Friday, April 18, 2014

သင်္ဘော Sewol ရဲ့နောက်ဆုံးချိန်များ




သင်္ဘောနစ်မြုပ်ခဲ့သည်မှာ ၂၄ နာရီ ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်၊ ဒီအချိန်အထိ (၁၇၉)ဦးသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သင်္ဘောနစ်မြုပ်သွားပြီဖြစ်သော်လည်း ရေငုပ်သမား ၅၀၀၊ လှေသင်္ဘောပေါင်း (၁၆၉)စီး၊ ရဟတ်ယာဉ် (၂၉)စီးနဲ့ ဆက်လက်ရှာဖွေလျှက်ရှိပါတယ်။

သင်္ဘောရဲ့အမည်က Sewol ဖြစ်ပြီး ၆၈၂၅ တန် လေးပါတယ်၊ အဲဒီသင်္ဘောပေါ်မှာ အန်ဆန်က ဒန်ဝန်အထက်တန်းကျောင်း
က လေ့လာရေးခရီး လိုက်ပါလာတဲ့ ကျောင်းသား (၃၇၅)ဦး၊ ဆရာ/ဆရာမ (၁၄)ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးကို မိနစ်/စက္ကန့်တိုင်း ကြိုးစားရှာဖွေဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီသင်္ဘောပေါ်မှာ အသက်ကယ်လှေတွေ၊ အသက်ကယ်အင်္ကျီတွေ အပြည့်အစုံပါခဲ့ပေမည့် လွတ်မြောက်အောင် ဆောင်ရွက်ဖို့ နစ်မြုပ်တဲ့အချိန် အရမ်းတိုတောင်းခဲ့တာပါပဲ။

ကချင်ပြည်နယ်၌ ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သောင်းကျော်အထိ ရောက်ရှိလာ




 Eleven Media Group

ကချင်ပြည်နယ်အတွင်း ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ တစ်သောင်းကျော်အထိ ရှိလာကြောင်း စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

တိုက်ပွဲများကြောင့် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မိုးမောက်မြို့နယ် အရှေ့မြောက် ဧရိယာတွင် ရှိနေသော ကျေးရွာများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လျှောက် ဒေသများမှ ကချင်နှင့်ရှမ်းတိုင်းရင်းသားများမှာ နေရပ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

“မန်ဝိန်းကြီး ဒုက္ခသည်စခန်းကို ပြေးလာတဲ့သူက ၃၀၀၀ ကျော်လောက်ရှိတယ်။ တရုတ်ပြည်ဘက် ပြေးသွားတာရော၊ နမ့်ခမ်းဘက် ပြေးသွားတာတွေလည်း ရှိပါတယ်” ဟု ဗန်းမော်အခြေစိုက် ကရုဏာ လူမှုကူညီရေးအဖွဲ့ (KMSS) မှ ဦးနော်ဒင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဗန်းမော်ခရိုင်အတွင်းရှိ မန်ဝိန်းကြီး ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများတွင် လဂတ်ယန် ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည်များလည်း ပါဝင်ကြောင်း သိရသည်။

လဂတ်ယန် ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည် ၈၀၀ ခန့်ရှိပြီး ထိုစခန်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် စခန်း၌ရှိနေသော ဒုက္ခသည်များမှာ မန်ဝိန်းကြီးသို့ ထွက်ပြေးတိမ်းရှောင်ခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မန်စီမြို့နယ်၊ မိုးမောက်-လွယ်ဂျယ်၊ မူဆယ်-နမ့်ခမ်းမြို့နယ်များနှင့် ဆက်စပ်ဒေသများ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုသူများအနက် ၃၀၀၀ ကျော်မှာ မန်ဝိန်းကြီး ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပြီး ၅၀၀၀ ကျော်မှာ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ လာရောက်ခိုလှုံခဲ့ကြကြောင်း သိရှိရသည်။ ကျန်ရှိသူများမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်တော့ ထောင်ကြီးလောက်ရှိတယ်။ ထောင်ကြီးဆိုတော့ တစ်သောင်းလောက် ရှိတာပေါ့။ အထူးသဖြင့် မန်ဝိန်းကြီးနဲ့ အနီးတ၀ိုက်မှာရှိတဲ့ ရွာ ၃၀၊ ၄၀ လောက်ကလူတွေက စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကုန်တယ်” ဟု လိုင်ဇာရှိ KIO ဗဟိုဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

မန်ဝိန်းကြီး ဒုက္ခသည်စခန်းနှင့် မူဆယ်၊ နမ့်ခမ်းသို့ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များအား ဒေသခံ လူမှုကူညီရေး အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ကူညီထောက်ပံ့မှု ပေးနေသော်လည်း တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားသူများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“တရုတ်က နေစရာတော့ပေးတယ်။ စားစရာမပေးဘူး။ အဲဒီအတွက် အခက်အခဲ အများကြီး တွေ့နေရတယ်” ဟု တိုက်ပွဲများ ဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်သွားရောက် သတင်းရယူနေသည့် အလွတ်တန်းသတင်းထောက် ကိုဂျွန်စံလင်းက ပြောကြားသည်။

စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့များက စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သောင်းကျော်ရှိသည်ဟု ပြောဆိုသော်လည်း ထိုအရေအတွက် မရှိနိုင်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောပါသည်။

“တစ်သောင်းလောက်တော့ မရှိနိုင်ဘူး။ အထူးသဖြင့် မန်ဝိန်းကလူတွေပဲ များမယ်။ မန်ဝိန်းမှာ ရှိနေတဲ့သူတွေက နမ့်လင်းပါက ရောက်နေတဲ့သူတွေ။ မူဆယ်၊ နမ့်ခမ်းဘက် ပြေးသွားတဲ့သူတွေမှာ အများစုက ရှမ်းရွာတွေက။ တချို့လည်း သူတို့ရွာသူတို့ ပြန်နေကြပြီ” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ဆိုသည်။

ဧပြီ ၁၀ ရက်မှ စတင်ပြီး ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ၊ ဗန်းမော်-မိုးမောက်မြို့နယ် အထက်ပိုင်းနှင့် မူဆယ်-နမ့်ခမ်းမြို့နယ်များနှင့် ဆက်စပ်နယ်မြေများတွင် အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

အစိုးရတပ်များက KIA တပ်မဟာ-၃၊ တပ်ရင်း ၂၇ နယ်မြေရှိ နယ်စပ်စခန်း တစ်ခုကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး သင်္ကြန်ကာလ အတွင်းမှာပင် တပ်ရင်း ၂၇ နယ်မြေနှင့် နယ်စပ်စခန်းကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသော KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများသို့ပါ အစိုးရတပ်များ ဖြန့်ကြက်ဝင်ရောက်လာသဖြင့် ဧပြီ ၁၆ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

“ဖြစ်တာက ဧပြီ ၁၀ ရက်နေ့ကပဲ။ သူတို့က တပ်ရင်း ၂၇ နယ်မြေထဲက နယ်စပ်စခန်းကို လိုချင်တယ်။ တပ်ရင်း ၂၇ ရဲ့ ယာယီဌာနချုပ် ဖျက်ဆီးခံလိုက်ရတယ်။ နယ်စပ်စခန်းကို ပေးလိုက်ရတယ်။ ဒါပေမဲ့ ရပ်မသွားဘူး။ တပ်ရင်း ၁ ဘက်ကို ဆက်ဝင်လာတယ်။ သူတို့ ဆက်တိုးမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ” ဟု လိုင်ဇာရှိ KIO ဗဟိုဌာနချုပ်မှ အရာရှိက ဆိုသည်။

ဗန်းမော်-မိုးမောက် အထက်ပိုင်းတွင် ရှိနေသော KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများအပါဝင် စီးပွားရေးနှင့် သက်ဆိုင်သော လုပ်ကွက်များ ရှိနေကြောင်း သိရှိရသည်။

သီးခြားအတည်ပြုချက် မရရှိခဲ့ အခြားသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီး ဗန်းမော်နှင် လွယ်ဂျယ်အကြားတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၀ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ အကျအဆုံးများရှိခဲ့ပြီး မည်မျှအရေအတွက် ရှိသည်ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

(တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျွန်စံလင်း))

ဒီနေ့ကာတွန်း

ဟံသာဝတီဦးဝင်းတင် ကျောက်ကပ်ဆေးကျောမှု ပထမအဆင့် အောင်မြင်




မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဧပြီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။-

ရန်ကန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကတစ်ဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်ကို ဧပြီလ ၁၈ရက် ညက ကျောက်ကပ်ဆေးကျော ကုသရာ နှစ်နာရီအတွင်း ပထမအဆင့် အောင်မြင်စွာ ပြီးစီးခဲ့ပြီဟု သူ၏ မိသားစုဆရာဝန် ဒေါက်တာ မြင့်သိန်းက ပြောသည်။

ကျောက်ကပ်ဆေးကျောမှုကို ညနေ ၇နာရီခန့်မှ စတင်ခဲ့ပြီး ၉နာရီခန့်တွင် ပြီးစီးခဲ့သည်။ ယင်းသို့ ကုသရာတွင် လည်ပင်းမှ ပိုက်သွင်းရာတွင်လည်း အဆင်ပြေခဲ့ပြီး စက်ဖြင့် ဆေးကျောရာမှာလည်း ထင်ထားသည်ထက် ပိုမို အဆင်ပြေသည်ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေသည် ကျောက်ကပ်မဆေးကျောမီက စိုးရိမ်ဖွယ် ရှိခဲ့သော်လည်း ကျောက်ကပ်ဆေးကျောပြီး နောက်တွင် မျက်နှာ ရောင်ရမ်းမှုများ ကျသွားပြီး အသက်ရှုမှုလည်း ပုံမှန်အနေအထား ဖြစ်သွားခဲ့ပြီဟု ဒေါက်တာ မြင့်သိန်းက ဆိုသည်။

ဧပြီလ ၁၉ရက် နေ့လည် ၁နာရီခန့်တွင်လည်း စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ကာ လိုအပ်ပါက ကျောက်ကပ်ဆေးကျောမှု ထပ်မံပြုလုပ်မည်ဟု သိရသည်။

ဟံသာဝတီ ဦးဝင်းတင်ကို ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသနေရပြီး ဧပြီလ ၁၈ရက် ညနေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လာရောက်ကြည့်ရှုပေးခဲ့ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း လာရောက်ကြည့်ရှုခဲ့သည်။

By Kyaw Swar Myint

စားဝတ်နေရေးကအခြေခံကျတဲ့လူ့အခွင့်အရေးတဲ့၊


ဒါကြောင့်ပြည်သူတွေကိုဆေးကုသချိန်၊ လူငယ်တွေကို
ပညာသင်ပေးချိန်မရခဲ့တာကိုး ....
ဒါပေမယ့်သူ့လက်ထက်မှာပဲထမင်းရည်တောင်ဝယ်သောက်
ခဲ့ရတယ်၊စင်ပေါ်တက်ပြောချင်တာတွေပြော၊
သက်ဆိုးကလဲရှည်ပ၊
နောက်ဘ၀လမ်းပေါ်ဖိတ်တဲ့ထမင်းရည်ယက်ရမယ့်အမျိုး&^%$#@@&

Document by Thiha Thwe ဒီမို ဖက်တီး

နတ်တလင်းတွင် ဘာသာမတူနှစ်ဦးချစ်ကြိုက်သည်ကို မကျေနပ်ဟုဆိုကာ နေအိမ်လေးလုံးကို ဖျက်ဆီး




=========================

Written by ရေခဲ(ပြည်)
နတ်တလင်း၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊

နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်တွင် ဘာသာမတူသည့် လူငယ်ချင်း ချစ်ကြိုက်သည်ကို ဒေသခံများက မကျေနပ်ရာမှ ဧပြီလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၇ရက်တို့တွင် နေအိမ်များ ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး ပျက်ဆီးခဲ့ရသည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“လူစုလူဝေးသုံးရာ လောက်ပါတယ်။ ဒေသခံတွေပဲ။ ဖျက်ဆီးတဲ့လူတွေက အပြင်လူမ၀င်ရဆိုပြီး ဖျက်မယ့်အိမ်ကို ကြိုးတားပြီး ဖျက်စီးသွားတယ်။ လူစိမ်းအ၀င်မခံဘူး။ သတင်းယူမှာဆိုးလို့” ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်က ပြောသည်။

ဖြစ်ပွားပုံမှာ နတ်တလင်းမြို့ပေါ်နေ ဘာသာခြား လူငယ်ကို တောင်ညိုမြို့သစ်မှ ၎င်းနှင့် ချစ်ကြိုက်နေသည့် အမျိုးသမီးငယ်က ဖုန်းဆက်ချိန်းဆိုမှုကြောင့် ဧပြီလ ၁၅ရက် ည၁၁နာရီတွင် နတ်တလင်းမှ တောင်ညိုသို့ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခဲ့သည်ကို တောင်ညိုမြို့မှ ဒေသခံရွာသားများက လူငယ်အား ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်မပေးသဖြင့် အမျိုးသမီး၏ နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး လူငယ်၏ ဆိုင်ကယ်ကိုလည်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်က ဖြစ်စဉ်ကို ရှင်းပြခဲ့သည်။

ထို့အပြင် မိန်းကလေးနေအိမ်ရှိ ရုပ်မြင်သံကြားစက်၊ နေအိမ်မျက်နှာစာနှင့် နေအိမ်နောက်ဘက်ရှိ ဝက်ခြံများကိုပါ ဖျက်ဆီးခဲ့သဖြင့် ဧပြီလ ၁၆ရက် နံနက်တွင် နတ်တလင်းမြို့ပေါ်ရှိ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဥူးနန္ဒမာလက မိန့်သည်။

“ဒီအပေါ်မှာတော့ ဥူးဇင်းတို့က အတတ်နိုင်ဆုံးမဖြစ်အောင် တားတယ်။သံင်္ဃအဖွဲ့အစည်း အားလုံးကလည်း မဖြစ်အောင် ရည်ရွယ်တယ်။ လုပ်လည်းလုပ်တယ်။ ဆောင်လည်း ဆောင်ရွက်တယ်” ဟုဆရာတော်ကမိန့်သည်။

သို့သော် ဧပြီလ ၁၆ရက် ည ၈နာရီမှ နံနက် ၃နာရီအထိ ဒေသခံ ၃၀၀ကျော်က နတ်တလင်းမြို့ပေါ်နေ လူငယ်နှင့် ရင်းနှီးသော နေအိမ်သုံးလုံး (အောင်ဇေယျကျေးရွာမှ ကိုမြင့်ငွေနှင့် ကိုအောင်ဝင်းတို့၏ နေအိမ်နှစ်လုံးနှင့် ကံစုကျေးရွာမှ သံချောင်းအရက်ဆိုင်) ကို ဖျက်ဆီးမှုများ ထပ်မံ ပြုလုပ်ခဲ့သည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီဝင်က ပြောသည်။

ယင်းသို့ ဖျက်ဆီးခဲ့ခြင်းကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅၀ခန့် လာရောက်ခဲ့သော်လည်း တစ်စုံတရာ တားမြစ်ခြင်း မပြုလုပ်ခဲ့ဟု တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီဝင်က ပြောသည်။ ၎င်းကဆက်လက်၍ နေအိမ်များကို ဖျက်ဆီးသူများသည် တောင်ညိုမြို့သစ် ကံစုကျေးရွာသားများ၊ ဓားမငယ်ကျေးရွာသားများနှင့် ဆီစုန်ကုန်း ကျေးရွာသားများဖြစ်သည်ဟု ခန့်မှန်းပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဧပြီလ ၁၇ရက် နေ့လည် ၁နာရီက ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ မဇ္ဈိမက ဒေသအာဏာပိုင်များကို မေးမြန်းရန် ကြိုးစားသော်လည်း မေးမြန်းခွင့် မရရှိသေးပေ။


နတ္တလင်းမှာ ဘာသာမတူတဲ့ချစ်သူကို ရွာက တားမြစ်တဲ့အတွက် မီးရှို့
-------------------------------------------------------------------------
ပဲခူးတိုင်း နတ္တလင်းမြို့နယ်မှာ ဘာသာမတူတဲ့ချစ်သူကို မိဘက သဘောတူ ပေမယ့် ရွာသူရွာသားတွေက သဘောမတူတဲ့အတွက် မီးရှို့အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Nattalinနတ္တလင်းမြို့နယ် တောင်ညိုမြို့သစ် ကံစုရွာမှာနေထိုင်တဲ့ အမျိုးသမီးငယ် တဦးဟာ နတ္တမြို့ပေါ်က အမျိုးသားတဦးနဲ့ လူငယ်ချင်းချစ်ကြိုက်ရာက သူနေထိုင်ရာ အိမ်ကို အလည်အပတ် ခေါ်ခဲ့ပြီးနောက် ပြဿနာ အစပြု ဖြစ်ပွားခဲ့တာပါ။ လူငယ်အမျိုးသားဟာ မွတ်ဆလင် တဦးဖြစ်တာကို အကြောင်းပြုပြီး ကျေးရွာသားတချို့က အမျိုးသမီးဘက်ကနေ သဘောမတူ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ပဋ္ဋိပက္ခ ဖြစ်ပွားပြီး ၁၆ ရက်နေ့မှာ အဖျက်အဆီးတွေလုပ်ခဲ့ကြလို့ နတ္တလင်းမြို့နယ် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပူးပေါင်း ကော်မီတီ အဖွဲ့ဝင် ဦးခင်အေးက ပြောပါတယ်။

“မိန်းကလေးတွေ ဘက်ကလည်း လိုလားတယ်။ နောက် ဒီကလေးက ပိုက်ဆံလည်း ရှိတော့။ သူတို့တွေရဲ့ စီးပွားရေးအထောက်အပံ့အတွက် လိုလားတယ်။ ရွာက သိပ်မကြိုက်ဘူး၊ သူက ကုလားကိုး။ အဲဒီလို နေရင်းနဲ့ ဧပြီ ၁၅ ရက်နေ့ ည ၉ နာရီမှာ မိန်းကလေး ဖုန်းဆက် ခေါ်တယ်။ အဲဒီလိုဖြစ်တော့ ကျနော်တို့ နတ္တလင်းမြို့ကနေပြီး ရွာကိုသွားတာပေါ့။ ရွာက မလိုလားတဲ့သူတွေက အဲဒီအိမ်ကို ၀ိုင်းပြီး အဲဒီ ကလေးကို ထုတ်ပေးဖို့ ပြောတယ်။ မရှိဘူးဆိုပြီး အိမ်က ငြင်းတာပေါ့။ ထုတ်မပေးရင် အိမ်မီးနဲ့ ရှို့မယ်ပြောတော့ ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ရဲကားက အချိန်မီရောက်သွားတော့ အဲဒီ ကောင်ကလေးကို ရဲကားနဲ့ ပြန်ခေါ်သွားတယ်။ ဒါပေမယ့် ရဲကား မှန်တွေ ဘာတွေ ကွဲသွားတယ်။ ကောင်ကလေးကတော့ မြို့ပေါ်ရောက်သွားတယ်။ အဲဒီမှာ ရွာခံ မိန်းကလေး မိဘတွေနဲ့ ရွာက သံဃာအချို့နဲ့ ကတောက်ကဆ ဖြစ်ကြတယ်။ ၁၆ ရက်နေ့မှာ အိမ် ၄ အိမ် အဖျက်ခံရတယ်။”

ဒီဖျက်စီးမှုတွေနဲ့ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနဲ့ ဒေသအာဏာပိုင်များ ဆွေးနွေးကြပြီး မြို့ပေါ်မှာ နောက်ဆက်တွဲ ပြဿနာမဖြစ်အောင် ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးဘူးလို့ နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း ပဲခူးတိုင်းတွင်းက ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ သာယာဝတီ၊ မိုးညို စတဲ့မြို့နယ်တွေမှာ ဘာသာရေးဆန်ဆန် အကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

burmese.dvb.no

ဦးဝင်းချို နှုင့်ကို နေမျိုး ဇင် နှုင့် ကျောက် တံတား မြိုနယ် တရား သူ ကြီး



ဦးဝင်းချို ၏ဇနီးကဦး ဝင်းချို ၏ဖေ့ဘွတ်တွင်ဒီလိုရေးသည်။

ဒီနေ့ ဦး ဝင်းချို နှုင့် ထောင်ဝင်စာ တွေ့ ပြီး ပါပြီ ကျန်း မာ ရေး ရုပ် ပိုင်း / စိတ် ပိုင်းးအား လုံး ကောင်း ပါသည် ထောင်ဝ န်ထမ်း များ ၏ ဆက်ဆံရေး လည်း ကောင်း ပါ ကြောင်း လူ့ အခွင့် ရေး ဖောက် ဖျက်ခြင်း လဲ မရှိကြောင်း နေ ရ တာ အဆင်ပြေကြောင်း ပြောပြပါသည်။
ချွင်း ချက် အနေဖြင့်သူ နှုင့် ကို နေမျိုး ဇင် နှုစ် ဦး ပုဒ် မ ၁၈ ဖြင့် ထောင ၃လ ချ လိုက် သော ကျောက် တံတား မြိုနယ် တရား သူ ကြီး အနေဖြင့် လုပ်ပိုင်ခွင့် အာ ဏာ ဖြင့် ပု ဂ္ဂို လ် ရေး အဆင် မပြေမှု များ ရှိခဲ့ ၍ ထောင် ချ လိုက် ခြင်း ကို မကျေနပ် ကြောင်း အခြား သော ပုဒ် မ၁၈ အမှု များ ကို မည်သို့ စီရင်မှု ရှိ သနည်း တရား ဥ ပေ ဒ စိုး မိုး မှု တပြေး ညီ ရှိသလဲ ဆို တာ စောင့် ကြည့် ပြီး သူ နှုင့် ကို နေ မျိုး ဇင်၂ ဦး မိမိတို့ ခံယူ ချက် အတိုင်း ပြည်သူ့  အကျိုး ကို ထောင်မှထွက် လာ တာ နဲ့ ဆက်လက် ဆောင်ရွက် မယ်လို့ ပြောပါတယ်။
ထောင် ထဲမှာ ထောင်ထဲမှာ ထောင်ဝန်ထမ်း တွေရဲ့ ထောင်ကျ အပေါ် ဆက်ဆံမှု ဆိုး ရွှားမှု များ မကြား ရဘဲ အပြင် က တရား စီရင်ရေး မဏ္ဍိုင် မှား ယွင်းမှုဖြင့်အဂတိ လိုက်စား မှုနဲ့ တရား မမျှတစွာ စီ ရင်မှု ကြောင့်ထောင်ကျ ခံ ကြရတဲ့ လူ တွေ ရဲ့ အသံ ဘဲ ကြား ရတယ်လို့ မိတ် ဆွေများ ကိုပြောပြပေး ပါ ဆိုလို့ တင် ပေး လိုက် ပါပြီနော်။

၆နာရီတွင်မြောက်ဥက္ကလာပမြို့နယ်မှစတင်ဖရောင်းတိုင်မီးထွန်းညှိ




**********************************************
ပြည်ထောင်စုအစိုးရ၏စီမံအုပ်ချုပ်မှုညံ့ဖျင်းသောကြောင့်မြောက်ဥက္ကလာပ(၂)ရပ်ကွက်ဈေးမှ
စတင်ပြ်ီးဖရောင်တိုင်မီးကိုစတင်
ထွန်းညှိပြ်ီးပြည်ထောင်စုလွတ်တော်မှအရည်အချင်းမရှိသောဦးသိန်းစိန်
အစိုးရအားဖယ်ရှားပြီးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်
တိုင်းရင်းသားဒီမိုကရေစီအင်အားစုကိုအစိုးရအဖြစ်တင်မြောက်ပါရန်
မြောက်ဥက္ကလာပမှပြည်သူများဖရောင်တိုင်မီးထွန်းညှိပြီးဆန္ဒထုတ်ဖော်
နေကြသည်။

ကျော်လွင်၆း၀၀နာရီ

ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေ အရေးကြီးနေပြီ


(ဒေါက်တာဦးမြင့်သိန်းနှင့် မေးမြန်းချက်)
*******************************************************************
ကိုထွေး (DVB) 18 April 2014

(ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင် ဧပြီ ၁၈ရက်နေ့က ဦးဝင်းတင်ကို သွားရောက်ကြည့်ရှုနေစဉ်)

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အခြေအနေဟာ အရေးကြီးနေပြီဖြစ်သလို အသက်အန္တရာယ် ရှိနေပြီဖြစ်တယ်လို့ သူရဲ့ မိသားစုဆရာဝန် ဒေါက်တာ ဦးမြင့်သိန်းက ပြောပါတယ်။

ည (၇) နာရီမှ စတင်ပြီး ဆောင်ရွက်ခဲ့သော အဘဦးဝင်းတင်အား ကျောက်ကပ်ဆေးကြာကုသမှုမှာ ည ၉နာရီကျော်ကျော်လေးဘဲ ပြီးသွားတယ်း ကျောက်ကပ်ဆေးကြောမှု အောင်မြင်စွာပြီးစီးပြီး
တပ်ထားတဲ့ ပိုက်တွေ အားလုံးနီးပါး ဖြုတ်လိုက်ပါပြီ လို့ ကိုကြည်တိုးက ဆိုပါတယ်။