်ကိုင် ကိစ္စများကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးဆိုင်ရာ ပေးအပ်ချီးမြင့်သည့်ဆုကို လက်ခံရယူရန်အတွက် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် သူမအား ဂျာမနီနိုင်ငံ အဓိပတိ မာကယ်လ်က ကြိုဆိုခဲ့ရာတွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် မားမားမတ်မတ် တိုက်ပွဲဝင်နေသူတစ်ဦးဟု ဂုဏ်ပြုပြောဆိုခဲ့သည်။

ယင်းနောက် ဧပြီ ၁၁ ရက်က ဘာလင်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာဆု လက်ခံရယူရာ၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကျသော အခြေခံဥပဒေ၊ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်အာဏာရှင်ဟောင်းများ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပြောင်းလဲရန် လိုအပ်နေသေးကြောင်း ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးအနေဖြင့် လက်ရှိအစိုးရသည် စစ်မှန်သော ဒီမိုကရက်တစ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမှန်တကယ် အလိုရှိသည်လား သို့မဟုတ် ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင်စနစ်ကို အလိုရှိသည်လား ဆိုသည်နှင့် ပတ်သက်၍ အနီးကပ် ဆက်လက်စောင့်ကြည့်ရန် အတွက်လည်း သူမက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ဆက်လက်ခရီးထွက်ခွာမည်ဖြစ်သည်။



ဒီလို ခေါင်းဆောင်မျိုးရဲ့ လက်ထဲလုပ်ပိုင်ခွင့် မရောက်မှာကို သန်း ၆၀ လုံး စိတ်ပူသင့်



ဒီမို ဖက်တီး

ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီ-မြန်မာ ဆက်ဆံရေး အတိတ် ပစ္စုပန် အနာဂတ်အားလုံးကို ခြုံငုံပြီး ပြောသွားတာလေးကို ကြိုက်လို့ပါ။

"လက်ရှိ ဂျာမန်သမ္မတနှင့် အဓိပတိ မာကယ်တို့ဟာ ဒီမိုကရေစီ ကင်းမဲ့ခဲ့တဲ့ အရှေ့ဂျာမနီနိုင်ငံမှာ ကြီးပြင်းလာကျတဲ့ သူတွေမို့ လက်ရှိ မြန်မာနိုင်ငံအရေးကို ပိုပြီး နားလည်နိုင်ပါလိမ့်မယ်။ ပိုပြီး ကူညီနိုင်ပါလိမ့်မယ်။"

ကဲ ..... စဉ်းစားကြည့် .... သူမ ဘယ်လို ပြောသွားသလဲ .... ဘာအဓိပ္ပါယ်လဲ .... ဆိုတာကို...

သူမ အနေနဲ့ အတိတ်က နေ၀င်းနဲ့ သန်းရွှေဘက်ကို ယိုင်ခဲ့ကြတဲ့ ဂျာမနီနိုင်ငံကို သိပါတယ်။ ဒါပေမယ့် လက်ရှိ ဂျာမနီ ခေါင်းဆောင်တွေက မြန်မာပြည်ရဲ့ အနာဂတ်ကို ထည့်တွက်ပါ။ ကူညီပါ .... လို့ ပညာရှိ အပြောလေးနဲ့ နှက်လိုက်တာ ....

ဒေါ်အောင်ဆန်းစုကြည်က မဟားဒရားကို တော်တဲ့ ခေါင်းဆောင်ပါ။ ကျနော် တို့က ညံ့ပါတယ်။ ဒါပေမယ့် ညံ့တာကို ညံ့မှန်းသိတာကိုက နည်းနည်းတော်တယ် လို့ ပြောရမယ် .....

ဒီလို ခေါင်းဆောင်မျိုးရဲ့ လက်ထဲ ၂၀၁၅ အလွန်မှာ တိုင်းပြည်အတွက် လုပ်ပိုင်ခွင့် မရောက်မှာကို သန်း ၆၀ လုံး စိတ်ပူသင့်ပါတယ်။ တပ်မတော်သား မိသားစုများ အားလုံးလဲ စိတ်ပူသင့်ပါတယ်။ တိုင်းရင်းသားများ အားလုံးလဲ စိတ်ပူသင့်ပါတယ်။

အကြိုနေ့